Chapter 241 [Extra ]
-အကြီးဆုံးကျန်းအကြောင်း အချပ်ပို
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏တော်ဝင်ဆေးရုံသည် နိုင်ငံ၏အကောင်းဆုံးဆေးရုံများထဲမှ တစ်ခုဖြစ်ကာ သက်တမ်းရာချီရှိပြီဖြစ်သည်။
တရုတ်ပြည်သူသမ္မတနိုင်ငံ၏ပထမဆုံးအတိုင်ပင်ခံအမတ်ကြီးဖြစ်သည့် ကျန်းကျန့်က ဤဆေးရုံကိုတည်ထောင်ပြီးချိန် ထိုဆေးရုံကပြောင်းလဲမှူများစွာနှင့် ဆေးပညာသမိုင်းတွင် အခန်းသစ်တစ်ရပ်ဖွင့်လှစ်နိုင်ခဲ့သည်။
ယခုခေတ်တွင် ဗိုက်ခွဲမွေးခြင်းကဲ့သို့ ခွဲစိတ်မှုများလည်းလုပ်ဆောင်နေပြီဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏တော်ဝင်ဆေးရုံတွင် ဗိုက်ခွဲမွေးရသည့် အခြေအနေတစ်ခုဖြစ်ပေါ်နေသည်။
ဤခွဲစိတ်မှုက ကျောက်ယီဟွေ့၏ဇနီး ကျန်းနနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံထီးနန်း၏ ဆယ့်ခြောက်ယောက်မြောက်ထီးနန်းဆက်ခံသူကို မွေးနေခြင်းပင်။
သူက ထီးနန်းဆက်ခံသူတစ်ယောက်ဖြစ်သော်လည်း အသက်ဆယ့်ခြောက်နှစ်သာရှိသေးသည်။တော်ဝင်နန်းတော်အတွင်း ဥက္ကာခဲပြိုကျ၍ဖရိုဖရဲဖြစ်သွားခြင်းကြောင့်မဟုတ်လျှင် ကျောက်ယီဟွေ့က ထီးနန်းဆက်ခံခွင့်ရှိမည်မဟုတ်ပေ။
သေချာပေါက် သူကလည်း ထီးနန်းကိုစိတ်ဝင်စားသူမဟုတ်ပေ။
တော်ဝင်မိသားစုဝင်များ အရွယ်ရောက်လာသည့်အခါ နှစ်သက်ရာလုပ်နိုင်ရန် လုပ်ငန်းရန်ပုံငွေအများအပြားရနိုင်၍ ကံကောင်းသူအဖြစ် မီဒီယာအလင်းဒဏ်ခံနေရသည့် ဧကရာဇ်ဖြစ်ရသည်ထက် ပိုပြီးစိတ်သက်သက်သာသာရှိသည်။
ထပ်ပြောရလျှင် ဧကရာဇ်မဟုတ်ပါက အခြားသောအသက်မွေးကျောင်းလုပ်ငန်းများတွင် တိုးတက်ရန်စွမ်းဆောင်နိုင်ပေသည်။
တရုတ်နိုင်ငံပထမဆုံးဧကရာဇ်၏ အကြီးဆုံးသားနှင့်အကြီးဆုံးသမီးတွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့်မဟုတ်ပါလား။
တရုတ်နိုင်ငံ၏ပထမဆုံးဧကရာဇ် ကျောက်ကျင်းကောက သူ၏အကြီးဆုံးသမီးတော် ကျောက်မင်ကျူးကို ထီးနန်းပေးချင်ခဲ့သည်ဟု ပြောစမှတ်ရှိသည်။သို့သော်လည်း သူ့သမီးက ထီးနန်းစိတ်မဝင်စားပဲ ပင်လယ်ပျော်လေးဖြစ်ခဲ့သည်။သူမက သင်္ဘောသင်းတစ်ခု ဖွဲ့စည်းခဲ့ကာ သြစတြေးလျပိုင်နက်တစ်ခုကို သိမ်းပိုက်ခဲ့သည်။
ထိုနေရာတွင်က အဆိပ်ရှိသတ္တဝါများနေထိုင်ကြ၍ အန္တရာယ်များသော်လည်း သူမက သဘောကျနေ၍ နယ်မြေသိမ်းပြီး ထွက်မသွားချင်တော့ပေ။
အစ်မဖြစ်သူထက်နှစ်နှစ်ငယ်သည့် မင်းသားကျောက်ချန်ယုက ထိုအဖြစ်အပျက်ကိုမြင်ပြီး သူ့အစ်မခြေလှမ်းအတိုင်းလိုက်တော့သည်။သူက အမေရိကသို့သွားကာ ပိုင်နက်တစ်ခုယူပြီး ထွက်မသွားချင်တော့ပဲ ထိုနေရာတွင်ပင် တစ်သက်လုံး နေထိုင်တော့သည်။
အတိုင်ပင်ခံအမတ်ကြီးနှင့်ဘုရင်မင်းမြတ်တို့က အလွန်စိတ်ဆိုးခဲ့သည်ဟု ပြောခဲ့ကြသည်။သူတို့က အသက်ခြောက်ဆယ်မတိုင်မီ အနားယူရန်စီစဥ်ထားသော်လည်း အကြီးဆုံးကလေးနှစ်ယောက်လုပ်ထားသည့် ပြဿနာကြောင့် အနားယူခြင်းကို အသက်ခြောက်ဆယ့်ငါးထိ ဆွဲထားရတော့မည်ပင်။
နောက်ဆုံးကလေးထွက်ပြေးမသွားသည်ကို ကျေးဇူးတင်ရမည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်မွေးသည့် မင်းသားငယ်လေးက သူ့တိုင်းပြည်ကို ချစ်မြတ်နိုးသူဖြစ်၍ ထီးနန်းဆက်ခံရန် ဆန္ဒရှိလေသည်။
ထိုအရာက လွန်ခဲ့သောနှစ်များစွာက ဖြစ်ခဲ့သည့်အရာဖြစ်၍ ကျောက်ယီဟွေ့နှင့် မဆိုင်ပေ။
ကျောက်ယီဟွေ့၏အဖိုး လက်ရှိဧကရာဇ်၏ဦးရီးတော်က အလိုနည်းသူတစ်ယောက်ပင်။တော်ဝင်လုပ်ငန်းရန်ပုံငွေယူပြီးနောက် တသီးတသန့်နေခဲ့ကာ သုတေသနလုပ်ငန်းများ စတင်လုပ်ကိုင်တော့သည်။ဘဝတစ်ဝက်စာ အလုပ်လုပ်ပြီးနောက် နာမည်တစ်ခုရနေပြီဖြစ်သည်။
ယခုတွင် လူတိုင်းသုံးနေကြသည့် စမတ်ဖုန်းများက ဘိုးဘေးဖြစ်သူကျန်းကျန့်ချန်ထားသည့် စာအုပ်များကို ကိုးကားထားပြီး တီထွင်ထားသည်ဟု ဆိုကြသည်။
သူတို့ဘိုးဘေးအနားယူလိုက်ချိန် နှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို အိပ်မက်မက်ခဲ့ပြီး မက်ခဲ့သည့်အကြောင်းအရာကိုလည်း ချရေးထားသည်ဟု ဒဏ္ဌာရီရှိခဲ့သည်။ထိုအချိန်က လူအများစုမှာ အဓိပ္ပါယ်မရှိသည့်စာအုပ်ဟု တွေးခဲ့ကြသော်လည်း ယခုဖတ်ကြည့်လိုက်သည့်အခါ....။
ထိုစာအုပ်က ရှေ့ဖြစ်ဟောစာတစ်ခုဖြစ်နေသည်။
သူတို့ဘိုးဘေးက တကယ်အံ့သြစရာပဲ။
ကဲ....ကျောက်ယီဟွေ့ရဲ့ အဘိုးဖြစ်သူဆီ ပြန်လှည့်လိုက်ရအောင်။
ကျောက်ယီဟွေ့၏အဘိုးဖြစ်သူက အောင်မြင်သော သုတေသနပညာရှင်တစ်ယောက်ဖြစ်သော်ငြား စီးပွားရေးမလုပ်ခဲ့ပေ။
စမတ်ဖုန်းကိုတီထွင်ခဲ့စဥ်က ဝေဝေဝါးဝါးဖြစ်နေပြီး ထိုဖုန်းများနှင့်ဘာလုပ်ရမည်ကိုလည်း မသိနားမလည်ခဲ့။ကံကောင်းထောက်မစွာ ထိုအချိန်က ကျန်းအုပ်စုမှာ သူ့ကိုရှာလာပြီး ပူးပေါင်းလုပ်ဆောင်ရန်ကမ်းလှမ်းလာသည်။
ကျန်းအုပ်စု၏ဥက္ကဌသည် ကျောက်မိသားစုဘိုးဘေးများနောက်မှနေ တရုတ်သို့လိုက်လာခဲ့သော ကျန်းမင်၏မျိုးဆက်များဖြစ်သည်။ထို့ကြောင့် မိသားစုနှစ်ခုတွင် ကောင်းမွန်သည့်ဆက်ဆံရေးရှိလေသည်။ကျောက်ယီဟွေ့၏အဘိုးနှင့်အလုပ်တူတူလုပ်ပြီးနောက် သုတေသနအဆင့်မြင့်လာပြီး ကမ္ဘာ့အချမ်းသာဆုံးအယောက်နှစ်ဆယ် စာရင်းဝင်ခဲ့သည်။ကျန်းအုပ်စုက ထိပ်တန်းဆယ်ယောက်ထဲတွင်ရောက်သွားသည့်အချိန် ပိုမိုအင်အားရှိလာခဲ့သည်။
ထိပ်တန်းဆယ်ယောက်က ကောင်းသော်ငြား.....။
ကျောက်မိသားစုဘိုးဘေးများက တရုတ်အင်ပါယာမိသားစုအတွက် အမွေဥစ္စာများချန်ထားခဲ့ကာ သြစတြေးလျဘက်မှ ကျောက်မိသားစုနှင့် အမေရိကန်ဘက်မှ ကျောက်မိသားစုတို့ပါ ရှိနေ၍ သူတို့က အမြဲတမ်း ကမ္ဘာအချမ်းသာဆုံးထိပ်ဆုံးသုံးနေရာတွင် ရှိနေခဲ့သည်။
ဆိုရလျှင် ကျောက်ယီဟွေ့၏အဘိုးက အစကတည်းက ချမ်းသာသူဖြစ်သည်။
သူ့အဖိုးတွင်လည်း ကျောက်ပုဖန်ဆိုသ
ည့် သားတစ်ယောက်သာရှိပြီး သူ၏ဖခင်ဖြစ်သူပင်။
သို့သော်လည်း ကျောက်ပုဖန်၏အမူအကျင့်က သူ့အဖေနှင့်မတူ ကွဲပြားလေသည်။
သူ၏ဖခင်က ဓါတ်ခွဲခန်းထဲတွင်အနေများပြီး လူရှေ့သိပ်မထွက်သည့်သူဖြစ်ကာ လက်ထောက်ဖြစ်သူကို ဇနီးအဖြစ်ယူထားသော်လည်း ကလေးဘဝကတည်းက အပျော်အပါးလိုက်စားသူဖြစ်သည်။
အမှားအနည်းငယ်လုပ်ရုံနှင့် တော်ဝင်မိသားစုမှအထုတ်ခံရနိုင်သည်ဆိုသော ပြဌာန်းချက်များကြောင့်သာမဟုတ်လျှင် သူက လမ်းကြောင်းမှားပေါ် ရောက်နေပြီးဖြစ်လိမ့်မည်။
တော်ဝင်ဥပဒေကို ကျေးဇူးတင်ရမည်...။
ကျောက်ပုဖန်က ပျော်ပါးရသည်ကိုကြိုက်သော်လည်း အမှားကြီးကြီးမလုပ်ပဲ ပိုက်ဆံဖြုံးရုံလောက်သာ။လှည့်စားသည့်သူဟု အစွပ်စွဲခံရမည်စိုး၍လည်း လက်ထပ်ခြင်းကိုစိတ်မဝင်စားသဖြင့် ဘယ်တော့မှလက်မထပ်ရန်ဆုံးဖြတ်ထားကြောင်း လူငယ်ဘဝကတည်းက အတည်တကျပြောခဲ့သည်။
လက်မထပ်ခင်အချိန်ထိ နေတိုင်း ရည်းစားထည်လဲတွဲနေသော်ငြား တော်ဝင်မိသားစုကို အရှက်ရစရာယူလာသည်ဟု မည်သူမှပြောလိမ့်မည်မဟုတ်ပေ။
လူပေါ်ကြော့တစ်ယောက်ဖြစ်သော်ငြား ကျောက်ပုဖန်က သူ၏တော်ဝင်အဆင့်အတန်းအပေါ် ဂုဏ်ယူသည့်သူဖြစ်သည်။
သေချာပေါက် အဆုံးတွင် အတည်တကျလက်ထပ်သွား၍သာ မဟုတ်ပါက ကျောက်ယီဟွေ့ရှိလာမည်မဟုတ်ပေ။
ကျောက်ပုဖန်က အသက်သုံးဆယ်အရွယ်ထိ ပျော်ပါးနေဆဲဖြစ်သည်။နိုင်ငံရပ်ခြားတွင် ပျော်ပါးနေစဥ် မသက်မသာခံစားခဲ့ရ၍ စစ်ဆေးရန် ဆေးရုံသို့သွားခဲ့သည်။သူ၏ဆေးမှတ်တမ်းက အခြားတစ်ယောက်၏စစ်ပြီးသားမှတ်တမ်းနှင့် မတော်တဆ လွဲမှားသွားလေသည်။ ကုသ၍မရနိုင်သော ကူးစက်တတ်သည့်ရောဂါတစ်ခု သူ့တွင်ရှိနေသည်ဟု ဆိုလာသည်။တစ်ချိန်တည်းမှာပင် သူ၏အဆက်ဟောင်းအမျိုးသမီးတစ်ယောက်ကလည်း ဆေးစစ်ထားလေသည်။သူမ၏ရောဂါက ယခင်ကပတ်သတ်ဖူးသည့်လူများကို သေခြင်းတရားဆီဆွဲခေါ်သွားခဲ့သည်။
သူက ရက်အနည်းငယ်သာအသက်ရှင်ရတော့မည်ဟု တွေးရင်း ထိတ်လန့်တုန်လှုပ်လာသည်။သူက အခြားသူများ သူ့ကိုအသုံးချပြီး တော်ဝင်မိသားစုနှင့်သုတေသနခန်းထဲရှိသူ့အဖေကို တိုက်ခိုက်လာမည်စိုး၍ ကျွန်းငယ်လေးတစ်ခုရှာဖွေကာ ထိုနေရာတွင် သူ့ကိုယ်သူကုသရန် ဆုံးဖြတ်လိုက်သည်။
ထိုကျွန်းပေါ်ရောက်ပြီးသိပ်မကြာမီ သူ့တွင် အဖုအပိမ့်များထွက်လာသည်။သူ၏မူလချောမောသောရုပ်သွင်က ရုပ်ဆိုးလှသည့်အဖုအပိမ့်များကြောင့် တွန့်လိန်ရှုံ့တွသွားသည်။ ထိုသို့ဖြစ်လာ၍ သူစျေးကြီးကြီးပေးငှားထားရသည့် လူများအားလုံးက သူ့ကို ရှောင်ဖယ်လာကြသည်။
ဒေါသထွက်လွန်း၍ သူ့ကိုဂရုစိုက်ပေးရန် ဖိတ်ထားရသည့် ဆရာဝန်များနှင့်သူနာပြုများအားလုံးကို နှင်ထုတ်လိုက်သည်။
အဆုံးတွင် ကျွန်းပေါ်၌ သူ့အပြင် အပတ်တိုင်းရောက်လာတတ်သည့် သူ့နောက်လိုက်များနှင့်လူအနည်းသာကျန်ခဲ့လေသည်။
သူ့မိဘများကမူ သုတေသနလုပ်ငန်းခွင်တွင်သာ ရှိနေဆဲပင်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး အဖုများထွက်လာသော်လည်း မသက်မသာဖြစ်သည်ဟု မခံစားရပေ။ကျွန်းပေါ်ရှိလေထုက ကောင်း၍ကြောင့်လား မသိသော်လည်း သူ၏စိတ်လည်း ပိုနေကောင်းလာသည်ဟု ခံစားရသည်။
သို့ဆိုလျှင်ပင် သူ့တွင် အသက်ရှင်ရန် ရက်များများမရှိတော့။
သူ့တွင် တစ်နေ့လုံး အလုပ်လုပ်စရာမရှိသော်လည်း ပိုက်ဆံများစွာကျန်ရှိနေ၍ ကျောက်ပုဖန်က ဆင်းရဲချို့တဲ့သူများကို ငွေကြေးထောက်ပံ့ပေးကမ်းကာ ကောင်းကျိုးဆောင်ရွက်နေသည်။တစ်ချိန်တည်းမှာပင် သူက သုတေသနလေ့လာချက်များကို တွေ့ရှိခဲ့သည်။
သူ့လက်ထဲရှိပိုက်ဆံများကို ကူညီစီစဥ်ပေးသည့်လူများက မိဘမဲ့ဂေဟာများသို့ အမြဲတမ်း ငွေလွှဲပေးကြကာ သူကူညီလိုက်သည့် မိဘမဲ့ကလေးများပင် ဘွဲ့ရကုန်ပြီဖြစ်သည်။
ထိုလူများက သူ့ကို ကျေးဇူးတင်စာများရေးပို့ပေးကြသည်။
ကျွန်းခေါင်ခေါင်ပေါ်တွင် ဘာမှလုပ်စရာမရှိသည့် ကျောက်ပုဖန်က ပျင်းရိနေ၍ ထိုကျေးဇူးတင်စာများကိုစဖတ်ရင်း သူ၏ဘဝအကြောင်း စဥ်းစားခန်းဝင်မိသည်။ထိုအချိန်တွင်း သူ့အား "ဘိုးဘိုးကျောက်"ဟုခေါ်ကာ စာများရေးပို့တတ်သည့် ကောလေးတစ်ယောက်ကို သတိထားမိသွားသည်။
သူပိုပြီး သတိထားမိသည်က ထိုကောလေးမှာ သူ့လက်အောက်တွင်အလုပ်လုပ်နေပြီး လတ်တလော သူ၏ထောက်ပံ့မှုလုပ်ငန်းများမှာ ထိုကောလေးတာဝန်ယူပြီးလုပ်ခဲ့ခြင်းဖြစ်သည်။ထိုကောလေးက အလုပ်ကောင်းကောင်းလုပ်ရုံမက ကျွန်းပေါ်သို့ ကျေးဇူးတင်စာများပါ ယူလာတတ်၍ သူ့အား ဝမ်းသာစေမိသည်။
ကျောက်ပုဖန်က ထိုကောလေးကို အဖုဗရပွမျက်နှာနှင့်ထွက်တွေ့ခဲ့သည်။ ကျောက်ပုဖန်တွင် ဆိုးရွားလှသောကူးစက်ရောဂါရှိနေသော်ငြား ထိုကောလေးက လန့်ပြေးမသွားပဲ သူ့ကိုဂရုစိုက်ရန်နေခဲ့မည်ဟု ဆုံးဖြတ်ခဲ့လေသည်။
ကျောက်ပုဖန်က သူ့အပြုအမူကြောင့် တုန်လှုပ်သွားသော်ငြား အတူတူနေပြီးနောက် ထိုသာမန်ရုပ်နှင့်ကောလေးကို သဘောကျသွားလေသည်။
ကံဆိုးစွာနှင့် သူက မကြာမီသေတော့မည်ပင်။သူ့ဘဝတွင်နောက်ထပ်အခွင့်အရေးရှိပါက သူကိုယ်သူနေမကောင်းအဖြစ်မခံပဲ အသက်ထက်ဆုံးအတူတူနေသွားရန် ဤကောလေးကို သွားရှာမည်ဖြစ်သည်။
သို့သော်လည်း ကျောက်ပုဖန်က အချိန်တော်တော်ကြာသည်ထိ မသေခဲ့။
နှစ်နှစ်ခန့်အကုသမခံပဲ ကျွန်းပေါ်တွင်နေနေသည့် ကျောက်ပုဖန်အတွက် သေခြင်းတရားက နောက်ဆုတ်လာသည့်ပုံပင်။ပြည်မကြီးဆီ တိတ်တိတ်လေးပြန်သွားပြီး အသေးစိတ်စစ်ဆေးကာ ကုသမှုခံယူခဲ့သည်။သူ၏ကျန်းမာရေးအခြေအနေကြောင့် လက်မထပ်နိုင်သော်လည်း သူ့ကောလေးနှင့် နှစ်နည်းနည်းခန့်ထပ်နေချင်သေးသည်။
ဆရာဝန်က ကျောက်ပုဖန်ကို သူက ထိုကျွန်းပေါ်ရှိကမာနှင့်ဓါတ်မတည့်ရုံသာဖြစ်ပြီး အစကတည်းက ရောဂါမရှိကြောင်း ပြောလာသည်။
သူအရမ်းကြိုက်လှ၍ လွန်ခဲ့သည့်နှစ်နှစ်လုံး နေ့တိုင်းစားခဲ့သည့်ကမာက သူနှင့်ဓါတ်မတည့်၍ အဖုများထွက်လာခြင်းသာ။
ကျောက်ပုဖန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးမကြာမီ ဝမ်းသာလုံးဆို့အော်ငိုခဲ့ကာ ဘဝအသစ်စရန် ဆုံးဖြတ်လိုက်သည်။
မှားယွင်းသောစိုးထိတ်မှုဖြစ်ခဲ့ရသော်လည်း ဤကံကြမ္မာဆိုးမှ အကောင်းဘက်ရောက်ကာ အချစ်စစ်နှင့်တွေ့ခဲ့ရခြင်းပင်။
သူက နေရာတိုင်းတွင် လူတကာနှင့်ပျော်ပါး၍သာနေခဲ့၍ ထိုသို့လုပ်ရသည်ကို ငြီးငွေ့လာသည်။ထို့ကြောင့် လက်ထပ်ပြီးချိန် သားသမီးကျင့်ဝတ်နှင့်ညီသည့် လူကောင်းတစ်ယောက်ဖြစ်လာပြီး သူ့လက်တွဲဖော်နှင့် ကလေးလေးယောက်ရ၍ ကလေးမရနိုင်သည့် တော်ဝင်မိသားစုဝင်များကြား မိသားစုဝင်ဦးရေတိုးလာစေခဲ့သည်။
ကျောက်ယီဟွေ့က အငယ်ဆုံးသားလေးဖြစ်ကာ အချစ်အခံရဆုံးသူလေးဖြစ်သည်။သူ့အစ်ကိုနှင့်အစ်မများအားလုံး လုပ်ရည်ကိုင်ရည်ရှိကြသော်လည်း သူက အသုံးမကျဆုံးသူဖြစ်ခဲ့သည်။
ရုပ်ရည်ကြည့်ကောင်းသည့် အားသာချက်တစ်ခုသာ ရှိလေသည်။
ထိုမျှမက သူက ကျန်းမိသားစု၏သမီးတစ်ယောက်အား ငါးနှစ်အရွယ်ကတည်းက နှစ်နှစ်ရှိုင်းရှိုင်း ချစ်မိနေသည်။အဆုံးတွင် သူက ကျန်းမိသားစု၏အကြီးဆုံးသခင်မလေးကျန်းနန၏နှလုံးသားကို အနိုင်ရရန်ကြိုးစားခဲ့သည်။
ကျန်းနနက ကျန်းအုပ်စုဥက္ကဌ၏တစ်ဦးတည်းသောသမီးဖြစ်၍ ကျောက်ယီဟွေ့ကို ကျန်းမိသားစုနှင့်ပူးပေါင်းလုပ်ရန် မျှော်လင့်ထားကြသည်။ယခုတွင် သူနှင့်ကျန်းနန၏ပထမဆုံးကလေး မွေးလာပြီပင်။
မူလက နောက်တစ်လနေမှ မွေးမည်ဖြစ်သော်လည်း ကျန်းနနက တွေ့ဆုံပွဲတစ်ခုသွားနေစဥ် ဗိုက်နာလာသည်ဖြစ်၍ စောစောခွဲမွေးရန် လိုသွားခြင်းဖြစ်သည်။
ပိုးသတ်ဝတ်စုံဝတ်ဆင်ထားသော ကျောက်ယီဟွေ့က ကျန်းနနဘေးတွင်ထိုင်နေသည်။အတိတ်တွင် သူ့ဇနီးရှေ့၌ ကလေးဆိုးလေးနှယ်ချစ်စရာကောင်းပြခဲ့သောသူက ယခုတွင်မျက်နှာက အလွန်တည်ငြိမ်နေသည်
:"နန...ကလေးလေး အဆင်ပြေတယ် မစိုးရိမ်နဲ့တော့"
"နန....စိတ်ကိုပျော်အောင်ထား"
"နန.....ကိုယ်တို့ကလေးအတွက် အကောင်းဆုံးနာမည်ကို စဥ်းစားပြီးပြီလား"
ကျန်းနန:"ကလေးက မွေးတောင်မမွေးရသေးဘူး...အဆင်ပြေနေမှန်းသိတယ်လား"
"သူအဆင်ပြေမှာပါ...ကြည့်လေ သူ့မွေးနေ့က ကိုယ်တို့ဘိုးဘေးနဲ့ အတူတူပဲကို"ကျောက်ယီဟွေ့
က ဆိုလိုက်သည်။
ယနေ့က လပြက္ခဒိန်၏ ငါးလပိုင်းငါးလရက်နေ့ဖြစ်သည်။
ကျောက်ယီဟွေ့နှင့်ကျန်းနန၏ကလေးက သူတို့ဘိုးဘေးကျန်းကျန့်နှင့် မွေးနေ့အတူတူပင်။