Chapter 245
အကြီးဆုံးကျန်းအကြောင်း အချပ်ပို-5
စာမေးပွဲရလဒ်ထွက်မည့်နေ့၏ နေ့လယ်ပိုင်းလောက်တွင် အပြင်ထွက်စားရန်စီစဥ်ထားသော်လည်း ကျန်းကျန့်က ထိုမတိုင်မီ တရုတ်သို့ပြန်သွားခဲ့သည်။
သူက နျင်းချီကိုပါခေါ်လာချင်ကြောင်း မိဘများထံ တောင်းဆိုခဲ့သည်။
"သား...မင်း ဆုံးဖြတ်ပြီးပြီလား"ကျောက်ယီဟွေ့က မေးလာသည်။
ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်သည်။
"ဒါဖြင့် သူ့ကိုကောင်းကောင်းဆက်ဆံပါ"ကျောက်ယီဟွေ့က ဆိုလိုက်သည်။
သူတို့ကျောက်မိသားစုက တော်ဝင်မျိုးနွယ်ဖြစ်သော်လည်း ဘိုးဘေးများက သာမန်လယ်သမားများဖြစ်၍ တစ်ယောက်ယောက်ကို သဘောကျလျှင်လည်း သူတို့အဆင့်အတန်းကို ဂရုစိုက်နေမည်မဟုတ်ပေ။
ပြောရလျှင် ကျန်းကျန့်က မတူပါချေ။
ကျန်းကျန့်ကလေးဘဝကဖြစ်ခဲ့သည့်ကိစ္စနှင့် နောက်ပိုင်း သူ၏လိမ္မာရေးခြားရှိလာမှုတို့ကြောင့် သူ့တောင်းဆိုမှုကို ငြင်းဆိုမည်မဟုတ်။
မိဘထံမှ သဘောတူညီချက်ရ၍ ကျန်းကျန့်မှာ ချက်ချင်းပြုံးပျော်သွားသည်။
နွေရာသီအားလပ်ရက်အတွင်း နျင်းချီနှင့်စေ့စပ်ထားလိုက်လျှင် တရုတ်တော်ဝင်အကယ်ဒမီကျောင်းကို အတူတူတက်နိုင်မည်ဖြစ်ပြီး ဘွဲ့ရပြီးသည်နှင့် လက်ထပ်လိုက်မည်ဖြစ်သည်။
တွေးရင်းတွေးရင်း ကျန်းကျန့်မှာ ပျော်လာရကာ ဟယ်ရှင်းမြို့သို့ပြန်ရန်စီစဥ်လိုက်သည်။
ရုတ်တရက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် လေယာဥ်ထွက်ခွာ၍မရချေ။
ကျန်းကျန့်က လေဆိပ်တွင်စောင့်နေစဥ် ရှင်းကော်ကောလိပ်ဝင်ခွင့်ရလဒ်များ ကြေညာနေပြီဖြစ်သည်။သူက ကောင်းကောင်းဖြေဆိုနိုင်ခဲ့၍ မမျှော်လင့်ထားစွာ ဟယ်ရှင်းမြို့၏ပထမနေရာယူနိုင်ခဲ့ပြီး စီရင်စု၏ထိပ်တန်းကျောင်းသားဖြစ်လာခဲ့သည်။
သို့သော်လည်း ဟယ်ရှင်းစီရင်စုတွင် ကိုယ်ပိုင်ကျောင်းများရှိသေး၍ ကျန်းကျန့်ကို တစ်မြို့နယ်လုံးအထူးချွန်ဆုံးကျောင်းသားဟု သတ်မှတ်၍မရပေ။ထိုကျောင်းသားများ၏ရည်မှန်းချက်က ကောလိပ်ဝင်ခွင့်စာမေးပွဲမဟုတ်ပဲ တရုတ်တွင် ပညာသင်နိုင်ရန်ဖြစ်သည်။
ဥပမာအနေနှင့် ဟယ်ရှင်းမြို့၏အကောင်းဆုံးကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားတစ်ဝက်ကျော်ကျော်မှာ ကောလိပ်ဝင်ခွင့်မတိုင်မီကတည်းက နိုင်ငံရပ်ခြားတွင် ပညာသင်နိုင်မည့်နည်းလမ်းမျိုးစုံတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး တရုတ်သို့မဟုတ်သြစတြီးယားကျောင်းများမှ လက်ခံစာရထားကြလေသည်။
သြစတြီးယားနိုင်ငံက ကျောက်မင်ကျူး သြစတြေးလျတွင် တည်ထောင်ထားသည့်နိုင်ငံဖြစ်သည်။
လက်ခံစာရထားသည့်သူများက နိုင်ငံခြားသွားရန် ရွေးချယ်ထားပြီးဖြစ်၍ ကြိုးစားလွန်းသည့် ကျန်းကျန့်မှာ ကောလိပ်ဝင်ခွင့်ထိပ်တန်းကျောင်းသားအဖြစ်သာ အဆုံးသတ်ရလေသည်။
ဤသည်က ပျော်စရာကိစ္စဖြစ်၍ သူငယ်ချင်းများနှင့်ဆွေမျိုးများက ဖုန်းဆက်ပြီး ဂုဏ်ပြုပေးနေ၍ ကျန်းကျန့်မှာ လေယာဥ်မထွက်သေး၍ လေဆိပ်တွင်စောင့်ပြီး ဖုန်းလက်ခံဖြေဆိုနေရသည်။
ကံကောင်းထောက်မစွာနှင့် သိပ်မကြာမီ လေယာဥ်ထွက်နိုင်တော့မည်ဖြစ်သည်။
ကျန်းကျန့်က အမြန်ပင် လေယာဥ်ပေါ်တက်လိုက်သည်။
နွေရာသီတွင် စားသောက်ဆိုင်လုပ်ငန်းမှာ လည်ပတ်မှုအားနည်းသော်လည်း ယနေ့နေ့လည်ပိုင်းတွင်မူ ဟယ်ရှီမြို့၏စားသောက်ဆိုင်တစ်ခုမှာ လူစည်ကားလျက်ရှိသည်။
အနီးအနားရှိ အထက်တန်းကျောင်းတစ်ခုမှ အောင်ပွဲခံညစာပါတီအတွက် ကြိုတင်ချိတ်ထားခြင်းဖြစ်သည်။
စီနီယာအထက်တန်းတွင် လူငါးရာခန့်ရှိ၍ စားပွဲခြောက်ဆယ်ခန့် ပြင်ထားရသည်။ခန်းမတွင်ပင် မလောက်၍ အပေါ်ထပ်ကသီးသန့်ခန်းများပင် ပြင်ပေးထားရသည်။
အစားအစာက သာမန်သာဖြစ်ပြီး ဟိုတယ်လျော့စျေးနှင့်ဖြစ်၍ တစ်ယောက်က်ို ဒေါ်လာတစ်ရာပင်မကျချေ။သို့သော်လည်း လူတိုင်းက ပျော်ပျော်ရွှင်ရွှင်နှင့် စားသောက်နေကြသည်။အချို့က အသောက်ကလေးပင် စမ်းနေကြလေသည်။
သို့သော်လည်း ကျန်းကျန့်ရောက်မလာသေး၍ နျင်းချီမှာ ကြည်ကြည်သာသာမရှိပေ။ကျန်းကျန့်ထံ အကြိမ်ပေါင်းများစွာခေါ်ထားသော်လည်း စက်ပိတ်ထား၍ အသံမက်ဆေ့ချ်ချန်ထားရန်သာဖြေလာသည်။
ကျန်းကျန့်က သူ့ဖုန်းကိုမဖြေချင်တာများလား။
"နျင်းချီ...ကျောက်ကျန့်က မင်းနဲ့တကယ်တွဲချင်တယ်လို့ ငါတော့မထင်ဘူး...အခု အထက်တန်းလည်းပြီးသွားပြီဆိုတော့ သူနဲ့ဖြတ်လိုက်တာကောင်းမယ်"နျင်းချီ၏မိန်းကလေးသူငယ်ချင်းတစ်ယောက်က ဆိုလာသည်။
"မဟုတ်လည်း သတိထား နင် ဘာမှမကျန်ခဲ့ပဲနေမယ်"
"မဟုတ်ဘူး"နျင်းချီက သူ့သူငယ်ချင်းကိုစိုက်ကြည့်လိုက်ရင်း ချက်ချင်းပြောလိုက်သည်။
"ဘာလို့မဟုတ်ရမှာလဲ...ငါ့အဖေလည်း အဲ့လိုပုံစံမျိုးပဲ"ဆက်ပြီး နျင်းချီ၏သူငယ်ချင်းက သူမအဖေ၏မိသားစုက အလွန်ဆင်းရဲလှကာ ပညာသင်နေစဥ်အတွင်း သူမအမေနှင့်ချစ်ကြိုက်သွားခဲ့ပြီးနောက်ပိုင်း သူမအမေ၏ပိုက်ဆံများကို သုံးဖြုန်းခဲ့ကြောင်း ပြောလာသည်။
ယင်းက ဘာမှမဟုတ်သော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် သူမအဖေအောင်မြင်လာသည့်အခါ ပထမဆုံးလုပ်သည့်အရာက သူမအမေနှင့်ကွာရှင်းခဲ့ခြင်းပင်။
သူမက ကျန်းကျန့်ကိုလေးစားသော်လည်း သူမအဖေကဲ့သို့ ငါးဆားနူးဖြစ်နေမှာစိုးရိမ်သည်။
"ကျောက်ကျန့်က အဲ့လိုမဟုတ်ဘူး"နျင်းချီက ဆိုလိုက်သော်ငြား စိတ်ကမလုံချေ။
သူက ကျန်းကျန့်နဲ့ ဆက်သွယ်လို့မရသေးဘူး။
နျင်းချီက သူ့ထံ အခြားတစ်ယောက်ချည်းကပ်လာမှာစိုးမိသည်။
"နျင်းချီ...နင်အပစ်ခံလိုက်ရပြီမို့လား"
"ကျောက်ကျန့်က နင့်ကို မကြာခင်ပစ်မယ်မှန်း ငါသိသားပဲ"
"ကျောက်ကျန့်က နင့်လိုလူမျိုးကို ကြည့်မှာမဟုတ်ဘူး"
ရောက်လာသည်သူများက နျင်းချီနှင့်ရန်စရှိဖူးထားသည့် ကျန်းကျန့်ကို ကြိုက်နေသူများပင်။ယခုလည်း အရက်ကလေးဝင်ထား၍ ဆိုးဆိုးဝါးဝါးပြောနေကြခြင်းသာ။
"သူ့ကိုသာ လိုက်မနှောင့်ယှက်ခဲ့ရင် ကျောက်ကျန့်က နင်နဲ့တွဲမှာမဟုတ်ဘူး...အခုကျောင်းပြီးသွားပြီဆိုတော့ နင့်ကိုပစ်လိုက်နိုင်လို့ ပျော်နေတော့မှာ"တစ်ယောက်က ထပ်ပြောလာသည်။
နျင်းချီက သူ့ကိုယ်သူထိန်းမထားနိုင်တော့၍ ထိုလူ့ကို ထိုးချလိုက်သည်။
"နျင်းချီ"ကျန်းကျန့်က အချိန်ကိုက်ရောက်လာလေသည်။
"ကျောက်ကျန့်"
နျင်းချီက အံ့သြသွားပြီးတစ်ပြိုင်နက် ပျော်ရွှင်သွားကာ ကျန်းကျန်မကြိုက်မည်စိုး၍ လက်သီးကိုအမြန်ရုတ်လိုက်သည်။ သို့သော်ငြား မျက်နှာချင်းဆိုင်ကလူက ရပ်ချင်ဟန်မတူ...ထိုလူ့လက်သီးက သူ့မျက်နှာပေါ်ကျသွားလေသည်။
ကျန်းကျန့်က မသိလိုက်စွာနှင့်ပင် ထိုလူ့ဆီကန်ထည့်လိုက်ကာ လက်မောင်းကို ကန်ပစ်လိုက်သည်။
သူ၏အဆင့်အတန်းကြောင့် ကျန်းကျန့်မှာ အရာရာတိုင်းသင်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုခုခံမှုလည်း မပါမဖြစ်၍ ဤကန်ချက်ကလည်း မသေးလှ။
တစ်ဖက်လူကလည်း ခလုတ်တိုက်လဲသွားကာ စားပွဲပေါ်ပက်လက်လှန်သွားရသည်။
ကျန်းကျန့်မှာ ကိုယ့်ကိုယ်နားမလည်တော့ပေ။သူဘက်မှစပြီး တစ်ခါမှမရိုက်ဖူး၍ဖြစ်မည်။
အနားကလူများကလည်း ကြောင်စီစီဖြစ်ကုန်ကြသည်။ ကျန်းကျန့်ကလည်း လူရိုက်တတ်တယ်ပေါ့။
ကျန်းကျန့်က ပထမဆုံးအကြိမ်လူရိုက်လိုက်ရုံမက အခြေအနေကလည်း အလွန်ပြင်းထန်သွားသည်။
ကျောင်းသားက ပြင်းပြင်းထန်ထန်မထိခိုက်သွားသော်လည်း မိဘဖြစ်သူများက မကျေနပ်၍ ရဲတိုင်လိုက်သည်။ထိုအချိန်က ကျောင်းသားများလည်းရှိနေ၍ အချို့က ဓါတ်ပုံရိုက်ပြီးဗီဒိယိုကို အွန်လိုင်းပေါ်တင်လိုက်ကြသည်။
ကောလိပ်ဝင်ခွင့်ရထိပ်တန်းကျောင်းသားက လူရိုက်လိုက်၍ သေချာပေါက် သတင်းကြီးဖြစ်ကာ အင်တာနက်တစ်ခွင်ပျံ့သွားလေသည်။
ဟယ်ရှင်းမြို့ရှိသတင်းထောက်များကလည်း ကောလိပ်ဝင်ခွင့်ရထိပ်တန်းကျောင်းသားကို အင်တာဗျူးရန် ရဲစခန်းကိုသွားရှာရသည်။
"တောင်းပန်ပါတယ်....အားလုံး ငါ့အမှားတွေပါ"နျင်းချီက ကျန်းကျန့်ကို အပြစ်ရှိသလိုကြည့်လာသည်။
အတန်းဖော်က အသေးစားလောက်သာထိခိုက်သွား၍ ကျန်းကျန့်ကရဲစခန်းရောက်ရသော်လည်း ဖြေရှင်းချက်ပေးရုံသာ။သူနှင့်အတူပါလာသည့် နျင်းချီက နောင်တအတန်တန်ရနေသည်။
သူသာ ရန်မဖြစ်ခဲ့ရင် ကျန်းကျန့်ဒီလိုဖြစ်ရမှာမဟုတ်ဘူး။
"အဆင်ပြေပါတယ်"ကျန်းကျန့်က ဆိုလိုက်သည်။
နျင်းချီက ပိုပြီးအပြစ်ရှိသလိုခံစားလိုက်ရသော်လည်း မမေးပဲနှင့်လည်းမနေနိုင်။
"ကျောက်ကျန့်....ဘယ်ကောလိပ်ကိုသွားမှာလဲ"
"တရုတ်တော်ဝင်အကယ်ဒမီ"ကျန်းကျန့်က ဖြေလိုက်သည်။
နျင်းချီမှာ တောင့်ခဲသွားရသည်။
တရုတ်တော်ဝင်အကယ်ဒမီက ကမ္ဘာ့အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်သည်။ကျန်းကျန့်က အဲ့ကျောင်းကိုသွားမှာလား။
ကျန်းကျန့်က အဲ့ကျောင်းကိုသွားချင်ရင် သူကရော...။သူက လိုက်သွားလို့ရပါ့မလား။
ကျန်းကျန့်က ပြည်တွင်းကျောင်းကိုသွားလိုက်လျှင် သူ့နောက်လိုက်ပြီး အနီးနားကကျောင်းတွင်တက်၍ရသေးသည်။သို့သော် ကျန်းကျန့်က တရုတ်တော်ဝင်အကယ်ဒမီကျောင်းကိုသွားပါက သူလိုက်၍ရမည်လား။သူ့မိဘများက ချမ်းသာသည်ဆိုသော်ငြား တရုတ်တွင်ပညာသင်ရန်က ပိုက်ဆံတစ်ခုတည်းနှင့်ဖြေရှင်းနိုင်သည့်အရာမဟုတ်ပေ။
ထို့ပြင် သူ့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လိုက်သွားလျှင်ပင် သူတို့ကြား ကမ္ဘာခြားသွားသလို ဝေးသွားမည်ပင်။
သူတို့အတူရှိနေနိုင်အုံးမှာလား။
နျင်းချီ၏လက်ကလေးများမှာ တဆတ်ဆတ်တုန်လာရသည်။ရုတ်တရက် နျင်းချီ၏အဖေက စခန်းသို့ရောက်လာသည်:
"နျင်းချီ...မင်း သူများကိုသွားရိုက်လိုက်ရင်တောင် ကျောက်ကျန့်ကိုဆွဲထည့်ဖို့မလိုဘူးလေ"သူ့သားရင်းက စရိုက်ခဲ့ပြီး ကျန်းကျန့်ကို ကယ်ပေးဖို့ပြောခဲ့လေသည်။နောက်ဆုံး ကျန်းကျန့်မှာ အထိနာသွားရသည်။
နျင်းချီမှာ စဥ်းစားခန်းဝင်နေ၍ သူ့အဖေပြောသည်ကိုမကြားပေ။
"မင်း ဘာဖြစ်နေတာလဲ"ကျန်းကျန့်မှာ အနည်းငယ်စိတ်ပူလာသည်။
"ဘာမှမဟုတ်ဘူး...ကျောက်ကျန့် အမြန်ပြန်ကြစို့"နျင်းချီမှာ နောက်ဆုံး အပြုံးပန်းဝေပြီး မျက်နှာမော့လာသည်။
ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်ကာ နျင်းချီကိုသူ့ဘက်ဆွဲလိုက်ရင်း အပြင်ထွက်လိုက်စဥ် ရဲစခန်းမှထွက်လာသည်နှင့် သတင်းထောက်များနှင့်ဆုံလိုက်ရသည်။
"ဟယ်လို...ကျောက်ကျန့်ပါလား"
"ကောလိပ်ဝင်ခွင့်ထိပ်တန်းကျောင်းသားဖြစ်လာခြင်းအပေါ် ဘယ်လိုထင်မြင်မိပါသလဲ"
"ဘာလို့ တစ်ယောက်ယောက်ကို ရိုက်ခဲ့ရတာလဲ"
နောက်ဆုံး ကျန်းကျန့်မှာ နျင်းချီအဖေ၏ကိုယ်ရံတော်များကာပေးထား၍ ရဲစခန်းမှထွက်လာနိုင်ခဲ့သည်။
ထိုသတင်းထောက်များက အတော်လေး ယဥ်ကျေးမှုရှိသည်ပင်။ကျန်းကျန့်အတန်းဖော်၏ဒဏ်ရာက သိပ်မပြင်းပဲ အင်တာနက်ပေါ်တွင် လျှောက်ဖြန့်ထားမှန်းသိကြသည်။
ကောလိပ်ဝင်ခွင့်ထိပ်တန်းကျောင်းသားတစ်ယောက်အနေနှင့် စံနမူနာကောင်းတစ်ခုအဖြစ်မနေပဲ အများရှေ့လူရိုက်ခဲ့လေသည်။
မြင်သာအောင်ပြောရလျှင် ကျန်းကျန့်က ကျောင်းတုန်းကလည်း အခြားသူများနှင့်ရင်းရင်းနှီးနှီးမရှိပဲ အဆင့်ကောင်း၍ အထက်စီးဆန်သည်။အခြားသူများအပေါ် အထင်သေးသည်။သူ့မိဘများက ဆင်းရဲ၍ ချစ်သူကောင်လေးရသည်နှင့် ကောင်လေး၏ပိုက်ဆံများသုံးဖြန်းကာ ဇိမ်ခံပစ္စည်းများပင်ဝယ်ပေးခိုင်းလေသည်။
သင်က ဤသည်မှာ အတွဲတစ်တွဲ၏
တစ်စိတ်တစ်ပိုင်းဟုပြော၍ရသော်လည်း တစ်ယောက်ယောက်ကို ထောက်ပံ့ပေးရသည်နှင့်ဆင်လေသည်။
ကျောင်းဘက်က ကျောင်းသားမှာ ဒဏ်ရာအနည်းငယ်သာရသည်ဟု အင်တာနက်ပေါ်ချက်ချင်းထုတ်ပြန်လိုက်သော်လည်း လူတိုင်းက အတင်းအဖျင်းကိုသာ ဂရုစိုက်ကြသည်။
ဥပမာပြောရလျှင် ကျောင်းတုန်းက ကျန်းကျန့်မှာ sugarbabyကဲ့သို့လူမျိုးဟူ၍ပင်။
"တကယ်လား....ဒါဖြင့် လူတိုင်းက ထိပ်တန်းကျောင်းသားဖြစ်လာနိုင်တာပေါ့"
"အခုခေတ်မှာ ဆင်းရဲတဲ့ကျောင်းသားဖြစ်လို့ ခွင့်ပြုချက်တောင်းခံလိုက်ရင် ကျူရှင်ခလည်းပေးစရာမလိုတဲ့အပြင် လစဥ်ထောက်ပံ့ကြေးပါရမှာဆိုပေမယ့် အံ့သြဖို့ကောင်းတာက အချို့သူတွေက ပိုက်ဆံရဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းစားတာတောင်ရှိသေးတယ်"
"အခုခေတ်အထက်တန်းကျောင်းသားတွေများ တကယ်အံ့သြစရာပဲ"
အချို့လူများမှာ ကျန်းကျန့်ကို အွန်လိုင်းကနေပင် တိုက်ခိုက်လာကြပြီး ထိုတိုက်ခိုက်မှုများက အားကောင်းလာကြသည်။ကျန်းကျန့်ပင်မသိသည့် သတင်းတုများပျံ့နှံ့လာသည်။သူက အခြားသူများ၏ခံစားချက်ကိုလှည့်စားဖူးပြီး ပိုက်ဆံမရှိသည့်အခါ စွန့်ပစ်လိုက်သည်ဟုပင်။
ကျန်းကျန့်က ဘဝတစ်လျောက်လုံး အဆင်ပြေပြေနေလာ၍ ထိုကောလဟာလအမှားများကိုကြားရသည့်အချိန် မည်သို့တုန့်ပြန်ရမည်ပင်မသိချေ။
ဒါပေမယ့် သူတုံ့ပြန်ပေးဖို့လည်း မလိုပါဘူးလေ။
ကျောက်ယီဟွေ့မှာ သားဖြစ်သူက ကောလိပ်ဝင်ခွင့်ထိပ်တန်းကျောင်းသားဖြစ်လာကတည်းက အင်တာနက်ပေါ်က သူ့သားသတင်းများကို စစ်ဆေးနေကြဖြစ်၍ ကျန်းကျန့်မတွေ့ခင်ပင် သတင်းမျိုးစုံတွေ့လိုက်သည်ပင်။
စစချင်းတွင် ကျောက်ယီဟွေ့ ထိုသတင်းများကို စိတ်ထဲမထားပေ။တကယ်တမ်းတွင်လည်း သူ့သားက ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသည်နှင့် တရုတ်သို့ပြန်လာမည်ဖြစ်သည်။သို့သော်ငြား ထိုလူများက နောက်ပိုင်းတွင် လွန်လာကြပြီဖြစ်သည်။
ကျောက်ယီဟွေ့က နောက်ဆုံးဒေါသထွက်လာရပြီး တရုတ်တော်ဝင်မိသားစုဝင်ဖြစ်သည့် တရားဝင်အသိအမှတ်ပြုအကောင့်ကိုသုံးပြီးပြောလိုက်သည်
"ကျွန်တော့်သားက သူ့ကိုထောက်ပံ့ပေးမယ့် အခြားသူများရဲ့အကူအညီလိုတယ်"
"........."
"........."
"........."
စင်ဒရဲလားဇာတ်လမ်းက တရုတ်တော်ဝင်မိသားစုတွင် မကြာခဏ ဖြစ်ပေါ်လေသည်။
ဤတစ်ကြိမ်တွင်ဖြင့် အခြားဇာတ်လမ်းတစ်ပုဒ်ထွက်လာလေပြီ။
အင်တာနက်သုံးစွဲသူများက ရှုပ်ထွေးသွားကြသော်လည်း စိတ်ရှုပ်သွားရဆုံးလူမှာ နျင်းချီပင်။
ကျန်းကျန့်က ကျန်းအုပ်စုဆက်ခံသူတဲ့လား။ဒါဖြင့် သူဘာလုပ်ရတော့မှာလဲ။
စေ့စပ်ပြီး သူ့နောက်လိုက်တက်ရုံကလွဲ အခြားဘာများလုပ်နိုင်မှာမို့လို့လဲ။
လူများက နျင်းချီနှင့်ကျန်းကျန့်တို့ ကြာကြာမခံလောက်ဟု ထင်ထားကြသော်လည်း အလှည့်အပြောင်းဖြစ်သွားသည်ပင်။သူတို့မှာ သက်တမ်းတစ်လျှောက်လုံး အတူတူနေကြမည်ဖြစ်သည်။
ပိုပြီး အံ့သြတကြီးဖြစ်သွားစေရခြင်းအကြောင်းရင်းမှာ ဘွဲ့ရပြီးနောက် ကျန်းကျန့်က သုတေသနလုပ်ငန်းများလုပ်ဆောင်ပြီး ခပ်တုံးတုံးနျင်းချီမှာ ကျန်းအုပ်စုအထွေထွေမန်နေဂျာဖြစ်လာသည်။
စကားနည်းသည့်ကျန်းကျန့်နှင့်ယှဥ်လျှင် နျင်းချီက ပြောရဲဆိုရဲပြီးအရေထူသူဖြစ်၍ စီးပွားရေးသမားအနေနှင့် သင့်လျော်လေသည်။
ကျန်းကျန့်မှာ ပျော်ပျော်ရွှင်ရွှင်နေသွားရလေသည်။
သူ့တွင် သူအလွ
န်ချစ်ရပါသောမိဘများ၊သူ့ကို အလွန့်အလွန်ချစ်မြတ်နိုးသည့်ခင်ပွန်းနှင့် သူ့ကိုလေးစားအားကျသောကလေးများရှိလေသည်။
သူ၏ဘိုးဘေးလောက်နီးနီး လုပ်ရည်ကိုင်ရည်မရှိသော်လည်း အောင်မြင်မှုများစွာရပြီးနောက် သူ့ကိုယ်သူကျေနပ်မိလေသည်။