Chapter 240 [End]
-ပြည်ပြင်ပမှ ပူဆွေးသံ
နေ့ရက်များက ပုံမှန်အတိုင်းလှည်ပတ်နေသည်။
ကျောက်ကျင်းကောက ကျန်းကျန့်ကိုကူပြီး နိုင်ငံရေးကိစ္စများဖြေရှင်းပေးသည်။အတိုင်ပင်ခံအမတ်ကြီး၏ လုပ်ရိုးလုပ်စဥ်ကိစ္စဖြစ်သော်လည်း ကျောက်မင်ကျူး၏မင်္ဂလာကိစ္စအတွက်စိတ်ပူနေသည်ဖြစ်၍ ကူပေးရခြင်းပင်။
ကျောက်ကျင်းကောကလည်း ကျောက်မင်ကျူးက မင်္ဂလာကိစ္စဆက်ပြီးရွှေ့ဆိုင်းနေ၍ စိတ်ပူရသော်လည်း သူ့သမီးစိတ်ဖိစီးမှာလည်း ပူရပြန်သည်။သူမရှေ့တွင်လည်း ပြော၍မရဖြစ်နေ၍ ကျန်းကျန့်ရှေတွင်သာ စိုးရိမ်နေသည့်အကြောင်းပြောရသည်။
"ကိုယ်တို့သမီးက လက်မထပ်ရင်တောင် ကောင်းမွန်တဲ့ဘဝတစ်ခုရနိုင်ပါတယ်....လက်ထပ်ပြီး ကောင်းကောင်းမနေရရင်ရော လက်ထပ်တာဘာအဖြစ်ရှိတော့မှာလဲ"
ကျန်းကျန့်က ဆိုလိုက်သည်။သူက သူ့ကလေးများ၏မင်္ဂလာကိစ္စကို သိပ်ဂရုမစိုက်ချေ။ သူတို့လည်း အရွယ်ရောက်နေကြပြီဖြစ်၍ သူက ဘာကြောင့် သူတို့အတွက် ချစ်သူရှာပေးနေရမည်နည်း။
အရေးမပါတာတွေ။
ကျောက်ကျင်းကောကလည်း ထိုသို့စဥ်းစားမိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ယခုတွင် ကောင်းကောင်းလည်ပတ်နေပြီဖြစ်သည်။မည်သည့်အမျိုးသားကမှ ကိုယ်လုပ်တော်ထားခွင့်မရကာ အမျိုးသမီးများကိုလည်း အလုပ်လုပ်ခွင့်ပေးထားလေသည်။အမျိုးသမီးများကိုတွန်းပို့နေသည့် ကလေးထိန်းခြင်းကဲ့သို့ မိသားစုအလုပ်များလည်းရှိနေသေးသည်။သူတို့ကို စောင့်ရှောက်ပျိုးထောင်ပေးရန်က အမျိုးသမီးများ၏တာဝန်ပင်။
သူ့ရဲ့မင်ကျူးလေးသာ နှိပ်စက်ခံရရင်.....။
ကျောက်ကျင်းကောက သူ့သမီးကို တွန်းအားမပေးရန်ဆုံးဖြတ်လိုက်သည်။
ဤဆုံးဖြတ်ချက်အပြီးနှစ်ရက်မြောက်တွင် တချီမှသံတမန်များလည်း မြို့တော်သို့ရောက်လာပြီဖြစ်သည်။
တချီမှကိုယ်စားလှယ်သုံးယောက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြောင်း လေ့လာထားကြပြီးဖြစ်၍ သူတို့ပိုသိလာတိုင်း အံ့သြမှုတိုးလာရသည်။
အခြားမဆိုနှင့် ...သူတို့က မြင်းလှည်းနှင့်ခရီးနှင်ခဲ့ရခြင်းဖြစ်သည်။
တချီရှိ မြို့ပြင်ကလမ်းများမှာ ရွှံ့စေးလမ်းများဖြစ်ပြီး မြို့ထဲလမ်းများက ကျောက်ခင်းလမ်းဖြစ်၍ ဖြတ်သွားတိုင်းခုန်ခုန်တက်သွားသည်။သို့သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကလမ်းများက ချောမွေ့ပြီးပြောင်ရှင်းနေသည်။
လမ်းတစ်လျှောက်လုံး တစ်ခါမှခုန်သွားသည်မရှိ။
ထို့ပြင် စပါးခင်းများနှင့် ကလေးတစ်သိုက်နှင့်ကစားနေကြသည့် ပြုံးပျော်နေကြသောလူများကိုလည်း တွေ့လိုက်ရသည်။
တရုတ်ပြည်သူ့သမ္မနိုင်ငံမှာ အစောပိုင်းနှစ်များ၌ လယ်သမားများထံမှ အခွန်ကောက်ခံခြင်းမရှိဟုပင် ကြားခဲ့ရသည်။
မူလက သူတို့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည်က ငါးနှစ်ခြောက်နှစ်ပဲရှိသေးသည်ဖြစ်၍ တကွဲတပြားဖြစ်နေမည်ဟု ထင်ထားခဲ့သော်လည်း လက်တွေ့တွင်ဖြင့်....။ဒေသတစ်ခုလုံး ငြိမ်သက်အေးချမ်းနေသည်။
တချီမှလူများနှင့် ယခင်တိုရိုမှလူများ အတူတကွရောထွေးနေထိုင်ကြကာ မကောင်းသည့်ကိစ္စများလည်း ဖြစ်ပွားခြင်းမရှိချေ။
ချီချင်းမှာ အံ့အားသင့်နေကာ ကျန့်ရီကဖြင့် သူ့နှလုံးသားအောက်ခြေမှပင် လေးစားမိသည်။ သို့ဆိုလျှင်ပင် သူက ဤသို့ငြိမ်းချမ်းမှု၏နောက်ကွယ်တွင် သွေးချောင်းစီးမှုရှိနေမှန်း သိလေသည်။
သူသိရသရွေ့ လွန်ခဲ့သောနှစ်နှစ်ခန့်က တချီတွင်အချိန်အတော်ကြာသည်ထိ မီးရှို့ဖျက်ဆီးခိုးဆိုးလုယက်နေကြသည့် တိုရိုပင်လယ်ဓါးပြအုပ်စုက တဖြေးဖြေးအင်အားကြီးလာကာ ကျန်းကျန့်လက်ထဲမှ သူတို့နိုင်ငံကိုခိုးယူရန်ကြိုးစားလာ၍ အသတ်ခံရပြီးအဆုံးသတ်သွားရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထားသည်က ငါးနှစ်ခြောက်နှစ်ပဲရှိသေးသော်ငြား ထိုမတိုင်မီ ကျန်းကျန့်က ဤနေရာတွင် ဆယ်နှစ်ခန့် စီမံထားပြီးဖြစ်သည်။
ကျန်းကျန့်လုပ်နိုင်သည်အကြောင်းရင်းကလည်း တိုင်းပြည်က မကြီး၍ဖြစ်သည်။
ကျန်းကျန့်က လုပ်ငန်းလုပ်ပြီးငွေရှာကာ ထိုလုပ်ငန်းမှပင်အခွန်ငွေစုထား၍ တိုင်းပြည်ကို ဆက်လက်လည်ပတ်ထားနိုင်ခြင်းဖြစ်သည်။ထိုအရာက အလုပ်ဖြစ်၍ သူက စိုက်ပျိုးရေးလုပ်သူများကို အခွန်မကောက်ခြင်းဖြစ်သည်။
စစချင်းတွင် ကျန်းကျန့်ကိုအပြစ်ရှာနေသည့် ကျိုးမောင်ဟယ်ကလည်း နောက်ပိုင်းပါးစပ်ပိတ်သွားလေသည်။ထို့နောက် သူတို့က မြို့တော်သို့ရောက်သွားချိန်ထိ ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က လာမတွေ့သေး၍ ကျိုးမောင်ဟယ်က စိတ်ဆိုးလာရပြန်သည်။
"အရှင်မင်းကြီးနဲ့အတိုင်ပင်ခံအမတ်ကြီးက အခု သုတေသနဌာနဘက်မှာပဲ...ကျေးဇူးပြု၍ ကြွပါ"သူတို့ကို လာနှုတ်ဆက်သည့်သူက ဝမ်ဟိုင်ရှန်း၏သား ဝမ်တနျိုဖြစ်သည်။ သူက ပြုံးနေပြီး ကျိုးမောင်ဟယ်၏အရုပ်ဆိုးဆိုးမျက်နှာကိုလည်း ဂရုမစိုက်ပေ။
ကျိုးမောင်ဟယ်ကို မကြောက်သည့်အပြင် မျက်လုံးထဲလည်းမထည့်၍ဖြစ်သည်။
ကျိုးမောင်ဟယ်က ဤသည်ကို ခံစားမိ၍ ပိုပြီးဒေါသထွက်သွားသော်လည်း ဝမ်တနျိုက လှည့်ထွက်သွားလေပြီ။
ထို့ပြင် သူ့၏အမည်ကိုလည်း ဝမ်တနျိုမဟုတ်ပဲ ဝမ်ကျန်းဟွာအဖြစ် ပြောင်းထားပြီဖြစ်သည်။
တရုတ်တစ်နိုင်ငံလုံးတွင်လည်း သူနှင့်နာမည်တူများလေသည်။
ယခင်က ဟယ်ရှီတွင်နေစဥ် တစ်ယောက်ယောက်က "တနျို"ဟုခေါ်လိုက်သည်နှင့် လူပေါင်းများစွာပြန်ထူးလာကြမည်ဖြစ်သလို ယခုတရုတ်တွင်လည်း "ကျန်းဟွာ"ဟုခေါ်လိုက်သည်နှင့် ပြန်ထူးမည့်သူများလေသည်။
ယခုအချိန်၌ ကျိုးမောင်ဟယ်က စိတ်မပါလက်မပါနှင့် အခြားသူများနှင့်အတူ ဝမ်တနျိုနောက်လိုက်ပြီး သုတေသနဌာနသို့သွားနေရသည်။
သုတေသနဌာနက ခြံဝန်းကျယ်ကြီးဖြစ်၍ ရထားလုံးနှင့်အကြာကြီးသွားပြီးမှ ခြံဝန်းနားရပ်သွားသည်။
ကျန့်ရီနှင့်အခြားသူများက ရထားလုံးမှဆင်းပြီး အထဲဝင်ရန်အတွက် ဂိတ်ကိုဖြတ်လိုက်သည်နှင့် ရုတ်တရက်ပေါက်ကွဲသံကြောင့် ထိတ်လန့်သွားကြသည်။
ဒီအသံကျယ်ကြီးက ဘယ်ကလာတာလဲ။ဘာတွေဖြစ်နေတာပါလိမ့်။
ရှေ့ကိုကြည့်လိုက်ရာ မီးခိုးနှင့်ဖုန်မှုန့်များလာနေ၍ ကျန့်ရီမှာ ကြောက်လွန်း၍ နှလုံးခုန်မြန်လာရသည်။
အမြောက်တွေလား။
ကျန့်ရီက စဥ်းစားနေစဥ် သူတို့ရှေ့တွင်ပင် နောက်ထပ်အမြောက်တစ်လုံးပေါက်သွားကာ ဘန်းဆိုသည့်အသံကိုကြားလိုက်ရသည်။
မြေကြီးပင်တုန်သွားပြီး အပူလှိုင်းကြီးမြောက်တက်လာ၍ သူတို့မှာ နောက်ပြန်ပြေးရမတတ်ပင်။ထွက်ပြီးပြေးလိုက်ချင်စိတ်ကို ချုပ်တည်းထားလိုက်ရသည်။မီးခိုးများရှင်းသွားသည်နှင့် ပေါက်ကွဲသွားသည့်နေရာတွင် ချိုင့်ရာကြီးကျန်ခဲ့လေသည်။
တချီတွင်လည်း အမြောက်များရှိ၍ ကျန့်ရီလည်း အမြောက်တွေ့ဖူးသော်ငြား ထိုသို့အားပြင်းလှသည့်အမြောက်ကိုက ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။
ကျန်းကျန့်က သူတို့ကို ကြမ်းတမ်းတဲ့ခရီးကို ပေးတော့မှာများလား။
ကျန့်ရီက ရယ်ချင်လာကာ နောက်လှည့်ပြီး ကျိုးမောင်ဟယ်နှင့်ချီချင်းတို့ကို ကြည့်လိုက်သည်။ကျိုးမောင်ဟယ်၏မျက်နှာက မေ့လဲမတတ်ဖြစ်နေကာ ချီချင်း၏မျက်နှာကလည်း ယခင်ကထက်ပိုပြီး နောင်တရနေဟန်ရှိသည်။
တချီမှာသာ ဒီလိုအမြောက်ကြီးရှိနေရင် ပုန်ကန်သူတွေထားလို့ ရုန်စစ်တပ်ကိုတောင်ကြောက်ရမှာ မဟုတ်ဘူး။
သို့သော်လည်း ဤအမြောက်ကြီးက တချီတွင်မဟုတ်ပဲ ကျန်းကျန့်လက်ထဲရှိနေသည်။ကျန်းကျန့်သာ တချီကိုအန္တရာယ်ပေးလာလျှင်.....ကျိုးမောင်ဟယ်နှင့်ချီချင်းတို့မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။
"ကျေးဇူးပြု၍ အထဲကြွပါ" ဝမ်ကျန်းဟွာက စကားဆိုလာသည်။
ဝမ်ကျန်းဟွာက ထိုလူသုံးယောက်ကိုဦးဆောင်ပြီး အထဲသို့ဆက်လျှောက်သွားလိုက်သည်။အမြောက်စမ်းသပ်သည့်နေရာကို ကျော်ပြီးနောက် အစိမ်းရောင်မြက်ခင်းပြင်ကြီးဆီ ရောက်သွားလေသည်။
မြက်ခင်းပြင်က စိမ်းစိုနေ၍ အန္တရယ်မရှိနိုင်သော်လည်း မလှမ်းမကမ်းတွင် သံထည်များဆက်သွယ်ထားသည့်တည်ဆောက်ပုံတစ်ခုရှိနေသည်။ဤလူများလုပ်နေကြသည့်အရာကို သူတို့လည်းမသိကြပေ။
ကျန့်ရီနှင့်အခြားသူများက အံ့သြနေကြစဥ် ခပ်လှမ်းလှမ်းက စင်မြင့်တစ်ခုပေါ်တွင် လူတစ်ချို့ရပ်နေကြပြီး လူများဝန်းရံထားသည့်အလယ် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ကို တွေ့လိုက်ရသည်။
သူတို့က ထိုနေရာသို့သွားလိုက်ပြီး စင်မြင့်နားရောက်သွားသည်နှင့် ထူးဆန်းသည့်အသံတစ်ခု ရုတ်တရက်ကြားလိုက်ရသည်။
သူတို့က မော့ကြည့်လိုက်ရာ ထိုထူးဆန်းသည့်သံထည်တည်ဆောက်ပုံကြီး၏ မျက်နှာစာခေါင်းပိုင်းမှ မီးခိုးငွေ့ထွက်လာသည်ကို တွေ့လိုက်ကြသည်။
အဲ့ဒါ ဘာလဲ။ ကျန့်ရီနှင့်အခြားသူများက အံ့သြနေကြစဥ် ထိုဆက်ထားသည့်သံထည်တည်ဆောက်ပုံကြီးက ရုတ်တရက်ရွေ့လာသည်။
ဘာကြီးလဲ...အဲ့တာက။
ရွေ့ဖို့မြင်းလည်းမပါတာကို ဒီဟာကြီးက သူ့ဟာသူဘယ်လိုရွေ့နိုင်တာလဲ။
ကျန်းကျန့်က ဘာတွေများထွင်နေတာပါလိမ့်။ကျန့်ရီက စပြီးသိချင်လာသည်။
ကျန်းကျန့်သုံးလိုက်တာ ဘယ်လိုနတ်ဆိုးမှော်ပညာများလဲ။နေရောင်အောက်တွင်ရပ်နေကြသည့် ကျိုးမောင်ဟယ်နှင့်ချီချင်းက ရုတ်တရက်အေးလာသလို ခံစားလိုက်ရသည်။
စင်မြင့်ပေါ်ရပ်နေသည့်ကျန်းကျန့်က သူတို့ကို ရုတ်တရက်ကြည့်လိုက်ပြီး မီးရထားဆီ အကြည့်ရွေ့လိုက်သည်။
သုံးနှစ်ကြာကြိုးစားလုပ်ပြီးနောက် ရေနွေးငွေ့စက်ခေါင်းကလည်း အောင်မြင်သွားပြီဖြစ်ကာ ပထမဆုံးမီရထားကိုပင် တည်ဆောက်ပြီးသွားပြီဖြစ်သည်။
တရုတ်၏လက်မှုပညာရှင်များက ထက်မြက်သည့်သူများဖြစ်၍ သုတေသနလမ်းစရသွားသည်နှင့် ရလဒ်ကမြန်မြန်ထွက်လာသည်။
ကျန်းကျန့်က ဤနေရာတွင် ရှည်လျားကွေးဝိုင်းသည့် မီးရထားလမ်းတစ်ခုဖောက်ထားလေသည်။
ယခုရထားက ရထားအစစ်ထက်သေးကာ ရထားလမ်းတွင် အရှိန်နှေးနှေးသွားသော်လည်း ဒုတိယမြောက်အကွေးကိုရောက်သည်နှင့် စမြန်လာသည်။
အချိန်တစ်ခုစာ လှည့်ပတ်သွားပြီးနောက် ဖြေးဖြေးချင်းရပ်သွားလေသည်။
ယင်းက ဖြေးဖြေးချင်းရပ်သွားသော်လည်း ကျန့်ရီနှင့်သူ့အဖော်များ၏နှလုံးခုန်သံများက ရပ်မသွားသေးပေ။
သူတို့က ဤသံတွဲကြီးက လှည်းတို့မြင်းတို့မပါပဲ လူမတွန်းပဲ ရွေ့သွားသည်ကို ရှင်းရှင်းကြီးတွေ့လိုက်ရသည်။အောက်တွင်လည်း ဘီးတစ်ချို့မှလွဲ ဘာမှမရှိပေ။
ကျန်းကျန့်က ဘယ်လိုများလုပ်ထားတာလဲ။ ဒီလိုပစ္စည်းမျိုးကို ဘယ်လိုအကြံထွက်တာပါလိမ့်။
တချီကိုခြိမ်းခြောက်ဖို့လား။
ချီချင်းက ကျန်းကျန့်ကိုကြည့်ပြီး ထိုသူ့နားကပ်လိုက်ရန် ဆုံးဖြတ်လိုက်သော်ငြား အနားမရောက်မီ အတားခံလိုက်ရသည်။
"ကျန်းကျန့်....အဲ့အချိန်တုန်းကဖြစ်ခဲ့တာတွေအကုန်လုံး ငါ့အမှားတွေပါ...ဒီနေ့ မင်းကိုတောင်းပန်ဖို့ရောက်လာခဲ့တာ"ချီချင်းက မြေပြင်ပေါ်ဒူးထောက်ရင်း ပြောလိုက်သည်။
ကျန်းကျန့်က စင်မြင့်ပေါ်တွင်ရပ်နေ၍ ချီချင်းကို အပေါ်စီးမှကြည့်နေသည်။
သူ တချီမှထွက်ခဲ့စဥ် ချီချင်းနောင်တရကျန်နေမည်မှန်း သိလေသည်။
ထိုအချိန်က တစ်နေ့ သူ့အားစိတ်ပျော်ရွှင်စေရန် ချီချင်းတောင်းပန်လာမည်ဟု စဥ်းစားမိရင်း ချီချင်းနှင့်ပြန်လည်ဆုံတွေ့ချင်မိသည်။ယခုတွင် ချီချင်းက သူ့ရှေ့ဒူးထောက်လာပြီဖြစ်သော်လည်း သူ့စိတ်ထဲ အရေးမပါတော့ဟု ရုတ်တရက်ခံစားရသည်။
သို့သော်လည်း ကျန်းကျန့်က ဂရုမစိုက်သော်ငြား ကျောက်ကျင်းကောက ထိုသို့မဟုတ်။
စင်မြင့်မှဆင်းကာ ကျောက်ကျင်းကောက ချီချင်းထံလျှောက်သွားလိုက်ပြီး:" ဒါက အပြစ်ပေါ့လျော့အောင်လုပ်တာဆိုတော့...အပြစ်မရှိတာတော့ မဟုတ်ဘူးပေါ့...တစ်ယောက်ယောက် နယ်စားမင်းချီအတွက် ဆူးပင်တွေသွားယူလာခဲ့"
"ဟုတ်"လူတစ်ယောက်ပြန်ဖြေလာပြီး ကျောက်ကျင်းကောပြင်ဆင်ထားသည့် ဆူးပင်များကို အမြန်ယူလာခဲ့သည်။
ထိုဆူးပင်များယူလာပြီးချိန် ကျောက်ကျင်းကောက ချီချင်း၏နောက်ကျောကိုချည်ထားရန် တစ်ယောက်ယောက်ကိုခိုင်းလိုက်သည်။
သူက အသက်ကြီးနေပြီဖြစ်သော်ငြား ဤသို့ပြဿနာရှာနေဆဲဖြစ်သည်ကို တွေ့လိုက်ရ၍ ကျန်းကျန့်မှာ စိတ်ဝင်စားစရာကောင်းပြီး ချစ်စရာကောင်းသည်ဟု ခံစားရသည်။
သို့သော်ငြား အခြားသူများက ထိုသို့မတွေးပေ။
"မင်းက လူကိုအနိုင်ကျင့်နေတာပဲ"
ကျိုးမောင်ဟယ်က ကျောက်ကျင်းကောကို ဒေါသတကြီးကြည့်ကာ ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
သို့သော်လည်း ကျောက်ကျင်းကောက သူ့ကို ဝမ်ကျန်းဟွာလျစ်လျူရှုထားသလို မသိချင်ဆောင်ကာ မျက်လုံးထဲပင်မထည့်ပေ။
ကျိုးမောင်ဟယ်က သူ့ကို လူများက လျစ်လျူရှုသည်ကို မကြိုက်သည့်သူဖြစ်၍ တစ်ခုခုပြောလိုက်ချင်သော်ငြား အစောင့်တစ်ယောက်က သူ့ကိုပါးစပ်လာအုပ်လေသည်။
သူစကားဆို၍ မရတော့ပေ။
ကျိုးမောင်ဟယ်က သူယခုအကြိမ်လုပ်ကိုင်ရမည့်အရာက အလွန်ရိုးရှင်းသည်ဟု ထင်ခဲ့သည်။တော်ဝင်တရားရုံးတော်၏ထောက်ခံမှုရရန် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က တော်ဝင်အမိန့်ပြန်တမ်းကိုလက်ခံပြီး ပုန်ကန်သူများကိုတိုက်ပေးမည်ဟု တွေးထားခဲ့သော်ငြား ယခုကြည့်ရသည်က....။
ကျိုးမောင်ဟယ်က ရုတ်တရက် ထိတ်လန့်လာသည်။
ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က သူတို့ကို စကားများများမပြောပေ။ကျောက်ကျင်းကောက ကျောတွင်ဆူးပင်ကြီးနှင့်ချီချင်းထွက်သွားသည်ကို ကြည့်ရုံသာကြည့်နေသည်။
ကျန်းရီနှင့်ကျိုးမောင်ဟယ်ကိုဖြင့် တစ်နာရီကြာသည်ထိ ပြန်မပို့သေးပေ။အသက်မငယ်တော့သည့် ချီချင်းက အချိန်အကြာကြီးဒူးထောက်ခဲ့ရ၍ ဖျားသွားလေသည်။ကျိုးမောင်ဟယ်ကလည်း ဒေါသထွက်လွန်၍ ဖျားပင်ဖျားတော့မတတ်ပင်။
သမားတော်တစ်ယောက်လွှတ်လိုက်သော်လည်း ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က တစ်ခါမှလာမကြည့်ပေ။
"သူတို့ ဒါဘာလုပ်ချင်တာလဲ"ကျိုးမောင်ဟယ်က ဆိုလိုက်သည်။
အခြားဘာများရှိမည်နည်း။သူတို့တွင် တချီကိုကူညီရန် အစီအစဥ်မရှိပေ။
ကျန့်ရီသာ ကျန်းကျန့်နေရာတွင်ဆိုပါက သူ့လက်အောက်ကလူများကို အခြားသူအတွက် အသက်ပေးပြီးကူညီခိုင်းမည်မဟုတ်ပေ။
ထို့ထက် သူတို့က ကူပေးလိုက်လျှင်လည်း တချီက ကယ်၍မရနိုင်တော့သည့်အခြေအနေပင်။
သို့သော်လည်း သူက ကျိုးမောင်ဟယ်ကို တည့်ပြောလိုက်၍လည်းမရ၍ စကားပြောရပ်ပြီး နားလည်ရခက်သည့်အပြုံးတစ်ခုသာ ပြလိုက်သည်။
ထိုအပြုံးက ကျိုးမောင်ဟယ်ကို ပိုပြီးဒေါသထွက်စေသည်။
ကျန့်ရီက သူ့ကို နှစ်သိမ့်ပေးလိုက်ကာ သတင်းစာပြန်ဖတ်ရန် သူ့အခန်းသို့ပြန်သွားလေသည်။
တစ်ရက်အကြာတွင် ကျန့်ရီက ကျန်းကျန့်နှင့်တွေ့လေသည်။
"ငါတို့ရဲ့တွေ့ဆုံမှုက ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး"
ကျန်းကျန့်ကိုတွေ့ပြီး ကျန့်ရီမှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
"ဟုတ်တယ်"ကျန်းကျန့်က ဆိုလိုက်သည်။ဆယ်နှစ်ကျော်ကြာသွားပြီဖြစ်ပြီး အရာတော်တော်များများလည်း ပြောင်းလဲသွားလေသည်။တစ်ခါက ချောမောလှသည့်သခင်လေးကျန့်ရီက ယခု အနည်းငယ်ဝသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်လာသည်။
"တရုတ်က ကောင်းကောင်းတိုးတက်နေတာပဲ"ကျန့်ရီက ထပ်ပြောလိုက်သည်။
"ဒါကြောင့် သခင်လေးကျန့် ဒီလာချင်လား..."
ကျန်းကျန့်က မေးလိုက်ရင်း:"အခု အပြတ်လတ်ဆုံးအရာက လူတွေပဲ...ဒါပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ နေချင်တယ်ဆိုရင် တရုတ်ရဲ့စည်းမျဥ်းအတိုင်း နေရမှာ"
"ငါ့ကိုပြ" ကျန့်ရီက ဆိုလိုက်သည်။
ကျန်းကျန့်က ဤအတွက် ပြင်ဆင်ထားပြီးဖြစ်၍ ကျန့်ရီကို စာအုပ်ထူကြီးများပေးလိုက်သည်။
တရုတ်ရှေးစာလုံးများနှင့် ပုံနှိပ်ထားသည်ဖြစ်၍ ကျန့်ရီက အတားအဆီးမရှိဖတ်နိုင်ကာ တစ်ခဏမျှဖတ်ပြီးသည်နှင့် သူက ပြောလိုက်သည်:
"ငါ ဒါကို လေ့လာဖို့လိုတယ်"သူက ဤနေရာသို့လာရန်ဆုံးဖြတ်ပြီးသားဖြစ်၍ အခြေတကျနေမည်ဆိုပါက တရုတ်အကြောင်းပိုသိရန်လိုပေသည်။
"ကောင်းပြီ"ကျန်းကျန့်က ဆိုလိုက်သည်။
တရုတ်နိုင်ငံ၏စည်းမျဥ်းဥပဒေများက အချို့နေရာများတွင် တချီ၏အခွင့်ထူးခံလူတန်းစားများကို မသက်မသာဖြစ်စေနိုင်သော်ငြား တချီက စစ်ဖြစ်နေသည်ဖြစ်၍ ထိုနေရာတွင်နေသည်က အချိန်မရွေးအသက်သေသွားနိုင်သည်။
သူက ကျန့်ရီမှာ သေချာပေါက် တရုတ်ကိုလာရန်ရွေးလိမ့်မည်ဟု ယုံသော်လည်း အခြားလူများပါ တရုတ်ကိုလာရန်ရွေးမည်စိုးရသည်။
သေချာပေါက် တရုတ်က လူတိုင်းကို လက်ခံလိမ့်မည်မဟုတ်။ကျိုးမောင်ဟယ်ကဲ့သို့လူများကိုဖြင့် ကြိုဆိုနေမည်မဟုတ်ပေ။သူသာ ဤနေရာတွင်နေချင်ပါက သူ၏နိုင်ငံရေးသဘောထားကို ပြုပြင်ရမည်ပင်။
ကျန့်ရီနှင့်အခြားသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တစ်လခန့်နေသွားကြပြီး ဘာမှမရပဲ မကျေမနပ်ပြန်သွားကြရသည်။
လအနည်းငယ်ကြာပြီးနောက် ကျန့်မိသားစုသည် ဟူမိသားစု..အခြားမိသားစုများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြောင်းလာကြသည်။
ဒုတိယသခင်ကြီးကျန့်ပါ ရောက်လာခဲ့သည်။
တချီတော်ဝင်မိသားစု၏ နောက်ဆုံးသောအားကိုးရာဖြစ်သည့် ယန့်ကျီမြစ်တောင်ပိုင်းမှ စစ်သူကြီးတစ်ယောက်က မမျှော်လင့်ထားစွာပင် တော်ဝင်တရားရုံးတော်အမိန့်များကို မနာခံတော့ပဲ ဘုရင်အဖြစ်ရပ်တည်နေမှန်း သဘောပေါက်သွားလေသည်။
ယနေ့တွင် တချီက လုံးလုံးပြိုကွဲသွားရသည်မှာ တချီ၏လက်ရှိဧကရာဇ်က စစ်သူကြီးများ အသုံးမကျ၍ စစ်ပွဲတွင်ရှုံးနိမ့်ရသည်ဆိုပြီး အပြစ်တင်နေတတ်သောကြောင့်ဖြစ်သည်။
ပုန်ကန်မှုများ၏အစမှ ယခုတိုင် သူက စစ်သူကြီးအယောက်ရှစ်ဆယ် တစ်ရာထိ ခေါင်းဖြတ်ခဲ့သည်။ထိုစစ်သူကြီးများပုန်ကန်သည်က အံ့သြစရာမရှိပေ။
ယခု တချီကိုကယ်နိုင်တော့မည်မဟုတ်၍ ဒုတိယသခင်ကြီးကျန့်လည်း ထွက်ပြေးရန်လမ်းစရှာရလေသည်။
သူက မလာချင်သော်လည်း ကျန့်ရီက သွားချင်နေ၍ပင်။သူတစ်ယောက်တည်းကျန်ခဲ့ပါက သေဘေးကိုစောင့်နေရုံသာရှိမည်ဖြစ်၍ နောက်ဆုံး တရုတ်ကိုလာရန်ဆုံးဖြတ်လိုက်ရသည်။
ပထမတစ်သုတ်ရောက်လာပြီးနောက် တချီမှ လူတစ်သုတ်ပြီးတစ်သုတ်ရောက်လာသည်။
ဤနေရာရောက်သည့်အချိန် စည်းမျဥ်းများကိုလိုက်နာရ၍ အများစုက မကျေနပ်သော်လည်း အရိပ်ခိုချင်လျှင် ဦးညွတ်ရမည်မှန်းသိ၍ တဖြေးဖြေးအသားကျသွားကြလေသည်။
ဆိုရလျှင် ဤနေရာက အသစ်အဆန်းနှင့်စိတ်ဝင်စားစရာများရှိ၍ ပိုကောင်းလေသည်။
လမ်းကျယ်ကြီးများက ရှားပါးပစ္စည်းမဟုတ်တော့ပေ။မြင်းမပါပဲရွေ့၍ရသည့် မီးရထားတစ်ခုလည်းရှိကာ ကုန်ပစ္စည်းအများအပြားလည်း သယ်ယူပို့ဆောင်နိုင်၍ လူအများသဘောကျနေကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ပထမဆုံးမီးရထားလမ်းမှာ မြို့တော်မှ ဝေရှန်းဆိပ်ကမ်းမြို့ထိဖြစ်သည်။နေရာနှစ်ခုကြား တစ်ရက်ခရီးသာရှိပြီး သယ်ယူပို့ဆောင်ရေးကို လွယ်ကူမြန်ဆန်၍ ထိုရထားလမ်းကို ကျေးဇူးတင်ရမည်ပင်။
ရထားက အသံတဝှီဝှီနှင့် အထဲတွင်ထိုင်လိုက်ရသည်က စိတ်ညစ်ဖွယ်ကောင်းသော်
ငြား လူများက သဘောကျသည်ပင်။
ပထမဆုံးရထားက ကျန်းကျန့်ရှေ့မှထွက်သွားလေပြီ။
ရွေ့လိုက်တိုင်း အသံတစ်ဝီဝီနှင့်ပင်။
ထိုအသံများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၏။
.......ပြီးပါပြီ .....
Extra 8 ပိုင်းကျန်ပါဦးမယ် ....