အပိုင်း ၂၀၆
Viewers 92k

Chapter 206




လူတိုင်း အဆင်သင့်ပြင်ပြီးသည့်အခါ ‌ရှောင်ကျားရှုက အဖြူရောင်နှင့် ပန်းရောင် ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်လျက် ကြာကန်အနီး လျှောက်လာကာ လှဲချလိုက်၏။ ဆောင်းဦးအစောပိုင်း ရောက်နေပြီဖြစ်သည့်အတွက် ကြာပင်များ မရှိတော့သော်ငြား ရိုက်ကူးရေးအဖွဲ့က ကြာပန်းအတုများဝယ်ကာ ထည့်ထားပေးသည့်အတွက် ပန်းအစစ်ထက်ပင် ပို၍ လှပနေသေးသည်။ ရိုမန့်တစ်ဆန်ဆန် လေထုတစ်ခုကိုSaw Nandar Lwin:

ဖန်တီးရန် အလို့ငှာ ရေခဲခြောက်အချို့ကိူလည်း ကြဲပက်ထားသည့်အတွက် ရေကန်မျက်နှာပြင်တွင် မြူနှင်းလွှာအချို့ ဖုံးလွှမ်းနေပေသည်။ ရှောင်ကျားရှု၏ မျက်နှာမှာ ကျောက်စိမ်းသဖွယ် လှပကာ  တင့်တယ်သည့် ကိုယ်နေဟန်ထားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ဆံနွယ်ရှည်၊ ဝတ်ရုံရှည်တို့ကို ဝတ်ဆင်ကာ လဲလျောင်းနေသည့်အခါ သူ့ဆံပင်နှင့်ဝတ်စုံတို့ကို လေရူးတစ်သုတ် တိုက်ခတ်သွားပုံမှာ နတ်သက်ကြွေလာသည့်နှယ် လွန်စွာ တင့်တယ်နေပေသည်။ 


ဒါရိုက်တာက ကင်မရာကို စိုက်ကြည့်ကာ လက်ခုပ်တီးလိုက်သည်။ 


"ကောင်းတယ် ‌အနေအထားက အရမ်းလှတယ် ဒီအတိုင်းလေး နေနေ စရိုက်မယ်နော် ကျိမြန် အဆင်သင့်ဖြစ်ပြီလား ..." 


အနက်ရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် ကျိမြန်က အိုကေဟု လက်ဟန်ခြေဟန် ပြလိုက်သည်။ 


"အက်ရှင် ..." 


ဒါရိုက်တာ၏ အသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျိမြန်က ကြာကန်အနီးသို့ အမြန် လျှောက်လာလိုက်တော့သည်။ နီးလာလေလေ ကန်ဘေးတွင် ရှိနေသူကို ပြတ်ပြတ်သားသား မြင်ရလေ သူ့ခြေလှမ်းတို့ နှေးကွေးလာလေပင်ဖြစ်သည်။ နောက်ဆုံးတွင်တော့ ခြေလှမ်းကို ခပ်စိတ်စိတ်လှမ်းကာ အသံတစ်သံပင် မထွက်စေဘဲ အိပ်နေသူအနား ရောက်လာကာ ကိုယ်ကို ငုံ့ကိုင်း၍ မသိမသာ စိုက်ကြည့်လိုက်သည်။ 


ပါးနှစ်ဖက် နီမြန်းလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူမှာ လွန်စွာ ချစ်စရာ ကောင်းလွန်းလှသည်။ ဆံနွယ်ရှည်အချို့က ကပိုကရို ကျဆင်းနေကာ အချို့ကို လက်ထဲကိုင်ထားပြီး အချို့မှာ ရေစပ်နှင့် ထိကပ်နေသည်။ မြူနှင်းလွှာတို့က သူ့မျက်နှာကို တစ်စထက်တစ်စ ရစ်သိုင်းလာသည့်အတွက် ယခင်ထက်ပင် လျှို့ဝှက်ဆန်းကြယ် စွဲမက်ဖွယ် ဖြစ်လာတော့သည်။ ပါးလျသည့် နှုတ်ခမ်းလှလှ တစ်စုံကို ယောင်‌ယောင်လေး ဖွင့်ဟထားပုံမှာ အိပ်မက်ကောင်းတစ်ခု မြင်မက်နေသည့်ဟန်။ တိတ်ဆိတ်ကာ အပြစ်ကင်းစင်သည့် အမူအယာကို ဖော်ဆောင်နေပေသည်။ 


ကြာကန်မှာ အမြင်အားဖြင့် လှပလှသော်ငြား အပေါ်ယံ ရေပြင်၏ အောက်တွင် ရွှံ့များသာ ရှိနေသည်မှာ ဤ ခမ်းနားလှသည့် နန်းတော်အလားပင်။ အပေါ်ယံတွင် ဂုဏ်ကျက်သရေတို့ဖြင့် ဖုံးအုပ်ထားသော်လည်း အတွင်းတွင်မူ အညှီအဟောက်တို့ဖြင့် ပြည့်နှက်နေသည်။ ကြည်လင်သန့်စင်သူဟူ၍ သူ့ရှေ့တွင် ရှိနေသူတစ်ဦးသာလျှင် ရှိပေသည်။ 


ကျိမြန်၏ မှေးမှိန်ကာ ခန့်မှန်းရခက်သည့် အကြည့်တို့ ရုတ်ချည်း နူးညံ့ကာ ကိုယ်တစ်ဝက် ငုံ့ကြည့်သည့် အနေအထားမှသည် ဒူးတစ်ဖက်ထောက်ကာ အနီးကပ်ကြည့်နေသည့် အနေအထားသို့ ပြောင်းလဲသွားတော့သည်။ သူ့ရှေ့တွင် ရှိနေသူကို တစ်လက်မ မချန် စိုက်ကြည့်ရင်း အေးစက်တင်းမာသည့် နှုတ်ခမ်းပါးတစ်စုံမှ ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့် ထွက်ပေါ်လာတော့သည်။ ထို့နောက် လက်ကို ဆန့်တန်းကာ ဆံနွယ်အဖျားကို ဂရုတစိုက် ကိုင်ကြည့်လိုက်သည်။ 


ရှောင်ကျားရှုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဟန် တူသော်ငြား အမှန်မှာမူ စိတ်ထဲတွင် ဇာတ်ညွှန်းကို ပြန်စဉ်းစားနေခြင်း ဖြစ်ပေသည်။ 


ဇာတ်ညွှန်းထဲက လီရှန်းကျစ်က အိပ်ပျော်နေလား မသိပေမယ့် သူသာဆိုရင် အတွေးထဲကသူ အနားရောက်လာတာနဲ့ တစ်ပြိုင်နက် ဘယ်လိုလုပ် မခံစားမိဘဲ နေမှာလဲ အိပ်ပျော်နေတယ်ပဲ ထားဦး တန်းနိုးလာမှာပဲလေ ဘာလို့လဲဆို အလိုလိုသိစိတ်ကြောင့်လို့ ပြောရမလားပဲ စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ခဲတယ် ... 


ထို့ကြောင့် မျက်ဆန်အိမ်ကို အနည်းငယ်လှုပ်ကာ မျက်တောင်တို့ကို အနည်းငယ် လှုပ်ခတ်လိုက်သည်။ 


တိုက်ဆိုင်သည်မှာ ကျိမြန်ကလည်း ဒါရိုက်တာ၏ ညွှန်ကြားချက်အတိုင်း သရုပ်မဆောင်။ မူလအတိုင်း ဆိုပါလျှင် ကြာကန်ဘေးရပ်ကာ အိပ်ပျော်နေသူကို တိတ်တဆိတ် စိုက်ကြည့်နေရန်သာ လိုအပ်ပြီး တစ်ဖက်သူ မျက်လုံးဖွင့်ကာ ပြုံးပြသည်နှင့် တစ်ပြိုင်နက် လှည့်ထွက်ပြေးသွားရမည်ဖြစ်သည်။ ဒူးထောက်ရန်လည်း မလို၊ ဆံပင်ကို ကိုင်ရန်လည်း မလိုအပ်ချေ။ 


သို့သော် လှဲနေသူမှာ ရှောင်ကျားရှု ဖြစ်သည့်အတွက် မသိသလို ကျော်မသွားနိုင်။ ဤသူကလည်း သူ့အကြိုက်ဆုံးသူ နီးကပ်လာပြီဟု ချက်ခြင်း ခံစားမိနေသည်မှာ လွန်စွာ ချစ်စရာကောင်းလှပေသည်။ 


ထို့ကြောင့် ကျိမြန်မှာ ဆံပင်ကို ကိုင်ကြည့်လိုက်ရုံသာမက ပါးစပ်နားကပ်၍ပင် အသာအယာ နမ်းရှိုက်လိုက်သေးသည်။ သူ့အကြည့်ထဲမှ အချစ်စိတ်တို့မှာလည်း ပို၍ပို၍ နက်ရှိုင်းလာတော့၏။ ထိုစဉ် ရှောင်ကျားရှုက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ နိုးထလာ၏။ ကျိမြန်၏ အမူအယာများ အေးခဲသွားကာ တစ်ဖက်သူ အပြည့်အဝ နိုးမလာနိုင်ခင် ဆံပင်ကို လွှတ်ချကာ ဒူးထောက်၍ ခေါင်းငုံ့ထားလိုက်တော့သည်။ 


ရှောင်ကျားရှုက ကျိမြန် ဘာလုပ်‌လိုက်ကြောင်း မသိရသေး။  ချစ်ရသူမှာ လှုပ်ရှားမှု တစ်စုံတစ်ရာ၊ အမူအယာ တစ်ခုမှပင် မပြဘဲ ဒူးသာထောက်နေကြောင်း တွေ့လိုက်ရသည့်အခါ စိတ်ပျက်သွားသည့် အမူအယာတစ်ခုကို ရုတ်တရက် ထုတ်ပြလိုက်မိတော့သည်။ ထို့နောက်တွင်မှ ချက်ခြင်း ပြန်ရုတ်သိမ်းကာ ပြုံးပြလိုက်၏။ 


ကျင့်ဝတ်ထုံးတမ်းများအရ သူ့ခံစားချက်တို့ကို ထုတ်မပြနိုင်သော်ငြား သူ့ဘေးတွင် ဤလူ ရှိနေနိုင်လျှင်ပင် လုံလောက်နေပြီဖြစ်သည်။ ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ခါးသီးသော အပြုံးတို့မှာ ချက်ခြင်း တောက်ပကာ သူ့အကြည့်တို့တွင် နက်ရှိုင်းသည့် တွယ်တာမှုတို့ လျှံကျလာတော့သည်။


ကျိမြန်က တစ်ဖက်သူ အတော်ကြာသည်အထိ မည်သို့မှ တုန့်ပြန်မလာသည့်အတွက် မော့ကြည့်လိုက်သည့်အခါ နူးညံ့သည့် အပြုံးတစ်ပွင့်ကို ရင်ဆိုင်လိုက်ရသည့်အတွက် ပိုင်စိုးလိုစိတ်တို့ကို မတော်တဆ ထုတ်ပြလိုက်မိတော့သည်။ မျက်နှာနှင့် ပါးတို့ပါမကျန် နီမြန်းလာတော့၏။ နီမြန်းမှုက လည်ပင်း၊ နားရွက်တို့အထိ ပျံ့နှံ့သွားကာ သွေးတို့ ဆူပွက်ပြီး ခေါင်းတစ်ခုလုံး ချာချာလည်လာတော့သည်။ သမာဓိပျက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သုတ်ခြေတင်ကာ ထွက်သွားတော့၏။ 


ရှောင်ကျားရှုက သူ့ကို ကောင်းကောင်းကြည့်ကာ စကားစမြည် ပြောလိုသေးသော်ငြား ဝေးသွားသည့် နောက်ကျောပြင်ကိုသာ ငေးကြည့်နေရတော့သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးတို့လည်း ရုတ်ချည်း အေးခဲသွားတော့၏။ တစ်ခဏအကြာ မျက်ဝန်းတို့ မီးဟုန်းဟုန်းတောက်ကာ ကွေးမယောင် နှုတ်ခမ်းပါးတို့ ဖြောင့်တန်းသွားပြီး နက်မှောင်သည့် သူငယ်အိမ်တွင် မျက်ရည်စအချို့ ထွက်ပေါ်လာတော့သည်။ ဆံနွယ်ရှည်နှင့် ဝတ်ရုံစတို့ကို လေပြေအေးက ဆော့ကစားသွားသည့်အခါ သူ့ပုံစံမှာ လွန်စွာ အထီးကျန်ဆန်လာတော့သည်။ 


ဒါရိုက်တာက စကားတစ်ခွန်းမှ မပြောဘဲ မော်နီတာကိုသာ ငေးကြည့်နေသော်ငြား ဇာတ်ညွှန်းရေးဆရာမှာမူ ငုတ်တုတ်ထိုင်‌မနေနိုင်တော့။ ရိုက်ကွင်းထဲတွင် ရှိနေသူနှစ်ဦးကို တစ်လှည့်၊ လက်ထဲရှိ ဇာတ်ညွှန်းစာရွက်ကိုတစ်လှည့် စိုက်ကြည့်ရင်း နှလုံးသားတစ်ခုလုံး မြင်း‌ကောင်ရေတစ်သောင်း ဖြတ်ပြေးသွားသည့်နှယ် ရင်ခုန်သွားရတော့သည်။ 


စောက်ကျိူနည်း ဘာလို့ ဒါမျိုး မတွေးခဲ့မိပါလိမ့် ကျိလောင်ရှီးနဲ့ ရှောင်ကျားရှု သရုပ်ဆောင်ပြသွားတာကတောင် သူမ ရေးထားတာထက် ပိုလှပနေသေးတယ် ... 


ဒါကမှ တစ်ယောက်ကိုတစ်ယောက် ချစ်နေပေမယ့် တစ်ယောက်နဲ့တစ်ယောက် မချစ်နိုင်တဲ့သူတွေ မဟုတ်လား နှစ်ယောက်လုံးက နာကျင်မှုထဲမှာ ရုန်းကန်ပြီး အထီးကျန်မှုကနေ ထွက်ပြေးနေရတယ် မင်းရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကိုပဲ ငေးကြည့်ရဲပြီး ဆံပင်ရှည်တွေကိုပဲ နမ်းရဲတယ် မင်းကလည်း ကိုယ့်ရဲ့ နောက်ကျောကို ငေးကြည့်ပြီး စိတ်ထဲကနေပဲ ကိုယ့်နာမည်ကို ခေါ်နိုင်တယ် ... 


အရမ်းကို ရက်စက်တာပဲ ငါ ငိုချမိတော့မယ် ဒီအခန်းက နည်းနည်းလေး ဒွိဟဖြစ်တဲ့ လေထုကို ပြချင်ရုံလေးပဲလေ ဘာလို့ မီးလောင်တဲ့ အခန်းထက်တောင် ပိုပြီး ဝမ်းနည်းစရာ ကောင်းနေရတာလဲ ဘာလို့လဲလို့  ... 


ဇာတ်ညွှန်းရေးဆရာက လက်သည်းကို ကိုက်ထားရင်း တိတ်တဆိတ် မျက်ရည်စတို့ကို ပြန်ရုတ်သိမ်းလိုက်သည်။ 


ဒါရိုက်တာက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ 


"ဘာလို့ ချက်ခြင်းကြီး ဇာတ်ညွန်းကို ပြောင်းပစ်ရတာလဲ မင်းတို့ကို ဒီလို ပြောထားတာမှ မဟုတ်တာ ..." 


"မသိဘူး နိုးလည်းနိုးလာရော အလိုလိုကို ဒီအတိုင်း သရုပ်ဆောင်မိသွားတာပဲ ..." 


ရှောင်ကျားရှုက နှာခေါင်းထိပ်ဖျားကို ထိတို့ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။ 


ကျိမြန်က ပူပြင်းနေဆဲ ပါးပြင်ကို အေးသွားစေရန် ရေတစ်လုတ် သောက်လိုက်၏။ အလွန်အမင်း ထိန်းချုပ်တတ်ကာ ခံစားချက်ကို စိုးစဉ်းမျှပင် ထုတ်မပြတတ်သူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သော်လည်း ယခုမူ အချစ်ဦးနှင့် တွေ့ရသည့်နှယ် ရှောင်ကျားရှုကြောင့် သူ့နှလုံးသားတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာတော့သည်။ 


ရှောင်ကျားရှုကြောင့် နောက်တစ်ကြိမ် ဈာန်ဝင်စားသွားရပြန်ကြောင်း သံသယဝင်နေရန်ပင် မလိုအပ်ချေ။  ရှောင်ကျားရှု၏ အတွင်းစိတ်မှာ လွန်စွာ ရိုးရှင်းချစ်ဖွယ်ကောင်းလှသည့်အတွက် သူ့ အကာအကွယ်နံရံကို အလွယ်တကူပင် ချိုးဖျက်ဝင်ရောက်နိုင်သွား၏။ သူသာ အမြန် မပြေးမိပါလျှင် ရှောင်ကျားရှုကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပြင်းပြင်းရှရှ နမ်းရှိုက်မိတော့မည်ဖြစ်သည်။ ဇာတ်ညွှန်းထဲရှိ ဝေ့ဝူကျိုးမှာလည်း သူနှင့် အတွေးအတူတူပင် ဖြစ်ပေလိမ့်မည်။ သူသာ ထွက်မပြေးခဲ့ပါလျှင် နှလုံးသားထဲမှ ထိုးထွက်လာသည့် ချစ်စိတ်တို့ကို ဖိနှိပ်နိုင်တော့မည် မထင်။ 


ဒါရိုက်တာက တစ်ခွန်းမှ မပြောဘဲ ခေါင်းကိုသာ ငြိမ့်ပြကာ ရိုက်ထားသည်များကို ပြန်ကြည့်နေလိုက်သည်။ 


"အိုကေ ဒီတစ်ခုလည်း ပြီးသွားပြီ ..." 


ဇာတ်ညွှန်းထဲရှိ ဖော်ပြချက်မှာ မရှင်းလင်းလှသော်ငြား ထိုသူနှစ်ဦး၏ သရုပ်ဆောင်ချက်မှာမူ ကြည့်ရှုရန် စိတ်နှလုံးကြေကွဲ နာကျင်ဖွယ် ကောင်းလွန်းလှသည်။ 


အထောက်အထားပြုစရာ အတွေ့အကြုံ မရှိဘဲ ဘယ်သူက ဇာတ်ညွှန်းကို ပြောင်းနိုင်မှာတဲ့လဲ ပြီးတော့ ဒီနှစ်ယောက် ... တစ်ခါမှလည်း မဆွေးနွေးဖူးဘဲနဲ့ ခံစားချက်ပေါ် မူတည်ပြီး သရုပ်ဆောင်သွားကြတာ ဒီ ထုတ်ပြောစရာ မလိုအောင် အချင်းချင်း နားလည်နေလိုက်ကြတာများ ... 


ဒါရိုက်တာက လှည့်ကြည့်လိုက်သည့်အခါ မျက်နှာ နီရဲနေဆဲဖြစ်သော ကျိမြန်ကို တွေ့လိုက်ရသည့်အတွက် အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးလိုက်သည်။ 


ကျိမြန်က ဘာတစ်ခုမှ မဖြစ်လေဟန် အသာပြန်ပြုံးပြလိုက်သည်။ 


ဖန်ခွင်းက လူအုပ်ကြား တိုးဝှေ့ရောက်လာကာ အသာ ပြောလိုက်၏။ 


"ကျိကော ကောရဲ့ ပရိသတ်တွေ ရိုက်ကွင်းကို လာလည်တယ် သူတို့ကို သွားနှုတ်ဆက်လိုက်ပါဦး ..." 


"အိုကေ ..." 


ကျိမြန်က သူ့ကောင်လေး၏ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ 


"မိတ်ကပ်တွေ သွားဖျက်တော့ ပြီးရင် ကိုယ်လိုက်လာခဲ့မယ် တံခါးဘေးက ဗီရိုထဲမှာ ဂျာကင်အရှည် ရှိတယ် သတိတရ ဝတ်လိုက်ဦး ဒီနေ့ အပူချိန် တအားကျနေတော့ အအေးမခံနဲ့ ..."


ရှောင်ကျားရှုက နာနာခံခံဖြင့် ခေါင်းငြိမ့်ပြကာ သူထွက်သွားသည်ကိုသာ မလှုပ်မရှား ကြည့်နေလိုက်သည်။ သူ့အမူအယာမှာ လွန်စွာ သနားဖွယ်ရာပင်။ အမှန်တကယ်တွင် သူလည်း ကျိကော၏ ပရိသတ်များကို လိုက်လံတွေ့ဆုံလိုသော်ငြား ပရိသတ်များက သူ့ကို သဘောမကျမည်အားလည်း စိုးရိမ်မိသည်။ 


ပြောရရင် သူတို့က သူနဲ့ ကျိကောရဲ့နာမည် တွဲနေတာကို မကြိုက်ကြဘူး မဟုတ်လား ... 


ကျိမြန်က သူ့ကို အလေးအနက် စဉ်းစားဟန်ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


ဖန်ခွင်းက မျက်လုံးတို့ကို လှိမ့်လိုက်၏။ 


"ကျိကောရေ ဆယ်မိနစ်လေးပဲလေ သေရေးရှင်ရေးလည်း မဟုတ်ဘဲနဲ့ကို ဘာလို့ ဒီလောက် ဝမ်းနည်းနေတာလဲ ..." 


"မင်း နားမလည်ပါဘူး ..." 


ကျိမြန်က သူ့ကောင်လေးကို လက်ယမ်းပြလိုက်ကာ နားနေခန်းထဲ ဝင်သွားသူကို ကြည့်ပြီးကာမှ ယုံကြည်ချက်အပြည့်ဖြင့် ထွက်လာလိုက်တော့သည်။ 


"ဟုတ်တယ် နားမလည်ဘူး ကျွန်တော်က စင်ဂယ်ခွေးလေ မင်းတို့က အကြောင်းပြချက်မရှိ ခွေးတွေကို ညှင်းပန်းနေတာကွ လူတွေကို အသက်ရှင်ခွင့်တောင် မပေးကြတော့ဘူးလား ..." 


ဖန်ခွင်းက ဒေါသတကြီး စောဒကတက်လိုက်သည်။ 


"မင်းတို့နှစ်ယောက် အတူတူ ရိုက်နေတဲ့ အခန်းကို ကြည့်ပြီး ဘယ်လောက်အထိ လန့်သွားလဲ သိလား နှစ်ယောက်လုံး မျက်နှာပေါ်မှာ "ဝေါ်အိုက်နီ" လို့ဖြစ်ဖြစ် ရေးထားကြပါလား အခု ဒါရိုက်တာ သိသွားပြီ ရှေ့လျှောက်လည်း သိတဲ့သူတွေ များလာဦးမှာ ဒီအကြောင်း တွေးလိုက်တိုင်း PR ဌာနကိုပဲ သနားတယ် သူတို့မှာ ချိန်ကိုက်ဗုံးကြီး ရင်ခွင်ထဲ ပိုက်ထားရတာ ဒီ‌ဗုံးကြီး ဘယ်တော့ပေါက်မလဲ ပူနေရတာလေ တကယ်ကို လူမဆန်လိုက်တာ ..." 


"သူတို့တွေ ဗုံးဒဏ်ကို ခံစရာ မလိုပါဘူး ငါနဲ့ ရှောင်ရှုပဲ ခံပါ့မယ် ..." 


ကျိမြန်က လက်ကိုသာ ယမ်းပြလိုက်သည်။ နှစ်ဖက်မိဘ၏ ကောင်းချီးကို ရထားသည့်အတွက် မည်သည့်အရာကိုမှ မကြောက်ရွံ့တော့။ 


ဖန်ခွင်းကလည်း သူစနောက်နေခြင်း မဟုတ်ကြောင်း သိသည့်အတွက် ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။ 


နန်းတော်ဝင်ပေါက်နား ရောက်လာသည့်အခါ ရောင်စုံဆိုင်းပုတ်နှင့် နဖူးစည်းများ ကိုင်ဆောင်ထားသည့် ပရိသတ်များကို တွေ့လိုက်ရသည်။ သူတို့က အနားရောက်လာကာ ကျိမြန်၏ နောက်ဆုံးလှုပ်ရှားခဲ့သော အစီအစဉ်ကို မေးလိုက်ကြသည်။ ဤတွေ့ဆုံမှုမှာ ကြိုတင်ပြင်ဆင်ပြီးမှ လာရောက်တွေ့ဆုံကြခြင်း ဖြစ်သည့်အတွက် အားလုံး အစီအစဉ် ကျနေပေသည်။ 


ပရိသတ်တစ်ယောက်က သူနှင့်အတူ ဓာတ်ပုံတွဲရိုက်ပြီးနောက် စိတိလှုပ်ရှားလွန်း၍ မတော်တဆ ထုတ်မေးလိုက်မိတော့သည်။ 


"မစ္စတာကျိ ရှင့်မိသားစုဝင်လေး ရှောင်ကျားရှုရောဟင်  သူလည်း ဒီဇာတ်လမ်း ရိုက်နေတာ မဟုတ်လား ဒီနေ့ လာသေးလား ..." 


"ရှင့်မိသားစုဝင်လေး ရှောင်ကျားရှု" ဟူသည့် စကားကို ကြားလိုက်ရသည့်အခါ ပရိသတ်အားလုံး ခေါင်းကျိန်းကာ အသံတိတ်သွားတော့သည်။ 


ဖာ့ခ် မလာခင် ကြိုပြောပြီးသားလေ ရှောင်ကျားရှုအကြောင်း ပြောတဲ့အခါ သဘာဝကျကျ ပညာသားပါပါလေး ပြောပါဆိုတာကို "ရှင့်မိသားစုဝင်လေး" လို့ ထပ်ထည့်လိုက်သေးတာ ဘာလဲ မစ္စတာကျိက ဒီ CP အကြောင်း မသိမှာ စိုးရိမ်လို့လား မစ္စတာကျိသာ အဖြောင့်ကောင်ဆို ဒါကို ရွံတောင် သွားဦးမယ်လေ အခု‌ ရှောင်ကျားရှုနဲ့ မစိမ်းဘူး ဆိုပေမယ့် နောင်တစ်ချိန် ဘယ်လိုဖြစ်ပါမယ် ပြောနိုင်လို့လား နင်တော့ သေပြီပဲ နင်က အကုန်ကို ဖျက်ဆီးပစ်တာ ... 


ပွဲစီစဉ်သူက သူမကို စိုက်ကြည့်ကာ အခြေအနေအား ကုစားပေးရန် ပြင်နေစဉ်မှာပင် ကျိမြန်၏ ခပ်ဖွဖွ ရယ်မောသံကို ကြားလိုက်ရသည်။ 


"ရှောင်ရှုက မိတ်ကပ်ဖျက်နေတယ် မင်းတို့ သူ့ကို တွေ့ချင်လို့လား ..." 


"ဟုတ်ကဲ့ ..." 


ပွဲစီစဉ်သူပင် မဟန့်တားနိုင်ခင် အားလုံး တစ်ညီတစ်ညာတည်း အော်လိုက်ကြပြီးဖြစ်သည်။ 


"မစ္စတာကျိ ရှောင်ကျားရှုကိုရော ဒီနား ဖိတ်ပေးလို့ ရမလား ကျွန်မတို့တွေ သူ့ကိုလည်း အရမ်းကြိုက်တာ ..." 


ဖန်ခွင်းက နဖူးကို အုပ်ကိုင်ကာ စိတ်ပျက်လက်ပျက်ဖြင့်သာ ငြီးတွားလိုက်တော့သည်။ 


CP fan တွေက ဒီလောက်အထိ များလာလိမ့်မယ်လို့ တကယ်ကို ထင်မထားဘူး ဖန်စစ်စစ်ဆိုတာတွေကတောင် ကိုင်းကူးကုန်ပြီ အစကပြောတော့ ကျိမြန်ကို လာတွေ့ရုံပဲ ပြီးရင် ပြန်မှာဆို အခု ဘာတွေ ဖြစ်ကုန်တာလဲ ရှောင်ကျားရှုလို့ ပြောလိုက်တာနဲ့ မျက်လုံးတွေ တောက်ပကုန်တာများ ထီပေါက်တဲ့ အတိုင်းပဲ သာ့ထုန်စတူဒီယိုထဲ လူတွေအများကြီး ဝင်ထွက်သွားလာနေတာ နည်းနည်းပါးပါးလောက် ဖုံးကွယ်ကြပါဦးလား ... 


ဤဝောာင်းဆိုမှုမှာ အနည်းငယ် ခက်

ခဲကြောင်း သူကိုယ်တိုင်လည်း သိပေသည်။ 


ကျိမြန်တောင် မဖုံးကွယ်သေးတာ သူ့ CP fan တွေကို ဘယ်လိုလုပ် ဖုံးကွယ်ခိုင်းလို့ ရမှာလဲ ... 




Xxxxxxx