အပိုင်း ၂၃၈
Viewers 68k

Chapter 238

-ပြည်ပ ကူးသန်းရောင်းဝယ်မှု





အစားအစာများကို စားပွဲပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ယူလာကြသည်။အစားအစာက အစားအစာနှင့်မတူတော့ပဲ အနုပညာလက်ရာတစ်ခုနှင့်တူနေ၍ မင်းသားကာလင်မှာ တူပင်မရွေ့ရဲချေ။


မင်းသားကာလင်မှာ တရုတ်လူမျိုးများ တူကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်ပြီး စားကြသောက်ကြသည်ကိုကြည့်ရင်း အားကျလာရသည်။ သူက အနာဂတ်တွင် ယခုကဲ့သို့ကြောင်အအဖြစ်မနေစေရန်အတွက် တူကိုင်သင်ရန် ဆုံးဖြတ်လိုက်သည်။


တူနှင့်အသားတုံးကိုယူလိုက်ကာ ဇွန်းပေါ်တင်ကာ ပါးစပ်ထဲထည့်လိုက်သည်။


အရမ်းအရသာရှိတာပဲ....။ဒီလိုအရသာရှိတာမျိုး တစ်ခါမှမစားဖူးဘူး။


မင်းသားကာလင်က ဟင်းပွဲတစ်ခုစီကို အနည်းငယ်စီမြည်းပြီး အရသာက အလွန်အံ့သြဖွယ်ကောင်းလှ၍ တူကိုင်နည်းကို မြန်မြန်တတ်သွားလေသည်။


မင်းသားကာလင်က အများကြီးစားလိုက်ပြီး သူနှင့်အတူပါလာသည့်လူများကလည်း ပြည့်နေအောင်စားကြသည်ကို တွေ့လိုက်ရသည်။


ဒီနေရာက တကယ်ကောင်းလိုက်တာ။


မင်းသားကာလင်က သူ့ဘေးရှိ ထက်ထက်မြက်မြက်မိန်းမငယ်လေးကိုကြည့်သည်:"ဒေလီ...ဒီနေရာကိုဘယ်လိုထင်လဲ"


"အရမ်းကောင်းတယ်"ဒေလီ၏မျက်လုံးများက တောက်ပရွှန်းလဲ့နေသည်။


"မင်း နေချင်လား"မင်းသားကာလင်က မေးလိုက်သည်။ ဒေလီက သူ့ဝမ်းကွဲဖြစ်ပြီး အလွန်လှလေသည်။ဤတစ်ကြိမ်ရွက်လွင့်သည့်အခေါက်တွင် သူမကိုခေါ်လာခြင်းက လိုအပ်ပါက အပ်နှင်းပေးရန်ရည်ရွယ်ချက်နှင့်ပင်။


မူလက ဒေလီကို တချီဧကရာဇ်ဆီပေးချင်သော်လည်း ယခုတွင်မူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ဧကရာဇ်လည်း အရမ်းကောင်းသည်ဟုထင်သည်။


ဤစားသောက်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အရာရှိများအားလုံးဇနီးသည်များခေါ်လာကြသော်လည်း တရုတ်နိုင်ငံဧကရာဇ်ဘေးနားတွင် မည်သူမျှရှိမနေ၍ သူ့တွင်တစ်ယောက်မှမရှိခြင်းဖြစ်နိုင်သည်။


ဒီတရုတ်ဧကရာဇ်က အရမ်းငယ်ပြီး လက်မထပ်ရသေးတဲ့ပုံပဲ....ဒေလီသာ သူနဲ့လက်ဆက်နိုင်ရင်....။


"နေချင်တယ်"ဒေလီက ချက်ချင်းခေါင်းညိမ့်ပြလာသည်။သူမလည်း တရုတ်နိုင်ငံဧကရာဇ်က အရမ်းကောင်းသည်ဟုထင်သည်။ သူက ချောမောခန့်ညားတယ်...ဒါနဲ့တင် ကျေနပ်စရာကောင်းနေပြီ။


သေချာပေါက် အရေးအကြီးဆုံးအရာဖြစ်တဲ့ ချမ်းလည်းချမ်းသာတယ်။


သူမမိသားစုက ပြိုလဲသွားကတည်းက တင်တောင်းကြေးလည်း များများမရှိတော့ပေ။သူမကို လက်ထပ်ချင်သည့်သူများက မည်မည်ရရမဟုတ်သည့် ကုန်သည်များသာ။သူမသာ ဖြစ်နိုင်လျှင် ဤဧကရာဇ်နှင့်လက်ထပ်ချင်မိသည်။


မင်းသားကာလင်က ဤအကြောင်းကို သူ့ဝမ်းကွဲနှင့်တစ်ခဏမျှဆွေးနွေးလိုက်ပြီးနောက် ထရပ်လိုက်သည်


:"တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဧကရာဇ်ခင်ဗျား....ဒီမင်းသားက တရုတ်ကို သဘောကျမိတယ်...ကိုယ့်ညီမကလည်း တရုတ်ကိုသဘောကျတာမို့ မင်းရဲ့ဇနီးဖြစ်လာချင်နေတယ်"


ကျောက်ကျင်းကောက မင်းသားကာလင်နှင့် မည်သည့်နည်းနှင့် လုပ်ငန်းစေ့စပ်ညှိနှိုင်းသင့်သလဲစဥ်းစားနေသော်ငြား တစ်ဖက်က ရုတ်တရက်ထိုစကားပြောလာမည်ဟု မထင်ထားခဲ့၍ မေ့လဲမတတ်ဖြစ်သွားရသည်။


ကျန်းကျန့်သည် မူလက အခြားတစ်ယောက်နှင့်စကားပြောနေ၍ ပြောလိုက်သည်ကိုမကြားလိုက်သော်ငြား အံ့အားသင့်ကာ ခေါင်းလှည့်လာသည်။


တရုတ်မှစကားပြန်ကလည်း အံ့သြတကြီးဖြစ်သွားရသည်။


ကျောက်ကျင်းကောက တရုတ်ဧကရာဇ်ဆိုသော်ငြား အဓိကအာဏာရှိသူက ကျန်းကျန့်ဖြစ်သည်။ အခု တစ်ယောက်ယောက်က ကျန်းကျန့်ဆီကနေ ကျောက်ကျင်းကောကို လုချင်နေတယ်....ဒါက...။


"မင်းဘာလို့ ဘာသာမပြန်ပေးတာလဲ"မင်းသားကာလင်က စကားပြန်ကို မကျေမနပ်ကြည့်လိုက်သည်။


ဘာသာပြန်တစ်ယောက်အနေနှင့် သူ့တာဝန်ကိုကောင်းကောင်းလုပ်ပေးရမည်ဖြစ်ရာ ထိုဘာသာပြန်သူ၏မျက်နှာမှာလည်း တောင့်ခဲသွားရသည်။သူက မင်းသားကာလင်ပြောလိုက်သည့်စကားကို ဘာသာပြန်ပေးလိုက်သည်။


တရုတ်နိုင်ငံမှအရာရှိများက လွန်ခဲ့သောအချိန်ပိုင်းလေးက မင်းသားကာလင်ပြောလိုက်သည့်စကားကို နားမလည်လိုက်သော်လည်း ယခုကြားလိုက်သည့်အခါ လက်များပင်တုန်တုန်ယင်ယင်ဖြစ်သွားရသည်။


ဒီလူက ဒီနေရာကို မမေးမစမ်းပဲ ရောက်လာတာလား။


အရှင်မင်းမြတ်က အတိုင်ပင်ခံအမတ်ကြီးကို ကလေးသုံးယောက်တောင်မွေးပေးထားတာလေ။


"ကျွန်တော်က လက်ထပ်ပြီးသားလူပါ"ကျောက်ကျင်းကောက အပြုံးလေးနှင့်ဆိုလိုက်ပြီး "ချစ်စရာကောင်းတဲ့ကလေးသုံးယောက်လည်းရှိတယ်"


"ငယ်ငယ်လေးရှိသေးတာကို ကလေးသုံးယောက်တောင်ရှိတယ်လား"


ဒေလီက ကျောက်ကျင်းကောကို အံ့သြတကြီးကြည့်လိုက်သည်။


"ကျွန်တော်က မငယ်တော့ပါဘူး ...သူမက အကြီးဆုံးသမီးလေ"ကျောက်ကျင်းကောက ကျောက်မင်ကျူးရှိရာ ညွှန်ပြလိုက်သည်။


ကျောက်မင်ကျူးက အသက်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်ကာ အရပ်ရှည်ရှည်နှင့်ဖြစ်သည်။ယခင်က ဒေလီမှာ တရုတ်လူမျိုးတို့၏အသက်ကိုမခန့်မှန်းတတ်၍ ဧကရာဇ်ကိုလည်း သူမနှင့်အသက်တူတူလောက်ဟု ထင်ခဲ့သည်။ သို့သော်လည်း ပြောင်းပြန်ဖြစ်သွားရသည်။


သူမရင်ထဲအစပျိုးနေသည့် အချစ်မီးတောက်လေးကလည်း ချက်ချင်းပင် ငြိမ်းသတ်သွားလေသည်။


"အဲ့ဒါအပြင် သူတို့အကုန်လုံးကို ကျွန်တော်မွေးထားတာပါ"ကျောက်ကျင်းကောက ဂုဏ်ယူမှုအပြည့်နှင့် ဆက်ပြောလာသည်။


"! ! ! !" မင်းသားကာလင်တို့တစ်ဖွဲ့လုံး တောင့်ခနဲဖြစ်သွားကြသည်။


ဒါဆို ဧကရာဇ်က ကောပေါ့။


အလှလေးကို ကမ်းလှမ်းသည်က မအောင်မြင်သော်လည်း စားသောက်ပွဲပြီးနောက် မင်းသားကာလင်တို့အဖွဲ့က တရုတ်နှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ရန် လက်မှတ်ထိုးခဲ့ကြပြီး ကျန်းကျန့်က ဥရောပသို့လိုက်သွားရန် သူ့လူများကိုပါထည့်လိုက်သည်။


ကျန်းကျန့်က နည်းပညာသင်ယူရန် သူ့လူများကိုလွှတ်လိုက်ပြီး ဥရောပမှအဖွဲ့ဝင်သစ်များကိုစုဆောင်းနိုင်ရန် နောက်ထပ်တစ်အုပ်စုလွှတ်လိုက်သည်။သူက အာလူးပင်များရှာရန်အတွက်ပင် လူလွှတ်လိုက်သော်လည်း မင်းသားကာလင်တို့အဖွဲ့က ဤအကြောင်းမသိပေ။


သူတို့က သူတို့နိုင်ငံသို့လိုက်လာသည့် တရုတ်သံတမန်များကို အထူးဝမ်းမြောက်စွာကြိုဆိုကြသည်။


အထူးသဖြင့် ဒီလူတွေက ကြွေထည်ပိုးထည်တွေမရေမတွက်နိုင်အောင် သယ်လာကြတယ်လေ....။


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏သင်္ဘောစုက ပင်လယ်ပြင်တွင်ရွက်လွှင့်ရင်း တရုတ်နိုင်ငံသမိုင်းကြောင်းကို အခန်းသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့သည်။


......



သုံးနှစ်ကြာပြီးနောက်....


တရုတ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့ကြီးမှာ ဝမ်ရှန်းမြို့ဖြစ်သည်။


ကျန်းကျန့်က တရုတ်နိုင်ငံရှိဤဒေသသို့ သူ့လူများကိုစပြီးခေါ်လာစဥ် ဝမ်ရှန်းဒေသနားတွင် ဦးစွာအခြေချလိုက်ပြီး ဤနေရာရှိအကြီးဆုံးနယ်မြေကိုသိမ်းပိုက်ထားလိုက်သည်။သူတို့က ယခုမှ တချီကထွက်လာကြသည်ဖြစ်ပြီး လူအများစုကလည်း ပင်လယ်ဘက်ကိုခဏခဏလှည့်ကြည့်ရင်း မွေးရပ်မြေကို လွမ်းဆွတ်နေကြသည်။ထိုမှစ ဝမ်ရှန်းဆိပ်ကမ်းမြို့ဆိုသည့်အမည်တွင်သွားခြင်းပင်။


ယနေ့တွင် တရုတ်စစ်သားများမှာ ပုံစံကျကျလမ်းလျှောက်ရင်း ဝမ်ရှန်းမြို့သို့ ရုတ်တရက်ရောက်လာကြသည်။ တစ်ဦးချင်းစီက ရှေ့တည့်တည့်ကြည့်နေကြရင်း ပန်းတိုင်သို့ရောက်သွားသည့်နှယ် ရပ်သွားကြသည်။


"ဒီနေ့ ကမ်းရိုးတန်းဘက်ကို စစ်သားတွေဘာလာလုပ်တာပါလိမ့်"


"ဟေ့...ငါလေ ဒီလောက်တက်ကြွနေတဲ့တရုတ်စစ်သားမျိုး အခြားနေရာမှာမတွေ့ဖူးသေးဘူး"


"သေချာပေါက် ဘယ်တွေ့လိမ့်မလဲ...ဒီစစ်သားတွေက အတိုင်ပင်အမတ်ကြီးလေ့ကျင့်ပေးထားတဲ့သူတွေ....အကုန်လုံးက အံ့သြစရာကောင်းတဲ့သူတွေချည်းပဲ"


လူတစ်စုက ပြောဆိုနေကြရင်း စစ်သားအုပ်စုကို အားကျမှုအပြည့်နှင့်ကြည့်နေကြသည်။ ရိုနင်များလည်း ပါလေသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စစ်သားဖြစ်ရခြင်းက ဂုဏ်အယူရဆုံးအရာပင်။ ကံမကောင်းသည်က သင်သာ စစ်သားတစ်ယောက်ဖြစ်ချင်ပါက စာမေးပွဲဖြေရပေမည်။


သူတို့က တရုတ်စာကိုလည်း ကောင်းကောင်းသင်ထားရေပမည်။သို့မှသာ စစ်တပ်ထဲမရောက်နိုင်သော်ငြား အခြားအလုပ်ကောင်းကောင်းရှာနိုင်မည်ဖြစ်သည်။


လူထုက စိတ်အာရုံအပြည့်နှင့် တီးတိုးပြောနေကြစဥ် ခပ်ဝေးဝေးမှသင်္ဘောကြီးတစ်စင်းရောက်လာပြီး ဝမ်ရှန်းကမ်းရိုးတန်းဒေသတွင် ရပ်လာသည်။


သင်္ဘောကပ်လာသည်နှင့် ထိုတရုတ်စစ်သားများက ဝိုင်းပြီးနှုတ်ဆက်လိုက်ကြ၍ ကြည့်နေသူအပေါင်း အံ့အားသင့်သွားကြသည်။


ဒီလူတွေက ဘယ်သူတွေများလဲ။ ဘာလို့ ဒီကစစ်သားတွေက နှုက်ဆက်ပြီးလာကြိုရတာလဲ။


လှေဦးထိပ်တွင် တစ်စတစ်စထွက်လာသည့် လူများကိုမြင်လိုက်ရ၍ သူတို့က သိချင်နေကြသည်။


ထိုလူထဲမှ ခေါင်းဆောင်ဖြစ်ဟန်ရှိသူက တချီ၏အရာရှိဝတ်စုံဝတ်ထားပြီး သူ့နောက်မှလူများလည်း တချီ၏စစ်တပ်ဝတ်စုံဝတ်ထားကြလေသည်။


တချီတရားရုံးတော်က အရာရှိများလား။

 

ကြည့်နေကြသူများတွင် အများစုက တချီတွင်နေဖူးသည်သူများဖြစ်၍ အရာရှိအဝတ်အစားများနှင့်လူများတွေ့လိုက်ရသည်နှင့် ထိတ်ခနဲဖြစ်သွားကာ ခြေလှမ်းအနည်းပင်ဆုတ်မိသည်။


သို့သော်လည်း သိပ်မကြာမီ သူတို့ကြောက်နေသည်က သိပ်အဓိပ္ပါယ်မရှိမှန်းနားလည်သွားကြသည်။


သူတို့က တချီမှာမနေတော့ပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာနေနေကြတာလေ...။ဘာလို့ တချီအရာရှိတွေကို ကြောက်နေရအုံးမှာလဲ။


ဤသို့တွေးမိရင်း ယခင်ကကြောက်နေမှုအားလုံးလွင့်စင်ကုန်ကာ တချီအရာရှိများနှင့်စစ်သားများကို ဆက်ပြီးလေ့လာအကဲခတ်နေကြသည်။


ဒီတချီအရာရှိတွေနဲ့စစ်သားတွေက သူတို့ဆီကတက်ကြွတဲ့စစ်သားတွေနဲ့ လုံးလုံးကိုမတူဘူး။ကြားရသလောက်ဆို တချီက အခုလုံးဝဖရိုဖရဲဖြစ်နေပြီဆိုလား။


ကြည့်နေကြသူများက ကြားခဲ့ရသည့် တချီ၏ကောလဟာလများအကြောင်း စဥ်းစားနေကြကာ သူတို့ရှေ့ကအရာရှိများနှင့်စစ်သားများကို ကရုဏာသက်နေကြသည်။


အခုတစ်ကြိမ်ရောက်လာသူများတွင် တချီမှအရာရှိသုံးယောက်ပါပြီး တစ်ယောက်မှာ ကျန့်ရီပင်။


ဘေးပတ်လည်မှလူများ၏စာနာသည့်အကြည့်ကို ခံစားမိ၍ ကျန့်ရီမှာ ခါးသက်သက်ပြုံးလိုက်ရသည်။


အံ့သြစရာကောင်းစွာပင် တချီက ယခုတွင် ဖရိုဖရဲဖြစ်နေပြီး သူတစ်ကြိမ်မှမတွေးဖူးသည့်အရာလည်း ဖြစ်လာခဲ့သည်ပင်။


လွန်ခဲ့သောသုံးနှစ်က ဟယ်ရှိစီရင်စုတွင် ပုန်ကန်မှုများပေါ်ပေါက်ခဲ့ကာ အခြားသောစီရင်များကလည်း တော်ဝန်တရားရုံးတော်အမိန့်ကို မနာခံကြတော့ပေ။


ဧကရာဇ်က ပုန်ကန်မှုများကို ရှင်းလင်းသုတ်သင်ရန် သူ့လူများလွှတ်ခဲ့၍ စစ်တပ်က ထိုပုန်ကန်သူများကို တားလိုက်နိုင်သည်။သို့သော်လည်း နောက်ပိုင်းတွင် ဧကရာဇ်က အမြစ်ဖြတ်သုတ်သင်ခြင်းကို အရှိန်တိုးရန် စစ်သူကြီးများကိုအမိန့်ပေးလိုက်ချိန် ပုန်ကန်သူများအဖို့ အင်ပါယာစစ်တပ်ကိုချေမှုန်းရန်အခွင့်ရသွားလေသည်။


နယ်စပ်တွင် ပဋိပက္ခဖြစ်ရန်ကြိုးစားနေသညိ့ တောင်ပိုင်းရုန်လူမျိုးတိုင်းပြည်က တချီတစ်ကွဲတစ်ပြားဖြစ်နေသည်ကိုအခွင့်ကောင်းယူပြီး ရုတ်တရက်ထိုးစစ်ဆင်လာသည်။ သူတို့က တောင်ပိုင်းရှိလျောင်တုံးသံမဏိမြင်းစီးသူရဲများ၏ပိတ်ဆို့မှုကိုပါ ဖြိုခွင်းလိုက်နိုင်ကြသည်။


ဧကရာဇ်နှင့်ဧကရီမယ်တော်ကြီးတို့က ယန့်ကျီမြစ်တောင်ပိုင်းသို့ထွက်ပြေးပြီး ထိုနေရာတွင်အခြေချလိုက်ရုံမှလွဲရွေးစရာမရှိတော့ပေ။မြောက်ပိုင်းတွင် ဖရိုဖရဲဖြစ်နေသော်လည်း မြစ်တောင်ပိုင်းတွင်ဖြင့် ငြိမ်သက်နေသေးသည်။


ကျန့်ရီမှာ မူလက ဝေရှင်းစီရင်စုမှ သူကြွယ်တစ်ယောက်ဖြစ်သော်လည်း ဘုရင်မင်းမြတ်နှင့်ဧကရီမယ်တော်ကြီးတို့ ဝေရှင်းစီရင်စုသို့ရောက်လာပြီး မြို့တော်တွင်အခြေချနေပြီးနောက် အရာရှိတစ်ယောက်ဖြစ်လာရသည်။


အရာရှိတစ်ယောက်ဖြစ်လာခြင်းအား ကောင်းသည့်ကိစ္စတစ်ခုအဖြစ်သတ်မှတ်၍ရသော်လည်း ယခုတချီက တိုက်ခိုက်ခံထားရကာ အတွင်းအပြင်ပြိုလဲတော့မည်ဖြစ်၍ အရာရှိဖြစ်လာခြင်းက အန္တရာယ်များလေသည်။


ကျန့်ရီက မြောက်ပိုင်းပုန်ကန်သူများက အပစ်အခတ်ရပ်စဲသွားပြီး ရုန်လူမျိုးစစ်တပ်ကလည်း တောင်ပိုင်းသို့ကျူးကျော်တိုက်ခိုက်လာသည်အား ရပ်သွားလိမ့်မည်ဟု မထင်ချေ။


သူတို့စစ်တပ်တွင်လည်း တိုက်နိုင်သည့်သူ များများစားစားမရှိချေ။


ကျန့်ရီတွင်လည်း တွေးစရာများနေပြီး တချီသာ ဤသို့ဆိုးဆိုးဝါးဝါးဆက်ဖြစ်နေလျှင် ထွက်ပြေးရန်လမ်းစရှာသင့်ကြောင်း ဥာဏ်ကောင်းသည့်သူတိုင်း သဘောပေါက်လေသည်။


နည်းလမ်းရှာလိုက်ရာ ကျန့်ရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ငြိမ်းချမ်းရေးရမည့်အလုပ်ကို စဥ်းစားမိသွားသည်။


ဟုတ်တယ်....နှစ်နိုင်ငံကြားငြိမ်းချမ်းရေးယူရမယ်။


ယခင်က ဘုရင်မင်းမြတ်မျက်လုံးထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဆူးညှောင့်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့မှာ အခြားနိုင်ငံ၏ဧကရာဇ်လုပ်ရန် သစ္စာဖောက်ထွက်ပြေးသွားသည့်သူများဖြစ်ကာ သူလွှတ်ထားမပေးနိုင်သည့်သူများပင်။


သို့သော်လည်း အခြေအနေက ဤအတိုင်းသာဆက်ဖြစ်နေပါက သူ့တိုင်းပြည်ကိုဆုံးရှုံးရတော့မည်ဖြစ်၍ ပင်လယ်ကိုဖြတ်ရလည်း ဧကရာဇ်အတွက်ကိစ္စကြီးမဟုတ်တော့ပေ။


အရာရှိများနှင့်ဆွေးနွေးပြီးနောက် ဘုရင်မင်းမြတ်က သူတို့ကိုကူပြီး တောင်ပိုင်းရုန်လူမျိုးများကိုတိုက်ပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှလူများရနိုင်မည့်အကြံကို ပြောလာသည်။ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့သာ သဘောတူပါက သူ့အနေနှင့် ကျောက်ကျင်းကောကို တရုတ်နိုင်ငံအုပ်ချုပ်သူအဖြစ် သဘောထားပေးမည်ဖြစ်ပြီး သူ့ကိုနန်းတင်ပေးရန် ဟိုလီအမိန့်ပြန်တမ်းပါထုတ်ပေးမည်ဖြစ်သည်။


ကျန့်ရီက ဤသတင်းကြားပြီး ရယ်ချင်မိသွားသည်။


သူက ကျန်းကျန့်စိတ်အကြောင်းနားလည်ပေသည်။သူက တော်ဝင်အမိန့်ပြန်တမ်းကို စိတ်ဝင်စားမည်မဟုတ်သော်လည်း တော်ဝင်တရားရုံးတော်က ကျန်းကျန့်အတွက် လက်ဆောင်ဖြစ်လိမ့်မည်ဟု ယုံနေကြသည်။


ကျန့်ရီက ဤသို့တွေးမိလျှင်ပင် မျက်နှာထက်ဖော်ပြထားခြင်းမရှိချေ။


သူ့ကလေးများကို ဤနေရာသို့ တိတ်တိတ်လေးပို့ထားရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း အခြားသူများကို မသိစေချင်ပေ။


"သခင်ကြီးကျန်း....ဒီတရုတ်က...."ချီချင်းက စိတ်လှုပ်ရှားနေသည့်မျက်လုံးများနှင့် ကမ်းရိုးတန်းကိုကြည့်လိုက်သည်။


ချီချင်းကလည်း ဤတစ်ကြိမ်လိုက်ခဲ့သည့် အရာရှိများထဲမှတစ်ယောက်ဖြစ်သည်။


ကျန့်ရီက ကျန်းကျန့်တို့နှင့် ရင်းနှီးမှုကိုပြန်လည်တည်ဆောက်ရန်လာသည်ဖြစ်ပြီး ချီချင်းက ခွင့်လွှတ်မှုတောင်းခံရန်လာခြင်းပင်။


ကျန်းကျန့်တို့အဖွဲ့ကိုသုတ်သင်ရန်က အရှင်မင်းကြီး၏ဆန္ဒဖြစ်သော်ငြား အမိန့်နာခံခဲ့သူများတွင် သူလည်းပါသည်။


မလာခင်က ချီချင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သူဘာဖြစ်သွားနိုင်လဲဟု ကြိုစဥ်းစားကြည့်မိသည်။ သို့သော်ငြား ဤကမ်းရိုးတန်းဒေသကိုမြင်ပြီး အံ့အားသင့်သွားရမည်ဟု သူမထင်ထားခဲ့ပေ။


ချီချင်းက လွန်ခဲ့သောနှစ်များစွာက ကိစ္စတစ်ခုကို ရုတ်တရက်အမှတ်ရလာသည်။မြို့တော်မှတောင်ပိုင်းသို့ခရီးသွားပြီး ဟယ်ရှီကမ်းဘက်တွင် ရပ်လိုက်စဥ် သူက ထိုကမ်းသေးသေးလေးမှ အသစ်အဆန်းများကိုတွေ့ခဲ့ရသည်။


ထိုအချိန်က သူသည် ကျန်းကျန့်ဆိုသူက လုပ်ရည်ကိုင်ရည်ရှိသည်ဟု တွေးခဲ့သော်လည်း ယခုတွင်ဖြင့်.....။


ကျန့်ရီလည်း အတွေးများနေ၍ ဘေးပတ်ဝန်းကျင်ကို သတိမထားမိချေ။သို့သော်ငြား ချီချင်းကားပြောလာချိန်မှ ဘေးပတ်လည်ကိုလေ့လာမိပြီး အံ့သြသွားရသည်။


ဤဆိပ်ကမ်းမြို့ကြီးက ထင်မထားစွာ ကျောက်တုံးကြီးကိုဖြတ်တောက်ထားသကဲ့သို့ ပြန့်ပြူးလှသည်။


တချီ၏အကောင်းဆုံးလက်မှုပညာရှင်များပင် ဤကျောက်တုံးပိုင်းများနှင့်အုတ်ခဲတို့က သပ်သပ်ရပ်ရပ်ခင်းထားနိုင်မည်မဟုတ်။ ဘာဖြစ်ခဲ့တာပါလိမ့်။


ကျန့်ရီက အံ့သြနေကာ ဆက်ပြီးလှည့်ပတ်ကြည့်နေမိသည်။


ဤဆိပ်ကမ်းမြို့တွင် အတိတ်က ဟယ်ရှီဆိပ်ကမ်း၏အရိပ်အရောင်တို့ကို မြင်နိုင်လေသည်။


အခြားမပြောနှင့် ဆိပ်ကမ်းနားကအိမ်များပင် ဟယ်ရှီရွာက အိမ်များနှင့်အတူတူဖြစ်သည်။ဝင့်ကြွားသည့်သွင်

ပြင်မရှိပဲ သပ်သပ်ရပ်ရပ်ကလေးဖြစ်သည်။


ထိုအိမ်များက မိန်းမောဖွယ်လှပခြင်းမရှိသော်လည်း ကျန့်ရီမှာ အံ့သြနေဆဲပင်။


လေးဘက်လေးရံလုံး အဖြူရောင်နံရံများရှိပြီး မှန်ပြတင်းပေါက်တပ်ထားမှန်း ပြောစရာပင်မလို။