Part 879
ဟန်မိုင်ဆွေ့က အမြဲတမ်း သူမ၏အစ်ကိုနှင့်မောင်နှင့်သာ အတူရှိနေတတ်သဖြင့် သူတို့အတွက် အခွင့်အရေးသိပ်မရသဖြင့် ရတုန်းကို အပီအပြင် ပါးစပ်အရသာခံနေကြတာဖြစ်သည်။
မိုင်ဆွေ့ ပြန်ရောက်သွားချိန်တွင် အား၀မ်က ပြုံးပြ၍မေးသည်။ " အဆင်ပြေလား "
မိုင်ဆွေ့ : " ဒါပေါ့ "
" ဘယ်လိုပြောလိုက်တာလဲ "
မိုင်ဆွေ့ : " အစ်ကိုကြီးက ချောမှကြိုက်တာလို့လေ "
အား၀မ်က မယုံ ။
မိုင်ဆွေ့ : " တကယ်ပြောတာ နင့်ရဲ့ ကြိုက်နေတဲ့ကောင်မလေးရှိတယ်ဆိုတာကြီးက မကောင်းပါဘူး မိန်းကလေးတွေအကြောင်းကို နင်က ဘာသိလို့လဲ "
အား၀မ် : " နင်က မိန်းကလေးရော ဟုတ်လို့လား "
မိုင်ဆွေ့ : " မဟုတ်ရင် ငါတို့က တစ်ဗိုက်တည်းကနေ အတူထွက်လာကြပါ့မလား "
" တကယ် အဲ့လိုပြောခဲ့တာလား "
" ဒါပေါ့ သူမက ဘယ်လောက်ချောရမှာလဲလို့မေးလို့ ငါ့ထက်ချောမှလို့ ပြန်ဖြေလိုက်တော့ လက်လျှော့သွားတော့တာပဲ "
သူမတို့နှစ်ယောက်မှ နားထောင်နေကြသူများသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အဲ့လိုသာဆို သူတို့သုံးယောက်လည်း ကြင်ယာရှာနိုင်မှာကို မဟုတ်တော့ဘူး ။ ဟန်၀မ်ကောက သူ့ညီမထက် ချောတဲ့သူကို လိုချင်ပြီး ဟန်မိုင်ဆွေ့ကကြ သူ့အစ်ကိုကြီးထက်တော်ပြီး သူ့မောင်ထက် စာတော်တဲ့သူကို လိုချင်တာတဲ့ ၊ ဖြစ်ရောဖြစ်နိုင်လို့လား ။
သူမတို့နှစ်ယောက်၏ အရှေ့တန်းနှင့်အနောက်တန်းမှလူများက အခြေအနေအမှန်ကို သိနေကြသဖြင့် မိုင်ဆွေ့တို့အား အီစီကလီမလုပ်ရဲကြတော့ပေ ။
သို့သော်လည်း ထိုမှစကာ ဟန်၀မ်ကောက ချောတဲ့ကောင်မလေးတွေကို ကြိုက်တယ် ၊ ဒါပေမယ့် သူ့ညီမထက်တော့ချောရမယ်ဟူသော စကားက ပျံ့သွားလေသည်။
သို့ဖြစ်၍ မိန်းကလေးများက တ၀မ်ရှေ့တွင် သူ့ထက်ငါအပြိုင် ပိုလှအောင် ပေါ်ပေါ်လာကြသည်။ တ၀မ်အတွက်ကမူ ချောမချောကို လုံး၀ စိတ်ထဲမထားချေ ။ သူ့အမြင်မှာ အားလုံးက မျက်လုံးနှစ်လုံး နှာခေါင်းတစ်ခုနှင့် လူတွေချည်း ဖြစ်နေသည်ကိုး ။ သူ့အမေနဲ့ ညီမကလွဲလျှင် ကျန်မိန်းကလေးများကို တစ်ခါလေးပင် စေ့စေ့မကြည့်ပေ ။
သူ့အမေက အခုဆိုရင် သူ့အတွက် ကောင်မလေးတွေ မိတ်ဆက်ပေးခံနေရရှာပြီဖြစ်သည်။
လင်းလန်က ရုံးတွင် အသက်ငယ်သော်လည် ရာထူးကြီးသူဖြစ်၍ အပြိုင်အဆိုင်များသည်။ သို့သော်လည်း အသက်ကြီးသူများကမူ ဂရုမစိုက်ဘဲ အတင်းပြောကြရသည်ကိုသာ ကြိုက်ကြလေသည်။ အထူးသဖြင့် အတွဲရှာပေးကြရသည်ကို သဘောကျကြသည်။
" ခေါင်းဆောင်လင်းရဲ့သားကြီးက ဒီနှစ်ဆို ဆယ့်ရှစ်နှစ်ပြည့်ပြိိဆို "
လင်းလန် : " ဆယ့်ခြောက်နှစ်ပါ ကျောင်းတက်နေတုန်းပဲရှိသေးတာ အထက်တန်းလေ "
" ဆယ့်ခြောက်နှစ်က မငယ်တော့ပါဘူးအေ ဒီနှစ်ပြီးရင် ကျောင်းထွက်ပြီး ပြည်သူ့လုံခြုံရေးဗျူရိုမှာ ၀င်လုပ်တော့မှာလား " မဟုတ်ရင် လစာလည်းမရဘဲနဲ့ အတည်၀န်ထမ်းလည်း မဟုတ်ဘဲဖြစ်နေမှာပေါ့ ။
" မတွေးရသေးပါဘူး "
တကယ်က တ၀မ်၏ အနာဂတ်ကို ယခင်နှစ်များတည်းက စီစဥ်ထားပြီးသားဖြစ်သည်။
တ၀မ် ကိုယ်တိုင် ရွေးချယ်ထားခြင်းဖြစ်ပေသည်။ ဟန်ချင်စုန့်က တိုက်တွန်းခြင်းမဟုတ်သလို သူမက အတင်းအကြပ်လုပ်ခိုင်းခြင်းလည်း မဟုတ်ပါ ။ ဟန်ချင်စုန့်က ဂရုမစိုက်သလိုနေနေသော်လည်း စစ်သားတစ်ယောက်ဖြစ်ခဲ့တာဖြစ်၍ စစ်တပ်အပေါ် စွဲလမ်းမှုက အနည်းနှင့်အများတော့ ရှိလေသည်။ သို့ဖြစ်၍ သူ့လိုပဲ စစ်ထဲ၀င်ကာ တိုင်းပြည်အတွက် အကျိုးပြုချင်နေသောသားရှိသဖြင့် စိတ်ထဲတွင် ၀မ်းသာနေလေသည်။
အား၀မ်က စာလုပ်ဖို့ပဲစိတ်၀င်စားပြီး စစ်သားလုပ်ရန် စိတ်ကူးမရှိပေ ။ စန်း၀မ်ကလည််း ရေကူးရသည်ကိုသာ ခေါင်းထဲထည့်ပြီး မိုင်ဆွေ့နှင့် ရှောင်၀မ်က လက်မှုကိစ္စများကိုသာ စိတ်၀င်စားကြတာဖြစ်သည်။
သို့သော်လည်း လင်းလန် အပြင်လူများကို ပြောပြမည့်စ်ိတ်ကူးမရှိပါ ။ ဘယ်မိဘမဆို သားသမီးကို ပူပန်ကြတာချည်းပဲလေ ။ ရွာသို့သွားလျှင်လည်း အစားအသောက်ဆင်းရဲမည်ကိုပူကြပြီး မြို့တက်ပြန်ရင်လည်း အသုံးစရိတ်ကို ပူကြပြန်လေသည်။
အစိုးရမပြောင်းလဲရသေးသဖြင့် ကောလိပ်တက်ချင်ပါက အလုပ်အတွေ့အကြုံလိုလေသည်။ သို့ဖြစ်၍ ဘယ်သူကမှ အဝေးကြီးကို မျှော်မတွေးကြတော့ ။
အချို့က အထက်တန်းပြီးပါက အိမ်ထောင်ဘက်ကောင်းကောင်းနှင့် အိမ်ထောင်ချပေးလိုက်ချင်ကြသည်။ ဘယ်သူ့ရဲ့ မိသားစုနောက်ခံကတော့ဘယ်လို လခကဘယ်လောက်ရတာဆိုတာမျိုးပေါ်တွင် လိုက်တွက်ချက်တတ်ကြသည်။ အလုပ်မရှိလျှင်တောင် အစိုးရ၀န်ထမ်းနှင့် အိမ်ထောင်ပြုလိုက်ပါက တစ်လလျှင် အစားအသောက်ကူပွန် ၂၉ပေါင်လောက်ရပြီး အခြားအခွင့်အရေးများလည်း ရနိုင်သေးလေသည်။
စံပြနည်းပညာနှင့်ပညာရေးဌာနမှ ညွှန်မှုး ကျိုးဖုန်းကျဲက လုပ်ဖော်ကိုင်ဘက်များနှင့် သူမ၏ကလေးများကြားတွင် အောင်သွယ်လုပ်ချင်နေသူဖြစ်သည်။
" ခေါင်းဆောင်လင်းတို့မှာက ကလေးတွေများတော့ ၀န်ပေါ့အောင် လုပ်ရမှာပေါ့ "
လင်းလန်နှင့် ဟန်ချင်စုန့်က နှစ်ယောက်လုံးအလုပ်လုပ်နေကြသဖြင့် လစာကောင်းသည်ကို သူတို့သိသည်။ ကလေးတွေလည်း ကြီးလာကြမှာဆိုတော့ သူတို့မှာ စဥ်စားထားတာတွေ ရှိပြီးလောက်ပြီမလား ။
လင်းလန် ခေါင်းညိတ်ပြလိုက်သည်။ " တွေးဖြစ်ပါတယ် "
" လင်းလန် ငါ့ယောက်မရဲ့ တူမလေးကလေ ဂျုံစက်ရုံမှာ လုပ်တာသိလား ဘယ်သူတွေက သမီးတွေကို သေချာပျိုးထောင်ကြလို့လဲ အားလုံးက ပြီးရင် ယောက်ျားယူပြီး ထွက်သွားကြတာပဲမလား ဒါပေမယ့် အဲ့ကောင်မလေးကတော့ တကယ့်ချောချောလှလှလေး ခေါင်းဆောင်လင်းနဲ့တောင် တူသေးတယ်သိလား "
လင်းလန် ဦးရေပြားများ နာလာသလိုပင်။ သူမသားနဲ့ အောင်သွယ်ပေးချင်နေတာကို သူမနဲ့တူတယ်လို့ ပြောနေတော့ ကြောက်ဖို့တောင်ကောင်းတယ် ။
နေ့လယ်စာစားချိန်အတွက် ဘဲလ်တီးသံကို ကြားလိုက်ရ၍ လင်းလန် ထမင်းဘူးဆွဲကာ " ညွှန်မှုးကျိုး ကျွန်မ ပြည်သူ့လုံခြုံရေးဗျူရိုကို သွားလိုက်ဦးမယ်နော် "ဟုပြောပြီး ထွက်လာလိုက်သည်။
ဒီစကား၀ိုင်းကိုသာဆက်နေရင် အား၀မ်အတွက်ပါ ပါလာတော့မလားမသိဘူး ။
ဟန်ချင်စုန့်က အပြင်မှပြန်လာတာဖြစ်၍ ရေနွေးပူပူလေးတစ်ခွက်ကို သောက်နေတာဖြစ်သည်။ လင်းလန်က သူမနောက်မှ ကျားလိုက်လာသလို ပြေးလာနေသဖြင့် " ဘာဖြစ်လို့လဲ " လို့မေးလိုက်မိသည်။
လင်းလန် : " ရှင့်ကိုလွမ်းလို့လေ "
ကောင်းဝေ့တုန်း ၊ လက်ထောက်ညွှန်မှူးလီ : " ! ! ! "
လက်ထောက်ညွှန်မှုးလီ : " ဘေးဘီလေးလည်း ကြည့်ကြပါဦး "
ကောင်းဝေ့တုန်းက ရယ်သည်။
ထိုအခါမှ လင်းလန်လည်း အခန်းထဲ၌ လူနှစ်ယောက်ရှိနေသည်ကို သတိထားမိသွားသည်။ ဖိုင်ထားသည့်ဗီရိုကွယ်နေ၍ သူမ မမြင်မိလိုက်ခြင်းသာ ။ " ခေါင်းဆောင်လီ ခေါင်းဆောင်ကောင်း ကျွန်မက ခေါင်းဆောင်ဟန် နေ့လယ်စာစားပြီးပြီလားဆိုတာကို သိချင်လို့ပါ "
ကောင်းဝေ့တုန်းက ပြုံးသွားသည်။ " ရပါတယ် ခေါင်းဆောင်ဟန်ကို လွမ်းနေတာဆိုလည်း ကိစ္စမရှိပါဘူး ကျုပ်တို့က မနာလိုမဖြစ်ပါဘူး နေ့လယ်စာစားမလို့ဆိုလည်း သွားကြလေ "
ဟန်ချင်စုန့်က ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ထမင်းဘူးကိုဆွဲကာ လင်းလန်နှင့်အတူ ကန်တင်းသို့သွားလိုက်သည်။
လျိုကျန်းယွင်က လာနှုတ်ဆက်ပြီး ဟန်ချင်စုန့်ကိုပြော၏။ " ခေါင်းဆောင်ဟန် ကျွန်တော် စောင့်ကြည့်ခိုင်းထားပြီးပြီ "
ဟန်ချင်စုန့်က ခေါင်းညိတ်ပြသည်။ " အရမ်းမသိသာစေနဲ့ သူ သတိထားမိအောင် မလုပ်လိုက်နဲ့ "
လင်းလန်က ကြည့်သာကြည့်နေပြီး မမေးသော်လည်း ဟန်ချင်စုန့်က ပြောပြလာသည်။
" လျို "
လင်းလန် နားလည်သွားသည်။ သူတို့က လျိုဟောင်ကျဲအကြောင်း ပြောနေကြတာလား ။ ဘာလို့ အထည်စက်ရုံက စောင့်ကြည့်ခံနေရတာလဲ ။
Xxxxx
Part 880
လျိုဟောင်ကျဲက အထည်စက်ရုံ၌ စာရေးလုပ်နေတာဖြစ်သည် ။ ရာထူးက မနိမ့်သဖြင့် အလုပ်များသလို အခြားသူများအတွက်လည်း ကိုယ်စား၀ယ်ပေးတာမျိုး လုပ်တတ်လေသည်။ ဟန်ကျင်းယုက တစ်ခါတုန်းကဆို သူမကိုတောင် လာကြွားသွားသေးတယ် ။
လင်းလန်နဲ့ အား၀မ်က သတိထားမိလိုက်သည်။ ဟန်ကျင်းယုတို့မိသားစုက တိုးတိုးတိတ်တိတ် အရောင်းအ၀ယ် လုပ်နေကြတာဖြစ်ရပေမည် ။
ရွာတွင် အနည်းငယ်လဲလှယ်ခြင်းက ပြဿနာမရှိသော်လည်း မြို့တွင်ကား နည်းနည်းလေးပင် ဖြစ်နေစေခါမူ ဥပဒေနှင့်ငြိစွန်းနိုင်လေသည်။
ယခင်တုန်းက ပို၍တင်းကြပ်ခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်လောက်မှသာ လျှော့ပေါ့ပေးလာတာဖြစ်သည်။
စားပြီးနောက်တွင် လျိုကျန်းယွင်က ပြန်ထွက်သွားသည်။ ဟန်ချင်စုန့်က လင်းလန်နှင့်အတူ လမ်းလျှောက်နေသည်။ အလုပ်မရှုပ်ပါက စားပြီးနောက်တွင် လမ်းလျှောက်ကြသည်က အကျင့်တစ်ခုလို ဖြစ်နေကြပြီဖြစ်သည်။
ထို့နောက် တော်လှန်ရေးကော်မတိီမှထွက်ကာ ရန်မင်းလမ်းတွင် လမ်းလျှောက်နေလိုက်ကြသည်။ လမ်းဘေးရှိ တမာပင်များက အရွက်များမရှိဘဲ ခြောက်ကပ်နေကြသည်။
လမ်းခဏလျှောက်ပြီးနောက်တွင် ဟန်ချင်စုန့်က ပြောသည်။ " လျိုဟောင်ကျဲက တော်လှန်ရေးကော်မတီက လူတော်တော်များများနဲ့ အပေးအယူတွေရှိတယ်ထင်တယ် ကိုယ့်ကိုတော့ တစ်ခါမှ လာမပြောဘူး "
လင်းလန် အံ့အားသင့်သွားမိသည်။ သူမကို အလုပ်အကြောင်း ပြောပြနေတာလား ။ အရင်က အဲ့လိုမပြောဘူးလေ ။ သူမ စိတ်ရှုပ်နေမည်စိုး၍ ပြောပြနေခြင်းပေလော ။ ရှောင်ကျားချွင်ပြဿနာပြီးကတည်းက ဟန်ချင်စုန့်က နည်းနည်းစီ ပြောင်းလဲလာသည် ။
" ဒါဆို သူက ဘယ်လိုလုပ်နေတာလဲ ရှင်ကစပြီး ကူညီပေးမလားဆိုတာကို သိချင်နေတာလား " ခရိုင်သို့ရောက်ပြီးမှ လင်းလန်လည်း သိလာတာဖြစ်သည်။ တော်လှန်ရေးကော်မတီမှလူများသည် ရွာမှလူများထင်ထားကြသလို ရိုးသားဖြောင့်မတ်ကြသူများ မဟုတ်ချေ ။ မည်သည့်နေရာတွင်ပဲရှိနေပါစေ ရုံးတွင်းကိစ္စများက ရှုပ်ထွေးလွန်းလှသည် ။
တော်လှန်ရေးကော်မတီ ၊ လုပ်သားအသင်း ၊ လယ်ယာစိုက်ပျိုးရေးအသင်း အစရှိသည်များအားလုံးက ခရိုင်ပါတီကော်မတီနှင့် ငြိစွန်းနေပြီး အနည်းနှင့်အများတော့ ချိတ်လိုချိတ်နေကြတာဖြစ်သည်။
သို့ဖြစ်၍ အထည်စက်ရုံမှ စာရေးဖြစ်သည့် လျိုဟောင်ကျဲက ထိုအရှုပ်ထဲတွင် ပတ်သက်နေခြင်းက မထူးဆန်းတော့ပေ ။ ဟန်ချင်စုန့် လိုက်မေးကြည့်နေဖို့ မလိုအောင်ကို သေချာပေသည်။
ဟန်ချင်စုန့် : " ကိုယ်လည်း မသေချာဘူး ဒါပေမယ့် တစ်ချို့တွေကတော့ သတိထားမိနေကြတယ် "
" အပေါင်းအဖော်များ "ဟူသည့်စကားလုံးက ပြစ်မှုမတိုင်ခင်တွင် ကောင်းသော်လည်း ပြစ်မှုထဲပါသွားပါက " ကြံရာပါများ " ဖြစ်သွားနိုင်လေသည်။
လင်းလန် : " သူတို့ အတူတူလုပ်နေကြတာလားဆိုတာကို စောင့်ကြည့်နေကြတာလား "
မနှစ်တည်းက ဖန်ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ ၊ အထည်များကို ပိုက်ဆံရှိပါက မှောင်ခို၀ယ်လို့ရနေလေသည်။
နာရီ၀ယ်ချင်လျှင် ပုံမှန်အားဖြင့် ကူပွန်လိုသော်လည်း မှောင်ခိုစျေးကွက်ထဲတွင်မူ တတ်နိုင်ပါက ကြိုက်သလိုရွေး၀ယ်လို့ ရလေသည်။ ပုံမှန်စျေးက ၁၅၀ဆိုလျှင် ၃၅၀ ၄၀၀ အထိ တင်ရောင်းတတ်ကြသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် အထည်စက်ရုံက ကြေညာချက် ထုတ်ပြန်သည်။ အလုပ်သမားများ နည်းပညာရှင်အသစ်များကို ခေါ်ယူမည်ဖြစ်ပြီး အားလုံးဆယ့်နှစ်ယောက်ဟုဆိုသည်။ လုပ်သက်အတွေ့အကြုံသုံးနှစ်ရှိပြီး တပ်မဟာက ထောက်ခံသည်ဆိုပါက နှစ်ကုန်တွင် လာလျှောက်နိုင်သည်ဟု ကြေညာထားသည်။
ရှန်ရွေ့ရွာ၌ ရှန်ယွီသည် ထိုသတင်းကိုကြားသောအခါ တွေဝေနေသည်။
ရွှီတုန်ရှင်း : " ရှန်ယွီ မင်း မလျှောက်ဘူးလား ပျင်းဖို့မကောင်းဘူးလား မင်းကိုကြည့်လိုက်ရင် ဓာတုစက်ရုံမှာချည်းပဲ ကေဒါတွေကလည်း မင်းကို ယုံတာပဲဟာ မင်းသာပြောလိုက်ရင် အကုန်လုပ်ပေးကြမှာပဲဟာ မင်းသွားမှ ငါလည်း လစာရမှာပေါ့ကွ "
ရှန်ယွီက ပြန်မပြောပေ ။
ရွှီတုန်ရှင်းက ဆက်ပြောသည်။ " အဲ့မှာ နှစ်နှစ်လုပ်ပြီးရင် မြို့ကိုပြန်ခွင့်ရမှာလို့ ပြောနေကြတာကိုရော မင်း မကြားဘူးလား "
ရှန်ယွီ : " မြို့ပြန်ရမယ့် သတင်းက ပျံ့နေပေမယ့် ဘယ်သူမှ မှန်မမှန် မသိကြဘူးလေ " ကျေးလက်ဘက်၌ တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ပိုပြီး အလုပ်လုပ်ပြီးနောက်တွင် မြို့ပြန်ကာ အလုပ်လုပ်နိုင်သလို ပညာသင်ရန် ကောလိပ်လည်း တက်လို့ရပြီး စစ်ထဲလည်း ၀င်နိုင်လေသည်။
သူ့ဦးလေးကလည်း သူ့ကလေးတွေရှိသဖြင့် အလုပ်ရှိလာပါက ထိုနေရာကို ရှန်ယွီအား ပေးဖို့မဖြစ်နိုင်ပေ ။
သူ့မိသားစုက ... ပို၍ပင် မဖြစ်နိုင်ပါ ။ သို့ဖြစ်၍ သူ့အားကိုသာ သူကိုးရမှာဖြစ်သည်။
ရွှီတုန်ရှင်းက ဆက်ပြောသည်။ " ခေါင်းဆောင်ဟန်တို့မိသားစုက မြို့တော်နဲ့ အဆက်အသွယ်ရှိတယ်လေ "
ရှန်ယွီ ပြန်ပြောလိုက်သည်။ " မဖြစ်နိုင်တာတွေ ပြောမနေနဲ့တော့ " တ၀မ်တောင် သူ့ကိုယ်သူပဲ အားကိုးနေသည်ကို သူက ယခုလို အနောက်တံခါးမှ၀င်ရန် မတောင်းဆိုချင်ပါ ။ ရှက်ဖို့ကောင်းသလို အခင်အမင်လည်း ပျက်သွားပေလိမ့်မည် ။
ရွှီတုန်ရှင်း : " ဒါဆို မင်းက ဘယ်လိုလုပ်မှာလဲ "
စက်ရုံမှ အလုပ်ခေါ်ခြင်းသည် ရှားသဖြင့် ပညာတတ်သူများနှင့် အရည်အချင်းရှိသူများက စမ်းကြည့်လိုကြသည် ။ ပညာမတတ် ၊ အသုံးမကျသူများကလည်း အချောင်ရလိုရငြား ၀င်ဖြေကြည့်ချင်လိုကြသည်။
နည်းပညာရှင် ၃ဦး ၊ အလုပ်သမား ၉ဦး စုစုပေါင်း ၁၂ဦးဖြစ်သော်လည်း ခရိုင်တစ်ခုလုံး ၀င်ဖြေနိုင်တာဖြစ်၍ အဆက်အသွယ်ရှိသူများကို ဖယ်လိုက်ပါက တစ်၀က်လောက်သာ ဖြေနိုင်မှာဖြစ်ပြီး အောင်ဖို့ကလည်း ခဲယဥ်းလေသည်။ အချိန်ကလည်း ကပ်နေပြီး တစ်လတောင် မရှိတော့သဖြင့် အများစုမှာ သိပ်ပြီးယုံကြည်ချက် မရှိကြပေ ။
ရှုတုန်ရှင်းက လုံး၀မလျှောက်လိုချေ ။ ဓာတုစက်ရုံ၌ လုပ်ရတာက ပိုကောင်းသည်ဟု သူထင်သည်။ လယ်လုပ်စရာလည်းမလိုသလို ကေဒါများကလည်း လေးစားကြပြီး ရိက္ခာလည်း လုံလုံလောက်လောက် ရသဖြင့် ခရိုင်ကိုသွားတာထက် ကောင်းတယ်ဟု သူထင်သည်။
" ထားလိုက်ပါတော့ အလုပ်ပဲ အရင်သိမ်းကြတာပေါ့ " ရှန်ယွီက အရင်ပြန်သွားဖို့သာ ဆုံးဖြတ်လိုက်သည် ။
ရွာသို့အပြန်လမ်းတွင် ယန်ယန်နှင့် ဆုံလေသည်။
" အစ်ကိုကြိိးရှန်ယွီ အလုပ်က ပြန်လာပြီလား " ယန်ယန်က လှမ်းနှုတ်ဆက်သည်။
ယန်ယန်က ပြောစရာရှိသည့်ပုံပေါက်နေသဖြင့် ရှန်ယွီစက်ဘီးရပ်၍ ပြန်နှုတ်ဆက်လိုက်သည်။ " ပြန်လာပြိိီ "
ယန်ယန်က ခေါင်းညိတ်ပြကာ မေးသည်။ " အထည်စက်ရုံက အလုပ်ခေါ်နေတာ အစ်ကိုကြီးရှန်ယွီရော လျှောက်ချင်သေးလား "
ရှန်ယွီ မျက်လွှာချကာ ပြုံးလိုက်မိသည်။ " မတွေးကြည့်ရသေးဘူး "
" ဓာတုစက်ရုံကလူတွေကြောင့်လား "
စက်ကိရိယာနှင့် နည်းပညာအခက်အခဲကြောင့် စက်ရုံက ကုန်ပစ္စည်းအသစ်များ မလုပ်နိုင်သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သို့ဖြစ်၍ သူ ရှိရှိမရှိရှိ အရေးမကြီးပါ ။
" ဒါဆိုလည်း အတူလျှောက်ကြည့်ကြရအောင် "
" မင်းက ကျန်းကျားကျွမ်းမှာ လုပ်နေတာမဟုတ်ဘူးလား "
" ဒေါ်လေးမိန်က အထည်စက်ရုံက နည်းပညာတွေကို သွားသင့်ကြည့်လို့ပြောလို့ "
အထည်စက်ရုံက အလုပ်ခေါ်နေသည်ကို သိသောအခါ လင်းမိန်က ချက်ချင်းပင် ယန်ယန်အား သွားခွင့်ပြုသည်။ ယန်ယန်က အတတ်လွယ်သူဖြစ်၍ အလုပ်လျှောက်ပါက အောင်သွားနိုင်ပြီး အနာဂတ်ကောင်းရနိုင်သည်ဟု လင်းမိန်က ထင်နေသည် ။ ထို့အပြင် အပြင်မှ နည်းပညာများကို သူမ သင်လာပြီးပါက ကျန်းကျားကျွမ်းအတွက်လည်း အဆင်ပြေသဖြင့် ခွင့်ပြုပေးလိုက်တာဖြစ်သည်။
Xxxxx