အပိုင်း ၈၄၉-၈၅၀
Viewers 40k

Part 849


"ဗဟိုပြည်သူ့အသံလွှင့်ဌာနကို နားသောတဆင်သူများရှင်... ဒါက တီဟီရန်မှာကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲ  ကွင်းပါ... အာရှအားကစားပြိုင်ပွဲကြီး ပြီးဆုံသွားပါပြီ... ကျွန်မတို့ အားကစားသမားတွေက ဒီနှစ်မှာ ရွှေ ၃၅ ခု၊ ငွေ ၆၄ ခုနဲ့ ကြေးတံဆိပ် ၂၇ ခု ဆွတ်ခူးထားပါတယ်... (၇)ကြိမ်မြောက် အီရန်အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၆ ရက်က အောင်မြင်စွာကျင်းပခဲ့ရာမှာ တရုတ်အသင်းက ပထမပွဲစဉ်ကို အနိုင်ရရှိခဲ့ပြီး ထိုအချိန်မှစတင်ကာ နိုင်ငံလက်ရွေးစင်အသင်းအား နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်...  ၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာလေးနှစ်အတွင်း ရလဒ်တွေ ပိုတောင် ကောင်းလာပါလိမ့်မယ်ရှင်” 


ရုပ်သံထုတ်လွှင့်မှုတွင် နေ့စဉ်အာရှအားကစားပြိုင်ပွဲ၏ အဖြစ်အပျက်များ၊ တရုတ်နိုင်ငံမှ ရရှိခဲ့သည့် ရွှေတံဆိပ်များနှင့် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်များကို ထုတ်လွှင့်ပြသလျက်ရှိသည်။


ငါးပျံလေး သည် မီတာ 100 ဖားကူးပြိုင်ပွဲတွင် ရွှေနှင့် မီတာ 50 ဖားကူးပြိုင်ပွဲတွင်ငွေတံဆိပ်ရရှိခဲ့သည်။


လီကျန်းက အမျိုးသားသုံးမီတာဒိုက်ဗင်ထိုးပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။


တရုတ်ရေပိုလိုအသင်းသည် 'အိတ်ထဲသို့ ရွှေတံဆိပ်နှစ်ခုထည့်ကာ မျက်နှာသာအတွက် တစ်ခုယူပါ"ဟူသော ဒုဥက္ကဌသန်း၏ ညွှန်ကြားချက်ကို လိုက်နာကြောင်း မှတ်သားထိုက်ခဲ့သည်။


အီရန်နိုင်ငံတစ်ဝန်းလုံးက အဆိုပါရွှေတံဆိပ်ကို မျှော်လင့်စောင့်စားနေကြသည်။ ချန်ပီယံဆုရရှိချိန်တွင် တက်ရောက်လာကြသည့် အားကစားတာဝန်ရှိသူများက အီရန်ကစားသမားများနှင့် ဂုဏ်ပြုပွဲနွှဲရန်အတွက် ဝတ်စုံများဖြင့် ရေကူးကန်ထဲသို့ ခုန်ဆင်းကာ တရုတ်အသင်းအား ကျေးဇူးတင်ကြောင်း ရိုးသားစွာ ပြောကြားခဲ့သည်။


တရုတ်အသင်း ပြန်ရောက်သည့်နေ့တွင် အီရန်မင်းသား ဂူလမ်က ၎င်း၏ ဇနီး၊သမီးတို့နှင့်အတူ လာရောက်တွေ့ဆုံကာ တရုတ်ကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲနှင့် ဟဲဗီးဝိတ်အားကစားသမားများနှင့် တစ်ဦးပြီးတစ်ဦး လက်ဆွဲနှုတ်ဆက်ခဲ့သည်။


ဟင်နရီက အကြိမ်အနည်းငယ် တိုးဝင်ခဲ့သော်လည်း အီရန်ရဲများက တားဆီးထားခဲ့ပြီး စိုးရိမ်တကြီး အော်ဟစ်နေခဲ့သည်။


သူ ဒီကို သီးသန့် ဓာတ်ပုံရိုက်ဖို့ပဲ လာတာပါကွာ...


အဆုံးမှာတော့ နည်းပြပြန့်က အချက်ပြသဖြင့် ရဲတွေက သူ့ကို ဝင်ခွင့်ပေးလိုက်သည်။ သူ ခြေလှမ်းကျဲများဖြင့် လူအုပ်ဆီ ပြေးသွားပါတော့သည်။


ရလဒ်အနေနှင့် သူ “ဘုန်း” ခနဲ မြေကြီးပေါ်သို့ လဲကျသွားသည် ။


 ဤရုတ်တရက်ပြောင်းလဲမှုသည် စန်းဝမ် နှင့် လက်ဆွဲနှုတ်ဆက်နေသောလူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။


 ဟင်နရီက ချက်ချင်းပဲအော်ပြောလိုက်၏။


"ချီးယားစ်"


ထို့နောက် လက်ဆွဲနှုတ်ဆက်နေသော မက်တီ နှင့် စန်းဝမ်ကို ရှပ်တာနှိပ်လိုက်သည်။


ကံကောင်းထောက်မစွာက သူလဲကျနေကျဖြစ်ပြီး လဲကျလျှင်ပင် ကင်မရာကို အလိုလိုကာကွယ်ပေးမှာဖြစ်သဖြင့် ဒူးနာသည်ကလွဲ၍ ကင်မရာက ဘေးကင်းလေသည်။


စန်းဝမ်နှင့် မက်တီတို့က ကျယ်လောင်စွာ ရယ်မောကြ၏။


 "ဟင်နရီ...ခင်ဗျားက အရမ်းဉာဏ်ကောင်းတာပဲ" 


လဲကျသွားပြီးနောက် ဓာတ်ပုံရိုက်ဖို့ လှဲအိပ်လိုက်တယ်...ဟားဟား...


ဟင်နရီက ထော့နဲ့ထော့နဲ့ဖြင့်လာကာဆိုသည်။ “မင်းတို့ရဲ့ ခင်မင်ရင်းနှီးမှုထဲမှာ ငါ နစ်မွန်းသွားတာ"


မက်တီက သူမလည်ပင်းမှ ကျောက်နီများ ချိတ်ထားသော ကြိုးကို ချွတ်လိုက်ပြီးပြောလေသည်။


 “ဟန်ဝမ်မင်...နင်က ငါ့ကို ချစ်ကြည်ရေးကျောက်တုံးပြာ ပေးတယ်... ငါလည်း နင့်ကို ချစ်ကြည်ရေး ကျောက်နီပေးမယ်"


ဟင်နရီ မက်တီလည်ပင်းမှာ ချိတ်ဆွဲထားသည့် အပြာရောင်ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရသည်။ အမ်း...အခြေအနေက မဆိုးပါချေ။ မှန်သည်ပင်၊သူမ စန်းဝမ်ကိုပေးခဲ့သည့် ငွေကြိုးနှင့်ချည်ထားသောကျောက်နီနီက   အရည်အသွေး ပိုကောင်းပြီး နေရောင်အောက်မှာ တလက်လက်တောက်ပနေ၏။


စန်းဝမ်က ခေါင်းငုံ့ပြီး သူမကို သူ့ကိုယ်ပေါ်မှာ ဝတ်ခိုင်းလိုက်သည်။


 "ကျေးဇူးတင်ပါတယ် မက်တီ... အခွင့်အရေးရရင် တရုတ်ပြည်ကို လာလည်ဖို့ ကြိဆိုချင်ပါတယ်"


မက်တီက ပြုံးကာ ပါးစပ်ကို အုပ်လျက်ဆို၏။

 "ငါသိပါတယ်...ငါ့ကို မြင်းခွာလို့ မခေါ်ရဘူးနော်"


 စန်းဝမ်က ရှက်ရွံ့ကာ မျက်နှာနီနေသော ခေါင်းကိုကုတ်ပြီး ပြုံးလိုက်သည်။


စန်းဝမ် ယခင်က မထိန်းနိုင်ဘဲ ဟင်နရီနှင့် လီကျန်းက အဘယ်ကြောင့် ချောမောလှပသော မိန်းကလေးကို မြင်းခွာ ဟုခေါ်သနည်းဟု တိတ်တိတ်လေး မေးခဲ့၏။သို့သော်လည်း စန်းဝမ်က အင်္ဂလိပ်လိုညံ့ပြီး နားမလည်ကြောင်းကိုသိသဖြင့် ဟင်နရီက ဂရုမစိုက်ပေ။


သို့ရာတွင် လီကျန်းကမူ  ၎င်းကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ချေ။


ဒေါက်ဖိနပ်အကြောင်း စဉ်းစားရင်တောင် ကိုယ့်သမိးကို မြင်းခွာလို့ ဘယ်သူက နာမည်ပေးမှာလဲ...


"သူမနာမည်က မက်တီ... ငါတို့က အဲဒါကို အက္ခရာနဲ့ ဘာသာပြန်တယ်... ဘာပဲဖြစ်ဖြစ် မင်းမြင်းခွာလို့ မတွေးရဘူး"


ထို့ကြောင့် စန်းဝမ် သူမ၏အမည်ကို အက္ခရာတင်သည့်အခါ စကားလုံးလှလှလေးတစ်လုံးကို စဉ်းစားရန် လှည့်ကွက်တစ်ခုကို သင်ယူခဲ့သည်။


 မှန်ပေသည်၊  သူအသက်ကြီးလာသည်နှင့်အမျှ နိုင်ငံရပ်ခြားကိုသွားရန် အခွင့်အလမ်းများက ပိုများလာသလို သူ့အင်္ဂလိပ်စာလည်း ပိုကောင်းလာလေလေ၊ ဒီမတော်တဆမှုလေးတွေက ဘယ်တော့မှ ဖြစ်မလာတော့လေလေဖြစ်၏။


စန်းဝမ် မစ္စမက်တီအား စိတ်ရင်းမှန်ဖြင့် တောင်းပန်စကား ပြောကြားခဲ့သည်။


မက်တီက ပြုံးပြုံးရွှင်ရွှင်နှင့် ဆို၏။ 

"ငါသိပ်တွန့်တိုမနေ တော့ဘူး...စန်းဝမ်လို့ ခေါ်လို့ရမလား"


စန်းဝမ် ခေါင်းကုတ်လိုက်သည်။ စန်းဝမ်ဆိုသည် က သူ့နာမည်ပြောင်ဖြစ်သည်။သို့ရာတွင်  တခြားသူတွေထက် ပိုကြီးမားသော မက်တီ၏မျက်လုံးနက်နက်များကို သူက မငြင်းဆန်နိုင်သဖြင့် ခေါင်းညိတ်ပြပြီးပြောလိုက်၏။


 "နင့်သူငယ်ချင်းကို နင်ကြိုက်သလို ခေါ်လို့ရပါတယ်" 

 

"ဒါဆို ငါတို့ အဆက်အသွယ်လုပ်လို့ရမလား" မက်တီက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။


    

စန်းဝမ် ခဏလောက် အံ့အားသင့်သွားသည်။


အဆက်အသွယ်လုပ်မယ်... ဘာလို့နင်တို့အကုန်လုံးက စာတွေရေးရတာကို ဒီလောက်  ကြိုက်တာလဲ...


သူငယ်ချင်းဖွဲ့တာက စာများများရေးဖို့လို့ ဆိုလိုတာလား...


သူသည် သူငယ်ချင်းဖွဲ့ခြင်းကို အလွန်နှစ်သက်သော်လည်း စာရေးခြင်းကို မကြိုက်ပါချေ။


မိုက်ဒါမှမဟုတ် တစ်ခုခုကို ဘာလို့ အသုံးမပြုရမှာတာလဲ... 

အဲ့ဒါက ထုတ်လွှင့်နိုင်တဲ့အတွက် အဆက်အသွယ်လုပ်လို့လည်းရလောက်မယ်... ဟုတ်တယ် တယ်လီဖုန်း...နိုင်ငံတကာ ခေါ်ဆိုမှုတွေလည်း လုပ်နိုင်ရမယ်... ဒါပေမဲ့ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုတွေ လုပ်ရတာ သိပ်လွယ်ပုံမရဘူး...


မက်တီ သူ၏ ပူပန်သောကရောက်နေသော မျက်နှာကို မြင်လိုက်ရပြီး နိုင်ငံရေးကိစ္စများကို စိတ်ပူနေသည်ဟုထင်၍ ပြုံးကာဆိုလိုက်၏။


 "ငါတို့က ရင်းနှီးတဲ့ အိမ်နီးချင်းတွေမလို့ ဒုက္ခ မရောက်ပါဘူး" 

 

စန်းဝမ်က ရယ်မောလိုက်ပြီး အပြာရောင်ကောင်းကင်ကြီးအောက်တွင် သူ့၏တောက်ပနေသော အပြုံးက ဆယ်ကျော်သက်များ၏ သန့်ရှင်းကြည်လင်သည့် စရိုက်လက္ခဏာများကို ပြသနေလေသည်။


 "ကောင်းပြီ ငါ...သူငယ်ချင်းတွေဆီက စာတွေရတာ ကြိုက်တယ်"


 စာရေးရတာကိုတော့ မကြိုက်ဘူး...


နှုတ်ဆက်စကားဆို ၊လေယာဥ်ပေါ်တက်၊ လက်တွေ ဝှေ့ယမ်းပြီး ဆုမွန်ကောင်းတောင်းလိုက်ကြသည်။

Part 850


မက်တီနှင့်ဟင်နရီတို့ အပြာရောင် ကောင်းကင်အောက်တွင် ရပ်ကာ ဟင်းလင်းပြင်ကို ထိုးဖောက်သွားသော ချွန်ထက်သည့် မြှားတစ်စင်းကဲ့သို့ ကောင်းကင်သို့ ပြေးတက်သွားသော တရုတ်လူမျိုးများ၏ခေတ်သစ်ကို ဖြိုခွဲလိုက်သည့် လေယာဥ်ကြီးကိုကြည့်နေကြ၏။


ဟင်နရီ: "မင်းနဲ့ထပ်တွေ့ဖို့ ငါမျှော်လင့်နေပါတယ် သူငယ်ချင်း"


မက်တီက သူ ချစ်ကြည်ရေး ကျောက်တုံးကိုကိုင်ပြီး ပြုံးကာပြောလိုက်၏။  

"မစ္စတာ ဟင်နရီ...ရှင်လည်း ကျွန်မတို့နိုင်ငံကို ဒီထက်မက မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"


ဟင်နရီက သူမကို လက်ဆွဲနှုတ်ဆက်ပြီးဆိုသည်။

 " ဒါပေါ့... ဒါ ငါတို့ သတင်းထောက်တွေရဲ့ တာဝန်ပဲ...နောင်ကျရင် အမေရိကန်ကို လာဖို့ ကြိုဆိုပါတယ် မစ္စမက်တီ" 

 


မက်တီက ခေါင်းညိတ်ပြီးပြော၏။

"အမေရိကမှာ ကျောင်းတက်မယ်" 


 သုံးနှစ်ကြာပြီးနောက်တွင် သူမ၏နိုင်ငံသည် ခေတ်သစ်တစ်ခုသို့ စတင်ဝင်ရောက်လာသည်ကိုလက်ရှိအချိန်မှာ သူမ မသိခဲ့ပါချေ။ နိုင်ငံသစ်တစ်ခုနှင့် သူမသည် တစ်နှစ်အကြာတွင် သူမကိုယ်တိုင် ပြည်ပသို့ ခွဲခွာခြင်းကိုလည်း စတင်ခဲ့သည်။


လေယာဉ်ပေါ်မှာ စန်းဝမ် ပြတင်းပေါက်ကို မှီပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက။အစပိုင်းမှာ လေဆိပ်ကလူများက ပိုသေးသေးလာပြီး နောက်ဆုံးမှာ ပုရွက်ဆိတ်တွေအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ယခုကား ဘာမှမမြင်ရတော့ပါဘဲ သူ့ပတ်ဝန်းကျင်မှာ တိမ်များနှင့် နေရောင်ခြည်များသာရှိနေ၏။


သူငယ်​ချင်း​တွေနှင့် ခွဲခွာရစဥ်က အနည်းငယ်​ဝမ်းနည်း​နေ​ပေမဲ့ ​ကောင်းကင်​ပြာပြာ​ပေါ်​ ပျံသန်လိုက်သည်နှင့် အိမ်​ပြန်​ရန်ပဲ ​တွေးမိတော့သည်။ စိတ်​လှုပ်​ရှား​လွန်း၍ ကောင်းကောင်းပင် မထိုင်​နိုင်​ဘဲ ပျံသန်းချင်​သလို ခုန်​ချချင်​သလိုဖြစ်လာ၏။


သူက သူ့ရွှေတံဆိပ်ကို ထုတ်ပြီး လီကျန်း၏အရွယ်အစားနှင့်နှိုင်းယှဥ်လိုက်သည်။


 "အရွယ်အစားက အတူတူပဲလား... တကယ်ကို ရွှေဝါရောင်ပဲလား... ရွှေမဟုတ်ဘူးလား"


လီကျန်း : ... မင်းမှာ ဒီလောက်ကြီးတဲ့ ပတ္တမြားကြီး ရှိပြီးသားကို ဘာလို့ ရွှေကိုအစွဲအလမ်းကြီးနေတာလဲ...ဟမ်...


စန်းဂမ်: "နည်းပြ...နည်းပြ...ကျွန်တော် အားလပ်ရက်ယူလို့ရမလား"


 သူ အိမ်ပြန်ချင်သည်။


နည်းပြပြန့်က သူ့ကို အာရှအားကစားပြိုင်ပွဲက ပြန်လာသောအခါ အားလပ်ရက်ပေပြ အချိန်အတိုင်းအတာတစ်ခုအထိ အိမ်ပြန်ခွင့်ပေးမည်ဟု ဟိုးရှေးရှေးတုန်းက ပြောခဲ့ဖူး၏။


"အခမ်းအနားပွဲတက်ဖို့ ပြန်လာရမှာ...အဲ့ဒါကြောင့် မင်းကို အားလပ်ရက်တစ်ရက် ပေးမယ်"


စန်းဝမ်က အခမ်းအနားပွဲသော ဘာသော 

ကို စိတ်မဝင်စားသော်လည်း ၎င်းမှာ စည်းရုံးရေးအစီအစဉ်တစ်ခုဖြစ်သောကြောင့် သူနားထောင်နေရဆဲဖြစ်သည်။


အားလုံးအိပ်ပျော်သွားသောအခါ စန်းဝမ်  အနီရောင်ကျောက်တုံးကြီးကို တစ်ချက်ကြည့်လိုက်သည်။


သူ့မားမားက  ၎င်းကို သေချာပေါက်  သဘောကျလိမ့်မည်ဟု တွေးပြီး သူ ပိုက်ဆံမဆုံးရှုံးဘူးဟု ခံစားရ၏။


စန်းဝမ်နှင့်သူ့အနာဂတ်ဇနီးတို့၏ မားမားဖြစ်သူ က ခရိုင်ဓာတ်ခွဲခန်းတွင် ရေဒီယိုနားထောင်ရင်း အလုပ်ရှုပ်နေသည်။


စက်ယန္တရားများ၏ ဆူညံသံနှင့် ၎င်းတို့ကိုလျှို့ဝှက်ထားရန် လိုအပ်သောကြောင့် ဒေသဆိုင်ရာ အထူးပစ္စည်းများ သုတေသနရုံးကို တော်လှန်ရေး ကော်မတီနှင့် မပူးပေါင်းဘဲ ခရိုင်အတွင်းမှာပဲ ထူထောင်ခဲ့သည်။ သို့ဖြစ်၍ ယင်းက ခရိုင်ရုံးချုပ်နှင့် အတန်ငယ်ဝေးသောနေရာမှာရှိလေသည်။


ယင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်တွင် မြို့တွင်းရှိ မိသားစုကြီးတစ်စု၏ အိမ်ဖြစ်ခဲ့ဖူးပြီး ဒေသခံ အာဏာရှင်များ၊ လူဆိုးများနှင့် ဓနရှင်လူတန်းစားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ အိမ်အား ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့သည်။


ခြံဝင်းတွင် ဝင်ပေါက်သုံးပေါက်နှင့် သေးငယ်သော ခြံဝင်းနှစ်ခုပါရှိသည်။ ဖိတ်ကြားထားသော လက်သမားဆရာနှင့် ပညာရှင်များသည် အိမ်ရှေ့ခြံဝင်းတွင် နေထိုင်ကြသည်။ အဆိုပါ ခြံဝင်းနှစ်ခုကို သုတေသနခန်းနှင့် ပြုပြင်ရေးအခန်းများအဖြစ် အသုံးပြုသည်။ ပင်မအခန်းကို ဧည့်ခန်းနှင့် ပြတိုက်ခန်းအဖြစ် အသုံးပြုသည်။ အိမ်နောက်ဖေးက အရေးကြီးသော ရည်ညွှန်းခန်းဖြစ်သည်။ ပျင်းရိသူများနှင့် အခြားသူများကိူ ဝင်ရောက်ခွင့်မပြုပါချေ။


နည်းပညာရှင်နှစ်ဦးအား မေလ7ရက်နေ့တွင် ညွှန်မှူးဖန့်က ကေဒါကျောင်းကနေ  ဖိတ်ကြားခဲ့သည်။ တစ်ယောက်က မျိုးရိုးနာမည်လီဖြစ်ကာ ကျန်တစ်ယောက်မှယ မျိုးရိုးနာမည်ဝူဖြစ်၏။  နှစ်ယောက်စလုံးသည် နည်းပညာကောလိပ်တစ်ခုမှ ဆရာများဖြစ်ကြပြီး မိုင်းတွင်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၎င်းတို့တွင် ဘူမိဗေဒနှင့် သတ္တုတူးဖော်ခြင်းဆိုင်ရာ ထူးခြားသော ထိုးထွင်းသိမြင်မှုရှိသည်။


 နေ့လည် လေးနာရီထိုးပြီးနောက် လင်းလန် အလုပ်မှဆင်းကာ အိမ်ပြန်တော့မည်ပြု၏။


သူမ၏ အိမ်ထောင်စုစာရင်းသည် ကွန်မြူနတီတွင်ရှိနေဆဲဖြစ်သော်လည်း သူမ၏လုပ်ငန်းခွင်ဆက်ဆံရေးသည် ရှန်ရွေ့ကွန်မြူနတီနှင့်ချင်းရှီကွန်မြူနတီတို့၏ ဝါဒဖြန်ရေး နှင့် သုတေသနရုံး၏ လုပ်ငန်းဆောင်တာများအတွက် ကွန်မြူနတီမှ ခရိုင်အထိ ချိတ်ဆက်ထားသည်။


သူမအလုပ်က အလကားပါပင်။ကျေးလက်ကိုသွား၊ ဝါဒဖြန့်၊ ရုံးထိုင် သူမကိုယ် အလုပ်အကြောင်းအရာအရ သက်သက် စီစဉ်ပေးခြင်းတို့ရှိ၏။


သူမ နည်းပညာရှင်နှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။  


"ကုန်းလီနဲ့ကုန်းဝူ ကျွန်မအရင်နှင့်သွားတော့မယ် "


နှစ်ယောက်စလုံးက လက်ဝှေ့ယမ်းကာဆို၏။ "ဒီမှာ အဆင်ပြေ  ပါတယ်...ပြန်ပြန်"


လင်းလန်က သူမ၏ ရေဒီယိုလေးကို ခါးပေါ်တင်ကာ စက်ဘီးစီး၍ တော်လှန်ရေးကော်မတီရုံးခန်းဆီသို့  ဟန်ချင်စုန်နှင့် တွေ့ဆုံရန်သွားလိုက်သည်။

ပြည်သူ့လုံခြုံရေးဗျူရိုဝင်းထဲမှာ သူမ မြောင်ဟုန်ယင်းနှင့် တိုက်တိုက်ဆိုင်ဆိုင်  ဝင်တိုးလေသည်။ 


လင်းလန်က သူမကို တစ်ချက်ကြည့်လိုက်သော်လည်း စကားမစခဲ့ပေ။ ရန်ပွဲဖြစ်ကတည်းက ဗျူရိုအကြီးအကဲဟောင်းက ဖျန်ဖြေပေးခဲ့သော်လည်း လင်းလန် သူမနှင့် သီးသန့်စကားမပြောချင်သေးပေ။


မြောင်ဟုန်ယင်းက နှုတ်ခမ်းထော်လိုက်ပြီး  သူမ၏ ချဉ်နေသော ထွက်သက်ဝင်သက်က နှာခေါင်းထဲသို့ တိုးဝင်လာ၏။


 "အော ငါပြောမယ်... အရာရှိ လင်း နင့်အလုပ်က သိပ်မကောင်းဘူးမလား...နင့်မှာဘာလို့ အချိန်မရွေး နေရာမရွေး ရေဒီယို ရှိနေသေးတာလဲ" 

 

လင်းလန် :"ကျွန်မက အလုပ်ထဲမှာစိတ်နှစ်ထားတာလေ...ရှင်တို့လို လက်ယားလက်ယားနဲ့လောက်တွေ နားမလည်ပါဘူး” 


ကျွန်မသားအကြောင်း ကြားချင်တာရယ်... ဝါဒဖြန့်ပြီး နိုင်ငံရေးကို စောင့်ကြည့်နေတာရယ်နဲ့...ရှင်နဲ့ စကားပြောဖို့ ဘယ်လိုလုပ် အချိန်ရမှာလဲ...


ရှင်က ရုပ်လည်း ကြည့်မ​ကောင်းဘူးလေ...


မြောင်ဟုန်ယင်းလည်း အလွန်မကျေမနပ် ဖြစ်မိသည်။ယခုအခါ သူမ ခွန်အားမဲ့လာသလို ခံစားလာရသည်။ဝေဖန်ခြင်းနှင့် တံဆိပ်ကပ်ခြင်းနည်းလမ်းမှာ အကျိုးမရှိဟု ထင်ရသည်။


မူလက ခရိုင်မှူးက သူမအဖေ၏ကျမ်းသစ္စာကျိန်ဆိုထားသည့်ညီအစ်ကိုဖြစ်ပြီး သူမတို့မိသားစုနှင့်ခိုင်မာသောဆက်ဆံရေးရှိသည်ဟု ထင်ခဲ့၏။ ဟန်ချင်စုန့်နှင့် လင်းလန်တို့က တပ်မှူးချန်နှင့် ပတ်သတ်မှုရှိလိမ့်မည်ဟု သူတို့မည်သို့ သိပါမည်နည်း။ နောက်ပိုင်းတွင် တပ်မှူးချန်က သူမအဖေကိုခေါ်၍ ဟန်ချင်စုန့်နှင့် လင်းလန်ကို ရဲဘော်ကောင်းများအဖြစ် အကြိမ်ကြိမ်ချီးမွမ်းကာ ထူးချွန်ထက်မြက်သော အရည်အချင်းများနှင့် အလုပ်ကြိုစားပြီး အသိစိတ်ရှိကာ ပါတီနှင့်အစိုးရအတွက် လိုအပ်သောလူတော်များဖြစ်သည်ဟုဆိုခဲ့သည်။


 အဓိပ္ပါယ်ကို ဘယ်သူက နားမလည်ဘဲနေမည်နည်း။ ရှင်းရှင်းပြောရလျှင် အဘိုးကြီးက ဘယ်သူမှ သူ့တို့ကို ဒုက္ခမပအောင် ဂရုစိုက်ပေးရန် တောင်းဆိုသည်မှန်း ထင်ရှား၏။