အပိုင်း ၂၃၆
Viewers 68k

Chapter 236

:ပုလဲလုံးလေးရှိနေပြန်တဲ့ ခုံးကလေး




ယခုတွင် ကျန်းကျန့်က အာဏာကြီးထွားနေပြီဖြစ်၍ တချီတွင် လူယုံများပင်ရှိနေပြီဖြစ်သည်။


ဤလူများ၏အကူအညီနှင့် သူက ဒုက္ခသည်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သို့ ခေါ်လာနိုင်ကာ တချီ၏တော်ဝန်တရားရုံးတော်မှ သတင်းများကိုလည်း ရနိုင်ခဲ့သည်။


ဥပမာအနေနှင့် တချီမင်းဆက်မှလူများက ကျောက်ကျင်းကောက အမှန်တကယ်နန်းတက်ထားခြင်းမဟုတ်မှန်းသိသွား၍ လာတိုက်တော့မည်မဟုတ်ကာ သူလည်းအန္တရာယ်မရှိနိုင်တော့ပေ။


တချီဧကရာဇ်အတွက် သူ၏မျက်နှာအစစ်က အရေးကြီးဆုံးဖြစ်သည်။ ကျန်းကျန့်ကသာ ပိုပြီးအကျဥ်းချုံးလုပ်ဆောင်ပါက တချီက ယခုအချိန်မတည်ငြိမ်သေးသော်လည်း တချီဧကရာဇ်က သူ့ကိုလာတိုက်ရန် တပ်ဖွဲ့များစေလွှတ်မည်ပင်။


အနာဂတ်တွင် သူက ကံကြမ္မာပင် ကိုယ်တိုင်ရေးနိုင်တော့မည်ဖြစ်သည်။


ကျန်းကျန့်က တချီမှဒုက္ခသည်များကို ပြန်ခေါ်လာချိန် သိပ္ပံသုတေသနလုပ်ငန်းထောင်ရန် လက်မှုပညာရှင်များကိုလည်း စုဆောင်းထားပြီးဖြစ်သည်။


ဤခေတ်တွင် ဥရောပတွင် ရေနွေးငွေ့အင်ဂျင်ကို သုတေသနလုပ်ပြီးဖြစ်၍ သူလည်း နောက်ကျမကျန်ခဲ့နိုင်။


ကျန်းကျန့်က ထိုလက်မှုပညာရှင်များကို သုတေသနလမ်းညွှန်ချက်များပေးပြီး သူတို့ကိုယ်ပိုင်ပစ္စည်းများ ပြုလုပ်စေသည်။သူ့ကိုယ်တိုင်ကဖြင့် အခြေခံပညာသင်ကြားရေးတွင် အားစိုက်ထားလေသည်။


ယခုတွင် အရာရာတိုင်းကို သူကိုယ်တိုင်လုပ်ရန်မလိုတော့၍ သူတာဝန်ပြီးသွားသည်နှင့် ကျောက်ကျင်းကောဘေးတွင်နေပြီးသာ အချိန်ဖြုန်းနေတော့သည်။


နှစ်ဦးသားက လက်ထပ်ထားတာကြာပြီဖြစ်သည့် စုံတွဲဖြစ်သော်လည်း အတူတူရှိချိန်များတွင် စုံတွဲသစ်လေးများနှယ် ပြုမူနေကြသည်။


နေ့အခါတွင် သူက တရားဝင်စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်လုပ်ဆောင်ပြီး ညတွင် ကျောက်ကျင်းကောနှင့်အတူတူအိပ်လေသည်။ကျန်းကျန့်က ယခုဘဝလေးမှာ အလွန်သက်တောင့်သက်တာဖြစ်ကြောင်း ခံစားရသည်။


ကျောက်ကျင်းကောသည်လည်း စစချင်းတွင် သက်တောင့်သက်တာဖြစ်သည်ဟု ခံစားရသော်လည်း တစ်ခဏအကြာတွင် တစ်ခုခုအလုပ်မလုပ်တော့မှန်း ခံစားလိုက်ရသည်။


တစ်နေ့ သူကအိပ်ယာထပြီး ကုတင်စွန်းတွင်ထိုင်လိုက်စဥ် သူ့ဗိုက်က အဆီနှင့်ပြည့်နေကြောင်း တွေ့လိုက်ရသည်။


သူအလေးချိန်တက်နေတယ်....။


မကြာသေးမီနှစ်များတွင် သူက လေ့ကျင့်ခန်းပျက်ကွက်ခဲ့သော်လည်း အနည်းဆုံး ဝမလာချေ။သိပ်မကြာခင်ထိတောင် မဝသေးဘူး...။


 သူက လေ့ကျင့်ခန်းလုပ်ရမည်ဟုသာ ပြောနေသော်လည်း လေ့ကျင့်ခန်းမလုပ်ရပဲ ပိုပိုစားလာမိသည်။


ဒီလိုဆိုမှတော့ သူဝလာတာ မဆန်းပါဘူး။


ကျောက်ကျင်းကောက လေ့ကျင့်ခန်းပိုလုပ်ရမည်ဟု စဥ်းစားမိပြီး ကျန်းကျန့်ဆန္ဒကလည်း ထိုအတိုင်းပင်။


လူတို့အသက်ကြီးလာချိန် သွေးဖိအားမြင့်ခြင်း၊သွေးတွင်းသကြားဓါတ်များခြင်းနှင့်အခြားသောနေမကောင်းဖျားနာခြင်းတို့ လွယ်လွယ်ရလာနိုင်သည်။ဤခေတ်တွင် ဆေးဝါးကိရိယာများလည်းမရှိ၍ တိုင်းတာ၍မရနိုင်သည့်အပြင် ကြိုတင်ကာကွယ်ထားရန်လည်းမဖြစ်ချေ။


"ကျင်းကော...စိတ်မပူနဲ့ မနက်ဖြန်မနက်ကျရင် လေ့ကျင့်ခန်းအတူတူသွားလုပ်ကြတာပေါ့"ကျန်းကျန့်က ကျောက်ကျင်းကောကို ပြောလိုက်သည်။


ကျောက်ကျင်းကောက ခေါင်းညိမ့်ပြီးထပ်ပြောလာသည်:"ဒီနေ့ ခင်ဗျား ကျွန်တော့်ကို လာရှုပ်လို့မရတော့ဘူး....မနက်ဖြန်ကျရင် မထနိုင်ပဲနေလိမ့်မယ်"


"ဟုတ်ပါပြီ...ကိုယ်မင်းကို လာမရှုပ်တော့ပါဘူး"ကျန်းကျန့်က ပြောလိုက်သည်။တကယ်တမ်း သူက အသက်ကြီးလာပြီဖြစ်ပြီး နေ့တိုင်းလည်း လုပ်နေသည်ပင်။


ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က ထိုနေ့တွင် အိပ်ယာစောစောဝင်လိုက်ကြပြီး နောက်တစ်နေ့တွင် စောစောထကြသည်။


ကျန်းကျန့်က ကျောက်ကျင်းကောကို သူနှင့်အတူလေ့ကျင့်ခန်းလုပ်ရန်ခေါ်သွားသည်။


သူတို့အိမ်နားတစ်ဝိုက် ဖြေးဖြေးချင်းပြေးခဲ့ကြသည်။


ကျောက်ကျင်းကောလိုက်နိုင်ရန်အတွက် ကျန်းကျန့်က နှေးနှေးသာပြေးနေပြီး အခြားလေ့ကျင့်ခန်းများကိုလည်း စဥ်းစားလိုက်သည်။သူနှင့်ကျောက်ကျင်းကောက မငယ်တော့၍ အနာဂတ်တွင် အလွန်အကျွံပြေးခြင်းက ဒူးထိနိုင်ပြီး အခန့်မသင့်ဖြစ်သွားနိုင်သည်ပင်။


"ကျင်းကော...ဘယ်လိုနေလဲ"ကျန်းကျန့်က ကျောက်ကျင်းကောကို ကြည့်လိုက်သည်။


"မဆိုးပါဘူး..."ကျောက်ကျင်းကောက ပြန်ဖြေလိုက်သည်။သူက လေ့ကျင့်ခန်းမလုပ်ဖြစ်သော်လည်း အပြေးက မခက်ခဲပေ။


နှစ်ဦးသား တိုရိုနန်းတော်နားတစ်ဝိုက် လှည့်ပြေးနေကြသည်။


"ဒီနေ့ ကိုယ်တို့က တစ်ကွေ့ပဲပြေးခဲ့တာဆိုပေမယ့် ရက်နည်းနည်းကြာရင် နှစ်ကွေ့လောက်စမ်းကြည့်ရအောင်"ကျန်းကျန့်က ကျောက်ကျင်းကောကို ပြောလိုက်သည်။


"အင်း"ကျောက်ကျင်းကောက ခေါင်းညိမ့်လိုက်ရင်း နောက်ပိုင်းတွင် သုံးလေးကွေ့ခန့်ပြေးသင့်သည်ဟု စဥ်းစားမိသည်။မဟုတ်ပါက သူ့ဗိုက်အဆီက ပျောက်တော့မည်မဟုတ်ချေ။


ပြေးလွှားပြီးစားသောက်ကြပြီးနောက် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ အလုပ်စလုပ်ကြသည်။


သူတို့က ယခင်ရက်များအတိုင်း ထူးမခြားနားစွာ ဖြတ်သန်းကြသည်။အချိန်တစ်ခုထိသာ......။


ကျောက်ကျင်းကောက သန့်စင်ခန်းသွားနေချိန် သူ့ဘောင်းဘီတွင် သွေးစတို့ရှိနေမှန်း ရုတ်တရက်တွေ့လိုက်ရသည်။


သူက ဘယ်လိုမှတောင်မခံစားရပါဘူး...ဘာလို့များ ဘောင်းဘီမှာသွေးပေနေရတာပါလိမ့်။


ကျန်းကျန့်က သူ့ခန္ဓာကိုယ်ကို ဂရုတစိုက်ရှိလှ၍ သူ့ကိုကြည့်ပြီး ကျောက်ကျင်းကောလည်း သူ့ခန္ဓာကိုယ်ကျန်းမာရန် သေချာအလေးထားလာခဲ့သည်။ဤအခြေအနေကြောင့် သူအံ့သြတုန်လှုပ်သွားရသည်။ သူ့မှာရောဂါရှိတာလည်း မဟုတ်ပဲနဲ့....။


ကျောက်ကျင်းကောက တစ်ခဏမျှစဥ်းစားလိုက်ပြီးနောက်ဆုံး ကျန်းကျန့်ကို ရှာလိုက်သည်:"ကျန်းကျန့် ...သမားတော်ပင့်ပေးပါအုံး"


"ဘာဖြစ်တာလဲ.....ဘာဖြစ်လို့လဲ"ကျန်းကျန့်ကလည်း စိတ်ပူလာသည်။


"ကျွန်တော် သွေးထွက်နေလို့"ကျောက်ကျင်းကောက ပြောလိုက်သည်။ဤသို့ပြောပြီးချိန် သူ့ဗိုက်ကလည်း ပိုပြီးနေရခက်လာသည်။


ကျန်းကျန့်က အမြန်ပင် ကျောက်ကျင်းကောကို လှဲနေစပြီး သမားတော်ပင့်လိုက်သည်။


ယခုတွင် ကျန်းကျန့်လက်အောက်တွင် ဆေးပညာအရည်အသွေးအပြည့်နှင့်အလုပ်လုပ်နေကြသော သမားတော်များရှိနေပြီဖြစ်၍ သူက ကျောက်ကျင်းကော၏သွေးခုန်နှုန်းကိုစမ်းပေးရန် တစ်ယောက်ခေါ်လိုက်သည်။သွေးခုန်နှန်းစမ်းပြီးသည်ကိုမြင်ပြီးနောက် ကျန်းကျန့်က ချက်ချင်းမေးလိုက်သည်:"ကျင်းကော ဘာဖြစ်တာလဲ...လွန်ခဲ့တဲ့တစ်လကပဲ သူ့သွေးခုန်နှုန်းကိုစမ်းပေးခဲ့တာလေ...အဆင်မပြေလို့လား"


သူက ယခုလေးတင် ကျောက်ကျင်းကောအခြေအနေကို တွေ့လိုက်ရသည်။သူအမှန်ပင် သွေးထွက်နေခြင်းဖြစ်သည်။


နှစ်ဦးသားက ယခင်တစ်နေ့ကလုပ်ခဲ့သည့်အချိန် သွေးမထွက်ခဲ့သော်လည်း ယခုတွင် ရုတ်တရက်ကြီးသွေးထွက်နေသည်။ကျန်းကျန့်လက်များတုန်ယင်လာရသည်။


"အတိုင်ပင်ခံအမတ်ကြီး..."သမားတော်က ကျန်းကျန့်ကို လေးစားမှုအပြည့်နှင့်ကြည့်လိုက်ပြီး"အရှင်မင်းကြီးက ကိုယ်ဝန်ရှိနေတာပါ..နှစ်လပဲရှိသေးလို့ စိတ်မချရသေးပါဘူး...သန္ဓေသားက မတည်ငြိမ်ပါဘူး"


ကျန်းကျန့်မှာ မျက်လုံးအပြူးသားဖြစ်သွားရသည်။


ကျောက်ကျင်းကောက ကိုယ်ဝန်ရှိနေတာလား။


ကျောက်ကျင်းကောက ကျောက်ချန်ယုကိုမွေးပြီးနောက် ကျန်းကျန့်က သိပ်စိတ်မချရသည့် သဘာဝသန္ဓေသားဆေးများကို သုံးခဲ့သည်။သို့သော်လည်း နှစ်ပေါင်းများစွာကျောက်ကျင်းကောက ကိုယ်ဝန်ရှိမလာ၍ သူက ရပ်ထားလိုက်သည်။


ဤတစ်ကြိမ်ထိ ကျောက်ကျင်းကောမှာ ကိုယ်ဝန်မရခဲ့ချေ။


ဤအတွက်ကြောင့် ကျန်းကျန့်မှာ သန္ဓေသားဆေးကို ရပ်လိုက်ရခြင်းဖြစ်သည်။


ဤသုံးနှစ်အတွင်းလည်း ကလေးထပ်မရခဲ့၍ ကျန်းကျန့်မှာ သူတို့ကလေးမရနိုင်တော့ဟု ထင်ခဲ့လေသည်။အခုက ကျောက်ကျင်းကောက ကိုယ်ဝန်ရနိုင်သေးတာလား။


ကျောက်ကျင်းကောက ကျောက်မင်ကျူးကိုမွေးချိန် အသက်နှစ်ဆယ့်ခုနစ်ရှိပြီဖြစ်သည်။ကျောက်မင်ကျူးက ယခု အသက်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ပြီး ကျောက်ကျင်းကောကလည်း လေးဆယ့်သုံးနှစ်ရှိနေပြီဖြစ်သည်။သူ့ကို အသက်ကြီးပြီလို့ ပြောလို့မရပေမယ့် ဒီအသက်အရွယ်မှာ ကိုယ်ဝန်ရှိတာ သူ့ခန္ဓာကိုယ်က ခံနိုင်ပါ့မလား။


ကျန်းကျန့်က ကလေးချစ်တတ်သော်လည်း ကျောက်ကျင်းကောကို စိတ်ပူသည်ပင်။


ကလေးရှိခြင်းက ကျောက်ကျင်းကောကို ထိခိုက်လာစေနိုင်လျှင် ကျန်းကျန့်က ဖျက်ချဖို့ဝန်မလေးသော်လည်း ဤခေတ်ကလူတို့မှာ ကလေးဖျက်ချရန်မလုပ်နိုင်ကြပေ။


ကျန်းကျန့်က အံ့အားသင့်သွားသော်လည်း ကျောက်ကျင်းကောက ပိုပြီးအံ့အားသင့်သွားလေသည်။


ဒီအသက်အရွယ်ကြီးမှာ သူက ကိုယ်ဝန်ရှိနေတာလား။


နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီး သမားတော်ကိုမေးရန် ပါးစပ်ပြိုင်တူဟလိုက်ကြသည်။


ကျန်းကျန့်:"သမားတော် ကျင်းကောအဆင်ပြေရဲ့လား"


ကျောက်ကျင်းကော:"သမားတော် ကလေးအဆင်ပြေရဲ့လား"


"အရှင်မင်းကြီးက ကျန်းမာပါတယ်...ဒါပေမယ့် သန္ဓေသားက နည်းနည်းမငြိမ်ဘူးဖြစ်နေတော့ အရင်ဆုံးမြဲနေအောင် ဆေးသောက်ရပါလိမ့်မယ်"သမားတော်က ပြောလိုက်သည်။အသက်လေးဆယ်အရွယ်တွင် သူက ကိုယ်ဝန်ဆောင်နိုင်ခဲ့လေပြီ။

အရှင်မင်းကြီး ကျန်းမာသည့်သူဖြစ်ပြီး နည်းနည်းအသက်ကြီးနေရုံလေးသာ။


သမားတော်က သူတို့အား ကြိုတင်ကာကွယ်ရမည်တို့ကို ပြောပြသွားသည်။အရေးကြီးဆုံးတစ်ခုက ကျောက်ကျင်းကောမှာ ယနေ့ကစ ကလေးကိုကာကွယ်ရန် လှဲနေရတော့မည်ဖြစ်သည်။


ကျောက်ကျင်းကောနှင့်ကျန်းကျန့်က သေချာပေါက် သမားတော်မှာသွားသည်ကို လိုက်နာကြသည်။


တစ်ချိန်တည်းမှာပင် ကျောက်ကျင်းကောကိုယ်ဝန်ရသည့်သတင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အထက်ပိုင်းအဆင့်များထိ ပျံ့နှံ့သွားလေသည်။


"အရှင်မင်းကြီးက ကိုယ်ဝန်ရှိနေတာတဲ့...သူက ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရှိနိုင်မှာလဲ"အသက်ငယ်ငယ်စစ်သူကြီးလေးက ထိုသတင်းကြားပြီးအံ့သြသွားရသည်။တစ်ခဏမျှကြောင်အနေပြီးနောက် သူက ပြန်လည်အသိဝင်လာသည်:"ဟုတ်တယ်လေ...အရှင်မင်းကြီးက ကောကို..."


သူသာ အရှင်မင်းကြီးကိုယ်ဝန်ရှိသည့်သတင်းကို ရုတ်တရက်မကြားလိုက်လျှင် အရှင်မင်းကြီးက ကောဖြစ်မှန်း လုံးဝမေ့သွားမည်ပင်။


"ဘယ်လောက်ပျော်စရာကောင်းလိုက်လဲ....ဒါပျော်ရမယ့်ကိစ္စပဲ"


"အတိုင်ပင်ခံအမတ်ကြီးရဲ့ဓါးသွားက ထက်နေတုန်းပဲ"


"မင်းသားလေးလား မင်းသမီးလေးလားဆိုတာလည်း မသိသေးဘူး"


လူများက ပျော်ရွှင်နေကြစဥ် အိမ်တွင်နေနေရသည့် ကျောက်ကျင်းကောမှာ ရှက်ရွံ့နေပြီဖြစ်သည်။


သူ၏ပထမဆုံးကလေးနှစ်ယောက်မှာ ကြီးနေပြီဖြစ်သော်လည်း သူက ကိုယ်ဝန်ရှိနေပြန်သည်။ခုံးကောင်အိုကြီးက ပုလဲလုံးလေးကို ထုတ်ပေးအုံးမှာတဲ့။


ကျောက်ကျင်းကောမှာ အမှန်ပင်ရှက်နေပြီဖြစ်သည်။


သို့သော်လည်း သူ၏ရှက်နေခြင်းက မကြာမီ စိုးရိမ်မှုအဖြစ်ပြောင်းသွားသည်။


သူက ဤကလေးကို မွေးပေးနိုင်မည်လား မသိပေ။


ကျောက်ကျင်းကောက မကြာမီပြန်ကောင်းလာရန်မျှော်လင့်ရင်း သန္ဓေအားဆေးကိုသောက်လိုက်သည်။သူက ပြန်ကောင်းရန်စောင့်နေစဥ် တစ်ခုခုဖြစ်လာမည်ဟု မထင်ထားခဲ့ချေ။


သူက အလွန်ဆိုးဆိုးဝါးဝါး စအန်လာခြင်းဖြစ်သည်။


သူက ကျောက်မင်ကျူးကိုလွယ်ထားရချိန် အသားနံ့မခံနိုင်ရုံလောက်သာရှိသည်။ဤတစ်ကြိမ်တွင်ဖြင့် သူက စားသမျှအန်ပြီး သောက်ထားသည့်ရေပင် အန်သည်။


အဆုံးတွင်ဖြင့် သူက အသက်ကြီးနေပြီဖြစ်၍ ကလေးလွယ်ထားရသည်က ခက်ခဲလေသည်။သိပ်မကြာလိုက် သူ့အသားအရေမှာ ဆိုးဝါးလာသည်။


သူ့ဖြစ်နေသည့်ပုံကိုကြည့်ရင်း ကျန်းကျန့်က စိတ်ပူလာရ၍ သူ့အလုပ်အားလုံးကို အိမ်တွင်လုပ်ရန်ယူလာရသည်။


ကျောက်ကျင်းကောက ဧကရာဇ်ပင်။တရုတ်ပြည်သူ့သမ္မတနိုင်ငံက တချီ၏ကျွန်စနစ်ကို မကျင့်သုံးသော်လည်း ထမင်းချက်၊ဥယျာဥ်မှူး၊ကလေးထိန်းနှင့် နန်းတော်စောင့်များရှိနေသေးသည်။ဤလူများအပြင် ကျန်းကျန့်က သူကိုယ်တိုင်လည်း ကျောက်ကျင်းကောကို အကောင်းဆုံးဂရုစိုက်သည်။


ယခုအချိန် သူက ကျောက်ကျင်းကောကို ခေါင်းလျှော်ပေးနေခြင်းဖြစ်သည်။


"ကျင်းကော...မင်းရဲ့ဆံပင်တိုသွားတာကောင်းတယ်"ကျန်းကျန့်က အိပ်ရာပေါ်လှဲနေပြီး ခေါင်းကိုအစွန်းတွင်တင်ထားသည့် ကျောက်ကျင်းကောကို ပြောလိုက်သည်။


ကျောက်ကျင်းကောသာ ဆံပင်ရှည်ပါက လျှော်ဖို့ရန်ဒုက္ခများမည်ဖြစ်ပြီး ခြောက်ရန်လည်းလွယ်မည်မဟုတ်။


"အင်း"ကျောက်ကျင်းကောက ကျန်းကျန့်ထံ လှမ်းပြုံးပြလာပြီး ဖြေလိုက်သည်။


သူက မသက်မသာခံစားနေရသော်လည်း ကျန်းကျန့်က အဖော်ပြုပေးနေ၍ ထပ်ပြီးမသက်မသာမရှိတော့ပေ။


ကျောက်မင်ကျူးက ကျန်းကျန့်ထံ စာရွက်စာတမ်းများနှင့်လာတွေ့စဥ် ဤမြင်ကွင်းကို မြင်သွားသည်။သူမက ခြေလှမ်းတုန့်သွားကာ တစ်ဆက်တည်း ဝမ်းနည်းသွားရသည်။


သူမအဖေက အလွန်ကောင်းသည့်သူဖြစ်၍ သူမက အနာဂတ်အတွက် အမျိုးသားကိုရှာသည့်အချိန်တွင် သေချာပေါက် ကြေးများနေမည်ဖြစ်သည်။သို့သော်လည်း သူမအဖေကဲ့သို့လူမျိုးက ကမ္ဘာပေါ်တွင် ရှားသည့်သူမျိုးမဟုတ်ပါလား။


သူမအဖေက အမျိုးသမီးများနှင့်ကောများကို အလုပ်လုပ်စေပြီး ထိုသူတို့၏အဆင့်အတန်းကို မြင့်တင်ပေးခဲ့သည်။သို့ဆိုလျှင်ပင် သူတို့က အိမ်အလုပ်ကူပေးရသည့်သူများဖြစ်နေဆဲပင်။


ကိုယ်ဝန်ရှိစတွင် ကျောက်ကျင်းကော၏ကျန်းမာရေးက ဆိုးဝါးခဲ့သော်လည်း အချိန်ကြာလာသည်နှင့် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။


သို့သော် သူ့ကျန်းမာရေးက ပြန်လည်ကောင်းမွန်လာသည်ဆိုသော်ငြား ခြေထောက်များရောင်လာခြင်းနှင့် မျက်နှာတွင်အစက်အပြောက်များထွက်လာခြင်းကဲ့သို့ အခြားသောပြဿနာများရှိနေသေးသည်။


ကျောက်ကျင်းကောက သူပိုရုပ်ဆိုးသွားသည်ဟု ထင်သော်လည်း ကျန်းကျန့်စိတ်ထဲတွင်ဖြင့် သူကအရင်အတိုင်းပင်ဖြ

စ်သည်။သူက ကောတစ်ယောက်မှာ ကျန်းကျန့်ကိုမြူဆွယ်ရန်ကြိုးစားလာသည်ဟုပင် ကြားလိုက်ရသော်ငြား ထိုသူမှာ အထုတ်ခံလိုက်ရသည်။


သူ့ဘဝမှာ ကျန်းကျန့်နဲ့ဆုံတွေ့ခွင့်ရတာ ဘယ်လောက်ကံကောင်းလိုက်သလဲ။