အပိုင်း ၉၆
Viewers 32k

Chapter 96

ဝေ့ရှီမင်း၏ မျက်နှာအစစ် ပေါ်လာပြီ



ဝေ့မင်ကျန်းက ထက်မြက်သည့် လျှာလေးသာရှိသူဖြစ်သည်။ ဒေါသကို ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သူက သူကိုယ်တိုင်သာဖြစ်သည်။ သူ့ကို ကန့်သတ်ထားရန် တွန်းအားပေးခဲ့သူကလည်း သူသာဖြစ်သည်။ တစ်ဆင့်ပြီးတစ်ဆင့်ဖြင့် သူကသာ သူ့ကိုယ်သူ ထိုကဲ့သို့သော အခြေအနေသို့ တွန်းပို့ခဲ့မိသည်။


လီယုံးနာ့က သူ့အဖြေကို စောင့်မနေပေ။ စွပ်စွဲချက်များက အမှန်ဖြစ်ကြောင်း သူ၏ အပြုအမူများမှ သူမအား ပြောပြနေသည်။ 


"ရှီမင်း…မင်းဘယ်လိုတောင် ဒီလိုကိစ္စမျိုး လုပ်ရတာလဲ…”

သူက သူမ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသည်ကို စိတ်မကောင်းဖြစ်မိသည်။


ဝေ့ရှီမင်း ဒူးထောက်ချလိုက်ပြီး ရှိုက်ကြီးတငင် ငိုသည်။

"တောင်းပန်ပါတယ် အဖွား…တဒင်္ဂ တွန်းအားကြောင့် လုပ်ခဲ့မိတာပါ..."


“တဒင်္ဂ တွန်းအားတဲ့လား…”

မဒမ်ဝေ့က သူပြောသည်ကို မယုံပေ။ 


“မင်ကျန်း ပြန်မလာခင်ကတည်းက မင်းက ပြိုင်ဆိုင်မှုရလဒ်တွေကို အသုံးချပြီး ကျောင်းသားတွေကို အနိုင်ကျင့်နေတာ…ဒါတွေကလည်း တွန်းအားကြောင့်ပဲလား…“

သူမ အမှန်တကယ် စိတ်ပျက်ပြီး ဒေါသထွက်နေခဲ့သည်။ သူမက ဝေ့ရှီမင်းကို ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်သော်လည်း သူက လမ်းမှားသို့ လျှောက်သွားခဲ့သည်။ မဒမ်ဝေ့ သူမ၏ နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း စိတ်ပျက်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ 


လီယုံးနာ့လည်း စိတ်ပျက်သွားသည်။ သို့သော်လည်း ဝေ့ရှီမင်းက သူမအသက်ကို ကယ်တင်ပေးခဲ့သူဖြစ်သောကြောင့် သူက မဒမ်ဝေ့အား ပြောလိုက်သည်။


"မုလီ…သူ့ကို အခွင့်အရေးတစ်ခု ပေးလိုက်ပါ…”


 "မရဘူး…”

 မဒမ်ဝေ့က ခေါင်းခါလိုက်သည်။ 

"ကျွန်မ သူ့ကို နောက်ထပ် အခွင့်အရေးတွေ ပေးမှာ မဟုတ်ဘူး…”


ယခင်ကဆိုလျှင် သူမ တုံ့ဆိုင်းနေလိမ့်မည်။ သို့သော် ယခုတွင် သူမ၏ သားက ထွက်သွားခဲ့ပြီး ဝေ့ရှီမင်းကလည်း နောက်ထပ်အမှားတစ်ခု ထပ်လုပ်ခဲ့သည်။ သူမသာ ထိုကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ပါက သူမ၏ သားနှစ်ယောက်စလုံးကို ဆုံးရှုံးရလိမ့်မည်။ 


ထို့နောက် မဒမ်ဝေ့ လှည့်ထွက်လာခဲ့သည်။ သူမက စိတ်ဆုံးဖြတ်ထား ပြီးပုံ ပေါ်သည်။


မဒမ်ဝေ့ ထွက်သွားပြီးနောက် ဝေ့ရှီမင်းက လီယုံးနာ့၏ခြေထောက်ကို ပွေ့ဖက်ပြီး ငိုလိုက်သည်။

 "အဖွား…ကျွန်တော် တကယ် အဲ့လို သဘောနဲ့ မဟုတ်ပါဘူး…အဖွား ကျွန်တော့်ကို အခွင့်အရေးပေးပါ…ကျွန်တော့်ကို နှင်မထုတ်ပါနဲ့…”


လီယုံးနာ့က သက်ပြင်းချလိုက်ပြီး သူ့နောက်ကျောကို ပုတ်ပေးလိုက်သည်။ 

"စိတ်မပူပါနဲ့…ငါ့စကားကို ငါထိန်းပါမယ်…ငါ အသက်ရှင်နေသ၍ မင်းက ငါ့မြေးပဲ…”


လီယုံးနာ့၏ မျက်လုံးထဲရှိ စိတ်ပျက်မှုများကို မြင်လိုက်ရသောကြောင့် ဝေ့ရှီမင်းက အထူးတလည် သက်တောင့်သက်သာ ဖြစ်မသွားခဲ့ပေ။


အခြားသော ဝေ့မိသားစုဝင်များက သူ့ကို သည်းမခံနိုင်တော့မည်မှာ သေချာသည်။ 


ဘာလို့လဲ…


ဘာလို့များ ကိစ္စတွေက အခုလို ဖြစ်လာရတာလဲ….


သူ အခန်းထဲပြန်ဝင်သွားပြီး သူ့ဆံပင်ကို ဆွဲဆုပ်လိုက်မိကာ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ 


သူနှင့် မဆိုင်သည့် အရာကို လိုချင်မိသည့် သူ့ အပြစ်သာဖြစ်သည်။ အစပိုင်းတွင်မူ သူက ဝေ့မင်ကျန်းနှင့် အတူ လက်တွဲချင်ခဲ့သည်မှာ သိသာသည်။


ဘာကြောင့်များ ဒီလိုမျိုး ဖြစ်လာရတာလဲ…


သူသာ လုံလုံလောက်လောက် ဉာဏ်မကောင်းပါက နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ ဝေ့မင်ကျန်း၏ ဆိုးရွားသောအပြုအမူ၊ ကြိုဆိုပွဲ၊ ထိုအရာများ အားလုံးက ယခုသူလုပ်ခဲ့သည့် ကိစ္စများကို ပြုလုပ်မိရန် အရေးကြီးသော အကြောင်းရင်းများဖြစ်သည်။ 


သူ၏ အစစ်အမှန်ကိုယ်ရေးအချက်အလက်ကို သိပြီး နောက်ပိုင်းတွင် ဝေ့ရှီမင်းက ဝေ့မင်ကျန်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိရန် ကြံစည်ခဲ့သေးသည်။ အတိအကျပြောရမည်ဆိုလျှင် သူ၏ အထောက်အထားအစစ်အမှန်ကို ဖော်ထုတ်ပြီးသည်နှင့် သူက အမွေဆက်ခံနိုင်မည် မဟုတ်ပေ။ သူ့အတွက် အကောင်းဆုံးအရာက ဝေ့မင်ကျန်းနှင့် ဆက်ဆံရေးကောင်းအောင်နေပြီး ဝေ့မိသားစုကို ကျေနပ်စေရန်သာဖြစ်သည်။ ထိုသူများထံမှ လုံလောက်သည့် အကျိုးကျေးဇူးများ ရပြီးပါက သူ့ခြေထောက်ပေါ်တွင် သူ ရပ်တည်နိုင်မည်ဖြစ်သည်။


ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူက ဝေ့မင်ကျန်းကို ပြန်ရောက်လာသည်နှင့် ပစ်မှတ်ထားရန် ရူးသွပ်သည်အထိ ကြိုးစားခဲ့သည်။


အစပိုင်းတွင် သူက ဝေ့မင်ကျန်းနှင့် သူတို့က အပေါ်ယံ ညီအကိုများ ဖြစ်နေလျှင်ပင် ညီအကိုများကဲ့သို့ ဖြစ်စေလိုသည်။


သို့သော်လည်း မဒမ်ဝေ့က ချူကျိုးတွင် တစ်လကြာ သွား၍ နေထိုင်ခဲ့သည်။ ဝေ့မင်ကျန်းကို သူမနှင့်အတူ ပြန်လိုက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဝေ့မင်ကျန်းက ဆက်လက် ငြင်းဆန်ကာ သူ့ကို အမြဲအာရုံစိုက်စေခဲ့သည်။ 


မဒမ်ဝေ့ ပေကျင်းသို့ ပြန်ရောက်သောအခါတွင်လည်း သူမက ဝေ့မင်ကျန်းကို ချီးကျူးနေသည့်စကားများကိုသာ ဝေ့ရှီမင်း ထပ်ခါထပ်ခါ ကြားနေရသည်။ သူမက သူ့ကို ဝေ့မင်ကျန်းနှင့် အဆင်ပြေအောင် ပေါင်းသင်းရန် အကြိမ်ပေါင်းများစွာ သတိပေးခဲ့သည်။


အချိန်ကြာလာသည်နှင့်အမျှ ဝေ့ရှီမင်းလည်း မလွှဲမရှောင်သာ မနာလိုဖြစ်လာသည်။


မဒမ်ဝေ့က ဝေ့မင်ကျန်းကို အိမ်ပြန်ခေါ်လာသောအခါတွင် သူ၏ စိတ်အခြေအနေက ဟန်ချက်မညီတော့ပေ။ သို့တိုင် သူက သူ၏စိတ်ထဲရှိ မနာလိုခြင်းကို မျိုသိပ်ကာ ဝေ့မင်ကျန်းအား သူ၏စေတနာကို ဖော်ပြရန် အစပြုခဲ့သေးသည်။


ဝေ့မင်ကျန်းက ကြင်နာသည့် အပြုအမူနှင့် တုံ့ပြန်ပြီး လက်ခံခဲ့မည်ဆိုပါက သူတို့နှစ်ဦး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် အလားအလာရှိသည်။ ဝေ့ရှီမင်းက သူ၏ မနာလိုမှုများကို ကိုင်တွယ်ဖြေရှင်းသွားနိုင်သည်နှင့် တစ်ပြိုင်နက် အမှန်တရားကို သူ ဖြည်းညှင်းစွာ လက်ခံသွားနိုင်ပေလိမ့်မည်။ 


သို့သော်လည်း ဝေ့မင်ကျန်း၏ တုံ့ပြန်မှုက သူ့ကို ဆွံ့အသွားစေခဲ့သည်။ 


ဝေ့ရှီမင်းက ထိုအရာကို ရန်ငြိုးဖွဲ့သည့် လက္ခဏာအဖြစ် မှတ်ယူလိုက်ပြီး သူ၏ အန္တရာယ် ခံစားမိသည့် စိတ်ခံစားချက်က အလွန်မြင့်မားလာခဲ့သည်။


ကြိုဆိုပွဲအတွင်းတွင် ဝေ့မင်းကျန်းက သူတို့နှစ်ဦး သဟဇာတဖြစ်မည်မဟုတ်ကြောင်း ဖွင့်ပြောခဲ့သည်။ ထို့နောက်တွင် ဝေ့ရှီမင်းက ဝေ့မင်ကျန်းကို ဖိနှိပ်ရန် ဆုံးဖြတ်ခဲ့သည်။


သို့သော်လည်း ဝေ့ရှီမင်းကသာ တိုက်ခိုက်ခဲ့ပြီး ဝေ့မင်ကျန်းက မည်သည့်အရာမှ မလုပ်ခဲ့ပေ။ ထို့ကြောင့် ဝေ့ရှီမင်း သတိလက်လွတ်ဖြစ်သွားခဲ့သည်။ ဝေ့မင်ကျန်းက ဟောင်သာဟောင်ပြီး မကိုက်တတ်ဟု သူထင်ခဲ့မိသည်။သူက တစ်လှမ်းပြီးတစ်လှမ်းဖြင့် လိုချင်သည့်အရာများ ပိုမိုများပြားလာသောကြောင့် ပေါ့လျော့မှုများ များလာသည်။ 


ထို့နောက် သူ၏ လည်ပင်းကို ဆွဲကိုင်ပြီး မြေပြင်ပေါ်သို့ ဆွဲချခံလိုက်ရသည်။ 


ဝေ့မင်ကျန်းက မဒမ်ဝေ့ကို သူနှင့် အဆက်အသွယ်ဖြတ်စေရန် ထိုအဖြစ်အပျက်ကို အသုံးပြုခဲ့သည်။ လျန်ဖုန့်က သူ့ကို သစ္စာဖောက်ရန်သာ လိုအပ်သည်။ သူလုပ်ခဲ့သည့် ဆိုးရွားသော အရာအားလုံးကို ထုတ်ဖော်ပြသခဲ့ပြီး အခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။ 


"အဲဒါက သူလုပ်တာ ဖြစ်နိုင်တယ် မလား.. ဘယ်လိုလုပ် ဒီလောက်တောင် တိုက်ဆိုင်မှုတွေ အများကြီးရှိနိုင်မှာလဲ…”

ဝေ့ရှီမင်းသူ့ကိုယ်သူ ငေါက်ငမ်းလိုက်သည်။


ထိုကဲ့သို့ ကောက်ကျစ်သည့် အစီအစဥ်များကို သူ ရင်းနှီးနေသည်။ တဖြည်းဖြည်းနှင့် တစ်ခုခု မူမမှန်သည်ကို သူ သတိထားမိလာသည်။


ယခု ကိစ္စများက ထိုသို့ဖြစ်လာပြီးနောက် ၊ အကြီးမားဆုံးအောင်နိုင်သူမှာ မည်သူဖြစ်သည်ကို သူ့ကိုယ်သူ ပြန်တွေးပြီး သက်သေပြနိုင်ခဲ့သည်။


 "အဲ့ဒါ သူပဲ…ဝေ့မင်ကျန်း…သူက ငါ့ကို အစကတည်းက ကိုက်ချင်နေခဲ့တာ…”

ဝေ့ရှီမင်းက သူ့အခန်းနံရံကို လက်သီးနှင့် ထိုးလိုက်သည် ။ 


ဝေ့မင်ကျန်းက ဟောင်သာဟောင်ပြီး မကိုက်တတ်သူဟု သူထင်ခဲ့သော်လည်း အမှန်တကယ်တွင် ထိုသူက ယုတ်ညံ့သော မြေခွေးတစ်ကောင်ဖြစ်နေသည်မှာ သိသာသည်။ 


ဘယ်သူကရော သိမှာလဲ…သူက ဝေ့မိသားစုရဲ့ တံခါးဝကိုတောင် မဝင်ခင်ကတည်းက ဒီကိစ္စတွေကို စီစဉ်ခဲ့တာ ဖြစ်နိုင်တယ်...


ဝေ့ရှီမင်း နောက်တစ်ကြိမ် ထပ်စဉ်းစားလိုက်သည်။ 


မဒမ်ဝေ့၏ အမူအရာကလည်း အလွန်ထူးဆန်းသည်။ ခွေးတစ်ကောင် ဖြစ်ခဲ့လျှင်ပင် ဆယ်နှစ်ကြာအောင် မွေးမြူထားပါက ခံစားချက်များ ရှိနေမည်သာဖြစ်သည်။ မည်သည့်အရာများ ဖြစ်လာစေကာမူ ဆက်ဆံရေးကို ဖြတ်တောက်နိုင်မည် မဟုတ်ပေ။


သို့သော် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို သူ သေသေချာချာ ပြန်စဉ်းစားကြည့်သောအခါ ဝေ့မင်ကျန်းက မီးတောက်များကို ဆီလောင်းပေးသူဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ပထမတွင် သူက ဝေ့မိသားစုထံသို့ ပြန်လာရန် ငြင်းဆန်ခဲ့သည်။ ထိုအရာက မဒမ်ဝေ့ကို စိတ်ပူစေခဲ့သည်။ မဒမ်ဝေ့က သူ့ကို ရတနာတစ်ခုသဖွယ်ဆက်ဆံပြီး သူမ၏ မျက်လုံးထဲရှိ သူ့တန်ဖိုးကို မြှင့်တင်ခဲ့သည်။ ဝေ့မင်ကျန်းက ရုတ်တရက် ပေါက်ကွဲသွားသောကြောင့် မဒမ်ဝေ့ကို သူတို့နှစ်ယောက်ကြား ရွေးချယ်ရန် တောင်းဆိုပုံရသော်လည်း အမှန်တွင်မူ မဒမ်ဝေ့အား ဝေ့ရှီမင်းကို စွန့်လွှတ်ရန် ပြောနေခြင်းသာဖြစ်သည်။ 


ဝေ့မင်ကျန်းက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီး မဒမ်ဝေ့က သူ့ကို ရွေးချယ်ရန် မဖြစ်နိုင်ပေ။ အရာအားလုံးက ဝေ့မင်ကျန်း၏ တွက်ချက်မှုထဲတွင် ရှိနေသည်။ 


ဝေ့မင်ကျန်းက သူ ပြန်ရောက်သည်နှင့် သွေးထွက်သံယိုများ ဖြစ်စေခဲ့သည်။ ဝေ့မင်ကျန်းက သူ့ကို အစ်ကိုဖြစ်ရန် အခွင့်အရေး မပေးခဲ့ဘူးပေ။


ဝေ့ရှီမင်း အရာအားလုံးကို ဖော်ထုတ်သွားနိုင်ပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။


ဝေ့မင်ကျန်း၏ အင်္ကျီလက်ထဲတွင် လှည့်ကွက်များ ရှိနိုင်သည်ဟု သူ ခန့်မှန်းခဲ့သည်။ မြေခွေးတစ်ကောင် စတင်အမဲလိုက်သည်နှင့် သူ့သားကောင်က သေမည်မှာ သေချာသည်။ 


ဝေ့ရှီမင်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူ့စိတ်အတွေးများက ယခင်ကထက် ပိုမြန်ဆန်လာသည်။ 


ငါ့ရဲ့ အားနည်းချက်ကဘာလဲ…


သူငါ့ကိုတိုက်ခိုက်ဖို့ တခြားဘာတွေသုံးနိုင်ဦးမလဲ…


သူ အသဲအသန် တွေးနေမိသည်။ ရုတ်တရက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ 


ကျိုးကျွမ်….


ဝေ့မင်ကျန်း အမုန်းဆုံးလူက ကျိုးကျွမ်ပဲ…


ကျိုးကျွမ်က ကလေးများကို ရည်ရွယ်ချက်ရှိရှိ လဲခဲ့ပြီး သူ့ကို နှိပ်စက်ခဲ့သည်။ ဝေ့မင်ကျန်းက သူမသေသွားမည်ကို အရာအားလုံးထက် လိုလားသည်။


ကျိုးကျွမ် ပျောက်နေသည်မှာ ကြာပြီ ဖြစ်ပြီး ဝေ့မင်ကျန်းက သူ့ကို ဤအတိုင်း လွှတ်ပေးလိုက်မည်က မဖြစ်နိုင်ပေ။ ကျိုးကျွမ်က ခက်ခဲသော အခြေအနေတွင် ရှိနေလျှင် ဝေ့ရှီမင်းကို ရှာလိမ့်မည်ဟု သူ ခန့်မှန်းထားပြီးသားဖြစ်နိုင်သည်။ 


မဟုတ်ဘူး…ကျိုးကျွမ်ကို တခြားသူတွေလက်ထဲ မကျစေရဘူး…


ဝေ့ရှီမင်းက တုန်ရီနေသော လက်များဖြင့် ဖုန်းကို ထုတ်လိုက်သည်။ ကျိုးကျွမ်၏နံပါတ်ကို သူ အမည်ပျက်စာရင်းမှ ဖယ်ရှားခဲ့ပြီး သူမအား ဖုန်းခေါ်ဆိုလိုက်သည်။


ယခုအချိန်တွင် သူနှင့် ကျိုးကျွမ်တို့က တစ်ဖက်တည်းဖြစ်နေကြောင်း သေချာရန်လိုအပ်သည်။ သူ့ဘက်က သူမ ရပ်တည်ပေးရန် လိုအပ်သည်။ သူမကို ပိုက်ဆံမည်မျှ ပေးရသည်ဖြစ်စေ အရေးမကြီးပေ။ ထိုအရာကို ပြုလုပ်ရန် သူမကို လိုအပ်သည်။


 "...ဝမ်းနည်းပါတယ်…လူကြီးမင်း ခေါ်ဆိုသည့် တယ်လီဖုန်းနံပါတ်မှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါတယ်…”


ဝေ့ရှီမင်း မူးဝေလာသည်ကို ခံစားလိုက်ရသည်။ 


သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ။




ချူကျိုးရှိ အပန်းဖြေပန်းခြံတစ်ခုတွင်….


ဝေ့မင်ကျန်းက ဟူမေ့၏ မက်ဆေ့ချ်ကို လက်ခံရရှိချိန်တွင် သူက ရှုနဉ်နှင့်အတူ အပန်းဖြေဥယျာဉ်၌ ကစားနေသည်။ 


"ငါ ပင်ပန်းနေပြီ…မင်းတို့ အရင်ကစားနှင့်လေ…ငါ ခဏလောက် အနားယူလိုက်ဦးမယ်…”

သူက ရှုနဉ်နှင့် တခြားသူများကို ပြုံးပြလိုက်သည်။


ရှုနဉ်၊လုံချောင်နှင့် ဝမ်ရှန်ရှန်တို့က အရူးအမူးကစားနေကြသည်။ လက်ရှိတွင် သူတို့က ရိုလာကိုစတာစီးရန် တန်းစီနေကြသည်။ 


ဝေ့မင်ကျန်းက ဟူမေ့၏ စာသားမက်ဆေ့ခ်ျကို စိုက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

 "အဖွားက စိတ်ကူးယဉ်ဆန်လွန်းတယ်…အဲဒါ သိပ်မကောင်းဘူး…”


သူက လျို့ဟုန်၏ နာမည်ကို နှိပ်ပြီး သူမကို မက်ဆေ့ချ်ပို့လိုက်သည်- [ကျိုးကျွမ်ရဲ့ ကိစ္စအားလုံးက ဘယ်လိုနေလဲ...] 


လျို့ဟုန်က အမြန်ပြန်ဖြေသည် - [ကျွန်မဘက်ကတော့ ပြီးခါနီးပြီ... ကျွန်မ သူဌေးကို အခုပဲ အသံသွင်းထားတာ ပို့လိုက်မယ်…] 


ဝေ့မင်ကျန်း: [သူ မင်းကို အကုန်ပြောပြခဲ့တာလား.. ]


လျို့ဟုန်: [ယုံရခက်ပေမယ့် တကယ့်ကို အမှန်ပါ..ကျိုးကျွမ်နဲ့ ဝေ့ရှီမင်းတို့က အခုအချိန်မှာ ရေနံနဲ့ ရေလိုပဲ…(ပေါင်းစပ်လို့မရဘူးလို့ ဆိုတာတာပါ)…ကျိုးကျွမ်က ဝေ့ရှီမင်းကို မကျေနပ်ချက်တွေအပြည့်ပဲ…သူ့အတွက် ကျွန်မက သူလိုအပ်နေတဲ့အချိန်မှာ ရောက်လာတဲ့ သူတော်စင်တစ်ယောက်လိုဖြစ်နေတယ်…] 


လျို့ဟုန် : [စကားမစပ်၊ ကျိုးကျွမ်က ဝေ့ရှီမင်းကို သူနဲ့အတူ ဆွဲချသွားဖို့ ဆုံးဖြတ်လိုက်တာထင်တယ်…လွန်ခဲ့သတဲ့ နှစ်ရက်လုံး သူ ဆိုက်ယောင်က ကျောင်းသားတိုင်းကို မေးခဲ့ပေမဲ့ ဝေ့ရှီမင်းက ကျောင်းမတက်တော့ သူ့ကို ရှာမတွေ့ခဲ့ဘူး…သူအခု အရှုံးပေးတော့မလို့…] 


ဝေ့မင်ကျန်း- [ငါ့ကို အသံသွင်းထားတာ ပို့ပေးလိုက်..] လျို့ဟုန်က အသံဖိုင်ကို ချက်ချင်း ပို့လိုက်သည်။ 


ဝေ့မင်ကျန်းက သူ့နားကြပ်ကိုတပ်လိုက်ပြီး အသံသွင်းထားသည်များကို နားထောင်ရန် တိတ်ဆိတ်သည့်နေရာကို ရှာလိုက်သည်။


လျို့ဟုန်တွင် ရည်ရွယ်ချက်တစ်ခုရှိသည်။ သူမက စစ်ဆေးမေးမြန်းသည့် လုပ်ငန်းစဉ်အတွင်း ကျိုးကျွမ်၏အမည်၊ နေရပ်လိပ်စာနှင့် အခြေအနေတို့ကို ရှင်းရှင်းလင်းလင်း မေးမြန်းခဲ့သည်။ ကျိုးကျွမ်က အမှန်ပင် ညည်းညူရင်ဖွင့်ချင်ခဲ့သည်။ ထိုကြောင့် သူမကအားလုံးကို ရှင်းရှင်းလင်းလင်း အသေးစိတ်ဖော်ပြခဲ့သည်။


လျို့ဟုန်က သူမပြောသည်များကို အတည်ပြုရန် ထပ်ခါတလဲလဲ မေးမြန်းခဲ့သည်။ ထိုအရာက ပြီးပြည့်စုံသည့် အသံဖမ်းမှုတစ်ခုပင်။


ဝေ့မင်ကျန်းက အလွန်ကျေနပ်သွားပြီး လျို့ဟုန်အား ဘောနပ်စ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ရှုနဉ်၊ ဝမ်ရှန်ရှန်၊ လုံချောင်နှင့် စုန့်နျန်တို့က ရိုလာကိုစတာပေါ်မှ တုံ့ဆိုင်းစွာ ဆင်းလာခဲ့ကြသည်။ ဗီလိန်လေးက ထွက်ပေါက်နားတွင်ရပ်နေသည်ကို တွေ့သောအခါ အမြန်ပင် ပြေးလာကြသည်။


"ရိုလာကိုစတာက အရမ်းပျော်ဖို့ကောင်းတယ်…စမ်းကြည့်ချင်လား…”


ရှုနဉ်က မေးလိုက်သည့်အခါ ဗီလိန်လေးက ခေါင်းခါပြလိုက်သည်။ 

" စောင့်ရတဲ့လိုင်းက အရမ်းရှည်တယ် …ငါ မစီးတော့ဘူး …" 


လုံချောင်က ဗီလိန်လေး၏ ပခုံးကို ဖမ်းဆွဲလိုက်သည်။

 "မင်ကျန်းကောကော မင်းအမြဲတမ်း ထူးဆန်းနေတာ ကို ငါတွေ့တယ်နော်…မင်းက စိတ်လှုပ်ရှားစရာ ဘာကိုမှလုပ်ရတာ မကြိုက်ဘူး…မင်းကြောက်နေတာလား…" 


ရှုနဉ်က ရယ်မောလိုက်သည်။ 

"သူ စိတ်လှုပ်ရှားစရာ ဘာမှ မလုပ်တတ်ဘူးတဲ့လား..သူ ကကြောက်တတ်တယ်လို့ မင်းထင်နေတာလား…”


သူသာတကယ် ကြောက်တတ်တဲ့ ကြောင်လေးတစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင် သူ့ကံဇာတာတစ်ခုလုံးကို အနာဂတ်စာချုပ်တွေမှာ မြှုပ်နှံဖို့ သတ္တိတွေ ဘယ်ကများရနိုင်ပါ့မလဲ……


သူရင်းနှီးမြှုပ်နှံထားသည့် စုစုပေါင်းပမာဏကို ထုတ်ဖော်ပြောလိုက်လျှင် ထိုကောင်လေးများ နှလုံးခုန်ရပ်တန့်သွားနိုင်သည်။ 


စိတ်လှုပ်ရှားစရာတွေကို မကြိုက်ဘူးတဲ့လား…တကယ့်ကို….သူ သေချာပေါက် ကြိုက်တာပေါ့…..


ဝေ့မင်ကျန်း ခေါင်းညိတ်ပြလိုက်သည်။ 

"အမှန်တော့ မဟုတ်ပါဘူး..ငါက နည်းနည်းသတိထားနေရုံပါ… 


ဝမ်ရှန်ရှန်က စိတ်ဝင်တစား မေးလိုက်သည်။

 "ရှုနဉ် မင်းပါးပါးက ရင်းနှီးမြုပ်နှံမှု နတ်ဘုရားလိုပဲ…မင်းလည်း သေချာပေါက် ကျွမ်းကျင်မှု တစ်ခု နှစ်ခုလောက်တော့ ရှိရမယ် …ငါ့ပါးပါးက မင်းပါးပါးကို ငါ့ကို သင်ပေးခိုင်းဖို့ ဆက်တိုက်ကို ပြောနေတော့တာ…မင်းကို ညစာ ဖိတ်ကျွေးဖို့တောင် ခဏခဏ ပြောသေးတယ်…မင်းရော ဘယ်လိုထင်လဲ…”


သူ ထို စကားပြောနေစဉ် ဝမ်ရှန်ရှန် အနည်

းငယ်ရှက်ရွံ့နေမိသည်။ 


ရှုနဉ်လည်း ရှက်သွားသည်။


ဘာ ရင်းနှီးမြုပ်နှံမှုနတ်ဘုရားလဲ…


သူက တိတ်ဆိတ်နေသည့် ဗီလိန်လေးကို လှည့်ကြည့်လိုက်သည်။ ထိုသူကသာ ရင်းနှီးမြှုပ်နှံမှု၏ နတ်ဘုရားအစစ်ဖြစ်သည်။