အပိုင်း ၁၉၅
Viewers 92k

Chapter 195




သူ သတိမထားမိခင်က သာမန်ဟုသာ ထင်ခဲ့သော်ငြား သတိထားမိလာသည့်အခါ နှစ်ယောက်အကြား ဒွိဟဖြစ်ဖွယ် နွေးထွေးရင်းနှီးမှုတို့ လျှံထွက်နေကြောင်း မြင်လာတော့သည်။ ရှောင်ကျားရှုက ငှက်မွှေးတပ်ဘောပင်တစ်ချောင်းဖြင့် ကြောင်ကို ကျီစယ်နေပြီး ကျိမြန်က သူ့ကို ချစ်ခင်မှုတို့ ပြည့်လျှမ်းနေသည့် အကြည့်ဖြင့် ပြုံးပြုံးကြီး စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူ့ခေါင်းကို ခပ်ဖွဖွ ထိကာ စကားတစ်ခွန်း ပြောလိုက်၏။ 


လက်ထောက်က သူပြောသည်များကို မကြားရသည့်တိုင် အလွန်အမင်း နူးညံ့ညင်သာလှသည့် အမူအယာတို့ကိုမူ အတိုင်းသား မြင်နေရပေသည်။ 


"ကိုယ်တို့လည်း ကြောင်တစ်ကောင်လောက် မွေးကြမလား ..." 


အသံသရုပ်ဆောင်အဖြစ် အတော်ကြာ အလုပ်လုပ်ခဲ့ဖူးသော လျှိုရီလိန်က ကျိမြန်၏ စကားများကို တီးတိုး ပြောပြလိုက်သည်။ 


လက်ထောက်က အံ့ဩတကြီး မေးလိုက်၏။ 


"သူတို့က အတူတူတောင် နေနေကြပြီလား ..." 


မဟုတ်ရင် ဘာလို့ ကြောင်တစ်ကောင် မွေးမှာလဲ ... 


လျှိုရီလိန်က ခေါင်းကိုသာ ခါယမ်းပြလိုက်၏။ သူ့အကြည့်တို့မှာလည်း တုန်လှုပ်နေဟန်ပင်။ 


ဆယ်မိနစ်အကြာ ဒါရိုက်တာက သူတို့နှစ်ဦးကို အဆင်သင့်ဖြစ်မဖြစ် မေးမြန်းကာ ခေါင်းငြိမ့်ပြသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရိုက်ကူးရေးကို စတင်လိုက်၏။ နှစ်ဦးလုံးမှာ အရည်အချင်းရှိကာ ဇာတ်ကောင်စရိုက်ထဲသို့ ချက်ခြင်း ဝင်ရောက်နိုင်သွားကြတော့သည်။ လျှိုရီလိန်က ကြောင်ကို တိတ်တဆိတ် ဆွဲ‌ဆိတ်ရန် ကြံရွယ်ထားခဲ့သော်လည်း ရိုက်ကူးရေး  စတင်သည်နှင့် တစ်ပြိုင်နက် ထိုကြောင်က ဒေါသကြီးလာကာ အမွေးများ ထောင်ထလာသည်အထိ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ 


သူ့ကို ချက်ခြင်း လွှတ်ချလိုက်သည့်အခါ ရှောင်ကျားရှုထံ တန်းတန်းမတ်မတ် ပြေးသွားပြီး သူ့ကို နှစ်ကြိမ်ခန့် လှည့်ပတ်၍ ‌တမြောင်မြောင် အော်လိုက်သည်ကိုပါ တွေ့လိုက်ရတော့သည်။ ရှောင်ကျားရှုက ငုတ်တုတ်ထိုင်ချကာ သူ့ကို ပွတ်သပ်ပေးမည် ပြုလိုက်လျှင် ထိုကြောင်က အရင် သူ့လက်တို့ကြား ခေါင်းထိုးကာ ပွတ်သပ်လာပြီး လက်ချောင်းတစ်ချောင်းချင်းစီကိုပါ လျက်ပေးလိုက်၏။ သူ့ပုံစံမှာ လွန်စွာ ကျိုးနွံနာခံနေဟန်ပင်။ 


ကြောင်ကို လွှတ်ချလိုက်မိသည့် လျှိုရီလိန်၏ တုန့်ပြန်ပုံမှာ အလိုအလျောက် တုန့်ပြန်ခြင်းမျှသာ ဖြစ်ပြီး အခြား မည်သည့်အပိုအတွေးမှ မပါဝင်ချေ။ သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင်မူ လီရှန်းချန်၏ ခံစားချက်ကို နားလည်သွားနိုင်တော့၏။ သူတို့နှစ်ဦးလုံးမှာ သရုပ်ဆောင်များ ဖြစ်ကာ တစ်ဦးက စီနီယာ၊ ကျန်တစ်ဦးက လူသစ်မျှသာ ဖြစ်ပေသည်။ အောင်မြင်မှုကို ရနိုင်ရန် နှစ်ဦးလုံး ခက်ခက်ခဲခဲ ကြိုးစားကြရမည်ဖြစ်သည်။ သို့သော် ရှောင်ကျားရှုမှာ ထိပ်တန်းအရင်းအမြစ်များကို အလွယ်တကူ ရရှိကာ ကြောင်များသည်ပင်လျှင် သူ့ကို ထူးထူးခြားခြား ပြုမူဆက်ဆံပေးကြသည်။ 


ဒီလောကကြီးက ဘာကြီးလဲ ဘာလို့ ဒီလောက်တောင် မမျှတရတာလဲ ... 


ရိုက်ကူးရေး လုပ်နေခြင်း ဖြစ်သည့်အတွက် သူ့ခံစားချက်တို့ကို ဖိနှိပ်ထားရန် မလို၊ ရှောင်ကျားရှုအပေါ် မနာလိုမှု အားလုံးကို လွတ်လွတ်လပ်လပ် ဖွင့်ထုတ်လိုက်၍ ရပေသည်။ နူးညံ့လှသည့် အကြည့်တို့ ရုတ်ချည်း မည်းမှောင်ခက်ထန်လှကာ ကတ္တရာသဖွယ် မည်းမှောင်နေသည့် မျက်ဝန်းတို့တွင် အေးစက်စက် အမုန်းတရားတို့ သိပ်သည်းလာတော့သည်။ 


ဒါရိုက်တာက မော်နီတာကို စိုက်ကြည့်ကာ အဖန်တလဲလဲ ခေါင်းငြိမ့်ပြလိုက်၏။ 


ဟုတ်တယ် ဒါ သူလိုချင်တဲ့ပုံနဲ့ တစ်ထပ်တည်းပဲ ဒီနေ့ လျှိုရီလိန် သရုပ်ဆောင်သွားတာတွေက အရမ်းကို မိုက်လိုက်တာ ... 


ကျိမြန်၏ အကြည့်တို့မှာမူ အနည်းငယ် အေးစက်လာတော့သည်။ ဒါရိုက်တာ၏ နောက်နားသို့ မည်သည့်အချိန်ကတည်းက ရောက်နေမိမှန်း သူ့ကိုယ်သူပင် သတိမထားမိချေ။


ထိုသူနှစ်ယောက်ကမူ အပြိုင် သရုပ်ဆောင်နေကြဆဲဖြစ်သည်။ လျှိုရီလိန်က ရှောင်ကျားရှုအား ကြောင်ကို ပေးလိုက်သော်လည်း သူ၏ စည်းကမ်းတင်းကြပ်လှသည့် မိခင်ဖြစ်သူကို တွေးလိုက်မိသော ရှောင်ကျားရှုက ရင်နာနာဖြင့်သာ ငြင်းလိုက်ရတော့သည်။ သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လျှိုရီလိန်က ကြောင်ကို လက်ညှိုးထိုးပြပြီး ဘေးနားရှိ မိန်းမစိုးအား အမိန့်ပေးလိုက်၏။ 


"ရှင်းလိုက်တော့ ..." 


သူ့လေသံမှာ တစ်စုံတစ်ယောက်နှင့် စကားလက်ဆုံကျနေသည့်ဟန် လွန်စွာ ပေါ့ပါးကာ သာမန်ဆန်လွန်းလှသည်။ 


မိန်းမစိုးက တစ်ခဏမျှ တုန့်ဆိုင်းနေကာ ကြောင်ကို ဆွဲခေါ်သွားလိုက်တော့သည်။ ကင်မရာက လျှိုရီလိန်၏ မျက်နှာကို အနီးကပ် ရိုက်ကူးပြလိုက်၏။ လက်တွေ့နှင့် ထပ်တူကျလုနီးပါး တူညီစေရန် ကြိုတင် အသံသွင်းထားသည့် ကြောင်အော်သံ အသံဖိုင်ကိုပါ ဖွင့်လိုက်တော့သည်။ 


လျှိုရီလိန်က မျက်လွှာချကာ သူ့ဘယ်ဘက်အောက်နားကို ငေးကြည့်နေလိုက်သည်။ မိန်းမစိုးက ထိုနေရာတွင်ပင် ဒူးထောက်ချကာ ကြောင်ကို အမှန်တကယ် သတ်ခဲ့သည့်ဟန်။ သူ့အကြည့်တို့မှာလည်း မုန်းတီးမှုမှ ‌ခါးသီးမှုသို့ ကူးပြောင်းလာတော့၏။ ထိုအချိန်မှစကာ လီရှန်းချန်သည် လီရှန်းကျစ်ကို လုပ်ကြံရန် စတင် ကြံစည်ခဲ့တော့သည်။ 


"Cut ..." 


စိတ်တိုင်းကျ ရိုက်ကူးမှုအပြီးတွင် ဒါရိုက်တာက အသံချဲ့စက်ကို မြှောက်ကာ အော်ပြောလိုက်သည်။ 


"ဒီရိုက်ချက်ကလည်း တကယ် ကောင်းတယ် မင်းတို့နှစ်ယောက် လာကြည့်လှည့်ကြ ..." 


နှစ်ယောက်လုံး သူ့အနားသို့ အပြေး ရောက်လာလိုက်ကြ၏။ တစ်ယောက်က ကလေးကလား ပြုံးနေကာ ကျန်တစ်ယောက်ကမူ ဇာတ်ကောင်၏ လွှမ်းမိုးမှုမှ ရုန်းထွက်နိုင်ရန် ကြိုးစားနေရသည့်နှယ် မျက်ခုံးတို့ကိုသာ အဆက်မပြတ် ကုတ်ခြစ်နေလိုက်သည်။ ဘေးနားတွင် ရပ်နေသည့် သရုပ်ဆောင်တစ်ဦးက တီးတိုးပြောလိုက်၏။ 


"လျှိုရီလိန်ရဲ့ သရုပ်ဆောင်စကေးကလည်း ဒီလောက်အထိ ကောင်းနေလိမ့်မယ်လို့ မထင်ထားမိဘူး စောစောက သူ့အကြည့်တွေဆို အရမ်းကို ကြောက်ဖို့ကောင်းတာပဲ မော်နီတာကနေ လှမ်းကြည့်ရတာတောင် ဆံပင်တွေပါ ထောင်လာတော့မလို့ ..." 


ကျိမြန်က ထိုသူ့ကို ခန့်မှန်းရခက်သည့် အမူအယာဖြင့် ပြန်လှည့်ကြည့်လိုက်၏။ 


ဒါက သရုပ်ဆောင်တာပဲ ဟုတ်လို့လား သူတော့ ဒီလို မထင်ဘူးနော် ... 


သူ မုန်းတီးသည့် သို့မဟုတ် သူနှင့် ရင်းနှီးသူများ၏ အတွေးကိုသာ ဖတ်နိုင်စွမ်း ရှိသည့်တိုင် အရေးကြုံလာလျှင်မူ ထိုစွမ်းရည်ကို စိတ်ကြိုက် အသုံးချနိုင်ပေသည်။ အကယ်၍ မနီးလွန်း မဝေးလွန်းသည့် အနေအထားတွင် ရှိနေသူတစ်ဦး၏ အတွေးကိုသာ သီးသန့် သိလိုပါလျှင် ထိုသူကို သဘောကျရန် သို့မဟုတ် မုန်းတီးရန်သာ လိုအပ်ပေသည်။ 


လူတစ်ယောက်ကို သဘောကျရန် မလွယ်ကူသော်ငြား မုန်းတီးရန်မှာမူ လွန်စွာ လွယ်ကူပေသည်။ အထူးသဖြင့် ထိုသူသည် ရှောင်ကျားရှုအပေါ် ကြမ်းကြုတ်သည့် အမူအယာမျိုး ပြသခဲ့သူ ဖြစ်နေပါလျှင် ပို၍ပင် လွယ်ကူနေသေးသည်။ မျက်လုံးကို မှိတ်လျက် စောစောက မြင်ကွင်းကို ထပ်ကာထပ်ကာ မြင်‌ယောင်ပြီးနောက် မျက်လုံးပြန်ဖွင့်လာသည့်အချိန်တွင်မူ သူ့အမူအယာမှာ လုံးဝဥဿုံ အေးစက်သွားတော့သည်။ 


ရှောင်ကျားရှုအနား သွားကာ ပုခုံးတို့ကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည့် တစ်ခဏ၌မူ သူ့အကြည့်တို့ ပြန်လည် နူးညံ့သွားတော့၏။ သူ့ချစ်သူကို ကာကွယ်လိုပါသည်ဟု ပြောခဲ့ပြီးဖြစ်ရာ နတ်ဆိုး၏ စွမ်းအင်ကို အသုံးပြုရလျှင်ပင် စိတ်အနှောင့်အယှက် ဖြစ်မိမည် မဟုတိချေ။ 


ကောင်းကောင်းမွန်မွန် ရိုက်ကူးပြီးစီးသွားရာ ကြောင်၏ သရုပ်ဆောင်မှုကို သဘောကျသွားသည့် ဒါရိုက်တာက စနောက်လိုက်သည်။ 


"ကြည့်လိုက်ဦး မင်းတို့နှစ်ယောက်လုံးရဲ့ အရည်အချင်းတွေ ပေါင်းလို့တောင် ကြောင်လောက် မကောင်းဘူး ဒေါသထွက်ရမယ့်အချိန် ဒေါသထွက်ပြတယ် ငြိမ်ငြိမ်နေဖို့ပြောတော့ ငြိမ်ငြိမ်နေတယ် ခလုတ်ကို နှိပ်လိုက်တဲ့ အတိုင်းပဲ..." 


စတိုင်လစ် ရှောင်ကျန်းက ခပ်ပြုံးပြုံး ရှင်းပြလာ၏။ 


"ဒါရိုက်တာကြီး မသိသေးဘူး မဟုတ်လား ရှောင်ကျားရှုက ကျွန်မ ယူလာတဲ့ ကြောင်စာထုပ်ကို ချေမွပြီး ရိုက်ကူးရေး မစခင် လက်ဖဝါးပေါ် သုတ်ထားတာလေ ကြောင်က အနံ့ရတာနဲ့ သူ့နား ပြေးလာတော့တာပေါ့ ..." 


သဘောပေါက်သွားသော ဒါရိုက်တာက လက်ခုပ်လက်ဝါးတီးကာ သဘောတကျ ပြောလိုက်သည်။ 


"မထူးဆန်းတော့ပါဘူး ဟုတ်တယ် ဟုတ်တယ် သရုပ်ဆောင်ကောင်းဆိုတာ ရှောင်ကျားရှုလို ဖြစ်နေရမှာ အရည်အချင်း ရှိရုံတင် မကဘူး ဦးနှောက်ကို ဘယ်လို အသုံးချရမလဲ ဆိုတာကိုပါ ကောင်းကောင်းသိတယ် သူ့ဆီက သင်ယူကြ အရူးလို ဇာတ်ညွှန်းနဲ့ စာသားတွေကိုပဲ အလွတ်ကျက်မနေကြနဲ့ ဒီလိုလုပ်တော့ရော မင်းတို့ရဲ့ အရည်အချင်းတွေ တိုးတက်လား များများကြည့် များများလေ့ကျင့် များများတွေးကြ ..." 


မော်နီတာနား စုရုံးနေသည့် သရုပ်ဆောင်ငယ်များက ခေါင်းကို တစ်ညီတစ်ညာတည်း ငြိမ့်ပြလိုက်သည်။ သင်ကြားပြသခြင်းကို ခံလိုက်ရသည့်နှယ်ပင်။ သူတို့နှင့် ရှောင်ကျားရှု၏ ပွဲဦးထွက်ကာလမှာ အတူတူပင် ဖြစ်ကာ အချိူ့မှာ သူ့ထက်ပင် အနည်းငယ် စောနေသေးသည်။ ရိုက်ကူးရေး မစတင်မီ အချို့က သူ့ကို အထင်သေးကာ မိသားစုနောက်ခံကြောင့် ရှေ့ရောက်နေသည့် လူချမ်းသာ ကလေးတစ်ယောက်အဖြစ်သာ ထင်ခဲ့ကြသည်။ သို့သော် မနေ့က ရိုက်ကူးခဲ့သည့် အခန်းများကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးနောက်တွင်မူ လုံးဝဥဿုံ သိမ်းသွင်းခံလိုက်ရတော့သည်။


ရှောင်ကျားရှုနှင့် ရွှယ်မြောင်တို့၏ အရည်အချင်းကို "ထူးကဲ" ဟူသည့် စကားလုံးဖြင့်သာ ဖော်ပြ၍ ရပေသည်။ သူတို့ သရုပ်ဆောင်ပြသည့် ချစ်ခြင်းမုန်းခြင်းတရားတို့မှာ လွန်စွာ ပီပြင်လှကာ ဝန်းကျင်ရှိ ကြည့်ရှုမိသူတိုင်းကို ဝမ်းနည်းသောကနှင့် စိတ်ပျက်အားငယ်မှုတို့ လွှမ်းခြုံလာစေသည်။ ဒါရိုက်တာက သရုပ်ဆောင်ရာတွင် လွှမ်းမိုးမှု ရှိရမည်ဟု အမြဲလိုလို ဖိအားပေးခဲ့သော်ငြား ထိုစကားတို့၏ အဓိပ္ပါယ်ကို စိုးစဉ်းမျှပင် နားမလည်ခဲ့။ ယခုမှသာလျှင် ပြောင်မြောက်သည့် သရုပ်ဆောင်မှုမှတစ်ဆင့် ကြည့်ရှုသူ၏ ခံစားချက်ကို အလိုရှိသည့်အတိုင်း ပုံသွင်းခြင်းသည် လွှမ်းမိုးနိုင်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ အပြောမှာ လွယ်ကူသော်ငြား လက်တွေ့ အကောင်အထည် ဖော်ရန်မှာမူ များစွာ ခဲယဉ်းလှပေသည်။ 


ယခု ဒါရိုက်တာက ရှောင်ကျားရှုကို ဥပမာပြ၍ သင်ပြသည့်အခါ မတရားခံရသည်ဟု မခံစားမိ။ ထိုအစား ကြီးစွာ ထောက်ခံရင်း ခေါင်းငြိမ့်လိုက်ကြတော့သည်။ 


လျှိုရီလိန်က ရှောင်ကျားရှု၏ ပုခုံးကို ပုတ်ကာ ရယ်မောလိုက်၏။ 


"မင်းမှာ ဖြေရှင်းနည်း ရှိနေသေးတာကိုး ဒီကြောင်က မပူးပေါင်းလို့ NG တွေ အများကြီး ရလာတော့မှာလို့တောင် ထင်ထားခဲ့တာ ..." 


လက်ယမ်းပြလိုက်သည့် ရှောင်ကျားရှု၏ အမူအယာမှာ အနည်းငယ် ရှက်သွေးဖြာနေဟန်ပင်။ 


ကြောင်နဲ့ စနောက်ကစားရုံပဲ မဟုတ်လား ကိစ္စအကြီးကြီး မဟုတ်ပါဘူး ... 


သူတို့နှစ်ဦး စကားပြောနေစဉ်တစ်လျှောက် ကျိမြန်မှာ မည်သည်ကို အတွေးလွန်နေသည် မသိ၊ တစ်ချိန်လုံး မျက်နှာထားတင်းတင်းဖြင့် ရပ်နေကာ နေ့လည်စာ ထမင်းစားနားသည့်အချိန်တွင် ရှောင်ကျားရှုကို ပထုတ်၍ လျှိုရီလိန်ကို လူရှင်းသည့် တစ်နေရာသို့ စကားပြောရန် ခေါ်လာခဲ့လိုက်တော့၏။ 



"မစ္စတာကျိ ကျွန်တော့်ဆီကနေ ဘာလိုချင်လို့ပါလဲ ..." 


ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ထုတ်ကာ မေးလိုက်သည့် သူ့လေသံမှာ လွန်စွာ ညင်သာယဉ်ကျေးနေပေသည်။ ပိုမိုတိကျစွာ တုပနိုင်ရန် အလို့ငှာ ကျိမြန်အကြောင်း ဂရုတစိုက် လေ့လာထားခဲ့သည့်အတွက် တစ်ဖက်သူသည် ဆေးလိပ်ကို ပြင်းပြင်းပြပြ စွဲလမ်းတတ်သူဖြစ်ကြောင်း သိထားပေသည်။ 


" ငါ ဆေးလိပ်ဖြတ်လိုက်ပြီ ..." 


ကျိမြန်က လက်ကို ယမ်းပြလိုက်သည်။ 


"လျှိုရီလိန် မင်းကို ကြည့်ရတာ ရှောင်ရှုကို မုန်းနေသလိုပဲနော် မင်းတို့နှစ်ယောက်ကြား ဘာပြဿနာ ရှိလို့လဲ ..." 


စိတ်ဖတ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားရာ အယောင်ပြမေးခွန်းတစ်ခုတည်းဖြင့်ပင်လျှင် လျှိုရီလိန်၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို ရှာဖွေတူးဆွနိုင်သည့်အတွက် တစ်ဖက်သူ၏ အဖြေကို နားထောင်နေရန်ပင် မလိုအပ်ချေ။ ပါးစပ်က လှည့်ဖျားနိုင်သော်လည်း စိတ်အတွေးက မလှည့်ဖျား


မလှည့်ဖျားနိုင်။ 


တစ်ခဏချင်းမှာပင် လျှိုရီလိန်သည် အတိတ်ဖြစ်ရပ်ပေါင်း မြောက်များစွာကို ပြန်လည်တွေးလိုက်မိပြီး ဖြစ်တော့သည်။ 


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကျွန်တော်က ရှောင်ရှုကို လေးစားတဲ့သူ ပြီးတော့ သူနဲ့ အလုပ်တွဲလုပ်ရတာကိုတောင် အရမ်း ပျော်နေခဲ့တာပါ ဘာလို့ ဒီလိုမျိုး မေးရတာလဲ မစ္စတာကျိ ..." 


"တကယ်လား ..." 


ကျိမြန်က ခေါင်းငြိမ့်ကာ ထပ်မေးလိုက်သည်။ 


"မင်းဘဝမှာရော ရှက်စရာကောင်းတဲ့ လုပ်ရပ်မျိုးတွေ လုပ်ခဲ့ဖူးလား ..." 


ဖြစ်ရပ်ပေါင်းများစွာကို မတော်တဆ ပြန်တွေးလိုက်မိသည့်အတွက် လျှိုရီလိန်မှာ ညင်သာသည့် အမူအယာကိုပင် မထိန်းနိုင်တော့လုမတတ် ဖြစ်သွားတော့သည်။ သူ့ကိုယ်သူ ဖုံးကွယ်သည့် နေရာတွင် လွန်စွာ ကောင်းမွန်လှ၍သာ တော်သေးသည်။ သူက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။ 


"မစ္စတာကျိ ဘာကို ဆိုလိုချင်တယ်ဆိုတာ နားမလည်တော့ဘူး ..." 


ကျိမြန်မှာ သူလိုချင်သည့် အဖြေကို ရနှင့်ပြီးဖြစ်၍ စိတ်အေးလက်အေး ထွက်သွားလိုက်တော့သည်။  


"နားမလည်လည်း ထားလိုက်တော့ ဒီတိုင်း ပြောလိုက်ရုံတင် ဘာမှ အရေးမကြီးဘူး ..." 


သူ အဝေးသို့ ရောက်သွားကာမှ လျှိုရီလိန်၏ မျက်နှာ လုံးဝဥဿုံ အေးစက်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ 


"စောက်ကျိုးနည်း ကျိမြန်က ဆိုက်ကိုကောင် ဖြစ်နေမယ်လို့ လုံးဝကို ထင်မထားဘူး ..." 


ကျိမြန် နားနေခန်းသို့ ပြန်ရောက်လာချိန်တွင် ရှို့ချန်ယုကလည်း များပြားလှသည့် နေ့လည်စာဘူးများကို ကိုင်ဆောင်ရင်း ရိုက်ကွင်းသို့ အလည်ရောက်လာသည်။ မုတ်ဆိတ်တို့ ရိတ်သင်ထားခြင်း မရှိသလို ဆံပင်တို့ကိုလည်း ဖြီးမထား။ တစ်ညလုံး အရက်နာကျထားသည့် သူ့ပုံစံမှာ လွန်စွာ ရုပ်ပျက်ဆင်းပျက်နိုင်လှသည်။ ရှောင်ကျားရှုက ပုဝါတစ်ထည်ကို ရေစိမ်ကာ သူ့မျက်နှာကို သုတ်ပေးလိုက်သည်။ ယမန်နေ့ညက အလွန်အကျွံ သောက်မိသွားသည်ဟုသာ ရိုးရိုးသားသား တွေးခဲ့သော်ငြား ကျိမြန်ကမူ သူ ကြုံတွေ့နေရသည်များကို ချက်ခြင်း သဘောပေါက်လိုက်ပေသည်။ 


နှစ် ၂၀ ကျော် ကြာမြင့်ပြီးသည့်တိုင် အချိန်ကြာမြင့်စွာ ချစ်ခဲ့ရသူ၏ ငြင်းဆန်ခြင်းကို ထပ်မံခံလိုက်ရသည့်အပြင် အဆက်မပြတ် တွန်းထုတ်ခြင်းကိုပါ တစ်ပါတည်း ခံစားလိုက်ရရာ ထိုခံစားချက်မှာ ကျိန်းသေ မသက်မသာ ဖြစ်နေပေလိမ့်မည်။ သူ့နေရာတွင် ကျိမြန်သာဆိုပါလျှင် ဤကဲ့သို့ ကာလကြာရှည် ဖက်တွယ်ထားနိုင်ပါမည်ဟု မသေချာလှချေ။ 


"အန်ကယ်ရှို့ ကျွန်တော်နဲ့ လိုက်ခဲ့ပါဦး ပြောစရာလေးရှိလို့ ..." 


သူက တီးတိုးပြောလိုက်သည်။ 


ရှို့ချန်ယုက နေ့လည်စာဘူးများကို စားပွဲပေါ် တစ်ခုချင်းချကာ ရှောင်ကျားရှုနှင့် မြောင်မြောင်တို့စားရန် တူများ အဆင်သင့် ပြင်ပေးပြီးကာမှ လိုက်ထွက်လာလိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


"အန်ကယ်ရှို့ လျှိုရီလိန်ရဲ့ နောက်ကြောင်းကို စုံစမ်းပေးပါ တတ်နိုင်သလောက် အမြန်ဆုံးနော် ဒါ အရမ်း အရေးကြီးတယ် အန်တီရွှယ်အတွက် ပြီးတော့ ရှောင်ရှုအတွက်ရောပဲ ..."


ရွှယ်မြောင်နှင့် ရှောင်ကျားရှုဟု ကြားလိုက်သည့်အခါ သူ့ပုံစံမှာ ချက်ခြင်း လေးနက်သွားကာ ဖုန်းကိုထုတ်ကာ လူပေါင်းများစွာထံ ဆက်သွယ်လိုက်သည်။ ဆက်သွယ်၍ အပြီးမှာပင် သူ့လက်ထောက်က အလောတကြီး ရောက်လာကာ အစီရင်ခံလိုက်၏။ 


"မစ္စတာရှို့ မကောင်းတော့ဘူး ရွှယ်ကျဲ ကွာရှင်းတဲ့ သတင်းက အရမ်းကို ပျံ့နေပြီ နောက်ကွယ်မှာ ထိန်းချုပ်နေတဲ့ ရေတပ်တွေလည်း အများကြီး ရှိနေတယ်ထင်တယ် ကျွန်တော်တို့ PR ဌာနကလည်း ဘာသတင်းမှ ကြိုရမထားတော့ အခု ဆက်ပြီ

း ဖိနှိပ်ထားလို့ မရတော့ဘူး ..." 


"ဘယ်လို ပြန်တုန့်ပြန်ရမလဲ ဆွေးနွေးဖို့ PR ဌာနကို အစည်းအဝေး ခေါ်ထားလိုက် ငါ အခုပဲ ပြန်လာခဲ့မယ် ..." 




Xxxxxxx