🐹အခန်း ၁၀၈ (အချပ်ပို ၃)
တောက်ပတဲ့ အနာဂတ်
ကမ္ဘာပြက္ခဒိန်၏ဆယ့်ငါးနှစ်၌။
ယခုလေးတွင် နီမိုဂြိုလ်မှ ရောက်ရှိလာသော နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် အာကာသလေဆိပ်မှ သိုသိုသိပ်သိပ် အပြုအမူဖြင့် ထွက်လာကြပြီး တော်ဝင်မိသားစု၏ အထူးလေပေါ်ပေါ်သည့်ယာဥ်ပေါ်တွင်ထိုင်၍ သက်ဝင်လှုပ်ရှားနေသော အပြင်ဘက်လမ်းမအား ယာဥ်ပေါ်မှကြည့်နေခဲ့သည်။
နှစ်များစွာကြာပြီးနောက် လူနှစ်ယောက်သည် တရားဝင်ခင်ပွန်းသည်များ ဖြစ်လာကြသည်။ လွန်ခဲ့သည့်သုံးနှစ်က သူတို့နှစ်ယောက်၏ မင်္ဂလာပွဲအား မဟာမိတ်တစ်ခုလုံးရှိလူများ ရုပ်သံမှ တိုက်ရိုက်ကြည့်ခဲ့ကြသည်။
မဂ်လာပွဲပြီးနောက် ရှောင်ဝူယိသည် နီမိုတော်ဝင်မိသားစု၏ အရေးကိစ္စများအား တရားဝင်လွှဲပြောင်းယူခဲ့သည်။ အလွန်အမင်း ဆန္ဒမရှိသည့်တိုင် မင်းသားလေးအဖြစ်မှ ဧကရာဇ်အဖြစ်သို့ တင်မြှောက်ခံခဲ့ရသည်။ သူ၏အိပ်မက်ဖြစ်သော ငပျင်းမင်းသားလေးအဖြစ် ရှိခြင်းရန်မှာလည်း လုံးလုံးလျားလျား ပြိုပျက်သွားခဲ့ရသည်။
လွှဲပြောင်းပြီးနောက် မော့ယန်နှင့် အန်းယိသည် သူတို့၏ အလုပ်များအား တိုက်ရိုက်လက်လွှဲခဲ့ပြီး ချစ်ခင်မြတ်နိုးသော အပြုအမူများဖြင့် စကြဝဠာတစ်လျှောက် ခရီးထွက်ခဲ့ကြပြီး ရှောင်ဝူယိအား အချိန်အတော်ကြာ ငို၍မေးခွန်းထုတ်စေသည်။ အစိုးရ အရေးကိစ္စများတွင် နျဲ့ရှောင်၏ အကူအညီမရခဲ့လျှင် ဟမ်းစတားလေးသည် အိုနာကျိုးကန်း(-_-)ဖြစ်သွားနိုင်သည်။
"ပေါင်ပေါင်းတို့ မရောက်တာ အတော်ကြာပြီလို့ ထင်ရတယ်.. ပေါင်ပေါင်းတို့ နီမိုတော်ဝင်မိသားစုနဲ့ ဆက်စပ်နေတဲ့ စွမ်းရည်စုပေါင်းနိုးထခြင်းပွဲကြောင့်သာ မဟုတ်ရင် အကြီးအကဲတွေကို အရူးလုပ်ဖို့ အကြောင်းပြချက် ရှာနေရဦးမယ်.. ပေါင်ပေါင်းတို့လည်း ရုံးခန်းထဲမှာ အစိုးရအလုပ်တွေကြောင့် ပျက်စီးသွားနိုင်တယ်.. ပေါင်ပေါင်းရဲ့ ဦးလေးတွေ ဂြိုလ်ကို နှစ်ပေါင်းများစွာကြာအောင် ညွှန်ကြားနိုင်တာ တကယ်အံ့သြစရာပဲ.."
ရှောင်ဝူယိသည် မျက်နှာရှုံ့မဲ့စွာဖြင့် လေးလံစွာ သက်ပြင်းချလိုက်သည်။ ချစ်စရာအမူအရာလေးသည် နျဲ့ရှောင်အား သဘောကျစေခဲ့သည်။ တစ်ဖက်လူ၏ မျက်နှာလေးအားကိုင်ကာ မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ပေ။
"ပေါင်ပေါင်းရေ ဒဏ်ခံရမှာ ကိုယ်လား မင်းလား.."
တစ်ယောက်သော မင်းသားလေးသည် ရုတ်တရက် စိတ်မလုံမလဲဖြစ်သွားကာ သူ၏ မျက်လုံးများအား အခြားနေရာများသို့ ပို့ပြီး ဟိုဟိုသည်သည် ကြည့်လေသည်။
"လင်ယောကျာ်းနှစ်ယောက်ဆိုတာ ခန္ဓာကိုယ်တစ်ခုထဲ မဟုတ်ဘူးလား.. ဘာလို့ ရှင်းလင်းအောင် ခွဲခြားနေရမှာလဲ.."
နျဲ့ရှောင်သည် ကွဲအက်သောအသံဖြင့် တဟားဟား ရယ်မောပြီးနောက် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။
ဆယ်စုနှစ်တစ်ခုမက ကြာပြီးနောက် ရှောင်ဝူယိ ခန္ဓာကိုယ်ပေါ်တွင် နှစ်များကြာသွားကြောင်း အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရချေ။ သူ၏ အပြုအမူ အပြောအဆိုများသည်လည်း ယခင်အတိုင်း ချစ်ဖို့ကောင်းနေဆဲဖြစ်သည်။ နျဲ့ရှောင်၏ အသွင်အပြင်မှာလည်း အနည်းငယ်သာပြောင်းလဲခဲ့ပြီး ယခင်အတိုင်း ချောမောနေဆဲ ခြိမ်းခြောက်နိုင်ဆဲဖြစ်ကာ သူ၏မျက်လုံးထောင့်များတွင်ပင် မည်သည့်အရေးအကြောင်းမှ မရှိသေးပေ။
ကမ္ဘာပျက်ကပ်သည် ပြောင်းလဲမှုများအား ယူဆောင်လာခဲ့ပြီး စွမ်းရည်ပိုင်ရှင်များ၏ သက်တမ်းမှာ မဟာမိတ်၏ ပျမ်းမျှအဆင့်အထိ တိုးလာခဲ့သည်။ နောက်ပိုင်း သိပ္ပံပညာနှင့် စစ်ဆေးရာတွင် သူတို့၏ အသက်သည် နှစ်၅၀၀ ထိ နေနိုင်သည်ဟု တင်ပြခဲ့ကြသည်။ ထို့ကြောင့် နျဲ့ရှောင်သည် အသက်၃၀ကျော်သာ ရှိသေး၍ အလွန့်အလွန် ငယ်ရွယ်သေးပြီး သူ၏ရှည်လျားသောသက်တမ်းတစ်လျှောက်ရှောင်ဝူယိနှင့်အတူ နေထိုင်နိုင်ပေမည်။
မကြာမီတွင် အာကာသယာဥ်သည် လက်ရှိ ကမ္ဘာ၏ နိုင်ငံရေးခေါင်းဆောင်များ နေထိုင်သော ဝူယိအဓိကမြို့၏ ဟိုရှန်မြို့တော်ထံသို့ မောင်းနှင်သွားသည်။
ယာဥ်သည် ကြီးမားသော မိသားစုတစ်ခုနေ ဗီလာအပြင်ဘက်တွင် ရပ်သွားခဲ့သည်။ နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် ယာဥ်ပေါ်မှဆင်းခဲ့ပြီး ဘေးမှလူများ၏ လမ်းညွှန်မှုအောက်တွင် ဗီလာခန်းမ၏ ကြိုဆိုရာနေရာသို့ ဖြောင့်တန်းစွာ လျှောက်သွားခဲ့သည်။
အပြင်လူများရှိ၍ ရှောင်ဝူယိသည် ဧကရာဇ်တစ်ယောက်၏ ကိုယ်နေဟန်ထားအား ထိန်းသိမ်းထားခဲ့ပြီး သူ၏ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်။ ထိုအချိန်တွင် နျဲ့ရှောင်သည် အကာအကွယ် သူရဲကောင်းဟန်ပန်အား ဆင်မြန်းခဲ့ပြီး သူ၏နောက်ဘက်တည့်တည့်မှ ခပ်မတ်မတ်ဖြင့် လိုက်လာကာ သာမာန်ထက် လွန်ကဲစွာခက်ထန်၍ အေးစက်နေသည်။
လူနှစ်ယောက် အတူတကွ ရပ်နေခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် မနှိုင်းယှဥ်နိုင်စွာ လိုက်ဖက်နေကြသည်။ ပတ်ဝန်းကျင်မှ အမူထမ်းများ၏ မျက်လုံးများသည် မနေနိုင်ဘဲ အနည်းငယ်တောက်ပလာခဲ့သည်။ မဟာမိတ်၏ နာမည်ကျော် CP မှာ မည်သည့်အချိန်ကြည့်ကြည့် အလွန်ချိုမြိန်သည်။
ကြိုဆိုရေးခန်းမသို့ ဝင်ရောက်လိုက်သောအခါ လိုက်ပို့ကြသော အမူထမ်းများများသည် အလိုအလျောက် တံခါးပိတ်လိုက်ကြပြီး အပြင်ဘက်တွင် ရပ်နေကြသည်။ ရှောင်ဝူယိနှင့် နျဲ့ရှောင်သည် သူငယ်ချင်းများ၏ အိမ်ထဲသို့ဝင်၍ နှုတ်မဆက်ရသေးခင်မှာပင် အမြှောက်ဆန်ကလေးနှစ်ခုသည် သူတို့အား ခုန်အုပ်လာခဲ့သည်။
"အားးး မာမား.. ပါပါး.. ဧကရာဇ်ဝူယိနဲ့ ဧကရီရှောင်ရှောင်းက ဒီမှာရောက်နေပြီ!.."
"ဝါးး သား ဧကရာဇ်ဝူယိဖက်တာ ခံချင်တယ်.."
"သားလည်း အဖက်ခံချင်တယ်.."
သက်ဝင်လှုပ်ရှားနေသော ကလေးနှစ်ယောက်သည် အသက်သုံးနှစ်နှင့် ငါးနှစ် အသီးသီး ဖြစ်ကြပြီး ရှောင်ယန်ထံ ပူညံပူညံ လုပ်နေသည်။ အခန်းထဲရှိ ကလေးနှစ်ယောက်သည် ပွေ့ဖက်ခံရန် သူတို့၏ လက်များကို ဆန့်ထားကြဆဲ ဖြစ်သည်။ သူတို့သည် နျဲ့ရှောင်နှင့် ဝူယိအား ကြယ်လေးများဖြင့် ပြည့်နေသောမျက်လုံးများဖြင့် ချစ်စဖွယ် ကြည့်နေကြသည်။
ဝူယိနှင့် နျဲ့ရှောင်သည် ကလေးနှစ်ယောက်အား ကြည့်၍ မရယ်ဘဲ မနေနိုင်ပေ။ သူတို့သည် တစ်ယောက်ချင်းဆီ ချီ၍ ပွေ့ဖက်လိုက်ကြသည်။
နှစ်များစွာကြာပြီးနောက် ရှောင်ဝူယိသည် ဧကရာဇ်တစ်ပါး ဖြစ်လာပြီး ရှောင်ယန်နှင့် ဝူယွမ်ယွီ၏ ကလေးများသည်လည်း ပတ်ပြေးနိုင်သည့်အရွယ်သို့ ရောက်လာခဲ့သည်။
"ဝိုး မတွေ့တာကြာပြီ.. ကလေးနှစ်ယောက်လုံး အရပ်ရှည်လာကြတယ်.."
"အင်း.... သားတို့ ပိုပြီး ရှည်လာတယ်.."
"သားသားတို့က အနာဂတ်မှာ ဝူယိတို့ထက် ပိုရှည်လာမှာ.."
နင်ဖုန်းသည် သူနှင့်ကစားနေရင်း ထွက်ပြေးသွားသည့် ကလေးနှစ်ယောက်အား ကြည့်နေခဲ့သည်။
အသစ်ကိုမြင်တော့ အဟောင်းကို မျက်စိတစ်မှိတ်အတွင်း ပျင်းသွားပြီပေါ့ ဟု ရင်ဘတ်အားဖိကာ ပုံကြီးချဲ့၍ ပြောလေသည်။
"ဝါ့ မင်းတို့ လူဆိုးလေးနှစ်ယောက်.. ဦးဦးက မင်းတို့ကို ချစ်ရတာ ဘာအတွက်လဲ.. ငါအခုကနေစပြီး မင်းတို့ကို မီးတောက်ကလေးတွေ မပြတော့ဘူး.."
“!!!”
ကလေးနှစ်ယောက်သည် ချက်ချင်းပင် နျဲ့ရှောင်နှင့် ဝူယိ၏ လက်မောင်းထဲမှ ဆင်း၍ နင်ဖုန်းထံပြေးကာ နှစ်သိမ့်ခဲ့သည်။
"မဟုတ်ဘူး.. ဦးဦး သားတို့က မီးတောက်လေးတွေကို ကြည့်ချင်တုန်းပဲ.."
နင်ဖုန်း ပြုံးလိုက်ပြီးနောက် ဂုဏ်ယူစွာဖြင့် ကလေးနှစ်ယောက်ကြည့်ရန် သူ၏လက်ဖဝါးပေါ်တွင် မီးတောက်လေးထုတ်ကာ ကောင်လေးများအား ထပ်ခါထပ်ခါ အံ့အားသင့်စေခဲ့သည်။
သွမ့်ဝမ်ယွီသည် လက်ထဲတွင် မီးတောက်အစုအဝေး ကိုင်ဆောင်ထားသည့် နင်ဖုန်းအား ကြည့်ကာ အကူအညီမဲ့သွားရပြီး ရေတစ်စက်ချ၍ မီးငြှိမ်းလိုက်သည်။
"ကလေးတွေကို မီးနဲ့ကစားဖို့ မသင်ရဘူး.."
"ဟဟ ဦးဦးနင်ဖုန်းက ထပ်ပြီး ထားခဲ့ခံရပြန်ပြီ.. ဦးဦးသွမ့်က တကယ်ပဲ အကောင်းဆုံး.."
နင်ဖုန်း : "..." ဒါ ငါ့အတွက် တကယ်ခက်ခဲတာဘဲ..
ကလေးများ၏ ရိုးစင်းသော စိတ်နေစိတ်ထားဖြင့် ပေါင်းစပ်လိုက်သောအခါ ကလေးစကားများသည် လက်ရှိလူများအား ကျယ်လောင်စွာ ရယ်မောစေသည်။
နင်ဖုန်းသည် ကလေးများအား အလွန်သဘောကျကြောင်း မြင်ရသောအခါ ကျန်းချိုးသည် တက်ကြွသော ခံစားချက်များအား ခံစားမိပြီး ပြောလေသည်။
"မင်းတို့နှစ်ယောက်လည်း တစ်ယောက်လောက် မွေးသင့်တယ်.. မဟာမိတ်ရဲ့ အနက်ရောင် နည်းပညာတွေနဲ့ ဆိုရင် ယောကျာ်းနှစ်ယောက်ကလေး မွေးဖွားနိုင်ပြီလေ.."
သွမ့်ဝမ်ယွီ ခေါင်းခါပြလိုက်ပြီး သူ၏မျက်မှန်အောက်မှ မျက်လုံးများတွင် အဆုံးမရှိသော နူးညံ့မှုများဖြင့် နင်ဖုန်းအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။
"စောင့်တာ ပိုကောင်းပါတယ်.. အလျင်လိုစရာ မလိုပါဘူး.. ပြီးတော့ ငါက အခု အရမ်းအလုပ်ရှုပ်နေတာ.. ကလေးတွေအတွက် အချိန်ပို မရှိဘူး.."
ထိုသို့ကြားသောအခါ နျဲ့ရှောင်သည်လည်း နားလည်စွာ ခေါင်းညိတ်ထောက်ခံခဲ့သည်။
"အမှန်ပဲ.. ငါ့ဘေးက တစ်ယောက်နဲ့တင် ဆက်ဆံရတာ တကယ်ခက်ခဲနေပြီ..."
ထုတ်ဖော်ပြောခံလိုက်ရသော ရှောင်ဝူယိနှင့် နင်ဖုန်းသည် နှစ်အနည်းငယ်သာ ရှိသေးသော ကလေးနှစ်ယောက်နှင့် အတူထိုင်နေပြီး ဖြူစင်သောမျက်လုံးများဖြင့် ကြည့်ကာပြောသည်။
"ငါတို့အကြောင်းကို ထပ်ပြောကြပြန်ပြီလား.."
အခြားသူများ ချက်ချင်း ရယ်မောလိုက်ကြ၏။
……
ကမ္ဘာကြီးမှာ ပို၍ပို၍ တည်ငြိမ်လာသောကြောင့် လူတိုင်းသည် သူတို့၏ ကိုယ်ပိုင်တာဝန်များတွင် ပို၍ပို၍ အလုပ်ရှုပ်လာကြပြီး ယခုကဲ့သို့ လူတိုင်း အတူတကွစုစည်း၍ ရယ်မောနေကြခြင်းသည် ပို၍ရှားပါးလာခဲ့သည်။
သွမ့်ဝမ်ယွီနှင့် ဝူဝမ်ချီတို့သည် ယခုအခါကမ္ဘာ၏ အဓိကမြို့တော်တွင် ထိပ်သီးခေါင်းဆောင်များ ဖြစ်လာကြသည်။ သူတို့၏ နေ့စဥ်လုပ်ငန်းများသည် အလွန်များပြားလေးလံပြီး သူတို့သည်လည်းနျဲ့ရှောင်နှင့် ရှောင်ဝူယိလိုပင် အေးအေးဆေးဆေး မနေရပေ။ နင်ဖုန်း၊ ရှောင်ယန်နှင့် သူတို့အဖွဲ့သည်လည်း ကမ္ဘာ၏မြို့တော်တွင် အနည်းငယ်အရေးပါသော နေရာများကို ပိုင်ဆိုင်ထားကြပြီး သူတို့၏ သန်မာသော ခွန်အားနှင့် နာမည်ကြီးမှုများကြောင့် အလုပ်တာဝန်များကို ခေါင်းရှောင်၍ မရပေ။
ကမ္ဘာ့မြို့တော်၏ ခေါင်းဆောင်အသစ်အဖွဲ့တွင် မြင့်မားသောအောင်မြင်မှုနှင့် ကမ္ဘာပျက်ကပ်အတွင်းတွင် ကမ္ဘာတစ်ဝှမ်းလုံး၌ လေးစားခံရသော တည်ရှိမှုများဖြစ်သည်။ သူတို့ယခုနေရာတွင် ထိုင်နေခြင်းသည် ပြည်သူလုထု၏ လိုလားမှုကြောင့်ဖြစ်ပြီး လူတိုင်း၏ မျှော်လင့်ချက်အရပင် ဖြစ်သည်။ ပြည်သူလူထုသည် သူတို့၏ အသိပညာနှင့် လုပ်နိုင်စွမ်းအား မေးခွန်းမထုတ်ကြပေ။
အကယ်၍ နျဲ့ရှောင်သည် ရှောင်ဝူယိနှင့် လက်ထပ်ပြီး နီမိုတော်ဝင် မိသားစုဝင် ဖြစ်လာခြင်းကြောင့်သာ မဟုတ်လျှင် ယခုအခါ သေချာပေါက် ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီး ဖြစ်နေလိမ့်မည်။
လက်ရှိစုဝေးခြင်းသည် မိတ်ဆုံစားပွဲအပြင် အရေးကြီးသည့် အရာတစ်ခုရှိသည်။ ရုတ်တရက် စုပေါင်းစွမ်းရည်နိုးထခြင်း ဖြစ်ပွားမှုသည် သိပ်မလိုတော့ပေ။
ယခုသည် ကမ္ဘာပျက်ပြီး ဆယ့်ငါးနှစ်ကြာ ရှိပြီဖြစ်၍ ကလေးများသည်လည်း အသက်ဆယ့်ငါးနှစ်သို့ရောက်လာကာ စွမ်းအင်များ စတင်နိုးထလာကြသည်။
အစပိုင်းတွင် လူတိုင်းသည် စွမ်းရည်များမှာ သူတို့၏ မျိုးဆက်တွင် ရပ်တန့်သွားမည်ဟု ထင်ခဲ့ကြသော်လည်း မွေးဖွားပြီးနောက် အနည်းငယ်အကြာတွင်ပင် စွမ်းရည်နှစ်မျိုးပိုင်ရှင် ကလေးတစ်ယောက်ပင် ပေါ်ထွက်လာခဲ့သည်။
သို့သော်မည်သူသိနိုင်မည်နည်း။ ဆယ့်ငါးနှစ်ကြာပြီးနောက် စွမ်းရည်ပိုင်ရှင်များ၏ ကလေးများသာမက သာမန်လူနှစ်ယောက်၏ ကလေးများသည်ပင် စွမ်းရည်နိုးထလာနိုင်သည်။
ကမ္ဘာပျက်ကပ်ပြီးဆုံးပြီးနောက် စွမ်းရည်မရှိသည့် သာမန်လူများသည် စုစည်းသိုမှီးရာကဲ့သို့ တည်ရှိလာကြသည်။ သူတို့ကိုယ်တိုင်သည် စွမ်းရည်မနိုးထသော်လည်း သူတို့၏ကလေးများသည် သူတို့၏ စွမ်းရည်များအား နိုးထနိုင်သည်။ ထို့အပြင် ဆာ့သ်၏ သုတေသနသည်ပင် ထိုအရာအား မသိရှိခဲ့ပေ။
လူသားများ၏မျိုးရိုးများသည် 'ဝိုင်ဆင့်ကဲပြောင်းလဲဗိုင်းရပ်စ်' ကြောင့် လုံးလုံးလျားလျား ပြောင်းလဲခံခဲ့ရပြီး အလွန်ထင်ရှား၍ ခွဲခြားမရနိုင်သော ကိုက်ညီခြင်းများသည် စွမ်းရည်အမျိုးအစားများနှင့် မဟာမိတ်လူမျိုးစုများကြားတွင် ပေါ်ထွက်လာခဲ့သည်။
အဆက်ဆယ့်ငါးနှစ်တွင် စွမ်းရည်နိုးထခြင်းသည် နီမိုတော်ဝင်မိသားစု၏ ဝိသေသလက္ခဏာအား ပြည့်စုံစွာ အမွေခံခြင်းဖြစ်သည်။
"ဒါကြောင့်အနာဂတ်မှာ ကမ္ဘာက မဟာမိတ်လူမျိုးစုတွေရဲ့ ဆွေမျိုးတွေလို့ အခေါ်ခံရလိမ့်မယ်.."
သွမ့်ဝမ်ယွီသည် မျက်မှန်ချွတ်၍ နှာတံအား လက်ဖြင့်ဖိကာ သက်ပြင်းချ၍ ပြောလေသည်။
"လူသားတွေက အရင်မူလပုံစံအတိုင်း ပြန်သွားဖို့ မဖြစ်နိုင်လောက်တော့ဘူး.. အခုငါတို့ကိုတောင် ဆင့်ကဲပြောင်းလဲလာတဲ့ လူသားအသစ်တွေလို့ ပြောလို့ရတယ်.."
"အမှန်ပဲ.. ဒါပေမဲ့ မကောင်းတဲ့အရာ မဟုတ်ပါဘူး.."
နျဲ့ရှောင် ခေါင်းညိတ်၍ ပြောလေသည်။
ရှောင်ဝူယိသည် ဤအကြောင်းနှင့် ပတ်သက်၍ အလွန်အကောင်းမြင်စိတ်ရှိသောကြောင့် ပျော်ရွှင်စွာဖြင့်ပြောလေသည်။
"အကယ်၍ မင်းတို့အားလုံးမှာ သဘာဝစွမ်းအားတွေ ရှိလာတဲ့အခါ အနာဂတ်မှာ မဟာမိတ်က လူမျိုးစုတွေနဲ့ ပိုပြီး နီးကပ်လာလိမ့်မယ်.. ငါတို့ အရင်တုန်းကလည်း ကမ္ဘာလိုဘဲ.. ဒါကြောင့် မင်းတို့က ငါတို့နဲ့ ပိုနီးစပ်တယ်လို့ ခံစားရစေတယ်.."
နျဲ့ရှောင် ထောက်ခံလိုက်သည်။
"ကမ္ဘာက သူ့အလိုလို ကြယ်အစုအဝေးထဲကို မတော်တဆဝင်လာတာ.. နေထိုင်သူတွေက ဆက်ပြီး စွမ်းရည်တွေ အမွေဆက်ခံနိုင်မယ်ဆိုရင် ဖုန်တောထဲမှာ ကျန်နေခဲ့တယ်လို့ သတ်မှတ်လို့ မရတော့ဘူး.. သိပ္ပံပညာနဲ့ နည်းပညာက သင်ယူလို့ရပေမဲ့ ခန္ဓာကိုယ်က အချိန်တိုလေးအတွင်း မပြောင်းလဲနိုင်ဘူးလေ.."
ချီတုမျိုးနွယ်၏ ရူးသွပ်စွာ မဟာမိတ်လူမျိုးစုများအပေါ် ရန်လိုနေခြင်းသည် သူတို့၏ ကိုယ်ကာယအားနည်းမှုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူတို့တွင် စွမ်းရည်မရှိသောကြောင့် သူတို့၏ လူမျိုးစုများအတွက် စွမ်းရည်အား လိုချင်တပ်မက်ခဲ့ကြသည်။ ယခုအခါ လူသားများသည် စွမ်းရည်အား တိုက်ရိုက်အမွေဆက်ဆံနိုင်ပြီး မဟာမိတ်နှင့် လူသားများတွင် အင်အားကွာခြားမှုကြောင့် စွမ်းရည်တပ်မက်မှုအပေါ်တွင် အငြင်းပွားစရာများအား ရှောင်ရှားနိုင်သည်။
၎င်းသည် အမှန်တကယ် ကောင်းမွန်သောအရာ ဖြစ်သည်။
လူတိုင်းသည် ဤရှုထောင့်ဘက်မှ သိရှိထားကြပြီးဖြစ်၍ အနာဂတ်တွင် ကမ္ဘာအား မည်သို့ စီမံရမည်ကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ လူတစ်ဦးချင်းဆီသာ စွမ်းရည်ပိုင်ဆိုင်နိုင်မည်ဆိုလျှင် စနစ်သည် အနာဂတ်တွင် မလွဲဧကန် ပြောင်းလဲသွားလိမ့်မည်။
ဤကိစ္စနှင့် ပတ်သက်၍ ရှောင်ဝူယိနှင့် ပိုဆီယာတို့သည် သူတို့ဂြိုလ်၏ စီ
မံမှု အတွေ့အကြုံအား မတုံ့ဆိုင်းဘဲ လူတိုင်းကိုပြောပြခဲ့သည်။
သူတို့သည် တစ်နေ့လုံး အတူတကွ ဆွေးနွေးခဲ့ကြပြီး မကြာမီတွင် ညအချိန်သို့ ရောက်လာခဲ့လေပြီ။