အပိုင်း ၁၀၅(End)
Viewers 22k

🐹အခန်း ၁၀၅ (ဇာတ်သိမ်းပိုင်း)

 ဝူယိလေးက စိတ်ချမ်းမြေ့ပြီး ပျော်ရွှင်နေတယ်



နောက်တစ်နေ့နံနက်တွင် ရှောင်ဝူယိ ဦးစွာနိုးလာခဲ့ပြီး သူ၏မျက်လုံးထဲသို့ နျဲ့ရှောင်၏ ချောမောသောမျက်နှာ ဝင်ရောက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် အပျော်ရွှင်ရဆုံးသော အရာမှာ နံနက်ခင်းတိုင်း မျက်လုံးဖွင့်သည့်အချိန်တွင် နံဘေး၌ ကိုယ်သဘောကျအနှစ်သက်ဆုံးသော သူအား မြင်ရခြင်းဖြစ်သည်။


ရှောင်ဝူယိသည် မျက်နှာလေးအား လက်နှစ်ဖက်ဖြင့်ထောက်ကာ နျဲ့ရှောင်၏အိပ်ပျော်နေသော မျက်နှာအား မိန်းမောစွာကြည့်နေခဲ့သည်။ ကမ္ဘာပေါ်ရှိ စွမ်းအားအကြီးဆုံးနှင့် အချောဆုံး လူစွမ်းကောင်းအား ကြည့်နေရသည့်အတွက် သူ၏ကြီးမားသော မျက်လုံးနက်နက်လေးများသည် ကြယ်လေးများဖြင့် တလက်လက်တောက်ပနေပြီး ပြည့်လျှံနေသော အချစ်နှင့် ပျော်ရွှင်မှုများ၏ ရောင်ပြန်မှုကြောင့် ကြည်လင်သောရေပြင်နှင့် တူလေသည်သည်။


ဒယ်ဒီကို တကယ်ပဲ အရမ်းအရမ်း သဘောကျတယ်..ya


ရှောင်ဝူယိ လက်ဆန့်၍ ခိုးကြောင်ခိုးဝှက်ဖြင့် နျဲ့ရှောင်၏ မုတ်ဆိတ်မွေး ငုတ်တိုလေးများအား ထိလိုက်သည်။ အကြောင်းအချို့ကြောင့် နူးညံ့သော လက်ဖဝါးအား ယားယံစေပြီး လက်ချောင်းများကို တွန့်သွားစေသည်။ နျဲ့ရှောင်၏ နှုတ်ခမ်း၊ မျက်ခုံး အရာရာတိုင်းအား အလွန်နှစ်သက် သဘောကျသည်။


နျဲ့ရှောင်သည် ဟိုဟိုဒီဒီ အတို့ခံရ၍ နိုးလာသည်။ မျက်လုံးဖွင့်လိုက်သောအခါ ရုတ်တရက် နိုးလာမှုကြောင့် ထိတ်လန့်သွားပြီး ပြူးကျယ်နေသော မျက်လုံးများနှင့် ရှောင်ဝူယိအား တွေ့လိုက်ရသည်။ ဤချစ်စဖွယ် အမူအရာလေးသည် ရုတ်တရက် ပတ်ဝန်းကျင်အား ထွန်းလင်းသွားစေကာ ခပ်ကြီးကြီး ပြုံးလိုက်မိသည်။


"မင်္ဂလာ နံနက်ခင်းပါ..ပေါင်ပေါင်း.."


နူးညံ့ချောမောသောအပြုံးသည် တောက်ပသော နံနက်ခင်းနေနှင့် အတူလိုက်ပါလာပြီး ဟမ်းစတားလေးအား ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။


"ဝူးဝူးဝူး..ဒယ်ဒီ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ချောနိုင်ရတာလဲ.. ပေါင်ပေါင်းက ဒယ်ဒီ့ကို တကယ် အများကြီး အများကြီး သဘောကျတယ်! ဟမ်းစတားလေးက ဒယ်ဒီ့ရဲ့ ချောမောမှုကြောင့် မူးမေ့သွားတော့မလို့.." 


ရှောင်ဝူယိသည် အားရဝမ်းသာစွာဖြင့် နျဲ့ရှောင်၏ လက်မောင်းထဲသို့ ပစ်ဝင်လိုက်ပြီး တစ်ဖက်လူ၏ ပါးပေါ်သို့ အကြိမ်များစွာ တ'ချူ ချူ' နမ်းခဲ့သည်။ နျဲ့ရှောင်အပေါ် သူ၏အချစ်ခံစားချက်များအား ချိုမြိန်စွာ ဖွင့်ထုတ်ပြခြင်းသည် နျဲ့ရှောင်အား ပျားရည်စားရသကဲ့သို့ သူ၏နှလုံးသားထဲထိ ချိုမြိန်သွားစေသည်။


"အင်း ဒယ်ဒီကလည်း ပေါင်ပေါင်းကို ချစ်တယ်.."


နျဲ့ရှောင်သည် ချီးမွမ်းစကားကြောင့် အလွန်ပျော်ရွှင်သွားပြီး ထိုသို့ပြောပြီးနောက် ရှောင်ဝူယိ၏ နှုတ်ခမ်းလေးအား နမ်းသည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည်လည်း ပို၍တောက်ပလာခဲ့သည်။


ဟမ်းစတားလေးသည် ချောမောခန့်ညားသော ပုံရိပ်ကြောင့် လုံးဝမိန်းမောသွားရသည်။


နျဲ့ရှောင်သည် ဟမ်းစတားလေး၏ အချစ်တွင် ပစ်လဲသွားသော အမူအရာအား ကြည့်၍ အလွန်ကျေနပ်သွားခဲ့သည်။ နံနက်ခင်းတွင် ထုတ်စရာနေရာမရှိသော ဟော်မုန်းများအား လွတ်လပ်စွာ ပျံ့နှံစေပြီး ဟမ်းစတားလေးအား မျက်နှာမှ နားရွက်များထိတိုင် ရှက်ရွံ့၍ နီရဲစေသည်။


သို့သော် နျဲ့ရှောင်တွင် ကျင့်ဝတ်ရှိသည်။ နံနက်စောစောတွင် သူ့ကိုယ်သူ မီးရှို့မိခြင်းမှ ကာကွယ်ရန် ကောင်းမွန်သော အကန့်အသတ်ရှိသည်။ နာရီကြည့်ပြီးနောက် သိပ်မစောတော့သောအခါ ၎င်းသည်ဝေးဝေးမသွားဘဲ ရပ်တန့်ရန် အချိန်ကောင်းဖြစ်သည်။


"အိုခေ..အိုခေ.. ဒယ်ဒီ ပေါင်ပေါင်းကို ဆက်မစတော့ဘူး.. ဆေးကြောပြီးတော့ နေရာလွတ်ကနေ ထွက်ရအောင် ပေါင်ပေါင်းရဲ့ ဦးလေးတွေက ဒယ်ဒီတို့ကို အပြင်မှာ စောင့်နေလောက်ပြီ.."


နျဲ့ရှောင် ပြုံးလျက် အိပ်ရာမှ ထလိုက်သည်။ ချောင်ချိသော အကျီတစ်ထည်ထား ယူ၍ ကောင်ငယ်လေးအား ကူဝတ်ပေးခဲ့သည်။ လွန်ခဲ့သောည၌ ကောင်ငယ်လေးသည် ဟမ်းစတားမှ အသွင်ပြောင်းပြီးနောက် ခုထိစောင်အောက်တွင် ကိုယ်တုံးလုံးဖြင့် ရှိနေသည်။


"ဒါကိုအရင်ဝတ်ထားလိုက်.. မျက်နှာသစ်ပြီးရင် ပြန်ရအောင်.. အပြင်ဘက်က အိပ်ခန်းထဲရောက်မှ အကျီတစ်ခါ ထပ်လဲလိုက်နော်.."


နျဲ့ရှောင်သည်ရှောင်ဝူယိအား လျင်မြန်စွာ ဝတ်ဆင်ပေးပြီးနောက် လက်ဆွဲကာ ရေချိုးခန်းထဲသို့ ခေါ်သွားခဲ့သည်။


ရှောင်ဝူယိသည် လက်ဆွဲရာနောက်သို့ မျက်စိမှိတ်လိုက်ခဲ့သည်။ ခေါင်းမော့ကာ နျဲ့ရှောင်၏ ကျောပြင်အား မကြည့်မီ ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီအား ကြည့်လိုက်သည်။ မျက်လုံးလေးများ အောက်စိုက်သွားပြီးနောက် မချင့်မရဲ သက်ပြင်းချလိုက်သည်။ မည်သည့်အရာများ စဉ်းစားနေသည်ကို သူသာလျှင် သိပေမည်။


ဘေစင်ရှေ့တွင် နျဲ့ရှောင်သည် ခေါင်းငုံ့၍ ရှောင်ဝူယိ၏ သွားတိုက်တံပေါ်သို့ သွားတိုက်ဆေးညှစ်ပေးနေသည်။ ထိုသို့လုပ်နေစဥ်တွင် အမှတ်တမဲ့ မျက်လုံးလှန်ကြည့်မိလိုက်သည်။ မှန်မှတစ်ဆင့် ကောင်ငယ်လေး၏ အထီးကျန်နေသော မျက်နှာလေးအား မြင်လိုက်ရသည်။


"ပေါင်ပေါင်း ဘာဖြစ်လို့လဲ.. အခုလေးတင်မှ ပေါင်ပေါင်း ပျော်နေတာ မဟုတ်ဘူးလား.. သက်သောင့်သက်သာ မဖြစ်လို့လား.."


နျဲ့ရှောင်၏ စိုးရိမ်နေသော အမူအရာအား တွေ့ရသောအခါ ရှောင်ဝူယိသည် နှစ်လိုဖွယ်ကောင်းသော တီရှပ်အောက်မှ ဖြောင့်တန်းနေသည့် ခြေထောက်များနှင့် ဖြူဖွေးနူးညံ့သော အသားအရည်အား ငုံ့ကြည့်လိုက်သည်။ သူ၏မျက်လုံးလေးများ အနည်းငယ်နီရဲလာခဲ့သည်။


သူ၏မှတ်ဥာဏ်များ ပြန်ရလာပြီးနောက် လူကြီးများကြားရှိ ကိစ္စများအား သိရှိပြီးဖြစ်သည်။


သူသည် တီရှပ်အနားစလေးအားဆွဲကာ မျက်လုံးနီနီလေးဖြင့် ခေါင်းငုံ့၍ အနည်းငယ် မချင့်မချဲဖြစ်ပြီး ဝမ်းနည်းစွာ မေးလေသည်။


"ဒယ်ဒီ ပေါင်ပေါင်းက အတူတူနေရလောက်အောင် ကြည့်မကောင်းဘူးလားဟင်.. ပေါင်ပေါင်းရဲ့ အဝတ်တွေကို လဲပေးတဲ့အခါတိုင်းလည်း ပေါင်ပေါင်းကို မကြည့်ဘူး.. ဒယ်ဒီက ပေါင်ပေါင်းဆီက ဆွဲဆောင်တာမခံရဘူး! ဒယ်ဒီနဲ့ အပြင်ဘက်မှာရှိတဲ့ လူတိုင်းက အရပ်ရှည်ပြီးသန်မာကြတယ်.. အားအနည်းဆုံးလို့ ထင်ရတဲ့ ပိုင်မေ့မေ့တောင်မှ လှပတဲ့ ဗိုက်ကြွက်သားတွေရှိတယ်.. ဟုတ်တယ် အဲဒါကပေါင်ပေါင်းရဲ့ဆီမှာ မရှိတဲ့ အရာတွေပဲ..”


ထိုသို့ကြားသောအခါ နျဲ့ရှောင် တံထွေးသီး၍ သေမတတ် ဖြစ်သွားရသည်။


"ဒါကြောင့် ပေါင်ပေါင်းက အချိန်တိုင်း ဒယ်ဒီ အဝတ်လဲပေးဖို့ကို တမင်သက်သက်စောင့်နေတာပေါ့.."


"ဟုတ်တယ်.. အမှန်ပဲ.. ဒါပေမယ့် ဒယ်ဒီက ပေါင်ပေါင်း ဆွဲဆောင်တာ မခံရဘူး.."


နျဲ့ရှောင်: “……”


ဘုရားသခင်သာလျှင် အချိန်တိုင်း သူမည်မျှလောက်အောင် ညှင်းပန်းနှိပ်စက်မှုဒဏ် ခံရကြောင်း သိပေသည်။


ထိုအချိန်တွင် နျဲ့ရှောင်သည် အချိန်နှောင်းစွာဖြင့် သူ၏ရှေ့ရှိ ကောင်ငယ်လေးမှာ နာမည်ကျော် “ချစ်သူရှပ်” အား ဝတ်ဆင်ထားကြောင်း သိလိုက်ရသည်။ စိတ်ဓါတ်ကျနေသော သနားစဖွယ် အမူအရာလေးနှင့် ပေါင်းစပ်လိုက်သောအခါ ဖြူစင်သောအမူအရာလေးဖြင့် လူတိုင်းအား ပြစ်မှုကျူးလွန်ချင်အောင် ဆွဲဆောင်နေသလိုပင်။


နျဲ့ရှောင် အလျင်အမြန်ပင် အကြည့်လွှဲလိုက်ရသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ အများအပြား တွေးရန် မသင့်တော်ပေ။ နှုတ်ခမ်းအား လက်ဖြင့်အုပ်ကာ ချောင်းဟန့်လိုက်ပြီးနောက် ပြောလေသည်။


“ပေါင်ပေါင်းက ဘာဖြစ်လို့များ အဲသည်လို ထင်ရတာလဲကွ.. ပေါင်ပေါင်းက အရမ်းကိုပဲ ကြည့်ကောင်းတယ်လို့ ကိုယ်ပြောဖူးတယ်လေ.. ပေါင်ပေါင်းမှာ တခြားသူတွေနဲ့ မတူညီတဲ့ ပုံစံရှိပြီး ပေါင်ပေါင်းက အများကြီး ပိုကြည့်ကောင်းတာပေ့ါ..”


"ကြည့်ကောင်းတယ်ဆိုရင် ဒယ်ဒီက ဘာဖြစ်လို့ သွေးဆောင်မခံရသေးတာလဲ.. ဒါဆို ဒယ်ဒီက ပေါင်ပေါင်းနဲ့အတူ ပျော်ရွှင်စရာလေးတွေ မလုပ်ချင်လို့လား.."


ရှောင်ဝူယိ ခေါင်းမော့လိုက်ပြီး နျဲ့ရှောင် ကြီးမားကြည်လင်ပြီး မကျေနပ်မှုများ ပြည့်လျှံနေသော မျက်လုံးနက်နက်လေးများဖြင့် ကြည့်လိုက်သည်။


ထို့နောက် ရှောင်ဝူယိ တစ်စုံတစ်ခုအား ထပ်မံစဉ်းစားမိသွားပုံဖြင့် ရုတ်တရက် ထိတ်လန့်သွားပြန်ပြီး အလန့်တကြားဖြင့် ပြောလေသည်။


“ပျော်ရွှင်စရာလေးတွေလုပ်ဖို့ လက်ထပ်ပြီးတဲ့ထိ စောင့်ရမယ်လို့ ပေါင်ပေါင်းကို မပြောနဲ့နော်.. ကမ္ဘာက တအားအလုပ်ရှုပ်တာပဲ.. ပေါင်ပေါင်းတို့ မင်္ဂလာပွဲ ပြီးတဲ့ထိ စောင့်ရဦးမယ်..”


ဟမ်းစတားလေးသည် သူ၏ရင်ဘက်လေးအားဖိကာ မသက်မသာခံသားရပြီး ပူပင်သောကရောက်၍ နာကျင်ခံစားရသည်။ 


မဂ်လာပွဲမှာ အလွန်ဝေးကွာသေးကြောင်း တွေးမိသောအခါ ထိုအရာက လုံးဝဖြစ်မလာနိုင်တော့ပေ။ သူ၏မျက်လုံးများသည် ပူဆွေးသောကများဖြင့် ဆို့နင့်လာသည်။ ခေါင်းလေးအားငုံကာ နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။


"အာ... ဒါက ပေါင်ပေါင်းအတွက် အရမ်းခက်ခဲတာဘဲ.."


နျဲ့ရှောင်: “………………”


ထိုအချိန်တွင် သူ၏ဘာသာစကားဌာနသည် သူ၏ခေါင်းထဲမှ တိုက်ရိုက်ဖယ်ရှားခံလိုက်ရသည်။ နျဲ့ရှောင် ကြက်သေသေ၍ အံ့သြမှုကြောင့် စကားမဆိုနိုင်တော့ပေ။ အချစ်အချက်ပြလေးအား ကနဦးပေးပို့လာသူမှာ ရိုးရှင်း၍ ချစ်ဖို့ကောင်းသော အကောင်ပေါက်လေး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


ထို့အပြင် ပေါက်စလေးမှာ သူ့ထက်ပင် စိတ်မရှည်နေပုံရသည်။


ဂရုတစိုက် တွေးကြည့်သောအခါ အစပိုင်း အနမ်းများမှ နောက်ပိုင်း ဆက်ဆံရေးအား ဆုံးဖြတ်ခြင်းနှင့် လက်ရှိအခြေအနေများအထိ စသဖြင့် အရာရာတိုင်းအား သူ၏ "ဖြူစင်ရိုးသားသော" အကောင်ပေါက်လေးမှ ဦးစွာဖွင့်ဟခဲ့ခြင်းပင်။


နျဲ့ရှောင် ရိုးရှင်းစွာ သတိမမူမိခဲ့ခြင်း ဖြစ်သည်။


သို့သော် ယခုအခါ အနည်းငယ်ခံစားရသော ခံစားချက်အား လက်ခံလိုက်ရသောအခါ နျဲ့ရှောင်သည် သူ၏ချစ်သူလေးမှာ ပို၍ဆွဲဆောင်မှုရှိလာသည်ဟု ခံစားရပြီး ရင်ဘက်ထဲရှိ အချစ်များ ပြည့်လျှံလာပုံပေါ်သည်။


နျဲ့ရှောင် ခေါင်းငုံ့ပြီးနောက် ရှောင်ဝူယိ၏ စိတ်မကျေနပ်သော ချစ်စဖွယ်အမူအရာလေးနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဖြူစင်မှုနှင့် သွေးဆောင်ဖျားယောင်းမှု.. အလိုလိုက်ခံရပြီး အတွေ့အကြုံမရှိမှုများနှင့် ရှောင်ဝူယိလေးအားမြင်လိုက်ရသည်။


ကြိုက်တာကကြိုက်တာ.. လိုချင်တာကလိုချင်တာပဲ


သူနှင့်အရင်းနှီးဆုံးဖြစ်သည့် ချစ်သူထံ ခံစားချက်များအား ရှင်းလင်းစွာပြောရန် အမှန်တကယ် ရှက်ရွံ့နေရန် မလိုအပ်ပေ။


ဤအကြောင်းမေးသောအခါ နျဲ့ရှောင် ဘယ်တော့မှ ရှောင်ရှားခြင်း.. ရှုပ်ထွေးခြင်း ရှိလိမ့်မည်မဟုတ်ချေ။ ခေါင်းငုံ့ကာ ရှောင်ဝူယိ၏နားနား သို့ကပ်၍ ဆွဲဆောင်မှုရှိသော အပြုံးအား ဆင်မြန်းပြီး နက်ရှိုင်းသောအသံဖြင့် ပြောလေသည်။


"ပေါင်ပေါင်းသာ တကယ်လိုချင်တယ်ဆိုရင်.. မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး.."


ထိုသို့ကြားပြီးနောက် ရှောင်ဝူယိ၏မျက်လုံးများ တောက်ပလာခဲ့သည်။ နျဲ့ရှောင်၏ ချောမောသော မျက်နှာအား ကြည့်ပြီး သူ၏ပါးများသည် မျှော်လင့်မှုသဲလွန်စတစ်ချို့ဖြင့် နီမြန်းလာခဲ့သည်။


"တကယ်လား..."


"တကယ်.. ဒါပေမယ့် အခုလုပ်မှာ မဟုတ်ဘူး.. ဒယ်ဒီတို့က နေရာလွတ်ထဲကနေထွက်ပြီး လူတိုင်းကို ကူညီရဦးမယ်.. အပြင်ဘက်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်.. ဒီလိုအရာတွေက ညမှောင်တဲ့အခါမှ လုပ်လို့ရတာ.."


နျဲ့ရှောင်သည် အကြည့်များဖြင့် တောင်းဆိုနေသော ရှောင်ဝူယိ၏ ပါးလေးအား ဆိတ်လိုက်သည်။ သူ၏ အရည်ထူသော မျက်နှာသည်ပင် တဖြည်းဖြည်း နီမြန်းလာသောကြောင့် ချောင်းဟန့်လိုက်သည်။


"ကိုယ့်ကို သည်လိုဆက်ပြီး ရန်စနေရင်.. ညကျမှ ပေါင်ပေါင်း နောင်တရလို့ မရတော့ဘူး.."


"ပေါင်ပေါင်းက နောင်တရမှာမဟုတ်ဘူး အရင်ကတည်းက ပေါင်ပေါင်း တွေးထားပြီးသား.."


တစ်ဖက်လူ၏ နှောင့်နှေးနေသော နားလည်သဘောပေါက်နိုင်စွမ်းနှင့် ပတ်သက်၍ ရှောင်ဝူယိ မကျေမနပ် မဖြစ်ခဲ့ပေ။ ပျော်ရွှင်စွာဖြင့် အနည်းငယ်ခုန်ခဲ့ပြီး နျဲ့ရှောင်၏ မျက်နှာပေါ်လို့ 'မွ' 'မွ' လေးများ ကြဲချပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် အသံစူးစူးလေးများ ထွက်လာသည်။


နျဲ့ရှောင်သည် ရှောင်ဝူယိ၏ ခေါင်းလေးအား နမ်းလိုက်သည်။ သူ၏အသက်ရှုသံ အနည်းငယ် မြန်လာခဲ့ပြီး ရုတ်တရက် မကောင်းဆိုးဝါးလူရှုပ်လေးအား သူ၏အပိုင်အဖြစ် အခုချက်ချင်း လုပ်ချင်ခဲ့သည်။ မျက်လုံးများတွင် အန္တရာယ်၊ အမှောင်နှင့် နက်ရှိုင်းသော လက္ခဏာတစ်စွန်းတစ်စ သယ်ဆောင်မိလာပြီး အကောင်ပေါက်ကလေးအား ကိုက်ဝါးကာ ဗိုက်ထဲ၌သာ မျိုချထားချင်ခဲ့သည်။


ရှောင်ဝူယိ ခေါင်းမော့လိုက်သောအခါ အန္တရာယ်ရှိ၍ ရမ္မက်နှိုးဆွသော အကြည့်ကြောင့် အံ့သြသွားကာ ခဏမျှ စကားမပြောနိုင် ဖြစ်သွားရသည်။ အရွယ်ရောက်ပြီးသော အမျိုးသား၏ တက်ကြွသော ဆွဲဆောင်မှုမှာ ရိုးရှင်းစွာ မငြင်းနိုင်ပေ။


သူ၏ဖြူဖွေးသောပါးလေး ချက်ချင်းဆိုသလို နီမြန်းသွားရသည်။ ခြေနှစ်လှမ်း နောက်ဆုတ်ကာ သူ၏မျက်နှာပူပူအားဖုံး၍ တစ်ဖက်လူအား အော်လေသည်။


"ဒယ်ဒီ.. ပေါင်ပေါင်းကိုထပ်ပြီး မဆွဲဆောင်နဲ့တော့.. ဒယ်ဒီက ညထိစောင့်ဖို့ ပြောထားတာကြောင့်သာ မဟုတ်ရင် ပေါင်ပေါင်း ဒယ်ဒီကို တကယ်တွန်းလှဲချမိတော့မှာ.." 


အဆုံးမှာ ဘယ်သူက ဘယ်သူ့ကို ဆွဲဆောင်တာလဲ!


အဆုံးတွင် နှစ်ဖက်လုံးတစ်ယောက်နှင့်တစ်ယောက် အသည်းယားခြင်း၊ အထိန်းအချုပ်မဲ့ပြီး အခြေအနေအား ရှေ့သို့တိုးမိခြင်းမှ ကာကွယ်ရန် နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် တစ်ယောက်နှင့် တစ်ယောက် မကြည့်တော့ပေ။ နှစ်ဦးစလုံး၏ ပါးများ ပုံမှန်မဟုတ်သော နီမြန်းမှုများဖြင့် အလျင်အမြန် သွားတိုက်ကာနေရာလွတ်ထဲမှ ထွက်ခဲ့ကြသည်။


နေရာလွတ်အပြင်ဘက်တွင် အခြားသူများသည်လည်း တစ်ညလုံးအနားယူပြီးပြီဖြစ်သည်။ သူတို့၏ စိတ်ဝိညာဥ်နှင့် အပြုအမူများသည် ကမ္ဘာကြီးပြန်လည် အခြေကျပြီးနောက် အသစ်တစ်ဖန်ဖြစ်ကာ မျက်မှောင်ကြုတ်ခြင်းများ ပြေလျော့သွားသည်။ နံနက်စာ စားပြီဂနောက် လူတိုင်း အလုပ်များသော နေ့တစ်နေ့အား စတင်လေသည်။


မော့ယန်နှင့် အန်းယိသည် လွန်ခဲ့သောညမှ မတော်တဆမှုအတွက် ပြဿနာ မလုပ်ခဲ့ကြပေ။ သူတို့၏ ဂေါ်ဖီထုပ်လေးအား တစ်ခြားတစ်ယောက် တူးသွားသည့်ကိစ္စနှင့် ပတ်သက်၍ အနည်းငယ်အဆင်မပြေသော်လည်း ငယ်ရွယ်သောအတွဲအား ခွင့်ပြုပေးထားပြီး ၎င်းတို့အား တားမြစ်ခြင်းမှလည်း အကျိုးမရှိနိုင်ပေ။ ထို့အပြင် နှစ်ယောက်လုံးသည် လူကြီးများဖြစ်၍ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပွားခဲ့လျှင်ပင် ပုံမှန်သာဖြစ်သည်။


ဦးလေးနှစ်ယောက်သည် ပွင့်လင်းမှု ရှိလာခဲ့သော်လည်း နျဲ့ရှောင်ထံသို့ ဦးတည်နေသော အကြည့်ဓါးမြှောင်များမှာ ပြတ်လပ်မှုမရှိခဲ့ပေ။ အေးခဲစူးရှသော ဦးလေးများ၏ အကြည့်များအောက်တွင် နျဲ့ရှောင်သည် မလုံမလဲဖြင့် ဇွန်ဘီများအား ရှင်းနေသည်။ ည၌ဖြစ်ပျက်မည့် အကြောင်းအရာအား တွေးမိသောအခါ သူ၏နှလုံးသားထဲတွင် မီးတောက်ကလေး ပေါက်ဖွားလာရသည်။


ရှောင်ဝူယိသည်လည်း အလွန်ပျော်ရွှင်၍ မျှော်လင့်နေခဲ့သည်။ တစ်နေ့တာလုံး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျော်ရွှင်မှုလေထုများဖြင့် ပြည့်နေပြီး လူတိုင်းအတွက် အပြုံးများသည်လည်း အလွန်တောက်ပ၍ချိုမြိန်နေခဲ့သည်။ ပတ်ပတ်လည်မှ လေထုသည် ချစ်စဖွယ် ပန်းပွင့်လေးများဖြင့် ဝန်းရံနေသည့်ပုံပေါ်သည်။


လူတိုင်း ထိုအပြုံးလေး ကူးစက်ခံရသော်လည်း မည်သည်ကြောင့် အလွန်ပျော်ရွှင်နေမှန်း မသိခဲ့ပေ။


လူနှစ်ဦး၏ စိတ်လှုပ်ရှားမှုများ စိတ်မရှည်မှုများ၏ ကြားတွင် အလုပ်ရှုပ်သောနေ့တစ်နေ့သည် မကြာမီတွင် အဆုံးသတ်သွားခဲ့ပြီး ည၏ကန့်လန့်ကာသည် ကမ္ဘာပေါ်တွင် ကြယ်များဖြင့်ဝန်းရံနေပြီး ပေါ်ထွက်လာခဲ့သည်။ ညစာစားပြီးနောက် နှစ်ယောက်သည် ပုံမှန်အတိုင်း သူတို့၏အိပ်ခန်းသို့ပြန်ကာ နေရာလွတ်ထဲသို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သည်။


နေ့အချိန်မှ ကန့်သတ်ချက်များနှင့် ဆွဲဆန့်ထားရသော စိတ်မရှည်မှုများသည် ည၌ ပွင့်ထွက်လာသည်။ ၎င်းသည် အချစ်များအား ပို၍ပြင်းပြစေသည်။ လူနှစ်ဦးသည် လိုလိုလားလားနှင့် ရေစီးဆင်းရာ တူးမြောင်းဖြစ်ပေါ်လာသည်။ မည်သူမှ မဝင်ရောက်နိုင်သည့် နေရာလွတ်ထဲရှိ ဗီလာထဲတွင် သဟဇာတဖြစ်သောစက်ဝန်းသည် သူတို့၏နှလုံးသားများအား လုံးဝတင်းတိမ်ရောင့်ရဲစေသည်။


ထိုညတွင် နျဲ့ရှောင်နှင့်ရှောင်ဝူယိသည် အချို့သော ရှက်စရာအရာများအား လုပ်နေကြသည့်အပြင် ဗီလာအတွင်းရှိ အခြားအတွဲများသည်လည်း မြူးကြွသောကိစ္စများအား တိတ်တဆိတ် လုပ်ဆောင်နေကြပုံပေါ်သည်။


ကမ္ဘာကြီးသည် တည်ငြိမ်လာပြီး ညများအား ယခင်ကဲ့သို့ ထိတ်လန့်ရန် မလိုအပ်တော့ပေ။ ထိုကြောင့် သဘာဝအလျောက် လူတိုင်းသည် သူတို့နှစ်သက်သောသူနှင့် ပျော်ရွှင်စရာများ ပြုလုပ်ရန် စွမ်းအင်ပိုရှိလာခဲ့သည်။ ယခုအချိန်မှစ၍ ကမ္ဘာကြီးသည် ပိုပျော်ရွှင်၍ ပိုမိုစိတ်ချမ်းမြေ့လာရမည်။


တောက်ပသောအနာဂတ်မှာ လူတိုင်းအား စောင့်မျှော်နေလေပြီ။



🐹🐹🐹 ပြီးပါပြီ။🐹🐹🐹

Extra 3ပိုင်းကျန်ပါဦးမယ်ရှင်