Chapter 239
ပြည်ပြင်ပမှ ပူဆွေးသံ
မကြာသေးမီနှစ်များအတွင်းတချီတွင် ကြည့်မှန်နှင့်အခြားမှန်အသုံးအဆောင်ပစ္စည်းများ စျေးနိမ့်သော်ငြား မှန်ပြတင်းပေါက်ကမူ မည်သူမှမဝယ်နိုင်သည့်အရာပင်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌မူ သာမန်အိမ်လေးများတွင်ပင် မှန်ပြတင်းပေါက်များတပ်ထားကြလေသည်။
ကျန့်ရီ၏မျက်လုံးအစုံပြူးကျယ်သွားသော်ငြားအသက်ဝဝရှူလိုက်ပြီး ယင်းက ပုံမှန်သာဖြစ်ကြောင်း နားလည်သွားသည်။
ကျန်းကျန့်တွင် စိတ်ကူးအကြံဥာဏ်စုံလေသည်။ယခင်က တချီတွင်နေစဥ် သူက အနည်းနှင့်အများကန့်သတ်ထားခံရသော်လည်း ယခုမတူတော့။
"ဒီဆိပ်ကမ်းက ....အံ့သြစရာကောင်းတဲ့ လက်မှုပညာရပ်တွေကို ကြည့်စမ်းပါအုံး"သင်္ဘောခန်းထဲမှ မီးခိုးရောင်ဆံပင်နှင့်လူအိုကြီးတစ်ယောက်ထွက်လာသည်။သူ့ရှေ့က ရှုခင်းကိုမြင်လိုက်စဥ် မင်သက်သွားရသည်။
"ဆရာကျိုး....ဆင်းရအောင်ပါ"ကျန့်ရီက ဆိုလိုက်သည်။
စစ်တပ်အထောက်အပံ့တောင်းရန်အတွက် သွားရမည့်အရာရှိသုံးယောက်ထဲမှ နောက်ဆုံးတစ်ယောက်မှာ ကျိုးမောင်ဟယ်ဖြစ်သည်။ကျန်းကျန့်နှင့်တစ်ကြိမ်ရင်ဆိုင်တွေ့ဖူးပြီး ဖမ်းပါဖမ်းဖူးသည့်သူဖြစ်သည်။
ကျိုးမောင်ဟယ်က အမြဲတစေ ကံကောင်းသူတစ်ယောက်ပင်။သူ၏ဆန္ဒကို အကြိမ်ကြိမ်ရှုံးနိမ့်ရသော်လည်း တော်ဝင်တရားရုံးတော်တွင်နေရန် စီစဥ်ခဲ့သည်။ကုန်လွန်ခဲ့သည့်နှစ်များအတွင်း သူအသက်ကြီးလာသည်နှင့် သူ့ဂုဏ်သတင်းလည်း ပိုမိုကောင်းမွန်လာခဲ့သည်။
ဤတစ်ကြိမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သူ့ကိုယ်ပိုင်ဆန္ဒနှင့်လာခဲ့ခြင်းဖြစ်ပြီး ဘုရင်မင်းမြတ်ကလည်းသဘောတူ၍ပင်။
"ကျန်းကျန့်က တကယ်အရည်အချင်းကောင်းတွေရှိတယ်...လမ်းမှန်ကိုသွေဖယ်သွားတာတော့ စိတ်မကောင်းစရာပဲပေါ့"ကျိုးမောင်ဟယ်က ဆိုလိုက်ရင်း "သူက ဒီလိုအန္တရယ်များတဲ့အရာကိုတောင်လုပ်ခဲ့တယ် ....ဘိုးဘေးတွေကို အရှက်ရစေတာပဲ"
ကျိုးမောင်ဟယ်က ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ ပင်လယ်ကမ်းလွန်တွင် နိုင်ငံသစ်ထူထောင်ခြင်းကိုတွေးရင်း ဒေါသထွက်လာရသည်။
အဲဒီလူက သစ္စာမရှိတဲ့ လူမိုက်တစ်ယောက်။
ကျန့်ရီက ပြုံးလိုက်သော်ငြား စကားမဆိုချေ။သူက ကျိုးမောင်ဟယ်ကို စိတ်ထဲပင်မရှိသော်လည်း ချီချင်းက သတိပေးလိုက်သည်:"ဆရာကျိုး....စကားပြောသတိထားပါ"
သူတို့က ယခုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပိုင်နက်ထဲရောက်နေသည်ဖြစ်၍ ထိုသူတို့၏ဧကရာဇ်နှင့်အတိုင်ပင်ခံအမတ်ကြီးကို မည်သို့များမလေးမစားလုပ်ရဲမည်နည်း။
ပြောရလျှင် ချီချင်းကလည်း သူလုပ်ခဲ့သည့်လုပ်ရပ်ကို အလွန်နောင်တရနေပြီဖြစ်သည်။
အရှင်မင်းကြီးက ကျန်းကျန့်ကိုရှင်းချင်နေတဲ့အချိန် သူဘာကြောင့်များ မတားခဲ့ရတာလဲ။
ကျန်းကျန့်သာ တချီကနေ ထွက်မသွားခဲ့ရင် လျောင်တုံးမြင်းစီးသူရဲတွေလည်း အစားအစာပြတ်သွားမှာမဟုတ်ဘူး။လျောင်တုံးသံမဏိမြင်းစီးသူရဲတွေသာ အရေးကြီးလိုအပ်တာတွေ ပြတ်မသွားရင် ရုန်တွေကိုတားနိုင်မှာ။ရုန်လူမျိုးတွေကိုသာ ခံတိုက်နိုင်ခဲ့ရင် သူတို့လည်း ယန့်ကျီမြစ်တောင်ပိုင်းကို ထွက်ပြေးရမှာမဟုတ်ဘူး။
အဲ့ဒါတင်မကဘူး....တော်ဝင်တရားရုံးတော်က ပုန်ကန်တဲ့သူတွေကို ချေမှုန်းဖို့ စစ်တပ်ကိုလွှတ်လိုက်ချိန် ကျရှုံးသွားရတာလည်း အစားအစာပြတ်လတ်မှုကြောင့်ပဲ။
ကျန်းကျန့်ကိုသာ ဆက်ထားခဲ့မယ်ဆိုရင်...။
ကုန်လွန်ခဲ့သည့်နှစ်များအတွင်း ချီချင်းက ဤအကြောင်းခဏခဏစဥ်းစားမိပြီး နောင်တရနေခဲ့သည်။ညလယ်ခေါင်တွင်လည်း ထိုညကအကြောင်း အိမ်မက်မက်ကာ လန့်လန့်နိုးလာရသည်။
သို့သော်လည်း အရာအားလုံးပြီးဆုံးသွားပြီဖြစ်၍ အချိန်နောက်ပြန်လှည့်၍လည်းမရနိုင်တော့ပေ။ နောင်တရနေလည်း အသုံးမဝင်တော့။
ကျန်းကျန့်က ရက်စက်သည့်သူမဟုတ်၍ သူတောင်းပန်လိုက်လျင် ကျန်းကျန့်စိတ်ဆိုးပြေသွားကာ တချီကိုကူပြီး ရုန်လူမျိုးကိစ္စဖြေရှင်းပေးရန် မျှော်လင့်မိသည်။
ချီချင်းက ဤသို့တွေးနေသော်လည်း ကျိုးမောင်ဟယ်က ထိုသို့မဟုတ်ပေ။
ကျိုးမောင်ဟယ်က ကျန်းကျန့်သည် အရေးကြီးကိစ္စကဲ့သို့ ကူကိုကူညီရမည်ဟု တွေးထားလေသည်။
ယခုအချိန်တွင် ချီချင်းကြောင့် စကားစပြတ်သွားရသော်လည်း သူပိုပြီး စိတ်တိုလာသည်:
"နယ်စားမင်းချီ....ဘာလို့ကြောက်နေရတာလဲ"
"ကျွန်တော် ကြောက်နေတာမဟုတ်ဘူး"ချီချင်က ပြန်ဖြေလိုက်သည်။
ကျိုးမောင်ဟယ်က သူစကားနားမထောင်ပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ သူ့ကိုနှုတ်ဆက်ရန်လာသည့်လူဘက်သို့ လှည့်လိုက်သည်:"မင်းတို့အတိုင်ပင်ခံအမတ်ကြီး ဘယ်မှာလဲ...သူက ဘာလို့ရောက်မလာရတာလဲ"
သူတို့က တချီမှ သံတမန်များဖြစ်၍ ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ ကိုယ်တိုင်လာပြီးနှုတ်ဆက်သင့်သည်မဟုတ်လား။
တချီမှသံတမန်များကို လာပြီးနှုတ်ဆက်သည့်သူက ဝမ်မင်ဖြစ်သည်။
ကျောက်ကျင်းကောက ဝေရှင်းစီရင်မှထွက်ခဲ့စဥ် သူလည်းအတူပါခဲ့သည်။မကောင်းသည့်အရာတစ်ခုခုဖြစ်မည်စိုး၍ ကျောက်ကျင်းကောနောက်လိုက်ပြီး တချီမှထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။
သူက ဤကိစ္စနှင့်သက်ဆိုင်သည့်သူမဟုတ်၍ ဝေရှင်းစီရင်စုသို့ပြန်သွားပြီးနေ၍ရသည်ဟုထင်ခဲ့သော်ငြား မဖြစ်နိုင်သည့်အရာတစ်ခုဖြစ်ပွားခဲ့သည်။
သူတို့အားလုံး ဝရမ်းပြေးများဖြစ်ခဲ့ရသည်။
ထိုကိစ္စကြောင့် ဝမ်မင်မှာ နောင်တအကြီးအကျယ်ရခဲ့သည်။
ကျန်းကျန့်နှင့်ကျောကျင်းကောတို့နောက်လိုက်ခဲ့၍ နောင်တရခြင်းမဟုတ်။ပိုက်ဆံရှာပြီး ထိုနေရာတွင်မြေဝယ်ရန်သုံးထားသည့်အတွက် နောင်တရခြင်းပင်။
ထိုမြေနေရာကောင်းများက အစိုးရကို အလကားပေးလိုက်ရပြီး အဆုံးသတ်သွားသည်။
တွေးကြည့်ရုံနှင့်ပင် ဝမ်မင်က ရင်နာလာသော်လည်း တချီရှိပင်လယ်ကုန်သည်များ အကြိမ်ကြိမ်ဖိနှိပ်ခံရသည်ကိုမြင်ပြီးနောက် သူ့ပိုက်ဆံဆုံးရှုံးရသည်က ဘာမျှမဟုတ်မှန်းတွေးမိလေသည်။
သူက အနည်းဆုံး အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်တောင်နေရသေးတယ်။
ယခုတွင် သူက ပြည်ပကူးသန်းရောင်းဝယ်ရေးဌာန၏အမတ်တစ်ယောက်ဖြစ်ကာ တချီနှင့်ကုန်သွယ်ရေးလုပ်ငန်းများကို အထူးတာဝန်ယူထားသည်။သူ၏ဇနီးသည်လည်း ဤနေရာတွင်ရှိနေပြီး သူမစိတ်ကြိုက်အလုပ်များလုပ်ကာ သူတို့သားပင် အလားအလာရှိသည့်သူဖြစ်နေလေပြီ။
တချီ၏သံတမန်များကို သူလာကြိုရန်မလိုသော်လည်း ကျန့်ရီနှင့် ရင်းနှီး၍သာ သူဆင်းလာခြင်းဖြစ်သည်။သူလာနှုတ်ဆက်သော်ငြား သူ့စိတ်ထဲကအဖုအထစ်က ပြေပျောက်သေးသည်မဟုတ်ပေ။
တချီတွင် နောက်ပိုင်းဘာဖြစ်မည်မသိသော်လည်း ကျိုးမောင်ဟယ်က သူတို့ပိုင်နက်တွင်လာပြီး အာဏာပြချင်သေးသည်။
သို့သော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် ဝမ်မင်က စိတ်သဘောထားပြည့်ဝလာပြီဖြစ်၍ ကျိုးမောင်ဟယ်အကြည့်ကို မသိသလိုနေလိုက်သည်။ထို့အစား ကျန့်ရီကိုသာ စကားပြောလိုက်သည်:
"ညီအစ်ကိုကျန့်....မတွေ့ရတာကြာပြီ"
"မတွေ့ရတာကြာပြီ"ကျန့်ရီကလည်း ဆိုလိုက်သည်။
နှစ်ဦးသားတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြောစရာအများအပြားရှိနေသော်ငြား ယခုအခြေအနေနှင့် သူတို့ဘာမျှပြောနိုင်မည်မဟုတ်ကြောင်း သိကြသည်။
ဝမ်မင်က ပြုံးကာဆိုလိုက်သည်:"ညီအစ်ကိုကျန့်...ဝမ်ရှန်းဆိပ်ကမ်းမြို့ကိုပတ်ပြပေးမယ်လေ"
"ဒီဆိပ်ကမ်းကို ဝမ်ရှန်းလို့ခေါ်တာလား....ဝမ်ရှန်းလို့ကျခေါ်ပြီး ဘာလို့ပြန်မလာရတာလဲ"
ကျိုးမောင်ဟယ်က ရုတ်တရက်ထမေးလာသည်။
ဝမ်မင်မှာ တစ်ခဏမျှ ပြောစရာမရှိဖြစ်သွားရသည်။
သူတို့က မွေးရပ်မြေကိုလွမ်းသော်လည်း ပြန်သွားရန်က...။
သူတို့ ဘယ်တော့မှ ပြန်သွားလိမ့်မည်မဟုတ်ပေ။
တရုတ်မှာနေရသည့်ဘဝက ပိုကောင်းပြီး ဆက်ပြီးလည်းပိုကောင်းနိုင်၍ တချီသို့ မည်သူက ပြန်သွားချင်မည်နည်း။
"ဝမ်ရှန်းဆိပ်ကမ်းမြို့က တရုတ်မှာအကြီးဆုံးဆိပ်ကမ်းမြို့လေ...သူ့တင်မကဘူး...တခြားဆိပ်ကမ်းမြို့နှစ်ခုရှိသေးတယ်"
ဝမ်မင်က ဆိုလိုက်ပြီး ခပ်ဝေးဝေးမှ အဆောက်အအုံများကို ညွှန်ပြလိုက်ကာ "အဲ့ဒါကိုတွေ့လား...သူက ကျွန်တော်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကမ်းရိုးတန်းကာကွယ်ရေးတက္ကသိုလ်လေ....နိုင်ငံရဲ့ လက်ရွေးစင်တွေအားလုံး လေ့လာသင်ကြားကြတဲ့ တက္ကသိုလ်ပေါ့"
ဝမ်မင်က ထိုတက္ကသိုလ်နှင့် သင်္ဘောကျင်းကဲ့သို့ ဆိပ်ကမ်းမှလှမ်းမြင်နိုင်မည့် နေရာအချို့ကိုပြလိုက်သည်။
စကားစမြည်ပြောပြီးသည်နှင့် ရင်းနှီးမှုက ပြန်လည်သက်ဝင်လာ၍ ကျန့်ရီက မေးရန်ဆုံးဖြတ်လိုက်သည်
"သခင်ကြီးဝမ်...ကျွန်တော်တို့ ခြေချထားတဲ့အရာက ဘာတွေလဲ"
ကမ်းခြေဘက်သွားပြီးနောက် သူတို့ရင်းနှီးလာပြီမှန်း တွေ့လိုက်၍ သူ့ခြေထောက်အောက်က ကျောက်တုံးမှာ ကျောက်တုံးအကြီးကြီးကိုဖြတ်ထားသည်နှင့်တူသည်ဟု တွေးမိသည်။
အချို့ကျောက်တုံးများတွင် ဖြတ်ရာများရှိနေသည်။
ဖြတ်ရာများရှိနေလျှင်ပင် တစ်ပိုင်းစီက အလွန်ကြီးမားလေသည်။သူတို့က ဘယ်လိုလုပ်ပြီး ကျောက်တုံးအကြီးကြီးကို မြေပေါ်ချထားနိုင်တာလဲ။
ကျောက်ပြားပိုင်းကြီးတော့ မဟုတ်ဘူးမလား။
ကျောက်ပြားပိုင်းကြီးမဟုတ်ရင် ဘာလဲ။
"ဒါက ကွန်ကရစ်ပါ"ဝမ်မင်က ဆိုလိုက်သည်။"ကွန်ကရစ်ကို သုတေသနဌာနက လုပ်ထားပြီး နေရာတော်တော်များများမှာ သုံးတယ်"
"ကွန်ကရစ်လား"ကျန့်ရီက ထိုစကားလုံးကို တစ်ခဏမျှရေရွတ်လိုက်ရင်း အံ့သြမိသည်။ရွှံ့နဲ့လုပ်တာတော့မဟုတ်ဘူးမလား။
သူထပ်သိချင်သေးသော်လည်း ဆက်မမေးတော့ပေ။ဝမ်မင်က သူတို့ကို အနီးအနားရှိ ဧည်သည်ဆောင်သို့ခေါ်သွားလေသည်။
ဤဧည့်သည်ဆောင်က ပြည်ပနိုင်ငံများမှဧည့်သည်များတည်းရန် သုံးထားခြင်းဖြစ်၍ ကျန်းကျန့်က အားစိုက်ထုတ်ပြီး အလှဆင်ထားလေသည်။
မြို့တော်ရေစနစ်က လေ့လာနေဆဲဖြစ်ပြီး မတပ်ဆင်ရသေးသော်လည်း သူက ရေတိုင်ကီများအစားထိုးသုံးစွဲလိုက်ပြီး အိမ်အပေါ်ထပ်များတွင် ရေတိုင်ကီအများအပြားထားစေကာ အဆောက်အအုံကို ကိုယ်ပိုင်ရေအထာက်အပံ့ရစေသည်။
အိမ်တော်ကိုကြွေပြားခင်းပြီး မှန်ပြတင်းပေါက်များထားရှိစေ၍ ဧည့်ခန်းတစ်ခုလုံးလင်းလင်းကျင်းကျင်းဖြစ်သွားစေသည်။
အထဲဝင်လိုက်စဥ် ရိုးရိုးပရိဘောဂများသာတွေ့ရသည်။
ဒါပေမယ့် အခန်းထဲမှာ ဘာလို့သန့်စင်ခန်းမရှိရတာလဲ။ဒီထူးထူးဆန်းဆန်းပုံစံတွေနဲ့ ပစ္စည်းတွေက ဘာတွေလဲ။
ကျန့်ရီနှင့်အခြားသူများက အံ့သြနေကြသော်လည်း ဧည့်သည်ဆောင်ဝန်ထမ်းများက ရှင်းပြလာသည်။
တာဝန်ခံက မူလတိုရိုတိုင်းပြည်တွင် ကြီးပြင်းလာခဲ့သော်လည်း သူမက တိုရိုသူနှင့်လုံးလုံးမတူတော့ပေ။သူမက တချီမန်ဒရင်းစစ်စစ်နှင့်သာ ပြောဆိုလာသည်
:"ဒါက ရေဆွဲချလို့ရတဲ့ သန့်စင်ခန်းပါ....သူ့ဘေးမှာ လက်ဆေးလို့ရတဲ့နေရာရှိတယ်...ဒီဘက်ကတော့ ရေချိုးတဲ့နေရာပါ...ဒီခလုတ်လေးကိုလှည့်လိုက်တာနဲ့ ရေအေးတွေကျလာမှာပါ...ရေပူလိုချင်ရင်တော့ ကျွန်မတို့ကိုပြောပါ...ချက်ချင်းယူလာပေးပါမယ်"
သူမက ကျန့်ရီနှင့်အခြားသူများရှေ့ အပြုံးလေးနှင့်ချက်ကျလက်ကျပြောနေသည်။
ကျန့်ရီက အံ့အားသင့်နေသလို ကျိုးမောင်ဟယ်နှင့်ချီချင်းကလည်း အတူတူပင်။
ဒီတရုတ်ပြည်သူ့သမ္မတနိုင်ငံက တချီနဲ့ လုံးဝမတူတော့ဘူး။
သူတို့က အခန်းတွင်းလျှောက်ပတ်ကြည့်နေကြကာ အံ့အားသင့်နေကြသည်။ထိုတာဝန်ခံက စာလုံးအချို့နှိပ်ထားသည့်စာရွက်အချို့နှင့် စာအုပ်တစ်အုပ်ကို ယူလာခဲ့သည်။
"ဒါက ဘာလဲ"ကျန့်ရီက ထပ်မေးလိုက်သည်။
"ဒါက လွန်ခဲ့တဲ့ရက်အနည်းငယ်ကအကြောင်း သတင်းစာတွေပါ...စာအုပ်က တရုတ်ကိုမိတ်ဆက်တဲ့စာအုပ်ပါ....ဒါကြောင့် သဘောပေါက်လွယ်နိုင်ပါတယ်"ဝန်ထမ်းက ဆိုလာသည်။
"သတင်းစာ"ကျန့်ရီက တစ်ခုယူပြီးကြည့်လိုက်သည်။စစချင်းကြည့်လိုက်သည်နှင့် တော်ဝင်မိသားစုနှင့်ပတ်သတ်သည့်သတင်းကို တွေ့လိုက်ရသည်။
သတင်းစာထဲတွင် ဘုရင်မင်းမြတ်၏တတိယမြောက်သားကို ယခုနှစ်မူကြိုတွင် တရားဝင်စာရင်းသွင်းထားပြီးဖြစ်ကြောင်း ရေးထားသည်။
ကောင်းမွန်သည့်စကားလုံးများရေးထားကာ စိတ်ပျက်ဖွယ် မြင့်မြောက်ပြောဆိုသည့်စကားများ မပါချေ။သူက ပျော်ပျော်ရွှင်ရွှင်ဆက်ဖတ်နေစဥ် နေရာတော်တော်များများတွင် ဖြစ်ပွားသည့်အရာနှင့်ဒေသန္တရအာဏာပိုင်များက လုပ်ခဲ့သည့်အကြောင်း ပြောပြထားသည်ကို တွေ့လိုက်ရသည်။
ယင်းက ပြတ်ပြတ်သားသားနှင့် တည့်တိုးဆန်လေသည်။စာရွက်အချို့လှန်လိုက်ပြီးနောက် နောက်ကျောတွင် စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ချို့တွေ့လိုက်ရသည်။
စာလုံးများကို တချီဘာသာစကားနှင့်မတူသည့် ရိုးရိုးရှင်းရှင်းစာလုံးများသုံးထားသော်လည်း ကျန့်ရီက ဖတ်ရင်း ညှို့ယူခံလိုက်ရသည်။
သူက စိတ်ဝင်တစားဖြစ်နေသော်ငြား သူ့အဖော်နှစ်ယောက်က ထိုသို့ဖြစ်မနေကြ။
ချီချင်း၏မျက်ခုံးတို့ တွန့်ချိုးကုန်သည်။သူက ကျန်းကျန့်မှာ တချီစာလုံးများကို ခြေပြတ်လက်ပြတ်အကောင်းတိုင်းမဟုတ်သည့်အရာကဲ့သို့ပြောင်းပစ်သည်ဟု တွေးလိုက်မိသည်။
သို့သော်ငြား ကျိုးမောင်ဟယ်က ပိုပြီး ဒေါသထွက်လာရသည်။
သူက ဤနေရာကလူများက စကားလုံးများပြောင်းလဲထားမှန်း သိတာကြာပြီဖြစ်သော်ငြား ဤသို့ပြောင်းလိုက်မည်ဟု မသိခဲ့ရချေ။ ကျန်းကျန့်က အဓိပ္ပါယ်မရှိတာတွေ လုပ်နေတာပဲ။
"ဒါတော်တော်လွန်သွားပြီ" ကျိုးမောင်ဟယ်က ဒေသထွက်လွန်နေ၍ စကားပင်ဆုံးအောင်မပြောနိုင်ပေ။
တာဝန်ခံ၏မျက်နှာလည်း တင်းမာသွား၍ ကျန့်ရီက သူမတစ်ယောက်ယောက်ကို ရိုက်ချင်နေလားဟုပင် တွေးမိသည်။
သို့သော်လည်း သူမက ဤလူများကိုရိုက်လိုက်သည်က မကောင်းလောက်ဟု တွေးမိကာ ဘာမျှမလုပ်ပဲ မျက်နှာထားတင်းတင်းနှင့်သာပြောလိုက်သည်:"လုပ်စရာမရှိတော့ရင်...သွားတော့မယ်"
တာဝန်ခံက တချီသံတမန်များကို ချန်ကာထွက်သွားခဲ့သည်။
ကျိုးမောင်ဟယ်က ဖွာလောင်ဖွာလောင်ပြောနေဆဲဖြစ်ကာ ကျန်းကျန့်နှင့်ကျောက်ကျင်းကောက သူတို့ကိုလာမတွေ့၍ ယဥ်ကျေးမှုမရှိကြောင်း တတွတ်တွတ်ပြောနေသည်။ ကျန့်ရီက သူ့စကားနားထောင်မနေတော့ပဲ သူ့အခန်းသူတည့်တည့်သွားလိုက်သည်။
ကျိုးမောင်ဟယ်က စကားဝိုင်းထဲ ချီချင်းကိုဆွဲခေါ်ရန်သာ တတ်နိုင်တော့သည်။
ချီချင်းက ကျန်းကျန့်၏လေ့ကျင့်မှူအချို့ကို မကျေမနပ်ဖြစ်မိသော်ငြား ရှေ့ကသတင်းစာကိုကြည့်ရင်းတစ်ခဏမျှတွေးလိုက်သည်။ ကျန်းကျန့်စကားလုံးပြောင်းလိုက်သည်က မမှန်သော်ငြား ဤသတင်းစာက ကောင်းကျိုးရှိလေသည်။
ကျန်းကျန့်က တကယ်အရည်အချင်းရှိတယ်..
သူသာ အရှင်မင်းမြတ်ကို သိမ်းသွင်းနိုင်ခဲ့ရင်...။
ချီချင်းမှာ ထပ်ပြီးနောင်တရလာပြန်သည်။အစာရေစာပြတ်လတ်မှုကြောင့် လျောင်တုံးသံမဏိမြင်းစီးသူရဲများက အရိုးထိအောင်ဆာလောင်မွတ်သိပ်နေသော်ငြား တိုက်ပွဲတွင် ဆက်ပြီးတိုက်ရသေးသည်။ ဤသည်က သူထပ်ပြီးမစဥ်းစားချင်တော့သည့်မြင်ကွင်းပင်။
သူမှားခဲ့တယ်...သူ တကယ်ကို မှားခဲ့တယ်။
သူသိသာသိခဲ့ရင်....။
ချီချင်း ရင်ဘတ်ကိုဖိပြီး ခါးသက်သက်ရယ်လိုက်သည်။
သို့သော်လည်း ကျိုးမောင်ဟယ်က သူမှန်သည်ဟု လက်ကိုင်ထားဆဲပင်။
ဧကရာဇ်က သူ့ကိုလုပ်တဲ့သူကိုသေစေချင်ရင် လုပ်တဲ့သူက သေကိုသေရမှာပဲလေ။သူ့အယူအဆရ ထိုအချိန်က ကျန်းကျန့်မှာ မခုခံလိုက်သင့်ဟု ထင်သည်။
ချီချင်းနှင့်အခြားသူများက ဧည့်သည်ဆောင်တွင် တစ်ရက်အနားယူပြီး နောက်တစ်နေ့တွင် ရထားလုံးစီးကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏မြို့တော်သို့ ဦးတည်သွားကြသည်။
သူတို့မရောက်မီအချိန်တွင် သူတို့လုပ်ခဲ့သည့်အရာများအကြောင်း ကျန်းကျန့်မျက်စိရှေ့ရောက်နှင့်ပြီးဖြစ်သည်။
ကျန်းကျန့်နှင့်ကျန့်ရီက အဆက်အသွယ်မပြတ်ရှိနေ၍ ကျန့်ရီ ဤနေရာသို့လာရင်းကိစ္စကိုလည်း သိလေသည်။ကျန့်ရီ၏လာရင်းကိစ္စက မှန်းစရာပင်မလို။ကျိုးမောင်ဟယ်နှင့်ချီချင်းတို့၏ ဖြစ်သွားမည့်မျက်နှာကိုဖြင့် ကြည့်ရန်လိုပေသည်။
သတင်းပို့လာသည်ကို ဖတ်ပြီး ကျန်းကျန့်မှာ တိုးတိုးရယ်မိသည်။
မတူညီသောသဘောထားများနှင့် သူတို့မှာ ဆက်ဆံရခက်ခဲလေသည်။
"ဒီလူတွေကို ဘာတွေလုပ်ခွင့်ပေးထားတာလဲ"ကျောက်ကျင်းကောက မျက်မှောင်ကြုတ်လိုက်သည်။
သူ့စိတ်ထဲ ကျိုးမောင်ဟယ်နှင့်ချီချင်းတို့နှင့်ပတ်သတ်ပြီး မကျေပွဲရှိသေးသည်။သူတို့က ကျန်းကျန့်ကို ယခင်က ထိခိုက်အောင်လုပ်ဖူး၍ သူတို့ကို တုတ်နှင့်သေသည်ထိရိုက်လိုက်ရန် မစောင့်နိုင်တော့။သူတို့ကိုလည်း လုံးဝမတွေ့ချင်ပေ။
"သူတို့ကို ပြစရာလေးရှိလို့ဖိတ်ထားတာပါ"ကျန်းကျန့်က ဆိုလိုက်သည်။
ကျောက်ကျင်းကောက စစချင်းတွင် နားမလည်သလိုဖြစ်သွားသော်လည်း ကျန်းကျန့်က သူ့လက်ကိုဆုပ်ကိုင်လာသည်။
"အချိန်ကျလာတဲ့အခါ မင်းကို အရမ်းအံ့သြသွားစေရမယ်..."
ကျောက်ကျင်းကောက ကျန်းကျန့်၏ထူးဆန်းသည့်အမူအရာကို တွေ့လိုက်၍ အသစ်အဆန်းတစ်ခုရှာတွေ့ထားပြီ
းဖြစ်ကြောင်း သိသွားသည်။ ထို့ကြောင့် သူက ပြုံးကာဆိုလိုက်သည်
"ကောင်းပြီ...ကျွန်တော်စောင့်နေမယ်"
အန္တရာယ်ကျခံရတော့မည့် တချီမှသံတမန်များရောက်လာသော်လည်း ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့၏နေ့စဥ်ဘဝလေးက မပြောင်းမလဲရှိနေခဲ့သည်။