Chapter 235
နန်းတက်ခြင်း
ထုပ်ပိုးပြီးသောအခါ ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ အတူတူထွက်လာခဲ့ကြသည်။
ကျန်းကျန့်က ယနေ့ စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကျောက်ကျင်းကောသည်လည်း စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။
ပထမတုန်းက ကျန်းကျန့်၏လူတွေသည် နဂါးဝတ်ရုံချုပ်ရန် လက်ရာကောင်းသည့်ပန်းထိုးသမားတွေကို ရှာဖွေရန်စိတ်ကူးခဲ့ပေမဲ့ ကျန်းကျန့်က ငြင်းဆိုခဲ့၏။
တစ်ဖက်တွင် ၎င်းတို့အတွက် ငွေနှင့်အချိန်မရှိသလို အခြားတစ်ဖက်တွင်မူ ထိုနဂါးဝတ်ရုံသည် အမှန်တကယ် ပြဿနာဖြစ်နေသည်။
တချီက ပင်လယ်၏ တစ်ဖက်ကမ်းတွင် ရှိနေဆဲဖြစ်ပြီး ၎င်းတို့အား လောဘကြီးစွာ စိုက်ကြည့်နေသည်။ကျောက်ကျင်းကောက နဂါးဝတ်ရုံကို ၀တ်ထားပါက သူတို့ ဒေါသဖြစ်လိမ့်မည်။
ကျန်းကျန့်အတွက်မူ သူ့ကိုယ်၌က စစ်ပွဲဖြစ်အောင် ရန်စရန် ရည်ရွယ်ချက်မရှိသလို သူ့နိုင်ငံသူ နိုင်ငံသားတွေကို ဆန့်ကျင်သည်ကလည်း သာ၍နည်းပါး၏။
တိုရိုကလူတွေနှင့်ပတ်သက်၍မူ… သူက ဤလူတွေကို သူ့နိုင်ငံသူနိုင်ငံသားတွေအဖြစ် သတ်မှတ်ထားသည် မဟုတ်ပါလော။
မှန်သည်ပင်၊ကျန်းကျန့်မှာ တချီ နှင့် တိုရိုတို့၏ ရိုးရာအဝတ်အစားများကို စွန့်ပစ်လိုခြင်းကဲ့သို့သော အခြားအကြောင်းပြချက်အချို့လည်းရှိသည်။
ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားသင့်သော်လည်း ယခုအချိန်တွင် အဝတ်အစားများကို ဦးစွာပြောင်းလဲသင့်သည်။
တစ်ခါတစ်ရံမှာ ရှေ့ကို ပိုမြန်မြန်ရွေ့ချင်သည်ဆိုပါက တစ်ခုခုကို ဆုံးရှုံးရပါလိမ့်မည်။ကိစ္စတွေ တည်ငြိမ်လာသည့်အခါ သေချာပေါက် ပြန်ကောက်ယူ၍ရ၏။
ယခု သူ့လူတွေ၏ အတွေးအမြင်တွေက အများကြီး ပြောင်းလဲသွားပေမဲ့ နဂါးဝတ်ရုံ သို့မဟုတ် တစ်ခုခုကို အသုံးပြုခဲ့မည်ဆိုလျှင် တချီနောက်ကို လိုက်ချင်လာပေလိမ့်မည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေများအရ မင်းသားတစ်ပါးသည် ပြစ်မှုကျူးလွန်ပါက သာမန်လူများကဲ့သို့ပင် ပြစ်ဒဏ်စီရင်ခံရမည်ဖြစ်သော်လည်းတချီတွင်မူ သြဇာကြီးသူတစ်ဦးက လက်အောက်ငယ်သားအချို့ကို သတ်ဖြတ်ပါက မည်သူမျှ ဂရုမစိုက်ပေ။
ထို့ကြောင့်၊ သူ့လက်အောက်ရှိလူအချို့သည် တချီကအရာရှိများ၏ဘဝကို အမှန်တကယ်တမ်းတခဲ့ကြသည်။
ထို့အပြင် သူက အမျိုးသမီးတွေကို ဘောင်းဘီရှည် ဝတ်ရန် တွန်းအားပေးနေခြင်း ဖြစ်သည်။ယခုလိုအချိန်မျိုးမှာ ကျောက်ကျင်းကောကနဂါးဝတ်ရုံကို ၀တ်ဆင်ရန် တွန်းပို့ခံရပါက ကျောက်ကျင်ူကောလည်း အသေးစိတ်ပြင်ဆင်ထားသော တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ရမည် မဟုတ်ပေဘူးလော။
တရုတ်နိုင်ငံ၏ လက်ရှိအခြေအနေတွင် ထွန်းကားနေသည့် ဤအဝတ်အစားများသည် ဘာစိတ်ကူးကောင်းမှမရှိပေ၊အထည်များစွာကို ဖြုန်းတီးပစ်သည်။
နောက်ဆုံးတွင် သူတို့မိသားစုတစ်ခုလုံး စစ်ယူနီဖောင်းများ ၀တ်ဆင်ကြပြီး ၎င်းတို့အနက်မှ ကျောက်မင်ကျူးသည် အလှဆုံး စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။
ကျန်းကျန့်က သူ့သမီးကို ကြည့်ပြီး အလွန်ဂုဏ်ယူနေသည်။
ဘယ်လို နန်းတက်ရလဲ...ကျန်းကျန့်၏ လက်အောက်ငယ်သားများသည် ထိုကိစ္စကို အလွန်စိတ်ရှုပ်သွားကြသည်။ ၎င်းတို့အားလုံးသည် လယ်သမားမိသားစုမှ မွေးဖွားလာပြီး ၊ထို့ကြောင့် ၎င်းတို့ထဲမှ အချို့သည် တိုရို၏ စည်းကမ်းများကို လိုက်နာလိုကြသည်။
ကျန်းကျန့်က ထိုလူတွေကို ကြိမ်းမောင်းပစ်သည်။
ထို့နောက် ကျန်းကျန့်က ကိုယ်တိုင် လုပ်ငန်းစဉ်တစ်ခုကို စတင်ခဲ့သည်။
မော်ဒန်ခေတ်မှာ သူ ဖွင့်ပွဲအခမ်းအနားတွေ အများကြီးတွေ့ခဲ့ရသေးပါသည်…
ကျန်းကျန့် အခမ်းအနားတစ်ခုလုံးကို အလွန်ရိုးရှင်းစွာပြုလုပ်ခဲ့သည်။
ယခုအချိန်တွင် ရုပ်မြင်သံကြားမပြောနှင့်၊ ကင်မရာတစ်လုံးပင်မရှိသောကြောင့် သူနှင့် ကျောက်ကျင်းကောတို့၏ပုံတူများဆွဲရန် လူများကို ခိုင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြေအနေတည်ငြိမ်လာသောအခါ သိပ္ပံနှင့်နည်းပညာများ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာရမည်ဟု တိတ်တဆိတ် တွေးတောခဲ့သည်။
သိပ္ပံနှင့်နည်းပညာသည် ပင်မထုတ်လုပ်မှုစွမ်းအားဖြစ်သည်ဟူသည်က လိမ်ညာမှုမဟုတ်ပေ။
အခမ်းအနားတစ်ခုလုံးသည် ကျန်းကျန့်အတွက် အလွန်ရိုးရှင်းသောကြောင့် သူက အလွန်ကြီးစိတ်လှုပ်ရှားခြင်းမရှိသော်လည်း အခြားသူများအတွက် ကွဲပြားလေသည်။ လူအတော်များများက စိတ်လှုပ်ရှားလွန်း၍ နေရာမှာတင်ငိုကြ၏။
ထိုလူတွေ အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ကျန်းကျန့် မထိန်းနိုင်ဘဲ ရင်ထဲခံစားသွားရပြီး သက်ပြင်းရှည်ထုတ်လိုက်သည်။
သူတို့အောင်ပွဲခံနိုင်ပေမဲ့ အဆုံးမှာ လူပေါင်းများစွာ သေဆုံးခဲ့သည်ပင်...
နံနက်ပိုင်းတွင် ကျန်းကျန့် နန်းတင်ခြင်း အခမ်းအနားကို ကျင်းပခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ကျန်းကျန့် သူ့လူများနှင့်အတူ အာဇာနည်ဗိမာန်ကိုသွားကာ စစ်သားအဖြစ် ကျဆုံးသွားသူများအား ဂါရဝပြုခဲ့သည်။
ထိုအထဲမှာ ကျန်းကျန့် ဝမ်းနည်းရဆုံးသူက ဝမ်ဟိုင်ရှန်းဖြစ်၏။
ဝမ်ဟိုင်ရှန်းကိုယ်တိုင်က သိပ်သန်မာသည်မဟုတ်ပေမဲ့ သူ့နောက်ကို အရှည်ကြာဆုံးလိုက်ခဲ့သူဖြစ်သည်။တိုရိုကိုရောက်ပြီးနောက်မှာ သူလည်း သူ့ကို အလုပ်အချို့ပေးခဲ့ပေမဲ့ ရလဒ်အနေဖြင့် ခိုးဝင်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည်...
ကံကောင်းထောက်မစွာဖြင့် ဝမ်ဟိုင်ရှန်း၏ ကလေးနှစ်ဦးသည် အရွယ်ရောက်နေသည်မှာကြာပြီဖြစ်ပြီး အလွန်အောင်မြင်ခဲ့သည်။
ဤကလေးနှစ်ယောက်က ဟယ့်ရှီ ရွာမှာရှိစဉ်တုန်းက ပညာသင်ကြားခဲ့၏။ နောက်ပိုင်းတွင် ဝမ်ယွီအာက ကျောက်ကျင်းကော၏နောက်သို့လိုက်ကာ ကျောက်ကျင်းကော၏အတွင်းရေးမှူးဖြစ်လာခဲ့ပြီး ဝမ်တနျိုကစစ်တပ်ထဲဝင်ရောက်ခဲ့ကာ ယခုအခါတွင်လူငယ်ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။
အာဇာနည်ဗိမာန်ထဲမှာ လူတွေ ငြိမ်သက်နေခဲ့ကြသည်။
ကျန်းကျန့်က ရှေးထုံးတမ်းစဉ်လာများစွာကို စွန့်လွှတ်ခဲ့သော်လည်း ဘိုးဘေးများကိုပူဇော်မှုအား မစွန့်လွှတ်ခဲ့ပေ။
သူတို့အားလုံး သူတို့၏အမြစ်တွေ ဘယ်မှာရှိလဲဆိုသည်ကို မှတ်သားထားသင့်၏။
ထိုညတွင် ကျန်းကျန့် သူ၏လက်အောက်က တော်လှန်ရေးခေါ်ဆောင်များ နှင့်အတူ ညစာစားခဲ့ပြီး ထမင်းစားပြီးနောက် ၎င်းတို့အား အိမ်သို့ အစောကြီး ပို့ပေးခဲ့သည်။
တစ်ချိန်က တိုရို၏ တော်ဝင်နန်းတော်ဖြစ်ခဲ့သည့် ၎င်း၏ လက်ရှိနေအိမ်ကို ပြန်လည်မွမ်းမံထားပြီးဖြစ်သည်။
မူလနန်းတော်သည် အလွန်ကျယ်ဝန်းသော်လည်း ယခုအခါ သူတို့သည် နန်းဆောင်တစ်ခုထဲတွင်သာ နေထိုင်ခဲ့ကြသည်…….. မှန်သည်ပင် ၊သူတို့ အခြားနေရာများတွင် မနေထိုင်ခဲ့လျှင်ပင် ကျန်းကျန့်က ၎င်းတို့အား သူ၏အမည်အောက်တွင် ထားရှိဆဲဖြစ်သည်။
ထိုမျှတင်မကဘဲ အနီးနားက မြေတွေကိုပါ သူ့နာမည်အောက်မှာ ထည့်ထားသေးသည်။
၎င်းကို ကန့်ကွက်သူ မရှိပေ။ ဤနိုင်ငံကို မူလက ကျန်းကျန့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး"ကမ္ဘာပေါ်မှာ ဘုရင်မင်းမြတ်ရဲ့နယ်မြေမဟုတ်တာမရှိဘူး"ဟူသောနိယာမအရ တချို့သော နယ်မြေတွေကို သူလိုချင်သည်က ဘာအရေးနည်း...
အခြားသူများက ၎င်းကို အလေးအနက်မထားခဲ့ကြသော်လည်း ကျန်းကျန့်က ကြီးစွာသောအားသာချက်ကို သေချာပေါက်သိနေခဲ့သည်။
အနှစ်တစ်ရာကြာသောအခါ ဤနေရာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်လာမည်ဖြစ်ပြီး မြေလက်မတိုင်းတွင် သေချာပေါက် သူ့သားသမီးမြေးမြစ်များကို ပိုက်ဆံပေးနေရသလိုပင်။
လူတို့သည် တစ်ကိုယ်ကောင်းဆန်ကြပြီး သူလည်းအတူတူဖြစ်သည်။ ထုံးစံအတိုင်း သူသည် သူ၏သားစဉ်မြေးဆက်ကို ကောင်းမွန်သောဘဝဖြင့် နေထိုင်စေချင်သည်။
"အရှင်မင်းကြီး အနားယူချိန်ရောက်ပြီ"
သူ့အခန်းထဲပြန်ရောက်ပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောကို ချက်ချင်း အထဲဆွဲသွင်းလိုက်သည်။
"မနေ့ညကမှ ကျွန်တော်တို့ လုပ်ခဲ့တာမဟုတ်ဘူးလား..."
ကျောက်ကျင်းကော အနည်းငယ် ကူကယ်ရာမဲ့ ခံစားရသည်။ယနေ့ သူအပြင်မှာ အကြာကြီး မတ်တပ်ရပ်နေခဲ့ရပြီး ပင်ပန်းနေပြီဖြစ်သည်။ကျန်းကျန့်က ဘာလို့ သူ့ကို လာစေချင်သေးတာလဲ...
"မနေ့က မနေ့...ဒီနေ့ ဒီနေ့ပဲ... မနေ့ကစားတော့ ဒီနေ့ မစားရဘူးလား"
ကျန်းကျန့်က ကျောက်ကျင်းကောကို လေးလေးနက်နက်ကြည့်၏။
ကျောက်ကျင်းကော: "…"
ကျန်းကျန့် ရဲ့ လက်အောက်ငယ်သားတွေက သူ မမှန်မကန် ငြင်းခုံရတာကို သဘောကျနေတာ သိကြလား...
"ပင်ပန်းတဲ့ နွားတွေပဲရှိတယ်... လယ်ထွန်ဖို့ ဆိုးလွန်းတဲ့လယ်မရှိဘူးဆိုတာ မမှန်ဘူးလား"
ကျန်းကျန့်က ဆိုသည်။
"စိတ်မပူပါနဲ့... မင်းဘာမှ အားစိုက်ထုတ်နေစရာမလိုဘူး"
ကျောက်ကျင်းကော: "…"
သူဘာမှအားစိုက်ထုတ်စရာမလိုပေမမဲ့ ကျန်းကျန့်က သူ့အပေါ်ရှိနေရင် သူ အိပ်မပျော်နိုင်ပေ။ယခုလည်း သူတကယ်ပဲ အိပ်ချင်နေသည်။
ကျောက်ကျင်းကော အိပ်ပဲအိပ်ချင်ခဲ့သော်လည်း တစ်ချီပြီးသောအခါတွင် သူ၏အိပ်ချင်စိတ် မရှိတော့ပေ။
ကျန်းကျန့်က ဤအခွင့်အရေးကို ယူပြီး နောက်တစ်ချီ ထပ်လုပ်လိုက်သည်။
နွေဦးညသည် တိုတောင်းပြီး နေ့တာရှည်သော်လည်း ဧကရာဇ်မင်းသည် နံနက်စောစောကို နှစ်သက်သည်။
ကျောက်ကျင်းကော နောက်နေ့တွင် အိပ်ရာထနောက်ကျသော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် မနက်စောစော တရားရုံးတက်ရန် လိုအပ်သော ယခင်မင်းဆက်များမှ ဧကရာဇ်များနှင့် မတူပေ။ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ကျန်းကျန့်တွင် လုပ်စရာများစွာရှိကာ ယခု ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ကျောကိုဆန့်ကာ ကျောက်ကျင်းကော ပြန်အိပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျောက်ကျင်းကော အိပ်ရာမထမီ မွန်းတည့်ချိန်အထိ အိပ်ပျော်နေပြီး အခန်းမှ ထွက်သွားသည်နှင့် သူ့မိသားစု၏ အစောင့်တစ်ဦးက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်ကာဆို၏။
"အရှင်မင်းကြီး နောက်ဆုံးတော့ နိုးလာပြီ"
"ဘာဖြစ်တာလဲ"
ကျောက်ကျင်းကောက မေးလိုက်သည်။
"နိုးလာရင် သူ့ကိုလာရှာရမယ်လို့ ဝန်ကြီးချုပ်က ပြောတယ်"
အစောင့်က ပြောလိုက်၏။ကျန်းကျန့်က အခန်းမှထွက်သွားသောအခါ သူ့ကိုရှင်းပြခဲ့ပြီး သူက ကျောက်ကျင်းကော နိုးလာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် သူ တစ်မနက်လုံး စောင့်ဆိုင်းနေခဲ့ရသည်။
"မင်းသွားပြီး စီစဉ်ပါ... ငါချက်ချင်းသွားလိုက်မယ်"
ကျောက်ကျင်းကောကပြောလိုက်သည်။ကျန်းကျန့်က သူ့ကိုရှာနေသည်။တစ်ခုခုဖြစ်မှာကို သူကြောက်မိသည်... ကျောက်ကျင်းကော အိပ်ယာထဲမှာ ပျင်းရိနေမိသည့်အတွက် အနည်းငယ်နောင်တရသွား၏။
"မဟုတ်ပါဘူး... အရှင်ဝန်ကြီးချုပ်က အရှင်မင်းကြီးရဲ့အိပ်ချိန်ကို နှောင့်ယှက်လို့မရဘူး၊အရှင်မင်းကြီး မင်းနိုးလာချိန် ဒါမှမဟုတ် ညစာစားချိန်ရောက်တဲ့အထိ စောင့်ရမယ်လို့ ရှင်းပြထားပါတယ်"
ထိုအစောင့်က ထပ်ပြောသည်။
သူက ယခုလိုပြောပေမဲ့ ကျောက်ကျင်းကောက အနည်းငယ်စိုးရိမ်နေသေးသောကြောင့် ထမင်းစားပြီးသည်နှင့် ကျန်းကျန့်ကို အလျင်အမြန်သွားရှာခဲ့၏။
သို့ပေမဲ့ ရလဒ်အနေဖြင့်…
"ဒါကြောင့် ကျွန်တော့်ကိုလာခိုင်းတာလား"
ကျောက်ကျင်းကောက ကျန်းကျန့်ကို ပြောစရာစကားမဲ့စွာ ကြည့်နေခဲ့သည်။ကျန်းကျန့်က ဝန်ကြီးချုပ်ရဲ့ အလုပ်မှာ သူ့အကူအညီကို လိုချင်တာကြောင့် သူ့ကို လိုက်ရှာနေတာ...
"ဒါတွေကို မင်းကပိုသိတယ်လေ…"
ကျန်းကျန့်က အနည်းငယ် မလုံမလဲရှက်ရွံ့စွာ ပြုမူခဲ့သည်။
သူကခက်ခဲသောအလုပ်များကို ရှောင်ရန် ဧကရာဇ်မလုပ်ဖို့ ရွေးချယ်ခဲ့သော်လည်း ရလဒ်အနေဖြင့် ... ဝန်ကြီးချုပ်အလုပ်ကို သူ ပို၍ပင် မလုပ်ဆောင်နိုင်တော့ပေ။
ထို့ကြောင့် သူသည် ကျောက်ကျင်းကောကို အကူအညီတောင်းရန်သာ တတ်နိုင်ခဲ့သည်။
ကျောက်ကျင်းကောက ကျန်းကျန့်ကို အကူအညီမဲ့စွာကြည့်ကာ စာရွက်စာတမ်းများကို စတင်ဖတ်သည်။
ကျန်းကျန့် သူ့ကိုယခုလိုမြင်သောအခါ ပြုံးလိုက်ပြီး စာရွက်စာတမ်းတွေကို စဖတ်လိုက်၏။
ကျောက်ကျင်းကောက သူ့ကို အလုပ်မှာ ကူညီပေးပေမဲ့ သူ့ကိုယ်တိုင်လုပ်ရမည့် လုပ်စရာတွေ အများကြီး ကျန်သေးသည်။ထို့အပြင် တရားဥပဒေ စိုးမိုးရေးလည်း ရှိ၏၊ ဥပဒေကိုလည်း စောင့်ရှောက်ရန် လိုအပ်သည်။
ကံကောင်းထောက်မစွာဖြင့် အရာရာတိုင်းသည် ကောင်းမွန်သော ဦးတည်ရာသို့ တိုးတက်နေခဲ့သည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့က တိုရိုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့ရာ တချီ နှင့် တော်ဝင်မိသားစုကို အလွန်ဒေါသထွက်စေခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။သို့ပေမဲ့ သူတို့ ၎င်းကို ရပ်တန့်နိုင်စွမ်းမရှိခဲ့ပေ။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ချန်ယုံကျန်း နှင့် ကျန်းကျန့် ကြောင့်၊ယခင်ကပင်လယ်ကုန်သည်များကို မျက်ကွယ်ပြုထားခဲ့သော တချီ၏တော်ဝင်တရားရုံးက ၎င်းတို့အား ရုတ်တရက် စတင်တိုက်ခိုက်လာသည်။
အထက်ကလူတွေက ဤပင်လယ်ကုန်သည်များကို ပင်လယ်မှာ စီးပွားမလုပ်စေချင်ရုံဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမိန့်တွေက တစ်ဆင့်ပြီးတစ်ဆင့်ဖြတ်ပြီး ကျလာခြင်းဖြစ်သည်။
(အပေါ်က နည်းနည်းပေမဲ့ အမှုထမ်းအဆင့်ဆင့်ကိုဖြတ်ပြီးတော့ အောက်ရောက်တော့ကားပြီး များများဖြစ်သွား)
ဒေသဆိုင်ရာ အရာရှိများစွာက ဤသည်ကိုအခွင့်ကောင်းယူပြီး ငွေရှာကြမည်မှာသေချာပေါက်ပင်။သူတို့က ဒီပင်လယ်ကုန်သည်တွေကို ပုံတူကူးပြီး ငွေများများရှာနိုင်မှာမဟုတ်ဘူးလား...
ထိုသို့သော အလှည့်အပြောင်းဖြင့် ချန်ယုံကျန်း နှင့် ကျန်းကျန့် တို့ကဲ့သို့ တူညီသောလမ်းကို လျှောက်မည့် ပင်လယ်ကုန်သည်အချို့ ရှိလာလိမ့်မည်။
တချီအနီးရှိ ပင်လယ်ကြီးသည် အလွန်ကျယ်ဝန်းပြီး ကျွန်းများစွာရှိသောကြောင့် အဆိုပါပင်လယ်ကုန်သည်များသည် ဤကျွန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံး ပင်လယ်ဓားပြအဖွဲ့၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤလူတွေက တချီ၏ရေတပ်ကို ဟန့်တားထားသောကြောင့် ကျန်းကျန့်ကို ဒုက္ခပေးရန် အချိန်မရှိခဲ့ပေ။ကျန်းကျန့် တိုရိုတွင် အုပ်စိုးနေမှန်းသိသဖြင့် သူတို့ ယခုအချိန်မှာ ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာရန် ကြိုးစားရုံတတ်နိုင်ကြသည်။
သို့သော် ကျန်းကျန့်က ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို မည်သို့လက်ခံနိုင်မည်နည်း။ထိုလူတွေကို သူက တိုက်ရိုက် မောင်းထုတ်ပစ်ခဲ့သည်။
နောက်ပိုင်းတွင် တချီ၏မြောက်ဘက်ခြမ်းတွင်လည်း ပြဿနာအချို့ရှိခဲ့သည်။
လျောင်တုံးသံမဏိတပ်စုက အလွန်အားကောင်းသော်လည်း အစာနှင့် မြက်ပြတ်လပ်မှု အမြဲရှိနေခဲ့သည်။ကျန်းကျန့် အကူအညီ ရှိသေးတုန်းက သူတို့ကို နှစ်အတော်ကြာ ကောင်းကောင်း ကျွေးမွေးနိုင်ခဲ့ပေမဲ့ ယခု သူတို့အတွက် ရိက္ခါနှင့်မြက်တွေကို မည်သူဝယ်ပေးမည်နည်း။
တရားရုံးကိုယ်တိုင်က ကောက်နှံနှင့် မြက်တွေကို စုဆောင်းပြီး အရာရှိတွေက အလွှာလိုက် အမြတ်ထုတ်ကြသဖြင့် နောက်ဆုံးမှာ ဝယ်ယူရန် ခွဲဝေပေးရသည့် ငွေကမူလပမာဏ၏ထက်ဝက်ပဲ ရှိတော့သည်။ဒါပေမဲ့ တခြားသူကိုရှာဖို့ကရော... ကျန်းကျန့်၏ ကံကြမ္မာက လူတွေ၏စိတ်ထဲမှာ ဆန်းသစ်နေဆဲဖြစ်သဖြင့် မည်သည့်ကုန်သည်က ထိုသို့လုပ်ရန် ဆန္ဒရှိပါမည်နည်း။
စားနပ်ရိက္ခာနှင့် မြက်များ မလုံလောက်သဖြင့် လျောင်တုံးသံမဏိတပ်များ၏ တိုက်ခိုက်ရေးစွမ်းအားသည် သဘာဝအတိုင်း ကျဆင်းသွားကာရုန်များကို ပို၍ပင် ပြေးလွှား သောင်းကျန်းစေသည်။
မြောက်ဘက်တွင် ပင်လယ်ဓားပြများ ပြည့်နှက်နေချိန်တွင် ရုန်က အလွန်ဂနာမငြိမ်ဖြစ်နေသည်။ ယခုအချိန်တွင် တချီ၏ အချို့နေရာများတွင် ရေကြီးရေလျှံဖြစ်ကာ လူများမရေမတွက်နိုင်အောင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
သဘာဝဘေးအန္တရာယ်များသည် အမြဲတမ်းကြီးမားသောပြဿနာဖြစ်ပြီး တချီတွင် နှစ်အနည်းငယ်ကြာတိုင်း သဘာဝဘေးအန္တရာယ်အချို့ ကြုံတတ်သည်။သို့ပေမဲ့ ယခင်တုန်းက ထိုသည်က ကိစ္စ ကြီးကြီးမားမားမဟုတ်ခဲ့ပေ။
လူတွေ ငတ်သေတယ်...ဘာအရေးလဲ... တစ်စုံတစ်ယောက်က ပုန်ကန်ရင်တောင်မှ သူတို့ကို နှိမ်နှင်းလိုက်ရုံပဲ…
သို့တိုင် သဘာဝဘေးန္တရာယ်ကယ်ဆယ်ရေးကို တော်ဝင်တရားရုံးကလုပ်ရဆဲပင်။
သို့ပေမဲ့ ယခုအခြေအနေက မတူပေ။
တော်ဝင်တရားရုံးမှာ ပိုက်ဆံမရှိပေ။
ဘေးအန္တရာယ် ကယ်ဆယ်ရေး သို့မဟုတ် ဒုက္ခသည်များကို ထိန်းချုပ်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ရန် နည်းလမ်း မရှိခဲ့ပေ။နောက်ဆုံးတွင် အစာရေစာ ငတ်မွတ်ခံရသူများ စုစည်းကာ ၎င်းတို့ မြင်သမျှကို လုယက်သွားပြီး သူတို့မြို့ထဲသို့ ပြေးဝင်သွားလာသည်နှင့် တချီမြို့တော်အား လုံး၀ ကမောက်ကမဖြစ်လျက်ချန်ထားခဲ့သည်။
ရှည်လျားသောသမိုင်းကြောင်းရှိသည့်တိုင် မင်းဆက်တိုင်းသည် တစ်ချိန်ချိန်တွင် ပြောင်းလဲသွားပေလိမ့်မည်။တချီက ယခုထိ ထိန်းထားနိုင်ပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုသည်ကို မသိရသေးပါချေ။
ကျန်းကျန့်က သူ့မှာ မင်းဆက်ကို ပြောင်းလဲပစ်နိုင်သည့် အရည်အချင်းမရှိဘူးဟု ထင်ခဲ့ပေမဲ့ တချီမှာ တတ်နိုင်သည့်သူတစ်ယောက်ရှိကိုရှိရမည်ဆိုသည်ကို သူသိ၏။
သို့သော် သူက မင်းဆက်ကို ပြောင်းလဲနိုင်စွမ်းမရှိသော်လည်း တချီမှလူများကိုပိုမိုရရှိရန် ဤအခွင့်အရေးကို အသုံးချနိုင်သည်။
ယခု သူသည် လူအင်အားလိုအပ်နေပြီး လူမျိုးစုံ ချို့တဲ့နေသည်။
ယခု သူက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၏ ဝန်ကြီးချုပ် ဖြစ်နေပြီ ဖြစ်သောကြောင့် သူ့နိုင်ငံကို ဖွံ့ဖြို
းတိုးတက် စေချင်သည် ။
ကျန်းကျန့် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် သူ၏ပထမဆုံးအမိန့်မှာ လူများကိုကယ်တင်ရန်နှင့် သဘာဝဘေးဒဏ်သင့်ခံရသူများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ပို့ဆောင်ရန် တချီသို့သွားရောက်ရန်ဖြစ်သည်။