ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၅၄)
မက်ကျူးဝါးပါပါတယ်နော်!!
အိပ်ရာခင်းများက နီရဲတောက်လွင်နေရာ အသားဖြူဖြူ သွယ်လျလျခန္ဓာကိုယ်လေးမှာ ထင်းခနဲ မြင်သာထင်သာရှိနေလျက်။ လင်းဖန်းလျန်က ရှဲ့ယွီရဲ့ ကိုယ်လေးအနှံ့ ချစ်စိတ်ပြင်းပြစွာ ပူလောင်ပြင်းပြတဲ့အနမ်းတွေ ပေးနေခဲ့၏။ ရှဲ့ယွီအဖို့ ထိုကဲ့သို့တရင်းတနှီးဆက်ဆံခြင်းမရှိခဲ့သည်မှာ နှစ်နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်ရာ အခုလို စိတ်အားထက်သန်မှုကြောင့် သူ့အပေါ် လွှမ်းမိုးသွားလုနီးနီးပင်။
"အဆင်ပြေရဲ့လား?" လင်းဖန်းလျန်က သူ့ရဲ့ ပေါက်ကွဲလုနီးနီးအဖွဲ့ဝင်ကြီးကို ထိန်းချုပ်ရန် ကြိုးစားလိုက်ပြီး ရှဲ့ယွီရဲ့ လုံးဝန်းတဲ့ နားသန်သီးလေးကို နမ်းနေရင်း တိုးတိုးလေး မေးလိုက်၏။
ရှဲ့ယွီက သူ့စိုစွတ်နေတဲ့ မျက်ဝန်းလေးကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ ဖျော့ဖျော့လေး ခေါင်းညိတ်လိုက်လေသည်။ လင်းဖန်းလျန်လည်း သူ့လက်တွဲဖော်ရဲ့ သဘောတူညီချက်ကို ရလိုက်သည်နှင့် စိုရွှဲနေပြီဖြစ်တဲ့ ဝင်ပေါက်ထဲသို့ တင်းမာနေတဲ့ သူ့ရဲ့အဖွဲ့ဝင်ကို ညင်သာစွာ တိုးဝင်လိုက်တော့သည်။ သူ့လှုပ်ရှားမှုဟာ နှေးကွေးညင်သာသော်လည်း အချိန်အတော်ကြာ အထိအတွေ့မရှိခဲ့သော ရှဲ့ယွီအတွက်ကတော့ စိန်ခေါ်မှုတစ်ရပ်ပင်။
လင်းဖန်းလျန်သည် ရှဲ့ယွီမှာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားရသည်ကို မြင်လိုက်၍ ဆက်လက်ထိုးသွင်းချင်တဲ့ သူ့ရဲ့ရမ္မက်ဆန္ဒကို ချက်ချင်းချုပ်တည်းလိုက်ပြီး ထောက်ထားကြင်နာစွာ မေးလိုက်ပြန်၏။ "မင်း အဆင်ပြေရဲ့လား?"
ရှဲ့ယွီက ချုပ်တည်းထားရတဲ့ လင်းဖန်းလျန်ရဲ့ ချွေးထွက်နေတဲ့မျက်နှာကို ကြည့်ရင်း အသာလေး ခေါင်းညိတ်ပြလိုက်ကာ မသက်မသာဖြစ်ရသော်လည်း အထိအတွေ့နှင့် လှုံ့ဆော်မှုတို့ကြောင့် ထူးထူးခြားခြားခံစားလာရပေသည်။
လင်းဖန်းလျန်က ခေါင်းငုံ့ကာ ရှဲ့ယွီကို နမ်းလိုက်ပြီး စောင်ထဲသို့ လက်ထည့်လိုက်၍ တစ်ဖက်လူရဲ့ စိတ်ဆန္ဒကို နှစ်သိမ့်ပေးရင်း ညင်သာလှတဲ့ လှုပ်ရှားမှုကြောင့် ရှဲ့ယွီမှာ သူ့အတွက် လုံးဝအဆင်သင့်ဖြစ်သွားတာကို တဖြည်းဖြည်း ခံစားလိုက်ရလေသည်။
ထိုမှသာ သူလည်း စတင်အရှိန်မြှင့်၍ ထိုးသွင်းလိုက်ကာ နှစ်ယောက်စလုံးမှာ ဆင်ခြင်တုံတရားတွေအားလုံး ဆုံးရှုံးသွားသည်အထိ ဖော်မပြနိုင်လောက်အောင် ကောင်းတဲ့ သာယာမှုကို ခံစားရရှိလျက်။
ရှဲ့ယွီမှာ လင်းဖန်းလျန်ရဲ့ သန်မာလှတဲ့ ပုခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ဆင်ခြင်တုံတရားနည်းနည်းလောက် ထိန်းသိမ်းထားနိုင်ဖို့ရာ အသည်းအသန်ကြိုးစားနေခဲ့သည်။ သို့သော်လည်း ထိုးသွင်းမှုတစ်ချက်တိုင်းစီက သူ့ရဲ့ဆင်ခြင်တုံတရားမှာ ပို၍လွင့်ပြယ်သွားရကာ နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ်လည်း အထွတ်အထိပ်ရောက်သွားရပြီး ထူးကဲလွန်းလှတဲ့ သာယာမှုကြောင့် သူ့ဝိဥာဥ်မှာ ထွက်ခွာသွားလုမတတ်။
လင်းဖန်းလျန်က သူ့ခန္ဓာကိုယ်အတွင်း ပူပြင်းလှတဲ့ အကြွင်းအကျန်တွေကို နက်နက်နဲနဲချန်ထားခဲ့မှသာ သူ့လက်တွဲဖော်ရဲ့ အလုံးစုံကို အပြည့်အဝရရှိလိုက်သည်မှာ မိုးခေါင်ပြီးနောက် မိုးရွာချလိုက်သကဲ့သို့ပင် သူ့ကို မလှုပ်ရှားချင်တော့လောက်အောင် သက်တောင့်သက်သာရှိလွန်းလှသည်ဟု ခံစားလိုက်ရလေသည်။
ညတာမှာ ရှည်လျားလှပြီး အနီရောင်လိုက်ကာမှာလည်း တလွင့်လွင့်သာ။ နွေညကောင်းကင်ယံ၌ ကြယ်များနှင့် ပြည့်နှက်နေကာ အင်းစက်တွေရဲ့ အဆက်မပြတ် အော်မြည်သံတွေမှာ နွေရာသီရောက်လာပြီလို့ ပြသနေသည့်နှယ်။
***
နွေရာသီဟာ ကလေးများအတွက် အပျော်ဆုံးအချိန်ပင်။ ရာသီဥတုနွေးထွေးလာသည့်အခါ မိသားစုထဲမှ လူကြီးများက သူတို့ကို အဝတ်ပါးပါးတွေသာ ဝတ်ဆင်ခိုင်းကြရာ တက်ကြွပေါ့ပါးကြတဲ့ မျောက်ကလေးများ ပြန်ဖြစ်လာကြလေပြီ။ ရွာအနီးရှိ မြစ်ကမ်းစပ်၌ ရွာသားများဟာ နေ့စဥ်ဘဝအကြောင်းပြောကြရင်း အဝတ်လျှော်တတ်ကြသည်။
အချို့ကလေးများမှာ မြစ်ကမ်းဘေးတွင် ငါးဖမ်းရန် ကြိုးစားနေကြလျက်။ ရွှီချင်းက ငါးဟင်းချက်နည်းများကို ပြောပြပေးလိုက်ကတည်းက ရွာသားတော်တော်များများက စားစရာအနေဖြင့် ငါးဖမ်းလာကြလေသည်။
မြို့ထဲရှိ စားသောက်ဆိုင်တွေကတောင် ငါးတွေလာဝယ်နေကြရာ အနှီကလေးတွေကို ပို၍ပင် စိတ်လှုပ်ရှားစေခဲ့ပြီး သူတို့လေးတွေ အားလပ်ချိန်တိုင်း ငါးဖမ်းရန် မြစ်ဆီသို့ အပြေးအလွှားသွားတတ်ကြလေသည်။
လူကြီးတွေဟာ ငါးအကောင်ကြီးကြီးများကို ငွေအတွက် မြို့ထဲမှာ ရောင်းချကြကာ ငါးအကောင်သေးလေးများကိုတော့ သူတို့ရဲ့ ခန္ဓာကိုယ်အားဖြည့်ရန်အတွက် အိမ်မှာပဲစားကြလေ၏။ ငါးဖမ်းကြသည့်ပေါ်ပင်ရောဂါမှာ ပိုမိုအကြိတ်အနယ်ဖြစ်သထက်ဖြစ်လာသဖြင့် ရလဒ်အနေနှင့် မြစ်ထဲရှိ ငါးများရှားပါးလာတော့သည်။
လီချန်ဖုန်းက လတ်တလော ရွှီချင်းအကြောင်းကို စဥ်းစားနေမိသည်။ ရွှီချင်းမှာ အတိအကျဘာဖြစ်နေမှန်းမသိရသော်လည်း အခုတလော အစားသိပ်မစားနိုင်သောကြောင့် လီချန်ဖုန်းက လတ်လတ်ဆတ်ဆတ် ဝဖြိုးဖြိုးငါးနည်းနည်းဖမ်းရန် ဆုံးဖြတ်လိုက်၏။
ရွာရှိမြစ်ထဲမှ ငါးများက လက်သန်းအရွယ်ခန့်သာရှိတော့သည်ကြောင့် သူက ရွာအပြင်ဘက်ရှိ မြစ်ဆီသို့ သွားလိုက်ပေသည်။
လီချန်ဖုန်း ငါးများကို ပျော်ရွှင်စွာဖြင့် သယ်လာပြီး ခြံတံခါးကို ဖွင့်လိုက်ရာ ဝတုတ်တုတ်အမည်းရောင်ပုံရိပ်လေးမှာ အပြေးလာလျက် လီချန်ဖုန်းရဲ့ ခြေထောက်အနားတွင် လှည့်ပတ်နေခဲ့သည်။
"ကောင်းပါပြီကွာ ကောင်းပါပြီ၊ နောက်ကျ ငါငါးကိုင်တဲ့အခါကျရင် အတွင်းကလီစာတွေအားလုံးက မင်းအတွက်ချည်းပဲ" လီချန်ဖုန်း ခြံတံခါးကို ပိတ်လိုက်ပြီး တက်ကြွနေတဲ့ ရှောင်ပေါင်ကို ပြုံးပြလိုက်၏။
ရွှီချင်းက ဝက်ခြံကို သန့်ရှင်းပြီးရုံလေးရှိသေး၊ အနှီစကားတွေကို ကြားလိုက်ရသဖြင့် "စားဖို့ပေးဦးမယ်! ဒီလောက်ဝနေပြီကို!" တစ်လပဲရှိသေးတာကို ရှောင်ပေါင်လေးကတော့ ဝတုတ်လာလိုက်တာ!
"အင်းပါ၊ ကိုယ် သူ့ကိုမကျွေးရင်တော့ ပစ်လိုက်ရုံပေါ့ကွာ" လီချန်ဖုန်းက ရွှီချင်းဆီမှ အချစ်တွေကို လုယူခဲ့တဲ့ ရှောင်ပေါင်ကို မကြိုက်သော်လည်း မွေးလာတာ အချိန်တစ်ခုကြာပြီးနောက် ပို၍ပင် သည်းခံနိုင်လာခဲ့၏။ "ကိုယ် ရေဆန်ပိုင်းက ဒီငါးတွေကို ဖမ်းခဲ့တာမို့ လတ်ဆတ်နေရောပဲ။ ခဏနေ မင်းအတွက် ပေါင်းပေးမယ်နော်"
လီချန်ဖုန်းမှာ ရွှီချင်းရဲ့ ငါးဟင်းချက်နည်းတွေကို အချိန်အတော်ကြာစောင့်ကြည့်နေခဲ့ပြီးနောက် သူလည်း နည်းနည်းပါးပါးသင်ယူနိုင်ခဲ့ပြီ။ အခုဆို ရွှီချင်းကိုယ်တိုင်ချက်ဖို့ မလိုတော့ဘဲ လီချန်ဖုန်းချက်တာကို ဘေးမှကြည့်၍ အနည်းငယ် လမ်းညွှန်ပေးရန်သာ လိုတော့သည်။
"ခင်ဗျား ဘာလို့ဒီလောက် အဝေးကြီးသွားတာလဲ?" ရွှီချင်းက လီချန်ဖုန်းရဲ့ စိုရွှဲနေတဲ့ ဘောင်းဘီအနားစကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်ကာ "အရင်ရက်တွေတုန်းက မိုးသည်းကြီးမည်းကြီးရွာထားတာကို၊ လုပ်စရာမရှိရင် မြစ်နားတစ်ဝိုက် လျှောက်မသွားပါနဲ့။ ကျွန်တော်တို့မှာ ငါးမရှိလည်း အဆင်ပြေပါတယ်နော်"
လီချန်ဖုန်းလည်း နာနာခံခံလေး ခေါင်းညိတ်ပြကာ ငါးကို အမြန်သန့်ရှင်းလိုက်၏။ ရွှီချင်းရဲ့ စိုးရိမ်မှုကြောင့် သူကျေနပ်ဝမ်းသာရသော်လည်း သူ့ကို စိတ်ပူပန်အောင် မလုပ်သင့်မှန်းလည်း သိပေသည်။
လွန်ခဲ့သောတစ်လခန့်က ရှဲ့ယွီလက်ထပ်တော့မည့် ဤရက်များတွင် ရွှီချင်းက အစာစားချင်စိတ်အလွန်ကောင်းနေခဲ့၍ သူ့မှာကိုယ်ဝန်ရှိနေပြီလို့ သူတောင်တွေးမိသွားသေးသော်လည်း ယင်းမှာ အမှားအယွင်းဖြစ်ဟန်သာ။
ထိုအချိန်ကတည်းက ရွှီချင်းရဲ့ အစားစားချင်စိတ်မှာ လျော့ကျလာကာ ညဘက်၌ ဆူညံသံတိုးတိုးလေးကတောင် သူ့ကို နိုးစေလိမ့်မည်ဖြစ်ပြီး တစ်ခါနိုးသွားပြီးသည်နှင့် သူထပ်အိပ်မပျော်နိုင်တော့ပေ။
ဤကာလအတွင်းမှာ ရွှီချင်းမှာ ကိုယ်အလေးချိန် အများကြီးကျသွားသဖြင့် လီချန်ဖုန်းကို စိုးရိမ်ပူပန်စေလေသည်။ သို့ပေသိ ရွှီချင်းက မသက်မသာခံစားရခြင်းမရှိ၍ ဆေးခန်းပြဖို့ပြောခဲ့သော်လည်း အကြောင်းပြချက်မျိုးစုံကြောင့် ထိုကိစ္စမှာ အခုချိန်ထိတောင် ရွှေ့နေခဲ့ရ၏။
ရှောင်ပေါင်က သူ့အနားတွင် နာခံမှုရှိစွာ လဲလျောင်းနေကာ သူ့မျက်လုံးကတော့ လီချန်ဖုန်း ငါးအူတွေထုတ်နေတာကို ကြည့်နေခဲ့ပြီး သူ့အတွက်မရလိုက်မှာကို စိုးရိမ်နေလျက်။
ရွှီချင်းသည် သူ့ခင်ပွန်းနှင့် ရှောင်ပေါင်ကို ကြည့်နေရင်း ကူကယ်ရာမဲ့သလိုခံစားလိုက်ပြီး အနည်းငယ်အိပ်ငိုက်လာခဲ့၏။ ခြံဝင်းထဲမှ ပူပြင်းလှတဲ့နေရောင်ကို ကြည့်လိုက်ပြီးမှ သူမပြောဘဲမနေနိုင်တော့ "အပြင်မှာ ပူလိုက်တာနော်။ ဒီရက်ပိုင်း အရေးကြီးတာမရှိရင် အပြင်သိပ်မထွက်နဲ့တော့"
လီချန်ဖုန်းက ရှောင်ပေါင်ကို ငါးအူကလီစာတွေ ကျွေးလိုက်ကာ ဘေစင်၌ သန့်စင်သွားတဲ့ငါးကို ထားလိုက်ပြီးမှ တံစက်မြိတ်ဆီ သွားလိုက်၏။ "စိတ်မပူပါနဲ့ကွာ။ ကိုယ့်အတိုင်းအတာကို ကိုယ်သိပါတယ်။ အိပ်ငိုက်လာပြီ မဟုတ်လား? မနေ့ညကလည်း မင်းသေချာမအိပ်ပျော်ဘူးဆိုတော့ အခု တစ်ရေးအိပ်လိုက်နော်။ ကိုယ်နေ့လည်စာပြင်ပြီးရင် မင်းကို နှိုးမယ်လေ"
ရွှီချင်းလည်း အဆက်မပြတ် သမ်းဝေနေသဖြင့် သူ့မျက်လုံးတွေမှာ မျက်ရည်စများ ထွက်လာလေပြီ။ သူ ကူညီချင်ပေမယ့်လည်း အားအင်မရှိတော့ချေ။ လီချန်ဖုန်းကို သူ ခေါင်းညိတ်ပြလိုက်ကာ သူ့လက်များကို ဆေးကြော၍ အနားယူရန် အခန်းထဲဝင်သွားလိုက်သည်။
လီချန်ဖုန်း နေ့လည်စာချက်ပြုတ်ပြီးသည့်အခါ စားပွဲဝိုင်းပြင်ပြီးမှ ရွှီချင်းကိုခေါ်ရန် အခန်းထဲ ဝင်လာခဲ့၏။ ထိုအချိန်တွင် ဖရိုဖရဲဆံပင်တွေနှင့် ပျင်းရိစွာ လဲလျောင်းနေတဲ့ ရွှီချင်းဟာ စောင်တွေနှင့် သူ့ကိုယ်သူထုပ်ပိုးထားလျက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်ကို တွေ့လိုက်ရလေသည်။
ဤရက်ပိုင်းအတွင်းမှာ ပိုမိုပိန်ပါးလာသော သူ့မျက်နှာလေးဟာ အိပ်စက်ထားခြင်းကြောင့် နှင်းဆီရောင်သန်းနေလျက်။ လီချန်ဖုန်း သူ့ကိုမနှိုးချင်ပေမယ့် ဒီမနက်ကလည်း မနက်စာအများကြီးမစားထားရသေးတာကို တွေးကြည့်လိုက်မိတော့ သူဆုံးဖြတ်ချက်ချကာ နှိုးလိုက်တော့သည်။
ရွှီချင်းရဲ့ ခေါင်းလေးဟာ ငိုက်စိုက်ကျနေလျက် ထမင်းစားပွဲဆီ လီချန်ဖုန်းအနောက်မှ လိုက်သွားပုံမှာ ပင်ပန်းနွမ်းနယ်နေပုံဖြင့်။ လီချန်ဖုန်းလည်း သူ့ထမင်းပန်းကန်ကို ပေးလိုက်သော်လည်း ရွှီချင်းမှာ သူကိုယ်တိုင် ဟင်းခပ်ထည့်ဖို့တောင် အားရှိမနေဘဲ သူ့စိတ်တွေက တစ်ခြားနေရာဆီရောက်နေသည်မှာ သိသာထင်ရှားနေလျက်။
လီချန်ဖုန်း ကူကယ်ရာမဲ့စွာဖြင့် ငါးတစ်ပိုင်းကို ထည့်ပေးလိုက်ရင်း ပြောလိုက်၏။ "ဒီမှာ၊ များများစားနော်။ အခုတစ်လော မင်းဝိတ်ကျသွားတယ်ကွာ"
ရွှီချင်းရဲ့ တစ်ကိုယ်လုံး တွေဝေမိန်းမောနေရာ လီချန်ဖုန်းထည့်ပေးသမျှကို တိုက်ရိုက်သာ ပါးစပ်ထဲ ကောက်ထည့်နေတော့သည်။
"ဝေါ့!"
"ဘာဖြစ်လို့လဲ?! ဘာဖြစ်လို့လဲ?!"
ရွှီချင်းက စားစရာကို မျိုတောင်မချသေးပဲ ရုတ်တရက် အန်ချလိုက်သည့်အခါ လီချန်ဖုန်းလည်း ထိတ်လန့်သွားရကာ အလျင်စလို သူ့ဘေးနားသွား၍ နောက်ကျောကို ပုတ်ပေးလိုက်ပြီးမှ ရေနွေးတစ်ခွက်ထည့်ပေးလိုက်လေသည်။ "ဒီမှာ ပလုတ်ကျင်းလိုက်နော်"
ရွှီချင်းလည်း ဝန်လေးစွာဖြင့် ရေနွေးခွက်ကို ယူကာ တစ်ငုံသောက်ပြီးသည်နှင့် ထပ်အန်ပြန်၏။ "ဝေါ့!"
ထို့ကြောင့်ပင် လီချန်ဖုန်းလည်း အလွန်အမင်း စိုးရိမ်သွားရပြီး "ဘာဖြစ်တာပါလိမ့်? လာ သမားတော်သွားပြဖို့ မြို့ကိုသွားကြမယ်!" ရွှီချင်းလည်း အားနည်းစွာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလာ၏။ "ထားလိုက်တော့၊ ကျွန်တော် အအေးမိသွားတာဖြစ်မယ်။ ကျွန်တော့်ဗိုက်က နေလို့သိပ်မကောင်းဘူး"
"ထားလိုက်ရမယ်? ဘယ်လိုလုပ်ပြီး ဒီတိုင်းထားလိုက်ရမှာတုန်းကွာ! အခုတောင် ဒီလောက်ဖြစ်နေတာကို ကိုယ်မြည်းလှည်းသွားငှားလိုက်ဦးမယ်။ မင်း ခဏနားနေလိုက်နော်၊ ကိုယ်မကြာခင် ပြန်လာခဲ့မယ်!" လီချန်ဖုန်းသည် ရွှီချင်းကို အခန်းထဲသို့ ဂရုတစိုက်ပို့ပေးပြီးနောက် အနားယူရန် ညွှန်ကြားလိုက်ပြီးမှ မြည်းလှည်းငှားရန် အလျင်စလို ရွာထဲပြေးသွားတော့သည်။
ရွှီချင်းက ခဏလောက် လှဲနေရင်းမှ ရုတ်ချည်းထထိုင်ကာ နောက်တစ်ခါ အော့အန်ပြန်၏။ လီချန်ဖုန်းက လှည်းနဲ့ ပြန်ရောက်လာသည့်အချိန်တွင် ရွှီချင်းက သတိမေ့မြောအံ့ဆဲဆဲဖြစ်ကာ အိပ်ရာဘေးမှာလည်း ရှုပ်ပွနေလျက်။ လီချန်ဖုန်းလည်း ညစ်ပတ်နေတာကို ဂရုစိုက်မနေတော့ဘဲ ဗီရိုထဲက ပိုက်ဆံအိတ်ကို ဆွဲယူကာ ရွှီချင်းအပေါ်ကို အပေါ်ဝတ်ခြုံပေးလိုက်ပြီး သူ့နောက်ကျောတွင် ချီပိုး၍ ခြံတံခါးဆီ ပြေးသွားတော့သည်။
သူ့ပိုင်ရှင်နှစ်ဦးရဲ့ အလျင်လိုနေတဲ့ ပုံရိပ်တွေကို တွေ့နေရတဲ့ ရှောင်ပေါင်သည်လည်း စိုးရိမ်တကြီးဟောင်နေလျက်။ သို့ရာတွင် လီချန်ဖုန်း ရှောင်ပေါင်ကို နှစ်သိမ့်ပေးရန် အာရုံရှိမနေဘဲ ရွှီချင်းကို လှည်းပေါ်သို့သာ ပွေ့တင်လိုက်၏။
လီချန်ဖုန်းက လမ်းတွင် ရွှီချင်းကို တစ်ယောက်တည်းမထားချင်ဘဲ တစ်ယောက်ယောက် ဂရုတစိုက်ကြည့်ရှုပေးဖို့ လိုသောကြောင့် ဦးလေးဝူကို လှည်းမောင်းရန် ခေါ်လာခဲ့ခြင်းပင်။
ဦးလေးဝူမှာ ရွှီချင်းရဲ့ ဖြူဖျော့အားနည်းနေတဲ့ပုံစံကို မြင်လိုက်ရသည်နှင့် လှည်းကိုအရှိန်တင်မောင်းလိုက်သဖြင့် မြို့ထဲရှိ လင်းမိသားစုဆေးခန်းဆီ ရောက်ရန် အချိန်သိပ်မကြာလိုက်ချေ။
လတ်တလော၌ ဆေးခန်းတွင် လူနာမရှိ၍ သမားတော်ကြီးလင်းမှာ ထမင်းစားပြီးနောက် အနောက်ဘက်ခြံဝင်းမှာ တစ်ရေးတစ်မောအိပ်နေလျက်။ လင်းဖန်းလျန်နှင့် ရှဲ့ယွီတို့နှစ်ယောက်သာ ကောင်တာအနောက်၌ ရှိနေကြပြီး အလုပ်သင်လူငယ်လေးကတော့ နေ့လည်စာစားရန် အိမ်ပြန်သွားခဲ့လေသည်။
"ဘာဖြစ်လာတာလဲ?"
ရှဲ့ယွီသည် လီချန်ဖုန်းက ရွှီချင်းကို ပွေ့ချီလာတာကို မြင်လိုက်ရသည်နှင့် အလျင်စလို ပြေးလာခဲ့၏။ "ငါတစ်ချက်ကြည့်ကြည့်မယ်" လင်းဖန်းလျန်က စကားများများမပြောဘဲ ရွှီချင်းကို စစ်ဆေးကြည့်လိုက်လေသည်။
"သူ့အခြေအနေဘယ်လိုလဲ?!"
လီချန်ဖုန်းက ရွှီချင်းရဲ့ သွေးခုန်နှုန်းကို စမ်းသပ်နေတဲ့ လင်းဖန်းလျန်ကို စိုးရိမ်ပူပန်စွာ မေးလိုက်၏။ ရှဲ့ယွီလည်း အိမ်နောက်ဖေးမှ ရေနွေးတစ်ဇလုံကို ယူလာကာ ရွှီချင်းဘေးမှာ ထားလိုက်ပြီး မျက်နှာပေါ်ရှိ ချွေးများကို လက်ကိုင်ပုဝါဖြင့် ညင်သာစွာ သုတ်ပေးနေလျက်။
လီချန်ဖုန်းက ရှဲ့ယွီကို ကျေးဇူးတင်လိုက်ကာ ရွှီချင်းအား နေပူဒဏ်မထိစေရန် သူ့ကိုယ်ကြီးနှင့် ကွယ်ထားပေးခဲ့သော်လည်း ဆိုးရွားလှသောအပူဒဏ်ရဲ့ သက်ရောက်မှုကိုတော့ ကာကွယ်မပေးနိုင်ခဲ့ချေ။
အေးမြလှသော လက်ကိုင်ပုဝါကြောင့် ရွှီချင်းရဲ့ မျက်နှာလေးမှာ မျက်မှောင်ကြုတ်နေရာမှ ချက်ချင်းပြေလျှော့သွားရပြီး လင်းဖန်းလျန်သည်လည်း သူ့လက်ကို ရုတ်ကာ ရွှီချင်းမျက်လုံးတွေကို စစ်ဆေးခဲ့သည်။ "ခုတစ်လော ချင်းကောအာက အစာစားချင်စိတ်နည်းတာတွေ အိပ်ရေးပျက်တာတွေရှိလား?"
လီချန်ဖုန်း အလျင်အမြန်ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ပြီးတော့ ညဘက်တွေဆို အပြင်ဘက်က အင်းဆက်အသံတွေက ကျယ်နေတယ်ဆိုပြီး သူအိပ်မပျော်ဘူးလေ"
ဤသည်ကိုကြားပြီးနောက် လင်းဖန်းလျန်က စိတ်ထဲတွင် သဲလွန်စတစ်ခုရသွားသော်လည်း ချက်ချင်းမပြောသေးဘဲ လီချန်ဖုန်းကို ရွှီချင်းအား အိမ်နောက်ဘက်ရှိ အခန်းငယ်လေးတစ်ခန်းဆီ သယ်ခိုင်းလိုက်၏။ ထိုနေရာမှာ အိပ်ရာတစ်လုံးတည်းရှိသော အနားယူသည့်နေရာပင်။
ရှဲ့ယွီက လင်းဖန်းလျန်ရဲ့ စကားကို ကြားကြားချင်းမှာပင် ကိုယ်ဝန်ဆောင် အစောပိုင်းလက္ခဏာတစ်ချို့ကို သတိရမိသွားကာ သူ့မျက်လုံးပင့်၍ ကြည့်လိုက်သည်နှင့် လင်းဖန်းလျန်ရဲ့ ပြုံးနေတဲ့ မျက်နှာကို တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့ဆုံသွားပေသည်။ သူမနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်မိလျက်။ ဒီလူဟာ တကယ့်ကို မလွယ်ဘူးပဲ။ သူက လီချန်ဖုန်း ဒီလောက်စိုးရိမ်စိတ်ပူနေရတာကိုတောင် စနောက်ဖို့ ကြိုးစားနေသေးတယ်။
လင်းဖန်းလျန်က လီချန်ဖုန်းအား စနောက်ရမည့် အခွင့်အရေးကို လက်လွှတ်မခံနိုင်၍ သူက တမင်တကာပင် လေးလေးနက်နက်အမူအရာဖြင့် အသံကို တိုးလိုက်ပြီး "ချင်းကောအာရဲ့ ဒီရောဂါက သိပ်တော့မလွယ်ဘူး"
လီချန်ဖုန်းရဲ့ နှလုံးသားမှာ နာကျင်သွားရပြီး ရွှီချင်းရဲ့လက်လေးကို တင်းတင်းဆုပ်ကိုင်ထားလျက် သူ့အကြည့်တွေက ရွှီချင်းရဲ့ ဖြူဖျော့ဖျော့မျက်နှာလေးကို စိုက်ကြည့်နေခဲ့၏။ ထိုအချိန်တွင် အခန်းငယ်လေး၌ ဝမ်းနည်းဖွယ်ရာ အငွေ့အသက်များသာ ပြည့်နှက်နေလျက်။
ဤအခြေအနေကြောင့် လင်းဖန်းလျန်လည်း အကြံအိုက်သွားရကာ ပြောစရာစကားပင် ပျောက်ရှသွားရ၏။ ရှဲ့ယွီမှာ လင်းဖန်းလျန်အား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီးမှ အလျင်စလို ရှင်းပြလာကာ "စိတ်မပူပါနဲ့ဗျာ၊ ချင်းကောအာမှာ ကိုယ်ဝန်ရှိနေတာပါ! အဲ့ဒါက ပျော်စရာသတင်းကောင်းပဲဗျ!"
XH note: ဘေဘီလေးရောက်လာပါပြီသတဲ့ရှင်။ ရှဲ့ယွီတို့အတွဲကတော့ ရွှီချင်းလေးတို့လို ဖြတ်ခနဲပျောက်သွားတဲ့ ပြိုင်ကားမဟုတ်ဘူးနော် 😆😆