အပိုင်း ၁၀၄ (Final 1)
Viewers 22k

🐹အခန်း ၁၀၄ (ဇာတ်သိမ်းပိုင်း-၁) 

ဝူယိလေးက စိတ်ချမ်းမြေ့ပြီး ပျော်ရွှင်နေတယ်



ဤလျှောချလိုက်သော ဇာတ်လမ်းအား နားထောင်ပြီး နျဲ့ရှောင်၊ မော့ယန်နှင့် အန်းယိတို့ ကြက်သေသေပြီး မိန်းမောတွေဝေသွားကြသည်။ 


ပေါက်စလေး! မင်းက တကယ် ရွေးချယ်ခံရတဲ့သူဘဲ!!


သူတို့သည် ပြင်းထန်သောလေလှိုင်းများနှင့် ကမ္ဘာကြီးအား မြင်တွေ့ဖူးသော်ဘည်း နျဲ့ရှောင်တို့သည် ယခုအချိန်တွင် ဟမ်းစတားလေးအား ဦးညွတ်ရလိမ့်မည်။ ဘာသာစကား အားနည်းမှုသည် သူတို့၏ နှလုံးသားထဲရှိ လေးစားမှုနှင့် ခံစားချက်အား မဖော်ပြနိုင်တော့ပေ။


အန်းယိသည် သူ၏အတောင်အားဖြန့်ကာ အပေါ်သို့ ပျံတက်သွားသည်။ ပုံထားသော ပစ္စည်းအပုံကြီးအား အကြမ်းဖျင်းကြည့်ကာ ပြောလေသည်။


"ဆာ့သ်က သူပိုင်ဆိုင်တဲ့ အရာမှန်သမျှကို သယ်ထားတာ ဖြစ်လိမ့်မယ်.. ဒါကြောင့် သုတေသနပစ္စည်းတွေ ရှိနေတာ.. ဒီအရာတွေအားလုံးကို သေချာထုတ်လိုက်တာက အပြင်ဘက်မှာရှိတဲ့ ဇွန်ဘီရောဂါပိုးကိုလေ့လာဖို့ အကူအညီဖြစ်လိမ့်မယ်.."


သို့သော် ထိုသို့ကြားသောအခါ ဟမ်းစတားလေးသည် ကျယ်လောင်စွာ 'ချိ' လိုက်ပြီး အန်းယိ၏ ပစ္စည်းအားလုံး အပြင်ယူမည့် အကြံအား ငြင်းပယ်ကာ နျဲ့ရှောင်နှင့် မော့ယန်ထံ စောင်းကြည့်လိုက်သည်။


နျဲ့ရှောင်သည် ကျယ်လောင်စွာတုံ့ပြန်သော ဟမ်းစတားလေးအား ငုံ့ကြည့်ပြီး နေ့အချိန်မှ "လိမ်ညာတိုက်တွန်းသည့် အစည်းအဝေး" အား ဆက်စပ်မိသွားသည်။ ထို့ကြောင့် စိတ်ရှုပ်ထွေးစွာဖြင့်မေးလေသည်။


"ပေါင်ပေါင်း.. နေ့ခင်းတုန်းက ဆာ့သ်ရဲ့ သုတေသန အခြေစိုက်စခန်းကိုရှာဖို့ သတိပေးခဲ့သေးတယ်.. အကယ်၍ ဒါက အန်းယိနဲ့ ကိုယ့်အတွက် သဲလွန်စမဟုတ်ရင် ဒယ်ဒီတို့ကို အရူးလုပ်ခဲ့တာပေါ့.. ပေါင်ပေါင်းမှာ အချက်အလက်တွေ ရှိရဲ့သားနဲ့ ဘာလို့ ဖွက်ထားတာလဲ.. ဒါက ဒေါက်တာဝေ့နဲ့ အခြားသူတွေအတွက် ဇွန်ဘီဗိုင်းရပ်ပိုးကို လေ့လာတာမှာ အရမ်းအကူအညီဖြစ်လိမ့်မယ်.. ပေါင်ပေါင်းလည်း ပိုင်မေ့ကို မြန်မြန်ပြန်ကောင်းစေချင်တာမလား.."


မော့ယန်သည် နေ့အချိန်မှ အကြောင်းအရာအား ပြန်တွေးမိသောအခါ မဟာမိတ်အဖွဲ့အား အပေါ်အောက် လှန်လုနီးပါးပင် ဖြစ်ခဲ့သည်။ အကယ်၍ ညအချိန်တွင် အန်းယိမှ လျှို့ဝှက်ချက်အား ဖော်ထုတ်ပြခြင်း မပြုခဲ့လျှင် သူ၏ မိသားစုဝင် မင်းသားလေး၏ ဆိုးဝါးလှသော သရုပ်ဆောင်စွမ်းရည်အား သတိပြုမိလိမ့်မည် မဟုတ်ချေ။ ဟမ်းစတားလေးသည် နျဲ့ရှောင်နှင့် အခြားသူများ၏ မျက်လုံးများ အောက်ငုံ့ကြည့်လာသည့်ကို ကြည့်ပြီး ရှင်းပြလိုက်သည်။


"ပေါင်ပေါင်းက ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး.. အခု အချက်အလက်တွေကို အားလုံးဖွင့်ပြလို့ မရသေးလို့ပါ.. ပေါင်ပေါင်းတို့ အရင်စိစစ်သင့်တယ်.. ဒါ့ပြင် ကမ္ဘာပျက်ကပ်ကို ဖြစ်စေတာက ဇွန်ဘီဗိုင်းရပ်တင်မဟုတ်ဘူး ရောဂါပိုးနှစ်မျိုး!!.."


ဤသို့ကြားရသောအခါ နျဲ့ရှောင်နှင့် အခြားသူများ ထိတ်လန့်သွားခဲ့သည်။


"တကယ် ၂မျိုးလား!.."


အန်းယိ အရင်ဆုံး တည်ငြိမ်သွားသူ ဖြစ်သည်။ ယခင်က မဟာမိတ်ညီလာခံအား သတိရပြီးနောက် ဖျက်ကနဲနားလည်သွားကာ ပြောလိုက်သည်။


"ဒါက တကယ်ဖြစ်လာတာပေါ့.. မဟာမိတ်ညီလာခံမှာ ရောဂါပိုးအကြောင်း ဆွေးနွေးတုန်းက အရှင်မင်းမြတ် ဆိုင်ဒန်က လူတိုင်းကို ပြောင်းလဲစေတဲ့ ရောဂါပိုးကို ဇွန်ဘီဗိုင်းရပ်လို့ ခေါ်ဖို့ မလိုလောက်ဘူးလို့ ပြောခဲ့တယ်... ဒါပေမယ့် ငါတို့က ရောဂါပိုး နှစ်မျိုးဖြစ်နေလိမ့်မယ်လို့ မတွေးမိခဲ့ဘူး.. မင်းသားလေးက အချက်အလက်တွေကို ကြိုဖတ်ပြီးပြီလား.."


"အင်း..ပေါင်ပေါင်း နည်းနည်းဖတ်ပြီးပြီ.."


ဟမ်းစတားလေးသည် ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။ ပေါက်ကွဲပြီးနောက် သူ၏ နေရာလွတ်ထဲတွင် နှစ်ရက်ကျော်နေခဲ့ပြီး အပြင်မထွက်ခဲ့ပေ။


ဒါက တကယ်တော့ အချက်အလက်တွေကိုရှာဖို့ဘဲ..


"အပြင်ဘက်မှာရှိတဲ့ ဗိုင်းရပ်ကို ဇွန်ဘီဗိုင်းရပ်လို့ ခေါ်နေကြတယ်.. ဒါပေမယ့် အဲဒါက 'ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်' ပဲ! ဂြိုလ်တွေပေါ်မှာရှိတဲ့ ကမ္ဘာပျက်ကပ်ရဲ့ တကယ့် အဖြစ်အပျက်နဲ့ မတူညီတဲ့အဆင့်လေးဆင့်ဖြစ်တဲ့ ဇွန်ဘီဘုရင်.. ဇွန်ဘီ.. စွမ်းရည်ပိုင်ရှင် နဲ့ သာမန်လူတွေက သူတို့ရဲ့ နဂိုအသွင်အပြင်ကို ထိန်းထားနိုင်တာ ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်ကြောင့်ပဲ.." 


ဟမ်းစတားလေး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လက်ရှိအခြေအနေနှင့် ၎င်းတို့ရှိ အချက်အလက်များအား ချိတ်ဆက်ကြည့်သောအခါ နျဲ့ရှောင်သည် ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်နှင့် ဇွန်ဘီ ဗိုင်းရပ်ကြားရှိ ဆက်နွယ်ချက်ကို လျင်မြန်စွာ နားလည်သွားသည်။


"ဒါပေမယ့် ဒီရောဂါပိုးနှစ်ခုကြောင့် အမှန်တရားကို လူတိုင်းဆီက ဖုံးကွယ်ထားခဲ့တာလား.."


မော့ယန် ပဟေဠိဖြစ်စွာ မေးလိုက်သည်။


"ဦးဦး.. ပေါင်ပေါင်းပြောတာ အရင်နားထောင်ဦး!!.."


ဟမ်းစတားလေးသည် ပါးလေးဖောင်း၍ 'ချိ..ချိ' ဆိုပြီး ဆက်၍ရှင်းပြကာ အခြားသူများအား အသိဥာဏ်ပွင့်စေသည်။


"လူတိုင်းဆီကနေ ပေါင်ပေါင်း ဖုံးကွယ်ထားရတဲ့ အကြောင်းပြချက်က ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ် မှာပါတဲ့ အချက်ကြောင့်ပဲ.. သူက သူ့ရဲ့လုပ်ဆောင်ချက်ကို လုပ်ဆောင်ဖို့ လက်ခံကောင်သတ္တဝါပေါ်မှာ မှီခိုနေဖို့လိုတယ်.. အကယ်၍ လက်ခံကောင်သတ္တဝါကို မိနစ် ၂၀ အတွင်း ရှာမတွေ့ဘူးဆိုရင် သူက သဘာဝအလျောက် လေထဲမှာ အားနည်းပျောက်ကွယ်သွားလိမ့်မယ်.. အခြားတစ်ဖက်ကပြောရရင်.. ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်က လက်ခံကောင်ကို 'သန္ဓေပြောင်းဖို့' နဲ့ 'ကွဲပြားဖို့’ တိုက်တွန်းလိမ့်မယ်.. ဇွန်ဘီဘုရင်နဲ့ ဇွန်ဘီတွေရဲ့ ခန္ဓာကိုယ်တွေမှာ ဇွန်ဘီဗိုင်းရပ်အဖြစ် ဆင်းသက်လိမ့်မယ်.."


အကြောင်းပြချက်များကြောင့် ယခုအခါ နျဲ့ရှောင်သည် ကောင်ငယ်လေး အသိပေးချင်သည်အား နားလည်သွားခဲ့သည်။


"ဒါကြောင့် ပေါင်ပေါင်းက ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်အကြောင်း အချက်အလက်တွေကို မပျံ့နှံ့စေချင်တာ အဲသည်လို မလား.."


"အင်း.."


ဟမ်းစတားလေး လေးပင်စွာ ခေါင်းညိတ်ပြလိုက်သည်။ အလွန်ချစ်ဖို့ကောင်းသည့် ဖက်ထုပ်ကလေး ဖြစ်သော်လည်း အမူအရာမှာ အလွန်လေးနက်နေသည်။


"အချက်အလက်တွေထဲက ဖော်ပြချက်အရ ကမ္ဘာပျက်ကပ်ကို ကြုံတွေ့နေရတဲ့ ဂြိုလ်တွေအားလုံးက အစပိုင်းမှာ ဝိုင်ဗိုင်းရပ်စ်ဥက္ကာပျံမိုးကို ကြုံရလိမ့်မယ်.. ပြီးရင် လူတွေက အဖျားကြီးလာမယ်_ အဖျားလျော့သွားပြီးရင်_ သန္ဓေပြောင်းလာလိမ့်မယ်.. လူတိုင်းက အမျိုးမျိုး အသွင်ပြောင်းပြီးရင် ဝိုင်ဗိုင်းရပ်စ်က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ပုပ်သိုးဆွေးမြေ့စေလိမ့်မယ်.. ဗိုင်းရပ်က လက်ခံကောင် ရှာမတွေ့ဘူးဆိုရင် မိနစ်၂၀ ပြီးရင် ပျောက်ကွယ်သွားလိမ့်မယ်.. အခုကိစ္စမှာ ပေါင်ပေါင်းတို့က အရဲစွန့်ပြီး ဝိုင်ဗိုင်းရပ်အကြောင်းကို မဖြန့်သင့်ဘူး.. အခု ပေါင်ပေါင်းတို့ ဖြေရှင်းဖို့ လိုအပ်တာက သူ့ဆီက ဆင်းသက်လာတဲ့ ဇွန်ဘီဗိုင်းရပ်ကိုဘဲ.."


"ပေါင်ပေါင်းက အချက်အလက်တွေက ပေါင်ပေါင်းနဲ့ အတူရှိတယ်ဆိုတာကို လူတိုင်းကို ပြောမပြခဲ့ဘူး.. ဘာလို့လဲဆိုတော့ အပြင်မထုတ်ခင်မှာ ပေါင်ပေါင်းက အရင်စိစစ်ချင်လို့.. ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်.. ဆာသ့်ရဲ့ ကမ္ဘာဖန်တီးခြင်းနဲ့ အခြားအန္တရာယ်ရှိတဲ့ အချက်အလက်တွေ.. ပေါင်ပေါင်းတို့က သူတို့ကို ခွဲခြားထားရမယ်.."


ယခုအချိန်တွင် အန်းယိနှင့် မော့ယန်သည်လည်း နားလည်သွားကြသည်။ သေချာစဥ်းစားကြည့်သောအခါ အန္တရာယ်ရှိသည့် အချက်အလက်များအား သေချာပေါက် ဖယ်ထုတ်ရန် လိုအပ်သည်။ ဒေါက်တာဝေ့၊ ပိုင်ယွဲ့နှင့် အခြားသူများအား ယုံကြည်ရသော်လည်း အချက်အလက်များ ထုတ်ပြီးနောက် ထောင်ချောက်များ ရှိလာနိုင်သည်။ တစ်စုံတစ်ယောက်သည် အချက်အလက်များအား ကိုင်ဆောင်ကာ အနာဂတ်တွင် ဝိုင်ဆင့်ကဲပြောင်းလဲ ဗိုင်းရပ်စ်အား ထပ်မထုတ်ပါဟု မည်သူမျှ အာမ မခံနိုင်ပေ။


ကမ္ဘာပေါ်တွင် ရေစိမ့်မဝင်နိုင်သော နံရံဟူ၍ မရှိပေ။ အကျိုးအမြတ်ကသာ ဆုံးဖြတ်ပေနိုင်သည်။ အကယ်၍ လူများသည် စွမ်းရည်အမြုတေများအကြောင်း သိသွားမည်ဆိုလျှင် ကမ္ဘာအသစ်တစ်ခု ဖန်တီးနိုင်ချေရှိပြီး ကမ္ဘာပျက်ကပ်သည်လည်း ထပ်တလဲလဲ ပြန်ဖြစ်ကာ အခြား'ကမ္ဘာ'နှင့် ရူးနေသည့် 'ဆာသ့်'တစ်ယောက်လည်း ပေါ်ထွက်လာလိမ့်မည်။ ထို့အပြင် အသက်ဓါတ်နှင့် အာကာသ-အချိန် စွမ်းရည် ပိုင်ဆိုင်ထားသော နီမိုတော်ဝင်မိသားစုအတွက် ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်လိမ့်မည်။


"ပေါင်ပေါင်းက မှန်တာကို လုပ်တာဘဲ.."


နျဲ့ရှောင်သည် ဟမ်းစတားလေးအား ကြည့်ကာ သူ၏ နှလုံးသားအောက်ခြေမှတိုင် ချီးကျူးလိုက်သည်။ လက်မြှောက်ကာ ဟမ်းစတားလေး၏ ခေါင်းအားပုတ်ပြီး ပြောလေသည်။


"အရမ်းအန္တရာယ်ရှိတဲ့ သုတေသန အချက်အလက်တွေက အခု ငါတို့နဲ့အတူ ရှိနေတယ်.. ဒါက အလုံခြုံဆုံးဖြစ်ပြီး မပေါက်ကြားနိုင်ဘူး.."


အန်းယိသည် ဟမ်းစတားလေးအား အားရကျေနပ်သော အမူအရာဖြင့် ကြည့်ပြီး ထိရှစွာပြောခဲ့သည်။


"မင်းသားလေးက တကယ် ကြီးပြင်းလာပြီပဲ.. ပြသာနာတွေကိုလည်း သေချာဆုံးဖြတ်နိုင်နေပြီ.. အနာဂတ်မှာ ငါနဲ့ မင်းဦးလေးက အခွင့်အာဏာကို လက်လွှဲပြီး ကောင်းကောင်းအနားယူနိုင်ပြီ.."


မော့ယန် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။


"အင်း ကိုယ်တို့ ခရီးတွေ ထွက်လို့ရပြီ.."


ထိုသို့ကြားသောအခါ ဟမ်းစတားလေး ချက်ချင်း ထိတ်လန့်စွာ ငိုကြွေးတော့သည်။


'ချိ..!' အုပ်ချုပ်ခြင်းနဲ့ ပတ်သက်ပြီး ပေါင်ပေါင်းက ဘာလုပ်ရမှာလဲ! မရဘူး.. ပေါင်ပေါင်းက ငြင်းတယ်..ပေါင်ပေါင်းက အပူအပင်မဲ့တဲ့ ငပျင်းမင်းသားလေးပဲ ဖြစ်ချင်တာလို့!!!


နျဲ့ရှောင်သည် ဟမ်းစတားလေး၏ ချစ်စဖွယ်ကြောက်ရွံ့နေသော အမူအရာလေးအား မြင်သောအခါ ရုတ်တရက် ကျယ်လောင်စွာ ရယ်ခဲ့မိသည်။


"ပေါင်ပေါင်း. .ဒယ်ဒီနဲ့ ပေါင်ပေါင်းရဲ့ ဦးလေးတွေက ပေါင်ပေါင်း အရမ်းဥာဏ်ကောင်းတယ်ဆိုတာ သိတယ်.. အနာဂတ်မှာ ပေါင်ပေါင်းက သေချာပေါက် အရည်အချင်းပြည့်ဝပြီး ထူးကဲတဲ့ ဘုရင် တစ်ပါး ဖြစ်လာမှာ.."


ဟမ်းစတားလေး QAQ: “ယင်ချိ~” ဒီချစ်ဖို့ကောင်းတဲ့အရူးလေးက ဘာမှမသိဘူးလို့!!


ဟမ်းစတားလေးသည် ဖြစ်စဥ်တစ်ခုလုံး၏ အမှန်တရားအား ပြောပြီးနောက် အနားယူရမည့်အချိန်သို့ရောက်လုနီးပါးပင်။ နျဲ့ရှောင်၊ ဝူယိနှင့် အခြားသူများသည် မကြာမီတွင် အနားမယူလျှင် အလွန်အကျွံ အလုပ်လုပ်ခြင်းကြောင့် ရုတ်တရက် သေဆုံးသွားနိုင်သည်။ ဆာ့သ် ကမ္ဘာမြေပေါ်သို့ ရောက်လာသည့် အချိန်မှစ၍ ယခုအချိန်ထိ ကောင်းစွာအနားမယူခဲ့ရပေ။


အန်းယိနှင့် မော့ယန်သည် သူတို့၏ မင်းသားလေးအတွက် ပူပင်သောကရောက်နေရသည်။ နျဲ့ရှောင်သည် သူ၏လက်ထဲတွင် သမ်းဝေ၍ အိပ်ငိုက်နေသော ဟမ်းစတားလေးအား ကြည့်နေစဥ် အန်းယိ ဂရုတစိုက်နှင့် ပြောလိုက်သည်။


"နောက်ကျနေပြီ.. မင်းသားလေး ဦးဦးငယ်တို့ကို နေရာလွတ်အပြင် ပို့ပေးတော့ ပြီးရင် ကနေ့ည ကောင်းကောင်းနားလို့ရပြီ.. သတင်းအချက်အလက်တွေကို အရင်ဆုံး ဘေးဖယ်ထားရအောင်.. ပြီးမှ ဖြေးဖြေးချင်း စိစစ်ကြမယ်.."


"အင်း.. အင်း.. ပေါင်ပေါင်းက အလျင်မလိုပါဘူး.."


ဟမ်းစတားလေးသည် နာခံစွာဖြင့် ခေါင်းလေးညိတ်လိုက်ပြီး နူးညံ့၍စေးကပ်စွာ 'ချိ..ချိ..' ဟု ပြောလေသည်။


"ဒါဆို.. ဦးဦးတို့ကို ပေါင်ပေါင်းက အခန်းပြန်ပို့ပေးမယ်.. ဦးဦးတို့လည်း သည်ည ကောင်းကောင်းအနားယူသင့်တယ်.. ဒယ်ဒီနဲ့ ပေါင်ပေါင်းကတော့ နေရာလွတ်ထဲမှာပဲ အိပ်လိုက်မယ်.."


မော့ယန်နှင့် အန်းယိ : "!!!"


ဦးလေးများမှာ အံ့အားသင့်စွာဖြင့် ပြောလေသည်။


"မင်းတို့နှစ်ယောက်က အပြင်မထွက်ဘူးလား.."


"အင်း! ပေါင်ပေါင်းက ဒယ်ဒီနဲ့ နှစ်ယောက်ထဲ ကမ္ဘာလေးမှာ နေမှာ!!! ဦးဦးတို့ ကောင်းသောညပါ.."


ဟမ်းစတားလေး ပျော်ရွှင်စွာ 'ချိ..ချိ..' ဟု ပြောပြီးနောက် သူ၏ လက်ဖဝါးလေးအား မြှောက်ကာ အန်းယိနှင့် မော့ယန်ထံသို့ အနမ်းပျံလေးများ ပေးပို့လိုက်သည်။


အန်းယိနှင့် မော့ယန်တို့အား ငြင်းဆိုရန် အခွင့်အရေးပင် မပေးခဲ့ဘဲ ချိုးငှက်နှင့် ကျားကြီးသည် ချိုင့်ဝှမ်းမှ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့ရသည်။ နျဲ့ရှောင် မတ်တတ်ရပ်နေဆဲဖြစ်ကာ အသိစိတ် ပြန်မရသေးချေ။


သူကျိန်ဆိုပါတယ် ဒါ သူ့အပြစ် မဟုတ်ပါဘူး...


နျဲ့ရှောင်သည် သူ၏လက်ထဲရှိ ဟမ်းစတားလေးအား ငုံ့ကြည့်ကာ မမေးဘဲ မနေနိုင်တော့ချေ။


"ပေါင်ပေါင်းရေ.. ရုတ်တရက်ကြီး သည်ည ဘာလို့ နေရာလွတ်ထဲမှာ နေချင်တာလဲ.."


ဟမ်းစတားလေးသည် နျဲ့ရှောင်အား ပြသာနာတက်၍ ဝမ်းနည်းနေသော အမူအရာလေးဖြင့် ကြည့်ကာ သက်ပြင်းချပြီး 'ချိ..ချိ..’ ဟု ပြောလေသည်။


"ပေါင်ပေါင်းရဲ့ ကူးမူနဲ့ ဦးဦးက အရမ်း စည်းကမ်းကြီးနေလို့ မဟုတ်ဘူးလား.. ပေါင်ပေါင်းတို့ အတူထွက်သွားမယ်ဆိုရင် ကူးမူအန်းယိက သူရဲ့ဘေးမှာအိပ်ဖို့ ဖြောင်းဖျလိမ့်မယ်.. အဲသည်လိုသာဆို ပေါင်ပေါင်းက ဒယ်ဒီနဲ့ အိပ်လို့မရတော့ဘူးလေ.."


"ပြီးတော့ ဒယ်ဒီက ပေါင်ပေါင်းရဲ့ အုပ်ထိန်းသူတွေနဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ နည်းနည်း သက်သောင့်သက်သာ မဖြစ်ဘူးလို့ ခံစားရလို့.. ပေါင်ပေါင်းတို့ နေရာလွတ်ထဲမှာ နေတာက အကောင်းဆုံး နည်းလမ်းပဲ.. ဒီနည်းနဲ့ဆိုရင် ပေါင်ပေါင်းတို့က မသင့်လျော်တာတွေ လုပ်ရင်တောင် ရုတ်တရက် အဖမ်းခံရမှာ ကြောက်ဖို့မလိုတော့ဘူး..”


ဟမ်းစတားလေး ခေါင်းညိတ်ကာ အလွန်အကျိုးရှိသည့် နည်းလမ်းအား ပြောပြလိုက်သည်။


နျဲ့ရှောင်: “…………” ငါ့ကလေးလေးက ဒီမသန့်ရှင်းတဲ့ စကားလုံးတွေက ဘယ်နေရာက သင်ခဲ့တာလဲ..

***


နေရာလွတ်အပြင်ဘက်ရှိ အိပ်ခန်းထဲတွင် မသင့်လျော်သည့် အပြုအမူများအား စုံစမ်းစစ်ဆေးသည့် ရုံးခန်းမှ စုံစမ်းရေးမှူးနှစ်ယောက်ဖြစ်သော ဦးလေးနှစ်ယောက်သည် မိန်းမောတွေဝေစွာ ရပ်နေခဲ့ကြသည်။


သူတို့သည် နျဲ့ရှောင်အား တွေးမိသောအခါ အံတင်းတင်းကြိတ်လိုက်ကြသည်။


သေချာပေါက်ကို အရိုင်းအစိုင်းကောင် မြှောက်ပေးတာပဲ ဖြစ်မယ်.. အဲလိုမဟုတ်ရင် ချစ်ဖို့ကောင်းတဲ့ တူလေးက ရည်းစားရပြီးတာနဲ့ ဦးဦးနှစ်ယောက်ကို မေ့သွားတာ ဖြစ်နိုင်ပါ့မလား..


ထို့ကြောင့် နျဲ့ရှောင်သည် မသိနားမလည်စွာ၊ အလွန်မတရားစွာဖြင့် အိုးပူပူအား သယ်ဆောင်ခဲ့ရသည်။ ထိုအချိန်တွင် သူသည် နေရာလွတ်ထဲရှိ ဗီလာ၏ အိပ်ရာပေါ်တွင် ဝူယိလေးနှင့် သက်သောင့်သက်သာရှိစွာ လှဲနေပြီးဖြစ်သည်။


လူသားပုံစံသို့ ပြောင်းလိုက်ပြီဖြစ်သည့် ဟမ်းစတားလေးသည် နျဲ့ရှောင်၏ လက်မောင်းပေါ်တွင် သက်သောင့်သက်သာဖြစ်စွာ လှဲနေခဲ့ပြီး ငြင်သာစွာ အိပ်ပျော်နေသည်။ အလွန်ပင်ပန်းခဲ့ရသော နျဲ့ရှော

င်သည်လည်း ရှောင်ဝူယိအား ဖက်ကာ မကြာမီတွင် အိပ်ပျော်သွားခဲ့သည်။


ယင်းမှာ ရှားရှားပါးပါး တိတ်ဆိတ်ငြိမ်သက်၍ ငြိမ်းချမ်းသော ညတစ်ညဖြစ်ခဲ့သည်။

..…