အပိုင်း ၁၀၄
Viewers 32k

Chapter 104

လက်ထပ်ရန် သဘောတူညီမှု



အစည်းအဝေးခန်းအတွင်းတွင် စိတ်ဓာတ်ကျနေသော ပရိုဂရမ်မာများစွာ အတူတကွ စုရုံးနေကြသည်။ အခန်းအလယ်တွင် ဝါးတိုင်ကဲ့သို့ ပိန်လှီနေသော လူတစ်ယောက်ရှိသည်။ သူက လက်အမူအရာပြကာ စကားပြောနေသည်။ တစ်စုံတစ်ယောက်က မဖိတ်ခေါ်ဘဲ ဝင်လာသည်ကို မြင်သောအခါ ဝါးတိုင်နှင့်တူသောလူက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။


 "ဘယ်သူလဲ…”


"ငါပဲလေ…'ရှီတာကီမှိုစားရတာကြိုက်တယ်'…”

ဝေ့မင်ကျန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ 


"ငါတို့ ဒီနေ့တွေ့ဖို့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူးလား…”


ယွီကွမ်းမင်က သူ့အသံကို မှတ်မိ၍ ဝေ့မင်ကျန်းအား အထက်အောက် စုန်ဆန်ကြည့်လိုက်သည်။ သူ့မျက်နှာရှိ အံ့အားသင့်မှုက ထင်ရှားသည်။

 "ရှီတာကီ…တကယ်ပဲ မင်းလား…”


ရှုနဉ်က သူ ပွေ့ဖက်ရန် အပြေးအလွှား လာလိမ့်မည်ဟု တွေးနေစဉ် ယွီကွမ်းမင်က ရုတ်တရက် သူ့ဖုန်းကို ဆွဲထုတ်လိုက်သည်။ 

"သေချာလား…ကြည့်ရအောင်…”


ထို့နောက် သူက ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ 


ရှုနဉ်: ".……."


ကောင်းပြီ လုပ်သင့်တာကို လုပ်ရမယ်လေ….


ဒီလောက်တော့ နားလည်ပေးနိုင်ပါတယ်…


ဝေ့မင်ကျန်း၏ အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာသည်။ ဝေ့မင်ကျန်းက ဖုန်းကို ကောက်ကိုင်လိုက်ပြီး သူ့ကို လက်ဝေ့ယမ်းပြလိုက်သည်။


ယွီကွမ်းမင်က ရယ်ပြီး သူ့လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ 

"တကယ်ကို မင်းပဲ...ရှီတာကီ…”


သူက လျှောက်လာပြီး ဝေမင်ကျန်းအား နွေးထွေးစွာ ပွေ့ဖက်လိုက်သည်။ ဝေ့မင်ကျန်းလည်း ပြုံးပြီး သူ့ကို ပြန်လည်ပွေ့ဖက်လိုက်သည်။


လူလတ်ပိုင်းအရွယ် အမျိုးသားက ဤမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားသည်။ 

"ခင်ဗျားတို့နှစ်ယောက်က အချင်းချင်းသိနေကြတာလား…”


ယွီကွမ်းမင်က ဝေ့မင်ကျန်းကို လွှတ်လိုက်ပြီး ခေါင်းလှည့်၍ ပြောလိုက်သည်။


"ငါ့သူငယ်ချင်း ရောက်နေပြီ…ဝေ့မိသားစုရဲ့ မင်းသားလေးကို သွားပြောလိုက်ကွာ…ငါ့ကို မနှောင့်ယှက်နဲ့လို့…”


သက်လတ်ပိုင်းအရွယ်လူ “…” 


ရှုနဉ်လည်း ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်သွားသည်။ သူက ရယ်မောလျက် သူ့ပါးစပ်ကို အလျင်အမြန် အုပ်ထားလိုက်သည်။ 


"လာ…လာ…လာ…မင်း အချိန်မီ ရောက်လာတာပဲ …ငါတို့ ကိစ္စတချို့ ဆွေးနွေးနေတာ…မင်းရဲ့ အတွေးတွေကိုလည်း ပြောနိုင်တယ်….”


ယွီကွမ်းမင်က ဝေ့မင်ကျန်းကို ဆွဲခေါ်လိုက်ပြီးပြောလိုက်သည်။

 " VR ရဲ့ စိတ်ကူးနဲ့ ပတ်သက်ပြီး ငါထင်တယ် ဖြစ်သင့်တာက @#%#%..." 


ဝေ့မင်ကျန်းက သူ့ကို ပြန်ပြောလိုက်သည်။

"ငါ သဘောမတူဘူး။ငါထင်တာက !#%#%..." 


ယွီကွမ်းမင်၏မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။

 "ကောင်လေး…မင်း ဒီနေရာက စည်းမျဉ်းစည်းကမ်းတွေကိုသိလား…ဒါက ငါ့နယ်မြေ၊ ငါက ဘော့စ်ပဲ…မင်းလုပ်ရမှာက ငါပြောတာကို နားထောင်ဖို့ပဲ…”


ဝေ့မင်ကျန်း က ဖြည်းညှင်းစွာပြောလိုက်သည်။ 

"ဘယ်သူသိမှာလဲ…သူဌေးက မင်းထင်ထားတဲ့သူမဟုတ်တာလည်း ဖြစ်နိုင်တာပဲ…”


သက်လတ်ပိုင်းအရွယ်လူကြီးက နောက်ဆုံးတွင် သူ့အာရုံ ပြန်ရလာသည်။ သူက ရူးသွပ်နေသည့် ယွီကွမ်းမင်ကို ပြောလိုက်သည်။ 


"Darker ဒါက ဥက္ကဌဝေ့ပဲ…”


ယွီကွမ်းမင် အံ့အားသင့်သွားပြီး သူ့လက်အောက်ငယ်သားများလည်း အံ့သြသွားကြသည်။ ခဏအကြာတွင် ယွီကွမ်းမင်က သံသယဖြင့် မေးလိုက်သည်။

 “နေပါဦး မင်းရဲ့မျိုးရိုးနာမည်က ယင်း မဟုတ်ဘူးလား..." 


ဝေ့မင်ကျန်းက ပြန်မေးလိုက်သည်။

 "မင်း ငါ့နာမည်အပြည့်အစုံကို သိလား…”


"အဲ့ဒါက ယင်းမင်ကျန်းလေ…ငါ ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ…”


"မင်းက အချိန်ပိုအလုပ်တွေပဲ လုပ်နေတာ မဟုတ်လား…နောက်ဆုံးပေါ် သတင်းတွေကိုတောင် မသိလိုက်ဘူး…”


ယွီကွမ်းမင်က ယခု ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

"ဘာကိုဆိုလိုတာလဲ…”


သို့သော် ဝေ့မင်ကျန်း မှန်သည်။ သူ မကြာသေးမီကပင် အချိန်ပိုအလုပ်ဆင်းခဲ့ပြီး ဤပရောဂျက်၏အသေးစိတ်လိုအပ်သည့် အချက်အလက်များကို ဖြည့်ဆည်းနေခဲ့သည်။


 "အာာာ…ယင်းမင်ကျန်း…ဝေ့မင်ကျန်းးး….”

သူ့လက်အောက်ငယ်သားတစ်ဦးက ရုတ်တရက် သဘောပေါက်သွားသည်။ သူက ယွီကွမ်းမင်ကို လှမ်းဆွဲပြီး ပြောလိုက်သည်။

"သူဌေး…သူက ဝေ့မင်ကျန်းလေ…သူက သခင်လေး အစစ်နဲ့ အတုအကြောင်း အဲ့ဒီသတင်းရဲ့ ဇာတ်ဆောင်ပဲ…”


ယွီကွမ်းမင် လည်း တုံ့ပြန်မှုရှိလာသည်။ သူက မျက်လုံးပြူးပြီး မေးလိုက်သည်။

 "ယင်းမင်ကျန်း…ဝေ့မင်ကျန်း …ဝေ့ မိသားစုရဲ့ သခင်လေး အစစ်နဲ့ အတု ပြဿနာကလား….”


ဝေ့မင်ကျန်း ခေါင်းညိတ်လိုက်သည်။ 


ယွီကွမ်းမင် : "..." 


သူ့မျက်နှာပေါ်၌ မတူညီသော အမူအရာပေါင်း တစ်ထောင်ခန့် ဖြတ်ပြေးသွားသည်။


အချိန်အတော်ကြာပြီးနောက် သူက ဝေ့မင်ကျန်းအား လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။ 

 "သခင်လေးဝေ့ မင်းဘဝက ဒဏ္ဍာရီဆန်တာ သေချာတယ်..." 


ဝေ့မင်ကျန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ယွီကွမ်းမင် က သူ့ကို လေးစားအားကျဟန်ဖြင့် စိုက်ကြည့်နေသည်။

"မင်းရဲ့ ရှယ်ယာတွေကိုသုံးပြီး ငါ့ကို ဖိနှိပ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး မလား…”


"ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲ…" 

ဝေ့မင်ကျန်းက စိတ်ရင်းမှန်နှင့် ပြောလိုက်သည်။


"ငါ ဖေးမာကျို့ကို ပိုမြင့်တဲ့ နေရာကို အရောက်လှမ်းချင်တာကြောင့် ရှယ်ယာရှင်တစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တာ…ဘာလို့လဲဆိုတော့ အားလုံးနဲ့ ပိုကောင်းအောင် ပူးပေါင်းဆောင်ရွက်ချင်တာကြောင့်ပါ…ငါ့ရဲ့ရိုးသားမှုကို မင်းတို့အားလုံး အသိအမှတ်ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်…”


ယွီကွမ်းမင်: "..." 

ငါမင်းကို မယုံပါဘူး….


"ဒါဆို အခု မင်းငါ့စကား နားထောင်လို့ရပြီမှတ်လား….”

ဝေ့မင်ကျန်းက မေးလိုက်သည်။ 


ယွီကွမ်းမင်က သူ့နှုတ်ခမ်းများကို မျဉ်းတစ်ကြောင်းထဲ ဖြစ်သွားအောင် ဖိကြိတ်မိသွားသည်။


ဝေ့မင်ကျန်း က ဆက်ပြောလိုက်သည်။

 "ကျွန်တော်က ရှယ်ယာရှင်တစ်ယောက်ပါ…ခင်ဗျားတို့ရဲ့ သူဌေးဖြစ်ဖို့ အရည်အချင်းမရှိဘူးလား…”


သက်လတ်ပိုင်းအရွယ်လူကြီးက ခပ်မြန်မြန်ပြန်ဖြေလိုက်သည်။ 

 “ဒါပေါ့ ရှိပါတယ်...“


သူက ယွီကွမ်းမင်ကို အလျင်အမြန် တစ်ချက်ကြည့်လိုက်သည်။


ယွီကွမ်းမင် က ပြောလိုက်သည်။


 "ကောင်းပြီ…မင်းက သူဌေးပဲ…”


"ဒါဆိုရင် VR ပရောဂျက်ရဲ့ စိတ်ကူးပုံဖော်မှုကို ငါလုပ်ချင်သလို လုပ်သင့်တယ်…ငါ့နည်းလမ်းက မှန်ကန်တဲ့နည်းလမ်းပဲ..."


ဝေ့မင်ကျန်းက ယွီကွမ်းမင်နှင့် သူ၏လက်အောက်ငယ်သားများကို သူ့အတွေးများအား အေးအေးဆေးဆေးပင် ထုတ်ဖော်ပြောပြခဲ့သည်။


ဝေ့မင်ကျန်းက ယွီကွမ်းမင်အား ဖိနှိပ်ရန်အတွက် သူ၏ရှယ်ယာရှင်ဟူသည့် အဆင့်အတန်းကို အသုံးပြုကာ အတင်းအကျပ် ခိုင်းစေခဲ့သည်။ ယွီကွမ်းမင်က ထိုသို့ ပြုလုပ်ရုံနှင့် နောက်ဆုတ်သွားမည် မဟုတ်သည်မှာ ရှင်းလှသည်။ 


“ငါတော့ အဲဒါက အလုပ်ဖြစ်မယ် မထင်ဘူး…”

သူက ကြားဖြတ်ပြောလိုက်သည်။ 


“မင်း သွားချင်တဲ့ လမ်းကြောင်းက လက်တွေ့မကျဘူးဆိုတာ သိသာထင်ရှားလွန်းတယ်…”


"ဘယ်လို လက်တွေ့မကျတာလဲ…”

ထို့နောက် သူတို့၏ VR ပုံဖော်ခြင်းဆိုင်ရာ ခေါင်းစဉ်နှင့် ပတ်သက်၍ ရှည်လျားပြီး ပြင်းထန်သည့် ငြင်းခုံမှုများ စတင်လာခဲ့သည်။ 


ယွီကွမ်းမင်က မေးခွန်းများ ဆက်မေးပြီး ဝေ့မင်ကျန်းက ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြေနေသည်။ သူ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာခဲ့သည်မှာ ရှင်းလင်းသည်။ 


နောက်ဆုံး ယွီကွမ်းမင်၌ ပြောစရာပင် မရှိတော့ပေ။


ရှုနဉ်က သူ့အနားတွင် ထိုင်နေရင်း ငြိမ်သက်စွာ ကြည့်နေသည်။ ယွီကွမ်းမင်နှင့် သူ့အဖွဲ့သားများနှင့် စကားစစ်ထိုးနေသည့်အခါ ဗီလိန်လေး၏ပုံစံက မတူကွဲပြားနေကြောင်း သူပြောနိုင်သည်။


ကျောင်းတွင်ရှိသည့် ပုံစံနှင့် ဝေ့မိသားစုတွင်ရှိသည့် ပုံစံများနှင့်မတူဘဲ ယခုဝေ့မင်ကျန်းက ပို၍ စိတ်အေးလက်အေးနှင့် သဘာဝကျကျ ဖြစ်နေသည်။ သူ ချူကျိုးတွင် ရှိနေစဉ်က ပုံစံနှင့် တူပေသည်။


အတိအကျပြောရလျှင် သူက သူငယ်ချင်းများနှင့် အတူရှိနေပုံပေါ်နေသည်။ 


ရှုနဉ် အစိုးရိမ်ဆုံးအရာမှာ ဗီလိန်လေး၏ လူမှုဆက်ဆံရေးပင်။ ယခုတွင်မူ ထိုအတွက် သူ လုံးဝ စိတ်ပူစရာ မလို ဟု ထင်သည်။ ဗီလိန်လေး၏ဘေးတွင် သူငယ်ချင်းကောင်းများ ရှိနေပြီး ဖြစ်သည်။ 


သူ၏ ဗီလိန်လေးက ယခုတွင် နယ်ပယ်အသီးသီး၌ ထက်မြက်ပြီး အမှီအခို ကင်းသူလည်း ဖြစ်သည်။ ယခု ဝေ့မင်ကျန်းကို ကြည့်လိုက်သောအခါ ရှုနဉ်လည်း ယခင်က ယင်းမင်ကျန်းကိုပင် ရုတ်တရက် သတိရသွားသည်။ 


အဝါရောင်ဆံပင်တွေနဲ့ ကမ္ဘာကြီးကိုရင်ဆိုင်ရနေရသလိုမျိုး ခြေထောက်‌တွေကို ခါယမ်းတတ်တဲ့ ကလေးလေး …


မဟာဩဂတ်ကို ကြည့်ရတာ ကြိုက်တဲ့ ချူနီကောင်လေး …


အရိုက်ခံရပြီး ခုံပေါ်မှာ ငိုနေတတ်တဲ့ ကလေးလေး….


ကမ္ဘာကြီးတစ်ခုလုံးကို သူရဲ့ဆူးတွေနဲ့ မေးစေ့လေးကို မော့ပြီး ရင်ဆိုင်ခဲ့ဖူးတဲ့ လူငယ်လေး….


ယခုတွင်မူ ထိုအရာများ အားလုံးက သူ့မှတ်ဉာဏ်ထဲရှိ ထင်ရှားပြတ်သားသည့် ပုံရိပ်လေးများသာ ဖြစ်လာခဲ့ချေပြီ။ ထိုအချိန်များနှင့် တစ်သက်လုံးစာ ဝေးကွာသွားခဲ့သည်ဟု သူ ခံစားနေရသည်။ 


ထိုကောင်လေးက ယခုကဲ့သို့ ပြောင်လက်တောက်ပလာမည်ဟု မည်သူကမှ ထင်ခဲ့မည်မဟုတ်ပေ။


ဗီလိန်လေးက သူ့အကြည့်များကို သတိထားမိသွားပြီး ရုတ်တရက် ခေါင်းကို လှည့်လိုက်သည်။


 "ရှုနဉ်….”


"ဟမ်…”


 ရှုနဉ်က သူ့ကို ပြုံးပြုံးလေး ကြည့်နေသည် ။ 


ဝေ့မင်ကျန်းက သူ့အကြည့်ကို တွေ့လိုက်ရပြီး အကြောင်းတစ်ခုခုကြောင့် ရင်ခုန်သွားမိသည်။ ရှုနဉ်၏ မျက်လုံးများအတွင်းတွင် အလင်းတန်းလေးများ ရှိနေပုံရသည်။ သူတို့က နွေရာသီ၏ ညတွင် ပိုးစုန်းကြူးများ ပျံဝဲနေသကဲ့သို့ နူးညံ့ကြသည်။ အေးမြသောလေပြေလေးက လရောင်နှင့် လေညင်းတို့နှင့်အတူ ကခုန်နေသည်။


တစ်ချက်ကြည့်မိသည်နှင့် သူ့စိတ်တည်ငြိမ်သွားရန် လုံလောက်သည်။


Darkerနှင့် သူ၏အငြင်းအခုံ၊ ပရောဂျက်အတွက် သူ၏ အစီအစဉ်များ၊ ဖေးမာကျို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သူ၏ စိတ်ကူးများ ၎င်းတို့အားလုံးက သူ့စိတ်ထဲမှ တဖြည်းဖြည်းချင်း ထွက်ခွာသွားကြပုံပေါ်သည်။ သူ့စိတ်ခံစားချက်တစ်ခုလုံး မထင်မှတ်ဘဲ အေးချမ်းသွားသည်။ ဤလူက မညှာမတာ ရိုက်ခတ်တတ်သည့် လှိုင်းလုံးကြီးများ လှုပ်ခတ်နေသည့် သူ့ဘဝထဲမှ တစ်ခုတည်းသော သူ၏ ဆိပ်ကမ်းလေးသာ ဖြစ်၏။


သူ့အငြင်းအခုံများကြောင့် အဆုံးတွင် ရှုနဉ်အား လျစ်လျူရှုမိသွားသည်ကို သဘောပေါက်သွားသည်။


ဝေ့မင်ကျန်းက ယွီကွမ်းမင်နှင့် အခြားသူများဆီသို့ လှည့်ကြည့်လိုက်ပြီး သူ့ကို လေးလေးနက်နက် မိတ်ဆက်ပေးလိုက်သည်။

 "ဒါက ရှုနဉ်…ငါ့ရဲ့ခေါင်းကိုင်ညီလေး…ငါ့ကျေးဇူးရှင် ပြီးတော့ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်း…”


ထိုမိတ်ဆက်စကားကိုကြားသောအခါ ယွီကွမ်းမင်က သူ့လက်ကို ရှုနဉ်ဘက်သို့ လျင်မြန်စွာ ဖြန့်ပေးလိုက်သည်။

 "တွေ့ရတာ ဝမ်းသာပါတယ်…”


ရှုနဉ်လည်း သဘာဝကျကျပင် လက်ဆန့်ထုတ်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ 

"မင်းတို့ဘာတွေပြောနေတာလဲဆိုတာ ငါတကယ်နားမလည်ဘူး… မင်းတို့ ဆက်ပြောကြပါ…ငါ ဒီနားကို လျှောက်သွားကြည့်လိုက်ဦးမယ်…”


ဝေ့မင်ကျန်းက ပြောလာသည်။

"ငါ မင်းကို VR အကြောင်း ပြောပြနိုင်တယ်..."


“မဟုတ်ဘူး…မဟုတ်ဘူး..မဟုတ်ဘူး…”

ရှုနဉ်က သူ့ကို အလျင်အမြန် လက်ကာပြလိုက်သည်။ 

"မင်းငါ့ကိုရှင်းပြပြီး အချိန်ဖြုန်းနေစရာ မလိုဘူး…ငါအရင်သွားကြည့်လိုက်မယ်…”


အခြားလူများက စောင့်နေဆဲဖြစ်သည်။ 

ငါက ဘယ်လိုတောင် ဝေ့မင်ကျန်းရဲ့အချိန်အားလုံးကို ယူရဲပါ့မလဲ….


သူ ရုံးခန်းထဲမှ အမြန်ထွက်လာပြီး စင်္ကြန်လမ်းအတိုင်း အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။ ဗီလိန်လေးက ဖေးမာကျို့နှင့် ယွီကွမ်းမင်ကို အလွန်နှစ်သက်သည် ဖြစ်ရမည်။ မဟုတ်လျှင် သူက သူ့ကို ဤနေရာတွင် လျှောက်သွားရန် ခွင့်ပြုမည်မဟုတ်သကဲ့သို့ ဖေးမာကျို့၏ ရှယ်ယာများကိုလည်း သေချာပေါက် တောင်းမည်မဟုတ်ပေ။


ဤနေရာသို့ မရောက်ခင်က သာမန်အွန်လိုင်းသူငယ်ချင်းတစ်ဦးနှင့် တွေ့ဆုံခြင်းသာဖြစ်မည်ဟု ရှုနဉ် အမှန်ပင် တွေးမိခဲ့သေးသည်။ စီးပွားရေးအရ ညှိနှိုင်းမှုတစ်ခု ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားမိပေ။ 


ထိုအရာက အချိန်အများကြီးယူရလိမ့်မည်။


ရှုနဉ်ကို လက်ထောက်တစ်ယောက်က ဧည့်ခန်းငယ်လေးဆီသို့ လမ်းညွှန်ပေးခဲ့သည်။ ထို့နောက် သူက ဂိမ်းဆော့ရန် ဖုန်းကို ထုတ်လိုက်သည်။ 


သို့သော် ငါးမိနစ်ပင် မပြည့်သေးမီအချိန်တွင် ဝေ့မင်ကျန်း အစည်းအဝေးခန်းထဲမှ ထွက်လာသည်။ 

"ပျင်းနေတာ မလား…”


ရှုနဉ် အံ့သြသွားသည်။

 "အစည်းအဝေးမရှိဘူးလား…”


 "မရှိတော့ဘူး…”


ဝေ့မင်ကျန်းက ပြောသည်။ 

"ဒီနေ့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ယွီကွမ်းမင်က ငါ့စကားကို နားထောင်ဖို့ပဲ…အခု ငါလိုချင်တာကို ရသွားပြီ ..ဒီမှာနေစရာ မလိုတော့ဘူး…”


ရှုနဉ် "…….."

ဘယ်လောက်တောင် ရက်စက်လိုက်လဲ….


ဝေ့မင်ကျန်းက ပြောလာသည်။

 "မင်းသွားချင်တဲ့နေရာရှိလား …သွားရအောင် …”


ရှုနဉ်က ဖုန်းကိုဖယ်ပြီး ခဏ စဉ်းစားလိုက်သည်။ 

"ငါတို့နှစ်ယောက်တည်းဆိုရင် ငါတို့ဘယ်ကိုသွားသင့်တယ်ဆိုတာ ငါ တကယ်မသိဘူး…”


မူလက ဝေ့မင်ကျန်း၏ အွန်လိုင်းသူငယ်ချင်းနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ ဤမျှ မြန်မြန်ဆန်ဆန် ပြီးသွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ 


"ဒါဆို ငါ့နောက်လိုက်ခဲ့…”

ဝေ့မင်ကျန်းက သူ့လက်မောင်းကို ကိုင်ပြီး အဆောက်အဦထဲမှ ထွက်လာခဲ့သည်။ 


"ဘယ်သွားနေတာလဲ…”

ရှုနဉ်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ 


"မင်း ချူကျိုးကို ပြန်မှာ မဟုတ်ဘူးလား…မင်း မသွားခင် ပေကျင်းကို လှည့်ပတ်ကြည့်သင့်တယ်လေ…”


ဝေ့မင်ကျန်းက သူ့လက်ဖဝါးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ ရှုနဉ်လည်း သူပြောသည်က မှန်သည်ဟု ထင်သောကြောင့် ပြုံးလိုက်ပြီး ဝေ့မင်ကျန်းကို သူ့အား ပေကျင်းတစ်ဝိုက်သို့ ခေါ်သွားခွင့်ပြုလိုက်သည်။


ဗီလိန်လေးက ပိုမို ရောင့်တက်တတ်လာသည်ကို သူတွေ့ရှိခဲ့သည်။ စကားမပြောချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နားထောင်တတ်သည့် ကလေးလေးက ယခု ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ 


ယခု သူက အေးဆေးတည်ငြိမ်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ခေါင်းဆောင်တစ်ဦး၏ လိမ္မာပါးနပ်မှုတို့ပင် ရှိနေပြီဖြစ်သည်။


 "ဘာဖြစ်လို့လဲ…”

ဝေ့မင်ကျန်းက ခေါင်းကို လှည့်ကာ သူ့ကို စိုက်ကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည်။ သူ့မျက်လုံးများက ကြည်လင်သော အလင်းရောင်များဖြင့် ပြည့်နေသည်။ 


ချက်ချင်းဆိုသလို ရှုနဉ်လည်း သူ့နောက်သို့ တိတ်တဆိတ် လိုက်လာတတ်သည့် ကလေးငယ်အား တစ်ချက် တစ်ချက် လှမ်းမြင်လိုက်ရသလို ဖြစ်သွားသည်။


ရှုနဉ် အတွက်တော့ ဝေ့မင်ကျန်းက များများစားစား မပြောင်းလဲခဲ့ပေ။ 


"ဘာမှမဟုတ်ပါဘူး…”

 ရှုနဉ်က နေရောင်ခြည်တန်းလေးသဖွယ် နွေးထွေးစွာ ပြုံးပြလိုက်သည်။


သူတို့ ‌ပေကျင်းကို ပထမဆုံး စရောက်စဉ်က မဒမ်ဝေ့က သူတို့ကို တစ်ရက် လျှောက်သွားရန်ခေါ်သွားဖူးသည်။ သို့သော်လည်း နောက်ပိုင်းတွင် မည်သည့်နေရာကိုမှ ထပ်မသွားကြတော့ပေ။ 


ယခုတွင် သူတို့နှစ်ယောက်သာရှိ၍ ချူကျိုးတွင် ရှိစဉ်ကကဲ့သို့ ဖြစ်နေသည်။ သူတို့ မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးမကြီးပေ။ သူတို့၌ ဦးတည်ရာ ပန်းတိုင်လည်း မရှိပေ။ 


ပေကျင်းတွင် စိတ်ဝင်စားစရာနေရာ အများအပြားရှိသည်။ သူတို့က မည်သည့်လမ်းကြောင်းကိုမျှ မစီစဉ်ထားပေ။ ယင်းအစား သူတို့က တက္ကစီတစ်စီးကို ငှားကာ မြို့တော်ရှိ ပျော်စရာနေရာများအကြောင်း ယာဉ်မောင်းကို မေးသည်။ ထို့နောက် သူတို့နှစ်ဦးကို ထိုနေရာသို့ ပို့ပေးရန် ယာဉ်မောင်းကို တောင်းဆိုခဲ့သည်။ 


ထိုကဲ့သို့ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားခြင်းမျိုးက အလွန်စိတ်သက်သာရာရစေသည်။ 


သူတို့ ခရီးသွားနေစဉ် နေရာတိုင်း၌ သူတို့ ဆန္ဒရှိသရွေ့ နေထိုင်နိုင်သည်။


ရှုနဉ်က သူသွားသည့် နေရာတိုင်း၏ သမိုင်းဆိုင်ရာ အချက်အလက်များကို ဖုန်းနှင့် ရှာဖွေနေသည်။ အချက်အလက်များကို ရှာတွေ့ပါက ထိုအချက်အလက်များရှိသည့် နေရာသို့ သူတို့ သွားကြည့်ကြမည်ဖြစ်သည်။ ၎င်းနှင့်ပတ်သက်သည့် အချက်အလက်များကို သူရှာမတွေ့ပါက ထိုနေရာကို တစ်ချက်သာ အမြန်ကြည့်လိုက်ကြမည်ဖြစ်သည်။ 


ရှေးဟောင်းမြို့တစ်မြို့သို့ သူတို့ ရောက်သောအခါ ထိုနေရာတွင် မော်ဒယ်လ်များက ဗီဒီယိုရိုက်ရန် လမ်းလျှောက်နေကြပြီး လူအတော်များများကလည်း ကြည့်နေကြသည်။ ရှုနဉ်လည်း အပျော်တမ်းကြည့်ရန်အတွက် ဗီလိန်လေးကို ဘေးသို့ဆွဲခေါ်လိုက်သည်။ 


သို့သော်လည်း မိနစ်အနည်းငယ်ကြာသောအခါ ဓာတ်ပုံဆရာမတစ်ဦး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ 

"ဟေး မင်းက တော်တော်ကြည့်ကောင်းတာပဲ…မင်းကို ဓာတ်ပုံနည်းနည်းလောက် ရိုက်လို့ရမလား…”


ရှုနဉ်က မေးလိုက်သည်။

 "ဘယ်လိုဓာတ်ပုံမျိုးလဲ…”


ဝေ့မင်ကျန်းက မျက်မှောင်ကြုတ်ကာ သူ့မျက်နှာပေါ်တွင် စိတ်မရှည်သောအကြည့်ဖြင့် ကြည့်နေသည်။


 “ဒါက street photography ပါ…”

ဓာတ်ပုံဆရာမက စိတ်လှုပ်ရှားစွာ ရှင်းပြသည်။ 

 "မင်းတို့ နှစ်ယောက်က အရမ်းချောတယ်… နောက်ပြီး အတွဲတွေနဲ့လည်း တူတယ်…”


“အတွဲတွေတဲ့လား…”

ဝေ့မင်ကျန်းက အံ့အားသင့်သွားပြီး ရှုနဉ်ကမူ ရှက်သွားသည်။ 


ဒီ ဓာတ်ပုံဆရာမ ဘာတွေပြောနေတာလဲ….


"ငါ မင်းတို့ကို ဓာတ်ပုံရိုက်ပေးမယ်…”


ဓာတ်ပုံဆရာမက သူမ၏ DSLR ကင်မရာကို ကိုင်ထားကာ ကင်မရာရှုထောင့်ကို ဆက်လက် ချိန်ညှိနေသည်။ 

"ကျေးဇူးပြုပြီးရိုက်လိုက်ပါ…ငါတို့ မင်းတို့ရဲ့ ဓာတ်ပုံတွေနဲ့ အရှုပ်တွေမလုပ်ပါဘူးလို့ ကတိပေးတယ်…”


 "မင်းတို့က တကယ့်ကို အတွဲတွေပဲ…”


ရှုနဉ်က ပြောလိုက်သည်။

" ကျွန်တော်တို့က အချစ်ဆုံးသူငယ်ချင်းတွေပါ…ဒီလိုစကားမျိုးတော့ မပြောသင့်ဘူး…”


 "အိုး… အချစ်ဆုံးသူငယ်ချင်းလား…ငါ နားလည်ပြီ…”

ဓာတ်ပုံဆရာမက ဆက်ပြောသည်။

“ငါတို့ ဓာတ်ပုံရိုက်တာ အရမ်းကောင်းတယ်… ပိုက်ဆံလည်း မယူပါဘူး…”


 "ကောင်းပြီ၊ ဓါတ်ပုံနှစ်ပုံလောက်ပဲ ရိုက်ပါ…”

ဝေ့မင်ကျန်းက ရုတ်တရက် သဘောတူလိုက်သည်။


ရှုနဉ်က ဗီလိန်လေးကို အံ့သြစွာ ကြည့်လိုက်သည်။ အစောပိုင်းကမူ သူ ပူးပေါင်းပါဝင်ရန် ဝန်လေးနေခဲ့သည်။ 

သူ ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားရတာလဲ….


"ကောင်းလိုက်တာ…”

ဓာတ်ပုံဆရာမကပြောလိုက်သည်။

 "လာ…လာ…လာ…နီးနီးကပ်ကပ်နေမယ်…”


"မင်းတကယ် ဓာတ်ပုံရိုက်ချင်တာလား…”

ရှုနဉ်က ဝေ့မင်ကျန်းကို မေးလိုက်သည့်အခါ ဝေ့မင်ကျန်းက ခေါင်းညိတ်ပြသည်။ 


"ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါတယ်…ဓာတ်ပုံရိုက်ကြရအောင်…”

ဓါတ်ပုံဆရာမ၏ ညွှန်ကြားချက်ကို လိုက်နာပြီး သူတို့ နှစ်ယောက်သား မတ်တပ်ရပ်လိုက်ကြသည်။ 


ဝေ့မင်ကျန်းက ရှုနဉ်၏ ပခုံးပေါ် တွင် သူ့လက်ကို တင်လိုက်ပြီး နှစ်ယောက်သား ကင်မရာကို ပြုံးပြလိုက်ကြသည်။


ထို့နောက် ဓာတ်ပုံဆရာမက သူတို့အား လမ်းပေါ်တွင် သဘာဝအတိုင်း လမ်းလျှောက်နေရန် ပြောခဲ့သည်။ ထို့နောက် သူတို့၏ နာမည်ကိုခေါ်သောအခါ ပြန်ကြည့်ရန်လိုသည်ဟု ညွှန်ကြားလာသည်။ 


“ကလစ်…..”


“ကလစ်…”


ဓာတ်ပုံနှစ်ပုံမျှသာမဟုတ်ခဲ့ပေ။


"ကျွန်တော်တို့ ဓါတ်ပုံမရိုက်တော့ဘူး….”


ရှုနဉ်က ပြောလိုက်သည်။ သူက သူ့ပုံများအား ဖြန့်မည်ကို မကြောက်ပေ။


ဝေ့မင်ကျန်းကိုမူ သူ စိုးရိမ်သည်။ ဝေ့မင်ကျန်းက ဝေ့မိသားစု၏ သခင်လေးဖြစ်သည်။ သူ တစ်ခုခု ထူးဆန်းနေသည်ကို တွေ့ရှိသွားကြပါက သူ့အတွက်ကောင်းမည် မဟုတ်ပေ။


ဓာတ်ပုံဆရာမက တွန့်ဆုတ်စွ

ာနှင့်ပင် ဓာတ်ပုံမရိုက်တော့ပေ။


ဓာတ်ပုံများကိုမြင်ပြီးနောက် ဝေ့မင်ကျန်းက ပြောလိုက်သည်။

"ငါ့ကို ဓာတ်ပုံတွေပို့ပေးပါ…”


 "ငါ ကော်ပီမကူးရသေးဘူးလေ …မိတ္တူကူးပြီးတာနဲ့ ပို့ပေးပါ့မယ်…”


ဓာတ်ပုံဆရာမ၏ မျက်လုံးများက တောက်ပလာသည်။ 

"မင်းရဲ့ Wechatကို အပ်လို့ရမလား…”


ထို့ကြောင့် ဝေ့မင်ကျန်းက ဓာတ်ပုံဆရာမ၏ Wechatကို ထည့်သွင်းခဲ့သည်။