အပိုင်း ၉၅
Viewers 22k


🐹အခန်း ၉၅

 ဝူယိလေး၏ ဖုံးကွယ်ထားသော အရည်အချင်းနှင့် ကျော်ကြားမှု




မြေပြင်ပေါ်တွင် ပိုင်မေ့သည် အမိန့်မနာခံမှုကြောင့် ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထွက်သွားသည်။ သူ၏အသိစိတ်သည် တုန်လှုပ်ကာ လေးနက်မှုနှင့် ရှုပ်ထွေးမှုကြား တစ်လှည့်စီဖြစ်ပေါ်နေ၏။ ပြန်လည်ထူထောင်ဆေးရည်၏ အကျိုးသက်ရောက်မှု မရှိတော့သည့်အတွက် သူ့အားအစွယ်များ ပြန်ထွက်လာစေကာ သူ၏လက်သည်းများဖြင့် မြေပြင်အား ကုတ်ထားခဲ့သည်။ သူ၏နောက်တွင်ရပ်နေသော လောယွင်ဟိုင်အား စိတ်ဓာတ်ကျပြီး သွေးမျက်ရည်များကျနေသော မျက်လုံးများဖြင့် ကြည့်ခဲ့သည်။


"မြန်.. မြန်မြန် ကျွန်တော့်ကိုသတ်လိုက်!.. အကိုဟိုင် ကျေးဇူးပြုပြီး သတ်ပေးပါ.."


လောယွင်ဟိုင်သည်လည်း မျက်ရည်များကျကာ တုန်ယင်နေပြီး သူ့ကိုယ်သူ ဤအခြေအနေတွင် မထားနိုင်ပေ။ ခြေထောက်အောက်မှ သဲများဖြင့် ပိုင်မေ့၏ခန္ဓာကိုယ်ပေါ်တွင် ပတ်၍ ယာယီအကျဥ်းချထားနိုင်သည်။ သူ၏နှလုံးသားအား တူးထုတ်၍ အရိုးများ အချိုးခံရသကဲ့သို့ပင် နာကျင်စွာအော်လိုက်မိသည်။


"မဖြစ်နိုင်ဘူး!!!"


"အား....!ငါ့ကိုသတ်လိုက်..."


သဲများဖြင့်ကန့်သတ်ခံထားရသော ပိုင်မေ့သည် ထိတ်လန့်စွာအော်ခဲ့ပြီး လုံးထွေးနေခဲ့သည်။ သူ၏စိတ်ထဲတွင် ဆင်ခြင်တုံ့တရား ပျောက်ကွယ်သွားပြီး သူ၏မျက်လုံးများတွင် သွေးနီရောင်လွှမ်းနေခဲ့သည်။


သတ်..မင်းရှေ့မှာရှိတဲ့ သက်ရှိတိုင်းကိုသတ်ပစ်...


နင်ဖုန်း၊ ဝူချင်ဖုန်းနှင့် အခြားသူများသည် ဤမြင်ကွင်းအားကြည့်ကာ မျက်လုံးများ နီရဲလာခဲ့သည်။ ယခုအခြေအနေတွင် သူတို့ အများကြီးမတွေးနိုင်ဘဲ ပိုင်မေ့အား အကျဥ်းချရန် လောယွင်ဟိုင်ဘက်သို့လှည့်၍ ကူညီနိုင်သည်။ ပတ်ဝန်းကျင်မှ အဆင့်နိမ့်ဇွန်ဘီများ ရုတ်ရုတ်သဲသဲဖြစ်လာပြီး သူတို့အားဝိုင်းအုံ၍ အဆုံးမရှိသော အတန်းကြီးအား ဖြစ်စေသည်။ သူတို့အားလုံး တစ်ခဏမျှ လွှမ်းမိုးခံလိုက်ရသည်။


ဆာ့သ်သည် လေထုအလယ်တွင် ရုန်းကန်နေရသော လူသားများအားကြည့်ကာ ပျော်ရွှင်စွာဖြင့် ရယ်မောနေသည်။ သူ၏အမူအယာမှာ စိတ်ပျက်ဖွယ်ကောင်းပြီး ပုံမှန်မဟုတ်ဘဲ တွန့်လိမ်နေခဲ့သည်။


"ဟားဟားဟား.. ဘယ်လိုတောင်လှပတဲ့မြင်ကွင်းလေးလဲ.. ဒါကငါ့ကိုသစ္စာဖောက်တဲ့သူတွေအတွက် 

ကံကြမ္မာစီရင်မှုဘဲ.."


လူတိုင်းသည် ဆာ့သ်အားမုန်းတီးကာ သူ၏နှလုံးသားအား ဖျက်ဆီးပစ်ချင်ခဲ့ကြသည်။ သူတို့၏ လက်ရှိစွမ်းရည်များဖြင့် ဆာ့သ်၏ အကာအကွယ်ဒိုင်းအား တတ်နိုင်သမျှ တိုက်ခိုက်ခဲ့ကြသည်။


နျဲ့ရှောင်၏ မျက်လုံးများမှာ စက်ဆုပ်ရွံ့ရှာမှုများဖြင့် နီရဲနေခဲ့သည်။ မိုးရေများသည် သူ၏အဝတ်အစားများအား ရွှဲရွှဲစိုစေပြီး ရှဲ့ကျွင်း၏ နာမည်အား အော်ခေါ်ခဲ့သည်။ အနက်ရောင်အရိုးတူကြီးသည် သူ၏လက်ထဲသို့ ချက်ချင်းရောက်လာခဲ့သည်။ ကြီးမားသော မုန်တိုင်းနှင့်ကောင်းကင်မှ လျှပ်စစ်မိုးကြိုးများသည် ဆာ့သ်၏အကာအကွယ်ဒိုင်းအား အမှန်တကယ် ထိုးဖောက်သွားခဲ့သည်။


"ငါ့အတွက် သေလိုက်စမ်း!!!.."


ဆာ့သ် ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ခံခဲ့ရသည်။ သူ၏ပါးစပ်မှ သွေးများအန်ထုတ်လိုက်သော်လည်း ပြန်မတိုက်ခဲ့ပေ။ ထိုအစား ထူးဆန်းယုတ်ညံ့စွာ ပြုံးနေခဲ့သည်။ လက်ကိုတိတ်တဆိတ်မြှောက်၍ များစွာသော စွမ်းရည်အမြုတေများအား ပတ်ဝန်းကျင်မှ အဆင့်နိမ့်ဇွန်ဘီများထံ ပစ်ပေးလိုက်သည်။ ချက်ချင်းပင် ထိုဇွန်ဘီများအား ထိန်းမနိုင်သိမ်းမနိုင် အခြေအနေသို့ ရောက်စေသည်။ ဇွန်ဘီဘုရင်သည် သူတို့၏ခန္ဓာကိုယ်ထဲသို့ စွမ်းရည်အမြုတေများ ချိတ်ဆက်ပေးကာ စွမ်းရည်တိုးစေသည်။ ဇွန်ဘီဒီရေအား ကြိုးကိုင်ခြယ်လှယ်ပြီး အဆင့်နိမ့်ဇွန်ဘီများ၏ စွမ်းရည်များကိုတိုးအောင် ဆွပေးခြင်းသည် ဇွန်ဘီဘုရင်၏ စွမ်းရည်ဖြစ်သည်။


သွမ့်ဝမ်ယွီ၊ နင်ဖုန်းနှင့် အခြားသူများသည် ဤမြင်ကွင်းအားကြည့်၍ မျက်လုံးများပြူးလာခဲ့သည်။ သူတို့ အကောင်းဆုံးကြိုးစား၍ စွမ်းရည်အမြုတေဖြန့်ဝေခြင်းအား ကြားဝင်နှောင့်ယှက်သော်လည်း ငါးများပိုက်ကလွတ်သကဲ့သို့ အချို့သည် အဆင့်နိမ့်ဇွန်ဘီများထံ ဝင်သွားသည်။


"ဆာ့သ်.. မင်း မကောင်းတဲ့ အကောင်!!!.."


ထိုအချိန်တွင် ကမ္ဘာတစ်ဝှမ်းလုံးမှဇွန်ဘီများသည် ဒေါသထွက်နေကြပြီး လူသားအခြေစိုက်စခန်းအားလုံးသည် မကြုံစဖူး ဇွန်ဘီလှိုင်းများနှင့် ဝန်းရံခံခဲ့ရသည်။ ပိုင်မေ့မှလွဲ၍ အခြားလူသားဇွန်ဘီဘုရင်များသည် ဆာ့သ်၏ထိန်းချုပ်မှုအောက်တွင် ပေါ်ထွက်လာခဲ့သည်။ သူသည် ဇွန်ဘီစစ်တပ်တစ်ခုလုံးအား အားမထုတ်ဘဲရရှိခဲ့သည်။


ဇွန်ဘီငါးအုပ်များသည်လည်း ပင်လယ်ထဲတွင် စတင်အုံကြွလာခဲ့သည်။ သမုဒ္ဒရာထဲတွင် ကြီးမားသောဇွန်ဘီများသည် ဆူနာမီရေလှိုင်းများဖြစ်စေကာ ကမ္ဘာတိုက်ကြီးများနှင့် ပင်လယ်အလယ်ရှိများစွာသော ကျွန်းများ၏ ပတ်လည်ရှိ ကမ်းရိုးတန်းများအား တိုက်ခိုက်ခဲ့သည်။ ကြီးမားသော ရေနေဇွန်ဘီရေဘဝဲများသည် ပင်လယ်ကမ်းခြေပေါ်သို့တက်၍ သူတို့၏ရေဘဝဲလက်များဖြတ်သွားသောနေရာများတွင် အရှုပ်အထွေးများဖြစ်စေခဲ့သည်။


ကမ္ဘာကြီးတစ်ခုလုံး မှောင်မဲ၍ ပရမ်းပတာ ဖြစ်နေခဲ့သည်။


"ဘယ်လိုတောင် သာယာတဲ့ ငိုသံတွေလဲ.."


ဆာ့သ်သည် သူ၏လက်အားနားရွက်နားသို့ကပ်ကာ ကမ္ဘာအနှံ့မှလာသည့် အလွန်ဝမ်းနည်းဖွယ်ကောင်းသော ငိုကြွေးသံအားကြားရသကဲ့သို့ပင်။ ပျော်ရွှင်စွာ'ကခုန်' လိုပြီးရူးသွပ်နေသော မျက်နှာအမူအယာအား ပြသနေသည်။ သူရဲ့အစီအစဥ် ဖျက်ဆီးခံလိုက်ရသည့်အပြင် မင်းသားလေးမှာ ပျောက်ဆုံးသွားပြီး သူ၏တည်နေရာအားလည်း မသိရှိရပေ။ ထို့ကြောင့် လုံးဝရူးသွပ်သွားခဲ့သည်။


"မင်းတို့က ငါ့ရဲ့ ကမ္ဘာအသစ်ရည်မှန်းချက်ကို ဝင်နှောင့်ယှက်တယ်.. ငါ့ရဲ့ချီတုမျိုးနွယ်ကို ပြန်လည်အသက်သွင်းမယ့် မျှော်လင့်ချက်ကိုလည်း နှောင့်ယှက်တယ်.. ဒါကြောင့် မင်းတို့ကမ္ဘာကို ငါကဖျက်စီးပစ်မယ်.. ဟားဟားဟား ငရဲကိုအတူသွားကြတာပေါ့.."


နျဲ့ရှောင်သည် ငမိုက်သား၏ မျက်လုံးများ မဲမှောင်လာသည်ကို မြင်သည်။ တိုက်ခိုက်နေစဥ် တည်ငြိမ်စွာဖြင့် ဝူဝမ်ချီနှင့် အခြားသူများအား ပြောလိုက်သည်။


"ဝမ်ချီ.. နင်ဖုန်း.. ဗိုလ်ချုပ်ကြီးဝူ.. လောယွင်ဟိုင်နဲ့ ဆစ်စလို.. မင်းတို့တွေကပြန်ပြီး အခြေစိုက်စခန်းကို ကာကွယ်ပေးကြ.. ရှောင်ယွီ.. လျိုတာ့ရှန်နဲ့ အခြားသူတွေက အခုအချိန်မှာ သေချာပေါက် အကူအညီလိုနေလိမ့်မယ်.."


"မသွားဘူး.."


လောယွင်ဟိုင်သည် သူ၏ခေါင်းအား ချက်ချင်းခါလိုက်ကာ သူ၏မျက်လုံးများတွင် မျက်ရည်များ ရှိနေသည်။


"ငါပြန်မသွားဘူး.. ငါဒီမှာ ရှောင်ပိုင်ကို စောင့်ကြည့်နေမှာ.."


"မင်းစိတ်အေးအေးထားဦး.. ဒီမှာလူတိုင်းနေဖို့ မသင့်လျော်ဘူးလေ.."


ရှောင်ယန်သည် လောယွင်ဟိုင်၏မျက်နှာအား ရိုက်လိုက်သည်။ ထို့နောက် နီရဲနေသောမျက်လုံးများဖြင့် သူမသည် လောယွင်ဟိုင်အား နှစ်သိမ့်ခဲ့သည်။


"စိတ်မပူနဲ့ ငါတို့ ပိုင်မေ့မပါဘဲ စခန်းကို ပြန်မလာဘူး.. ဒါကြောင့် အခြေစိုက်စခန်းကို ပြန်သွားပြီး ရှောင်ပိုင်ရဲ့ ညီလေးကို ကာကွယ်ပေးချည်.. ငါပြောတာကြားလား!!.."


လောယွင်ဟိုင် မူးဝေနေခဲ့သည်။ သူ၏မျက်လုံးများ နီရဲနေပြီး လက်မြှောက်ကာ မျက်နှာပေါ်မှ မျက်ရည်မိုးများအား သုတ်လိုက်သည်။ သူ့ကိုယ်သူ သဲအဖြစ်ပြောင်း၍ ပိုင်မေ့အနီးသို့ကပ်ကာ သူ၏ပါးလေးသို့ ဖွဖွလေးနမ်းခဲ့သည်။ သဲမြေထဲတွင် နစ်နေသော ပိုင်မေ့သည် အသိစိတ်ကပ်ရန် အလွန်ကြိုးစားအားထုတ်ခဲ့ပြီး လောယွင်ဟိုင်ထံသို့ "ချစ်တယ်.."ဟုပြောခဲ့သည်။


 ဤမြင်ကွင်းအား လူတိုင်း မြင်တွေ့လိုက်ရပြီး မျက်နှာများ နီမြန်းလာကြသည်။


လောယွင်ဟိုင်သည် မျက်ရည်များဖြင့် ပိုင်မေ့အား နက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက် ရှောင်ယန်၊ ကျန်းချိုးနှင့် အခြားသူများဘက် လှည့်လိုက်သည်။ နီရဲသောမျက်လုံးများနှင့် ကွဲအက်နေသောအသံဖြင့် ပြောခဲ့သည်။


"ဒါဆို ကျေးဇူးပြုပြီး ပိုင်မေ့ကိုဂရုစိုက်ပေးပါဦး.."


ဝူဝမ်ချီ၊ နင်ဖုန်းနှင့် အခြားသူများသည် ရှောင်ယန်နှင့် သွမ့်ဝမ်ယွီအား နှုတ်ဆက်၍ သူတို့၏ စွမ်းရည်များသုံးကာ လျှင်မြန်စွာထွက်ခွာခဲ့သည်။


"ဒါဆို ငါတို့အခုသွားပြီ.. မင်းတို့အားလုံး ဂရုစိုက်ကြ ပြီးတော့ အဲ့သည်ကောင်ကို ဖယ်ရှားပစ်လိုက်.."


"ဒါပေါ့.."


နျဲ့ရှောင်၊ ကျန်းချိုးနှင့်အဖွဲ့ ပြိုင်တူပြန်ပြောခဲ့သည်။


ဝူဝမ်ချီနှင့် လောယွင်ဟိုင်တို့ ထွက်ခွာသွားသောကြောင့် ပိုင်မေ့အားထိန်းချုပ်ထားသော သဲများပြေလျော့သွားလေသည်။ မော့ယဲ့ အသွင်ပြောင်းထားသောဓါးအား ကိုင်ဆောင်ထားသည့် ရှောင်ယန်က ချက်ချင်းဆိုသလို ပိုင်မေ့၏ခန္ဓာကိုယ်အား ရေခဲများဖြင့်ပိတ်ဆို့ခဲ့ပြီး ကျန်းချိုးသည်လည်း သူ၏လက်အားမြှောက်ကာ သတ္တုသေတ္တာတစ်ခု ဖန်တီးလိုက်သည်။


ဆာ့သ်သည် ဝူဝမ်ချီနှင့် အခြားသူများ ထွက်ခွာသွားသည်ကို သတိထားမိသောအခါ သူ့ အမျက်ထွက်လာပြီး လက်မြှောက်ကာ သူတို့၏ဘက်ခြမ်းသို့ တိုက်ခိုက်လိုက်သည်။


"ငါမင်းတို့ကို ထွက်သွားခွင့်ပြုခဲ့လို့လား.."


နျဲ့ရှောင်၊ သွမ့်ဝမ်ယွီ၊ ကျန်းချိုးနှင့် ရှောင်ယန်၊ ပိုဆီယာနှင့် ဖုန်းညီအစ်ကိုသည် ချက်ချင်းဆိုသလို ရင်ဆိုင်ကြသည်။ သူတို့သည် ဝိုင်းဖွဲ့၍ ဆာ့သ်အား ပိတ်ဆို့ပြီးစုပေါင်းတိုက်ခိုက်ခဲ့ရင်း အေးစက်စွာပြောလေသည်။


"မင်းရဲ့ရန်သူက ဒီမှာ.."


ပိတ်ဆို့ခံလိုက်ရသော ဆာ့သ်၏မျက်လုံးများ ရူးသွပ်စွာ နီမြန်းလာခဲ့သည်။ သူ တကယ်မုန်းမိသည်။ လူသားတွေအတွက် သူ၏အစီအစဥ်အား ဖျက်ဆီးခဲ့သည့် ဤအဖွဲ့အား အလွန်မုန်းတီးသည်။


"မင်းတို့အားလုံး သေလိုက်ကျ အား...."


နှစ်ဖက် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသည်။ ဟမ်းစတားလေးသည် နာခံစွာဖြင့် အိတ်ကပ်ထဲမှ ဝူဝမ်ချီတို့အဖွဲ့ အခြေစိုက်စခန်းသို့ ကူညီရန်ပြန်သွားကြောင်း ကြားလိုက်ရသည်။ ယခုအချိန်တွင် လူတိုင်းအား ခွန်အားပေးချင်သော်လည်း ဘာမှမလုပ်ရဘဲ အိတ်ကပ်ထဲတွင် နေခဲ့ရသည်။


ပင်လယ်ထဲတွင် သူတို့၏ "နှုတ်ဆက်စကားမပြောဘဲ မထွက်ခွာရဘူး" ဆိုသည့် ကတိအား သတိရမိသောအခါ ဟမ်းစတားလေးသည် သူ၏လက်ဖဝါးလေးအား နျဲ့ရှောင်၏ အင်္ကျီရင်ဘတ်ပေါ်တွင်ရေးရန် ဆန့်ထုတ်ခဲ့သည်။


တိုက်ပွဲအလယ်ရှိ နျဲ့ရှောင်သည် ရုတ်တရက် အိတ်ကပ်ထဲမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုအား ခံစားမိခဲ့ပြီး သူ၏မျက်ခုံးများ ကျုံ့မိသွားသည်။ ထို့နောက် ဆာ့သ်အား ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဟမ်းစတားလေး၏ တီးတိုး ဖွင့်ဟချက်အား သေချာစွာ မကြားရသော်လည်း ကောင်ကလေး၏ ဆုံးဖြတ်ချက်ကိုသာ လက်ခံလိုက်သည်။


ဟမ်းစတားလေးနှင့် နျဲ့ရှောင်သည် စိတ်ချင်းဆက်နေကြပြီး ယခုကဲ့သို့ တီးတိုးရေရွတ်သံ၏ အဓိပ္ပါယ်ကိုပင် ကောင်းစွာနားလည်နိုင်ခဲ့သည်။ ထို့ကြောင့် ဝူယိသည် ပျော်ရွှင်စွာဖြင့် အိတ်ကပ်ထဲတွင် လေဟာနယ်စက်ဝိုင်းအား ရေးဆွဲကာ မိုင်ရာချီဝေးသည့် ဝူယိအခြေစိုက်စခန်းထံသို့ လမ်းဖောက်လိုက်သည်။


သူ၏အိတ်ကပ်ထဲတွင် ဗလာဖြစ်သွားကြောင်း နားလည်သွားသည့် နျဲ့ရှောင် : "..."


ဒီပေါက်စလေးကတော့…


ကံကောင်းစွာဖြင့် မင်းသားလေးသည် လူတိုင်း၏ မျက်လုံးအောက်မှာပင် ထွက်ပြေးနိုင်ခဲ့ပြီး ဆာ့သ် လုံးလုံးလျားလျား သတိမထားမိခဲ့ပေ။ ကျန်းချိုးနှင့် အခြားသူများသည်ပင် နျဲ့ရှောင်၏ အိတ်ကပ်ထဲတွင် ဟမ်းစတားလေး ရှိနေသေးသည်ဟု တွေးမိလိမ့်မည်။


နျဲ့ရှောင်သည် လျှို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဆာ့သ်အားယုံကြည်မှု အပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။


ကောင်းကင်အား ကိုင်လှုပ်နိုင်သည့် စွမ်းရည်များ၏ ပြင်းထန်သော တိုက်မိခြင်းသည် လူသူမရှိသည့်စန်းချန်မှ ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ အသက်ရှင်နေထိုင်သူများသည် ဇွန်ဘီလှိုင်းများအား သူတို့တတ်နိုင်သလောက် ခုခံနေခဲ့ရသည်။


******


_ဝူယိအခြေစိုက်စခန်း_


ဝူဝမ်ယွီသည် ခေါင်းပေါ်မှအကာအကွယ်ဒိုင်းကာအား ထိန်းသိမ်းနိုင်စေရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ အေးစက်နေသောချွေးပေါက်ကြီးများသည် သူမ၏ လှပ၍ ချွန်ထက်သော မေးဖျားသို့ စီးကျလာခဲ့သည်။ အပြင်ဘက်တွင် မရေမတွက်နိုင်သော လူသားဇွန်ဘီများ၊ ဇွန်ဘီပိုးကောင်များနှင့် ဇွန်ဘီငှက်များက သူမ၏ အကာအကွယ်ဒိုင်းအား ထိုးဖောက်နေခဲ့ကြသည်။ ကြီးမားသောအကျိုးသက်ရောက်မှုက သူမ၏ခွန်အားကို လျင်မြန်စွာ ကုန်ဆုံးသွားစေပြီး သူမသည်ဇွန်ဘီအမြုတေများအား လျင်မြန်စွာဝါးမျိုနေခဲ့ရသည်။


အမျိုးမျိုးသော စွမ်းရည်များက အကာအကွယ်ဒိုင်းပတ်ပတ်လည်တွင် အရောင်စုံတောက်ပနေခဲ့သည်။ အခြေစိုက်စခန်းရှိ စွမ်းရည်အသုံးပြုသူအားလုံးသည် လက်ရှိတွင် ရှေ့ဆုံးလိုင်းမှ ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေခဲ့ကြသည်။ ထိုအချိန်အတောအတွင်းတွင် သာမန်လူများသည်လည်း အခြေစိုက်စခန်း၏ နံရံအားခိုင်ခံ့စေရန် သူတို့ကိုသူတို့ မြှုပ်နှံထားခဲ့ပြီး တစ်ဦးချင်းဆီသည် အမိန့်အရ ကိုယ်ပိုင်တာဝန်များအား လုပ်ဆောင်ကာ သူတို့၏ ကိုယ်ပိုင်စွမ်းအားများဖြင့် အကူအညီပေးနေခဲ့သည်။


ထိုအချိန်တွင် လူသားအားလုံးသည် ကြိုးတစ်ကြိုးအဖြစ်ကျစ်ခဲ့ပြီး သူတို့၏နောက်ဆုံးအိမ်အား ကာကွယ်ရန် သူတို့၏အင်အားများဖြင့် စည်းလုံးညီညွတ်ခဲ့ကြသည်။


ဤအဖိုးတန်သော စည်းလုံးမှုနှင့် အမိန့်များသည် အစပိုင်းကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင်ကာကွယ်မှုများ၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ နျဲ့ရှောင်၊ ပိုင်မေ့နှင့် အခြားသူများ အခြေစိုက်စခန်းမှ ထွက်ခွာသွားသည်နှင့်တပြိုင်နက် ကျောင်းအုပ်ယွမ်နှင့် အခြားသူများသည် အကာအကွယ်လုပ်ဆောင်ချက်အား ချက်ချင်းစတင်ခဲ့သည်။ သူတို့သည် လျှို့ဝှက်စွာဖြင့် မြို့တော်၊ လန်ချန်း၊ ဟာပင်း၊ ဟိုင်ချန်...နှင့် ကမ္ဘာတစ်ဝှမ်း အခြားတည်နေရာများမှ စွမ်းရည်ပိုင်ရှင်အဖွဲ့အားလုံး အခြေစိုက်စခန်းထံ ပြန်လာရန်နှင့် လူများအား နောက်ထပ်အပြင်မထွက်ရန် စာပို့၍သတိပေးခဲ့သည်။ ပြန်မလာနိုင်သည့် လူများအတွက် အလွန်လုံခြုံသည့် နေရာအားရှာကာ အရေးပေါ်အခြေအနေတွင် ဖြစ်နိုင်သမျှ သေသေချာချာ ပုန်းနေသင့်ကြောင်းသတိပေးခဲ့ကြသည်။ 


ပထမတွင်လူတိုင်းသည် စစ်ပွဲအတွက် အလွန်အကျွံ ပြင်ဆင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ ထူးဆန်းသည်ဟု ခံစားရပြီး ပဟေဠိဖြစ်နေခဲ့သည်။ ဇွန်ဘီများ၏ အဓိကရုဏ်းဖြစ်ပွားမှုအား သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်လိုက်ရသည့် အခါမှသာ အခြေစိုက်စခန်းမှ ခေါင်းဆောင်များ၏ အမျှော်အမြင်အား နက်ရှိုင်းစွာ နားလည်သွားခဲ့သည်။


စောစီးစွာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့ရသည့်အတွက် များစွာမထိတ်လန့်ခဲ့ကြပေ။ ဇွန်ဘီလှိုင်းများ ပေါ်ပေါက်လာမှု၏ အဓိပ္ပါယ်သည် နျဲ့ရှောင်တို့အဖွဲ့၏ အစီအစဥ်မှာ ဆာ့သ်ထံ လုံးဝဖော်ထုတ်ခံလိုက်ရခြင်းဖြစ်ပြီး လျှို့ဝှက်ချက်များအား ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။


ကျောင်းအုပ်ယွမ်နှင့် အဓိကအခြေစိုက်စခန်းများမှ ရာထူးကြီးများသည် ချက်ချင်းပင် အတွင်းသတင်းများအား ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ အသက်ရှင်သန်သူအားလုံးကို ကမ္ဘာပျက်ကပ်နောက်ကွယ်ရှိ လျှို့ဝှက်ချက်များအား သိစေခဲ့ပြီး နျဲ့ရှောင်တို့အဖွဲ့သည် ရုတ်တရက်ကပ်ဘေးအား ဖြစ်ပွားစေသည့် မူလဇွန်ဘီဘုရင်အား ရင်ဆိုင်နေခဲ့ရကြောင်း သိစေခဲ့သည်။


"လူတိုင်း နားထောင်ကြပါ.. အရှေ့ဘက်မှာ နျဲ့ရှောင်တို့အဖွဲ့က အသန်မာဆုံးဘောစ့်ကို ငါတို့အတွက် တိုက်ခိုက်နေခဲ့တယ်.. ဒါကြောင့် ငါတို့ကလည်း ဒီအခြေစိုက်စခန်းကို ကာကွယ်ရမယ်.. အသက်ရှင်.. ကြိုးစား.. သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားအားထုတ်မှုတွေကို အချည်းအနှီး မဖြစ်စေနဲ့..."


"ဟုတ်ပြီ! ဇွန်ဘီတွေကိုသတ်ကြ!.."


လျိုတာ့ရှန်သည် စွမ်းရည်အသုံးပြုသူများအား အကာအကွယ်ဒိုင်းကာအစွန်းသို့ ခေါ်လာခဲ့ပြီး သွေးလွှမ်းနေသော မျက်လုံးများဖြင့် ဇွန်ဘီများအား အစုလိုက်အပြုံလိုက် သတ်ခဲ့သည်။ သိပ်သည်းပြည့်ကြပ်နေသော အပြင်ဘက်မှ ဇွန်ဘီများသည် ရေလှိုင်းများကဲ့သို့ နေရာအနှံ့မှ အဆက်မပြတ် လှိမ့်တက်လာခဲ့သည်။ ထိုသတ်ဖြတ်ခြင်းများသည် ရိုးရှင်းစွာအဆုံးမရှိဘဲ၊ နယ်နိမိတ်ကိုပင် မမြင်နိုင်ပေ။


ထိုအချိန်တွင် ကြီးမားသော အပေါက်တစ်ခုသည် မြေပြင်ပေါ်တွင် ရုတ်တရက်ပေါ်လာပြီး မရေတွက်နိုင်သော ဇွန်ဘီများ ချက်ချင်းအသတ်ခံခဲ့ရသည်။ ကမ္ဘာ၏အမျိုးမျိုးသော သဲ၊ မီးတောက်၊ ပန်းပွင့်ပျံ.. များစွာသော စွမ်းအားပြည့်စွမ်းရည်များ ရုတ်တရက်ပေါ်ထွက်လာကာ ကြီးမားသော ဇွန်ဘီအရေအတွက်အား သူတို့ဖြတ်သွားသည့် နေရာတိုင်းတွင် ရှင်းလင်းခံခဲ့ရသည်။ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်၏ အသံလှိုင်းသည်လည်း ရုတ်တရက်ပေါ်ထွက်လာကာ အကာအကွယ်ဒိုင်းအပေါ်မှ ဇွန်ဘီငှက်များနှင့် ပိုးကောင်အုပ်စုအား ပပျောက်စေခဲ့သည်။


"ဝါးးး အဲဒါ ဘောစ့်ဝမ်ချီ..နင်ဖုန်းနဲ့ သူတို့ပဲ.. သူတို့က ငါတို့ကို ကူညီဖို့ ပြန်လာကြတယ်.."


"ဒါဆို ဘောစ့်နျဲ့ရှောင်နဲ့ အခြားသူတွေကရော ဘယ်လိုဖြစ်ကုန်ပြီတုန်း.."


ဝူဝမ်ချီနှင့် အခြားသူများ၏ ရုတ်တရက်ပေါ်ပေါက်လာမှုသည် အခြေစိုက်စခန်းမှ လူများအတွက် အားတက်စေခဲ့သည်။ လူတိုင်း အော်ဟစ်၍ အောင်ပွဲခံခဲ့သည်။ သူမ၏ အစ်ကိုကြီးအား မြင်သောအခါ ဝူဝမ်ယွီ၏ နှုတ်ခမ်းပေါ်တွင် မထိန်းချုပ်နိုင်စွာ ဖြူဖျော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။


"သူတို့က တိုက်ခိုက်နေတုန်းဘဲ ဒါကြောင့် ငါတို့တောင့်ခံထားရမယ်.."


ဝူဝမ်ချီသည် သူ၏မျက်နှာနှစ်ဖက်အား လက်ဖြင့်ကာ၍ လူတိုင်းထံအော်ပြောခဲ့သည်။ ထို့နောက် လျိုတာ့ရှန်အား ပုဆိန်အဖြစ်သို့ပြောင်းရန် ပြောလိုက်သည်။ သူ၏လက်ကိုဝှေ့ရမ်း၍ အခြေစိုက်စခန်းပတ်လည်တွင် ကြီးမားသောအက်ကြောင်းတစ်ခု ထင်စေခဲ့ပြီး မရေတွက်နိုင်သောဇွန်ဘီများအား ထိုအထဲသို့ ဝင်သွားစေသည်။ ထိုမြင်ကွင်းမှာ ခမ်းနားကြီးကျယ်လှပေသည်။


နင်ဖုန်း၏ မီးစွမ်းရည်တစ်ခုတည်းနှင့် မလုံလောက်နိုင်၍ လူများအား လက်နက်ဂိုထောင်သို့သွားကာ သူ၏ "ကြီးမားသော ဥဥများ" အားယူခိုင်းပြီးနောက် အပြင်သို့ပစ်လွှတ်လိုက်သည်။ 


ကြီးမားသော ကမ္ဘာတုန်စေသည့် ပေါက်ကွဲမှုသည် လူတိုင်း၏နှလုံးသားထဲတွင် ဖြစ်ပေါ်စေသည်။ ဝူချင်ဖုန်း၏ "ပွင့်လွှာပျံ" စွမ်းရည်သည်လည်း အခြေစိုက်စခန်းတွင်နေရာချထားသည့် ပါ့ဝမ်ဟွား၊ ရှစ်ရန်ထျန်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေခဲ့သည်။ လောယွင်ဟို

င်၏ "မြေစနစ်၏မျိုးကွဲသဲ" သည်လည်း အခြေစိုက်စခန်း၏ အက်ကွဲကြောင်းထဲတွင် ကစားကွင်းမှသဲများဖြင့် ရွှံ့ဗွက်များဖြစ်စေကာ အံ့ဖွယ်ကောင်းစွာ သေစေနိုင်လေသည်။