Part 851
သို့ရာတွင် မည်သို့ ဂရုစိုက်ရမည်နည်း။ သူနှင့် သူမယောကျာ်းက ပြိုင်ဖက်တွေဖြစ်ပြီး ညွှန်မှူးက သူ့လူကိုပဲ အလုပ်ပေးမည်ပင်။
မြောင်ဟုန်ယင်း အနှီမိန်းမလင်းလန်ကို အလွန် စက်ဆုပ်သည်။ ဘာလို့ ဒီလိုဖြစ်အောင် ဆွဲခေါ်နေတာလဲ...ဘာကိုဆွဲခေါ်နေတာလဲ...
အထူးသဖြင့် လင်းလန်က သူမကို လျစ်လျူရှုထားဆဲပင်။
မြောင်ဟုန်ယင်း လင်းလန်၏ လျစ်လျူရှုသောမျက်လုံးများကို မခံမရပ်နိုင်ဖြစ်ပြီး တော်လှန်ရေး မိသားစုဝင်များကို စော်ကားသည့်စကားများဖြစ်သည့် "နင်က သောက်အီးပဲ" နှင့် "နင့်မှာလုပ်စရာမရှိရင် ထွက်သွား" ဟု ရှင်းလင်းစွာပြောခဲ့သည်။
လင်းလန် ရုံးအဆောက် အအုံထဲသို့ဝင်သည်ကို သူမ ပြေးလိုက်သွားခဲ့သည်။
" အရာရှိ လင်း... နင်ကဘယ်လို သဘောထားလဲ ...နင် ရဲဘော်တွေကိုမြင်ရင် မဂ်လာပါလို့ နှုတ်ဆက်ရမယ်...နင့် မျက်လုံးတွေကို ခေါင်းပေါ်တင်လို့ မရဘူး(ဘဝင်မြင့်) ... ရာထူးတိုးဖို့ အလုပ်သမားတစ်ယောက်ရဲ့ နှိမ့်ချမှုကို ထိန်းထားရမယ်..."
"ပါးစပ်ပိတ်ထားးး..."
လင်းလန်က စိတ်မရှည်တော့ပေ။
မြောင်ဟုန်ယင်း ခဏလောက် အေးခဲသွားပြီး ပို၍ပင် စိတ်တိုသွားသည်။
"နင်ငါ့ကို ပါးစပ်ပိတ်ထားဖို့ ပြောတယ်ပေါ့... နင်က အစိုးရ အရာရှိ... ငါက စက်ရုံကေဒါလို့တော့မပြောနဲ့... ငါက တော်လှန်ရေးမိသားစုအတွက် အလုပ်လုပ်တဲ့ လူတွေကိုပဲ ပြောတာ....."
"ရှင့်ဓားကို ဝေးဝေး ဖယ်ပေးပါ"
လင်းလန်က ရုံးခန်းထဲဝင်ရန် တံခါးကိုတွန်းဖွင့်လိုက်၏။
မြောင်ဟုန်ယင်းကပြေးလာပြီး သူမလမ်းကို ပိတ်ကာဆိုလေသည်။
"ဓား... ဘယ်လိုဓားမျိုးလဲ...နင်က ငါ့ကို ဆဲလိုက်တာ... ဓားက ဘယ်မှာလဲ"
လင်းလန်က မျက်မှောင်ကြုတ်ကာ သူမကို စိုက်ကြည့်လျက် သူမပါးစပ်ကို လက်ညှိုးထိုးပြကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"လေ ပန်း နေတာကိုပြောတာ"
မြောင်ဟုန်ယင်းက သူမ ဘာကိုဆိုလိုသည်ကို နားမလည်ဘဲ လင်းလန်က သူမကို အနိုင်ကျင့်ပြီး ပညာမတတ် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးဖြစ်သည်ကို အထင်သေးသည်ဟုရေရွတ်နေသည်။
"နင် ဘာကိုဆိုလိုတာလဲ...ဘာကိုဆိုလိုတာလဲ"
လင်းလန်က လေးလေးနက်နက်ပြောလိုက်၏။ "ရှင်တွေးနေတဲ့အတိုင်းပဲ"
ထိုအချိန်တွင်အခန်းတွင်းရှိ တစ်စုံတစ်ယောက်က တံခါးကို အတင်းတွန်းဖွင့်လာကာ မြောင်ဟုန်ယင်းကို လဲလုနီပါး ဖြစ်သွားစေသည်။
မြောင်ဟုန်ယင်းက ခေါင်းလှည့်၍ ကောင်းဝေ့တုန်းကိုကြည့်ပြီး နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားသည်။
လင်းလန် : "ညွှန်မှူးကောင်း...ညွှန်မှူးဟန်ရှိလား "
ကောင်းဝေ့တုန်းက ပြုံးပြီး
"ဝင်ခဲ့...ညွှန်မှူးဟန်က ခဏနေ ပြန်လာမှာ"
လင်းလန် ဟန်ချင်စုန့်၏ ထိုင်ခုံဆီသွားပြီး ထိုင်လိုက်၏။
နောက်ဆုံးမှာ ဒုတိယညွှန်မှူး သုံးဦးသည် ရုံးခန်းတစ်ခုတည်းတွင် အတူတူသုံးလိုက်ကြသည်။ လက်ထောက်ညွှန်းမှူလီက ဟန်ချင်စုန့် နှင့်ကောင်းဝေ့တုန်းတို့ကို တစ်ခန်းနေမည်ကို သဘောမတူသောကြောင့် နံရံကိုဖြိုခဲ့ကာရုံခန်းတစ်ခုတည်းတွင် လူ 3 ယောက်နေခဲ့ကြသည်။
ကောင်းဝေ့တုန်းက လင်းလန်အတွက် လက်ဖက်ရည်ဇတစ်ခွက် ငှဲ့ပေးပြီးဆိုလေသည်။
“ဒီမှာ အဆင်ပြေရဲ့လား”
လင်းလန်က ပြုံးပြီး
“အဆင်ပြေပါတယ်”
ဆရာနှစ်ဦးက လက်သမားကို ဦးဆောင်၍ ကိရိယာတန်ဆာပလာတွေကို ပြုပြင်ခဲ့ကြပြီး အရောင်တင်ကျောက်မုန့် နှင့်တခြား ကိရိယာများကိုလည်းရရှိခဲ့၏။ ကျောက်မျက်ရတနာများကို အရောင်တင် ဖြတ်တောက်လိုပါက အခြားကိရိယာများ မလုံလောက်ပါက အခက်ခဲဆုံးဖြစ်သည့်အရောင်တင်ကျောက်မှုန့်ကိုသာ အသုံးပြုနိုင်သည်။ ရှေးခေတ်က လက်ဖြင့်ပြုလုပ်ပြီး တိုးတက်မှု အလွန်နှေးကွေးခဲ့သည်။ယခု သူတို့က လျှပ်စစ်မီးရပြီဖြစ်၍ လျှပ်စစ်လှည့်ကွက်များ သို့မဟုတ် လွှဓါးများဖြင့် ဖြတ်ရသည်မှာ အချိန်နှင့် လုပ်အားကို သက်သာစေသည်။
လုံလောက်အောင် ပြီးပြည့်စုံခြင်း မရှိသေးဘဲ ဖြည်းဖြည်းချင်း တိုးတက်ရန် လိုအပ်၏။
ထိုအချိန်တွင် ဟန်ချင်စုန့်အပြင်မှ ပြန်ရောက်လာပြီး လင်းလန်က ပြတင်းပေါက်တွင် ရပ်ကာလက်ပြ လိုက်သည်။
"စန်းကော အိမ်ပြန်လို့ရလား"
ဟန်ချင်စုန့်က ခေါင်းညိတ်ပြပြီး ရုံးခန်းကို သိမ်းတန်သည်သိမ်း ရှင်းတန်သည်ရှင်းရန် လျှောက်လာခဲ့သည်။ လင်းလန် မနက်ဖြန် ခရိုင်သို့ မလာဘဲ ချင်ရှီကွန်မြုနတီသို့ သွားမည်ဖြစ် သောကြောင့် ခရိုင်သို့မရောက်ဖြစ်ပေ။ မည်သို့ပင်ဖြစ်စေ အစည်းအဝေးမရှိလျှင် သူမလာလည်း ကိစ္စမရှိပါချေ၊
ကောင်းဝေ့တုန်းက အားကျစွာပြောလိုက်၏။
"ညွှန်မှူးဟန်.... မင်းလုပ်သလို ဘဝနဲ့ အလုပ်နဲ့ လိုက်ဖက်တဲ့ တခြားလူ မရှိဘူး"
ဟန်ချင်စုန့်က သူ့ကိုလှမ်းကြည့်သည်။
"မဆိုးပါဘူး"
ကောင်းဝေ့တုန်း : "..."
မင်းက တကယ်ကို မောက်မာတဲ့သူ...
ဟန်ချင်စုန့် လင်းလန်ကို အိမ်သို့ ဦးစွာခေါ်သွားခဲ့သည်။ ယခုအချိန်တွင် လယ်ကွင်းများသည် ဆောင်းဦးပြောင်း၊ ကန်စွန်းဥနှင့် မြေပဲရိတ်သိမ်းမှုများတွင် အလုပ်များနေဆဲဖြစ်သည့်တွက် အလုပ်ရှုပ်သော မြင်ကွင်းဖြစ်နေသည်။
သူတို့အိမ်ပြန်ရောက်သောအခါ တဝမ်၊မိုင်စွေနှင့်အားဝမ်တို့လည်း ကျောင်းကပြန်လာ၏။
သူတို့က ဆောင်းဦးရာသီအားလပ်ရက် ပြီးဆုံးပြီး အလယ်တန်း ဒုတိယနှစ်သို့ ဝင်ရောက်ကာ ဝင်ခွင့် စာမေးပွဲကို လောလောလတ်လတ်မှ ဖြေဆိုထားသည်။
"မားမား... ပြီးခဲ့တဲ့နှစ်ဝက်က ပြိုင်ပွဲအတွက် ဆုတွေ ရခဲ့တယ်"
မိုင်စွေ့က မှတ်စုစာအုပ်များ၊ ဘောပင်များနှင့် ဖောင်တိန်များ အပါအဝင် လက်မှတ်များနှင့် ဆုများကို ပျော်ရွှင်စွာ ထုတ်ယူခဲ့သည်။
လင်းလန်က လက်မှတ်ကို ဂုဏ်ယူဝမ်းသာစွာ ကိုင်ကြည့်လိုက်၏။ ကလေးတွေက ထူးချွန်ပြီး ဆုတွေ အများကြီးရခဲ့ပေမဲ့ လင်းလန် သူတို့ကို ဂုဏ်ပြုသည့်အကြိမ်တိုင်း ပထမဆုံးအကြိမ်ကဲ့သို့ ပျော်မိသည်။
"အိုး အစ်ကိုကြီးလည်း ဆုရထားတာပဲ...တော်လိုက်တာ"
လင်းလန် တဝမ်လည်းရမည်ဟု မမျှော်လင့်ထားပေ။
ဤပြိုင်ပွဲ၏ အကြောင်းအရာသည် စန်းဝမ် နှင့်လည်း သက်ဆိုင်လေသည်။ ၎င်းသည် အာရှအားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ ပထမဆုံးပါဝင်မှုအကြောင်းဖြစ်သည်။ ဇာတ်ကြောင်းနှင့် အငြင်းအခုံပြုရသော စာစီစာကုံးများတွင်ကန့်သတ်ချက်မရှိပါချေ။
မိုင်စွေ့က "ကျွန်ုပ်တို့မိသားစု၏ချန်ပီယံတိတိ"ရေးခဲ့သည်။စန်းဝမ်က ထိုအချိန်၌ ချန်ပီယံဆုမရသေးပေမဲ့ သူမ၏မောင်က သူမ၏ရင်ဘတ်ထဲက ချန်ပီယံလေး ဖြစ်ခဲ့၏။ သူမ သူ၏ ကြီးထွားလာမှုနှင့်ရေကူးခြင်းအပေါ် စိတ်အားထက်သန်မှုအကြောင်းကို ရေးခဲ့သည်။လူတွေ၏ ပျော်ရွှင်မှုနှင့် အပြန်အလှန် ခံစားချက်များသဘ် သာမန်လူများ၏ အိမ်များမှတဆင့် လူ့အဖွဲ့အစည်းအထိ ရောင်ပြန်ဟပ်နေသည့်အကြောင်းလည်းပါ၏။ အစိုးရ၏ အားကစားကို အလေးထားမှုနှင့် နိုင်ငံတကာ နယ်ပယ်ကို ပြန်သွားလိုသည့် ဆန္ဒတို့လည်းထည့်သွင်းရေးသားခဲ့သည်။
စကားလုံးပေါင်း 2500 ပါ၀င်ပြီး တစ်လုံးတစ်လေမှ မဖြုန်းတီးခဲ့ပေ။
အားဝမ်က အမျိုးသားရေးအခြေအနေများနှင့် နိုင်ငံတကာအခြေအနေများကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပြီး ကွန်မြူနစ်ဝါဒ၏ ဦးတည်ချက်အပေါ် သူ၏ခန့်မှန်းချက်ကို ဆွေးနွေးခဲ့သည်။
တဝမ် အစက မရေးချင်ပေမဲ့ မိုင်စွေ့နှင့်အားဝမ်
တို့က အာရှအားကစားပြိုင်ပွဲနှင့် ပတ်သက်နေသောကြောင့် သူ့ကို ရေးစေချင်ခဲ့သည်။
တဝမ် ရေးသည့်စာက သူနားလည်ထားသည့်အတိုင်းဖြစ်၏။ နိုင်ငံတစ်ခု ခိုင်မာတောင့်တင့်ရန်အတွက် စိုက်ပျိုးရေးနှင့် စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရုံသာမက ပညာရေးနှင့်အားကစားကိုပါ ဖွံ့ဖြိုးတိုးတက်စေရမှာ ဖြစ်လေသည်။ ပိုအရေးကြီးသည်က ကျောထောက်နောက်ခံအနေဖြင့် ခိုင်မာသည့် စစ်အင်အားရှိရပေမည်။ အဆင့်မြင့်လက်နက်များ၊ လက်ရွေးစင်တပ်များနှင့် သစ္စာရှိမှုနှင့် ယုံကြည်ချက်အပြည့်ရှိသော သံမဏိတပ်သားစိတ်ဓာတ်တို့က မရှိမဖြစ်ပါပင်။
Xxxxxx
Part 852
မူလက ခရိုင်အတွင်း ယှဉ်ပြိုင်မှုတစ်ခုမျှသာဖြစ်သော်လည်း ခရိုင်ပညာရေးကော်မတီက ၎င်းတို့ကိုမြင်တွေ့ပြီးနောက် အလွန်ကောင်းသည်ဟု ထင်ပြီး ခရိုင်နှင့်ခရိုင်ကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့ကြောင့် ကလေးသုံးယောက်၏ စာစီစာကုံးများကို ပြည်နယ်ပညာရေးကော်မတီထံ တွန်းပို့လိုက်ကြောင်း လင်းလန်တို့မိသားစုက မသိခဲ့ပေ။
ဤကလေးသုံးယောက်ရေးသော ဆောင်းပါးများသည် ယနေ့ခေတ်ကလေးများ၏ အသိပညာထက် အဆပေါင်းများစွာ ကျော်လွန်ပြီး ပညာတတ်လူကြီးများစွာကိုပင် ကျော်လွန်နေသည်ဟု ဆရာများစွာက ယုံကြည်ကြသည်။ ပိုတန်ဖိုးကြီးသည်က လက်ရှိမူဝါဒများနှင့် ပတ်သက်ပြီး မကျေနပ်မှုများ၊ မြှောက်ပင့်ပြောဆိုမှုများ မရှိသလို နိုင်ငံခြားအင်အားကြီးနိုင်ငံတွေကို မကြောက်လန့်ပါဘဲ လူငယ်တွေ၏ တက်ကြွမှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့ အပြည့်ရှိလေသည်။
ဆယ်ကျော်သက်အရွယ်၏ ကလေးဆန်မှုများ ပါ နေဆဲဖြစ်သော်လည်း ၎င်းသည် ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်နေဆဲဖြစ်သည်။
လင်းလန် : "စာစီစာကုံးကို အကြမ်းမပျောက်စေနဲ့... အိမ်က သတင်းစာထဲထည့်ညှပ်ထားလိုက်"
လင်းလန် အခုတလော အလုပ်နေသဖြင့် ကလေးတွေကို ဤတစ်ကြိမ် စာစီစာကုံးဖတ်ရန် မကူညီခဲ့ပေ။ သူတို့အားလုံး သူတို့ဘာသာ ပြီးအောင် လုပ်ခဲ့ကြသည်။
မိုင်စွေ့က ရယ်ပြီးပြော၏။
"မားမား.. မပျောက်ပါဘူး...သမီး သိမ်းထားလိုက်ပြီး နောက်မှ ထည့်လိုက်တာ"
ရှောင်ဝမ်က အပြင်ကနေ အိမ်ထဲကို ပြေးလာပြီးဆိုသည်။
"မားမား... ရှန်းတိ ဘယ်တော့ ပြန်လာမှာလဲ...သူ သိုးကို ဖုန်း ခေါ်သေးလား"
လွန်ခဲ့သည့်ရက်များက ရှောင်ဝမ်ရုတ်တရက် သွားသုံးချောင်း ကျိုးသွားခဲ့ပြီး သူ့စကားက မပီဖြစ်သွား၏။ သူ့အမေက သိုးတစ်ကောင်ဖြစ်သွားပြီး တတိယအစ်ကိုဖြစ်သူမှာ ရှန်းတိ ဖြစ်သွားသည်။
ငယ်စဉ်ကပင် အာဟာရချို့တဲ့မှုကြောင့် သူ့သွားပေါက်သည်က အခြားကလေးများထက် နှေးကွေးကာ သေးသေးကွေးကွေးလေးဖြစ်၏။ လင်းလန်က နောက်ပိုင်းတွင် သူ့ကို အာဟာရဖြည့်စွက်စာများလုပ်ပေးခဲ့သဖြင့် ပိုကောင်းလာခဲ့သည်။သို့ရာတွင် အခြေခံအုတ်မြစ်က ဆိုးသည့်အတွက် ငယ်သွားလဲသည်က နှောင့်နှေးခဲ့၏။အစမှာ မကျိုးဘဲ ကျိုးသည်အခါတွင်လည်း သွားအများအပြား တစ်ခါတည်းကျွတ်ကျလာတော့သည်။
သွားတွေ ဆုံးရှုံးပြီးနောက်၊ လေယိုစိမ့်မှုကြောင့် ဘာဂျာနဲ့ ပုလွေမှုတ်ရသည်မှာ အဆင်မပြေတော့ပါချေ။
ထုံးစံအတိုင်း လင်းလန်က သူ့မျက်နှာလေးကို ကိုင်ပြီး ကြည့်လိုက်သောအခါ အပေါ်သွားတွေက ဖြူဖွေးနေသည့် ထိပ်ဖျားလေးများ ပေါ်လာပြီး သိပ်မကြာခင်မှာပဲ အပြည့်အဝ ကြီးထွားလာမည့်ပုံပေါ်၏။အနှီသွားနှစ်ချောင်းက အတွဲခုတ်နေပြီး ရက်အနည်းငယ်ကြာသည့်အထိ ပေါက်ရန် ငြင်းဆိုခဲ့သည်။ သူမ စိတ်အတော်လေးပူနေသောကြောင့် ပေါက်မပေါက်သိအောင် နေ့တိုင်း စစ်ဆေးခဲ့ရ၏။
သူမက ပြုံးပြီးပြောလိုက်သည်။
"၁၈ ရက်နေ့ကျရင် မားမားမှာ အလုပ်တွေရှိသေးတယ် ...တရုတ်နှစ်သစ်ကူးမတိုင်ခင် အိမ်ပြန်လို့မရဘူး... လုပ်တာတော့ အိမ်မှာပဲ တရုတ်နှစ်သစ်ကူးပွဲလုပ်မှာပါ"
သူတို့အာရှအားကစားပြိုင်ပွဲကို အာရုံစိုက်နေခဲ့ကြပြီး ရေဒီယိုနားထောင်ခြင်းနှင့် သတင်းစာဖတ်ခြင်းတို့ကနေ အာရှအားကစားပြိုင်ပွဲက စက်တင်ဘာ 16ရက်တွင် ပြီးဆုံးကာ တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ 18ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိခဲ့ရသည်။
ထိုအချိန်တွင် ဒုဥက္ကဌသန်း နှင့် ဒုဥက္ကဌဟွားတို့က မြို့တော်လေဆိပ်တွင် တရုတ်အသင်း၏ အောင်ပွဲနှင့်ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုနှုတ်ဆက်ရန်အတွက် အားကစားတာဝန်ရှိသူများကို ဦးဆောင်ခံသည်။ People's Daily၊ Sports Daily နှင့် အခြားသော သတင်းစာများတွင် စာမျက်နှာ အပြည့်အစုံကို အသုံးပြု၍ ဤကြီးကျယ်ခမ်းနားသောပွဲအတွက် သတင်းပေးပို့ခဲ့ကြ သည်။
စန်းဝမ် ပေကျင်းသို့ ပြန်ရောက်ပြီး နောက်တစ်နေ့တွင် လင်းလန်ကို ဖုန်းဆက်ပြီး နှစ်ကုန်တွင် နှစ်သစ်ကူးအတွက် အိမ်ပြန်လာမည်ဟု လင်းလန်ကို ပြောပြခဲ့သည်။
သို့ရာတွင် လွန်ခဲ့သည်ရက်အနည်းငယ်က သူမကို ဖုန်းမခေါ်သေးသည့်အတွက် သူတခြားကိစ္စတွေနှင့် အလုပ်ရှုပ်နေနိုင်၏။
ရှောင်ဝမ် : "ဒါဆို သား ရှန်းတိဆီကို စာတွေ ဆက်ရေးလိုက်ဦးမယ်"
ယခု သူက စန်းဝမ်ဆီကို မကြာခဏ စာတွေ ရေးတတ်သည့်အတွက် မိသားစုမှာ ပင်မစာရေးဆရာဖြစ်နေလေပြီ။ ရှောင်ဝမ်၏ တရုတ်စာက လျင်မြန်စွာ တိုးတက်လာပြီး သာမန်စကားလုံးများကက အလယ်တန်းကျောင်းသားတွေထက် အများကြီး ပိုကောင်း၏။
စန်းဝမ်အတွက် "အားကစားသမားလေး" သီချင်းကိုလည်း သူရေးခဲ့သည်။ယခုသူက ဘာဂျာနှင့် ပုလွေ မလိုအပ်ဘဲ အကော်ဒီယံကို တီးခတ်နေသည်။စန်းတိ ပြန်လာသောအခါ စန်းတိအတွက် သူတီးပေးမည်ဖြစ်သည်။
လင်းလန်က မိုင်စွေ့ကိုခေါ်၍ ထမင်းချက်ကာ ဟန်ချင်စုန့်က သူ၏သားသုံးယောက်ကို ခေါ်၍ ထုတ်လုပ်ရေးအဖွဲ့ကို ကောက်နှံစုဆောင်းရန် သွားကူညီခဲ့သည်။
ပြန်လာသည့်အခါ ညစာစားကြ၏။ မူလက ဟန်ချင်စုန့်နှင့်လင်းလန်က မျက်နှာချင်းဆိုင်ထိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူက လင်းလန်၏ဘေးတွင်ထိုင်ကာ တဝမ်က ၎င်းတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ခဲ့သည်။
(ဪ ဖီဖီရယ်)
ထိုင်ပြီးနောက် ရှောင်ဝမ်ကမေးလာသည်။
"မားမား...ရှန်းတိရတဲ့ ရွှေတံဆိပ်က ရွှေလို့ ထင်လား"
လင်းလန်က ပြုံးပြီး တမင်တကာ သူ့ကိုစလိုက်၏။
"အင်း... အဲဒါက ဖြစ်သင့်တယ်လို့ထင်တယ်... အဲရွှေတံဆိပ်လို့ခေါ်တယ်မဟုတ်ဘူးလား"
လင်းလန် ၏အမူအရာကိုမြင်ပြီး ရှောင်ဝမ် မယုံပါချေ။ သူက ငယ်စဉ်ကပင် လှည့်စားရန် မလွယ်ကူခဲ့ပေ။
သူ့အစ်မနှင့်ဒုတိယအစ်ကိုက အများကြီးသိသဖြင့် သူအားဝမ်ကိုမေးလိုက်သည်။
"အစ်ကို...မင်းဘယ်လိုထင်လဲ"
အားဝမ်က ပြုံးပြီးပြော၏။
"ငါအချက်အလက်တွေဖတ်ပြီးပြီး... ရွှေတွေပါပုံရတယ်.. ဒါပေမဲ့ အဲဒါကရွှေချည်းမဟုတ်တာတော့သေချာတယ်... ဂုဏ်က သူ့တန်ဖိုးထက် ကြီးတယ်လေ"
ရှောင်ဝမ်က ခေါင်းညိတ်သည်။
"တော်တော်လေး ကပ်စေးနဲတာပဲ...ငါသာ လူတွေကို လာပြိုင်ခိုင်းရင် ရွှေပေးမယ်"
မိုင်စွေ့က ရယ်ပြီးပြောလိုက်၏။
"မောင်လေး... ရွှေကိုမြင်ဖူးလို့လား"
သူတို့က ကျောက်ကောက်ကြသူများဖြစ်သော်လည ရွှေကို ယခင်က မတွေ့ဖူးကြပါချေ။
ရှောင်ဝမ်က ဂုဏ်ယူစွာဆိုလေသည်။
"ခရိုင်ကော်မတီမှာ ရွှေသွားတွေ အများကြီးတွေ့ဖူးတယ်...ကောက်ပြီးတောင်ကြည့်လိုက်သေးတယ်"
တဝမ်: "မင်းမစားချင်ဘူးလား"
ရှောင်ဝမ်က တဝမ်ကို ထိတ်လန့်စွာကြည့်ကာ သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းပြီးပြော၏။
"အစ်ကိုကြီး... လုံးဝကို မစားချင်ပါဘူးနော်... အကျိုးသက်ရောက်မှုကို သိအောင် လုပ်ကြည့်ရုံပါ"
လွန်ခဲ့သည့် ရက်အနည်းငယ်က ဟောင်းနွမ်းသွားသော်လည်း တစ်ခါမှအသုံးမပြုရသေးသည့်ရွှေသွားများကို တွေ့ခဲ့ရသည်။ သူ့ရှေ့သွားများက မရှည်သောကြောင့် ရှောင်ဝမ် ထိုရွှေသွားများအကြောင်းသိချင်ခဲ့၏။ ရွှေသွားများကို မြှောက်ကာ မှန်ပြတင်းပေါက်ဘက်ကို ချိန်လျက် သူ့သွားများကြားတွင် ထားလိုက်သည်။
(မှန်ထဲကအရိပ်မှာ ထားကြည့်တာပါ)
ထိုအချိန်တွင် တဝမ်က သူ့ကိုဖျက်ခနဲမြင်လိုက်ပြီး ဂျယ်လီစေ့ထင်ပြီး စားတော့မည်ထင်ကာ ရှေ့သို့ အပြေးအလွှား သွားကာ အဝေးမှ လှမ်းဆွဲလိုက်သည်။
ရှောင်ဝမ် ပြောပြီးသောအခါ "ဟားဟား..."ဟု ကလေးများ ရယ်မောကြသည်။
တဝမ်၏ မျက်နှာက မည်းမှောင် နေသည်။
ရှောင်ဝမ် : "အစ်ကို... ငါက အဲ့လောက်မတုံးပါဘူး... မင်းက စိတ်ပူလွန်းနေတယ်"
လင်းလန်က ဂျုံယာဂုပန်းကန်ကို ကိုင်လိုက်ပြီး သူမ မရယ်အောင် ထိန်းနေ၏။သူမထလိုက်သောအခါ သူမလက်ထဲရှိ ပန်းကန်လုံးက တုန်ခါသွားပြီး စားပွဲပေါ်ပြုတ်ကျတော့မလိုဖြစ်သွားသည်။
ဟန်ချင်စုန့်က ယာဂုပန်းကန်ကို အမြန်ဆွဲယူပြီး စားပွဲပေါ်တင်လိုက်သည်။
Xxxxx