Chapter 237
-ပုလဲလုံးလေးရှိနေပြန်တဲ့ ခုံးကလေး
ကျောက်ကျင်းကောအတွက် အလွန်ခက်ခဲသော ကိုယ်ဝန်ဆောင်ကာလပင်။
အသက်ကြီးမှကိုယ်ဝန်ရခြင်းက ရိုးရှင်းသည့်ကိစ္စမဟုတ်ပေ။ရွေးချယ်ခွင့်သာရှိပါက သူရောကျန်းကျန့်ရော ယခုအချိန်မှ နောက်ထပ်ကလေးယူရန် ဆုံးဖြတ်လိမ့်မည်မဟုတ်။ကလေးရှိချိန်မှစ သူက တမျှော်မျှော်ဖြစ်နေရသည်။
သေချာပေါက် ကျန်းကျန့်ကလည်း စိုးရိမ်သည်ပင်။
ကောင်းမွန်သည့်ဘဝတစ်ခုရရန် မလွယ်ကူချေ။ကျောက်ကျင်းကောသာ တစ်ခုခုဖြစ်သွာရင် သူလည်း နောက်ပိုင်း ဘာဆက်ဖြစ်မလဲ။
ကျောက်ကျင်းကောအတွက်ရည်ရွယ်ပြီး ကျန်းကျန့်က တချီသို့လူလွှတ်ပြီး သမားတော်များနှင့်ဆေးကောင်းများရှာခိုင်းထားလေသည်။
သူက ကျောက်ကျင်းကောကိုစောင့်ရှောက်ပေးရန်လည်း မမေ့ချေ။
ယနေ့တွင် ကျောက်ကျင်းကော၏ခန္ဓာကိုယ်သွင်ပြင်က ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုကိုမွေးစဥ်ကထက် ပိုဆိုးလေသည်။
ဤရက်များအတွင်း ကျောက်ကျင်းကော၏ညစာများမှာ ကြက်ရင်အုပ်ပြုတ်၊ပုစွန်ဆိတ်ပြုတ်လေးများနှင့် အသီးအရွက်ကြော်ခွက်အနည်းအကျဥ်းနှင့်ထမင်းပန်းကန်သေးသေးလေးဖြစ်သည်။
ကျန်းကျန့်က ပုစွန်အခွံနွှာပေးလိုက်ရင်း သူ့ဘေးရှိကျောက်ကျင်းကောပန်းကန်ထဲသို့ ပုစွန်သားကိုထည့်ပေးရင်း စားစေသည်။သူက ကျောက်ကျင်းကော၏ဗိုက်ကို စိုးရိမ်သလိုကြည့်လိုက်ပြီး ပြုံးကာ ကျောက်ကျင်းကောနှင့် ကလေးအကြောင်းပြောလိုက်သည်။
"ကျင်းကော...ကိုယ်တို့ သူ့ကို ဘယ်လိုနာမည်ပေးမယ်လို့ စဥ်းစားထားလဲ"
"အဘိဓါန်ထဲကြည့်ပြီး စဥ်းစားရအောင်လေ"ကျောက်ကျင်းကောက ပြောလိုက်သည်။
ထိုအဘိဓါန်က ကျန်းကျန့်ရေးထားခြင်းဖြစ်သည်။ယခုတွင် အမှားများကိုစီစစ်ထားပြီးဖြစ်သည့် ပထမဆုံးအကြိမ်ထုတ်ဝေမှုသာ ရရှိနိုင်သော်လည်း သုံး၍ဖြစ်သည်ပင်။
နှစ်ဦးသား စားရင်းသောက်ရင်း အဘိဓါန်ကိုလှန်လှောနေကြသည်။ထိုစဥ် ကျောက်ကျင်းကောမျက်ခုံးတို့ တွန့်ကွေးလာသည်။
"မင်း တစ်နေရာရာများ မသက်မသာဖြစ်နေလို့လား"ကျန်းကျန့်က ချက်ချင်းမေးလိုက်သည်။
"ဗိုက်နာတယ်"ကျောက်ကျင်းကောက ဆိုလိုက်သည်။
ကျောက်ကျင်းကောက မွေးဖို့ရက်နှစ်ဆယ်လောက်လိုသေးသော်လည်း ယခုဗိုက်နာနေသည်။
ကျောက်ကျင်းကောက ကလေးနှစ်ယောက်မွေးဖူး၍ ချက်ချင်းပင် သူမွေးချင်နေပြီမှန်း သဘောပေါက်လိုက်သည်။
"ကျန်းကျန့်...ကျွန်တော့်ကို မွေးခန်းထဲပို့ပေးပါ"
"ကောင်းပြီ"ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်ပြီး သူ့လက်များက တုန်ယင်နေသည်။
ကျန်းကျန့်က မွေးခန်းထဲသွားနေသည့်တစ်လျှောက် ရင်တစ်လှပ်လှပ်ဖြစ်လာသည်။သူအထဲဝင်လိုက်သည်နှင့် သူ့ရင်ထဲ စိုးရိမ်မှုများပြည့်နှက်လာသည်။ကုတင်ခေါင်းရင်းတွင်ထိုင်လိုက်ပြီး ကျောက်ကျင်းကောလက်ကိုကိုင်လိုက်ကာ ကျန်းကျန့်မှာ ကျောက်ကျင်းကောထက်ပင် စိတ်လှုပ်ရှားနေသည်။
"ကျင်းကော...ဘာမှမဖြစ်ဘူးနော် ကိုယ့်အကြောင်းကိုပဲတွေး....ကိုယ်တို့ကလေးတွေအကြောင်းကိုတွေးနေ"
"တစ်ခုခုသာဖြစ်သွားရင် ခင်ဗျားအိမ်မှာ တစ်ယောက်ယောက်လာနေလို့လည်း ရပါတယ် ခင်ဗျားလူအဖြစ်နဲ့လည်း အိပ်လို့ရပါတယ်...ကလေးတွေကိုလည်း ရိုက်လို့ရပါတယ်...."
"ကျင်းကော..."
ကျောက်ကျင်းကောက ဤစကားနားထောင်နေရင်း ရုတ်တရက်ဘာကြောင့်ရယ်ချင်လာမှန်းမသိချေ။
မွေးခန်းထဲရှိတာဝန်ရှိသူများကမူ ပြောစရာစကားပင်မရှိဖြစ်သွားလေသည်။
"အတိုင်ပင်ခံအမတ်ကြီး...ကလေးလေးကို မွေးဖွားပြီးပါပြီ"
"မြန်လှချည်လား"ကျန်းကျန့်မှာ စိတ်လှုပ်ရှားလာသည်။
"ကလေးက နည်းနည်းသေးတာမို့ မြန်မြန်မွေးနိုင်တာပါ"များစွာသော မီးဖွားအကူများက ဆိုသည်။ကလေးလေးကို မွေးပြီးချေပြီ။ ပိန်ပါးသေးညှက်လှသောကလေးလေးကို ယခုတွင် ကျောက်ကျင်းကောလက်ထဲသိပ်ထားလေသည်။သူလေးက င်ိုပင်မငိုချေ။
သူတို့က အနည်းငယ်စိုးရိမ်နေကြသော်လည်း ကံကောင်းစွာနှင့် ကလေးကို အပေါ်အောက်လှန်ပေးရင်း ခြေထောက်ကလေးကိုပုတ်ပေးသည်နှင့် ကလေးက စငိုလာသည်။
ကလေးအဆင်ပြေနေမှသာ သူတို့ဟင်းချလိုက်နိုင်သည်။
ကလေးငိုသံက တုန်လှုပ်နေသောကျန်းကျန့်ကို လန့်နိုးသွားစေသည်။
ငိုနေသောကလေးကိုမကြည့်ပဲ ကျောက်ကျင်းကောကိုသာ ကြည့်လိုက်ရင်း"ကျင်းကော ကံကောင်းလို့ မင်းအဆင်ပြေသွားပြီ"
"အင်း"ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်ရင်း:"တစ်ခြားတစ်ယောက်က ကျွန်တော့်ကလေးတွေကို ရိုက်လို့မရတော့ဘူး"
ကျန်းကျန့်:"....."
ကလေးက သေးပြီးပိန်သော်လည်း မျက်ခုံးကြားထဲတွင် မှဲ့နီတောက်တောက်လေးရှိသည်။သူလေးက ကောလေးဖြစ်သည်။
ကျန်းကျန့်တွင် ယောက်ျားလေးရောမိန်းကလေးပါ ရှိပြီးပြီဖြစ်ကာ ယခုအကြိမ်ကောလေးပါ ထပ်တိုးလာ၍ သူ့ကိုအလွန်ပျော်ရွှင်စေသည်။တစ်ခုစိတ်မကောင်းဖြစ်မိသည်က ထိုကလေးက နည်းနည်းအားနည်းပြီး ကိုယ်အလေးချိန်ကလည်း သုံးကီလိုခန့်သာရှိနေ၍ဖြစ်သည်။
သို့သော်လည်း ကျောက်ကျင်းကောအများကြီးမခံစားလိုက်ရ၍ ကျေးဇူးတင်မိသည်။
ကျောက်ကျင်းကောက ဂျင်ဆင်းစွပ်ပြုတ်သောက်ပြီး မီးထွက်ခဲ့သည်။ထိုအချိန် ကျန်းကျန့်က ကဘေးပွေ့ထားရင်း တစ်ရှုံ့ရှုံ့နမ်းနေကာ လွှတ်ပေးလိုဟန်မရှိ။
ကျန်းကျန့်က မြေးမျှော်နေသော်လည်း ကျောက်မင်ကျူးကို လက်ထပ်မပေးချင်ပေ။
ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုကလည်း ဤကလေးကို အလွန်ချစ်ကြသည်။
စစချင်းတွင်ဖြင့် သူတို့အဖေနှစ်ယောက်က မမွေးရသေးသည့်ကလေးအပေါ်တွင်သာ အာရုံအပြည့်ဖြစ်နေကြ၍ ထိုကလေးနှစ်ယောက်က စိတ်ကောက်နေကြသော်ငြား ကျောက်လျူက ကျန်းကျန့်မှာသူတို့နှစ်ယောက်ကိုလည်း ငယ်သေး၍စိတ်ပူကြောင်း ပြောပြထားသည်။ဤအကြောင်းသိသွားမှသာ စိတ်ကောက်ပြေသွားကြသည်။ထို့ပြင် ကျန်းကျန့်နှင့်ကျောက်ကျင်းကောကိုကူပြီး ကလေးထိန်းပေးလေသည်။
သူတို့က ငယ်သေး၍သာ ဤသို့ပြုမူကြခြင်းဖြစ်သည်။
ကျောက်မင်ကျူးနှင့် ကျောက်ချန်ယုတွင်လည်း ကျန်းကျန့်သင်္ဘောနားပြီး သူတို့နှင့်အတူရှိနေပေးပြီးဂရုစိုက်ပေးသည့်သုံးနှစ်တာအချိန်အမှတ်တရများရှိလေသည်။နောက်ပိုင်းတိုရိုသို့ရောက်လာစဥ်တွင်လည်း ကျန်းကျန့်က အစပိုင်းနှစ်များတွင် စစ်မထွက်ပဲ သူတို့နှင့်အတူရှိနေပေးကာ ပညာရေးကိုဂရုစိုက်ပေးခဲ့သည်။
ထို့နောက် အခြားလူများ၏အကူအညီယူပြီး ရုပ်ဝတ္ထုပစ္စည်းများ သင်ကြားခြင်းကို တတ်မြောက်ခဲ့သည်။သူက အရာအားလုံးတတ်မြောက်သွားချိန် သူ့ကလေးများကို အရင်ဆုံးသင်ပေးလေသည်။
ကျန်းကျန့်က သူတို့အပေါ် အလွန်ကောင်းခဲ့သည်။အတိတ်က ဖြစ်ခဲ့သည့်အကြောင်းအရာတို့ကို ပြန်လည်စဥ်းစားရင်း သူတို့မှာ အငယ်ဆုံးလေးကို မနာလိုမဖြစ်တော့ချေ။
"မင်းတို့မောင်လေးကို လာကြည့်တာ သူ့ကို ပွေ့ချင်လို့လား"ကျန်းကျန့်က ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုတို့ ဘေးနားလာရပ်ကြသည်ကိုမြင်လိုက်၍ မေးလိုက်သည်။
သူက မလွှတ်ပေးချင်သော်လည်း ကလေးသုံးယောက်ကြားရင်းနှီးမှုရရန် ပျိုးထောင်ပေးရမည်ပင်။
"သမီးချီမှာ..."ကျောက်မင်ကျူးက စဥ်းစားမနေပဲ ပြောလိုက်သည်။
ဤသည်ကိုမြင်ပြီး ကျန်းကျန့်က ကျောက်မင်ကျူးလက်ထဲကလေးထည့်ပေးလိုက်ကာ ဆိုလိုက်သည်:
"သမီးရဲ့မောင်လေးက သမီးတို့ထိန်းပေးရမှာပဲ...ကဲခေါ်သွားကြတော့"
ကျောက်မင်ကျူးမှာ ကလေးပွေ့ထားရင်း သူမမောင်လေးမှာ နူးညံ့ကာချစ်စရာကောင်းသည်ဟု စဥ်းစားမိနေစဥ် သူမအဖေပြောလိုက်သည့်စကားကြောင့် မေ့လဲမတတ်ဖြစ်သွားသည်။
"အာ..."
ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုတို့က ကလေးပိုက်ပြီး ကြောင်အအနှင့်အခန်းပြင်ထွက်လာကြသည်။သူတို့အခု ဘာလုပ်ကြမလဲ။
သူတို့က ကလေးဘယ်လိုထိန်းရမလဲ မသိချေ။
ကံကောင်းစွာနှင့် သူတို့က အခြားသူကိုအကူအညီတောင်း၍ရနိုင်သေးသည်။
ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုတို့က အဘွားဖြစ်သူကို အမြန်သွားရှာနေစဥ် ကျန်းကျန့်က ကျောက်ကျင်းကော၏ကိုယ်ကို ရေပတ်တိုက်ပေးရင်း သူ့ဘေးတွင် အိပ်ပျော်သွားလေသည်။
သူအနည်းငယ် ပင်ပန်းနေသည်။
ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က အချိန်အတော်ကြာအိပ်ပျော်နေကြစဥ် ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုတို့က အငယ်ဆုံးလေးကိုထိန်းရင်း အလုပ်ရှုပ်နေကြသည်။
သူတို့က ကလေးထိန်းငှားထားသော်လည်း သူတို့အဖေက ကလေးကိုပေးလာ၍ သေချာပေါက် သူတို့က ထိန်းပေးရမည်ပင်။
နှစ်ယောက်သား တစ်လှည့်စီ အငယ်ဆုံးလေးကို ချီနေကြရင်း ကလေးကို ပိုချစ်ခင်လာရသည်။
အငယ်ဆုံးကောလေးကိုဖြင့် ကျန်းကျန့်က ကျောက်ချန်ကန်းဟုပေးထားသည်။
ကျောက်မင်ကျူးကို မွေးပြီးချိန် ကျန်းကျန့်က ဤအကြောင်းကို တစ်ချိန်လုံးစိတ်ပူခဲ့သည်။ကျောက်မင်ကျူးလေး အနာဂတ်တွင် ကောင်းမွန်သည့်ဘဝမရမည်စိုးနေသော်ငြား ကျောက်ချန်ကန်းကိုဖြင့် အများကြီးမစိုရိမ်မိ။
ကလေးက သူ့ကလေးဆိုမှတော့ ဘယ်သူကအနိုင်ကျင့်နိုင်မှာလဲ။
ကျန်းကျန့်က ကျောက်ချန်ကန်းအကြောင်း မေးစရာများများစားစားမရှိချေ။သူက အနည်းငယ်အားနည်းပြီးမွေးလာရုံကလွဲ အခြားပြဿနာမရှိချေ။ကျောက်ချန်ကန်းကို အလိုလိုက်သည့်သူက သူတစ်ယောက်တည်းမဟုတ်...ကျောက်မင်ကျူးနှင့်ကျောက်ချန်ယုကလည်း အငယ်ဆုံးလေးကို အလွန်ချစ်ကြသည်။
သူကလည်း တစ်ကယ်တမ်း မင်းသားငယ်လေးတစ်ပါးဖြစ်သည်။
သင်က လူတစ်ယောက်ကိုချစ်ရင်တောင်မှ အလိုပဲလိုက်နေလို့မရဘူးလေ။ကျန်းကျန့်က သူ့ကလေးနှင့်အတူ လပြည့်ဝန်းကြီးကိုကြည့်နေရင်း ကြယ်များကိုသဘောတကျကြည့်နေသည့် ကျောက်ချန်ကန်းကို လှမ်းကြည့်လိုက်သည်။သူက အင်အားအကြီးဆုံးကောအဖြစ်ပျိုးထောင်ရန် စတွေးနေပြီဖြစ်သည်။
သူ၏သားလေးက ကောဆိုလျှင်ပင် အနာဂတ်တွင် ကိုယ်ပိုင်နည်းလမ်းနှင့်ကိုယ်တိုင်ရွေးချယ်မှုတို့ ပေးထားမည်ဖြစ်သည်။
ကောတွေက လက်ထပ်ဖို့ပဲအလုပ်ဖြစ်တယ်လို့ ဘယ်သူပြောလဲ။
သူ၏သားလေးက အမျိုးသမီးတစ်ယောက်ဖြစ်ဖြစ် ကောတစ်ယောက်ဖြစ်ဖြစ် လက်ထပ်နိုင်သည်ပင်။နောက်ဆုံး ယောက်ျားစစ်စစ်တစ်ယောက်ပင် ပါနိုင်လေသည်။
.....
ကျောက်ချန်ကန်းကိုမွေးပြီးနောက် ကျောက်ကျင်းကောက နှစ်လနားပြီး လေ့ကျင့်ခန်းပြန်စလုပ်သည်။
ကိုယ်ဝန်ရှိနေချိန် အလွန်ရုပ်ဆိုးနေ၍ ယခုကျန်းမာရေးပြန်ကောင်းလာသည်နှင့် ယခင်ရုပ်အတိုင်း တတ်နိုင်သမျှပြန်ဖြစ်ချင်မိသည်။
ကျန်းကျန့်နဲ့အတူတူလောက် မဟုတ်ရင်တောင် ဝနေလို့မဖြစ်ဘူး...။
ဤလများအတွင်း ကျန်းကျန့်က အာဟာရရှိသည်များကျွေးခဲ့၍ ဝတုတ်ဖြူဖွေးနေသည်။ ယခု သူက လေ့ကျင့်ခန်းလုပ်ချင်လာမိသည်။ကျန်းကျန့်၏သတိပေးချက်ကြောင့် သူမပြေးသော်လည်း အိမ်တွင်းလေ့ကျင့်ခန်းများလုပ်ခဲ့သည်။ဤနည်းနှင့် လအနည်းငယ်ကြာပြီးနောက် သူက ပြန်လည်သက်သာလာပြီး လူတိုင်းကလည်း သူပိုပြီးကြည့်ကောင်းလာမှန်း ရုတ်တရက်သတိထားမိသွားကြသည်။
ဤရက်များအတွင်း သူက ကောင်းကောင်းစားရုံမက စွပ်ပြုတ်နှင့်ရေကိုလည်း နေ့တိုင်းသောက်လေသည်။ဤအတွက်ကြောင့် ကျောက်ကျင်းကော၏ခန္ဓာကိုယ်အခြေအနေက ယခင်ကထက် ပိုကောင်းလာသည်။
တစ်ဖက်တွင်လည်း ကျန်းကျန့်က ယခုနှစ်တွင် သူ့ထက် ပိုပင်ပန်းခဲ့ရသည်။
ဤပင်ပန်းမှုက ရုပ်ပိုင်းဆိုင်ရာပါမက စိတ်ပိုင်းဆိုင်ရာလည်းပါသည်။
ကျောက်ကျင်းကော၏အကူအညီမပါပဲ နိုင်ငံရေးကိစ္စများဖြေရှင်းရသည်က ခေါင်းမီးတောက်မတတ်ပင်။ ဤအတိုင်းဆက်ဖြစ်နေပါက သူ့ခေါင်းပြောင်လာတော့မည်ဟုပင် တွေးမိသည်။
ကံကောင်း၍ လွန်ခဲ့သည့်နှစ်များတွင် ကျောက်ကျင်းကောက လေ့ကျင့်ပေးထားသူများရှိနေ၍သာ ကျန်းကျန့်က မြို့တံခါးထိန်းသိမ်းရေးအတွက် တာဝန်ပြောင်းသွားသည်။
ကျောက်ချန်ကန်းကိုမွေးလိုက်ချိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတစ်ခုလုံးကို အခြေတည်ပြီးဖြစ်လေသည်။ကျန်းကျန့်၏မူလတန်းကျောင်းများကလည်း နိုင်ငံတစ်ဝန်းဖွင့်လှစ်နေပြီဖြစ်ပြီး ကျောင်းမှလူတိုင်းကလည်း မန်ဒရင်းစကားစပြောနေကြလေပြီ။
ကျန်းကျန့်က ဤကိစ္စနှင့်ပတ်သတ်ပြီး အလွန်ကျေနပ်မိသော်ငြား သုတေသနလုပ်ငန်းမှ ရေနွေးငွေ့စက်အကြောင်းလေ့လာရာတွင် မဖြစ်မြောက်သည်က စိတ်မကောင်းဖွယ်ပင်။
သေချာပေါက် ထိုအရာက လွယ်ကူသည့်အရာမဟုတ်ပေ။
ရေနွေးငွေ့စက်များက မတိုးတက်သေးသော်လည်း ဘိလပ်မြေနှင့်ဖန်ကို လေ့လာပြီး ကျယ်ပြန့်စွာအသုံးပြုနေကြပြီဖြစ်သည်။ထို့နောက် ကျန်းကျန့်က သူ့လူများကိုခိုင်းပြီး မီးဖုတ်ပြီးကြွေပြားများကို ရေအိမ်တွင် ခင်းထားစေသည်။
ကျန်းကျန့်က သိပ္ပံနှင့်နည်းပညာက အလွန်အရေးပါသည်ဟု တွေးမိ၍ ဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်တော့သည်။သူ့မှတ်ဥာဏ်ထဲတွင်ဖြင့် ရေနွေးငွေ့စက်များမှာ ချင်မင်းဆက်အစောပိုင်းကတည်းက ဥရောပနိုင်ငံများတွင် တိုးတက်နေပြီဖြစ်သည်။
ယခု သူက ဤကမ္ဘာကိုရောက်လာပြီဖြစ်၍ သူ၏တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဥရောပနိုင်ငံများထက် ပိုပြီးတိုးတက်မြန်ရမည်ဖြစ်သည်။
ကျန်းကျန့်က သူ၏အတွေးအမြင်အချို့ကို ထုတ်ပြရန် သုတေသနလုပ်ငန်းသို့ ထပ်သွားလိုက်သည်။ဤတစ်ကြိမ်တွင်ဖြင့် သူက သူလိုချင်သည့်ရေနွေးငွေ့စက်တွင် အပူထုတ်ရန်အတွက် ဘွိုင်လာအိုးကို သံမဏိသုံးပြီးဆောက်ဖို့လိုကြောင်း ပြောပြလိုက်သည်။
ထို့ကြောင့် သုတေသနလုပ်ငန်းက လုပ်ငန်းစဥ်အချို့လုပ်ခဲ့သော်လည်း သူတို့တွင် သံမဏိမရှိဖြစ်နေသည်။
ဤခေတ်အချိန်တွင် သံမဏိရရန်ခက်ခဲ၍ သံရိုင်းကောင်းတစ်ခုရှာလိုက်သည်က ပိုလွယ်ပေမည်။ကျန်းကျန့်က ဤအကြောင်းစဥ်းစားနေစဥ် သူ့နောက်လိုက်တစ်ယောက်က သတင်းပို့လာသည်"အတိုင်ပင်ခံအမတ်ကြီး ကျွန်တော်တို့ကုန်သည်သင်္ဘောစုက ဥရောပက ကုန်သည်သင်္ဘောစုတစ်ခုနဲ့တွေ့ခဲ့တာ...အဲ့သင်္ဘောမှာ ဥရောပမင်းသားတစ်ပါးပါ ပါတယ်"
ကျန်းကျန့်က ဤကမ္ဘာ၏ဥရောပအကြောင်း သိထားပြီးဖြစ်၍ ထိုဥရောပမှာ ပင်လယ်ချစ်စိတ်အပြည့်ရှိကြမှန်း သိလေသည်။ထိုမျှမက တစ်ခါတုန်းကလည်း ကမ္ဘာပတ်ပြီးပင်လယ်ခရီးရှည်ထွက်သည့်သူများအပြည့်ရှိလေသည်။
ထို့ကြောင့် ဥရောပသင်္ဘောစုကိုတွေ့ရခြင်းက အံ့သြစရာမရှိပေ။
သို့သော်ငြား ဥရောပမင်းသားပါရောက်လာသည်က ကြုံတောင့်ကြုံခဲကိစ္စပင်။
"နိုင်ငံခြားရေးရာဝန်ကြီးဌာနကို နေရာထိုင်ခင်းတွေ စီစဥ်ထားဖို့ပြောလိုက်...ရက်နည်းနည်းကြာရင် အဲ့ဒီမင်းသားကို စားသောက်ပွဲနဲ့ဧည့်ခံကြိုဆိုမယ်"
ကျန်းကျန့်က ချက်ချင်းပြောလာသည်။ဥရောပဘက်၌ သူတို့တွင်မရှိသေးသည့် နည်းပညာဗဟုသုတများစွာရှိသည့်အတွက် ထိုနေရာမှလူများကိုဖမ်းဆွဲထားရမည့်နည်းကို စဥ်းစားနေသည်။ယခု ထိုအခွင့်အရေးက သူ့တံခါးတည့်တည့်ရောက်လာချေပြီ။
"ဟုတ်ကဲ့ပါ အတိုင်ပင်ခံအမတ်ကြီး"ကျန်းကျန့်နောက်လိုက်များက ချက်ချင်းပြန်ဖြေကြသည်။
ရက်အနည်းငယ်အကြာတွင် ရောက်လာသည့်သူက မင်းသားအစစ်ဖြစ်ကြောင်းအတည်ပြုပြီးနောက် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က ထိုမင်းသားကို စားသောက်ပွဲနှင့်ကိုယ်တိုင်ကိုယ်ကျဧည့်ခံလေသည်။
ကျန်းကျန့်တွင် ပိုက်ဆံသိပ်မရှိသော်လည်း ဤစားသောက်ပွဲတွင် အတွေးအမြင်ဆန်းသစ်မှုများပေါင်းထည့်ထားလေသည်။
စားသောက်ပွဲကို ကျန်းကျန့်ဆောက်ထားသည့်အိမ်တော်သစ်ကြီးတွင် ကျင်းပလေသည်။
ကျန်းကျန့်က ဤအိမ်တော်ကြီးတွင် သူနှင့်ကျောက်ကျင်းကောနေရန်အတွက် ဆောက်ထားခြင်းဖြစ်သည်။အပြင်ဘက်က ဥယျာဥ်သည်လည်း ယန့်ကျီမြစ်တောင်ပိုင်းကအိမ်တွင်ရှိသည့်တစ်ခုနှင့်အတူတူဖြစ်သော်လည်း အိမ်အတွင်းပိုင်းက မတူကွဲပြားလေသည်။
အိမ်ယာရှေ့က စားသောက်ပွဲကျင်းပသည့်အဆောက်အအုံတွင် ကြွေပြားခင်းထားပြီးအထူးကောင်းမွန်သည့်လက်မှုပညာလက်ရာများနှင့် အလှဆင်ထားသည်။ လာရောက်ကြသည့်သူများအားလုံးကလည်း ပန်းထိုးပိုးထည်များဝတ်ဆင်လာကြသည်။
မင်းသားကာလင်က ဥယျာဥ်အပြင်အဆင်ကိုမြင်ပြီး သဘောကျသွားသော်လည်း အထဲဝင်လိုက်သည်နှင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
သူ အခုလေးတင် ဘာမြင်လိုက်တာလဲ။
ကြမ်းပြင်ကို စျေးကြီးတဲ့ကြွေပြားတွေ ခင်းထားတာပါလား။
သူက စားပွဲမျက်နှာပြင်ကို ကြွေပြားသုံးနိုင်သည့်အတွက် အမြဲဂုဏ်ယူမိသော်လည်း ယခုသူက ကြွေပြားပေါ် လမ်းလျှောက်နေရသည်။
သူတို့ကို အချို့ဘုရင်များပင်ဝတ်နိုင်မည်မဟုတ်သည့် ပိုးထည်အင်္ကျီများဝတ်ထားသည့် အစေခံများနှင့်လက်ထောက်များ ဝန်းရံကြိုဆိုလာကြသည်။
မင်းသားကာလင်က စားပွဲပေါ်ရှိ ကြွေဇွန်းလှလှလေးကိုကြည့်ရင်း ယူသွားလိုက်ချင်စိတ်က ထိန်းမရပေ။
ဒီဇွန်းက အရမ်းလှပြီး ချစ်စရာကောင်းလိုက်တာ...။အိမ်ပြန်တဲ့အခါ ယူသွားပြချင်တယ်။
စိတ်မကောင်းစရာက သူက အဲ့လိုရိုင်းပျတဲ့အပြုအမူမျိုးလုပ်လို့မရဘူးလေ။
စားသောက်ပွဲပြီးသွားရင် ဧကရာဇ်နဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ဖို့တောင်းဆိုကြည့်ရမယ်...။
မင်းသားကာလင်က ဤအကြောင်းစဥ်းစားနေစဥ် အရပ်ရှည်ရှည်ကြည့်ကောင်းသည့်လူနှစ်ယောက် အတူတူလျှောက်လာကြသည်ကိုတွေ့လိုက်ရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှစီစဥ်ပေးထားသည့်စကားပြန်က ဤလူနှစ်ယောက်နှင့်သူ့ကို မိတ်ဆက်ပေးလာသည်။တစ်ယောက်က ဤနိုင်ငံ၏ဧကရာဇ်ဖြစ်ပြီး အခြားတစ်ယောက်က အတိုင်ပင်ခံအမတ်ကြီးဖြစ်သည်။
မင်းသားကာလင်၏အကြည့်များက ဧကရာဇ်အပေါ်တွင်သာ ရှိနေပြီး စိတ်အားထက်သန်စွာစကားစပြောလာသည်။
ကျန်းကျန့်က ဘာသာစကားမျိုးစုံတတ်ကြောင်းသိပြီးချိန် ကျောက်ကျင်းကောကလည်း သင်ယူချင်ခဲ့သည်။ကျန်းကျန့်က သူ့ကို တချီနားတစ်ဝိုက်ကနိုင်ငံများ၏ဘာသာစကားကို မသင်ခိုင်းပဲ ဥရောပဘာသာစကားကိုသာ သင်ပေးလေသည်။
ထိုဘာသာစကားမျိုးပြောခွင့်ကြုံသွားသည့် မင်းသားက စကားပြန်မပါပဲ
ပျော်ပျော်ရွှင်ရွှင် ပြောဆိုဆက်ဆံနိုင်တော့မည်ပင်။
ကျောက်ကျင်းကောက ဤသို့ပြောဆိုဆက်ဆံရသည့်အလုပ်မျိုးကို နေသားကျနေပြီဖြစ်၍ ထိုမင်းသားကို အမေးအမြန်းပြုရာတွင်လည်း ပေါ့ပေါ့ပါးပါးပင်။
ထို့နောက် စကားစဖြတ်ပြီး စားသောက်ပွဲစတင်တော့သည်။