အပိုင်း ၉၁
Viewers 32k

Chapter 91

ဝေ့မိသားစုမှ ထွက်ခွါခြင်း



ဝေ့ရှီမင်းက ဝေ့မင်ကျန်းကို ပစ်မှတ်ထားနေသည်ဟူသော သတင်းကြောင့် ကျောင်းတစ်ခုလုံး အလွန်တုန်လှုပ်သွားခဲ့ကြသည်။ ထိုအကြောင်းကို ဆရာများပင် သိနေကြသည်။ မူလက ဝေ့ရှီမင်းဘက်တွင် ရှိနေသည့် ဝေ့ရော့ယန်၏စိတ်ထဲ၌ပင် မယုံနိုင်ဖြစ်ကာ ရှုပ်ထွေးလာဟု ခံစားနေရသည်။ 


ဝေ့ရော့ယန်၏သဘောထားက ဝေ့ရှီမင်းကို ထောက်ခံသူများအားလုံးကိုကိုယ်စားပြုသည်။ 


ထိုပြဿနာက ဝေ့မိသားစုထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ မဒမ်ဝေ့က ထိုအကြောင်းကို ကြားသောအခါ ဒေါသတကြီးဖြစ်သွားသည်။ သို့သော်လည်း သူမ ဒေါသထွက်ရန် အခွင့်အရေးပင် မရသေးမှီ ဝေ့ရှီမင်းက စနေနေ့တွင် ပင်မအိမ်တော်ခွဲသို့ အပြေးပြန်လာခဲ့သည်။ သူက မဒမ်ဝေ့ကို အလေးအနက် တောင်းပန်ခဲ့ပြီးနောက် ဝေ့မင်ကျန်းအား လေးလေးနက်နက် တောင်းပန်ခဲ့သည်။


 "ငါတောင်းပန်ပါတယ် …ငါစိတ်ဆိုးနေလို့ လုပ်ခဲ့မိတာပါ…နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး…”

ဝေ့ရှီမင်း က ထိုသို့ ပြောပြီးသည်နှင့် သူ့မျက်ရည်များကို သုတ်လိုက်သည်။


မဒမ်ဝေ့၏ဒေါသများ အငွေ့ပျံသွားသည်။

"ရှီမင်း... မင်း ဒီလိုကိစ္စမျိုးကို မင်ကျန်း အပေါ် ဘာလို့များ လုပ်နိုင်ရတာလဲ…”


ဝေ့ရှီမင်းက သူ့ကိုယ်သူ သူမရင်ခွင်ထဲပစ်ဝင်ပြီး မဒမ်ဝေ့ကို ပွေ့ဖက်ပြီး ငိုလိုက်သည်။


"မား …ဒါက ကျွန်တော် မနာလိုဖြစ်ပြီး စိတ်တိုသွားလို့ပါ... မင်ကျန်း ပြန်ရောက်ကတည်းက မားက သားကို ဂရုမစိုက်တော့ဘူး သူ့ကိုပဲ အာရုံစိုက်နေခဲ့တာ…သားက မားရဲ့ သားအရင်းမဟုတ်ပေမဲ့ သားကတော့ မားကို အမေအရင်းလို့ပဲ အမြဲမှတ်ယူထားခဲ့တာ…ဆယ်နှစ်ကျော်လုံးလုံး သားသိခဲ့တဲ့ တစ်ဦးတည်းသောအမေက မားပါပဲ...ဒါပေမယ့် မားက သားကို မားရဲ့သားအရင်းမဟုတ်ဘူးလို့ ရုတ်တရက်ပြောခဲ့တယ်… ပြီးတော့ အခု မားက သားကို သဘောမကျတော့ဘူး…သား အရမ်းစိတ်ဆိုးတယ် သားအရမ်းလည်း ဝမ်းနည်းမိသွားတယ် …”


သူ၏ ထပ်တလဲလဲ အော်ဟစ်ငိုကြွေးမှုကြောင့် မဒမ်ဝေ့၏ နှလုံးသားက အရည်ပျော်သွားသည်။


ဝေ့မင်ကျန်း ပြန်လာပြီးနောက် သူက ထိုကလေးကို အမှန်တကယ် လျစ်လျူရှုခဲ့မိကြောင်း သူမ ဝန်ခံသည်။ မဒမ်ဝေ့လည်း သူမ၏ ကလေးအား ရည်ရွယ်ချက်ရှိရှိ လဲသွားသည့်အကြောင်း တွေးလိုက်တိုင်း သူမ အလွန်စိတ်ပျက်သကဲ့သို့ ခံစားရသည် ။ ထို့ကြောင့် မဒမ်ဝေ့ ဝေ့ရှီမင်းကို မတွေ့ချင်သည်မှာ ပုံမှန်သာဖြစ်သည်။


ထို့ကြောင့် သူ့ကို လျစ်လျူရှုခဲ့မိခြင်း ဖြစ်သည်။ ဝေ့ရှီမင်းက ဆက်ပြောလိုက်သည်။


"မင်ကျန်းက ပြန်ရောက်လာကတည်းက သူက ကျွန်တော့်ကို ပစ်မှတ်ထားပြီး ကြိုဆိုပွဲမှာ ကျွန်တော်တို့ကို တမင်ရည်ရွယ်ချက်ရှိရှိ လဲခဲ့တာလို့ အခိုင်အမာ ပြောခဲ့တယ် …အဲဒါက ကျွန်တော့်ကို တကယ်ကြီး စိတ်မသက်မသာ ဖြစ်စေတယ်…အဖွားကြောင့်သာ မဟုတ်ရင် ကျွန်တော် အိမ်ကနေ နှင်ထုတ်ခံရလိမ့်မယ်…”


ဝေ့ရှီမင်းက မျက်ရည်များကျကာ နှလုံးကွဲမတတ် အော်ဟစ် ငိုကြွေးလိုက်သည်။


"မားး ဟိုတုန်းက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သားက အပြစ်ကင်းတယ်လေ..အဲ့ဒီအချိန်မှာ သားက ကလေးပဲရှိသေးတာလေ….သား ဘာကိုမှ မသိခဲ့ဘူး…ဘာလို့ တခြားတစ်ယောက်အစား သားက အပြစ်တင်ခံနေရတာလဲ..သားရဲ့ အစောဆုံးမှတ်ဥာဏ်ထဲမှာတော့ သားက မားရဲ့သားပဲ…”


မဒမ်ဝေ့၏ နှလုံးသားကချဉ်လာသည်ကို ခံစားလိုက်ရသည်။ 


ထိုအရာက အမှန်ပင်ဖြစ်သည်။ ဝေ့ရှီမင်းက ထိုအချိန်တွင် ကလေးသာရှိသေး၍ မည်သို့ပင်ဖြစ်စေကာမူ သူကအပြစ်ကင်းသည်။ အစမှအဆုံးအထိ သူ မည်သည့်အရာကိုမှ မသိခဲ့ပေ။ 


ငါ သူ့အပေါ် နည်းနည်း ရက်စက်သွားမိတာလား…


"ဒီကိစ္စကို ..." 

မဒမ်ဝေ့ က ဝေ့မင်ကျန်းကို နေရခက်ဟန်ဖြင့် ကြည့်လိုက်သည် ။ 

"ဘာလို့ ဒီတိုင်းပဲ မထားလိုက်ရမှာလဲ... ရှီမင်း ကလည်း စိတ်မြန်သွားလို့ပါ..."


ဘေးမှ ကြည့်နေသည့် ရှုနဉ်က ရယ်ချင်လာသည်။ သူကရွဲ့ပြောလိုက်သည်။

 "ဝိုး…ဝေ့ရှီမင်း မင်းမှာ ဝတ်စရာ အဝတ်အစားတွေနဲ့ စားစရာ အစားအသောက်တွေရှိတယ်…မင်းက ဇိမ်ခံကားနဲ့ သွားလာနေပြီး စံအိမ်ကြီးမှာ နေတယ်…မင်းပိုင်ဆိုင်တဲ့ အရာအားလုံးက သန်းပေါင်းများစွာ တန်ဖိုးရှိပြီး မင်းရဲ့ နောက်မှာ မရေမတွက်နိုင်တဲ့ အစေခံတွေလည်း ရှိတယ်…မင်းမှာ ဒါတွေအားလုံးရှိနေတာကို မင်းက နစ်နာသူလေး ဖြစ်နေတုန်းပဲတဲ့လား…" 


မဒမ်ဝေ့နှင့် ဝေ့ရှီမင်းတို့၏ ခန္ဓာကိုယ်များ အေးခဲသွားသည်။ ရှုနဉ်က သက်ပြင်းချလိုက်သည်။


"လူပေါင်းများစွာက ဒီလို 'မကျေနပ်ချက်' မျိုးကို တွေ့ကြုံခံစားချင်ကြမယ်ဆိုတာ သေချာတယ်…” 


သူက မဒမ်ဝေ့ကို ပြောလိုက်သည်။

 "အန်တီစု…ဝေ့ရှီမင်းကတောင် စိတ်ဆိုးနေမယ်ဆိုရင် မင်ကျန်းကရော ဘယ်လောက်တောင် စိတ်ဆိုးနေမလဲဆိုတာ အန်တီစု တွေးဖူးလား….သူ့ကို ရိုက်နှက်ညှင်းပန်းနှိပ်စက်တာ သေလုနီးပါးပဲ…အန်တီက ဝေ့ရှီမင်းကို အရမ်းအပြစ်ကင်းတယ်လို့ ထင်နေတာ မဟုတ်လား…မင်ကျန်းက အပြစ်ကင်းတဲ့သူ မဟုတ်ဘူးလို့ ပြောချင်နေတာလား…သူကရော သေလုမျောပါး အရိုက်ခံရဖို့ ထိုက်တန်လို့လား…”


မဒမ်ဝေ့လည်း ရှက်သွားသည် ။ 


"အန်တီက ဝေ့ရှီမင်းက ဒုက္ခရောက်နေတယ်လို့ ထင်နေရင်တောင် တကယ်တမ်း ထိခိုက်ခဲ့တဲ့သူက မင်ကျန်းပဲ…သူကမှ တကယ် ဒုက္ခရောက်ခဲ့ရတာ မဟုတ်ဘူးလား…”


မဒမ်ဝေ့၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ ဝေ့ရှီမင်းက ငိုနေရင်း ဆက်ပြီးတောင်းပန်နေသည်။

"ငါမှားပါတယ်…ငါမှားသွားခဲ့တာပါ…တောင်းပန်ပါတယ်…”


တိတ်ဆိတ်နေသည့် ဝေ့မင်ကျန်းက ရုတ်တရက် ရယ်မောပြီး သူ့ကို ပြောလိုက်သည်။

 "မင်းတောင်းပန်တာကို ငါလက်မခံဘူး…”


ဝေ့ရှီမင်းက ဆက်ပြီး တောင်းပန်နေသော်လည်း ဝေ့မင်ကျန်းက သူ့ကို ဂရုမစိုက်တော့ပေ။ ထိုအစား သူကမဒမ်ဝေ့ကို စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။


"မဒမ်ဝေ့ ကျွန်တော် အချိန်တစ်ခုပေးမယ်... ကျေးဇူးပြုပြီး ပြန်မဖြေခင် ကိစ္စတွေကို သေချာစဉ်းစားပါ…”


မဒမ်ဝေ့ တဲ့လား….


မဒမ်ဝေ့ အံ့ဩသွားပြီး ဝေ့မင်ကျန်းအား မယုံနိုင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

သူက ငါ့ကို မားလို့တောင် မခေါ်တော့ဘူးလား…


ဝေ့မင်ကျန်းက ဝေ့ရှီမင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။


 "ကျွန်တော် အရင်က သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး…သူနေချင်တာဖြစ်ဖြစ် မနေချင်တာဖြစ်ဖြစ် ကျွန်တော့်အတွက် အရေးမကြီးဘူး…ဒါပေမယ့် သူက ပိုပိုပြီး ရွံစရာကောင်းလာတော့ ကျွန်တော် စိတ်ပြောင်းသွားပြီ…အခုကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ရွေးပါ… ကျေးဇူးပြုပြီး သေချာရွေးပါ…”


မဒမ်ဝေ့က ဝေ့ရှီမင်းကို ဖက်ထားရာမှ အမြန်လွှတ်လိုက်သည်။ သူမ ရှေ့ကို လှမ်းလာပြီး ဝေမင်ကျန်းအား မေးလိုက်သည်။


"မင်ကျန်း သား ဘာလို့ ရုတ်တရက်ကြီး…" 


ဝေ့ရှီမင်းက ဘေးသို့ အတွန်းခံလိုက်ရသောကြောင့် သူ သတိလက်လွတ်ဖြစ်သွားကာ ငိုရန်ပင် မေ့သွားသည်။


ဝေ့မင်ကျန်းက ပြောလိုက်သည်။


 "မဒမ်ဝေ့၊ မဒမ်က ကလေးလည်း မဟုတ်ဘူး…တခြားသူတွေကို မဒမ့်အနားမှာ ကွေ့ပတ်ပြီး ကစားခွင့်ပေးမနေသင့်ဘူး…မဒမ်ကသာ ကျွန်တော် ပြန်လာဖို့ အတားအဆီးမှန်သမျှကို ရှင်းပစ်ရမယ့်သူပဲ…မဒမ့်ကို ကူပြီး အမှန်တရားကို စုံစမ်းပေးဖို့နဲ့ပြတ်ပြတ်သားသား စောင့်ကြည့်ဖို့ ကျွန်တော်ပြန်လာခဲ့တာမဟုတ်ဘူး…”


“မဒမ့်အတွက် ဝေ့ရှီမင်းက ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ့်ဘာသာကိုယ် တွေးကြည့်သင့်တယ်…မဒမ်ကသာ ကျွန်တော့်ကို ပြန်လာဖို့ တောင်းဆိုတဲ့သူဆိုတာကို မမေ့ပါနဲ့… ကျွန်တော်က ဒီကို ပြန်လာချင်တဲ့သူ မဟုတ်ဘူး…”


ဝေ့မင်ကျန်းက မဒမ်ဝေ့ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်သည်။ 


မဒမ်ဝေ့လည်း ထိတ်လန့်သွားသည်။ သူ ချူကျိုးတွင် တစ်လလုံးနေထိုင်ခဲ့သည်ကို သတိရမိသွားသည်။ ဝေ့မင်ကျန်းကို သူမနှင့်အတူ အိမ်ပြန်ခေါ်ရန်အတွက် စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းခဲ့ရသည် ။ 


ဝေ့မင်ကျန်းက ဝေ့မိသားစုအကြောင်းကို ဂရုမစိုက်ခဲ့ပေ။


မဒမ်ဝေ့ ရုတ်တရက် တုန်လှုပ်သွားသည်။ သူ မင်ကျန်းကို ဆုံးရှုံးလိုက်ရတော့မည်ကို သဘောပေါက်သွားသည်။ 


ဝေ့မင်ကျန်းက ဆက်ပြောသည်။

"ကျွန်တော် လူတိုင်းအကြောင်းကိုတွေးပြီး အခု သိသွားပြီ… မဒမ်ဝေ့ကသာ ကျွန်တော့်ကို အမှန်တကယ် ဂရုစိုက်တဲ့သူ တစ်ယောက်ပါ..ကျွန်တော့်ကို ဒီမှာ ဘယ်သူကမှ မလိုချင်ကြဘူး…ကျွန်တော့်အဖေအရင်းက ကျွန်တော့်ကို လာတွေ့တာ နှစ်ကြိမ်လောက်ပဲ ရှိသေးတယ်… သူကျွန်တော့်ကို လုံးဝစိတ်မ၀င်စားဘူး…”


 "ကျွန်တော် ဒီမှာဆက်နေရတဲ့အကြောင်းရင်းက မဒမ့်ကြောင့်ပဲ…မဒမ်သာ အခုလို ကိစ္စတွေကို ရှင်းမပစ်နိုင်ရင် ကျွန်တော် ဝေ့မိသားစုနဲ့ အဆက်အသွယ်ဖြတ်ပြီး ကျွန်တော့်ရဲ့ မျိုးရိုးနာမည်ကို ရှုလို့ပဲ ပြောင်းလိုက်တော့မယ်…ကျွန်တော်တို့အချင်းချင်း နောက်တစ်ခါ ထပ်တွေ့ပြီး အနှောက်အယှက်ပေးစရာလည်း မလိုတော့ဘူး…”


မဒမ်ဝေ့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ဝေ့မင်ကျန်း၏ စကားလုံးတိုင်းက သူ့ရင်ဘတ်ကို သံတူနှင့် ထုနေသလိုပင်။သူမ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကွဲသွားသည်ကိုပင် ခံစားလိုက်ရသည်။ 


သူမတို့နှစ်ယောက်၏ ဆက်ဆံရေးက ကောင်းသည်ဟု မကြာသေးခင်က သူမ ထင်ခဲ့သည်။ သို့သော်လည်း ဝေ့မင်ကျန်းက အမှန်ပင် အချိန်မရွေး ထွက်သွားနိုင်သည်။


"ကျွန်တော် မဒမ့်ကိုလေးစားလို့ သူ့ကိုဘယ်တော့မှ ကန်ထုတ်မှာမဟုတ်ဘူး…မဒမ့်အတွက် စိတ်ခံစားချက်တွေ အပြောင်းအရွှေ့လုပ်ဖို့ အချိန်တစ်ခုပေးပါမယ်…ဒါပေမယ့် မဒမ် ကျွန်တော်တို့ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မစဉ်းစားရသေးဘူးဆိုတာကို ကျွန်တော်သဘောပေါက်တယ်…”


ဝေ့မင်ကျန်းက သူ့စကားကို ခဏ ရပ်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

 "ကျွန်တော် တကယ်စိတ်ပျက်မိတယ်…”


မဒမ်ဝေ့၏ နှလုံးက တုန်လှုပ်သွားပြီး အလွန်ထိတ်လန့်သွားသည်။ 

"မင်ကျန်း ဒီလိုမလုပ်ပါနဲ့…မင်းက မားရဲ့သားအရင်းပဲ…မား မင်းကိုချစ်တာတော့ဟုတ်ပါတယ်..ဒါပေမယ့် ဝေ့ရှီမင်းကလည်း မားရဲ့ သားပဲ... မားမှာလည်း အခုလို အခြေအနေကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတာပါ…”


မဒမ်ဝေ့က သူ့မျက်နှာကို အုပ်ပြီး ငိုနေသည်။


ဝေ့မင်ကျန်းက တုန်လှုပ်မသွားပေ။ သူက ပြုံးပြီး ပြောလိုက်သည်။


 “ဒါက တော်တော်ခက်တယ်တဲ့လား…မဒမ်ဝေ့ ဒါဆို ကျွန်တော် အဖေ့ကို သူ့အငယ်အနှောင်းနဲ့ တရားမ၀င်ကလေးကို အိမ်ကို ခေါ်လာပေးဖို့ ဘာလို့ သွားမေး မကြည့်ရမှာလဲ …မဒမ်ရော ဘယ်လိုထင်လဲ…”


မဒမ်ဝေ့က ရုတ်တရက် ခေါင်းမော့ပြီး မျက်လုံးပြူးသွားသည်။ သူက ဝေ့မင်ကျန်းကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း သူမ၏ နှုတ်ခမ်းများ တုန်ရီနေသည်။ 


"မင်း... မင်း..." 

မင်ကျန်းက ဘာလို့များ အခုလိုမျိုး ပြောထွက်ရတာလဲ….


ဝေ့မင်ကျန်းက ပြုံးလိုက်သည်။ သူက အနိမ့်သံလေးနှင့် ပြောလိုက်သည်။

"မဒမ်ဝေ့၊ကျွန်တော်တို့နဲ့ သွေးသားတော်စပ်မှု မရှိတဲ့ ဝေ့ရှီမင်းတောင် ဒီမှာနေနိုင်ရင် အဖေရဲ့တရားမဝင်ကလေးက ကျွန်တော်တို့နဲ့ သွေးသားတော်စပ်မှု ရှိနေသေးတာပဲလေ…မဒမ် ဘာလို့သည်းမခံနိုင်ရတာလဲ….”


"ဒါက ဘယ်လိုလုပ် တူနိုင်ပါ့မလဲ….”

မဒမ်ဝေ့ ဒေါသထွက်လွန်း၍ ရူးသွားသကဲ့သို့ ခံစားရလိုက်ရသည်။


ဝေ့မင်ကျန်းက ဆက်ပြောလိုက်သည်။

"အဖေအတွက်ရော အရမ်းခက်ခဲတယ်လို့ မထင်ဘူးလား…”


"အမ်…”

မဒမ်ဝေ့ အံဩတကြီးဖြစ်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။


ဝေ့မင်ကျန်းက ပြောလိုက်သည်။

"မဒမ်ကလည်း သူ့မိန်းမပဲ…တခြားမိန်းမလည်း သူ့မိန်းမပဲ…သူသာ မဒမ့် လို စိတ်ရှုပ်ပြီး ပြတ်ပြတ်သားသား မရှိတာမျိုး ဖြစ်နေမယ်ဆိုရင် ငါတို့ သူ့မယားငယ်နဲ့ တရားမဝင်ကလေးတွေကို အိမ်ကိုပဲ ခေါ်လာသင့်တယ် မဟုတ်လား…”


မဒမ်ဝေ့ အသက်ရှုပင် ရပ် သွားသည်။ သူမ နှုတ်ခမ်းများက တုန်ရီနေပြီး ပြောစရာ စကားမဲ့နေသည်။


ဝေ့မင်ကျန်းက ဆက်ပြောလိုက်သည်။


“မဒမ်ကရော သူ့ကို ကိုယ်ချင်းစာပေး၊နားလည်ပေးပြီး သူ့အငယ်အနှောင်းတွေ တရားမဝင်ကလေးတွေနဲ့ အတူတူ နေမပေးသင့်ဘူးလား…”


“ဒါ ဘယ်လိုမှ မဖြစ်နိုင်တာပဲ…”


မဒမ်ဝေ့ ဟိန်းဟောက်ပြီး အံတင်းတင်း ကြိတ်ထားလိုက်သည်။


“ဒါပဲလေ…”


ယင်းမင်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


“ကျွန်တော် ဘယ်လို ခံစားနေရတယ်ဆိုတာကို မဒမ် အခု နားလည်သွားပြီ မဟုတ်လား…ကျွန်တော်ကသာ တရားဝင်ဖြစ်ပြီး ဝေ့ရှီမင်းက ဘယ်ကလာမှန်း ဘယ်သူမှ မသိတဲ့ အငယ်အနှောင်းပဲ….သူလုပ်သမျှ ကိစ္စတိုင်းက တခြားသူတွေ အကျိုးအမြတ်ရဖို့အတွက်ပဲ …ဒါကို သူက ကျွန်တော့်ကို ကန့်သတ်ပြီး ကျွန်တော့်ဆီက ညှစ်ထုတ်ချင်နေသေးတယ်…မဒမ်က အမေတစ်ယောက်ဖြစ်ပြီး ဒါတွေကို ကောင်းကောင်း ကိုင်တွယ်မပေးနိုင်တဲ့အပြင် ကျွန်တော်တို့အချင်းချင်း အတူတူ ကောင်းကောင်းမွန်မွန် နေဖို့ မျှော်လင့်နေသေးတယ်…”


ဝေ့မင်ကျန်းက ဤတစ်ကြိမ်တွင် မဒမ်ဝေ့ကို မည်သည့် မျှော်လင့်ချက်မှ မပေးတော့ပေ။ သူ့စကားများက ဓားတစ်ချောင်းကဲ့သို့ မဒမ်ဝေ့၏ နှလုံးသားတည့်တည့် ကို ထိုးဖောက်သွားသည်။


သူမ ဆက်လက် တွေဝေနေသည်ကို သူကြည့်မနေချင်တော့ပေ။ မည်သည့်အရာပဲ ဖြစ်လာစေကာမူ သူ့ကို သဘောကျသည့်သူများ ရှိနေပြီး ဖြစ်သည်။ အခြား သူများကို သူ မည်သည့် အချိန်တွင်မဆို စွန့်ပစ်လိုက်နိုင်သည်။


“ရှုနဉ်နဲ့ ကျွန်တော် ချူကျိုးကို ရက်နည်းပိုင်းလောက် ပြန်မလို့…ကျွန်တော်တို့ ပြန်လာရင် မဒမ် ကျွန်တော့်ကို အဖြေပေးလို့ရတယ်….”

ထိုသို့ပြောပြီးသည်နှင့် ဝေ့မင်ကျန်းက ရှုနဉ်ကို ပြောလိုက်သည်။


“အထုပ်အပိုးပြင်ကြရအောင်…”


"အင်း၊ ဟုတ်ပြီလေ…”


ဝေ့မင်ကျန်း ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး ဝေ့ရှီမင်းကို အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။ 

"မင်းကိုယ်မင်း ကောင်းကောင်း ပြုမူနေထိုင်ရင် ပိုကောင်းလိမ့်မယ်…”


ထို့နောက်သူ ပြန်လှည့်ကာ အပေါ်ထပ်သို့ တက်သွားသည်။ 


ဝေ့ရှီမင်းလည်း တုန်လှုပ်သွားပြီး သူ အဆုံးသတ်သွားသကဲ့သို့ ခံစားချက်မျိုး ရလိုက်သည်။


ရှုနဉ် ယခင်ကပင် ရင်သက်ရှုမောဖြစ်ကာ အံ့အားသင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဗီလိန်လေးက အမြဲတမ်း အံဩဖွယ်ကောင်းလောက်အောင် အမှီအခိုကင်းသည်။ သူ့စိတ်ထဲတွင် မည်သည့် အတွေးများ ရှိသည်ဖြစ်စေ ၊သူ မည်မျှ ဒုက္ခခံခဲ့ရသည်ဖြစ်စေ သူ့အတွက် အရေးမကြီးကဲ့သို့ပင်။ ထိုအရာများကို သူ့စိတ်ထဲတွင် သိမ်းဆည်းထားရန်သာ ရွေးချယ်တတ်သည်။ သူ အခြားသူများနှင့် အငြင်းအခုန် လုပ်ခဲသည်။


သူ ယခုကဲ့သို့ စကားအများကြီးပြောလိမ့်မည်ဟု ရှူနဉ် မမျှော်လင့်ခဲ့မိပေ။


တစ်ချိန်တည်းမှာပင် ရှုနဉ် သူ့ကိုယ်စား အနည်းငယ် စိတ်ဆင်းရဲသွားသည်။ ယခုကဲ့သို့ တုံ့ပြန်မှုမျိုးပြုလုပ်ရန် သူမည်မျှ ဒေါသထွက်နေသည်ကို ရှုနဉ် တွေးကြည့်နိုင်သည်။


 "ကောင်းပြီ…”

ရှုနဉ် ခဏပင် တုံ့ဆိုင်းမနေဘဲ ဗီလိန်လေးနောက်သို့ လိုက်ကာ ခရီးဆောင်အိတ်များကို ထုပ်ပိုးရန် အပေါ်တက်သွားခဲ့သည်။ 


ယခင်က စစ်မှန်သည့် မိသားစု၏ချစ်ခြင်းမေတ္တာက ဗီလိန်လေး၏ ကလေးဘဝ စိတ်ဒဏ်ရာကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်မည်ဟု သူ အမြဲတွေးခဲ့မိသည်။ သို့သော်လည်း ယခုတော့ ထို မိသားစုချစ်ခင်

ကြင်နာမှုဟုခေါ်သည့်အရာက ဗီလိန်လေးကို ဒုက္ခပေးနိုင်ကြောင်း သူစတင်တွေ့ရှိလာခဲ့ပြီဖြစ်သည်။ အကယ်၍ ထိုအရာက သူ့ကို ထပ်၍ နာကျင်စေမည်ဆိုပါက ထိုအရာကို သူတို့ မေ့ပစ်လိုက်ရုံပင် ဖြစ်သည်။