Part 691
ထိုသို့ ဆိုနေကြသံကို လမ်းများထက်ရှိ အဖွဲ့၀င်များလည်း ကြားကြသဖြင့် လိုက်ညည်းနေကြလေသည်။
" ရှောင်ရှန်းက ထင်းရှူးပင်တွေရယ် စိမ်းစိုလို့ နေတယ်ကွယ် ~ ရှန်ကျန်းမြစ်နံဘေးက ရဲရဲနီ အလံလေးတွေနဲ့အတူတူကွယ် ~ "
ရထားဘူတာသို့ရောက်ချိန်တွင် ဆယ့်တစ်နာရီသာ ရှိသေးလေသည်။ ထို့နောက် ဟန်ချင်းယွင်က နှုတ်ဆက်ပြီး ပြန်သွားသည်။
ထိုအချိန်ရှိ ရထားဘူတာသည် ကြီးကြီးမားမား မဟုတ်သေးပေ ။ စောင့်ဆိုင်းရန် သစ်သားခုံများရှိသဖြင့် ၀င်ထိုင်နေလို့ ရပေသည်။
ရထားကလည်း အများကြီးမရှိသေးဘဲ ခရိုင်နှင့် မြို့ကိုပြေးဆွဲနေသော ရထားသာရှိလေသည်။ ထို့ကြောင့် အလုပ်ကိစ္စဖြင့် ခရီးသွားလိုပါက ရထားကိုပဲ စီးကြရတာဖြစ်၍ လက်မှတ်များက ၀ယ်ရခက်တတ်ပေသည်။
ဟန်ချင်စုန့်ကမူ သူ့ရာထူးကြောင့် လက်မှတ်၀ယ်ရန် မခက်ခဲတာဖြစ်သည်။ လင်းလန်နှင့် ရှောင်၀မ်အတွက် အိပ်ခန်းပါသည့် အထူးလက်မှတ်ဖြတ်ပေးချင်တာဖြစ်သော်လည်း လင်းလန်က လက်မခံပေ ။ နာရီအနည်းငယ်ကြာပဲ စီးပြီးပါက ရောက်သွားမှာဖြစ်၍ အိပ်ဖို့လည်း မလိုအပ်ပေ ။ သူမတို့မိသားစု ခြောက်ယောက်ကို တစ်စုတစ်စည်းတည်းသာ လင်းလန်က အတူစီးစေချင်သည်။
စောင့်နေရင်းဖြင့် နေ့လယ်စာစားလိုက်ကြပြီး ရထားဘူတာထဲ၌ ဟိုကြည့်သည်ကြည့်လုပ်နေလိုက်ကြသည်။ လော်စပီကာမှအော်ကာ ကြေညာနေသံများရှိပြီး ဂိတ်တစ်ခု၌ လူများတ်ိုးကြိတ်နေကြလေသည်။ လက်မှတ်မရလိုက်ဘဲ ကျန်ခဲ့မည်စိုး၍ ဖြစ်ကြပေသည်။ ပထမဆုံးလာကြသူများကလည်း လက်မှတ်ရုံကို ရှာမတွေ့ကြတာမျိုးများလည်း ဖြစ်နေကြလေသည်။ နှစ်နာရီမျှကျန်သေးသော်လည်း ခရီးသည်များသည် စိုးရိမ်နေကြပြီး ဟိုတိုးသည်တိုးဖြင့် တိုးကြိတ်နေကြသည်။
လက်မှတ်ရောင်းသူက ပထမတွင် စိတ်ရှည်သော်လည်း နောက်တွင် အော်နေရတော့သည်။
" ရပါမယ် အားလုံး ရပါမယ် မတိုးကြပါနဲ့ မတိုးကြပါနဲ့ အားလုံးရကြမှာပါ "
မိုင်ဆွေ့နှင့် အား၀မ်က လျှောက်ကြည့်ပြီးနောက် ပြန်လာလေသည်။
" မားမား သူတို့က ဘာလို့လုနေကြတာလဲ ဘာလို့တိုးနေကြတာလဲ ရထားက ထွက်မပြေးဘူးလို့ အော်နေတဲ့သူလည်း ရှိတယ်သိလား "
အချိန်ရှိသေးသော်လည်း ရထားလက်မှတ် မရမည်ကို စိုးရိမ်နေကြ၍ တိုးမြဲတိုးဆဲပင် ဖြစ်သည်။
မိုင်ဆွေ့က အလွန်အမင်း စ်ိတ်လှုပ်ရှားနေလေသည်။ ပထမဆုံး ရထားစီးရမှာဖြစ်သည့်အတွက် သွားကြည့်ချင်သော်လည်း မိဘများကို အရှက်ခွဲမိမည်စိုး၍ သည်းခံနေလေ၏။
တ၀မ်ကလည်း လျှောက်ကြည့်နေလေသည်။ ထိုသည်က သူ့အကျင့်ပင်ဖြစ်သည်။ ဘယ်နေရာကိုရောက်ရောက် ပတ်၀န်းကျင်ကို စူးစမ်းတက်လေသည်။
ရှောင်၀မ်က ပျောက်သွားမည်စိုး၍ လင်းလန်ဘေးမှ မခွာချေ ။
ဟန်ချင်စုန့်က သစ်သားခုံအား ကျောမှီထိုင်နေပြီး လင်းလန်ကို ပုခုံးမှဖက်ထားလေသည်။ သူ့အား မှီနေပြီး လင်းလန် သက်သောင့်သက်သာထိုင်လို့ရစေရန် ပြင်ပေးထားလေ၏။
လင်းလန်က ရှောင်၀မ်အား မျောက်ဘုရင်ပုံပြင်ကို ပြောပြနေသည်။
ပြောနေစဥ်တွင် တ၀မ်က ရုပ်တည်ကြီးဖြင့် ပြန်ရောက်လာသည်။
လင်းလန် ဟန်ချင်စုန့်ကို ကပ်မေးလိုက်သည်။
" စန်းကော သားကြီးက ဘာဖြစ်နေတာလဲ "
ဟန်ချင်စုန့်လည်း တ၀မ်ကို လှမ်းကြည့်လိုက်သည်။ တ၀မ်က ထိုအချိန်တွင် မိုင်ဆွေ့နှင့် အား၀မ်ကိုပါ ခေါ်၍ပြန်လာနေလေသည်။ သူ့ပုံစံက ရန်သူနှင့်တွေ့လာရသလို ဖြစ်နေသော်လည်း ဟန်ချင်စုန့် လင်းလန်အား စိတ်မပူစေရန် ပြောပေးလိုက်သည်။
ဟန်ချင်စုန့်က တ၀မ်ဘေးသို့ ထွက်သွားသည့်အခါတွင် မိုင်ဆွေ့နှင့် အား၀မ်က လင်းလန်ဘေးသို့ လာထိုင်ကြလေသည် ။
" မားမား နိုင်ငံခြားသား အေးဂျင့်တွေ ရှိတယ်သိလား"
လင်းလန် : " အေးဂျင့်လား " ဒီခေတ်မှာ ဓားကိုင်ပြီးလျှောက်သွားနေတဲ့ အေးဂျင့်တွေက ရှိသေးလို့လား။
လင်းလန် လှမ်းကြည့်လိုက်သည့်အခါတွင် နိုင်ငံခြားသားနှစ်ယောက်သည် စက်တစ်ခုကိုကိုင်ကာ ဓာတ်ပုံရိုက်လိုက် ဗွီဒီယိုရိုက်လိုက် လုပ်နေကြလေသည်။ ထိုသည်က ခေတ်သစ်မှ ကင်မရာနှင့်လည်း မတူသေးပေ ။
အခြားလူများကလည်း ထိုသည်ကို စိတ်၀င်တစား ကြည့်နေကြလေသည်။
နိုင်ငံခြားသားနှစ်ယောက်သည် နှာခေါင်းရှည်ရှည် ၊ မျက်လုံး၀ိုင်း၀ိုင်းနှင့် အသားဖြူကြလေသည်။ ဂျင်းဘောင်းဘီနှင့် အားကစားဖိနပ်ကို တွဲ၀တ်ထားပြီး အ၀တ်များကလည်း ရွာသားများ၀တ်နေကြနှင့် မတူပေ ။
" သူတို့က ဘယ်သူတွေလဲ အေးဂျင့်တွေလား "
" နိုင်ငံခြားသား မိစ္ဆာတွေ "
တစ်ယောက်ယောက်က ထအော်လေသည်။
" သူတို့ ကိုင်ထားတာက ဘာတွေလဲ ၀ိညာဥ်ဖမ်းတဲ့ ပစ္စည်းတွေလား "
" အဲ့ဒါက ဂျပန်တွေသုံးတဲ့ ၀ိညာဥ်ဖမ်းတဲ့ ပစ္စည်းတွေလေ "
လင်းလန် ကလေးများကို ရှင်းပြလိုက်သည်။
" အဲ့ဒါက ကင်မရာလို့ခေါ်တယ် ဗွီဒီယိုရိုက်ဖို့သုံးတဲ့ဟာ သေးသေးလေးကလည်း ကင်မရာပဲ သူက မားမားတို့မိသားစုကို ဓာတ်ပုံရိုက်ပေးလို့ ရတယ် "
" ဘာကွာလို့လဲ မားမား " ကလေးများက သိချင်နေကြသည်။
တကယ်က ကင်မရာအကြီးကို ထောက်တိုင်ပေါ်တွင် တင်ထားတာဖြစ်ပြီး အလင်းအမှောင်ချိန်ရန် အပေါ်မှအ၀တ်ကိုအုပ်ထားတာဖြစ်၍ သေနတ်ကိုင်ထားသည်နှင့် တူနေတာဖြစ်ပေသည်။
လင်းလန် : " မားမားလည်း သတင်းစာထဲမှာပဲ တွေ့ဖူးတာ ဒါက မြို့ကြီးတွေမှာပဲ တွေ့နိုင်တဲ့ စက်တွေလေ "
မိုင်ဆွေ့က သိချင်လာ၍ ကြောက်လည်းကြောက်မနေတော့ဘဲ အား၀မ်ကိုခေါ်ကာ ထိုနှစ်ယောက်စီ ထွက်သွားလေသည်။
ဟန်ချင်စုန့်က ထိုနှစ်ယောက်နှင့် စကားပြောနေလေသည်။ နိုင်ငံခြားဘာသာစကားကို မပြောတက်သော်လည်း အမူအရာဖြင့် အိုင်ဒီကတ်ကိုတောင်းတာလောက်က ရပေသည်။
တစ်ယောက်က ဟန်ချင်စုန့်နှင့် စကားပြောနေပြီး ကျန်တစ်ယောက်က ဗွီဒီယိုဆက်ရိုက်နေလေသည်။ ထိုလူက ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ကို မြင်သွားလေသည်။ ကောင်မလေးက ချောချောလေးဖြစ်ပြီး ကောင်လေးသည် ယဥ်ယဥ်ကျေးကျေးရှိဟန်တူပြီး နှစ်ယောက်လုံးက ဆွဲဆောင်မှုရှိကြသဖြင့် ကင်မရာကို ထိုဘက်သို့ ချိန်လိုက်လေသည်။
မိုင်ဆွေ့ ထိုသည်ကို လှမ်းကြည့်လိုက်သည်။ ထူးဆန်းသည်ဟုထင်နေသော်လည်း သွားလည်းကြည့်ချင်နေလေသည်။
အား၀မ်က အန္တရာယ်ရှိမည်စိုး၍ ဆက်မသွားရန် မိုင်ဆွေ့ကို တားသည်။
ထိုအချိန်တွင် လင်းလန်က ရှောင်၀မ်ကို လက်ဆွဲ၍ ထလာနေပြီဖြစ်သည်။ ထိုနှစ်ယောက်က အင်္ဂလိပ်လိုပြောနေကြခြင်းမဟုတ်ဘဲ သူမ တစ်လုံးမှမတတ်သည့် အီတလီဘာသာစကားကို ပြောနေကြတာဖြစ်သည်။
တ၀မ်ကလည်း သူမတို့ဘေးသို့ ရောက်လာသည်။ ထိုနိုင်ငံခြားသားနှစ်ယောက်က ရန်မူမည်စိုး၍ ဖြစ်ပေသည်။
တစ်မိသားစုလုံးကို မြင်သွားသောအခါတွင် နိုင်ငံခြားသားနှစ်ယောက်က ပိုသဘောကျသွားကြလေသည်။ မြို့ကနေ ကျေးလက်ဘက်သို့လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် ဤကဲ့သို့သော မိသားစုကို သူတို့တစ်ခါမှ မတွေ့ခဲ့ပေ ။
သူတို့သည် ယခုခေတ်မှလူများဟု မထင်ရဘဲ အရမ်းကြီး ကွဲထွက်မနေသော်လည်း လုံးလုံးလည်း မတူညီပေ ။
ထို့ကြောင့် နိုင်ငံခြားသားသည် ပုံရိပ်များကို အလွတ်မပေးဘဲ အမိအရဖမ်းယူနေလေ၏။ သားမိနှစ်ယောက်ကိုတစ်ခါရိုက်လိုက်ကာ နံဘေးရှိ တည်တည်ငြိမ်ငြိမ်နှင့် ချောမောသော သားကြီးကိုလည်း ရိုက်လိုက်ပြန်လေသည်။ ထို့နောက် အတွဲညီသော မောင်နှမကို ရိုက်ပြန်သည်။ ပြီးသည့်အခါတွင် အရပ်ရှည်ရှည် တောင်တော့ဖြောင့်ဖြောင့် ဖခင်ဖြစ်သူကိုလည်း မှတ်တမ်းတင်လိုက်လေသည်။ ရိုက်နေရင်းဖြင့်လည်း ထိုလူသည် စကားများပြောကာ မိတ်ဆက်ပေးနေသေးလေ၏။
Xxxxxx
Part 692
ထိုသည်ကိုမြင်သောအခါ ဘေးမှလူများကလည်း စိတ်၀င်စားလာကြလေသည် ။ သ်ို့သော်လည်း ဘာလုပ်နေသည်ကို မသိကြသဖြင့် ထူးဆန်းသည်ဟု ထင်နေကြလေသည်။
အဖေဖြစ်သူရှိနေ၍ မိုင်ဆွေ့က ကြောက်မနေဘဲ ထိုထူးဆန်းသောအရာကြီးကို အနီးကပ်သွားကြည့်လိုက်လေသည်။ ထိုအရာထဲ၌ သူမ၏ အမေနှင့် အစ်ကိုများကိုတွေ့လိုက်ရ၍ အံ့သြသွားကာ ဆွဲလုဖို့ပြင်လေ၏
ထိုနိုင်ငံခြားသာ ၄င်းအချင်းအရာကို သဘောကျသွားပြီး မတတ်တစ်ခေါက် တရုတ်စကားဖြင့် " ဗွီိီဒိီယို ရိုက်နေတာ " ဟုရှင်းပြလေသည်။
သို့သော်လည်း မိုင်ဆွေ့က ထိုလူ၏ တရုတ်စကားကို နားမလည်ပေ ။
ဟန်ချင်စုန့်က စစ်ဆေးပြီးသွားပြိိီဖြစ်၍ ထိုနှစ်ဦးသည် အီတလီသား ဓာတ်ပုံဆရာများဖြစ်သည်ကို သိသွားပြီဖြစ်သည်။
စပိုင်များမဟုတ်သဖြင့် ဟန်ချင်စုန့်လည်း ဂရုမစိုက်ပါ ။ ထို့ကြောင့် လင်းလန်နှင့်ကလေးများကို မကြောက်ကြရန် ပြောလိုက်သည်။
အဖေဖြစ်သူက ကြောက်စရာမလိုဘူးဟု ပြောသဖြင့် မိုင်ဆွေ့နှင့် အား၀မ်က ကင်မရာနားသို့သွား၍ ကြည့်ကြလေသည်။
နိုင်ငံခြားသားကလည်း သူမတို့မိသားစုအကြောင်းကို သိချင်နေသဖြင့် မတောက်တစ်ခေါက် ဘာသာစကားကို အသုံးချကာ တရုတ်လို ပြောနေလေသည်။ ကလေးများကလည်း နားလည်လိုက် မလည်လိုက်ဖြင့် ပြန်ပြောနေကြသည်။
ဟန်ချင်စုန့်နှင့် လင်းလန်၏ ပုံကိုရိုက်ပေးပြီး တစ်မိသားစုကိုလည်း ဓာတ်ပုံရိုက်ပေးလေသည်။
ပညာရှင်ရဲ့ အမှတ်တရဆိုသည်က ကျန်ရှိဖို့ကောင်းသည့်အရာဖြစ်၍ လင်းလန် အမူအရာပြ၍ ဓာတ်ပုံကို လိုချင်ကြောင်းပြောလိုက်သည်။ သူမတို့ထံသို့ ပို့ပေးနိုင်မလားကိုပါ မေးကြည့်လိုက်သည်။
နိုင်ငံခြားသားကြီးသည် ၀မ်းသာအားရဖြင့် အိုခေဟုဆိုသည်။ သို့ဖြစ်၍ လင်းလန် ဟန်ချင်စုန့်၏ လိပ်စာကို ရေးပေးလိုက်သည်။
နိုင်ငံခြားသားသည် ယူလိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်သ်မ်းလိုက်သည်။
ရှောင်၀မ်က ဘာဂျာကို ကိုင်ထားသည်ကို တွေ့သည့်အခါတွင်လည်း စိတ်၀င်တစားဖြင့် မှုတ်ပြခိုင်းလေသည်။
ရှောင်၀မ်က ရှက်မနေဘဲ သူသဘောကျသော သ်ိီချင်းကို ချက်ချင်းမှုတ်ပြသည်။
နိုင်ငံခြားသားနှစ်ယောက်သည် တစ်ခုမှ အလွတ်မပေးဘဲ အမိအရ မှတ်တမ်းယူနေကြလေသည်။
ထိုအချိန်တွင် လူလေးယောက် ရောက််လာကြသည်။ တရုတ်လူမျိုးလည်းပါပြီး နိုင်ငံခြားသားလည်း ပါပေသည်။ ထိုထဲမှ တစ်ယောက်က အီတလီလို ပြောသည်။
" ဆရာတို့ ဘယ်လိုဖြစ်ပြီး လူစုကွဲသွားကြတာလဲ ဟိုဘက်မှာ ရိုက်ဖို့ အကုန်ပြင်ဆင်ပြီးပါပြီ သွားကြရအောင် "
ရထားဘူတာရုံမှလည်း ရထားပေါ်တက်ရန် အချက်ပေးနေပြိိဖြစ်သဖြင့် လင်းလန်တို့လည်း ထိုနိုင်ငံခြားသားများကို နှုတ်ဆက်လိုက်သည်။ ဟန်ချင်စုန့်နှင့် တ၀မ်က အထုပ်အပိုးများကို သယ်ထားပြီး လင်းလန်က လက်မှတ်ကို ကိုင်ထားလေသည်။
ထိုနိုင်ငံခြားသားနှစ်ယောက်က သူတို့အား လက်ပြ၍ နှုတ်ဆက်နေကြသဖြင့် လင်းလန်တို့လည်း လက်ပြကာ ပြန်နှုတ်ဆက်လိုက်ကြသည်။ နိုင်ငံခြားသား တစ်ယောက်က ထိုမြင်ကွင်းအား မှတ်တမ်းတင်နေပြန်၏။
မိုင်ဆွေ့ ၊ အား၀မ်နှင့် ရှောင်၀မ်က ပထမဆုံးအနေနဲ့ တွေ့ဖူးတာဖြစ်၍ ပျော်နေကြလေသည်။
" သူတို့နှာခေါင်းတွေက အရှည်ကြီးပဲနော် ဟားဟား ! "
" မျက်နှာပေါ်မှာလည်း အမွှေးတွေချည်းပဲ မျောက်ဘုရင်ကြီး ကြနေတာပဲ "
" သူတို့ ဆံပင်ကိုရော တွေ့ကြလား ကောက်ရိုးပုံကြီးတင်ထားသလိုပဲ "
ရှောင်၀မ် : " သား သူတို့ပုံကိုဆွဲပြီး စန်း၀မ်ကောကို ပြမှာ "
......
လက်မှတ်စစ်ရာတွင် ခရီးသည်များသည် ကျန်ခဲ့မည်စိုး၍ အတင်းအကြပ် တိုးနေကြလေ၏။
ရှောင်၀မ်က အရပ်ပုသဖြင့် မတိုးနိုင်ရှာဘဲ အခြားလူများ၏ ခါးပတ်များကိုသာ မြင်နေရ၍ ကြောက်နေလေသည်။
ထိုအချိန်တွင် လက်တစ်ဖက်က သူ့ကိုချီလိုက်ပြီး ဂုတ်ပေါ်သို့ တင်ပေးလိုက်သဖြင့် အနိမ့်ဆုံးဖြစ်နေရာမှ ရှောင်၀မ်သည် အမြင့်ဆုံးဖြစ်သွားတော့သည်။ သို့ဖြစ်၍ ရှောင်၀မ်သည် ဟန်ချင်စုန့်၏ လည်ပင်းကိုဖက်ကာ ရယ်နေလေ၏။
တ၀မ်နှင့် အား၀မ်က ကာပေးထားသဖြင့် လင်းလန်နှင့် မိုင်ဆွေ့က ကောင်းကောင်း လျှောက်လို့ရနေပြီး ဟန်ချင်စုန့်က နောက်မှပါလာလေသည်။
လူတွေက အထုပ်အပ်ိုးများဖြင့် တိုးနေကြသဖြင့် ရှေ့မရောက်ဘဲ ရှိနေလေသည်။ တိုးမရ ဆုတ်မရဖြစ်နေကြသည်။
တ၀မ်နှင့် အား၀မ်က ငါးတွဲမြောက်သို့ရောက်သည့်အခါတွင်လည်း ၀င်၍မရဖြစ်နေသေးသဖြင့် လှမ်းအော်လိုက်လေသည်။
အား၀မ် : " ရှေ့ကလူတွေကို အရင်ပေးသွားလိုက်ပါ မဟုတ်ရင် ဘယ်သူမှ သွားမရဘဲ ဖြစ်နေလိမ့်မယ် "
အား၀မ်က ကလေးတစ်ယောက်ပဲဖြစ်၍ ထိုလူများက နားမထောင်ချင်ဘဲ ပြန်ဆဲကြမည်လုပ်လိုက်သော်လည်း ဘေးတွင်ရပ်နေသော တ၀မ်နှင့် အကြည့်ချင်းဆုံသွားသည့်အခါတွင် ပြန်မပြောရဲတော့ဘဲ နာခံသွားကြလေသည်။
အရှေ့လူများအားလုံး ၀င်ပြီးသွားသည်ကို စောင့်ပြီးမှ ညီအစ်ကိုနှစ်ယောက်သည် လင်းလန်နှင့် မိုင်ဆွေ့ကို အရင်၀င်စေလေသည်။ အခြားရထားတွဲများနှင့် မတူညီစွာဘဲ သူတို့လိုက်ရမည့် ရထားတွဲသည် တိုးကြိတ်နေခြင်းမရှိနေတော့ပေ ။
လင်းလန်နှင့် မိုင်ဆွေ့လည်း ထိုင်ခုံများကို လိုက်ရှာလိုက်သည့်အခါတွင် သူမတို့နေရာ၌ လူငယ်သုံးယောက် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်က လျှာထိုးဦးထုပ်ကို ဆောင်းထားပြီး အဖြူရောင်မက်စ်ကို ၀တ်ထားကာ မျက်လုံးကိုသာ ဖော်ထားလေသည်။ ကျန်နှစ်ယောက်ကလည်း သုံးယောက်ထိုင်ခုံကို နေရာယူထားကြပြီး တစ်ဦးသည် စစ်စိမ်းရောင်အိတ်ကို ပိုက်ထားပြီး နေကြာစေ့စားနေလေသည်။ ကြမ်းပေါ်၌ နေကြာစေ့ခွံများက ပွစာကြဲလို့နေ၏။
ထိုသုံးယောက်က ငယ်သေးသော်လည်း ဆိုးကြသည့်ပုံရှိသဖြင့် သွားထိပါက ကံဆိုးသွားနိုင်သည့် အရိပ်အယောင်ကို ပြနေပေသည်။
လင်းလန် : " မိတ်ဆွေလေးတ်ို့ ကျေးဇူးပြုပြီး ကိုယ့်နေရာမှာကိုယ် ထိုင်ပေးနိုင်မလား ဒါ အစ်မတို့ခုံပါ "
နေကြာစေ့စားနေသူက မျက်လုံးလှန်ပြကာ ပြန်ပြောသည်။
" ခင်ဗျားနေရာလို့ ဘယ်သူပြောလဲ ခင်ဗျားပြောတိုင်း လုပ်ရမှာလား "
ဪ လူရမ်းကားတွေလား ။
လင်းလန် ပြုံးလိုက်သည်။
" ရထားစီးနိုင်တယ်ဆိုတော့ မင်းတို့လည်း အခြေအနေတစ်ခုထိတော့ ရှိမှာပါ ဟုတ်တယ်မလား အရှက်ကွဲချင်နေကြတာလား "
ထိုသုံးယောက် ၀တ်ထားသည့် အ၀တ်အစားများက မဆိုးသည်ကို လင်းလန် သိသည်။ နေကြာစေ့တောင် စားနေနိုင်သဖြင့် သာမန်ကလေးများ မဖြစ်နိုင်ပေ ။
ဆင်းရဲသောမိသားစုမှ ကလေးများက ယခုကဲ့သ်ို့ မောက်မောက်မာမာ ပြုမူတက်ကြသည် မဟုတ်ပေ ။
" ခင်ဗျား ဘယ်သူ့ကို အရှက်မရှိဘူးလို့ ပြောနေတာလဲ " ဦးထုပ်ဆောင်းထားသော လူငယ်က အိပ်ရေးပျက်သွားသဖြင့် ရှေ့ရှိစားပွဲကို ဘုန်းခနဲ ရိုက်ချလိုက်ပြီး လင်းလန်ကို စိုက်ကြည့်နေလေသည်။ ထို့နောက် မိုင်ဆွေ့ကို ကြည့်ပြန်လေ၏။
လင်းလန်နှင့် မိုင်ဆွေ့အား ညီအစ်မနှစ်ယောက်ဟု ထင်သွားပြီး ထိုကောင်လေးက ကျီစယ်ချင်လာလေသည်။ မိုင်ဆွေ့၏ မေးအား လက်ဖြင့်ကိုင်ကာ " ရှောင်မေ့မေ့က ချောသားပဲ " ဟုဆိုသည်။
ဖြန်းခနဲအသံနှင့်အတူ လင်းလန်က ပါးချလိုက်လေသည်။
မျက်နှာဖုံးနှင့်လူ : " ဒီ ခွေးမ နှစ်ကောင်ကတော့ ..."
လင်းလန် မိုင်ဆွေ့ကိုဆွဲ၍ နောက်သို့ခေါ်ကာ ယောက်ျားလေးများကို ရှေ့ထွက်စေလိုက်သည်။ တ၀မ်နှင့် အား၀မ်က ထိုမျက်နှာဖုံးတပ်လူအား စားပွဲပေါ်သို့ဖိချလိုက်ပြီး လက်တစ်ဖက်ကို လိမ်၍ကိုင်ထားလိုက်လေသည်။
" ရူးနေတာလား ဟမ် ရူးနေလားကွ ..."
ထိုင်နေကြသည့် လူငယ်နှစ်ယောက်ကလည်း ၀င်ကူကြလေသည်။
" မင်းတို့က ဘယ်သူတွေလဲ တောသားတွေက ငါတို့ကို ရိုက်ရဲတယ်လား "
အပြင်ဘက်မှလူသည် တ၀မ်ကို လှမ်းထိုးလိုက်လေသည်။ တ၀မ်က ရှောင်လိုက်ပြီး ထိုလူ၏ လက်မောင်းကိုဖမ်းကာ လိမ်ချိုးလိုက်သည်။ ထိုင်ခုံများခံနေသဖြင့် အတွင်းမှ ထိုနှစ်ယောက်သည် အသာစီးမရပေ ။ တ၀မ်က ထိုသည်ကို အခွင့်ကောင်းယူပြီး ထိုလူ၏ ကျောပိုးအိတ်မှ ကြိုးကိုယူ၍ လက်များကို ချည်ပစ်လိုက်လေသည်။
ရထားပေါ်မှ ခုံများသည် ကျဥ်းသဖြင့် ထိုနှစ်ယောက်သည် လှုပ်၍မရတော့ပေ ။
Xxxxxxx