Chapter 126
ရွှီယွိ...ရွှီယွိ
----------------------
သူ၏ခေါင်းထက်၌ ရှင်းလင်းမြင်သာသော ဘုလုံးကြီးကြီးရှိနေသည့် ဟယ့်ရှဲ့ယိက လင်းရုဖေးနှင့် အချိန်အတန်ကြာ စကားလက်ဆုံကျနေ၏...လင်းရုဖေးကြိုက်သည့် သေရည်အမျိုးအစားမှအစ လင်းရုဖေးစားရတာ ကြိုက်သည့် အစားအစာအထိတဆုံး ပြောဆိုနေလေသည်။ သူတို့စကားများများပြောလာရင်း တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာကာ တစ်ဦးအကြောင်းတစ်ဦးဆက်ပြောနေကြရင်း ဟယ့်ရှဲ့ယိက အိပ်ရာမှအမှန်ပင် ထကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လင်းရုဖေးနှင့် အတူတူ တစ်ခွက်တစ်ဖလားလောက်ထပ်မော့ချင်လာသည်။
ကံကောင်းစွာဖြင့် အစ်ကိုဖြစ်သူ ဟယ့်ရှဲ့ယိက အလွန်မယုံကြည်ရသော်ငြား ညီဖြစ်သူ ဟယ့်ဝမ်ရှန်းကမူ တည်တည်ငြိမ်ငြိမ်ရှိလှသည်။
သူက အစ်ကိုမှာ ခုန်ထွက်ချင်ကြောင်းတွေ့လိုက်သည်နှင့် အစ်ကိုဖြစ်သူ၏ပုခုံးအား ဆုပ်ကိုင်လိုက်ကာ နောက်ပြန်ထိုင်ကျရန်ဖိထားလိုက်ရင်း : "လင်းကုန်းဇီရဲ့ ခေါင်းကလည်း ထိခိုက်ထားတယ်...သူ့ကိုဒုက္ခထပ်မခံခိုင်းနဲ့တော့"
လင်းရုဖေးမှာ အမြန်ပင် သဘောတူလိုက်ကာ သူ၏ခေါင်းမှာလည်း မနေ့ညကအရှိန်ကြောင့် နာကျင်နေ၏ဟု ဆိုလိုက်ရသည်။
“အို့...ဒါဆို မေ့လိုက်ပါတော့"
ဟယ့်ရှဲ့ယိက ဆန္ဒမပြီးမြောက်၍ ဝမ်းနည်းနေသည့်ပုံဖြင့် : "ကျွန်တော် ထင်တာ မင်းက ကောင်းကောင်းသောက်နိုင်တဲ့သူလို့လေ...ကျွန်တော် မှာဒီလိုအချိန်ကောင်းလေးမရှိရတာ တော်တော်ကြာပြီ"
လင်းရုဖေးက သူ၏ကောင်းကောင်းသောက်နိုင်စွမ်းအတွက် သူ့အားချီးမွန်းလာသည်အား ကြားသော် အလောတကြီးဆိုလိုက်ရ၏။
"ဟယ့်ကုန်းဇီက ကျွန်တော်က ကောင်းကောင်းသောက်နိုင်တဲ့သူဆိုတာ ဘယ်လိုလုပ်ပြီးများ ပြောနိုင်ရတာပါလဲ.."
ဟယ့်ရှဲ့ယိက ခေါင်းအားကုတ်လိုက်ရင်း : "ကျွန်တော်က သတိလက်လွတ်အခြေအနေထိ မူးခဲတယ်...လင်းကုန်းဇီက ကျွန်တော်ကိုအလဲထိုးနိုင်မှတော့ သေချာပေါက် ကောင်းကောင်းသောက်နိုင်တဲ့သူပဲဖြစ်ရမယ်လေ"
ဤစကားလုံးများထွက်လာသော် လင်းရုဖေးနှင့် ဟယ့်ဝမ်ရှန်းတို့နှစ်ဦးသား ဟယ့်ရှဲ့ယိ၏ခေါင်းထက်မှ ဘုကြီးအား တစ်ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်မိသည်။ သို့သော်ငြား နှစ်ဦးစလုံးမှာ မည်သည်မှမပြောရန် အပြန်အလှန်နားလည်ကြကာ အကြောင်းအရာအား ချက်ချင်းပင်ပြောင်းလဲပစ်လိုက်တော့၏။
လင်းရုဖေးက အပြင်ဘက်ရှိ နေရောင်ခြည်နွေးနွေးအား ကြည့်လိုက်ရင်း အိပ်စက်ရန်ကောင်းသည့်နေ့ဟု ရုတ်ချည်းဆိုလိုက်သည်။ ဟယ့်ကုန်းဇီက ခေါင်းကိုက်နေ၍ ဦးစွာ ကောင်းကောင်းအနားယူသင့်ကာ သူ့အား ဆက်ပြီးနှောင့်ယှက်ရန်မသင့်တော့ချေ။ ဟယ့်ရှဲ့ယိ၏ ဟန့်တားနေသည့်စကားကိုပင် ဆုံးအောင်မစောင့်တော့ဘဲ လင်းရုဖေးနှင့်ဟယ်ဝမ်ရှန်းတို့သည် အပြေးတစ်ပိုင်းထွက်လာလိုက်ကြသည်။
သူတို့ အခန်းထဲမှထွက်လာပြီးနောက် တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်လိုက်ရင်း ရယ်သံများ မထိန်းနိုင်ဘဲ ပေါက်ကွဲထွက်လာတော့သည်။
ဟယ့်ဝမ်ရှန်းက ခေါင်းအားအသာယမ်းလိုက်ရင်း : "ကျွန်တော့်အစ်ကိုက...အာ....ဟားဟားဟား"
လင်းရုဖေးသည်လည်း ဟယ့်ရှဲ့ယိက စိတ်ဝင်စားစရာကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း ရယ်မောကာပြောလိုက်၏..မဟုတ်..ချီးမွန်းရသော် ဟယ့်မိသားစုတစ်ခုလုံးက အလွန်စိတ်ဝင်စားဖွယ်ကောင်း၏။
နှစ်ဦးသား စကားလက်ဆုံကျနေရင်းမှ လမ်းလျှောက်နေစဥ်တွင် ရုတ်ချည်းဆိုသလို မြင်းခွာသံများအား ကြားလိုက်ရသည်။ လင်းရုဖေးက အသံအားရှာဖွေလိုက်ရာ ဟယ့်မိသားစုခေါင်းဆောင်အိမ်တော်သို့ ဦးတည်ကာ ခုန်ကျော်ဒုန်းဆိုင်းစီးလာသည့် လူတစ်ဦးအားတွေ့လိုက်ရသည်။ ဤပုဂ္ဂိုလ်က ဟယ့်မိသားစုအိမ်တော်ဝန်းထဲသို့ ဝင်လာသည့်တိုင် အရှိန်လျှော့လာခြင်းမရှိကာ ဆင်းမည့်ဟန်လည်းမရှိချေ။ လမ်းပေါ်ရှိ ဟယ့်မိသားစုဝင်များမှာ လမ်းဘေးကပ်ရပ်လိုက်ရကာ ထိုလူနှင့်ပတ်သတ်၍ မကျေနပ်သည့်ပုံပြလာကြသည်။ လင်းရုဖေးသည်လည်း ထိုလူအားမြင်ပြီးနောက် ဟယ့်ဝမ်ရှန်း၏မျက်နှာအမူအရာက မကျေမနပ်ဖြစ်ကာ အေးစက်သောအရိပ်အရောင်များဖြင့်ဖုံးလွှမ်းကာ အနည်းငယ်ပြောင်းသွားသည်အား သတိထားမိလိုက်၏။
သူ ဟယ့်ဝမ်ရှန်းနှင့်အချိန်ဖြန်းနေသည့် နေ့ရက်တော်တော်များများတွင် လင်းရုဖေးမှာ အကြင်သူ၏ ထိုသို့ခံစားချက်မကောင်းသည့် မျက်နှာအမူအရာအား မမြင်ဖူးပါချေ။ သို့သော်ငြား ဟယ့်ဝမ်ရှန်းက မပြောပြလာ၍ သူသည်လည်း မေးရန်မသင့်တော်ဟု ခံစားမိလိုက်သည်။
လင်းရုဖေးက ခေါင်းလှည့်လိုက်ကာ ဟယ့်မိသားစုအစေခံမှ တားလိုက်၍ အခုလေးတင် အရှိန်လျှော့လိုက်သည့်ထိုလူအား ကြည့်လိုက်သည်။
ထိုသူက အလွန်စိတ်တိုနေဟန်ဖြင့် : "သူက ဘာလို့ငါ့ကိုလာမတွေ့တာလဲ...မင်းတို့ဟယ့်မိသားစုက တစ်ယောက်ယောက်သေမှာကို မကူညီဘဲထိုင်ပြီးကြည့်နေကြတော့မှာလား"
“မိသားစုခေါင်းဆောင်မှာ လုပ်စရာရှိပါတယ်"
အစေခံက လက်ထုတ်ကာတားလိုက်ရင်း "လူကြီးမင်း ကျေးဇူးပြု၍ ပြန်လှည့်သွားပေးပါ"
"လုပ်စရာရှိတယ်...ဟုတ်လား...ဘယ်လိုလုပ်ပြီး အချိန်တိုင်း လုပ်စရာတစ်ခုခုရှိနေတာလဲ"
ထိုလူက ဒေါသတကြီးဆိုလိုက်ရင်း : "ငါကတော့ သူငါ့ကိုမတွေ့ချင်တာလို့ပဲထင်တယ်"
အစေခံမှာ မည်သည်မှတန်ပြန်ပြောလာခြင်းမရှိကာ သူ့အား အေးစက်စက်သာ ဆက်ကြည့်နေလေ၏။
ထိုလူက အစေခံမှာ သူ့အားဖြတ်သွားခွင့်ပြုမှာမဟုတ်မှန်းတွေ့ရာ ပတ်၀န်းကျင်သို့ လှည့်ကြည့်လိုက်သည့်အခါ လင်းရုဖေးနှင့် ဟယ့်ဝမ်ရှန်းတို့ထံ အကြည့်ရောက်သွား၏။
လင်းရုဖေးက တိတ်တဆိတ် ရေရွတ်လိုက်သည်။
"မကောင်းတော့ဘူး"
ထို့နောက် အမှန်ပင် ထိုလူက သူတို့ရှေ့သို့ ခြေလှမ်းအနည်းငယ်ဖြင့် ရောက်လာပြီး "ငါမင်းကို သတိထားမိတယ်...မင်းက ဟယ့်ကျိထျန်းရဲ့သား ဟယ့်ဝမ်ရှန်းမလား"
သို့သော်လည်း ဟယ့်ဝမ်ရှန်းက ပြန်မဖြေချေ။ သူက လက်ပိုက်ထားလျက် အေးစက်စက်သာ ကြည့်နေလေ၏။
ဟယ့်ဝမ်ရှန်းထံမှ စိုက်ကြည့်ခံလိုက်ရ၍ ထိုလူမှာ တဒင်္ဂမျှ ကိုယ်အားကျုံ့မိသွားလေ၏။
သို့စေကာမူ သူက သတ္တိအားစုစည်းလိုက်ပြီး ကျယ်ကျယ်လောင်လောင် မေးလာသည်။
"မင်းတို့ဟယ့်မိသားစုထဲမှာ ဘာတွေဖြစ်နေတာလဲ...လမ်းပေါ်မှာ လူတွေကိုစားသောက်နေတဲ့ မိစ္ဆာတွေရှိတယ် မင်းတို့တွေ တစ်ခုခုမလုပ်ကြတော့ဘူးလား..."
ဟယ့်ဝမ်ရှန်းက ပြန်ဖြေသည်။
"ဒီကိစ္စက ငါ့လက်ထဲမှာမဟုတ်ဘူး ငါ့အဖေကို သွားရှာလေ"
“ငါသာသူ့ကိုရှာနိုင်ရင် ရှာပြီးနေပြီပေါ့ ဒါပေမယ့် မင်းအဖေက ငါ့ကို တွေ့ဖို့ငြင်းဆန်နေတယ်လေ"
ထိုလူက မခံမရပ်နိုင်ဖြစ်လာရင်း : "အဲ့ဒီမိစ္ဆာက လူတွေအများကြီး စားပြီးသွားပြီ"
ဟယ့်ဝမ်ရှန်းက ခေါင်းစောင်းပြလိုက်ရင်း ဆိုလိုက်၏။
"ငါသူတို့ကိုမစားခဲ့ဘူးလေ မင်းက ဘာအတွက်ငါ့ကို လာအော်နေရတာလဲ"
ထိုလူမှာ ဟယ့်ဝမ်ရှန်း၏စကားများကြောင့် သေလောက်အောင်ထိ ဒေါသထွက်သွားရသည်။ သူက ပြင်းပြင်းထန်ထန်ပေါက်ကွဲကာ တစ်ခုခုပြောချင်ပါသော်ငြား ဟယ့်ဝမ်ရှန်းက လက်ယမ်းပြကာ စိတ်မရှည်စွာဆိုလိုက်သည်။
"မင်း တစ်ခြားတစ်ခုခုပြောစရာရှိရင် ငါ့အဖေကိုသွားရှာ ငါအဲ့ကိစ္စနဲ့ပတ်သတ်ပြီး အများကြီးမကိုင်တွယ်နိုင်ဘူး"
ထိုသို့ပြောလိုက်ပြီးသည်နှင့် ထိုလူအား စကားပြောရန် အခွင့်အရေးပင် မပေးတော့ဘဲ လှည့်ထွက်သွားတော့၏။
လင်းရုဖေးသည်လည်း ဟယ့်ဝမ်ရှန်းအနောက်သို့လိုက်ပါကာ အဝေးသို့ လျှောက်ထွက်လာလိုက်သည်။ သူ လှည့်ထွက်မလာခင် ထိုလူက အစေခံအားရစ်ကာ ဆက်၍ငြင်းခုန်နေဆဲဖြစ်သည်အား သတိထားမိလိုက်သည်။ ဤသည်က သူသည် ဟယ့်မိသားစုခေါင်းဆောင်ကိုသာ မတွေ့ရပါက မည်သည်တို့ပင်ဖြစ်နေပါစေ လုပ်မည်ဆိုသည့်ပုံပေါ်နေသည်။
မြင်ကွင်းမှပျောက်ကွယ်သည်အထိ လျှောက်ပြီးနောက်တွင် ဟယ့်ဝမ်ရှန်းက သက်ပြင်းချကာဆိုလာသည်။
"လင်းကုန်းဇီ...ကျေးဇူးပြုပြီး အထင်မလွဲလိုက်ပါနဲ့ ကျွန်တော်တို့ဟယ့်မိသားစုက ဒီကိစ္စကိုတာဝန်မယူချင်တာ မဟုတ်ရပါဘူး...ဒါပေမယ့် ဒါက...တကယ်ကို ရှုပ်ထွေးလွန်းတယ်"
လင်းရုဖေးက မေးလိုက်၏။
"မင်းပြောချင်တာ မြောက်ပိုင်းလမ်းက မိစ္ဆာတွေကိုလား"
“ဟုတ်တယ်"
ဟယ့်ဝမ်ရှန်းက ဆက်၍ဆိုသည်။
"မြောက်ပိုင်းလမ်းပေါ်မှာ ကျင့်ကြံခြင်းအဆင့်သုံးရှိတဲ့ မိစ္ဆာတချို့ရှိတယ်လို့ ကျွန်တော်တို့သတင်းရခဲ့တယ်...ပြီးတော့ ဟယ့်မိသားစုက တစ်ယောက်ယောက်ကို အဲဒီဆီပို့ခဲ့တာ ...ဘယ်သူထင်မှာလဲ အဲဒီမိစ္ဆာရဲ့ ကျင့်ကြံခြင်းက တကယ်တမ်း အဆင့်သုံးမဟုတ်တဲ့အပြင် ဟယ့်မိသားစုရဲ့ တပည့်ကိုလည်း ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့မယ်ဆိုတာ"
ထိုသို့ပြောနေစဥ် သူ့အသံအနေအထားမှာ အနည်းငယ်အက်ရှနေ၏။
ခေတ်အဆက်ဆက်တွင် ပုအယ်တိုက်ကြီးမှ မိစ္ဆာတို့က ယောင်ကွမ်းတိုက်ကြီးထံ ဦးတည်လာလေ့ရှိကာ ကျင့်ကြံသူများအတွက် မိစ္ဆာများအား ကိုယ်တွယ်ဖယ်ရှားရသည့်အရေးက ဖြစ်နေကျသကဲ့သို့ပင်။ သို့သော်လည်း မိစ္ဆာများမှာ ရုပ်ပိုင်းဆိုင်ရာအရ သန်စွမ်းကြကာ ကျင့်ကြံခြင်းအဆင့်သုံးရှိသည့် တစ်ကောင်ပင် ကျင့်ကြံခြင်းအဆင့်ငါးရှိသည့် လူသားနှင့် ယှဥ်နိုင်လေ၏။
ကံကောင်းစွာနှင့် မိစ္ဆာများအဖို့ ကျင့်ကြံရန် လွယ်ကူလှသည်မဟုတ်၍ အရေအတွက်မှာ အလွန်နည်းနေဆဲဖြစ်သည်။ တစ်နည်းဆိုသော် လူသားများကို ချေမှုန်းရန်မှာ အတော်လေးအချိန်ယူရမည့်ပုံပင်။
“တကယ်တမ်းက အဆင့်သုံးမဟုတ်ဘူး...ဒါဆို အဲ့ဒါက ဘယ်အဆင့်လောက်လဲ"
လင်းရုဖေးမှာ အတန်ငယ် အံ့အားသင့်သွားမိသည်။
“ကျွန်တော်လည်းမသိဘူး...ကျွန်တော့်အဖေက ပြောမပြဘူး"
ဟယ့်ဝမ်ရှန်းက သူ့နှာခေါင်းအားထိလိုက်ရင်း တုံ့ဆိုင်းစွာပြောလာသည်:။
"ဒါပေမယ့် ကျွန်တော့်အဖေက သူက ဒါကို အာရုံစိုက်ရမှာမို့ ကျွန်တော်တို့ကို ဒီကိစ္စမှာဝင်ပါမလာဖို့ ပြောခဲ့တယ် ဒါကြောင့် ကျွန်တော် အသေးစိတ်ကိုတော့ သိပ်သေချာမသိဘူး"
လင်းရုဖေးမှာ တွေးတောနေဟန်ပြလာသည်။
“ဒါကို ထားလိုက်ပါတော့ ဒီကိစ္စကို ထပ်ပြီးမပြောကြရအောင်"
ဟယ့်ဝမ်ရှန်းက သက်ပြင်းချလိုက်ရင်း : "လင်းကုန်းဇီ ခင်ဗျားသိပ်ပြီးနေမကောင်းသေးတဲ့ပုံပဲ ပြန်သွားပြီးတော့ အရင်နားလိုက်မလား"
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်ရင်း ကောင်းပြီဟု ဆိုလိုက်သည်။ သူ့ခေါင်းမှာ ကိုက်ခဲနေဆဲဖြစ်သောကြောင့် နည်းနည်းကြာကြာလေးနားရလေလေ ပိုကောင်းလေလေပင်။
ထို့ကြောင့် ဟယ့်ဝမ်ရှန်းက သူနေသည့်ဆီသို့ ပြန်ခေါ်လာပေးကာ မထွက်သွားမီ ကောင်းကောင်းအနားယူရန် ပြောခဲ့၏။
လင်းရုဖေးက သူ့အစာအိမ်အား ဖြည့်ဆည်းပေးရန် တစ်ခုခုစားလိုက်ပြီး အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ သူက တစ်ခါတစ်ရံ ကုရွှမ်းတုနှင့် စကားလက်ဆုံကျတတ်သော်ငြား မသိလိုက်စွာနှင့်ပင် အိပ်ပျော်သွားတော့သည်။
ကုရွှမ်းတုက လင်းရုဖေး၏အိပ်ပျော်နေသည့် မျက်နှာလေးအား အချိန်အတန်ကြာကြည့်လိုက်ပြီးနောက် သူအိပ်ပျော်သွားပြီဟု အတည်ပြုပြီးမှသာ ဖြေဖြေးထရပ်ကာ ပြတင်းပေါက်အပြင်သို့ ပျံထွက်သွားလေ၏။
သူ အချိန်အတော်ကြာ အိပ်ပျော်သွားမိသည်။ လင်းရုဖေးမှာ အိပ်ချင်မူးတူးထလာရင်း အပြင်တွင် မှောင်နေလေရော့မည်ဟု တွေးမိသော်ငြား လင်းနေဆဲဖြစ်သည်အား တွေ့လိုက်ရ၍ ငိုင်တိုင်တိုင်ဖြင့် ဖူဟွားအား ခေါ်လိုက်ကာ မည်သည့်အချိန်ရှိပြီလဲ ဟုမေးလိုက်သည်။
"ကုန်းဇီ...သန်းခေါင်ယံရှိနေပါပြီ"
ဖူဟွားက ဖြေလိုက်ရင်း : "ကုန်းဇီဗိုက်ဆာနေရင် ထပြီးတော့ တစ်ခုခုမစားချင်ဘူးလား”
လင်းရုဖေးက မေးခွန်းထုတ်လိုက်သည်။
"သန်းခေါင်ယံရှိပြီလား"
သူက အိပ်ရာမှ ထထိုင်လိုက်ရင်း တောက်ပနေသည့် ပြတင်းပေါက်ကို ကြည့်လိုက်မိသည်။
သူက ထင်ယောင်ထင်မှားဖြစ်နေသည်ဟုသာ တွေးမိလိုက်မိပြီး : "သန်းခေါင်ယံရောက်တာတောင်မှ ဘာလို့ မမှောင်သေးတာလဲ"
"ကျွန်မလည်း မသိဘူးရယ် တစ်ခုခုက ဖြာထွက်နေတဲ့ပုံပဲ"
ဖူဟွားက ဆက်၍ဖြေသည်။
"ညနေကတည်းက လင်းနေတာ ဒါပေမယ့် ကျွန်မတို့တတွေ မီးကြီးလောင်လို့များ ဒီလိုပုံပေါ်နေတာလားလို့တောင် တွေးမိသေးတယ်"
လင်းရုဖေးက ပြတင်းပေါက်ထံသွားကာ ရွှေရောင်အလင်းတန်းက ဟယ့်မိသားစုဘိုးဘွားခန်းမမှ လာခြင်းများလားဆိုတာ သေသေချာချာကြည့်လိုက်မိသည်။ ဤအလင်းတန်းမှာ ရွှေရောင်ဖျော့ဖျော့လေးရှိကာ ပုံမှန်မီးအလင်းနှင့် ပြီးပြည့်စုံစွာကွဲပြားနေသောကြောင့် လင်းရုဖေးအား နေရောင်လို့ပင် ထင်မှားမိစေသည်။ သန်းခေါင်ယံရှိပြီဖြစ်သော်ငြား ဤအလင်းတန်းကြောင့် ကောင်းကင်တစ်ခွင်တွင် နေ့အလင်းရောင်ကဲ့သို့ လင်းထိန်နေ၏။
လင်းရုဖေးက အလေးအနက်ဖြင့်ဆိုလိုက်၏။
"ငါအပြင်ထွက်ပြီး ကြည့်လိုက်ဦးမယ်"
သူက အဝတ်အစားလဲကာ အလင်းတန်းဆီသို့ ဦးတည်သွားလိုက်သည်။ အလင်းတန်းက အမှန်ပင် ဘိုးဘွားခန်းမက လာသည်ဖြစ်ကာ ဟယ့်မိသားစုဝင်များကလည်း ဘိုးဘွားခန်းမအပြင်ဘက်တွင် စုရုံးနေကြသည်။ သို့စေကာမူ သူတို့၏မျက်နှာများမှာ ကြောက်ရွံ့နေရမည့်အစား အသည်းအသန်နှင့်အပူတပြင်းဖြစ်စွာ တစ်ခုခုအား စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ လင်းရုဖေးက ဖြစ်ပျက်နေသည်အား သဲသဲကွဲကွဲနားမလည်မီ စကားတချို့အား နားထောင်နေလိုက်သည်။ ယင်းက ရွှီယွိဟူသည့် ဘိုးဘွားခန်းမထဲမှသစ်ပင်မှာ အသီးသီးလာပြီး အသက်တစ်ရှိုက်စာတွင်း သံရွှေရောင်သစ်ကြားသီးများ ရာနှင့်ချီထုတ်ပေးလာ၍ ထွက်လာခြင်းပင်။ သံရွှေရောင် သစ်ကြားသီးမှထွက်လာသည့် ရွှေရောင်အလင်းတန်းက နေ့အလင်းရောင်ကဲ့သို့ ဟယ့်မိသားစုတစ်စုလုံးပေါ် လက်ဖြာသွားကာ လူတိုင်း၏စိတ်အာရုံအား ဆွဲဆောင်နေ၏။
“ဘာလို့ လင်းကုန်းဇီက ဒီမှာရှိနေတာလဲ"
ပုခုံးအားပုတ်ခံလိုက်ရသဖြင့် လင်းရုဖေးကခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဟယ့်ရှဲ့ယိအား မြင်သွားသည်။
ဟယ့်ရှဲ့ယိရဲ့ ခေါင်းထက်တွင် အနီရောင်ဘုကြီးရှိနေဆဲဖြစ်ကာ ယင်း၏အသက်ဝင်နေသည့်အရာအား ကြည့်ရင်း လင်းရုဖေးမှာ သူ့ဘေးတွင် ငြိမ်ငြိမ်လေးရပ်လိုက်မိသည်။
လင်းရုဖေးက ပြန်ဖြေလိုက်သည်။
"အို့...ကျွန်တော်နိုးလာတော့ အလင်းရောင်တောက်တောက်ကို မြင်လိုက်ရတယ်လေ ဒါကြောင့်လာပြီးတော့ တစ်ချက်လောက်ကြည့်ရမယ်လို့ တွေးလိုက်မိတာ"
“ဒါက အသီးသီးနေတဲ့ သစ်ကြားပင်ပါ"
ဟယ့်ရှဲ့ယိက ရှင်းပြလာ၏။
"ဝမ်ရှန်းက မင်းကိုရွှီယွိသစ်ပင် ကြည့်ဖို့ခေါ်လာပေးခဲ့တယ် မဟုတ်လား"
“အဲ့ဒါကို မြင်ဖူးပါတယ်"
လင်းရုဖေးက ခေါင်းညိမ့်ပြလိုက်သည်။
“အဲ့တာ ကောင်းတယ်"
ဟယ့်ရှဲ့ယိက အပြုံးလေးဖြင့်ဆိုသည်။
"တစ်ချက်လောက်ပိုကြည့်တာက ပိုကောင်းတယ်လေ..ဟုတ်တယ်မလား"
"ဘယ်လိုကြောင့်များလဲ"
လင်းရုဖေးက ဟယ်ရှဲ့ယိ၏ စကားများမှာ တစ်ခုခုအား စောင်းပါးပြောနေသည်ဟု ခံစားလိုက်ရသည်။
“အင်း....."
ဟယ့်ရှဲ့ယိက ရေရွတ်လိုက်၏။
"အရာရာက အစွန်းရောက်လာရင် သူတို့ငြင်းဆန်လာမလားပဲ"
သူက လင်းရုဖေးပုခုံးပေါ်တင်ထားသာ လက်ကိုပြန်ရုတ်လိုက်သည်။ သူက တစ်ချက်လောက်ကြည့်ရန် အထဲဝင်ချင်သလားဟုမေးလာသည်။
ဤသစ်သီးအပြည့်ရှိသည့် ရွှီယွိသစ်ပင်အား လူတော်တော်များများမြင်တွေ့ချင်ပါသော်လည်း မမြင်နိုင်ပေမယ့် လင်းရုဖေးမှာမူ သူတို့အိမ်၏ဧည့်သည်ဖြစ်နေ၍ သူ့ကံကြမ္မာဟုပင် ဆိုရပေလိမ့်မည်။
လင်းရုဖေးက မေးလိုက်သည်။ "အဆင်ပြေပါ့မလား"
သူက ဤသည်မှာဟယ့်မိသားစုရဲ့အတွင်းရေးကိစ္စဖြစ်ကာ သူသည်လည်း အပြင်လူတစ်ယောက်ဟု ခံစားရလေ၏။
"စိုးရိမ်စရာ ဘာရှိလို့လဲ"
ဟယ့်ရှဲ့ယိက စိတ်မပူရန် တတွတ်တွတ်ပြောလာရင်း : "ဘာပဲဖြစ်ဖြစ် မင်းကဒါတွေကို ခူးနိုင်တာမျိုးလည်း မဟုတ်ဘူး..မင်းကို အကြိမ်နည်းနည်းလောက် ထပ်ပြလိုက်တာကလည်း ကောင်းပါတယ် ဒါမှ မင်းလည်း အားကျနိုင်မှာပေါ့"
လင်းရုဖေးမှာ မရယ်ဘဲမနေနိုင်ဖြစ်သွားမိပြီး : "အဲဒါ မှန်တယ်"
ဟယ့်ရှဲ့ယိက လင်းရုဖေးအား ဘိုးဘွားခန်းမဆီခေါ်ဆောင်သွား၏။ အစောင့်များက လင်းရုဖေးအား မသိသော်ငြား သူတို့က သူ့(HXY)အား သိနေသဖြင့် မည်သူမျှတားမလာချေ။ နှစ်ဦးသား အနှောင့်အယှက်မရှိ ဘိုးဘွားခန်းမ၏အနောက်ဘက်ဥယျာဥ်ထဲသို့ ဝင်လာကြကာ လင်းရုဖေးက လူအုပ်အလယ်တွင်ရပ်နေသည့် ဟယ့်ကျိထျန်းအပါအဝင် ဟယ့်မိသားစုဝင်အများအပြားအား တွေ့လိုက်ရသည်။
ဟယ့်ရှဲ့ယိ၏တည်ငြိမ်နေသည့် မျက်နှာအမူအရာနှင့်ယှဥ်သော် ဟယ့်မိသားစုဝင်အများစုက စိတ်လှုပ်ရှားနေကြကာ စမ်းကြည့်ရန် စိတ်အားထက်သန်နေကြသည်။ ဟယ့်ကျိထျန်းက သူတို့အား တစ်ခုခုပြောလိုက်သော်ငြား လင်းရုဖေးမှာ ဝေးလွန်းလှ၍ ရှင်းရှင်းလင်းလင်းမကြားလိုက်ရချေ။
ဟယ်ရှဲ့ယိက ဆိုလာ၏။
"သူတို့ကို စိတ်ထဲထားမနေနဲ့ ရွှီယွိပင်ကို သွားကြည့်ကြရအောင်"
ထို့နောက် သူက အနောက်ဘက်ဥယျာဥ်ထဲသို့ လင်းရုဖေးအားဆွဲခေါ်သွားတော့သည်။
ဝန်းထဲသို့ရောက်စဥ် လင်းရုဖေးက ရွှီယွိသစ်ပင်အား ကြည့်ရှုလိုက်သည်။ ယခုအချိန်တွင် သစ်ပင်မှာ သံရွှေရောင် သစ်သီးများဖြင့်အပြည့်ဖုံးလွှမ်းနေ၏။ သစ်ပင်ကိုယ်ထည်၌သာရှိနေသည့် ရွှေရောင်မျဥ်းနက်နက်များက သစ်ရွက်ဆီတိုင်းသို့ ပျံ့သွားလေသည်။ ဤမျဥ်းနက်များက သစ်ပင်အား လှပသည့်ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်စေ၏။ ပထမဆုံးအကြည့်တွင်ပင် သစ်ပင်တစ်ပင်နှင့်မတူသည့်အပြင် အစွန်းရောက်သည်အထိ လှပသိမ်မွေ့သောပန်းပုရုပ်လေးနှင့်ပိုတူနေသည်။ အံ့အားသင့်ဖွယ်အကောင်းဆုံးအရာမှာ ဤရွှေရောင်အလင်းတန်းများမှာ မျက်စိကျိန်းဖွယ်ဖြစ်မနေခြင်းပေ။ ယင်းက နူးညံ့ပျော့ပျောင်းကာ အကြည့်မခွာနိုင်အောင်ပင် ဖြစ်ရသည်။
ဟယ့်ရှဲ့ယိက စိတ်ဝင်စားမှုအပြည့်နှင့် သစ်ပင်အား ကြည့်နေ၏။သူက သူ့ဘဝတွင် ရွှီယွိသစ်ပင်၏ ယင်းသို့သောသဏ္ဌာန်အား မြင်ခွင့်ရခြင်းက အမှန်ပင်အဖိုးတန်ကြောင်းပြောလာသည်။
လင်းရုဖေးက ရေရွတ်လိုက်သည်။
"အဲ့ဒါက ဘာလို့ရုတ်တရက်ကြီး သစ်သီးတွေထသီးနေရတာလဲ"
ဟယ့်ရှဲ့ယိက လင်းရုဖေးအားကြည့်လိုက်ရင်း : "ဖြစ်နိုင်တာက သူသဘောကျတဲ့တစ်ယောက်ယောက်ကို ဆုံခဲ့ရလို့ဖြစ်မယ်"
လင်းရုဖေးက ရယ်မောလိုက်ပြီး : "ဒါဆို အဲ့ဒါက သူ့ကို အထူးသဘောကျလို့ဖြစ်ရမယ်"
“အင်း..အင်း.." ဟယ့်ရှဲ့ယိက ခေါင်းညိမ့်ပြလိုက်သည်။
Translated By IQ-Team.