Chapter 244
အကြီးဆုံးကျန်းအကြောင်း အချပ်ပို-4
နောက်ပိုင်းတွင် တရှင်းဧကရာဇ်ခေါင်းဖြတ်ခံရကာ အင်ပါယာမိသားစုရှိနေသေးသော်လည်း အာဏာမရှိတော့ပေ။
စစချင်းတွင် ရုန်တိုင်းပြည်က ယင်းကို ဟာသတစ်ခုအဖြစ်သာမြင်ခဲ့သည်။သူတို့က တရှင်း၏ယခင်ဧကရာဇ်မှာ အလွန်ရူးမိုက်သည်ဟု ထင်သည်။သူသာ ဒီကုန်သည်တွေကို အစကတည်းက လုပ်ငန်းမလုပ်ခိုင်းခဲ့ရင် သူ့ရဲ့တော်ဝင််မျိုးဆက်တွေက အစစ်ဆေးခံရပြီးခေါင်းဖြတ်ခံရမှာမဟုတ်ဘူး...။
နောက်ပိုင်း သူတို့မှာအံ့သြတကြီးဖြစ်သွားရသည်။
တရှင်းက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီးမကြာမီ နယ်မြေပင်တိုးလာသည်။
တရှင်းက အုပ်ချုပ်မှူစနစ်အပြောင်းအလဲများကိုတောင့်ခံပြီးနောက်ပိုင်း တော်ဝင်မိသားစုပင် မရပ်တည်နိုင်တော့သည့်အချိန် ရုန်ပြည်နယ်ကြီးက အဖျက်ဆီးခံလိုက်ရသည်။
ရှင်းကော်က ဤကိစ္စများအားလုံးပြီးနောက်ကျန်ခဲ့သည့်အရာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနောက်လိုက်သည်။
တရုတ်က ရှင်းကော်မှလူများကိုကူညီပြီး နည်းပညာအထောက်အပံ့များပေးသည်။ထို့ကြောင့် ယခုအချိန်ထိ တရုတ်နှင့်ရှင်းကော်ကြားဆက်ဆံရေးက အလွန်ကောင်းလေသည်။ထို့ကြောင့် အိမ်နီးချင်းနှစ်နိုင်ငံက အလွန့်အလွန်ရင်းနှီးကြသည်။
ကျန်းကျန့်က ရှင်းကော်သို့သွားချင်သည်ဟု ပြောလာချိန် ကျောက်ယီဟွေ့နှင်ကျန်းနနတို့က တွန့်ဆုတ်ဆုတ်ဖြစ်နေသော်လည်း သေချာစဥ်းစားပြီးနောက် သဘောတူလိုက်ကြသည်။အမှန်တွင်လည်း ရှင်းကော်က လုံခြုံစိတ်ချရသည်။
သဘောတူလိုက်ရသော်လည်း အပတ်တိုင်းအိမ်ပြန်လာတွေ့ရမည်ဟု ကျန်းကျန့်ကိုပြောလိုက်ရသည်။ကိုယ်ပိုင်ဂျက်လေယာဥ်နှင့်သွားပါက ဟိုနှင့်သည် သိပ်မကြာပေ။
ကျန်းကျန့်က သဘောတူလိုက်သည်။
သူက မိဘများကိုချစ်မြတ်နိုး၍ အပတ်တိုင်း မိဘများကိုလာတွေ့ရမည့်အတွက် ပျော်ရွှင်မိသည်။
ကျန်းကျန့်က ဟယ်ရှင်းမြို့တွင် ပညာသင်ရန်ဆုံးဖြတ်ခဲ့သည်။
ထိုမြို့က ရှင်းကော်၏စီရင်စုအခွဲဖြစ်၍ ကြီးပွားတိုးတက်သည့်မြို့ဖြစ်သည်။အစိုးရကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများလည်းရှိသည်။
ကျန်းကျန့်က ဇိမ်ခံဘဝမှခွဲထွက်ပြီး သူ့ပုံစံအစစ်ကိုရှာချင်၍ ဤနေရာသို့လာခဲ့ခြင်းပင်။သူ၏နာမည်ကို ကျောက်ကျန့်ဟုပြောင်းလိုက်ပြီး အစိုးရကျောင်းတစ်ခုသို့သွားလိုက်သည်။
ကျောင်းက ကောင်းမွန်သော်လည်း ပထမတန်းစားတော့မဟုတ်ပေ။ယင်းက နေရာတိုင်းသာမန်ဆန်သည့် ဟယ်ရှင်းက အစိုးရအထက်တန်းကျောင်းတစ်ခုသာဖြစ်သည်။
ရှင်းကော်တွင် ကျောင်းသားများသင်ယူရသည့်အရာက တရုတ်ကနှင့်မတူပေ။ကျန်းကျန့်က တရုတ်က အကောင်းဆုံးပညာရေးနှင့်အကောင်းဆုံးကျောင်းများသို့သာ သွားခဲ့ရသည်။
ဤကျောင်းသို့ရောက်ပြီးနောက် စစချင်းတွင် အသားမကျသေးသော်လည်း နှစ်ဝက်လောက်တွင် သင်ခန်းစာအားလုံးလိုက်နိုင်ခဲ့ပြီး ကျောင်းတွင်ပထမနေရာရခဲ့သည်။
ထိုအချိန်မှာပင် သူ့မိဘများမှာ အပတ်တိုင်းသူအိမ်ပြန်လာရန်မျှော်မနေကြတော့မှန်းသိသွားသည်။လွန်ခဲ့သည့်ဆယ်စုနှစ်စာအတွင်း သူ့အပေါ်ကိုသာ အာရုံစိုက်နေရ၍ သူတို့အချင်းချင်းအတူရှိနေချိန်လေးပင်မရှိချေ။ယခုသူမရှိချိန် ဒုတိယမြောက်ကြင်စဦးကဲ့သို့ လက်ထပ်ပွဲအသစ်လုပ်ပြီး ခရီးခဏခဏထွက်နေကြသည်။
ကျန်းကျန့်က သူပြန်မည့်ရက်များကို လျော့ချလိုက်ကာ ဟယ်ရှီကျေးရွာရှိသည့်ဟယ်ချောင်စီရင်စုသို့သွားပြီး အားလပ်ရက်များကိုကုန်ဆုံးတတ်သည်။
သူက တစ်နေရာပြီးတစ်နေရာလျှောက်သွားကာ ကျန်းကျန့်ခြေရာလက်ရာများရှိသည့်နေရာများနှင့် သူ၏အတိတ်ဘဝကိုမြင်လိုက်၍ သူ့ကိုယ်သူပြန်ရှာတွေ့သွားရသည်။
သူက ကျန်းကျန့်ဝေလည်းမဟုတ်သည့်အပြင် ကျန်းကျန့်လည်းမဟုတ်။သူက လက်ရှိကျန်းကျန့်သာ။
"ကျန်းကျန့်က အရမ်းချောတာပဲ"
"ကျန်းကျန့်က စာမေးပွဲမှာ ပထမထပ်ရပြန်ပြီ..."
"သူက သင်္ချာပြိုင်ပွဲမှာ တစ်မြို့နယ်လုံးပထမရတယ်....တော်လိုက်တာ"
"သူက ငါ့ရဲ့နတ်ဘုရားပဲ"
"သူက ငါ့အတွက်လည်း နတ်ဘုရားပါပဲနော်.....ချေလွန်းလို့ စကားတောင်မပြောရဲဘူး"
"ဟုတ်တယ်....ဟုတ်တယ် ဘယ်သူမှလည်း သူ့ကိုဖွင့်ပြောရဲမှာမဟုတ်ဘူး"
ကျန်းကျန့်က အခြားသူများထံမှ သူ့အကြောင်းပြောကြသည်ကိုကြားရဖန်များလာပြီး ကျောင်းဖိုရမ်တွင်ပင် သူ့အကြောင်းမှတ်ချက်များတွေ့လိုက်ရ၍ သူ့ပုံစံကို ပိုပြီးနားလည်သွားရသည်။
သူက ကျန်းကျန့်ပင်။
သူက ကျန်းကျန့်ဖြစ်နေသော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက သူ၏ဂုဏ်ရှိန်အဆင့်အတန်းကြောင့် မသက်မသာခံစားရဆဲပင်။သူက ပွဲတော်များသွားရခြင်းထက် ကျောင်းတွင်စာကြိုးစားနေရခြင်းကို ပိုပြီးသဘောကျသည်။
ကန်တင်းက အစားအသောက်များက အရသာသိပ်မရှိသော်လည်း သူက မမုန်းတီးပဲ အကုန်လုံးစားလေသည်။ကျောင်းဝတ်စုံက အရည်အသွေးသိပ်မကောင်းသော်လည်း မဆိုးလှဟုထင်သည်။
သူ့အဆင့်အတန်းကို ကန့်သတ်ထားခြင်းမရှိပဲ သူငယ်ချင်းအချို့ပင်ရနေပြီဖြစ်သည်။
သေချာပေါက် သူလည်း အနှောင့်အယှက်အချို့ကို ကြုံတွေ့ရသည်ပင်။အံ့သြဖွယ်ကောင်းစွာ တစ်ယောက်ယောက်က လူအများရှေ့တွင် သူ့ကိုဖွင့်ပြောလာသည်။
"ကျောက်ကျန့်...ငါမင်းကို သဘောကျတယ်"သာမန်ရုပ်ရည်နှင့်ကောလေးတစ်ယောက်က တောက်တောက်ပပပြုံးပြီး ကျန်းကျန့်ကိုအော်ပြောလိုက်သည်။
ကျန်းကျန့်မှာ ကိုယ်ပင်တောင့်သွားရသည်။
တရုတ်ပြည်သူသမ္မတနိုင်ငံတွင်နေစဥ်က သူက ငယ်သေးပြီး တစ်ချိန်လုံးစာသာလုပ်နေ၍ ခံစားချက်များအကြောင်း တစ်ခါမှမစဥ်းစားခဲ့ပေ။သူ့ဘေးနားကလူများကလည်း အဆင့်အတန်းမြင့်ချမ်းသာသူများဖြစ်၍ သူ့အပေါ်သဘောကျနေလျှင်ပင် ပွင့်ပွင့်လင်းလင်းပြောလာကြမည်မဟုတ်ပေ။တစ်ခါမှလည်း ရည်းစားစာများ လက်ခံမရဖူးပေ။
ဤနေရာရောက်ပြီးနောက် မထင်မရှားနှင့်ကျောင်းစာကိုသာအာစုံစိုက်သည့် သီးသန့်နေသည့်ပုံပေါ်သည်။ထို့ကြောင့် သူ့ကိုသဘောကျသည့်သူများသော်လည်း သူတို့အချစ်ကိုပြောပြရဲသည့်သူ များများစားစားမရှိပေ။အနည်းငယ်လောက်သာရှိပြီး ထိုသူများအားလုံးကလည်း ရည်းစားစာပေးခဲ့ခြင်းသာ။
ထို့ကြောင့် လူရှေ့တွင်ဖွင့်ပြောခံရသည်က ကျန်းကျန့်အတွကိ ပထမဆုံးဖြစ်သည်။
သူက မေ့လဲမတတ်ဖြစ်သွားရကာ ဘယ်ညာလှည့်လိုက်သော်လည်း ထိုကောလေးက တွန့်ဆုတ်ခြင်းမရှိ သူ့နောက်လိုက်လာသည်။
"ကျောက်ကျန့်...ငါတကယ်မင်းကိုကြိုက်တာ....မင်းငါ့ကို လက်မခံပေးရင်တောင် ငါလက်မလျော့ဘူး"
ကျန်းကျန့်မှာ နှလုံးခုန်မြန်လာရသည်။
သူက ထိုကောလေးကို သိလေသည်။သူမုန့်စားတိုင်း မျက်နှာချင်းဆိုင်တွင် လာလာထိုင်တတ်သည့်သူဖြစ်ပြီး ကျောင်းနားလမ်းပတ်လျှောက်ချိန်တွင်လည်း ထိပ်တိုက်ဆုံဆုံနေရသည့်သူဖြစ်သည်။
ထိုကောလေးက နျင်းချီဟု ခေါ်ပြီး ကျန်းကျန့်အတွက် နေရာတိုင်းတွင် အသည်းအသန်လိုက်ပြီးဂရုစိုက်ပေးသူဖြစ်သည်။ထိုကောလေးထံမှ အရသာရှိလှသည့်မနက်စာ၊နေ့လည်စာနှင့်ညစာများလက်ခံရနေ၍ ကျန်းကျန့်ကလည်း အစားအစာဖြုန်းတီးမပစ်ချင်သည်နှင့် သူနှင့်တွေ့ကတည်းက ကျန်းကျန့်မှာ ကန်တင်းတွင်ပင်မစားရတော့ပေ။
ထို့ပြင် ထိုအစားအစာများကလည်း နျင်းချီကိုယ်တိုင်လုပ်ထားခြင်းဖြစ်သည်။
ကျန်းကျန့်က နျင်းချီက သူ့အပေါ်စစ်မှန်စွာချစ်ကြောင်းခံစားရ၍ ထိုကောလေးကို စပြီးသဘောကျလာသည်။နျင်းချီက သူ့နောက်တစ်လခန့်လိုက်ပြီးသည့်အချိန်တွင် နှစ်ဦးသားတွဲလိုက်ကြသည်။
နံပါတ်တစ်ကျောင်းသားက မြန်မြန်ဖမ်းမိခံသွား၍ လူတိုင်းက မေ့လဲမတတ်ဖြစ်သွားရသော်လည်း ကျန်းကျန့်က နျင်းချီကို ပိုက်ဆံကြောင့်တွဲသည်ဟု ချဥ်တူးတူးခံစားရသူများလည်းရှိသည်။
နျင်းချီအဖေက ခေတ်ဆန်သည့်လူချမ်းသာတစ်ယောက်ဖြစ်၍ ငွေကြေးပြည့်စုံလေသည်။သို့သော်လည်း ကျန်းကျန့်က မတူပေ။အဆောင်တွင်နေပြီး ကန်တင်းတွင်ထမင်းစားသည့် ဤတိတ်တိတ်ဆိတ်ဆိတ်ကောင်လေးက ပိုက်ဆံရှိမည်ဟုလည်း မထင်ပေ။
ထို့ပြင် နျင်းချီတွင် ပိုက်ဆံကလွဲဘာမှမရှိပေ။ရုပ်ရည်၊အခြေအနေ၊အောင်မြင်မှုတစ်ခုမှမရှိ၍ ကျန်းကျန့်နှင့်မတန်ပေ။
ဤကျောင်းတက်ရန်အတွက်လည်း ငွေကုန်ခံထားရခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းကျန့်နှင့်နျင်းချီတွဲသည်က နျင်းချီတွင်ပိုက်ဆံရှိသည့်အတွက်ကြောင့်ဟုသာ ယုံသွားကြသည်။
နျင်းချီက ထိုစကားကြားသည့်အခါတိုင်း အင်္ကျီလက်ပင့်ကာ အတင်းပြောသူများထံ သွားထိုးတတ်သည်။ပြီးလျှင်ဖြင့် ကျန်းကျန့်ကို သေသေချာချာကြည့်လိုက်သည်။
"ငါ့အဆင့်တွေက မကောင်းပေမယ့် ကျင့်ဝတ်နှင့်ညီပြီးမှန်ကန်တဲ့သူတော့ဖြစ်နေသေးတယ်လေ...တကယ်ပဲ"
ထို့နောက် သူက ထပ်ပြောလာသည်:"ကျောက်ကျန့်...ငါတကယ်မင်းကိုကြိုက်တာနော်"
ကျန်းကျန့်က ပြုံးသာပြုံးလိုက်ပြီး:"ငါသိပါတယ်"
သူ့ဘဝက လုံးလုံးပြောင်းလဲသွားကာ အလွန်ကောင်းမွန်လာသည်။
ကျန်းကျန့်အဆင့်များကျသွား၍ နျင်းချီ၏မိဘများက ကျောင်းမှအခေါ်ခံရသည်။
ယခင်က ကျန်းကျန့်မှာ နျင်းချီကိုလက်မခံခဲ့၍ ကျောင်းက မမြင်သလိုလုပ်နေသော်လည်း ယခုတွင် နှစ်ဦးသား ပေါ်တင်တွဲနေကြသည်ဖြစ်၍....။
သူတို့တွဲပြီးနောက်ပိုင်း မထင်ထားစွာ ကျန်းကျန့်အဆင့်များကျလာသည်။
နျင်းချီက အစကတည်းက အဆင့်မကောင်း၍ ကိစ္စမရှိသော်လည်း ကျန်းကျန့်က ကျောင်း၏အတော်ဆုံးကျောင်းသားဖြစ်နေသည်။ သူဒီလိုကျသွားလို့မဖြစ်ဘူးလေ။
အစိုးရကျောင်းများက စံနှုန်းထားအပေါ် အထူးဂရုစိုက်၍ ထိုသို့ဖြစ်သွားလျှင် သေချာပေါက် မိဘအခေါ်ခံရမည်ပင်။
နျင်းချီ၏မိဘများကိုခေါ်ရသည့်အကြောင်းရင်းက ကျန်းကျန့်မှာ နျင်းချီကြောင့် လမ်းမှားရောက်သွားသည်ဟု ဆရာများကထင်၍ဖြစ်သည်။
သူက နျင်းချီ၏မိဘများဖြစ်သည့် ဗိုက်ရွှဲရွှဲသက်လတ်ပိုင်းလူကြီးနှင့် ဖောင်းဖောင်းကစ်ကစ်သက်လတ်ပိုင်းအမျိုးသမီးတို့ကိုတွေ့နေစဥ် ကျန်းကျန့်ကို အစောင့်များဖြင့်ချုပ်ထားလေသည်။
သားဖြစ်သူက ကျောင်း၏အတော်ဆုံးကျောင်းသားကို အနှောင့်အယှက်ပေးပြီး အဆင့်များကျသွားသည်ထိဖြစ်စေသည်ကို သိလိုက်ရချိန် အလွန်ရှက်ရွံ့သွားကြသည်။
"စိတ်မပူပါနဲ့ ဆရာ...ကျွန်တော်တို့ သူ့ကိုဆုံးမလိုက်မှာပါ"
"စိတ်မကောင်းပါဘူး အတန်းဖော်လေး...ဦးတို့ သူ့ကို နောက်နောင် မင်းကိုမနှောင့်ယှက်စေရတော့ပါဘူး"
"ဒီကလေး နျင်းချီက ရဲတင်းလွန်းတယ်....တခြားသူကို လမ်းမှားရောက်အောင် ဘယ်လိုလုပ်ရဲတာလဲ"
ကျန်းကျန့်:"......"
နျင်းချီ၏သနားစဖွယ်မျက်လုံးများနှင့်တွေ့လိုက်ချိန် ကျန်းကျန့်က သူ့အဆင့်များပြန်မကျစေရကြောင်းနှင့် နျင်းချီ၏စာပိုင်းကိုပါ ကြီးကြပ်ပေးမည်ဟု ဆရာကိုကတိပေးလိုက်ရသည်။
နျင်းချီ၏မိဘများက ကျေးဇူးတင်နေကြကာ ကျန်းကျန့်၏ထက်ထက်မြက်မြက်ပုံစံကိုမြင်လိုက်ပြီး သန်းပေါင်းများစွာသောအောင်မြင်မှုအကြောင်း သိလိုက်ရ၍ ဂေါ်ဖီထုပ်ကောင်းမှာ ဘာမဟုတ်သည့်ဝက်တစ်ကောင်လိုသားကြောင့် အဖြုန်းတီးခံလိုက်ရသည်ဟု သက်ပြင်းချမိသည်။
အချိန်အတော်ကြာပြီးနောက် ထိုဂေါ်ဖီထုပ်မှာ သာမန်အရည်အသွေးကောင်းဂေါ်ဖီထုပ်တင်မက ရွှေဂေါ်ဖီထုပ်....မဟုတ် စိန်ဂေါ်ဖီထုပ်ဖြစ်နေမှန်း အံ့အားသင့်ဖွယ်သိလိုက်ရသည်။
ထိုချမ်းသာပြီးအာဏာရှိသည့်လူက သူတို့သားနှင့်ဘာကြောင့်တွေ့ရလဲ မစဥ်းစားတတ်တော့။
နျင်းချီက သူ့အချစ်ကိုဝန်ခံပြီးချိန် သူတို့တစ်မိသားစုလုံးကို ကျောက်ယီဟွေ့နှင့်သူ့ဇနီးတို့က အထက်အောက်လှန်လှောစုံစမ်းကြခဲ့ကြသည်ကိုလည်း မသိခဲ့ပေ။
ကျောက်ယီဟွေ့နှင့်ကျန်းနနတို့က မကောင်းသည့်ရည်ရွယ်ချက်နှင့်လူများကို သူတို့သားနားကပ်ခွင့်ပေးမည်မဟုတ်ပေ။
ကျန်းကျန့်က ရှင်းကော်တွင် သုံးနှစ်နေခဲ့ပြီး ရှင်းကော်၏ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေခဲ့ကာ သူ၏အထက်တန်းကျောင်းသားဘဝ အဆုံးသတ်သွားပြီဖြစ်သည်။
ကျောင်းတွင်းအချစ်ကို အထက်တန်းကျောင်းတွင် တားမြစ်ထားသော်ငြား တိတ်တိတ်လေးခိုးတွဲနေသူ ဒုနဲ့ဒေးပင်။ယခု အထက်တန်းပြီးသွားပြီဖြစ်၍ အတွဲတော်တော်များများပြတ်သွားကြပေမည်။
ထို့ပြင် အတွဲတစ်တွဲအတွက် တက္ကသိုလ်တစ်ခုတည်းတက်ရဖို့လည်း မလွယ်ကူချေ။
နျင်းချီက ကျန်းကျန့်နှင့်တက္ကသိုလ်အတူတူတက်ရန်က ပိုပြီးမဖြစ်နိုင်သေးသည်။
အထက်တန်းနောက်ဆုံးနှစ်တွင် ကျန်းကျန့်က သူ့အပေါ်များစွာအားစိုက်ထုတ်ပေးခဲ့ကာ အပိုသင်ခန်းစာများပင်ပေးခဲ့လေသည်။သူက ကျန်းကျန့်ကိုဆွဲမချချင်၍ စာကြိုးစားပါသော်လည်း သူ့အဆင့်များက သာမန်တက္ကသိုလ်ဝင်ရန်လောက်သာကောင်းသည်။ကျန်းကျန့်ကဖြင့် သေချာပေါက် ရှင်းကော်၏ထိပ်တန်းတက္ကသိုလ်များသို့ သွားနိုင်သည်ပင်။
"ကျန်းကျန့်....ဘယ်တက္ကသိုလ်တွေ လျောက်ထားချင်လဲ....ငါတော့ လိုင်းပေါ်သွားပြီး ငါနဲ့ကိုက်မယ့် အနီးအနားက တက္ကသိုလ်တွေကိုကြည့်လိုက်အုံးမယ်"
နျင်းချီက တက္ကသိုလ်များappတစ်ခုကိုထောက်လိုက်ရင်း ကျန်းကျန့်ကို စိတ်အားထက်သန်စွာကြည့်လာသည်။
သူက ကျန်းကျန့်နှင့်တက္ကသိုလ်အတူတူမတက်နိုင်၍ ကျန်းကျန့်နှင့်အနီးဆုံးတက္ကသိုလ်ကိုရှာရန်သာ တတ်နိုင်သည်။
"စိတ်မပူပါနဲ့...အခုက ဒီအကြောင်းစဥ်းစားဖို့မလိုသေးပါဘူး"ကျန်းကျန့်က ပြန်ဖြေလိုက်သည်။သူ၏မိဘများက သူ့ကိုအကြောင်းပြောထားပြီးပြီဖြစ်သည်။သူတို့က သူ့ကို တရုတ်သို့ပြန်လာတက်စေချင်ကြသည်။သူကလည်း တရုတ်ကိုပြန်သွားချင်၍ နျင်းချီကိုပါအတူခေါ်သွားရန် မျှော်လင့်မိသည်။
သူက နျင်းချီကိုသဘောကျကာ နျင်းချီကလည်း သူ့ကိုသဘောကျပြီး တွဲလာသည်လည်းကြာပြီဖြစ်သည်။ကျန်းကျန့်က လက်ထပ်ပြီးကလေးယူဖို့ပင် ကြိုစဥ်းစားနေပြီဖြစ်သည်။
သို့သော်လည်း ထုတ်ပြောလိုက်ရန်က ရှက်စရာကောင်းလှသည်။သူက တော်တော်များများပြောင်းလဲခဲ့သော်ငြား လူများနှင့်ပြောဆိုဆက်ဆံရာတွင် အသားမကျသေး၍ အခြားသူများနှင့် စကားပြောရသည်ကိုလည်း သဘောမကျသေးပေ။
လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူက နျင်းချီပြောသည်ကိုသာ နားထောင်ခဲ့သည်။
ကျန်းကျန့်စကားကိုကြားပြီးချိန် နျင်းချီ၏မျက်နှာလေးမှာ မှေးမှိန်သွားရသည်။ကျန်းကျန့်က လွန်ခဲ့သောနှစ်နှစ်က ကျောင်းပြောင်းလာချိန် သူက မြင်မြင်ချင်းသဘောကျခဲ့ရသည်။ကျန်းကျန့်ကို အချိန်အတော်ကြာလေ့လာပြီးနောက် ပိုပြီးသဘောကျလာရသည်။
သူက ကျန်းကျန့်ထံ ရည်းစားစာရေးခဲ့သော်လည်း သူကမဖတ်ခဲ့၍ နျင်းချီမှာ အံတင်းတင်းကြိတ်ပြီး လူရှေ့ဖွင့်ပြောခဲ့ခြင်းဖြစ်သည်။ဖွင့်ပြောပြီးနောက်တွင်လည်း သူ့ပုံရိပ်ကိုပင် ဂရုစိုက်မနေပဲ ကျန်းကျန့်ကို လိုက်နှောင့်ယှက်ခဲ့သည်။
နောက်ဆုံး ကျန်းကျန့်က သူနှင့်တွဲရန် သဘောတူခဲ့လေသည်။
နျင်းချီက ကောင်းကင်ကဂျုံမှုန့်လုံးနှင့် အရိုက်ခံလိုက်ရသည့်နှယ်ခံစားလိုက်ရကာ တစ်ချိန်တည်းမှာပင် မသက်မသာခံစားရသည်။
ကျန်းကျန့်က သူနှင့်တွဲရန်သဘောတူလိုက်သော်ငြား သူတို့နှစ်ဦးကြား အေးအေးဆေးဆေးသာ။
ကျန်းကျန့်က သူ့ကိုသဘောကျကြောင်း တစ်ခါမှမပြောဖူးသလို သူ့ကိုလည်း စကားအများကြီးမပြောပေ။
သူက ကျန်းကျန့်ကိုလိုက်နှောင့်ယှက်ချင်သေးသော်လည်း အထက်တန်းပြီးသွားပြီဖြစ်သည်။
ကောလိပ်ဝင်ခွင်စာမေးပွဲပြီးနောက် သူတို့အတန်းက မုန့်ထွက်စားကြမည်ဖြစ်သည်။
လူတိုင်းက ကိုယ်စားကိုယ်ရှင်းဖြစ်သော်လည်း နျင်းချီက ကျန်းကျန့်ဝေစုကိုကိုင်ပြီး သူ့ပိုက်ဆံနှင့်ရှင်းပေးလိုက်သည်။
ကျန်းကျန့်တွင် ပိုက်ဆံနည်းနည်းသာ ရှိနိုင်သည်။အပတ်တိုင်း ကျောင်းမှာပဲနေကာ ကန်တင်းတွင်ထမင်းစားပြီး ဘရန်းမဟုတ်သည့်အဝတ်အစားများသာဝတ်သည်။
သူ၏အတန်းဖော်များက ကျန်းကျန့်၏ဘရန်းမဟုတ်သည့်အဝတ်အစားများမှာ နျင်းချီမှသီးသန့်ချုပ်ပေးထားပြီး တွဲနေစဥ်တွင်လည်း အမြဲလိုလိုပိုက်ဆံရှင်းပေးမှန်းမသိကြပေ။
ကျန်းကျန့်ကလည်း တားခြင်းမရှိပေ။
နျင်းချီထံမှရုစိုက်ခံရသည်ကို သဘေ
ာကျပြီး နျင်းချီကလည်း ပိုက်ဆံများစွာကုန်သွားသည်မဟုတ်၍ပင်။နျင်းချီသာ သူ့အတွက် စျေးကြီးပစ္စည်းများဝယ်ပေးလာပါက သူငြင်းလိုက်မည်ဖြစ်သော်လည်း ယခုက သူတို့အတူရှိချိန် အစားအသောက်ဖိုးသာ ရှင်းပေးခြင်းဖြစ်သည်။