အပိုင်း ၁၀၇ (Extra 2)
Viewers 22k

🐹အခန်း ၁၀၇ (အချပ်ပို -၂)

ကာကွယ်ဆေးထွက်ပေါ်လာခြင်း



ကျန်းချိုး၏ဘေးတွင်ရပ်နေသော ပိုဆီယာသည်လည်း သူ၏စကားများအား ကြားခဲ့ရသည်။ မနေနိုင်ဘဲ ထိုယောကျာ်းအား မျက်လုံးလှန်ကြည့်မိသည်။ သူ၏သဘာဝအရ သွေးဆောင်ဖျားယောင်း၍ ညှို့ဓာတ်ပြင်းသော မျက်လုံးအားဖွင့်ကာ ဖြူစင်ရိုးသားပြီး နစ်နာသည့် ဟန်ဆောင်ကာ မေးခဲ့သည်။


"အချစ်ရေ.. ကိုယ်ကလည်း မကောင်းတဲ့လူပါလို့ ပြောချင်တာလား.."


"ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အရင်တုန်းက မင်းက တကယ်ဖြူစင်ရိုးသားတာပဲ.. ကိုယ်တို့ ပထမဆုံး တွေ့တုန်းကဆိုရင် နမ်းပြီးပြီးချင်း မင်းရဲ့မျက်နှာနဲ့ လည်ပင်းက တန်းနီလာခဲ့တာ.. အဲဒါ အရမ်းချစ်ဖို့ကောင်းတာပဲ.."


ပိုဆီယာသည် သူ၏ပါးစပ်အားရိုက်ကာ ခေါင်းကိုမော့၍ လွန်ခဲ့သည့်နှစ်နှစ်က အမှတ်တရများအား ပြန်လည်သတိရမိပြန်သည်။


"မင်းရဲ့လက်ရှိ လှည့်ကွက်တွေနဲ့ အနိမ့်ဆုံးကန့်သတ်ချက်က ကိုယ့်အတွက် ခံနိုင်ဖို့ အရမ်းများလွန်းတယ်.. ငါးတစ်ကောင်အနေနဲ့ ကိုယ်မင်းကို အနိုင်မယူနိုင်ဘူး.."


ကျန်းချိုးသည် ဆက်ပြောချင်နေသည့် ပိုဆီယာ၏ ပါးစပ်အား အလျင်အမြန် ကာခဲ့ရသည်။ သို့သော် လူတိုင်းသည် အရာအားလုံးအား ကြားပြီးသွားပြီဖြစ်သည်။


ကျန်းချိုး : “…”


ရုတ်တရက် နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီ၏ ကျန်းချိုးအားကြည့်သော အမူအရာများမှာ ဤသို့ပြောင်းသွားခဲ့သည် :( →_→ )


ဟမ့် ယောကျာ်းတွေ...


"ညဘက်ပွေ့ဖက်ခြင်း" အကြောင်း ပြောရာတွင် ဤလူနှစ်ယောက်သည် အစမှအဆုံးတိုင် အလွန်ထူးခြားသော တည်ရှိမှုဖြစ်သည်။


ပြန်စဥ်းစားကြည့်သောအခါ ဟမ်းစတားလေးသည် ဤလူနှစ်ယောက်ထံမှ ပြင်သစ်အနမ်းအား သင်ယူခဲ့ပြီး ယခုအခါ ရှောင်ဝူယိသည် ပိုဆီယာပြောသည့် "လှည့်ကွက်များ" အကြောင်း ပို၍ သိချင်လာခဲ့သည်။


ပိုဆီယာ၏ပါးစပ် အပိတ်ခံထားရပြီး စကားမပြောနိုင်သည်အား မြင်သောအခါ ချက်ချင်းပင် ကယ်တင်ရန် သွားသည်။


"ကျန်းချိုးချိုး.. ပိုဆီယာကိုလွှတ်လိုက်.. မင်းက သူ့ကို မွန်းအောင် လုပ်နေတာပဲ!!.."


ကျန်းချိုးသည် ရွေးချယ်စရာမရှိဘဲ လွှတ်ပေးခဲ့ရသည်။ ကံကောင်းစွာ သူ၏ဖော်ထုတ်သူငါးသည် လူတိုင်းရှေ့တွင် အန္တရာယ်ရှိသောအခြေအနေအား ဆက်၍မပြောခဲ့ဘဲ သူ့အား မျက်နှာအနည်းငယ်ရစေခဲ့သည်။ ထို့နောက် သက်ပြင်းမချဘဲ မနနိုင်တော့ချေ။


သို့သော် ပိုဆီယာသည် အသက်ပြင်းပြင်းတစ်ချက်သာ ရှူလိုက်သည်။ သူ၏နောက်ထပ် စီရင်ချက်သည် ကျန်းချိုးအား ဖုန်းချိုး (ရူးသွပ်သွား) ဖြစ်သွားစေပြီး သူ၏ဒူးများပျော့ကာ မြေပြင်ပေါ်သို့ဒူးထောက်ကျလုနီးပါးပင်ဖြစ်စေခဲ့သည်။


ပိုဆီယာသည် သူ၏ကွမ်တမ်ဦးနှောက်နှင့် ဆက်သွယ်ရေးကိရိယာအား ထုတ်၍ ရှောင်ဝူယိအားပြောလိုက်သည်။


"ဒီမှာ အထီးကျန်ခွေးလေးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေရှိတာကို ငါမေ့သွားတယ်.. မင်းသားလေးဝူယိ မင်းသိချင်ရင် ငါတို့လိုင်းပေါ်ကနေ ဆက်ပြောလို့ရတယ်.. တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ထားရအောင် ငါတို့ရဲ့ အကြံတွေ ပေါင်းလိုက်ရင် လှည့်ကွက်အသစ်လေးတွေ တိုးတက်လာနိုင်တယ်.."


"အိုခေ" 


ရှောင်ဝူယိ သွက်လက်စွာ တုံ့ပြန်လိုက်ပြီး အကြောင်းအရာပေါ်တွင် အနည်းငယ်မျှ ရှက်မနေခဲ့ပေ။


"ပေါင်ပေါင်းလည်း ဒယ်ဒီနဲ့အတူ တစ်ခြားလှည့်ကွက်လေးတွေ လုပ်ကြည့်ချင်တယ်.."


နျဲ့ရှောင်: “…”


နျဲ့ရှောင် ရုတ်တရက် နေမကောင်းသလို ခံစားလိုက်ရသည်။ သူသည် အလွန်ရှက်ရွံ့သွားပြီး ရှောင်ဝူယိအား ချက်ချင်းဖမ်းလိုက်သည်။ ကွမ်တမ်ဦးနှောက်နှင့် ဆက်သွယ်ရေးကိရိယာအား သူ၏လက်ထဲတွင် တိုက်ရိုက်သိမ်းထားလိုက်သည်။


ပုံမှန်အားဖြင့် အေးစက်၍ ချောမောနေသောလူ၏ မျက်နှာမှာ ယခုအချိန်တွင် နီမြန်းနေသည်။


"‌ပေါင်ပေါင်းရေ.. ကိုယ်တို့ ဒါကို တကယ်မလိုအပ်ပါဘူး.."


ကျန်းချိုးသည်လည်း ရှားရှားပါးပါး နျဲ့ရှောင်နှင့်အတူ ပူးပေါင်း၍ တိုက်ပွဲရှေ့ထွက်ခဲ့သည်။ သူ၏လက်ကိုဆန့်၍ ပိုဆီယာအားဆွဲကာ ပြောသည်။


"အမှန်ပဲ.. မလိုအပ်ဘဲ ဆက်သွယ်ခြင်းနဲ့ လည်ပင်းရဲ့ အောက်ပိုင်းပါတာ မှန်သမျှ ဖြန့်ဝေခြင်းကို တားမြစ်တယ်!!.."


သွမ့်ဝမ်ယွီ၊ ဝူဝမ်ချီနှင့် တစ်ခြားသူများသည် ပုံမှန်မဟုတ်ဘဲ သတ္တိရှိသော ဟမ်းစတားလေးနှင့် ရေသူထီးအားကြည့်၍ သူတို့၏ ကိုယ်ချင်းစာမှုများအား နျဲ့ရှောင်နှင့် ကျန်းချိုးထံ ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ချစ်သူများသည် သီးသန့်ဖြစ်၍ တည်ကြည်သော ကမ္ဘာမြေသားများ ဖြစ်နေသည့်အတွက် အလွန်ကောင်းမွန်သည်ဟု စတင်ခံစားလာခဲ့ရသည်။


သို့သော် သူတို့မမျှော်လင့်ခဲ့သည်မှာ နျဲ့ရှောင်နှင့် ကျန်းချိုး၏ ထိန်းချုပ်မှုကြောင့် တည်ငြိမ်သွားသောမြင်ကွင်းသည် မျက်စိတစ်မှိတ်အတွင်းတွင် သူတို့၏ 'သီးသန့်ဖြစ်၍ တည်ကြည်သော' ချစ်သူများ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် တစ်ဖန်ပြန်၍ လည်ပတ်လာမည် ဟုပင်။


ရုတ်တရက် ရှောင်ဝူယိနှင့် တစ်တန်းထဲရပ်နေသော နင်ဖုန်းသည် သူ၏ပါးကို လက်ချောင်းလေးဖြင့် ကုတ်ပြီး မလွယ်ကူစွာဖြင့် ပြောလေသည်။


"အမ်း... ဒီကိစ္စတွေက ဆက်ဆံရေးကသာ ကောင်းနေရင် သတင်းအချက်အလက်တွေကို နှစ်ကိုယ်ကြား ဖလှယ်တာက အဆင်ပြေမယ်ထင်တယ်.. ဒါက ရိုးရိုးရှင်းရှင်း အတွေ့အကြုံ အကြောင်း ပြောတာပဲလေ.. အဲဒါက သဟဇာတဖြစ်တဲ့ ဘဝတစ်ခုဖန်တီးဖို့ အကူအညီပေးနိုင်ရင် ကောင်းတာဘဲ.."


သွမ့်ဝမ်ယွီ: “…”


သူသည် သူ၏အိမ်တွင်ထားသော ရေကိုအထူးပေါင်းစပ်ထားသော စွမ်းရည်ပါသည့် "ပျော်ရွှင်မှုကို အားပေးသော ဖျော်ရည်" အဘယ်ကြောင့် လျင်မြန်စွာ ကုန်သွားကြောင့် နားလည်သွားပုံပေါ်သည်။


ဒါက သူတို့အတွေ့အကြုံတွေကို ပြန်လည်မျှဝေဖို့အတွက် သုံးလို့ပဲ ဖြစ်နိုင်တယ်!!!


ထို စိတ်ဝင်စားဖွယ် အထူးအကျိုးသက်ရောက်မှုများပါဝင်သည့် ပျော်ရွှင်မူကိုအားပေးသောဖျော်ရည်များ အကြောင်းတွေးမိသောအခါ သွမ့်ဝမ်ယွီသည် တရားဝင် ဖော်ထုတ်ခံလိုက်ရပြီဟုသာ ခံစားခဲ့ရသည်။


အမြဲလိုလို တည်ငြိမ်အေးဆေးသော သွမ့်ဝမ်ယွီသည် တဖြေးဖြေး နီးမြန်းလာကာ ပါးများ အလွန်ပူလာသည်။ မျက်မှန်ချွတ်ကာ သူ၏မျက်နှာအား လူညစ်ကလေးနင်ဖုန်း၏ လည်ပင်းထံသို့ မြုပ်နှံလိုက်သည်။


အားးးး သူ့မှာ လူတွေနဲ့တွေ့ဖို့ မျက်နှာမရှိတော့ပါဘူး!!


ရှောင်ယန်နှင့် ဝူဝမ်ယွီသည် ဤမြင်ကွင်းအားကြည့်ကာ အနည်းငယ် ရှက်ရွံ့သွားကြသည်။ အနည်းငယ် ရှက်ရွံ့သွားကြသည်။ ခေါင်းလှည့်ကာ သူတို့၏ ချစ်သူများထံ မကြည့်ဘဲ မနေနိုင်ကြပေ။ ထို့နောက် ရှက်ကိုးရှက်ကန့်ဖြင့် ပြောလေသည်။


"အဲသည်တော့ ငါတို့ယောကျာ်းနဲ့ မိန်းမကြားက ကိစ္စတွေကို တစ်ခါတစ်ရံ နှစ်ကိုယ်ကြား လဲလှယ်တာကို မသိဘူးပေါ့.. ငါတို့က မင်းတို့ ယောကျာ်းတွေမှာလည်း တစ်ခါတစ်ရံ ဆွေးနွေးကြလိမ့်မယ်လို့ ထင်နေတာ.."


ဝူဝမ်ချီ နှင့် ရှဲ့ကျွင်း: “…”


ငါတို့မှာ အဲသည်လို ခင်မင်ရင်းနှီးမှုမျိုး မရှိဘူးလို့!!!


တစ်ခြားတစ်ဖက်တွင် ရှောင်ဝူယိနှင့် ပိုဆီယာသည် နျဲ့ရှောင်နှင့် ကျန်းချိုးအား ချစ်စဖွယ် အံ့သြနေသော အမူအရာဖြင့် ကြည့်လိုက်သည်။


"ဒါဆို မင်းတို့မှာ အုပ်စုဖွဲ့စကားပြောတဲ့ဟာ မရှိဘူးပေါ့.."


ဒါပေါ့ မရှိဘူး!!!!


ပြီးခဲ့တဲ့ နှစ်နှစ်လုံး မင်းတို့တွေ လျှို့ဝှက်ပြီးတော့ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ!!!?


အထက်ပုဂ္ဂိုလ်များနှင့် အမျိုးသားအုပ်စုသည် အမှောင်ထဲတွင် ထားခံရပြီး လေထဲတွင် ဖရိုဖရဲဖြစ်နေကြသည်။ သူတို့၏ချစ်သူများအား ဒူးထောက်ခစားချင်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး သတိမမူမိခဲ့ကြပေ။


ထိုအချိန်တွင် သွမ့်ဝမ်ယွီသည် ရုတ်တရက် ခေါင်းမော့ကာ မျက်မှန်ပြန်တပ်လိုက်သည်။ သူသည် နျဲ့ရှောင်၊ ကျန်ချိုး၊ ဝူဝမ်ချီနှင့် သူ၏ဘေးရှိ အခြားသူများအား ကြည့်ကာ နှလုံးသားထဲတွင် စိတ်သက်သာစရာ အရိပ်အယောင်တစ်ခု ရှာဖွေနေပုံပေါ်သည်။


သူတစ်ယောက်တည်း၏ ပုံရိပ်အား ဖျက်စီးခံလိုက်ရခြင်းမှာ မလုံလောက်ပေ။ သူပြုလုပ်ခဲ့သော ဖျော်ရည်များသည် အမြင့်ဆုံးရှက်စဖွယ်အရာများ ဖြစ်ရုံသာမက သာမန်လူများ ဥာဏ်မမှီနိုင်သော အရာဖြစ်ကြောင်း သေချာပေါက် အာမခံနိုင်လေသည်။


အသီးသီးသော အထက်ပုဂ္ဂိုလ်များနှင့် ယောက်ျားများ(normal စုံတွဲမှ)သည်လည်း ထိုအကြောင်းအား တွေးမိသောအခါ အောင်ပွဲခံခဲ့ကြသည်။ ရိုးသားဖြောင့်မတ်သော မျက်နှာများဖြင့် အသေးအဖွဲ အရာလေးများအားလေထဲပါသွားစေခဲ့သည်။

……


ဘေးမှရပ်ကြည့်နေသူများသည် တွေဝေမိန်းမောနေသည်။ သူတို့သည် ဓါတ်ခွဲခန်းထဲမှ မြင်ကွင်းသည် ကာကွယ်ဆေးထိုးနေရာမှ ယခုကဲ့သို့ မည်သို့ပြောင်းသွားကြောင်း မမှတ်မိနိုင်တော့။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန် ဤအခန်းထဲရှိ လူများသည် ယခင်ကတည်းက အသိအကျွမ်းများဖြစ်ပြီး တစ်ယောက်အကြောင်း တစ်ယောက်သိသော လူများသာဖြစ်၍ ကျေးဇူးတင်မိတော့သည်။


တစ်နည်းအားဖြင့် အပြင်ဘက်မှ ပရိသတ်များသာ သူတို့၏နှလုံးသားထဲရှိ idolများသည် အတွင်းတွင် ဤကဲ့သို့ ရဲတင်း၍ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကြောင်း သိသွားလျှင် သေချာပေါက် စိတ်ပျက်သွားလိမ့်မည်။


ဘေးတွင်ရပ်ကြည့်နေသူများမှာ "ကျောင်းသားအရွယ် တဏာကင်းတဲ့အချစ်ကနေ ရစ်ပတ်နှောင်တွယ်တဲ့အချစ်" သို့ ကူးပြောင်းလာသည့် ပိုင်မေ့နှင့် လောင်ယွင်ဟိုင်၊ အသက်ပြည့်တော့မည့် ပိုင်ယွဲ့နှင့် အထီးကျန်ခွေးများ ဖြစ်နေသေးသော ဒေါက်တာဝေ့နှင့် လျိုတာ့ရှန်တို့ ဖြစ်သည်။ ထိုအချိန်တွင် ကြီးမာသော သတင်းအချက်အလက်နှင့် စကားဝိုင်းသည် သူတို့အားအံ့အားသင့်ကာ မျက်နှာများ နီမြန်းလာစေသည်။


အတွဲများကြားတွင် ပျော်စရာများ အများကြီးရှိကြောင်း ထွက်ပေါ်လာသည်။


အုပ်စုဖွဲ့စကားပြောတာရဲ့ အဖွဲ့ID ကဘာလဲ?


အခုမှ အတွဲရှာပြီး ချိတ်ဦးမယ်ဆိုရင် နောက်ကျသွားပြီလား?

……


ကံကောင်းစွာဖြင့် ထိုနေ့တွင် မော့ယန်၊ အန်းယိနှင့် အခြားသူများသည် အခြားကူးစက်ခံရသော ဂြိုလ်များထံသို့ ကာကွယ်ဆေးသွားပေးနေခဲ့ပြီး မော့ယဲ့၊ ဆစ်စလိုနှင့် အခြားကလေးများသည်လည်း လည်ပတ်ဆော့ကစားရန် လိုက်ပါသွားကြသည်။ သို့မဟုတ်လျှင် အဆင်အခြင်မဲ့သော လူငယ်များမှာ သေချာပေါက် စုပေါင်းလျက် အရိုက်ခံရပေလိမ့်မည်။


ထိုစကားဝိုင်းသည် တကယ့်ကို ကလေးများနှင့် မသင့်တော်ပေ။

……


အတိုချုံးရလျှင် ကာကွယ်ဆေး ပေါ်ထွက်လာပြီးနောက် လူတိုင်း ပျော်ရွှင်စွာဖြင့် ပိုမိုကောင်းမွန်သောဘဝတွင် နေထိုင်ခဲ့ကြသည်။


ကာကွယ်ဆေးထုတ်လုပ်ပြီးနောက် ကမ္ဘာပေါ်တွင် များစွာသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ကာကွယ်ဆေး၏ အကျိုးသက်ရောက်မှုဖြင့် ဇွန်ဘီများသည် ပတ်ဝန်းကျင်မှ အဆက်မပြတ် ပျောက်ကွယ်သွားပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါ၊ အပင်များနှင့် သက်ဆိုင်သော ကွင်းဆက်များသည်လည်း ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာကာ လူသားများ၏ ဘဝသည် ပိုမိုကောင်းမွန်သောဘက်ခြမ်းသို့ ဆက်၍ဦးတည်နေခဲ့သည်။


ကာကွယ်ဆေးပေါ်ထွက်လာပြီး ဆယ်နှစ်အကြာတွင် ကမ္ဘာမြေပေါ်မှ ဇွန်ဘီများ အပြီးတိုင်ပျောက်ကွယ်သွားသည်။


သိပ္ပံပညာရှင်များ၏ ကြိုးစားအားထုတ်မှုဖြင့် ပိုင်မေ့ကဲ့သို့သော အထူးခန္ဓာကိုယ်များရှိသည်ဟု မှတ်ယူနိုင်သည့် ဇွန်ဘီဘုရင်များသည်လည်း ပြည့်စုံစွာပင် သူတို့၏ ခန္ဓာကိုယ်မှ ဇွန်ဘီဗိုင်းရပ်စ်ပိုးအား အပြီးတိုင် ဖယ်ရှားပစ်နိုင်ခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များသည် စွမ်းရည်အမြုတေများအား ထိန်းသိမ်းထားခဲ့ပြီး အခြားလူများ၏ စွမ်းရည်အမြုတေများကဲ့သို့ စွမ်းရည်အသုံးပြုနိုင်သေးပြီး ကျန်းမာသော လူတစ်ယောက်နှင့် မခြားနားပေ။ ထိုမူလအခြေအနေအား ထိန်းသိမ်းထားသည့် ဇွန်ဘီများ၏ ထူးခြားသော လက္ခဏာများသည် ထူးခြားပြီး အင်အားကြီးသော အထူးစွမ်းရည်အဖြစ် သတ်မှတ်နိုင်သည်။ အတိုချုုံးရလျှင် ပိုင်မေ့၏ ပြန်လည်ကျန်းမာချင်သည့် ဆန္ဒ အောင်မြင်စွာ ပြည့်ဝသွားခဲ့သည်။


ထိုဆယ်စုနှစ်တစ်ခုအတွင်း၌ ကမ္ဘာသည် ပြည်သူအားလုံး၏ အိမ်ထောင်စု မှတ်ပုံတင်ခြင်းများကို စီမံခန့်ခွဲရန်နှင့် ဂြိုလ်တစ်ခုလုံး၏ အရေးကိစ္စများအား ကိုင်တွယ်ရန် ဦးတည်၍ တစ်ဦးတည်း နိုင်ငံရေးစင်တာအား စတင်တည်ထောင်ခဲ့သည်။


ကမ္ဘာသည် မဟာမိတ်အဖွဲ့၏ အစုအဝေးစနစ်ထဲသို့ တစ်စိတ်တစ်ပိုင်းအဖြစ် တရားဝင်ပါဝင်ခဲ့ပြီး ကြယ်အစုအဝေး၏ ခေတ်သစ်တစ်ခုအား ဝင်ရောက်လာခဲ့သည်။


စနစ်အသစ်အောက်တွင် လူသားချင်းစာနာမှုသည် အများနှင့်ဆိုင်သောသော တရားဝင်အထောက်အထားဖြစ်ပြီး "ကမ္ဘာနေပြည်သူများ" အား ရည်ညွှန်းခြင်း ဖြစ်သည်။ နိုင်ငံစနစ်နှင့် ယခင်ကမ္ဘာပျက်ကပ်ကြောင့် မတူညီသောလူမျိုးများ၊ သမိုင်းဝင် အငြင်းပွားမှုများသည် ရုတ်တရက်ဖြစ်သွားသည့် ကပ်ဘေးအား ကြုံတွေ့ရပြီးရောက် များစွာ အရေးမပါတော့ပေ။ လူတိုင်းသည် ယခုအခါ မိသားစုကြီးတစ်ခုအဖြစ် သဟဇာတဖြစ်စွာ ကမ္ဘာပေါ်တွင် အတူနေထိုင်ခဲ့ကြသည်။


တစ်ချိန်တည်းမှာပင် ဘေးအန္တရာယ်ကျရောက်နေသည့် အချိန်အတောအတွင်းတွင် ရရှိခဲ့သည့် အကူအညီများကို ကျေးဇူးတင်ပြီး ကမ္ဘာမြေသားများနှင့် မဟာမိတ်အတွင်းရှိ လူမျိုးအားလုံး၏ လူများကြားတွင် ဆက်ဆံရေးကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ မကြာသေးမီက နည်းပညာ ဖလှယ်မှုများနှင့် အပြန်အလှန် ဆက်သွယ်မှုများကြောင့် ကမ္ဘာသည် ဖြည်းဖြည်းချင်း ပြိုင်ဘက်ကင်းသော ယဥ်ကျေးမှုဆိုင်ရာစနစ်သို့ ထူးခြားကွဲပြားစွာ၊ ပွင့်လင်းမြင်သာစွာ ပါဝင်နိုင်ခဲ့သည်။


နေ့သစ်မနက်ဖြန်အတွက် ကန့်လန့်ကာ အား လှစ်ဟခဲ့နိုင်သည်မှာ ကြာပြီဖြစ်သည်။


မူလဝူယိအခြေစိုက်စခန်းသည် ဖြည်းဖြည်းချင်း ကမ္ဘာ၏ယဥ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းအဖြစ် လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် ပြောင်းလဲ၍ တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် ကမ္ဘာမပျက်ခင်မှ မြို့တော်ပြည်နယ်တစ်ခု၏ အဆင့်အတန်းနှင့် တန်းတူညီပေသည်။ ၎င်းသည်ကမ္ဘာပေါ်တွင် အဓိကအကျဆုံး၊ အချမ်းသာဆုံးနှင့် အစည်ကားဆုံးသော မြို့တော်တစ်ခုဖြစ်လာသည်။ 


အာကာသာလေဆိပ်အားလည်း စတင်တည်ထောင်ခဲ့ရာ နိုင်ငံခြားဂြိုလ်များမှ ယာဉ်များအား လမ်းမပေါ်နေရာအနှံတွင် တွေ့နိုင်ပေသည်။ ဝူယိအခြေစိုက်စခန်းမှာ မြို့တော်ကြီး ဖြစ်လာသော်လည်း အထူးအဓိပ္ပါယ်ရှိသည် "ဝူယိ"ဆိုသည့်နာမည်အား အမွေ

ဆက်ခံထားဆဲဖြစ်သည်။


ထိုအချိန်အတောအတွင်း ဆယ်နှစ်တာကာလတွင် ဝူယိ၊ နျဲ့ရှောင်နှင့် အခြားသူများသည် အတူတကွ ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။


***