အပိုင်း ၉၀
Viewers 32k

Chapter 90

လက်အောက်ငယ်သားမှ သစ္စာဖောက်အဖြစ် ပြောင်းလဲသွားခြင်း




ကျောင်းသားကောင်စီအဖွဲ့ဝင်များမှာ ယခင်က အခြားသူများကို အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့ကြပြီး လျန်ဖုန့်လည်း အနိုင်ကျင့်သူထဲတွင် ပါဝင်ခဲ့သည်။ ယခုမူ သူ့အလှည့်ရောက်လာပြီဖြစ်သည်။


အမှန်တကယ် မလုပ်သည့်ကိစ္စကို ဝိုင်းစွပ်စွဲကြသည်က မည်မျှ မွန်းကျပ်ရသည်ကို သူနားလည်သွားသည်။ လူတိုင်းက သူ့ကို ဝန်ခံရန် ဖိအားပေးနေကြပြီး ဝေ့ရှီမင်းကလည်း သူလုပ်သည်ဟု ယုံကြည်နေသည်။ လျန်ဖုန့်က ကိစ္စများကို ရှင်းလင်းရန် မည်သည့်အရာမှ မလုပ်နိုင်တော့သောကြောင့် ဝေ့ရှီမင်းအား ပြောလိုက်သည်။


 "ဥက္ကဌ ကျွန်တော်မှားပါတယ်…အခုက စပြီး... " 


"အခုကစပြီး ဆိုတာမျိုးက မရှိတော့ဘူး….”

ဝေ့ရှီမင်းက ဖိအားပေးလာသည်။

"မင်းက မင်းလုပ်တာပါလို့ ဝန်ခံမှာလား…”


လျန်ဖုန့် အံ့အားသင့်သွားပြီး ခေါင်းကို အမြန်ခါလိုက်သည်။

 "ငါ အဲ့လိုဆိုလိုတာမဟုတ်ဘူး…”


"မင်း ဝန်ခံပြီးပြီလေ…”

ဝေ့ရှီမင်းက ရယ်မောလိုက်သည်။ သူ့မျက်လုံးများက ဓားသွားကဲ့သို့ ထက်မြက်ပြီး အသံက ခိုင်မာသည်။ 


"ဥက္ကဌ…”


ဝေ့ရှီမင်း က အေးတိအေးစက် ပြောလိုက်သည်။

"ငါ့မျက်စိရှေ့က ထွက်သွားပါ…အခုကစပြီး ဝေ့မင်ကျန်းနဲ့ပဲ လက်တွဲလိုက်တော့ …နောက်လာမယ့်အရာတွေအတွက် မင်းကိုယ်မင်း ပိုကောင်းအောင် ပြင်ဆင်ထားလိုက်ပါ…”


သူ့အသံက အေးစက်ပြီး ကြမ်းတမ်းကာ ဆွေးနွေးညှိနှိုင်းခြင်းပင် မရှိတော့ပေ။


လျန်ဖုန့်က အခြားအရာများ ပြောချင်သော်လည်း ဝေ့ရှီမင်းက လက်မခံခဲ့ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့ဘေးနားမှ ကောင်လေးနှစ်ယောက်က လျန်ဖုန့်ကို ကျောင်းသားကောင်စီအခန်းထဲမှ တွန်းထုတ်လိုက်သည်။


ကျောင်းသားကောင်စီအခန်းတံခါးက ဘန်းခနဲ ပိတ်သွားသည်။


လျန်ဖုန့်က ကျောင်းသားကောင်စီအခန်းတံခါးရှေ့တွင် ရပ်ကာ ထိတ်လန့်တုန်လှုပ်နေသည်။ ယခင်က ဝေ့ရှီမင်းကို ပွင့်လင်းပြီးဖြောင့်မတ်သည်ဟု လျန်ဖုန့် ထင်မြင်ခဲ့သည်။ ဝေ့ရှီမင်းက မြင့်မြတ်ပြီး အောင်မြင်နိုင်ချေရှိသူဟု သူထင်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူက ပွင့်လင်းပြီး ဖြောင့်မတ်သူမဟုတ်ကြောင်းကို လျန်ဖုန့် သိရှိလာခဲ့သည်။ သူက မာနကြီးပြီး စိတ်မြန်သူသာဖြစ်သည်။


လျန်ဖုန့်က သူ့လက်သီးများကို တင်းတင်းဆုပ်ပြီး ကျောင်းသားကောင်စီအခန်းမှ ထွက်သွားသည်။ 


သူနှင့် ဝေ့ရှီမင်းတို့ လုံးလုံးလျားလျား ပြီးသွားသည်ကို သူသိသည်။


ကျောင်းသားကောင်စီကို သစ္စာဖေါက်သူအဖြစ် သူ့ကံကြမ္မာက ဆိုးရွားလှသည်။ ဝေ့ရှီမင်းကို ထောက်ခံသူများ၏ လက်စားချေမှုကို သူ သေချာပေါက် ခံစားရမည်မှာ သေချာသည်။


နောက်ရက်တွင် သူ့စာအုပ်များကို ဖျက်ဆီးခံထားရသည်။ ကျောင်းစားသောက်ခန်းသို့ သွားသည့်အခါတွင်လည်း မည်သူကမှ သူနှင့် စားပွဲတစ်ဝိုင်းတည်း မထိုင်ကြပေ။ သူလမ်းလျှောက်နေချိန်တွင် တစ်ယောက်ယောက်က ခြေထောက်ကိုဆန့်ပြီး သူ့ကို ခြေထိုးခံလိုက်သည်။ သူ့မျက်နှာက အညိုအမဲစွဲပြီး ပွန်းပဲ့နေကာ မျက်မှန်ပင် ကျိုးသွားရသည်။


သူ့ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကျယ်လောင်သည့် ရယ်မောသံများ ပြည့်နေသည်။ 


ဝေ့ရှီမင်းက ဆိုက်ယောင်၏ဘုရင်ဖြစ်သည်။ သူ့ရန်သူတိုင်း ၏ ဘဝက ပြီးဆုံးသွားနိုင်သည်။ ယခင်က ဆိုးဆိုးရွားရွားအနိုင်ကျင့်ခံရသည့် ကျောင်းသားနှစ်ယောက်ရှိခဲ့ပြီး သူတို့ ကျောင်းထွက်သွားခဲ့သည်။


ယခုအချိန်တွင် လျန်ဖုန့်က ဝေ့ရှီမင်းကို သေလောက်အောင် မုန်းတီးနေသည်။ 


"မင်းအဆင်ပြေရဲ့လား…”

သူ့ခေါင်းထက်တွင် ရင်းနှီးနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။


လျန်ဖုန့် မော့ကြည့်လိုက်သောအခါ ဝေ့မင်ကျန်း၏ ချောမောပြီး အမူအရာကင်းမဲ့သည့် မျက်နှာကို တွေ့လိုက်ရသည်။


ဝေ့မင်ကျန်းက သူ့ကို ကူညီ၍ထခိုင်းလိုက်ပြီး တစ်ရှူးကို ဆွဲထုတ်ကာ သူ့ဆီ ပေးလိုက်သည်။


လျန်ဖုန့်က သူ့ခြေထောက်ပေါ် သူ ပြန်ရပ်နိုင်သွားသည်။ သူ ထိတ်လန့်ပြီး စိတ်ရှုပ်ကာ ရှက်သွားသည်။ 


"မင်းက ဘာလို့ ငါ့ကို ကူညီရတာလဲ…”

လျန်ဖုန့်က တစ်ရှူးကို လက်ခံပြီး မေးလိုက်သည်။ 


ရှုနဉ်က လမ်းလျှောက်လာစဉ် လျန်ဖုန့်၏ သနားစရာကောင်းသည့် အသွင်အပြင်ကို မြင်လိုက်ပြီး အံ့ဩသွားသည်။ လူတိုင်း၏ မျက်နှာပေါ်ရှီ လှောင်ပြောင်ချင်သည့် အမူအရာများကို မြင်လိုက်ရသည်နှင့် ဖြစ်ပျက်ခဲ့သည်များကို သူချက်ချင်း သဘောပေါက်သွားသည်။ လျန်ဖုန့်က အနှိပ်စက်ခံနေရပေသည်။ 


လူတိုင်းသိကြသည့်အတိုင်း “အရေးပါသော ပုဂ္ဂိုလ််၏အချစ်ဦး”သည် CEO တစ်ယောက်အကြောင်း ချဲ့ကားထားသော အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဇာတ်လမ်း၏ ပထမနှစ်ဝက်တွင် ၎င်းတို့၏ ကျောင်းတွင်းဘဝကို ဖော်ပြခဲ့ပြီး ဇာတ်လမ်း၏ ဒုတိယပိုင်းတွင် ချမ်းသာသော မိသားစုများအကြားမှ ရှုပ်ထွေးမှုများကို ဖော်ပြခဲ့သည်။ 


F4၊ G3 အစရှိသည့် တစ်ခုခု တည်ရှိနေမှုများက ကျောင်းတွင်း အချစ်ဝတ္ထုတိုင်းတွင် ရှောင်လွှဲ၍မရနိုင်ပေ။ အမျိုးသားဇာတ်လိုက်များက အများအားဖြင့် လွှမ်းမိုးနိုင်သော မင်းသားလေး အမျိုးအစားများဖြစ်ကြသည်။ 


ဝေ့ရှီမင်းကလည်း ချွင်းချက်မဟုတ်ပေ။ 


သူ့စရိုက်က မွေးရာပါ မြင့်မြတ်သူတစ်ယောက်သာဖြစ်သည်။


ကျောင်းတွင်လည်း သူကိုယ်တိုင်က ဥပဒေ ဖြစ်သည်။သူ လူတစ်ယောက်ကို သဘောမကျလျှင် လူတိုင်းက ထိုလူကို လွတ်လပ်စွာ အနိုင်ကျင့်နိုင်သည်။


ရှုနဉ်က လျန်ဖုန့်၏ သနားစရာကောင်းသည့် အသွင်အပြင်ကို မြင်သည်နှင့် ရုတ်တရက် ချူနီကမ္ဘာ၏ အခင်းအကျင်းကို သတိရသွားသည်။ 


သို့သော်လည်း မိန်းကလေးတော်တော်များများက ထိုကဲ့သို့သော ယောက်ျားမျိုးကို ဆွဲဆောင်မှုရှိသည်ဟုဆိုပြီး တောင့်တ မျှော်လင့်တတ်ကြသည်။ အမျိုးသားဇာတ်လိုက်က ချမ်းသာပြီး အာဏာရှိကာ သူက ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးနိုင်သည်ထက်ပင် ပိုနေသေးသည်။ ထိုကဲ့သို့သော လူမျိုးက သူတို့အတွက် အလွန်မိုက်ပြီး အံ့ဩစရာကောင်းသည်။


ယခုတွင် ထိုကဲ့သို့ "အလွန်မိုက်ပြီး အံ့ဩစရာကောင်းသော" ဇာတ်ကွက်က လက်တွေ့ဖြစ်လာသောအခါ ရှုနဉ် အမျိုးသားဇာတ်လိုက်ကို ပါးနှစ်ချက်လောက်ရိုက်ချင်သည်မှလွဲ၍ ဘာကိုမှ မလိုချင်ပေ။ 


သို့သော်လည်း ခံရသည့်လူက လျန်ဖုန့်ဖြစ်နေသောကြောင့် ရှုနဉ်လည်း ကိုယ်ချင်းစာစိတ်မရှိတော့ပေ။


ဝေ့မင်ကျန်းက လျန်ဖုန့်ကိုပြောလိုက်သည်။

 "ဘာတွေဖြစ်နေတာလဲ ငါသိချင်တယ်…”


လျန်ဖုန့် လဲကျသွားစဉ်ကပင် သူ အတော်လေး တုန်လှုပ်သွားခဲ့သည်။ ယခု ဝေ့မင်ကျန်း ပေါ်လာသောအခါ သူတို့ကပို၍ပင် အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်သွားသည်။ လူတိုင်း၏မျက်လုံးများက သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်နေကြသည်။ 


လျန်ဖုန့်က သူ့မျက်နှာပေါ်မှ ဆန်မှုန့်အနည်းငယ်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။ 

"တကယ်ပြောစရာဘာမှ မရှိပါဘူး…”


လျန်ဖုန့်၏မျက်မှန် ကျိုးသွား၍ သူ့မျက်လုံးကို အနည်းငယ် မှေးကြည့်လိုက်ပြီး ရှင်းရှင်းလင်းလင်း မြင်ရပုံမပေါ်ပေ။ 


ဝေ့မင်ကျန်းက ထိုအရာကို သတိထားမိပုံရသွားပြီးပြောလိုက်သည်။

 "မျက်မှန်အသစ်တစ်လက်ရအောင် ငါကူညီပေးမယ်…”


လျန်ဖုန့်က ထိုအရာကို သတိထားမိသွားသည်။ 


"ကျေးဇူးတင်ပါတယ်…”

သူ တိုးညှင်းစွာ ပြောလိုက်သည်။ 


သူ့ကို အကူအညီ လာပေးသည့်သူက ဝေ့မင်ကျန်း ဖြစ်နေမည်ဟု သူ မထင်ခဲ့မိပေ။


သူက ဝေ့ရှီမင်းအား ဝေ့မင်ကျန်းကို ချောက်ချရန် ကူညီပေးခဲ့သော်လည်း ဝေ့ရှီမင်းက သူ့ကို ဆန့်ကျင်ပြီး အနိုင်ကျင့်ခဲ့သည်။ 


တစ်ချိန်တည်းမှာပင် ဝေ့မင်ကျန်းက သူ့ကို ခက်ခဲသည့်အခြေအနေမှ လွတ်မြောက်အောင် ကူညီခဲ့သူဖြစ်သည်။ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်သောအခါ လျန်ဖုန့်သည် သူက ပို၍ပင် တန်ဖိုးမရှိသကဲ့သို့ ခံစားခဲ့ရသည်။ 


"ဝိုးးး တကယ်တော့ သူက ဝေ့မင်ကျန်းရဲ့ခွေးပဲ…”


သူတို့စကားပြောနေစဉ် စားသောက်ခန်းထဲမှ ကောင်လေးတစ်ယောက်က စောင်းမြောင်းစကား စပြောလာသောကြောင့် လျန်ဖုန့် ဒေါသထွက်သွားသည်။ သူက လက်သီးများကို တင်းတင်းဆုပ်ပြီး သူ့ကို ကျိန်ဆဲနေသည်ကို ပြန်ပြောရန်ပြင်သည်။


ကောင်းပြီလေ…ငါက ဝေ့မင်ကျန်းအတွက် အလုပ်လုပ်နေတယ်လို့ အားလုံးက ထင်နေမှတော့….ဒါဆိုလည်း ငါ သူ့အတွက်ပဲ အလုပ်သွားလုပ်ပေးလိုက်တော့မယ်…


ဝေ့မင်ကျန်းက ထိုကောင်လေးကို အေးတိအေးစက် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ သူ့နောက်ကျောတွင် ကြက်သီးများပင် ထလာပြီး သူ မည်သည့်စကားမှ မပြောရဲတော့ပေ။


“သွားကြရအောင်…”

ဝေ့မင်ကျန်း က စားသောက်ခန်းမှ လျန်ဖုန့်နှင့်အတူ ထွက်သွားပြီး ရှုနဉ်က သူ့နောက်မှ လိုက်လာသည်။


စားသောက်ခန်းမှ ထွက်လာပြီးနောက် ဝေ့မင်ကျန်းက ကားတစ်စီးကို ခေါ်ကာ သူတို့ သုံးယောက် အနီးနားရှိ မျက်မှန်ဆိုင်သို့ မျက်မှန်အသစ်ဝယ်ရန် သွားခဲ့သည်။ 


မျက်မှန်တပ်ပြီးသည်နှင့် လျန်ဖုန့်၏ စိတ်ခံစားမှုများ တည်ငြိမ်သွားခဲ့သည်။ 


မျက်စိဆရာဝန် ထွက်သွားပြီးနောက် လျန်ဖုန့်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ဝေ့မင်ကျန်းနှင့် ရှုနဉ်တို့အား ပြောလိုက်သည်။


 "မင်းတို့မေးချင်တာကို ငါသိပါတယ်… ပို့စ်ကပြောသမျှအကုန်လုံးက အမှန်တွေချည်းပဲ …ဝေ့ရှီမင်းက မင်းကိုမုန်းနေတာ…သူက မင်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေကို တိတ်တဆိတ် ဖြန့်တယ်…မင်းကိုပစ်မှတ်ထားဖို့အတွက် မဲနှိုက်တဲ့ပုံစံကိုလည်း ဆွဲခဲ့တယ်…”


ဝေ့မင်ကျန်းက သူ့ကို စိုက်ကြည့်လိုက်သည်။


လျန်ဖုန့်က ခါးသက်သက် ပြုံးလိုက်ပြီး ပြောလာသည်။

"နောက်တော့ ဖြစ်ပျက်ခဲ့သမျှတွေက အကုန်လုံးသိတဲ့အတိုင်းပဲ…ကွန်ပြူတာမှာ အမှားတစ်ခု ဖြစ်သွားပြီး ဝေ့ရှီမင်းက သူ့ကိုယ်သူ ဖော်ထုတ်လိုက်တယ်…တစ်ယောက်ယောက်က စကားပြောမှတ်တမ်းကို ခိုးဖို့ ငါ့ဖုန်းထဲကို ဖောက်ဝင်သွားတယ်…ဝေ့ရှီမင်းက ငါက သစ္စာဖောက်တယ်လို့ ထင်နေတာ….သူ ငါ့ကို ကျောင်းသားကောင်စီက ထုတ်ပစ်လိုက်တယ်… ငါ့ကို သင်ခန်းစာ ပေးဖို့သူ့နောက်လိုက်တွေကိုတောင် အားပေးထားသေးတယ်…”


ရှုနဉ် စကားပင် မပြောနိုင်တော့ပေ။ 

"အဲ့လောက်တောင် ဆိုးတာလား…”


သူ မနေနိုင်ဘဲ ဗီလိန်လေးကို လှမ်းကြည့်လိုက်သည်။


လျန်ဖုန့်၏ လက်ရှိအခြေအနေဖြစ်လာရခြင်းမှာ သူ့ရှေ့ရှိ လူကြောင့်ပင်။


ဝေ့မင်ကျန်းက ဤအရာအားလုံးကို ယခုမှ ပထမဆုံးအကြိမ် သိသကဲ့သို့ ဟန်ဆောင်ခဲ့သည်။ 

"ဒါဆို မင်းက ငါ့ကို ပစ်မှတ်ထားတဲ့သူတွေထဲက တစ်ယောက်လား…”


လျန်ဖုန့်က ရှက်ရွံ့စွာ အဝေးကို လှမ်းကြည့်လိုက်သည်။ "အဲ့ဒါက ဝေ့ရှီမင်းကြောင့်ပဲ…ငါ မင်းကို ဆန့်ကျင်ရအောင် ဘာ အာဃာတမှ မရှိဘူး…သူ့ကြောင့်သာ မဟုတ်ရင် ငါ မင်းကို ရန်စဖို့ ဘာလို့ကြိုးစားရမှာလဲ…အခုကစပြီး သူ့ကို ဘယ်တော့မှ ထပ်မကူညီတော့ဘူး ဆိုပေမဲ့ပေါ့…”


ဝေ့မင်ကျန်းက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါ ကောင်းတယ်…”


လျန်ဖုန့်က အံကြိတ်လိုက်သည်။

“ငါသူ့ကို ကူညီပေးတော့မှာ မဟုတ်ဘူး…ငါမင်းကို ကူညီပေးမယ်…”


“အမ်…”


ရှုနဉ် ပါးစပ်အဟောင်းသား ဖြစ်သွားလုမတတ်ပင်။

ဘာတွေဖြစ်နေတာလဲ…ဝေ့ရှီမင်းရဲ့ နောက်လိုက်က သူ့ကို သစ္စာဖောက်ရုံတင်မကပဲ ဝေ့မင်ကျန်းကိုပါ လက်ကမ်းနေတာလား….


ဝေ့မင်ကျန်းလည်း အတော်လေး စိတ်ရှုပ်သွားသည်။ "မင်းက ဘာလို့ငါ့ကိုကူညီချင်တာလဲ…”


လျန်ဖုန့်ကပြောသည်။

 "သူတို့အားလုံး မင်းက ငါ့ကိုလာဘ်ထိုးတယ်လို့ ထင်နေကြတယ်…သူတို့က ငါ့ကို ရှင်းပြဖို့ အခွင့်အရေးတောင် မပေးခဲ့ကြဘူးလေ ဟီးဟီး…သူတို့ သေချာပေါက် သိနေမှတော့ သဘာဝကျကျပဲ ငါက သူတို့လိုချင်တာကို ပေးရမှာပေါ့…”


ရှုနဉ် : “…….”


ညီအစ်ကိုရေ…မင်းရဲ့ရှေ့ကလူက မင်းကို အခုလို အနေအထား ရောက်အောင်လုပ်လိုက်တဲ့သူဆိုတာ မင်းသိလား….မင်းက သူ့ကိုကူညီချင်နေသေးတာလား….


 ရှုနဉ် မျက်လုံး ပြူးသွားပြီး ဗီလိန်လေးကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။


ဝေ့မင်ကျန်းက သူ့မျက်နှာထက်တွင် အံ့အားသင့်နေသည့် အမူအရာကို ပြုလုပ်ပြီးနောက်ခေါင်းခါလိုက်သည်။ 

"ထားလိုက်တော့ မလိုတော့ပါဘူး…”


ရှုနဉ်က သူ့အမူအရာကို ဂရုတစိုက် စိုက်ကြည့်နေသည် ။ သူ့ အံ့အားသင့်မှုက အစစ် ဟုတ်မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရန် ကြိုးစားနေသော်လည်း သူ ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။


လျန်ဖုန့်က ပြောလိုက်သည်။

"မင်းငါ့ကို မယုံဘူးဆိုတာ ငါသိပါတယ်…အရေးမကြီးပါဘူး….မင်းကိုငါ သက်သေပြမယ်…”


ဝေ့မင်ကျန်း ခဏ တုံ့ဆိုင်းသွားပြီးနောက် သက်ပြင်းချလိုက်သည်။

 "ဘာလို့ ငါ လဲ.." 


လျန်ဖုန့်က ပြောသည်။

“အဲဒီတုန်းက ဝေ့ရှီမင်းနဲ့ သူငယ်ချင်းဖြစ်စေချင်ခဲ့တဲ့ သူက ငါ့အဖေပဲ…သူက ဝေ့မိသားစုရဲ့ အာဏာကို စိတ်ဝင်စားနေခဲ့တာ….နောက်ပိုင်းမှာတော့ ငါ သူ့ကို သူငယ်ချင်းအဖြစ် ရိုးရိုးသားသား မှတ်ယူခဲ့မိတယ်…ငါ လုပ်သမျှတိုင်းက သူ့အတွက်ပဲလေ…ဒါပေမယ့် သူကတကယ်တော့ အဲဒါကိုဘယ်တော့မှ စိတ်ထဲမထည့်ထားခဲ့ဘူး…အရင်နှစ်ပိုင်းလောက်က အဖြစ်အပျက်တွေကိုတောင် လက်မလွှတ်နိုင်သေးဘဲ အငြိုးအတေးတွေကို လက်ကိုင်ထားတုန်းပဲ…အခုလိုမျိုးတွေဖြစ်လာတဲ့ အကြောင်းရင်းက သူ ငါ့ကို ခွဲခြားဆက်ဆံလို့ပဲ…ပိုအရေးကြီးတာက သူက အစကတည်းက ငါ့ကို မယုံဘူး…ပြီးတော့ ငါ ပြန်ရှင်းပြဖို့ အခွင့်အရေးတောင် မပေးဘူးလေ…”


"မင်းကလည်း ဝေ့မိသားစုရဲ့ သခင်လေးပဲ….မင်းကို သာ မိတ်ဖွဲ့နိုင်ရင် ငါ့မိသားစုကို ငါရှင်းပြနိုင်လိမ့်မယ်.. နောက်ပြီး ဝေ့ရှီမင်းက ငါ မင်းအတွက် အလုပ်လုပ်နေတယ်လို့ ထင်နေတာ….မင်းကို မိတ်ဖွဲ့လိုက်တာက တခြားသူတွေ ဒီလိုတွေးတာကို တားစရာ မလိုတော့ဘူး…. ငါဒီတိုင်းလေးပဲ သူတို့ပြောသလို လုပ်လိုက်တော့မယ်…”


 "သခင်လေးမင်ကျန်း၊ ဒီနေ့မင်းကို ငါပြောခဲ့သမျှအကုန်လုံးက ငါ့စိတ်ထဲကလာတာပါ…အခုချိန်ကစပြီး မင်းကို ငါ အကောင်းဆုံး ကူညီပေးမယ်…မင်း ငါ့ကို သူငယ်ချင်းလို ဆက်ဆံစရာမလိုဘူး….ငါလုပ်တာ ကောင်းတယ်လို့ မင်းထင်ရင် အခွင့်အရေးရလာခဲ့ရင် ငါ့မိသားစုကို လက်ကမ်းပေးပါ…ငါလုပ်တာ မကောင်းဘူးလို့ မင်ထင်ရင်တော့ မေ့လိုက်လို့ရတယ်…”

လျန်ဖုန့်၏ စကားများတွင် အရာအားလုံးကို ချပြထားသည်။


ရှုနဉ်က သူတွေးနေသည်များကို နားလည်သော်လည်း ထိုတစ်ယောက်က တစ်ခုခုကို နားလည်မှုလွဲနေသည်ဟု ခံစားနေရသည်။ 

"မင်ကျန်းက ဝေ့ရှီမင်းနဲ့တူနေရင် မင်း ဘယ်လိုလုပ်မလဲ…”


သူက ဗီလိန်လေးကို ရောင်းမထုတ်ချင်ပေ။အရာအားလုံး၏နောက်ကွယ်ရှိ တရားခံက ထိုလူသာဖြစ်ကြောင်း လျန်ဖုန့်အား သူပြောမည်မဟုတ်ပေ။ သူလုပ်နိုင်သည်က တစ်ဖက်လူကို မရေမရာအရိပ်အမြွက်ပေးရုံပင်။


သူဘယ်လိုလုပ် ပြောနိုင်ပါ့မလဲ…

လျန်ဖုန့်ကို ခေါ်ယူရန်က မသင့်လျော်ဘဲ အနည်းငယ် ထူးဆန်းသလို ဖြစ်နေသော်လည်း ဗီလိန်လေးက လျန်ဖုန့်ကို နောက်လိုက်အဖြစ် ခေါ်ရန် မဖြစ်နိုင်ပေ။


တစ်ယောက်နှင့် တစ်ယောက် ဘာမှမပတ်သတ်သည်က အကောင်းဆုံးဖြစ်သည်။


သို့သော်လည်း လျန်ဖုန့်က ပြန်ပြေလိုက်သည်။

 "ငါ သခင်လေးမင်ကျန်းရဲ့ စရိုက်ကို ယုံတယ်…”


ရှုနဉ်: "..."


ရှုနဉ် "ဟမ်…”


လျန်ဖုန့်က ပြောသည်။

"ဝေ့ရှီမင်းက သခင်လေးမင်ကျန်းနဲ့ ပတ်သက်တဲ့ ကောလဟာလမျိုးစုံဖြန့်နေပေမယ့် သခင််လေးမင်ကျန်းကတော့ ဝေ့ရှီမင်းကို ဘာဒုက္ခမှမပေးခဲ့ဘူးလေ… ကောလဟာလတွေကြောင့် သူက ဘာမှ စိတ်မလှုပ်ရှားသွားဘဲ အားလုံးကို နောက်ပြန်ဆုတ်သွားစေခဲ့တယ်…ငါက ဝေ့ရှီမင်းကို ကူပြီး သခင်လေးမင်ကျန်းကို ဒုက္ခပေးခဲ့ပေမဲ့ သခင်လေး မင်ကျန်းကတော့ ဒါတွေကို ဂရုမစိုက်ဘဲ ငါ့ကို ကူညီပေးခဲ့တယ်…”


သူပိုပြီးပြောသည်နှင့် လျန်ဖုန့် ပိုပြီး စိတ်လှုပ်ရှားလာသည်။

“သခင်လေးမင်ကျန်းက လူကောင်းပဲ…သူ့အတွက် အလုပ်လုပ်ပေးတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ…”


ရှုနဉ် “……”


သူ ပါးစပ်ဟလိုက်သော်လည်း မည်သည်ကိုမှ မပြောခဲ့ပေ။


ဝေ့မင်ကျန်းက သေချာပေါက် လူကောင်းတစ်ယောက်ဖြစ်သော်လည်း သူ ဆိုးချင်လျှင် မည်သူ့ကို မှ သနားကြင်နာမှု ပြမည်မဟုတ်ပေ။


ဝေ့မင်ကျန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“ဒါပေမဲ့ ငါမင်းကို ဘာမှ ပေးမထားဘူးလေ…”


လျန်ဖုန့်က ပြောလိုက်သည်။

“ငါ ဒါကို လုပ်အားပေးအနေနဲ့ပဲ လုပ်ပေးတာပါ…သခင်လေးမင်ကျန်းက ငါ့ကို ဘာမှပေးစရာ မလိုပါဘူး…”


ဝေ့မင်ကျန်းက သူ့နှုတ်ခမ်းကို တွန့်ပြီး ပြုံးလိုက်သည်။

“အဲ့ဒီအတွက် ကျေးဇူးတင်ပါတယ်…”


“သခင်လေးမင်ကျန်း စိတ်မပူပါနဲ့…ငါမင်းကို ဝေ့ရှီမင်းနဲ့ပတ်သက်ပြီး ကူညီပေးမယ်…”

လျန်ဖုန့်က ထိုသို့ပြောပြီးသည်နှင့် အမြန်လှည့်ထွက်သွားသည်။


ရှုနဉ် “……”


ရှုနဉ်က ထိုအဖြစ်အပျက်တစ်ခုလုံးကို အစမှ အဆုံးထိ မြင်ခဲ့သည်။ သူ ခဏစဉ်းစားပြီးနောက် သူက ဗီလိန်လေးဘက်သို့ လှည့်လိုက်သည်။

 "မင်း ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်လား…”


ဝေ့မင်ကျန်းက သူ့ကို ဖုံးကွယ်မထားခဲ့ပေ။ သူက ခေါင်းညိတ်လိုက်သည်။


 "ငါ သူ့ကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ခဲ့တာ…ငါ သူ့ဆီကနေ စကားနည်းနည်းလောက်ပဲ အစ်ထုတ်ဖို့ ကြိုးစားခဲ့တာဆိုပေမယ့် သူက ဒီလောက်ထိ တက်ကြွနေမယ်လို့တော့ မမျှော်လင့်ထားမိလိုက်ဘူး…”


ရှုနဉ် အနည်းငယ် ရှုပ်ထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ 

" သူ့ကို မင်းရဲ့နောက်လိုက်တစ်ယောက်အနေနဲ့ တကယ်လက်ခံချင်နေတာလား…”


ဝေ့မင်ကျန်းက ပခုံးတွန့်လိုက်သည်။ 

"သူက သူ့ကိုယ်သူ ငါ့အိမ်တံခါးဝကို ပို့လိုက်တာပဲလေ …ဘာပဲဖြစ်ဖြစ် သူ့ကို လုပ်ခပေးရတာမှ မဟုတ်တာ…”


ထိုအရာက အမှန်ပင်ဖြစ်သည်။ အစမှ အဆုံးအထိ ဗီလိန်လေးက လျန်ဖုန့်ကို မည်သည့်အရာမှ ကတိမပေးခဲ့ပေ။ အရာအားလုံးက လျန်ဖုန့်၏ကိုယ်ပိုင်ရွေးချယ်မှုပင် ဖြစ်သည်။ 


"သူ ငါတို့ကို ဘာလုပ်ပြမလဲဆိုတာကို ကြည့်လိုက်ရအောင်…”

ထိုသို့ ပြောပြီးနောက် ဝေ့မင်ကျန်းက ရှုနဉ်ကိုပြောလိုက်သည်။

"မင်းမကြိုက်ဘူးဆိုရင် ငါသူနဲ့မပေါင်းတော့ဘူး…”


ရှုနဉ်က ပြန်ပြောလိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတကယ် ဘယ်လ်ိုသဘောထားမှ မရှိပါဘူး…”


ဗီလိန်လေးက လျန်ဖုန့်ကို သူ့တောင်ပံအောက်တွင် ထားနိုင်ခဲ့လျှင် ဝေ့ရှီမင်းအတွက် ကြီးမားသည့် စော်ကားမှုတစ်ခု ဖြစ်သွားလိမ့်မည်။ ထိုအကြောင်းကို စဉ်းစားကြည့်ရမည်ဆိုလျှင် ဗီလိန်လေးက အမျိုးသားဇာတ်လိုက်၏ နောက်လိုက်ကို ဖမ်းဆုပ်ကာ သူ့ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။ ထိုသို့သော ဇာတ်ကွက်က အလွန် ကြည့်ကောင်းလှသည်။ 


မည်သို့ပင်ဆိုစေကာမူ ရှုနဉ်က လျန်ဖုန့်ကို အရိပ်အမြွက်ပေးပြီးပြီ ဖြစ်သည်။ သူ တတ်နိုင်သည်များကို လုပ်ပေးခဲ့ပြီးဖြစ်သောကြောင့် နောက်ပိုင်း ဖြစ်လာသည့် ကိစ္စတိုင်းများက သူ့ကိစ္စမဟုတ်ပေ။ 


ဗီလိန်လေး၏ နည်းပရိယာယ်များသည် ပို၍ စေ့စပ်သေချာလာသည်။ ထိုမဲနှိုက်သည့်ပွဲက ဝေ့ရှီမင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်သာမက ဝေ့ရှီမင်း၏ လက်အောက်ငယ်သားများကလည်း သူ့ကို ဆန့်ကျင်သွားစေခဲ့သည်။ 


ကျန့်ယောင်လည်း သူနှင့်ပတ်သတ်ပြီး စိတ်မချမ်းသာတော့ပေ။


ခဲတစ်လုံးတည်းနှင့် ငှက်သုံးကောင်ထိသွားခဲ့သည်။ 


အရမ်းမိုက်တယ်…