အပိုင်း ၁၅၀
Viewers 57k

Chapter 150





"ဒီနေရာမှာ မလုပ်စေချင်ရင် ရိုးရိုးသားသားလေးပဲနေ ..." 


အခင်းကြွေပြားမှာ အလွန်အေးစက်လှသည့်အတွက် ရှောင်ကျားရှု၏ တစ်ကိုယ်လုံး တခိုက်ခိုက်တုန်လာသော်ငြား နှလုံးသားမှာမူ ပူပြင်းလောင်မြှိုက်နေဆဲဖြစ်သည်။ သူက ကျိမြန်၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ 


"ကျိကော ကျွန်တော်သာ ရိုးရိုးသားသားလေးပဲ နေရင် ပြန်ရောက်တဲ့အခါ ဆုချမှာလား ရေချိုးခန်းထဲမှာ နည်းနည်းလောက် လုပ်ကြရအောင်လေ အခုလိုမျိုး ရေတွေ စိုရွှဲနေပြီး ရေစိမ်ကန်ထဲမှာ ဆပ်ပြာတိုက်ပေးရင်း အိမ်သာအဖုံးပေါ် ထိုင်နေရင်း ပြီးတော့ ဘေစင်ပေါ် ဖိချထားရင်း ..." 


သူ့အသက်မှာ ၂၀ သာ ရှိသေးရာ လိင်မှုဆန္ဒ အတောင့်တဆုံးအရွယ် ဖြစ်သည့်အတွက် နေရာမျိုးစုံတွင် ပုံစံအနေအထားမျိုးစုံဖြင့် စမ်းသပ်ကြည့်လိုပေသည်။ ကျိကော၏ စွမ်းရည်မှာလည်း အလွန်ကောင်းမွန်လှရာ သူ့အတွေးထဲတွင် ယမန်ညက ပုံရိပ်များဖြင့်သာ ပြည့်နှက်နေတော့သည်။ ရေချိုးဆောင်ထဲသို့ အဝတ်ဗလာဖြင့် ဝင်လာသော ကျိမြန်ကို တွေ့လိုက်ရသည့် တစ်ခဏတွင်ပင် သူ့အတွေးထဲ၌  ဝတ္ထုတစ်ပုဒ် ထွက်လာပြီးဖြစ်သည်။ သူ့ကို ပြေးဖက်ကာ တောင့်တင်းလှသည့် ခန္ဓာကိုယ်ကို ပွတ်သပ်လျက် ပါးလျလှပသည့် နှုတ်ခမ်းတစ်စုံကို နမ်းရှိုက်လိုက်ချင်သည်။ သူ့ကို ပွေ့ဖက်ကာ ကြီးမားတုတ်ခိုင်လှသည့် လက်နက်ဖြင့် ထိုးသွင်းမည်ကိုလည်း အလိုရှိပေသည်။ 


သူ့ဆန္ဒတို့ကို သိရှိလိုက်ရသည့် ကျိမြန်က သူ့ခေါင်းအနောက်ဘက်ကို တင်းတင်းကြပ်ကြပ် ဖိကိုင်လျက် ပြင်းရှစွာ နမ်းရှိုက်လိုက်တော့သည်။ 


ဒီခွေးပေါက်လေးက ဘာဖြစ်နေတာလဲ ဒါက စိတ်ဝိဉာဉ်ကိုပါ သွေးဆောင်နိုင်တဲ့ မှင်စာပေါက်စလေးမှန်း သိသာနေတာကို မဖြစ်ဘူး သူတော့ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အထကို သေချာလေး ထိန်းသိမ်းမှ ရတော့မယ် မဟုတ်ရင် အနှေးနဲ့အမြန် ရှောင်ကျားရှုက သူ့တစ်ကိုယ်လုံးကို စုပ်ယူသွားတော့မှာ ... 


ထိုအကြောင်း တွေးလိုက်မိသည့်အခါ ကျိမြန်က အလွန်အမင်း ကျေနပ်အားရစွာဖြင့် တိုးသဲ့သဲ့ရယ်မောလိုက်တော့သည်။ ယောကျာ်းတို့မည်သည် ဆန္ဒရမ္မက်၏ ထိန်းချုပ်မှုကို အလွယ်တကူ ခံရသည့် သားရဲကောင်များ ဖြစ်ကြရာ မည်သည့် ဂုဏ်ယူဖွယ်ရာ ကိစ္စကမှ  စိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်သည့် ချစ်ရသူတစ်ဦး ပိုင်ဆိုင်ထားမှုကို မယှဉ်ပြိုင်နိုင်ချေ။ ရှောင်ကျားရှုအပေါ် အလွန်အမင်း ငြိတွယ်လွန်းသည့်အတွက် စိတ်နှလုံးထဲရှိ ဂုဏ်ယူမှုတို့က အပြင်လောကသို့ပင် ဖောက်ထွက်ပျံ့နှံ့လုမတတ် ဖြစ်ပေါ်လာရတော့သည်။ 


ခန္ဓာကိုယ်ထဲရှိ အပူမီးကို ကြိုးစားငြိမ်းသက်နေစဉ် မစောင့်နိုင်တော့သော‌ ရှောင်ကျားရှုက ခါးကို တွန့်လိမ်ကာ ခန္ဓာကိုယ်အချင်းချင်း ပွတ်သပ်လျက် မေးလိုက်သည်။ 


"ရလား ရလားလို့ ပြန်သွားပြီး စမ်းကြည့်ကြမလား ..." 


ကျိမြန်က မရိုးသားတော့သည့် ခန္ဓာကိုယ်အောက်ပိုင်းကို ဖိနှိပ်ရင်း ပြောလိုက်သည်။ 


"မပွတ်နဲ့တော့ ကိုယ် မင်းကို အိပ်ယာထဲကနေ မထနိုင်လောက်တဲ့အထိ လုပ်ပစ်လို့ရတယ်ဆိုတာ ယုံရဲ့လား ..." 


ယုံတာပေါ့ အဲဒါကြောင့်လည်း ပွတ်သပ်နေတာလေ ... 


ရှောင်ကျားရှုက နှုတ်ခမ်းကိုကိုက်ကာ တိတ်တိတ်လေး ခိုးရယ်လိုက်သည်။ ထို့နောက် မကြောက်မလန့်ဖြင့်ပင် ‌ကျိမြန်ကို တွန်းလွှတ်ကာ သူ ပြန်မတုန့်ပြန်နိုင်ခင်မှာပင် လက်မောင်းအောက်မှ ငုံ့လျက် ထွက်ပြေးသွားတော့သည်။ အရင်းနှီးဆုံး ကိစ္စရပ်များကို လုပ်ခဲ့ပြီးသည့်တိုင် အနည်းငယ် ရှက်ရွံ့မိနေဆဲဖြစ်သည်။ 


စုံတွဲများအကြား အဆင့်တက်သည့်အခြေအနေ သုံးရပ်ရှိကြောင်း ကြားဖူးသည်။ ပထမဆုံးအဆင့်မှာ တစ်ယောက်နှင့်တစ်ယောက် နုားလည်သဘောပေါက်ရန် ဖြစ်ကြောင်းမှာတော့ ပြောနေရန်ပင် မလိုအပ်ချေ။ ဒုတိယအဆင့်မှာ တစ်ယောက်နှင့်တစ်ယောက် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ခြင်းဖြစ်ကာ ဤအဆင့်မှာ သူငယ်ချင်းကောင်းထက် များစွာ ပိုလွန်နေပြီးဖြစ်သည်။ သို့သော် တစ်ဖက်သူ၏ စိတ်ထဲရှိ မိမိပုံရိပ် ပျက်စီးမည်ကို စိုးရိမ်စိတ်ကြောင့် ပြုမူပြောဆိုပုံများကို သတိကပ်နေရသေးသည်။ တတိယအဆင့်မှာမူ နှစ်ယောက်လုံး တစ်သားတည်း ကျသွားသည့်နှယ် ခြေထောက်ကိုပဲ ကိုင်နေပါစေ၊ လေလည်‌ရုံသာမက ဟောက်ပင်ဟောက်နေပါစေ တစ်ဖက်သူ မုန်းတီးသွားလေမလားဟု ပူပန်နေရန် မလိုအပ်တော့ချေ။ 


ရှောင်ကျားရှုက သူနှင့် ကျိကော၏ ချစ်သူသက်တမ်းမှာ သုံးရက်သာ ရှ်ိသေးသည့်တိုင် ပထမအဆင့်နှင့် ဒုတိယအဆင့်ကို ကျော်လွန်ကာ နှစ်ကိုယ့်တစ်စိတ်အနေအထားသို့ ချက်ခြင်း ရောက်ရှိသွားသည်ဟု ခံစားမိလာတော့သည်။ အကြောင်းပြချက် ရေရေရာရာ မရှ်ိသော်ငြား ကျိမြန်ကို ယုံကြည်ကာ နှလုံးသားတစ်ခုလုံးနှင့်အပြည့် အားကိုးလိုသည့် ဆန္ဒတို့ ရှိနေပေသည်။ ကျိကောနှင့် သူသည် ချစ်သူရည်းစားမျှသာ မဟုတ် မိသားစုဝင်တစ်ဦးနှယ် ခံစားချက်တို့ ပူးကပ်ဆက်နွယ်နေကြသည်။ 


ထိုအကြောင်း တွေးမိသည့်အခါ အပြုံးတို့က ဖုံးဖိ၍ မရနိုင်လောက်အောင် ထွက်ပေါ်လာတော့သည်။ ကော့တက်နေသည့် မျက်ခုံးတို့ကြောင့် အနည်းငယ် ရူးကြောင်ကြောင်နိုင်ကာ ကလေးဆန်သည်ဟု ထင်ရစေနိုင်သော်ငြား စာဖွဲ့၍ မရနိုင်လောက်အောင်လည်း ချစ်စဖွယ် ကောင်းနေပေသည်။ 


ကျိမြန်က ရေပန်းအောက်တွင် ရပ်လျက် သူ့ကို ငေးကြည့်နေပြီး သူ့အကြည့်တို့မှာ ပျောက်ကွယ်မသွားနိုင်လောက်အောင် အဆုံးအစမဲ့နေသည့် ကြင်နာမှုတို့ဖြင့် ပြည့်လျှံနေတော့သည်။ 


........


"Prison Storm" အခန်းမှာ အလွန်အရေးကြီးလှသည့်အတွက် မနက် ၁၀ နာရီကတည်းက စတင်ခဲ့သော ရိုက်ကူးရေးကို ည ၁၀ နာရီထိတိုင် အပြီးမသတ်နိုင်သေး။ နေုက်ရက်အနည်းငယ်ကိုလည်း ဤအတိုင်းသာ ကုန်လွန်ရဦးမည်ဖြစ်သော်ငြား ရှောင်ကျားရှုနှင့် ကျိမြန်မှာမူ ပင်ပန်းနေခြင်း အလျဉ်းမရှိ။ ရိုက်ကူးရေး ပြီးသွားချိန်တိုင်း‌ တောင်ထိပ်သို့ ကားဖြင့်တက်ကာ ကြယ်ကြည့်ရင်း အချိန်အချို့ကို ကုန်ဆုံးလိုက်ကြသေးသည်။ 


ဟော်တယ်သို့ ပြန်ရောက်လာပြီးနောက် ရှောင်ကျားရှုက ထမင်းဘူးနှင့် ကျောပိုးအိတ်ကိုဖွင့်ကာ ကွန်ဒုံး၊ ချောဆီ၊ မာယင်းလုံ လိမ်းဆေးဘူးနှင့် အခြား လိုအပ်သည့် ပစ္စည်းများကို ထုတ်လိုက်သည်။ 


ကျိမြန်က အံ့ဩဟန်ဆောင်ကာ မေးလိုက်သည်။ 


"ဒါတွေ ဘယ်တုန်းက သွားဝယ်လိုက်တာလဲ ..." 


ရှောင်ကျားရှုက နားရွက်ကို ပွတ်ဆွဲလျက် မသဲမကွဲ ပြောလိုက်သည်။ 


"တွေ့တာနဲ့ ဝယ်လာခဲ့လိုက်တာ ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် သုံးရမှာပဲလေ ..." 


အိပ်ယာပေါ်တောင် လူးလှိမ့်နေပြီးပြီဟာကို ဘာလို့ ဖုံးကွယ်နေရဦးမှာလဲ ကြောင်သူတော် အလုပ်တွေ ... 


ကျိမြန်က လက်သီးဆုပ်ကို ပါးစပ်နား တေ့လျက် ခပ်ဖွဖွ ရယ်မောလိုက်သည်။ သို့မဟုတ်ပါလျှင် အကျယ်ကြီး အော်ရယ်ချမိတော့မည်ဖြစ်သည်။ သူ့ချစ်သူကောင်လေးအနားသို့ လျှောက်လာကာ ပါးနှစ်ဖက်ပေါ်ရှိ နူးညံ့အိစက်နေသော အသားစိုင်ကို အသာဖျစ်ညှစ်လျက် တိတ်တဆိတ်‌ ခေါင်းငြိမ့်လိုက်သည်။ 


ဟုတ်သားပဲ ဒီမျက်နှာလေးက အရင်နေ့ကထက် စင်တီမီတာ နည်းနည်းလောက် ပိုထူလာပြီ ... 


ရှောင်ကျားရှုက သူ ဘာကြောင့် အဖျစ်ညှစ်ခံရမှန်း နားမလည်သည့်တိုင် ရုန်းထွက်မသွား။ ခေါင်းကို မော့လျက် စိုစွတ်နေသည့် မျက်ဝန်းတို့ဖြင့် ပြန်လည်စိုက်ကြည့်နေလိုက်သည်။ 


"ကျိကော ရေချိုးကြမလား ...." 


အဝတ်တွေကို မြန်မြန်လေး ချွတ်လိုက်တော့လေ ဒီည ရေအတူတူ ချိုးမယ်လို့ ကတိပေးထားပြီးပြီ မဟုတ်လား လုံးဝ ရှောင်ပြေးလို့ မရဘူးနော် ... 


ကျိမြန်က သူ့ပါးနှစ်ဖက်ကို တစ်ဖန် ဖျစ်ညှစ်လိုက်ပြန်ကာ ပြုံးလျက် ပြောလိုက်သည်။  


"အိုကေ မင်း အရင်သွားနှင့် ကိုယ် ဖန်ခွင်းကို ဖုန်းဆက်လိုက်ဦးမယ် ..." 


"ဒါဆိုလည်း မြန်မြန်လေးလုပ် ..." 


ရှောင်ကျားရှုက သူ့ကို ဝမ်းနည်းပက်လက်ဖြင့် စိုက်ကြည့်လျက် ရေချိုးခန်းရှိရာဆီသို့ နှေးကွေးလေးလံစွာ လျှောက်သွားလိုက်သည်။ တစ်ဖန် စားပွဲပေါ်ရှိ ကွန်ဒုံးနှင့် ချောဆီဘူးတို့ကိုယူရန် အမြန်ပြေးထွက်လာလိုက်ပြန်၏။ ရေချိုးခန်းတံခါးကို ဖွင့်ကာ အိမ်သာအဖုံးပေါ် ပျင်းရိစွာ ထိုင်လျက် ဖန်ခွင်းနှင့် အလုပ်အကြောင်း ပြောနေသော ကျိမြန်ကို ငေးကြည့်နေလိုက်သည်။ 


တစ်ရက်တာက တစ်နှစ်လို့တောင် ထင်ရလိုက်တာ ...  မဟုတ်သေးဘူး တစ်စက္ကန့်ကကို တစ်နှစ်လောက်ကြီး ကြာနေသလိုပဲ ... 


ကျိမြန်ကလည်း ဖုန်းပြောနေရင်းပင် သူ့ကို လှမ်းကြည့်ကာ အဆက်မပြတ် ပြုံးပြနေပေသည်။ 


ရှောင်ကျားရှုက သူ့ကို fly kiss များ လှမ်းပေးနေရင်း  ဘေစင်တွင် တင်ထားသော ကွန်ဒုံးနှင့် ချောဆီတို့ထံ အကြည့်ရောက်သွားတော့သည်။ 


မဟုတ်သေးပါဘူး ရေကလည်း စီးကျနေမှာ ပြီးတော့ ရေချိုးဆပ်ပြာကလည်း ချောနေမှာဆိုတော့ ကျိကောနဲ့ ငါက ပစ္စည်းနှစ်မျိုးကို တစ်ပြိုင်တည်း သုံးနေလို့ မရဘူး မဟုတ်လား ကွန်ဒုံးသုံးပြီး လုပ်မှတော့ ဘယ်လိုလုပ် သာယာမှု ရတော့မှာလဲ မဖြစ်သေးဘူး ဒီပစ္စည်းတွေကို အခုအချိန် သုံးလို့ အဆင်မပြေပါဘူး သိမ်းထားလိုက်တာ ပိုကောင်းမယ်ထင်တယ် ... 


၎င်းတို့ကို ချက်ခြင်း ပြန်ထုတ်လာကာ အိပ်ယာဘေးရှိ စားပွဲပေါ် တင်ထားလိုက်သည်။ ကျိကောဘေးမှ ဖြတ်လာစဉ်အတွင်း ကျိမြန်က သူ့ခန္ဓာကိုယ်ကို နောက်မှ ပွေ့ဖက်ကာ အသာအယာ ပွတ်သပ်လိုက်သည့်အတွက် စိတ်မရှည်တော့သည့် ခံစားချက်တို့ ရုန်းကြွလာတော့သည်။ 


ကျိမြန်လည်း အေးခဲသွားကာ ဖန်ခွင်း၏ စကားတို့ကိုပင် မကြားတော့။ ဆိုးသွမ်းလှသည့် ချစ်သူလေးကို သိုင်းဖက်ရင်း ပြင်းရှနက်ရှိုင်းသည့် ပြင်သစ်အနမ်းတစ်ခုကိုသာ မက်မက်မောမော ပေးလိုက်တော့သည်။ 


"ခဏလောက် လိမ်လိမ်မာမာလေးနေ ဆယ်မိနစ်နေရင် ကိုယ် လာခဲ့မယ် ..." 


ဤဖုန်းခေါ်ဆိုမှုတွင် သူကိုင်တွယ်ရမည့် ရင်းနှီးမြှုပ်နှံမှုများစွာ ပါဝင်နေပေသည်။ 


"ဒါဆိုလည်း မြန်မြန်လေးလုပ်နော် ..." 


ရှောင်ကျားရှုက ခေါင်းငြိမ့်ပြကာ ရေချိုးခန်းရှိရာသို့ တစ်လှမ်းချင်း လှမ်းသွားလိုက်တော့သည်။ အိမ်သာအဖုံးပေါ် ထိုင်နေရင်း သုံးမိနစ်ခန့်အကြာတွင် စိတ်မရှည်နိုင်တော့။ တံခါးဝအနားသို့ လျှောက်လာကာ ခါးကို ခါးယမ်းရင်း အဝတ်အစားတို့ကို ဆွဲချွတ်ပြီး ကျိမြန်ကို လက်ညှိုးကွေးညွတ်ပြလျက် လှမ်းခေါ်လိုက်သည်။ 


သူ့လှုပ်ရှားမှုတို့မှာ ကို့ရို့ကားယား ဖြစ်နေသည့်တိုင် ပါးနှစ်ဖက် နီမြန်းနေပြီး အကြည့်တို့မှာမူ အရှက်ကင်းမဲ့သည့် စိတ်ဆန္ဒတို့ ပြည့်နှက်နေသည့်အတွက် ရိုးသားသည့်တိုင် ညှို့အားပြင်းလှသည့် ပုံစံမျိုး ဖြစ်သွားစေသည့်အပြင် သူ ကပြလိုက်သည့် အက၏ ဆွဲငင်အားကိုလည်း ပိုမိုတိုးမြင့်သွားစေတော့သည်။ ကျိမြန်မှာ ဖန်ခွင်းပြောနေသည့် စကားများကိုပင် မကြားနိုင်တော့။ စူးရှလှသည့် အကြည့်တစ်စုံမှာ သူ့ချစ်သူထံတွင်သာ မြဲမြဲမြံမြံ ကပ်တွယ်နေတော့သည်။ 


" ဟေး ဟေး ဟေး ကျိကော နားထောင်နေရဲ့လား ..." 


ဖန်ခွင်းက အော်ခေါ်လိုက်သည်။


ကျိမြန်က တစ်မိနစ်ခန့် အသံတိတ်နေပြီးကာမှ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ 


"ငါ့ကို တစ်နာရီ ... မဟုတ်သေးဘူး နှစ်နာရီလောက်စောင့် ထားလိုက်တော့ ဒီနေ့ မကုန်ခင် ငါ မင်းကို ပြန်ခေါ်မယ် ဘုတ်အဖွဲ့ကို စောင့်ခိုင်းထားလိုက် ..." 


ထို့နောက် အပေါ်ဝတ်အင်္ကျီကို ချွတ်ကာ ရှပ်အင်္ကျီကြယ်သီးတို့ကို ဖြုတ်လျက် သူ့ချစ်သူလေးထံ အလျင်အမြန် လျှောက်သွားလိုက်တော့သည်။ 


ရှောင်ကျားရှုက နောက်နှစ်လှမ်းဆုတ်ကာ အရှိန်ယူလိုက်ပြီးကာမှ သူ့ရင်ခွင်ထဲ ပြေးဝင်လျက် ကိုအာလာတစ်ကောင်နှယ် ဖက်တွယ်ရင်း သူ့နားရွက်တို့ကို အသာအယာ ကိုက်ဝါးနေလိုက်သည်။ 


ကျိမြန်က ခပ်တိုးတိုး ငြီးငြူရင်း သူ့ချစ်သူ၏ ဖြူဖွေးနူးညံ့သော တင်ပါးကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ချလိုက်သည်။ သိူ့သော် သူ့ကို အေးစက်နေသည့် ဘေစင်ပေါ် မတင်ရက်သည့်အတွက် ဤအတိုင်း ပွေ့ဖက်ရင်းပင် နီမြန်းနေသော နှုတ်ခမ်းတစ်စုံကို နမ်းရှိုက်လိုက်သည်။ ဆန္ဒပင်လယ်ထဲသို့ အလျင်အမြန် နစ်မြုပ်ကာ ချစ်ဇောအဟုန်တို့ကို ရပ်တန့်၍ပင် မရနိုင်တော့။ 


အလျင်စလို လုပ်ခဲ့သည့်အတွက် ကျိမြန်က ဖုန်းချရန်ပင် သတိမရခဲ့။ တစ်ခုခုကို ဆက်ပြောနေဆဲဖြစ်သော ဖန်ခွင်းက အလွန်အမင်း အက်ကွဲနေသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရတော့သည်။  


"အခု ကျေနပ်ပြီလား ..." 


"ကျိကော ကျွန်တော့်ကို ပြောနေတာလား ..." 


ဖန်ခွင်းက ကြောင်အသွားကာ ဂရုတစိုက် နားထောင်ပြီးမှသာ အခြေအနေကို သဘောပေါက်သွားတော့သည်။ 


ဟေး ကျိကော မင်းကောင်လေးနဲ့ အိပ်ဖို့အတွက်နဲ့ ဒေါ်လာသန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပရောဂျက်တွေကို ဘေးဖယ်ထားတော့မှာလား ရှောင်ကျားရှု မင်း နည်းနည်းလောက် ကျယ်ကျယ်လေး ပိုအော်ပေးလို့ ရမလား ... 


တစ်ဖက်မှ ကြားနေရသည့် အသံများမှာ ပို၍ပင် ပူပြင်းလောင်မြှိုက်ဖွယ် ဖြစ်လာကာ ဖန်ခွင်း၏ ကိုယ်ထဲရှိ သွေးများပင်လျှင် ဆူပွက်လာသည့်အတွက် ဖုန်းကို ချက်ခြင်း ချပစ်လိုက်ရတော့သည်။ 


ရှောင်အာ့ရှောက်လို မာနကြီးတဲ့သူက အိပ်ယာပေါ်မှာ အလှပဂေးလေး ဖြစ်နေလိမ့်မယ်လို့ လုံးဝကို မထင်ထားမိဘူး ကျိကောက တကယ်ကို ကံကောင်းတာပဲ ... 


နောက်လေးနာရီ ကြားကာမှ သူ့ထံ ဖုန်းပြန်ဝင်လာတော့၏။ ဖန်ခွင်းက အချိန်ကို တွက်ဆကြည့်လိုက်လျှင် အမေရိကန်ပြည်ထောင်စု၌ မနက်ခင်း နှစ်နာရီ သုံးနာရီအချိန်ခန့် ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ကျိကော၏ အသံမှာမူ နွမ်းနယ်နေဟန် မရှိ။ ကျေနပ်မှုတို့ဖြင့်ပင် ပြည့်လျှံနေလိုက်သေးသည်။ အိပ်ယာပေါ် လှဲလျက် အဝတ်ဗလာဖြစ်နေသော ချစ်သူလေးကို ရင်ခွင်ထဲ ထည့်ထားရင်း မေးလိုက်သည်။ 


"အလုပ်ဆင်းပြီလား ..." 


"မဆင်းရသေးဘူး ကျိကော မင်းကို စောင့်နေတာ ..." 


ဖန်ခွင်းက မှတ်စုကို အမြန် ထုတ်ထားလိုက်သည်။ 


ကျိမြန်က သူ့ရုံးလုပ်ငန်းတာဝန်များကို စတင် ရှင်းပြလိုက်တော့၏။ ရှောင်ကျားရှုက သူ့ရင်ခွင်ထဲ လဲလျောင်းလျက် ဂိမ်းဆော့နေကာ အဆင့်တစ်ခု တက်သွားချိန်တိုင်း သူ့ပါးနှင့် နားရွက်တို့ကို လာရောက် နမ်းရှိုက်လိုက်သည်။ 


ကျိကောနှင့် ပူးကပ်နေရခြင်းကို အသားကျနေပြီဖြစ်ရာ သူ့တွင် ပြောစရာစကား မရှိသည့်တိုင် အလွန် သက်တောင့်သက်သာ ဖြစ်နေတော့သည်။ 


ပြင်းပျသည့် လိင်ဆက်ဆံမှုတစ်ခု ပြီးဆုံးသည့်အခါ အထွတ်အထိပ်ရောက်သည့် ခံစားချက်တို့ ကုန်လွန်ပျောက်ကွယ်သွားသည့်အတွက် အထီးကျန်ဆန်မှုကို အများဆုံး ခံစားရသည်ဟု ပြောကြသော်ငြား ရှောင်ကျားရှုကမူ ထိုသို့မထင်။ ကျိမြန်၏ ရင်ခွင်ထဲ လဲလျောင်းလျက် ပူလောင်နေသော ခန္ဓာကိုယ်ကို တစ်ဖြည်းဖြည်း ငြိမ်သက်စေခြင်းမှာ ကုထုံးတစ်ခုနှယ်၊ တစ်နေ့တာ ကြုံခဲ့ရသမျှ စိုးရိမ်ပူပန်စိတ်အားလုံး လွင့်စင်ပပျောက်သွားတော့သည်။ 


အိပ်ယာပေါ် လူးလှိမ့်ရခြင်းကို ဘေးဖယ်လိုက်ပါလျှင် ယခုလို နေရသည့် အချိန်မျိုးကို သဘောအကျဆုံးဖြစ်သည်။ နောက်ထပ်အဆင့်တစ်ခုကို အမြန်ဆုံး တက်လိုက်ကာ ထုံးစံအတိုင်းပင် ကျိမြန်ကို အကြိမ်အချို့ခန့် နမ်းရှိုက်လိုက်ရသည့်အတွက် သူ့နှလုံးသားတစ်ခုလုံး လှပနွေးထွေးလာတော့သည်။ 


ပွေ့ဖက်ပေးထားသည့် ကျိမြန်မှာလည်း သူ့အတွေးတို့ကို အလုံးစုံ ကြားနေရရာ ရှောင်ကျားရှု၏ ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုတို့ကို အလုံးစုံ ကြားနေရသည့်အတွက် အလွန်အမင်း စိတ်ကျေနပ်ပျော်ရွှင်သွားတော့သည်။ ဖုန်းပြောနေသည့် အသံပင်လျှင် အလိုလို နူးညံ့သွားကာ မှတ်စုလိုက်မှတ်နေသည့် ဖန်ခွင်းက တစ်ခဏမျှ စောင့်ပေးရန် ပြောလေတိုင်း ရင်ခွင်ထဲရှိ ကောင်လေး၏ နီမြန်းယောင်ကိုင်းနေသော နှုတ်ခမ်းတစ်လွှာကို ငုံထွေး၍ ခံတွင်းထဲရှိ ချိုမြိန်လှသည့် အရည်ကြည်တို့ကို အနည်းငယ် စုပ်ယူလိုက်သည်။ 


ရှောင်ကျားရှုနှင့် မတွေ့ရသေးခင်အထိ "အချစ်က စစ်ပွဲတစ်ခု" ဟူသည့် စကားမှာ ကျိုးကြောင်းဆီလျော်လှသည်ဟု ထင်ခဲ့မိသော်ငြား ယခုမူ အချစ်စစ်အချစ်မှန်ဟူသည် ပျော်ရွှင်မှုတို့ ပြည့်နှက်နေကာ သန်မာခြင်းအားနည်းခြင်းလည်း မဟုတ်၊ အရှုံးအနိုင်နှင့်လည်း မသက်ဆိုင်ကြောင်း သဘောပေါက်သွားတော့သည်။ စစ်မှန်သည့် ဖူးစာဖက်နှင့် ရှာတွေ့ခြင်းမှာ ဘုရားပေးသည့် ကောင်းချီးဖြစ်ပါလျှင် စိုးရိမ်စိတ်ကြောင့် နောက်

မဆုတ်ခဲ့ခြင်းသည် အပိုဆု ရလာသော ကံကောင်းမှုပင် ဖြစ်ပေလိမ့်မည်။ 


ရှောင်ကျားရှုသာ မရှိပါလျှင် ကမ္ဘာတစ်ခုလုံးကို ဆုံးရှုံးပေလိမ့်မည်။



Xxxxxxx