အပိုင်း ၁၀၂
Viewers 32k

Chapter 102

တိတ်ဆိတ်ခြင်း၏ အရိပ်အယောင် 



ဝေ့မင်ကျန်းက လီယုံးနာ့၏ အခန်းမှ ထွက်လာပြီး နောက် Darker ထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်- [ကျွန်တော် ပေကျင်းကို ရောက်နေပြီ..ခဏလောက်ဆုံကြရအောင်…] 


Darker က မြန်မြန်ပြန်ဖြေသည်- [မင်း ‌ပေကျင်းမှာလား..ကောင်းတယ်…မင်းက အရွယ်ရောက်ခါနီးနေပြီ မဟုတ်လား..မြန်မြန်လာ ငါ့ရုံးမှာ အလုပ်စလုပ်သင့်တယ်...ငါတို့ VR နည်းပညာကို တိုးတက်အောင် လုပ်တာနဲ့ စလို့ရတယ် ...လူချင်းတွေ့ပြီး ထပ်ပြောကြရအောင်…] 


ရှီတာကီမှိုစားရတာကြိုက်တယ်- [VR ပရောဂျက်ရဲ့ စိတ်ကူးပုံဖော်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ အရင်အတိုင်းပါပဲ…] 


Darker : [အရမ်းခေါင်းမာတာကို ရပ်နိုင်မလား…ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံနေတာ နှစ်ဝက်လောက်ရှိနေပြီ…ငါက ပရောဂျက်ခေါင်းဆောင်ဆိုတော့ အကြောင်းအရာတွေနဲ့ အရင်းနှီးဆုံးက ငါပဲလေ…ဒါ့ကြောင့် ငါက နောက်ဆုံးပြောရေးဆိုခွင့် ရှိသူပဲ]


Darker: [ပရောဂျက်ရဲ့ လမ်းညွှန်ချက်ကို ငါ တာဝန်ယူမယ်…မင်းကတော့ ငါ့စကားကို နားထောင်ဖို့ပဲလိုတယ်…ငါ့အတွက် လာပြီး အလုပ်လုပ်စမ်းပါ...ငါ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်တာ သေချာတယ်..] 


Darker : [ မင်း အသက်ဆယ့်ငါးနှစ်လောက်မှာပဲ နာမည်တစ်ခု ရအောင် လုပ်နိုင်ခဲ့တယ်ဆိုတာ ငါသိတယ်…ဒါပေမယ့် မင်းထက်သာတဲ့သူတွေ အမြဲရှိနေနိုင်တယ်ဆိုတာကို သတိထားရမယ်…နည်းပညာအပြင် လုပ်ငန်းကိစ္စတွေကလည်း ရှိသေးတယ် …မင်းရဲ့ စွမ်းအင်အကုန်လုံးကို နည်းပညာအပေါ်မှာပဲ ပုံအပ်ထားလို့မရဘူး…ကမ္ဘာကြီးက ဘယ်လိုလည်ပတ်လဲဆိုတာကိုလည်း မင်းသိထားဖို့လိုတယ်… ပိုက်ဆံက ဘုရင်ပဲ…ပိုက်ဆံမရှိရင်၊ နည်းပညာအသစ်တွေကို တီထွင်နိုင်မှာမဟုတ်ဘူး… မင်းက အရမ်းငယ်သေးတော့ သိပ် နားမလည်လောက်ပါဘူး…ဖေးမာကျို့ကို ရောက်တာနဲ့ ကောင်းကောင်း စကားပြောကြရအောင်…ပြီးရင်တော့ မင်းလည်း နားလည်သွားမှာပါ…]


 ရှီတာကီမှိုစားရတာကြိုက်တယ်- [အိုး…]


ဝေ့မင်ကျန်း က သူ့ဖုန်းကို ဘေးဖယ်လိုက်သည်။ သူ Darker နှင့် ဆက်ပြီးစကားများရန် စိတ်မ၀င်စားပေ။ လူတစ်ယောက်က ငယ်ရွယ်စဉ်အချိန်တွင် မယုံနိုင်အောင် ကျွမ်းကျင်ပြီး အောင်မြင်လာလျှင် သူတို့က တဇွတ်ထိုးဆန်ပြီး ခေါင်းမာနိုင်ခြေ ပိုများသည်။ 


နှစ်ကြာလာသည်နှင့်နဲ့အမျှ ဝေ့မင်ကျန်းနှင့် Darkerတို့ ပူးပေါင်းပြီး အကြိမ်ပေါင်းများစွာ ဆက်သွယ်ပြောဆိုခဲ့ကြသည်။ သူက ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြခဲ့ပြီး သူတို့နှစ်ယောက် မကြာခဏ ရန်ဖြစ်တတ်သည်။ 


သူတို့နှစ်ယောက်၏ ရန်ပွဲများက အများအားဖြင့်”ငါ မှန်တယ်…မင်းငါ့စကားကို နားထောင်ရမယ်" နှင့် "မဟုတ်ဘူး…ငါမှန်တာ…မင်းငါ့စကားကိုနားထောင်" ဆိုသည်များပင်….


အဖုအထစ် အနည်းငယ်ရှိသော်လည်း သူတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ဆော့ဖ်ဝဲလ်က ကောင်းမွန်စွာ ဖွံ့ဖြိုးလာခဲ့သည်။


 ဝေ့မင်ကျန်းက Darker ၏ဝှက်ဖဲဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဖေးမာကျို့လုပ်ငန်းစုက ထိုဆော့ဖ်ဝဲလ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ကြီးထွားလာခဲ့၍ ယခုအချိန်တွင် အခြားအင်တာနက် ကုမ္ပဏီကြီးများစွာနှင့် ပခုံးချင်းယှဉ် ရပ်တည်နေနိုင်ပြီဖြစ်သည်။ ဖေးမာကျို့ကို နတ်မြင်းပျံကုမ္ပဏီဟု ယူဆနိုင်ပြီး ကုမ္ပဏီ၏ စတော့စျေးနှုန်းက နေ့စဉ် မြင့်တက်နေသည်။ 


ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝေ့မင်ကျန်းက ဝှက်ဖဲအဖြစ် ဆက်ရှိနေရန် ဆန္ဒမရှိတော့ပေ။ Darker ၏အကြံပေးအဖြစ် သူရသည့်အခကြေးငွေမှာ မနည်းလှပေ။ သို့သော် အမှန်တကယ် အမြတ်အစွန်းကို မမြင်ရလျှင် သူ့ကိုယ်ပိုင် စိတ်ကူးများကို အမှန်တကယ် အကောင်အထည် ဖော်နိုင်လိမ့်မည် မဟုတ်ပေ။ 


ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် ရှယ်ယာတွေကို ရမှဖြစ်မယ်….


သူပြင်ဆင်ထားသည့် အရာအားလုံးပြီးဆုံးသွားလျှင် ဖေးမာကျို့၏ ရှယ်ယာများက အတော်လေး အာမခံချက်ရှိလာမည်ဖြစ်သည်။


*****

ထိုညနေပိုင်းတွင် အတွင်းရေးမှူးအဖွဲ့မှ လီယုံးနာ့နှင့် မဒမ်ဝေ့တို့အား ဝေ့ရှီမင်းက ယွမ်သန်းဆယ်ဂဏန်းတန်ဖိုးရှိ အိမ်ရာနှစ်ခုကို ရောင်းချပြီးဖြစ်ကြောင်း အစီရင်ခံတင်ပြခဲ့သည်။ ထို့အပြင် သူ့ကတ်ထဲမှ ပိုက်ဆံအများအပြားလည်း ပျောက်ကွယ်သွားခဲ့သည်။ 


ဝေ့မိသားစုလည်း မယုံနိုင်လောက်အောင် တုန်လှုပ်သွားသည်။ 


ကလေးတစ်ယောက်အနေနှင့် ဝေ့ရှီမင်းက ဤမျှလောက်သောငွေပမာဏကို မည်သို့ လွှဲပြောင်းနိုင်ခဲ့သည်ကို သူတို့မသိကြပေ။ 


ကံကောင်းထောက်မစွာဖြင့် သူက ပရော်ဖက်ရှင်နယ်ကျွမ်းကျင်သူ မဟုတ်သောကြောင့် ငွေလွှဲရာတွင်လည်း မကျွမ်းကျင်ခဲ့၍ ပိုင်ဆိုင်မှုအများစုကို ပြန်လည် ရယူနိုင်သည်။ မဟုတ်လျှင် သူတို့ အနည်းဆုံး ယွမ်သန်းဆယ်ဂဏန်းခန့် ဆုံးရှုံးသွားလိမ့်မည်ပင်။


ပထမဆုံး သူက ဆေးကို ရည်ရွယ်ချက်ထားကာ လက်ဆော့ပြီး ပမာဏတိုးထားခဲ့သည်။ ထို့နောက် သူ၏ပိုင်ဆိုင်မှုများကို လွှဲပြောင်းခဲ့သည်။ 


လီယုံးနာ့၏ မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။ ပိုက်ဆံမည်မျှ ဆုံးရှုံးလိုက်ရသည်ကို တွေးလိုက်မိသောအခါ သူမ ဝေ့မင်ကျန်းအတွက် ပို၍ပင် စိတ်မကောင်းဖြစ်မိသွားသည်။ ယခင်က သူမ ဝေ့ရှီမင်း၏ပိုင်ဆိုင်မှုအားလုံးကို ဝေ့မင်ကျန်းအား လွှဲပြောင်းပေးမည်ဟု ကိုယ်တိုင်ကိုယ်ကျ ကတိပေးခဲ့သည်။ ယခုတွင်မူ ထိုပိုင်ဆိုင်မှုများမှ အများစုမှာ ပျောက်ကွယ်သွားသောကြောင့် သူမ စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။ 


အဆိုပါကိစ္စအား မိသားစုဝင်များထံသို့ ပြန်လည်တင်ပြခဲ့သည်။ လီယုံးနာ့က မဒမ်ဝေ့၊ ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ကို ဝေ့ရှီမင်း ရှင်းပြသည်များကို နားထောင်ရန် ပင်မဗီလာသို့ ခေါ်လိုက်သည်။


အချိန်က ညရှစ်နာရီခွဲနေပြီဖြစ်သည်။ ထိုအချိန်တွင် လူတိုင်းက မိမိတို့၏ကိုယ်ပိုင် ဗီလာများဆီသို့ ပြန်သွားကြပြီဖြစ်သည်။ လီယုံးနာ့က သူ့တို့ကို အချိန် နောက်ကျမှ ခေါ်တွေ့ရသည်ကို သဘောမကျပေ။ သို့သော်လည်း ဝေ့ရှီမင်းနှင့် ပတ်သက်သည့် ကိစ္စကို တတ်နိုင်သမျှအမြန်ဆုံး ဖြေရှင်းရန် လိုအပ်သည်။ အပြင်လူတစ်ဦးဖြစ်သည့် ရှုနဉ် အနေနှင့် သူ့ကို ပင်မအဆောက်အဦးသို့ ဖိတ်ကြားခံရမည်ဟု မျှော်လင့်မထားခဲ့မိပေ။ 


လီယုံးနာ့က မိသားစု၏ ဒုတိယ သို့မဟုတ် တတိယအိမ်တော်ခွဲရှိ လူများကိုပင် လာရန် မခေါ်ခဲ့ပေ။ သို့သော်လည်း သူမက သူ့ကိုခေါ်ခဲ့သည်။


ရှုနဉ်က ဝေ့မင်ကျန်း၊ မဒမ်ဝေ့တို့နှင့်အတူ ပင်မအိမ်တော်ဆီသို့ လိုက်သွားခဲ့သည်။ သူက စကားတစ်ခွန်းပင် မပြောခဲ့ပေ။ သူက အိမ်တော်ရှိ ပရိဘောဂ အပိုင်းအစတစ်ခုကဲ့သို့ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ 


ရှစ်နာရီနှင့် မိနစ်လေးဆယ်ခန့်တွင် အတွင်းရေးမှုးက ဝေ့ရှီမင်းကို အိမ်တော်သို့ ပြန်ခေါ်လာခဲ့ပြီး သူတို့ နှစ်ယောက် ပင်မအိမ်တော်ထဲသို့ ၀င်လာကြသည် ။


၎င်းက ရှုနဉ် ချူကျိုးမှပြန်လာပြီးနောက် ဝေ့ရှီမင်းကိုပထမဆုံးအကြိမ် ပြန်တွေ့ရခြင်းဖြစ်သည်။


သူ့ဆံပင်များက ရှုပ်ပွနေပြီး၊ သူ့ပခုံးက အနည်းငယ် ကိုင်းနေသည်။ သူ့အမူအရာက ထိတ်လန့်တကြားဖြစ်နေပြီး သူ့မျက်လုံးများထဲတွင်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။ သူ၏ ထိတ်လန့်တုန်လှုပ်နေသည့် ယခုအခြေအနေမှာ ယခင်က သူ၏ မာနကြီးပြီး မောက်မာသည့် အသွင်အပြင်နှင့် လုံးဝကို ကွဲပြားနေသည်။


 ညှိုးနွမ်းပြီး ကြောက်လန့်နေသည့် သူ့အသွင်အပြင်က ကျိုးကျွမ်ကိုပင် တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရသွားစေသည်။ 


ထို့အပြင် ရှုပ်ပွနေသော ဆံပင်များ၊ ဂနာမငြိမ်သော အကြည့်များနှင့် ရင်းနှီးနေပုံရသော မျက်နှာက ယင်းချန်း၏ပုံသဏ္ဍာန်နှင့် ထပ်တူကျနေသည်။ 


ရှုနဉ်ပင် အနည်းငယ် မှင်သက်သွားသည်။ 


မျိုးရိုးဗီဇက တကယ်ပဲ အစွမ်းထက်တာများလား…


ဝေ့ရှီမင်းက ကျိုးကျွမ်၊ ယင်းချန်းတို့နှင့် တစ်ရက်မျှပင်အတူတူ မနေဖူးသော်လည်း သူက သူတို့နှင့် ပို၍ တူလာပုံရသည်။ ဝေ့မင်ကျန်းက ကျိုးကျွမ်၊ ယင်းချန်းတို့နှင့် ဆယ်နှစ်ကျော်ကြာ အတူတူနေခဲ့သော်လည်း သူတို့၏ စိတ်နေစိတ်ထားမှာ လုံးဝ မတူညိီပေ။


လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာက ပတ်ဝန်းကျင်လွှမ်းမိုးမှုကြောင့် ပြောင်းလဲ သွားနိုင်တယ်ဆိုတဲ့ ဆိုရိုးရှိတယ်မလား…

ရှုနဉ်၏ ထိုဆိုရိုးအပေါ် ယုံကြည်ချက်က စတင်ယိမ်းယိုင်လာသည်။ 


ဝေ့ရှီမင်းက လီယုံးနာ့နှင့်မဒမ်ဝေ့တို့ ရှေ့တွင် ဒူးထောက်လိုက်သည်။ သူ မှားသွားကြောင်းနှင့် တောင်းပန်ကြောင်း ပြောကာ ဆက်တိုက်ဆိုသလို ဒူးထောက်ပြီး ရှိခိုးတောင်းပန်နေသည်။


မဒမ်ဝေ့က သူ့ကို လုံးဝ စိတ်ပျက်သွားပြီး သူ ငိုနေသည်ကိုမြင်နေရသော်လည်း မည်သည့်ခံစားချက်မျှ မရှိတော့ပေ။ သူမ ရိုးရိုးရှင်းရှင်း မေးလိုက်သည်။

"ပြောစမ်းပါဦး…ကျန်တဲ့ငွေတွေက ဘယ်ကိုရောက်သွားလဲ…


ဝေ့ရှီမင်းက ဝမ်းနည်းတကြီး ပြောလိုက်သည်။

 "ကျိုးကျွမ်က ငွေတိုးချေးပေးတဲ့သူတစ်ယောက်နဲ့ ပေကျင်းကို ရောက်လာတာ…ကျွန်တော် သူ့ကို အမေအဖြစ် အသိအမှတ်မပြုချင်တာနဲ့ သူက DNA စစ်ဆေးဖို့အတွက် ငွေတိုးချေးတဲ့သူတွေနဲ့ အတူပေါင်းပြီး အလုပ်လုပ်ခဲ့တာ …ပြီးတော့ DNA ကို အသုံးချပြီး ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တာပါ…”


“ကျွန်တော့်မှာလည်း ရွေးချယ်စရာမရှိလို့ အိမ်ကိုရောင်းပြီး ပိုက်ဆံတွေပေးလိုက်ရတယ်…”


ယခုအချိန်တွင် ကိစ္စများက ထိုသို့ဖြစ်လာပြီးနောက် ဝေ့ရှီမင်းလည်း ဖုံးကွယ်မထားဘဲ အမှန်တရားကိုသာ ရိုးရိုးသားသား ပြောခဲ့သည်။ 

"ကျွန်တော့်မှာ တကယ့်ကို ရွေးချယ်စရာမရှိလို့ပါ…”


ဝေ့ရှီမင်း မျက်ရည်များ ကျလာပြီး သူ့မျက်နှာပေါ်ရှိ သွေးကြောများ ပေါက်ထွက်မတတ် ပြင်းထန်စွာ ငိုကြွေးနေသည်။ 

"ကျွန်တော် အဲ့လိုလုပ်ဖို့ ဖိအားပေးခံရတာပါ…ကျိုးကျွမ်က ကျွန်တော့်ကို အတင်းလုပ်ခိုင်းခဲ့တာပါ…”


သူ၏ ဝမ်းနည်းကြေကွဲနေသော ငိုကြွေးသံကို လူတိုင်းကြားနေရသည်။ 


သို့သော်လည်း အခန်းထဲရှိ မည်သူကမျှ သူ့ကို နှစ်သိမ့်မပေးခဲ့ကြပေ။ သူတို့အားလုံးက ဂရုမစိုက်ဟန်ဖြင့် သူ ငိုနေသည်ကို ကြည့်နေကြသည်။ 


"မင်းကိုဘယ်သူမှ အတင်းအကြပ်မခိုင်းဘူး…”

ဝေ့မင်ကျန်းက ပြောလိုက်သည် ။ 

"ဒါက မင်းရဲ့ လောဘကြောင့်ပဲ…”


ဝေ့ရှီမင်း၏ အော်ဟစ်သံများက ရုတ်ခြည်း ရပ်တန့်သွားသည်။ သူ့မျက်လုံးတွင် မျက်ရည်များဝဲလျက် မော့ကြည့်လိုက်သည့်အခါ ဝေ့မင်ကျန်းကပြောလာသည်။


"ကျိုးကျွမ်က မင်းကိုရှာဖို့ ပေကျင်းကို ပထမဆုံးရောက်လာတဲ့အချိန်တုန်းက မင်းက မိသားစုကို အဲ့ဒီအကြောင်း ပြောမပြခဲ့ဘူး…မင်းသာ ပြောခဲ့မယ်ဆိုရင် သူ မင်းကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး…ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် မင်းက သခင်လေးအတုဆိုတာ ပေါ် မသွားစေချင်ခဲ့ဘူးမလား … မင်းပိုင်ဆိုင်ထားတဲ့အရာတွေကို အဆုံးရှုံးမခံချင်ဘူး…ဒါ့ကြောင့်ပဲ မင်းကို ခြိမ်းခြောက်ဖို့ သူ့ကို မင်းကိုယ်တိုင် ခွင့်ပြုပေးခဲ့တာပဲ…”


“မင်းကိုယ်မင်း အရမ်း အပြစ်ကင်းသလို ဟန်ဆောင်မနေနဲ့…”


ဝေ့ရှီမင်း၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်လာသည်။ သူ ထိုကိစ္စကို ပြန်လည် ချေပ ရန် မတတ်နိုင်ခဲ့ပေ။


အိမ်တော်ထိန်းက အိမ်ထဲသို့ ဝင်လာပြီး သတင်းပို့လိုက်သည်။

“သခင်မကြီး…ကျိုးကျွမ် ရောက်လာပါပြီ….”


ကျိုးကျွမ်က ကျောင်းရှေ့တွင် ရက်အတော်ကြာအောင် ကျောက်ချနေခဲ့သောကြောင့် ဝေ့မိသားစုအတွက် သူမကို ရှာတွေ့ရန်မှာ အလွန်ပင် လွယ်ကူလွန်းလှသည်။


အခန်းထဲရှိ လူတိုင်းက တံခါးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။


ထိုအချိန်မှာပင် ကျိုးကျွမ်က အပြင်မှ အခန်းထဲသို့ ဝင်လာသည်။ သူမ၏ ပုံစံက နွမ်းလျနေပြီး မျက်နှာကလည်း ဖြူဖျော့ နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူမ၌ ပြန်စရာ အိမ်မရှိခဲ့ပေ။ သူမ ဘဝက အလွန် ခက်ခဲနေခဲ့သည်။


သူမက အခက်အခဲများ ကြုံရသည့် အကြိမ်တိုင်း ဝေ့ရှီမင်းကို သူမနှင့်အတူ ဆွဲချရန်သာ တွေးနေမိသည်။

(ဘုရားစူး အမေ) 


မမျှော်လင့်ဘဲ ဝေ့မိသားစုက သူမအား ဦးစွာ ရှာတွေ့ခဲ့သည်။


ကျိုးကျွမ် အိမ်ထဲသို့ ဝင်လိုက်သောအခါ ခမ်းနားထည်ဝါသော မြင်ကွင်းကို တွေ့လိုက်ရပြီး သူမ၏ နှလုံးသားထဲတွင် ရှက်ရွံ့မှု အနည်းငယ် တိုးလာသည်။ 


လီယုံးနာ့၏အခန်းသို့ ရောက်လာသောအခါ သူမ ကြွက်တစ်ကောင်ကဲ့သို့ ကြောက်လန့်သွားသည်။ ကျိုးကျွမ် အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် မဒမ်ဝေ့၊ လီယုံးနာ့၊ ဝေ့ရှီမင်းနှင့် ရှုနဉ်တို့ကိုတွေ့လိုက်ရသည်။ ဝေ့မင်ကျန်းကို မြင်သောအခါ ကျိုးကျွမ် တစ်ခဏမျှ ထိတ်လန့်သွားသည်။ သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအရာတစ်ခုပေါ်လာပြီး နှုတ်ခမ်းများ အနည်းငယ် လှုပ်သွားကာ တစ်ခုခု ပြောချင်နေသော်လည်း အဆုံးတွင် နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။


သူမမျက်လုံးများက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ဝေ့ရှီမင်းဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲရှိ ရှုပ်ထွေးနေမှုများက မှိန်ဖျော့သွားပြီး အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။ 

"ဝေ့ရှီမင်း…”


ဝေ့ရှီမင်း ခေါင်းကိုလှည့်လိုက်သည်။ သူ ကျိုးကျွမ်ကို မြင်သောအခါ ထပ်တူ မုန်းတီးသော အကြည့်ဖြင့် သူမကို ကြည့်လိုက်သည်။ ကျိုးကျွမ်ကြောင့်သာ မဟုတ်လျှင် သူ ယခု အဆင့်အထိ ပြုတ်ကျသွားမည် မဟုတ်ပေ။ 


နှစ်ယောက်သား အကြည့်ချင်းပြိုင်နေကြသည်။ သူတို့နားရှိ လေထုက တင်းမာမှုကြောင့် အက်ကွဲသွားတော့မည့်ပုံပေါ်သည်။ 


"မင်းက ကျိုးကျွမ်လား…”

လီယုံးနာ့၏ အသံက အလွန်တည်ငြိမ်နေသည်။ 


ကျိုးကျွမ်လည်း သူမ၏ ခံစားချက်များမှ ရုန်းထွက်လိုက်သည်။ သူမ၏ ဝမ်းနည်းပူဆွေးမှုကို ဖြေဖျောက်ရန် အတွက် ယခု အခြေအနေက မသင့်လျော်ကြောင်း ရိပ်မိသွားကာ သူမ အားတင်း၍ ပြုံးပြလိုက်သည်။ 

"ဟုတ်ပါတယ် ကျွန်မက ကျိုးကျွမ်ပါ…”


လီယုံးနာ့က ဝေ့ရှီမင်းကို ညွှန်ပြပြီး မေးလိုက်သည်။

“သူ ဘယ်သူလဲ ဆိုတာ မင်းသိတယ် မဟုတ်လား…”


ကျိုးကျွမ်လည်း ဝေ့ရှီမင်းကို စိုက်ကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်မ သူ့ကို သိပါတယ်… သူက ကျွန်မရဲ့ သွေးသားရင်းပဲလေ…”


ဝေ့ရှီမင်း၏ မျက်နှာက ရှုံ့မဲ့သွားသည်။


ကျိုးကျွမ်က ဆက်ပြောလိုက်သည်။

“ဟေး သခင်လေးဝေ့..ဘာတွေဖြစ်နေတာလဲ…မင်း ဘာလို့များ ကြမ်းပေါ်မှာဒူးထောက်ပြီး စကားမပြောရတာလဲ…”


လျို့ဟုန်၏အိမ်တွင်ရှိစဉ်က သူမ၏ဖုန်း အကြောင်းရင်း မရှိဘဲ ပျက်သွားခဲ့သည်။ နောက်ပိုင်းတွင် လျို့ဟုန်က အိမ်ငှားရမ်းမှုကို ရုတ်တရက် ပယ်ဖျက်လိုက်ပြီး ထွက်ခွာသွားခဲ့သောကြောင့် သူမတွင် သွားစရာနေရာမရှိပေ။ ထို့ကြောင့် အင်တာနက်ပေါ်တွင် ပျံ့နေသည့် အသံဖိုင်အကြောင်း သူမ မသိသေးသည့်အပြင် ဝေ့ရှီမင်းကို မိသားစုမှ ထုတ်ပယ်လိုက်ကြောင်းကိုလည်း သူမ မသိသေးပေ။


ယခုအချိန်တွင် သူမက ဝေ့ရှီမင်းကို သူမနှင့်အတူတူ ဖြစ်စေချင်သည်။ သူ့ကို သူမနှင့်အတူဆွဲချချင်သည်။


မဒမ်ဝေ့က မေးလိုက်သည်။

“ကျိုးကျွမ်…ဝေ့ရှီမင်းက လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက မင်းနဲ့ အဆက်အသွယ်ရှိခဲ့တယ်ဆိုတာ အမှန်ပဲလား…”


ကျိုးကျွမ်က လှောင်ပြောင်လိုက်သည်။

"ဟုတ်တယ်လေ…အဲဒီအချိန်တုန်းက သူ ငါ့ကို လက်မခံချင်ဘူး…DNA စစ်ပြီးတာတောင်မှ ငါ့ကို လက်မခံသေးဘူး…”


လီယုံးနာ့က မေးလိုက်သည်။ 

"ဒါကြောင့်ပဲ မင်းကသူ့ကို ခြိမ်းခြောက်ပြီး ယွမ်ဆယ်သန်းပေးဖို့ တောင်းဆိုခဲ့တာလား…”


ကျိုးကျွမ် ခဏတာ ထိတ်လန့်သွားပြီး သူမ၏အမူအရာက အလွန်သဘာဝမကျ ဖြစ်သွားသည်။ သူမ ငြင်းလိုက်သည်။ 

"မဟုတ်ပါဘူး…”


 "ခင်ဗျား လုပ်ခဲ့တယ်လေ…”

မည်သည့် စကားမျှ မပြောသည့် ဝေ့မင်ကျန်းက ရုတ်တရက် ခေါင်းမော့ပြီး ပြောလိုက်သည်။


"ကျုပ် ခင်ဗျားကို ဆယ်သန်းပေးလိုက်တယ်... ဘဏ်ငွေလွှဲမှတ်တမ်းတွေလည်း အကုန်ရှိတယ်…”


"အဖွားတို့ ပိုက်ဆံပြန်လိုချင်ရင် သူ့နောက်ကို လိုက်ကြည့်လိုက်ပါ…ပိုက်ဆံက သူနဲ့ ငွေတိုးချေးတဲ့သူတွေဆီမှာ…”


နောက်ဆုံးတွင် ကျိုးကျွမ်လည်း တစ်ခုခုမှားနေသည်ကို သိသွားပြီး အလန့်တကြားဖြစ်သွားသည်။

“ဘာပိုက်ဆံလဲ….ဘာကို ယွမ်ဆယ်သန်းလဲ …ငါ မသိဘူး…ငါ ဘာမှမရခဲ့ဘူး…”


သို့သော်လည်း သူမ မည်သို့ပင် ငြင်းဆိုနေစေကာမူ မည်သူကမျှ မယုံကြပေ။ လီယုံးနာ့ ကပြောလိုက်သည်။

 "ဒီကိစ္စကို နောက်မှ စုံစမ်းပါ့မယ်…ကျေးဇူးပြုပြီး ဒီည ဒီမှာနေပါ…မနက်ဖြန် မနက်ကျရင် ဝေ့ရှီမင်းရဲ့ အိမ်ထောင်စုစာရင်းကို လွှဲပေးမယ်…”


ကျိုးကျွမ်က စိုးရိမ်တကြီးနှင့်မေးလိုက်သည်။

"အိမ်ထောင်စုစာရင်းလား…”


လီယုံးနာ့က ခေါင်းညိတ်လိုက်သည်။ 

"သူက မင်းရဲ့ကလေးဆိုတော့ သူ့ကို မင်းအိမ်ထောင်စုစာရင်းထဲကိုပဲ ပြောင်းထည့်သင့်တယ်လေ…အားလုံးက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်…”


လီယုံးနာ့၏ စကားများက ခိုင်မာပြတ်သာ

းသည်။ ငြင်းခုံရန်ပင် မရှိပေ။


မဒမ်ဝေ့၊ ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့ ပင်မအိမ်တော်မှ ထွက်ခွာလာခဲ့သည်။ ဝေ့ရှီမင်းနှင့်ကျိုးကျွမ်တို့က ဧည့်သည်ခန်းတွင် နေရန် ဖိတ်ခေါ်ထားခံလိုက်ရသည်။