Chapter 234
.:နန်းတက်ခြင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဧကရာဇ်မင်းမြတ် နန်းတက်ပွဲနှင့် ဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတို့ကို အတူတကွ ကျင်းပခဲ့ကြပြီး...ယင်းက သာမန်ဆန်လှသည်။
ကျန်းကျန့်က တချီ၏ ဧကရာဇ်မင်းမြတ် နန်းတက်ပွဲပုံစဲကို မသိသော်လည်း သူ့စကားများထဲမှာကားသိ၏ ... ယခု သူတို့မှာ ငွေအနည်းငယ်သာရှိသဖြင့် ပွဲကြီးကြီးကျင်းပရန် လုံးဝမလိုအပ်ပါချေ။
သေချာသည်က လုံခြုံမှုရှိရန် လိုအပ်ပေသည်၊ယင်းက မဖြစ်မနေပင်။
ကျန်းကျန့် တိုရိုကို သိမ်းပိုက်ပြီးနောက်၊ သူ၏ နူးညံ့သိမ်မွေ့သော မူဝါဒအောက်တွင် လူအများစုက ပုန်ကန်ရန် မစဉ်းစားဘဲ ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြသည်။သို့ပေမဲ့ သူ့ကို တစ်ချိန်လုံး ပုန်ကန်နေသည့် လူတစ်စုရှိ၏။
ဤလူအများစုက ယခင်က ပညာသင်ကြားခွင့်ရခဲ့သော တိုရိုအထက်တန်းလွှာများ၏ လက်အောက်ငယ်သားများ နှင့် စစ်ပွဲအတွင်း ကျန်းကျန့်ဘက်ကနေ သတ်ဖြတ်ခံခဲ့ရသော တိုရိုလူမျိုးများ၏ ဆွေမျိုးအချို့ဖြစ်လေသည်။ သူတို့က မအောင်မြင်ပေမဲ့ သူတို့နိုင်ငံကို ပြန်လည်ထူထောင်ရန် အမြဲတမ်း တွေးတောပြီး ချောင်းမြောင်းနေကြသည်။
ဤလူအုပ်စုသည် ကြီးကြီးမားမားမဟုတ်ဘဲ နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်း ၎င်းတို့ တည်ရှိတော့မည်မဟုတ်ဟု ခန့်မှန်းထားသော်လည်း ယခုအချိန်တွင် ကျန်းကျန့်အနေဖြင့် ၎င်းတို့ဒုက္ခမပေးနိုင်အောင် ကောင်းစွာကာကွယ်ရန် လိုအပ်နေသေးသည်။
ကျမ်းသစ္စာကျိန်ဆိုပွဲမစမီ တစ်ရက်အလိုတွင် ကျန်းကျန့် သူ၏မိသားစုနှင့်အတူ စားသောက်ခဲ့သည်။ ထို့နောက် ကျောက်ကျင်းကောကို ပွေ့ချီကာ သူ့အခန်းသို့ ပြန်သွားခဲ့သည်။
ယခု သူသည် အသက်လေးဆယ်ကျော်ရှိနေပြီဖြစ်ပြီး ဤနှစ်များရှိဘဝက သူ့မျက်နှာပေါ်တွင် အမှတ်အသားတစ်ခု မလွဲမသွေ ချန်ထားခဲ့ပြီး ခေါင်းပေါ်တွင် ဆံပင်ဖြူအနည်းငယ်ပင် ပေါ်နေသည်။ သို့ပေမဲ့ သူ့ခန္ဓာကိုယ်နှင့်လေ့ကျင့်ခန်းတွေကို အမြဲတမ်း အာရုံစိုက်နေသောကြောင့် သူပုံစံက ကောင်းနေသေးပြီး သူ၏ကြွက်သားရှစ်မြောင်းပင် မပျောက်သေးပါချေ။
သို့သော် ကျောက်ကျင်းကော၏ရှစ်ထုပ်(eight pack)ကတစ်ထုပ်ဖြစ်လာသည်။
ကျန်းကျန့်က ဤနှစ်များအတွင်း တိုက်ပွဲများဝင်ခဲ့ပြီး ကျောက်ကျင်းကောက နောက်တန်းတွင် အမျိုးသမီး၊ကော များနှင့်အတူနေခဲ့ပြီး နိုင်ငံရေးကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။သူ့အနေဖြင့် လေ့ကျင့်ခန်းကို အမှန်တကယ် မရပ်တန့်ချင်သော်ငြား ထိုလေ့ကျင့်ခန်းများ၏ ပြင်းထန်မှုသည် သူ၏ကြွက်သားများကို ထိန်းထားရန် မလုံလောက်ပေ။
သို့သော် သူ့အသွင်အပြင်က ကျန်းကျန့် ထက် များစွာသာလွန်နေခဲ့သည်။
သူသည် လေနှင့်မိုးကို ရင်ဆိုင်ရန်မလိုဘဲ အနောက်တွင်နေခဲ့သည်။ အခြေအနေတွေက သူ့အတွက် အလွန်အကျွံခံစားရရန် မလုံလောက်ပေမဲ့ အစားအသောက် သို့မဟုတ် အဝတ်အစားက ဘယ်တော့မှ မပြတ်လပ်ပါချေ။သူက ရာထူးကြီးကြီးမှာ နေရသည်ကကြာပြီဖြစ်သဖြင့် သူ့စိတ်နေစိတ်ထားလည်း ပိုပိုကောင်းလာ၏။
ယနေ့တွင် ကျောက်ကျင်းကောက လွန်ရောကာရောမှ အသက်သုံးဆယ်နှင့်တူလေသည်။
ကျန်းကျန့်က ကျောက်ကျင်းကောကို ဤကဲ့သို့မြင်ရသည်ကို အလွန်သဘောကျသည်။
ကျောက်ကျင်းကောက သူ့အကြိုက်နှင့်အမြဲကိုက်သော်လည်း ယခုတွင် သူသည် ဆံပင်တိုတိုညှပ်ထားပြီး သူလုပ်ခိုင်းထားသော ခေတ်ပေါ်စစ်ယူနီဖောင်းများနှင့် ဆင်တူသည့်အဝတ်အစားများကို ၀တ်ထားကာ ယင်းက တချီ၏ရှည်လျားသော ၀တ်ရုံများနှင့် လုံးဝမတူပေ။
ကျောက်ကျင်းကောက နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် သူ၏အဝတ်အစားများကို သေသပ်စွာ ကြယ်သီးတပ်ထားသည်ကို ပထမဆုံးတွေ့လိုက်ရသောအခါတွင် သူ(ကျန်းကျန့်) ၎င်းတို့ကို ဆွဲချွတ်ပစ်ချင်ခဲ့သည်။
ဤနှစ်များတွင် သူသည် စစ်ပွဲများတွင်ပဲရှိနေ ကာ သူတို့နှစ်ဦး အတူတူရှိနေရသည့် အချိန်ပိုနည်းလာသည်က သနားစရာပင်။သူ ကျောက်ကျင်းကော၏ အဝတ်အစားတွေကို ချွတ်နိုင်ခဲ့သည့်အကြိမ်အရေအတွက်က သိပ်မများလှပေ...
သေချာသည်ပင်၊ ဤညနေမှာ သူ ၎င်းတို့ကို သူလိုချင်သလောက်ဆွဲချွတ်ပေလိမ့်မည်။
ကျန်းကျန့် ကျောက်ကျင်းကော၏အဝတ်အစားများကို ဆွဲချွတ်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။
အောက်ထပ်တွင် ကျောက်မင်ကျူး၊ကျောက်ချန်ယု နှင့် ကျောက်လင်မယားသည် ထမင်းစားပြီး၍ အသီးအနှံများကို စတင်စားသုံးကြသည်။
ကျောက်မင်ကျူးက ယခု အသက် ဆယ့်ငါးနှစ်ရှိပြီဖြစ်ပြီး ချောမောလှပသော မိန်းကလေးတစ်ဦး ဖြစ်လာသည်။ သူမက အရပ်အနည်းငယ်ရှည်ပြီး အားကစားပွဲတွေမှာ ပါဝင်လေ့ရှိသောကြောင့် အသားအရေက အနည်းငယ် ညှိုနေပေမဲ့လည်း သူမက လုံးဝကို လှပနေဆဲဖြစ်၏။ကျောက်ကျင်းကောပင်ဖြစ်စေ၊ကျန်းကျန့်ပင်ဖြစ်စေ သူတို့၏မျက်နှာအသွင်အပြင်က ချောမောကာကြည့်ကောင်းသည်မဟုတ်ပါလော။
ဆန့်ကျင်ဘက်အားဖြင့် ကျောက်ချန်ယုက အနည်းငယ် ပေစုတ်စုတ်ဖြစ်နေပုံရသည် ......သေချာသည်ပင်၊ သူက ရုပ်ရည်ဆိုးသောကြောင့် မဟုတ်ဘဲ သူ့၏ မကြာသေးမီက ရုတ်တရတ်ကြီးထွားမှုက သူ့တစ်ကိုယ်လုံးကို ဝါးလုံးတစ်ချောင်းလို ပိန်သွားစေ၍ပါပင်...
သို့ပေမဲ့ အကုန်လုံးက သူကကြီးပြင်းနေဆဲဖြစ်၍ဖြစ်လေသည်။ ပိန်နေသော်လည်း ကျောက်ချန်ယုက အလွန်စားသည်၊ သူသည် ယခင်က ကျန်းကျန့်ထက်ပင် ပိုစားသည်။ယခုလည်း ထမင်းစားပြီးသည်ကို ပန်းသီးကြီးတစ်လုံးကို ကိုင်ပြီး တစ်တိတိကိုက်ဝါးနေသေး၏။ကျောက်မင်ကျူးက မုန့်တွေ ယူလာသည်ကို မြင်သောအခါ သူ သူတို့ဆီလည်း လက်ရွှေ့လိုက်သည်...
"ချန်ယု နင်က အရမ်းစားနိုင်တာပဲ..."
ကျောက်မင်ကျူးက သူမမောင်ကို စိတ်ခံစားချက်အပြည့်နှင့် ကြည့်လိုက်သည်။သူမမောင်က သူမထက်ပင် အရပ်ရှည်နေပြီဆိုသည်ကို သိလိုက်ရသောအခါ အနည်းငယ်စိတ်ပျက်သွား၏။
သူမသည် ယောက်ျားများစွာထက် အရပ်ပိုမြင့်သော်လည်း သူမ၏မောင် ... အနာဂတ်တွင် သူသည် လူအုပ်ကြီးထဲတွင် ထိုးထွက်နေလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။
"ကောင်းကောင်းစားနိုင်ရင် ကောင်းကောင်းစား"
ကျောက်လျူက ရွှင်မြူးစွာပြောပြီး အတိတ်ကို ရုတ်တရက် သတိရလိုက်သည်။
"အင်း...ကျင်းကော မင်းအရွယ်တုန်းက စားစရာအလုံအလောက်မရှိခဲ့ဘူး...မင်းအဖေဆို အဲဒီတုန်းက အမြဲဗိုက်ဟောင်းလောင်နေခဲ့ရတာ...သူ ပဲစေ့နည်းနည်းစိုက်ပြီး မပြုတ်ဘဲနဲ့ ပဲစေ့တွေကို တိုက်ရိုက်စားတာကို ငါ မြင်ဖူးတယ်"
ကျောက်လျူ၏ ဆံပင်များသည် ယခုအခါ ဖြူလာ၏။သူမ၏ အသက်အရွယ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူမ အတိတ်ကို ပြန်သတိရကာ ကျောက်မင်ကျူး နှင့် ကျောင်ချန်ယု တို့ကို ပြောပြချင်လာသည်။
ကျောင်မင်ကျူး နှင့် ကျောက်ချန်ယုတို့သည် ထိုအကြောင်းအရာများကို ကြားသိရသည်ကို နှစ်သက်ကြပြီး ၎င်းတို့ကို နားထောင်ပြီးနောက် ကျေးဇူးတင်မဆုံးနိုင်ပေ။
မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ဘဝများ ဖရိုဖရဲဖြစ်ခဲ့သော်လည်း အစားအသောက် သို့မဟုတ် အဝတ်အစားများ မပြတ်မလပ်ခဲ့ကြပေ၊ သူတို့၏မိဘများသည် သူတို့တို့အား အမြဲကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးရုံသာမက လုံလောက်သော မေတ္တာကိုလည်း ပေးခဲ့ကြသည်။
ကျောက်မင်ကျူး စောစောက ထမင်းစားရင်းနှင့် ကျန်းကျန့် ပေးခဲ့သော ပွေ့ဖက်မှုအကြောင်းနှင့် ကျန်းကျန့်က ပြောသည်ကို တွေးမိသည်။ သူမ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။
"ဖေဖေက အရင်တုန်းက ခက်ခက်ခဲခဲ နေ့ရက်တွေ အများကြီးရှိခဲ့လို့ အလုပ်တွေ ဒီလောက်ကြိုးစားတာနေမယ်... သူက သမီးတို့အားလုံးကို ကောင်းမွန်တဲ့ဘဝမှာနေထိုင်စေချင်တာ"
သူမအဖေက သူမကို ဘယ်တော့မှ မရှောင်လွှဲဘဲ သူမကို ကိုယ်တိုင်ကိုယ်ကျခေါ်သွားကာ သင်ကြားပြသပေးသဖြင့် သူမ၏ အသိပညာက အလွန်ကျယ်ပြန့်သည်မှာ အသေအချာပါပင်။ ကမ္ဘာပေါ်ရှိ လူအများစုအတွက် ဘဝက ဘယ်လိုမျိုး လဲဆိုသည်ကို သူမအလွန်ရှင်းရှင်းလင်းလင်းသိခဲ့ရသည်။
သူမလက်ရှိဘ၀ကို ပိုင်ဆိုင်ခွင့်ရသည်က တကယ်ကို အဖိုးတန်၏။
"ဟုတ်တယ်"
ကျောင်လျူက ရယ်ပြီးဆိုသည်။
"ငါတို့အားလုံး သာယာတဲ့ ဘဝတွေ ရကြတယ်" ရိုးရှင်းသောဘဝတစ်ခုပင်မဟုတ်ပေ၊ သူမသည်ယခင်က ဤမျှကောင်းသောဘဝမျိုးကို စိတ်ကူးပင်မယဉ်နိုင်ခဲ့ပေ။
သူမသည် ပညာမတတ်သော ရွာလေးတစ်ရွာတွင် ကြီးပြင်းလာခဲ့သော်လည်း ယခုအခါ မယ်တော်ကြီးတစ်ပါး ဖြစ်လာတော့မည် ဖြစ်သည်။
ကျောက်လျူ ယခုအချိန်ထိ အိပ်မက်ဆန်သည်ဟု ခံစားနေရဆဲဖြစ်သည်။
ကျောက်ကျင်းကောက သူတိုကို ဖုချောင်မှ ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းတွင် သူတို့က ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိပြီးနောက် ကျောက်လျူ နှင့် ကျောက်ဖူကွေ့ တို့သည် အလွန်ကြောက်လန့်သွားကြသည်။ ထိုအချိန်တွင် ကျောက်လျူဆိုလျှင် စိုးရိမ်ထိတ်လန့်မှုများနှင့်ပင် ဖျားနာခဲ့သည်။
ကံကောင်းထောက်မစွာ၊ သူတို့သည် မကြာမီ တိုရိုတွင် အခြေချနေထိုင်ခဲ့ကြသည်။
သူတို့ တိုရိုတွင်ပထမဆုံးအခြေချနေထိုင်သောအခါတွင်အရာများစွာချို့တဲ့သောကြောင့်သူတို့၏ဘဝသည်ယခင် ဟယ့်ရှီ ရွာ၌ရှိခဲ့သောအချိန်နှင့်ဆင်တူသည်။
သူတို့မိသားစုသည် လူတစ်စုက မြေကိုပြန်လည်သိမ်းယူချိန်တွင် ရွှံ့စေးဖြင့်ပြုလုပ်ထားသောအိမ်တွင် တစ်ဖန်ပြန်လည်နေထိုင်ခဲ့ကြသည်... သို့သော် ဤသည်ကြောင့် ကျောက်လျူ နှင့် ကျောက်ဖုကွေ့တို့၏နှလုံးသားသည် အံ့အားသင့်ဖွယ်ကောင်းစွာ အသားကျလာခဲ့သည်။
သူတို့မှာ စိုက်ပျိုးနိုင်သည့်မြေတွေရှိနေသေးပါက ထွက်ပြေးရသည်က ဘာမှမဟုတ်ပါချေ။ယင်းက သူတို့ ငတ်သေမှာမဟုတ်ဘူးဟုဆိုလိုခြင်းမဟုတ်ပါလော။ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့သူတို့၏မြေမှာ နောက်တစ်ကြိမ်ပြန်စိုက်ပျိုးရန်ပင် စိတ်လှုပ်ရှားနေခဲ့ကြသည်။
ကျောက်လျူ နှင့် ကျောက်ဖူကွေ့တို့သည် တစ်နှစ်အကြာ စိုက်ပျိုးခဲ့ပြီး ကျန်းကျန့်က သူ့လက်အောက်တွင် လူများပိုမိုစုဆောင်းခဲ့သည်။ ထို့နောက် သူတို့နေထိုင်ရန် အိမ်ကြီးတစ်အိမ်သို့ ပြောင်းရွှေ့ကြပြီး နောက်ပိုင်းတွင် ကျန်းကျန့်က မကြာခဏ အပြင်ထွက်သွားသည်။
ကျန်းကျန့်က ကြီးကြီးမားမားတစ်ခုခုလုပ်နေသည်ကို သူတို့သိပေမဲ့ ပထမတုန်းက ကျန်းကျန့်က ဤတိုရိုက လူတွေနှင့်အတူ မြေယာကို သိမ်းပိုက်လိုက်သည် ထင်ခဲ့ကြသည်။ရလဒ်အနေဖြင့်...
ကျန်းကျန့်က တိုရိုတစ်ခုလုံးကို အမှန်တကယ် သိမ်းပိုက်ခဲ့သည်။ထိုမျှသာမက သူက သူကိုယ့်ပိုင်နိုင်ငံကိုပင် တည်ထောင်ခဲ့၏။
အနာဂတ်တွင် ဤနိုင်ငံသည် တိုရိုမဟုတ်ဘဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာတော့မည်ဖြစ်သည်။
ကျောက်လျူ ဤအကြောင်းတွေးတိုင်း အံ့သြမှင်သက်သွားရသည်။
"ဒါက အရမ်းအရသာရှိတယ် မမ... ဖေဖေဆီ သွားပို့ချင်လား"
ထိုအချိန်တွင် ကျောက်ချန်ယု ပန်းကန်ပြားပေါ်ရှိ မုန့်အများစုကို စားပြီးနေပြီဖြစ်သည်။
"ကျောက်ချန်ယု မင်းဗိုက်ပေါက်ထွက်မှာကို မကြောက်ဘူးလား"
ကျောက်မင်ကျူးက အကူအညီမဲ့သွားရပြီး ထပ်ဖြည့်ပြောလိုက်သည်။
"ဒီအချိန်မှာ ဖေဖေ့ဆီ အစားအသောက် သွားပို့ရင် သူသေချာပေါက် လျစ်လျူရှုလိမ့်မယ်"
"ဘာကြောင့်လဲ"
ကျောက်ချန်ယု အနည်းငယ် ပဟေဠိဖြစ်သွားပြီးနောက် ဆတ်ခနဲတုန်သွားပြီး ရှက်ရွံ့သောအမူအရာကို ချက်ချင်းထုတ်ပြလိုက်သည်။
သူတကယ်မိုက်မဲတာပဲ... သူ့အဖေက အခု "အရေးကြီးတာတွေ"လုပ်နေတာဖြစ်မယ်... ငယ်ငယ်တုန်းက သူ့အဖေက သူ့ကို အခန်းထဲက ထုတ်ပစ်ဖို့ ဒီအကြောင်းပြချက်ကို မကြာခဏ သုံးခဲ့တယ် မဟုတ်လား...
သူ့မိဘတွေက အမြဲတမ်း ဆက်ဆံရေးကောင်းကြသည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က တိုရိုကို အနိုင်ရခါနီးကတည်းက ဗိုလ်ချုပ်အချို့သည် ၎င်းတို့၏ ဇနီးမယားများကို စောင့်ရှောက်ရန် တွန့်ဆုတ်နေသော်လည်း သူတို့၏ဖခင်သည် မည်သည့်အခါမှ ဆိုးရွားသော အကြံအစည်မျိုး မရှိခဲ့ပေ။
ဤသည်ကလည်း အလွန်ကောင်း၏။
ကျောက်ချန်ယုက ယခု ကျောင်းတွင် ကျောင်းတက်နေပြီး သူ့သူငယ်ချင်း၏ဖခင်သည် အမျိုးသမီးတစ်ဦးကို အပြင်တွင် တိတ်တိတ်လေး ပျိုးထောင်ခဲ့သည်။ သို့ပေမဲ့ သူ့မိဘတွေ၏ ဆက်ဆံရေးက ကောင်းသည်။သူ့သူငယ်ချင်းတွေ ဘယ်လောက်တောင် မနာလိုနေမယ် မသိ...
ကျောက်ချန်ယု နှင့် ကျောက်မင်ကျူးတို့သည် အလွန်ပျော်ရွှင်ခဲ့ကြပြီး ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ အမြဲထိုကဲ့သို့သောဆက်ဆံရေးရှိလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့ပေမဲ့ ကျောက်ဖူကွေ့တို့လင်မယား ကလေးနှစ်ယောက်၏ မျက်နှာပေါ်က မပြောဘဲနားလည်သောအမူအရာတွေကို မြင်လိုက်ရသည့်အခါ အနည်းငယ် ရှက်ရွံ့သွားကြသည်။
သူတို့ရဲ့ မျိုးဆက်တွေက သူတို့ရဲ့ သားသမီးတွေကို ဘယ်တော့မှ ဘာမှ မြင်ခွင့်မပေးဘူး...ဒါပေမဲ့ ကျန်းကျန့်ကကျရော... တစ်ခါတလေ သူ့သားသမီးတွေကို မရှောင်ဘဲ အိမ်မှာ ကျောက်ကျင်းကောကို နမ်းတောင်
နမ်းသေးတယ်...
သို့ပေမယ့်လည်း သူတို့လည်း ယင်းက အတော်လေးကောင်းသည်ဟု ထင်ကြ၏...
သူတို့မှာ မနက်ဖြန်လုပ်စရာတွေ အများကြီးကျန်နေသေးသောကြောင့် ကျောက်ဖူကွေ့တို့လင်မယားင အမြန်အိပ်ရာဝင်ခဲ့ပြီး ကျောက်မင်ကျူးနှင့် ကျောက်ချန်ယုလည်း စောစောအိပ်ယာဝင်ခဲ့၏။
သို့သော် ကျန်းကျန့် ထိုညက အတော်လေး ညဥ့်နက်သည့်တိုင် မအိပ်ခဲ့ပေ။
သူသည် ထီးနန်းအတွက် ပြင်ဆင်ခြင်းနှင့် သူပုန်များကို သုတ်သင်ရန် အလုပ်များနေသောကြောင့် ကျောက်ကျင်းကော နှင့် တစ်လကြာအောင် ဘာမှ မလုပ်ခဲ့ရပေ။မှန်ပေသည်၊ ယခု သူ သူ့ကိုယ်သူ အလျော်ပေးရန် နည်းလမ်းရှာရမည်။
နောက်နေ့မနက်စောစောမှာ ကျန်းကျန့် နိုးလာခဲ့ပြီးနောက် စိတ်ကောင်းဝင်နေဆဲဖြစ်လေသည်။
အမျိုးသားအများစုသည် အသက်လေးဆယ်ကျော်မှစတင်၍ ကိုယ်အလေးချိန်တက်လာသော်လည်း သူ့ခန္ဓာကိုယ်ကမူ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အလွန်ကောင်းမွန်နေသေးသည်။
ကျန်းကျန့်က အလွန်တက်ကြွနေသော်လည်း ကျောက်ကျင်းကောက မထနိုင်ပေ။
သူခန္ဓာကိုယ်ကပုံပျက်မသွားသော်လည်း နှစ်များတစ်လျှောက် လေ့ကျင့်ခန်းများ နည်းပါးခဲ့သည်။
"ထဖို့အချိန်တန်ပါပြီ အရှင်မင်းကြီး"
ကျန်းကျန့်က ကျောက်ကျင်းကော၏ နှုတ်ခမ်းကို ဖိနမ်းလိုက်ပြီး ယနေ့ကစပြီး ကျောက်ကျင်းကော ဧကရာဇ်တစ်ပါးဖြစ်တော့မည်ကို တွေးပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ဧကရာဇ် သို့မဟုတ် ထိုကဲ့သိုသော တစ်ခုခုကို လွှမ်းမိုးရခြင်းက တကယ်ကို စိတ်ဝင်စားရာကောင်းသည့် အရာတစ်ခုပင်။
"ခင်ဗျား....."
ကျောက်ကျင်းကော ကျန်းကျန့်၏စကားကို ကြားသောအခါ မရှက်ဘဲ မနေနိုင်။ သူသည် သူ့ကိုယ်သူ ဧကရီဖြစ်မည်ဟု အမြဲထင်ထားပြီး ဧကရာဇ်ဖြစ်လာရန် မမျှော်လင့်ထားပေ... ကျန်းကျန့်က သူ့ကို အရှင်မင်ကြီးဟု ခေါ်သည်၊ သူ... ကျန်းကျန့်ကို ဧကရီလို့ ခေါ်သင့်သလား...
အင်း၊ အဲဒါ စဉ်းစားစရာတစ်ခုပဲ...
ကျန်းကျန့်က သူတို့ ဒီစည်းမျဥ်းခံ ဘုရင်စနစ်ကို ယခုလအတော်ကြာ လေ့လာခဲ့ပြီးနောက် ဧကရာဇ်၏ လုပ်ပိုင်ခွင့်က သိပ်မများကြောင်းထောက်ပြခဲ့သည်။အနည်းဆုံး ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့်တွေလောက် မများသည့်အတွက် သူက ကျန်းကျနံယ့်နှင့်အမှန်တကယ် မနှိုင်းယှဉ်နိုင်ဘူးပေ။
သေချာသည်ပင်၊ သူ ၎င်းကို ဂရုမစိုက်ပေ။
ကျန်းကျန့်က သူ့အပေါ် အမြဲသစ္စာရှိပြီး သူတို့ သားသမီးများလည်း ကြီးပြင်းနေပြီဖြစ်သဖြင့် သူကျေနပ်နေသည်မှာ ကြာပြီဖြစ်၏။
"ကျင်းကော...ကိုယ် တော်ဝင်မိသားစုကို အာဏာအများကြီး မပေးခဲ့ဘူး...ဒါပေမဲ့ ဒါက ကိုယ်တို့ သားစဉ်မြေးဆက်တွေရဲ့ ကောင်းကျိုးအတွက်ပဲ"
ကျန်းကျန့်က ထပ်မရှင်းပြခင် ကျောက်ကျင်းကောကို ထပ်မံနမ်းလိုက်သည်။
သူက ဖွံ့ဖြိုးတိုးတက်ရေး၏ အနာဂတ် ဦးတည်ချက်ကို စိတ်ပူခဲ့သည်။
သက်ဦးဆံပိုင့် ဧကရာဇ်မင်းတစ်ပါးကို ဖြုတ်ချနိုင်ချိန်မှာ ပုံဆောင်အဓိပ္ပါယ်ရှိသော အင်ပါယာမိသားစုကသာ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။
သူအသက်ရှင်နေချိန်က သူ့အတွက်မြေနှင့် ပစ္စည်းဥစ္စာတွေ ပိုရပါက သူ့သားသမီးမြေးမြစ်တွေ၏ အနာဂတ်အတွက် စိတ်ပူနေစရာ မလိုပါချေ…
အရေးကြီးဆုံ
းအရာမှာ ၎င်းတို့အား ပညာအမွေပေးခြင်းဖြစ်သည်။ကျောက်မင်ကျူးနှင့် ကျောက်ချန်ယုတို့ကဲ့သို့ပင် ၎င်းတို့သည် မိမိတို့၏ကောင်းကင်ဘုံကို မုချဖန်တီးနိုင်လိမ့်မည်ဟု သူယုံကြည်သည်။