Ch 9
Viewers 39

ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်


အခန်း ၉




ဖန့်ဝမ် ရှင်းပြတာနားထောင်ပြီးနောက် ကျန်းကျစ်ကျိုး လဲ စိတ်မသက်မသာဖြစ်နေသည်.. ဖန့်ဝမ် က သူ့ကို လိမ်ညာခဲ့ပေမယ့် အစစအရာရာ အဆင်ပြေတဲ့ အမျိုးသမီးပါ။ ယခင်က ရည်းစားရှိခဲ့ဖူးတဲ့ အဖြစ်ကို လက်မခံနိုင်တာက သူ့ရဲ့ပြဿနာဖြစ်သည်။ အပေါ်ထပ်က Miss ရှ ပြောသလို သူတော့ တစ်သက်လုံး တစ်ကိုယ်တည်းနေရတော့မယ့်ပုံပင်။



အပေါ်ထပ်က Miss ရှ ဆိုမှ သူသတိရသွားသည်။ သူ့ကို စိတ်ညစ်ညူးစေတဲ့ သူမရဲ့ pa—ta— အသံ ပျောက်သွားပြီပဲ။ သူ အပေါ်ကို တစ်ချက်မော့ကြည့်ရင်း သူ့ကွန်ပျူတာဆီ လျှောက်သွားလိုက်သည်။ ကွန်ပျူတာဖွင့်လိုက်ပြီး Promontory Forum ကို ဖွင့်လိုက်သည်။



Tree Cave - ငါက ရည်စားထားဖို့ မသင့်တော်သူပဲ

#1 Gou Dan2

ကျွန်တော့်မှာ အသန့်ကြိုက်လွန် (mysophobia) နဲ့ သဝန်တိုလွန်တဲ့ ရောဂါရှိတယ်။ ကျွန်တော့်ချစ်သူ မိန်းကလေးမှာ အရင်က ချစ်သူရှိခဲ့ဖူးတာကို လက်မခံနိုင်ဘူး။ ကျွန်တော် စိတ်ပညာအထူးကုနဲ့ တိုင်ပင် ကုသပေမယ့်လည်း တိုးတက်မလာဘူး။ ကျွန်တော့် မိသားစုက ကျွန်တော့်အတွက် blind date တွေစီစဉ်ပေးတယ်။ ကြင်ဖက်မိန်းကလေးအားလုံး အဖက်ဖက်က ပြည့်စုံကြပါတယ်။ တစ်ခုတည်းသော ပစ်ချက်က အရင်က ရည်းစားရှိခဲ့ဖူးတာပဲ။ ကျွန်တော် အားလုံးကို ငြင်းပယ်ခဲ့တယ်။ ကျွန်တော်က ချစ်သူရည်စား ထားဖို့ မသင့်တော်ဘူးထင်ပါတယ်။



#2 Your Uncle

ဘယ်ခုနှစ်မှာ နေနေတာလဲဟ ဒီလို ရောဂါရှိတဲ့ ယောက်ျားတကယ်ရှိနေတာပဲ.... hehe....



#3 Did Emperor Mo send a pic today?

တစ်ဖက်က မိန်းကလေးက အပျိုစင်ဖြစ်ရမယ်ဆို။ ခင်ဗျားကရော လူပျိုစစ်လား



#4 Yu Zhi VIP Card Transfer Personal Chat

ရှင်လို ယောကျ်ားမျိုးက မုန်းတီးစရာပဲ!! ရှင်က တကယ်ပဲ အချစ်ရေးနဲ့ မထိုက်တန်ဘူး။ တစ်သက်လုံး တစ်ယောကတည်းသာ နေလိုက်တော့!



#5 Using Life to Tease

2 စက္ကန့် အကိုကြီးရေ.. မရူးစမ်းပါနဲ့...အခုခေတ်ကြီးမှာ ခင်ဗျားက ဘယ်လိုလုပ် လူပျိုစစ်စစ်ဖြစ်နိုင်မှာလဲ။ (╯_╰) ယောက်ျားတိုင်း သူတို့ရဲ့ညာလက်မှာ လူပျိုရည်ပျက်ကြတာပဲလေ။



#6 Slightly Cool Breeze

ဝိုင်းမပြောကြပါနဲ့လား။ သူ့နာမည်ကိုက Tree Cave ပါဆို? သူပြောတာက သူလဲ စိတ်ရောဂါအထူးကုနဲ့ ပြတယ်တဲ့လေ။ ဘာလို့ဝိုင်းဆဲနေကြတာလဲ keyboard hero loser တွေရဲ့...



#7 Emperor Mo came from the shoot today?

အိုး.! အကို ၆ က စိတ်ဆက်နေတာပဲ... ကျွန်တော်တို့က losers ဆို ခင်ဗျားကရော ခင်ဗျား ဒီလိုလူကို ကြိုက်ရင် သူနဲ့တွဲလိုက်လေ... အိုး.. ဒါပေမယ့် သူက ခင်ဗျားကိုလဲ ငြင်းကောင်းငြင်းနိုင်တယ်နော်...:)



#8 Slightly Cool Breeze

7 ဆောရီးပါဗျာ. ကျွန်တော်က ယောကျ်ားကြီး။ တစ်ခုလောက် ကြိုတင်တောင်းဆိုပါရစေဗျာ.. Emperor Mo ရဲ့ နာမည်သုံးပြီး လိုက်ဟောင်မနေပါနဲ့ သူ့နာမည်ပျက်လိမ့်မယ်.. အိုကေ



#9 #4 Yu Zhi VIP Card Transfer Personal Chat

<<<8 တစ်ယောက်တည်းမဟုတ်ပါဘူး..^^ ရှင့်ကို ပြောနေလို့လား။ ရှင်က ယောကျ်ားဖြစ်တိုင်း ထူးကဲ မြင့်မြတ်သွားရောလား? ဒီလူကို လူပျိုပါလို့ ပြောနိုင်လား ရွံစရာပဲ



#10 Is it okay to eat quick-witted beans?

အမ်း... ကျွန်တော်က ယောကျ်ားဖြစ်လို့ သူ့စိတ်ကို နားလည်ပေးတာပေါ့‌။ ဒါပေမယ့်.. အခု မိန်းမတွေ က ပြုပြင်ပေးနိုင်မယ်ထင်ပါတယ်။ ဒီကိစ္စကို သိပ်ဂရုစိုက်မနေကြပါနဲ့ okay အေးဆေးပေါ့ ညီကိုရာ။



#11 Delaying Terminal Cancer

စောနတုန်းကပဲ ဒီအကြောင်းအရာကို တစ်ယောက်က နှစ်ခါ ပို့စ်တင်သွားတယ်..(ပြုံးမျက်ရည်) ကျွန်တော် အကြံပြုချင်တာတော့ နှစ်ယောက်သား ပေါင်းသာနေလိုက်ကြတော့။ သူများကို ဒုက္ခပေးမနေ ကြနဲ့ပေါ့။



#12 Delaying Terminal Cancer

ပို့စ်တင်သွားသူ link *ဘုရားကောင်းချီးပေးပါစေ* နှစ်ယောက်သား ပျော်ပျော်သာ နေလိုက်ကြတော့။



မှတ်ချက်တွေဖတ်ပြီးသွားတော့ ကျန်းကျစ်ကျိုး နည်းနည်းစိတ်သက်သာသွားသည်။ စောစောကတင် တဲ့ပို့စ်တဲ့လား။ သူ mouse ကို ရွှေ့ပြီး link ကို နှိပ်လိုက်သည်။



Tree Cave - I Seem Unsuited For Dating  



ကျန်းကျစ်ကျိုး - "..."



သူ ပို့စ်ကို နှစ်ခါတင်လိုက်မိသလားလို့ စက္ကန့်ဝက်လောက် ထင်ယောင်ထင်မှားဖြစ်သွားသည်။ ဖြည်းဖြည်း ချင်း ဖတ်ကြည့်လိုက်တော့... 



ကျွန်မက ရည်းစားထားဖို့ မသင့်တော်ဘူးထင်တယ်။ ကျွန်မ အခြားသူတစ်ယောက်နဲ့ ခံစားချက် ချင်း ဖလှယ်ရတာ အလွန်နှစ်သက်ပါတယ်။ ဒါပေမယ့်.. တကယ့်တကယ် အတည်တကျတွဲဖြစ်ကြရင် သူတို့က ကျွန်မကို ဖက်ချင် နမ်းချင်လာရောလေ။ အဲ့လိုဖြစ်လာရင် ကျွန်မက မူးဝေနောက်ကျိလာရော။  မူးဝေပျို့အန်ချင်လာတယ်လို့လဲ ပြောဖို့ မသေချာပါဘူး။ ကျွန်မက သမီးရည်းစားဖြစ်နေတာကို ထိတွေ့ရတာ လက်မခံနိုင်တာလေ ဘာလို့လဲမသိတော့ပါဘူး။ ကျွန်မ ချစ်သူကောင်လေးတိုင်းက ရုပ်ရည်ရော စိတ် ဓာတ်ပါ  ကောင်းမွန်ကြတယ်။ ဒါပေမယ့် သူတို့က အဆင့်တက်ချင်လာတဲ့အခါတိုင်း ကျွန်မက လမ်းခွဲ ခဲ့တာပဲ။



ကျန်းကျစ်ကျိုး - "..."



ဒီခေတ်ကြီးထဲမှာ သူလိုလူတစ်ယောက်ရှိနေသေးတာ သိရတော့ သူ့စိတ်က တော်တော် နေသာထိုင်သာ ရှိသွားသည်။



#2 I am just me

ရှင်က ရှင့်ကောင်လေးကို တကယ်မချစ်လို့ပါ.. အကဲဖြတ်ခြင်း ပြီးဆုံး..



#3 Staring Cat

ရှင့်ရဲ့ ရောဂါလက္ခဏာက ကျွန်မနဲ့တူသလိုပဲ... ကျွန်မသူငယ်ချင်းကတော့ ကျွန်မ single အဖြစ် အကြာ ကြီးနေလိုက်လို့ဖြစ်တာလို့ ပြောတယ်။ တစ်ယောက်တည်းနေလာတာ ကျင့်သားရလာတော့ သူစိမ်းတစ်ယောက်နဲ့ ထိတွေ့တာကို လက်မခံနိုင်ဖြစ်လာတယ်။



#4 Don't frown, I'll leave

ဒီလိုမိန်းကလေးမျိုးကတော့ တော်တော်ဆိုးဆိုးပဲ... တစ်ဖက်လူက ဘာများမှားလို့လဲ။ မင်းမှာ ဒီလိုရောဂါ ရှိမှန်းသိရင် သူတစ်ပါးရဲ့ အချိန်နဲ့ မေတ္တာတွေကို မဖြုန်းတီးမိစေနဲ့ okay



#5 Soft Meowzie

ဒီတစ်ယောက်က သူ့ကောင်လေးတွေကို လာကြွားတာလို့ထင်နေတာ ငါတစ်ယောက်တည်းလား.. ခဲ့ခဲ့



#6 Delaying Terminal Cancer

ရှင်ကလေ စောစောက တစ်ယောက်နဲ့ အတူနေသင့်တယ် သိလား (link) ကျွန်မကို ကျေးဇူးတင်ဖို့ မမေ့နဲ့နော်။ ကျွန်မနာမည် လိန်ဖန့်



ရှဝေ့ လဲ link ကို နှိပ်ပြီး ဖတ်ကြည့်လိုက်သည်. တကယ့်ကို ဇီဇာကြောင်သူပါလား။ ဖြစ်နိုင်ပါတယ် လေ..

သူမ အိပ်ယာထဲကို ခြေပစ်လက်ပစ်လှဲချလိုက်သည်။ 



 ဖုန်းကို ခေါင်းအုံးဘေးမှာထားလိုက်ရင်း best friend chat ကို ဖတ်ကြည့်တော့.... Twiggy နဲ့ Eight Treasures က သူမရဲ့ အရင်ရည်းစားတွေအကြောင်း အတင်းတုတ်နေကြသည်။ သူမ ပို့ဖူးတဲ့ ဓာတ်ပုံတွေပါ ပြန်ရှယ်နေတာတွေ့တော့ ရှဝေ့လဲ အရင်က ကိစ္စတွေကို ပြန်သတိရသွားသည်။



သူမရဲ့ ပထမရည်းစားက သူမအလုပ်လုပ်တဲ့ဆီက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပင်။ အဲ့တုန်းက သူမက ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာဖြစ်သည်။ အဲ့လူက သူမကို လုပ်ငန်းခွင်မှာရော လုပ်ငန်းခွင်ပြင်ပမှာပါ အလွန် ဂရုစိုက်သလို လူကြီးလူ‌ကောင်းဆန်ပြီး နူးညံ့စွာပြောဆိုတတ်သည်။ နောက်‌တော့ သူမ အယ်ဒီတာချုပ်နဲ့ ပြဿနာဖြစ်ပြီး အလုပ်ထွက်လိုက်သည်။ သူမ အလုပ်ထွက်တဲ့နေ့မှာပဲ သူက ချစ်ရေး ဆိုခဲ့သည်။



သူတို့နှစ်ယောက် ချစ်သူတွေဖြစ်ပြီး သုံးလလောက်အထိ အလွန်ပျော်ရွှင်ခဲ့ကြသည်။ သူမ အလုပ်ထွက် ပြီးတော့ လက်သည်း အလှပြင် သင်တန်းတက်လိုက်သည်။ သူမ နေဖို့နေရာနဲ့ အလှပြင်ဆိုင်နေရာရှာရင်း အလုပ်ရှုပ်နေခဲ့ပေမယ့် သူတို့ ပျော်ရွှင်ခဲ့ကြသည်။ 



Twiggy အိမ်က သူမငှားတဲ့ အလှပြင်ဆိုင်နေရာနဲ့ နီးတော့ သူမပြောင်းရွှေ့တော့ သူက ကူပြီးပြောင်းရွှေ့ပေးခဲ့သည်။ ထမင်းတူစားပြီးတော့ သူက အဆင့် တက်ဖို့ကြိုးစားခဲ့သည်။ ဒါနဲ့ပဲ သူမတို့ လမ်းခွဲခဲ့ကြသည်။



သူမရဲ့ ဒုတိယချစ်သူကတော့ ပြီးခဲ့တဲ့နှစ်က နွေရာသီအားလပ်ရက်မှာ ဆုံခဲ့ခြင်းဖြစ်သည်။ လိုင်းပေါ်ကနေ ထမင်းဟင်း မှာစားရင်းနဲ့ တွေ့ဆုံခဲ့ခြင်းပါ။ သူက ငယ်ရွယ်ချောမောတဲ့ ပစ္စည်းပို့သူဖြစ်သည်။ ငယ်ရွယ် ချောမောတဲ့ မောင်လေးနဲ့ ရင်းနှီးသွားတော့မှ သူက တက္ကသိုလ်ကျောင်းသားဖြစ်မှန်း နွေရာသီ ကျောင်း အားရက်မှာ အချိန်ပိုင်း ဝင်လုပ်နေခြင်းဆိုသည်ကို သိခဲ့ရသည်။ အပူပြင်း ဆုံးနွေရာသီအချိန်မှာ သူမရဲ့ ညနေခင်းတွေကို သူ့ဆိုင်က ညစာမှာစားရင်း အချိန်ကုန်ခဲ့သည်။ ဒီမောင်လူချောလေးက သူမဆီ အချိန် မှန် စားစရာပို့ပေးခဲ့သည်။



သူမ အဖေအရင်းတောင် သူမအပေါ် ဒီလောက်စေတနာထားနိုင်မည်မထင်ပါ။ ဒါပေမယ့်လဲ နောက်တော့ သူမတို့ လမ်းခွဲခဲ့ကြတာပဲ ဖြစ်သည်။ ရှဝေ့ တစ်ယောက် သူမ ငရဲကျနိုင်တယ်လို့ ထင်နေမိသည်။



အိုက်ယား! သူမ နားထင်ကို စိတ်ညစ်ညူးစွာ ထုရိုက်မိသည်။ မှတ်ချက်တွေက မှန်နေသည်ပဲလေ။ သူမက ရည်းစားမထားသင့်သူပဲ။ သူမက single အဖြစ်ပဲ နေသင့်သည်။ သူမ ကွန်ပျူတာနဲ့ မီး ပိတ်လိုက်ပြီး ကြိုးစားအိပ်လိုက်သည်။



ဟိုငကြောင် Mr. ကျန်း နဲ့ ဓာတ်လှေကားမှာ မဆုံအောင် ခါတိုင်းထက် ၁၀ မိနစ်စောပြီးထွက်ဖို့ စိတ်ကူး ထားသည်။  အဲ့တော့ စောစောအိပ်ရမည်။



အဲ့ညနေမှာပဲ ငကြောင် Mr. ကျန်း လဲ အိပ်ယာထဲမှာ လူးလှိမ့်နေလေသည်။ နောက်နေ့‌ရောက်တော့ သူ့မရီးက ဖုန်းဆက်လာသည်။ ဖန့်ဝမ်ကို အကြောင်းပြု၍ ဆက်သွယ်ခြင်းဖြစ်သည်။



"ဒီကိစ္စကဟယ် ဖန့်ဝမ်က အမှားလုပ်မိပေမယ့် နင်လဲ သူနဲ့အဆင်ပြေနေခဲ့တာပဲ မဟုတ်လား ဒီလိုကြီး ယတိပြတ်လမ်းခွဲလိုက်တော့ မကောင်းဘူးလေ"



ကျန်းကျစ်ကျိုး ဘာမှမပြောဘဲနေလိုက်သည်။ မရီးလဲ သက်ပြင်းချရင်း ဆက်ပြောသည်။ "ထားပါတော့ ထားပါတော့ ငါ နောက်တစ်ယောက်ရှာပေးမယ်။ ဒီတစ်ခါတော့ ငါက အရင်သိအောင် စုံစမ်းမယ် "



"မလိုတော့ဘူး မရီး ကျွန်တော် အခုရက်ပိုင်း နောက်ထပ် blind date မလုပ်ချင်ဘူး"



သူ့မရီးလဲ "နင်ခံစားနေရတာ ငါသိပါတယ်.. ဒါပေမယ့် နင်လက်မလျှော့သင့်ဘူးလေ။ ဒီတစ်ခါ အဆင် မပြေရင် နောက်တစ်ခါပေါ့  လူငယ်တွေက လွယ်လွယ်လက်မလျှော့ရဘူးမဟုတ်လား"



"အစ်မ တကယ်မလုပ်ပေးနဲ့ဦး ကျွန်တော် ခဏ တည်ငြိမ်အောင် ကြိုးစားလိုက်ဦးမယ်။  ဒီအကြောင်း နောက်မှ ပြောရအောင်" သူ့မရီး ပြန်ပြောတာ မစောင့်ဘဲ ဖုန်းချလိုက်သည်။ သူ တကယ်ကို ပင်ပန်းနေပြီ။ သူ့အတွက်ကတော့ အိမ်ထောင်မပြုရလဲ ကိစ္စမရှိပါ။ သူ့ဖုန်းကို ကုတ်အင်္ကျီအိတ်ထောင်ထဲ ထည့်လိုက်ချိန် ဓာတ်လှေကားရောက်လာသည်။ ဓာတ်လှေကားတံခါးပွင့်သည်နဲ့ အထဲမှာ ရပ်နေသော Miss ရှ ကို တွေ့လိုက်သည်။



ကျန်းကျစ်ကျိုး - "..."



သူမနဲ့ မဆုံဖြစ်အောင် သူက ၁၀ မိနစ်စောထွက်လာခြင်းဖြစ်သည်။ ရှဝေ့လဲ အံ့သြနေသည်။ ဒီ Mr. ကျန်း က တမင်ရန်ရှာနေသလားပဲနော်။ သူတို့နှစ်ယောက် ဓာတ်လှေကားထဲမှာ တိတ်ဆိတ်နေကြသည်။ ကျန်းကျစ်ကျိုး လဲ မနက်ဖြန် ၁၅ မိနစ် စောထွက်ဖို့ စိတ်ကူးလိုက်သည်။ 



 ကားပါကင် ရောက်တော့ လိမ္မော်ရောင်ကြောင်လေးက ထုံးစံ အတိုင်း သူ့ကားဘေးမှာ အိပ်စောင့်နေသည်။ ဒီတစ်ခါတော့ သူ့ဘေးမှာ အဖော်ပါလာသည်။ ကြွက်သေတစ်ကောင်ပါ။



ကျန်းကျစ်ကျိုး - "..."



လိမ္မော်ရောင်ကြောင်က သူ့ကို ကြွက်သေလက်ဆောင်ပေးတာ ဒါက ဒုတိယအကြိမ်ဖြစ်သည်။ ဒီကောင် ဒီနေ့ စိတ်ကြည်နေပုံရသည်။



မြောင် ~ ကျန်းကျစ်ကျိုးကို မြင်တော့ ကြောင်လေးက ကြွက်သေကို တိုးပေးပြီး နှုတ်ဆက်လေသည်။ ကျန်းကျစ်ကျိုး ရယ်ရခက် ငိုရခက်ပင်။ ကားထဲက ကြောင်စာထုတ်ကျွေးရင်း လက်သုတ်တွေယူလိုက်ပြီး ကြွက်သေကို ပစ်ဖို့လုပ်ရသည်။ ကြောင်က အစားစာရင်းကြည့်နေသည်။ ကျန်းကျစ်ကျိုးလဲ ကြွက်သေကို အမှိုက်ကန်ထဲထိ သွားပစ်လိုက်သည်။ သူ့လက်ကို ဆေးကြောရင်း ကြောင်လေးဘေးမှာ ရပ်လိုက်ရင်း "မင်းလက်ဆောင်အတွက် ကျေးဇူးပါကွာ နောက်တစ်ခါ ပေးဖို့မလိုတော့ဘူး သိလား"



မြောင် ~



ကျန်းကျစ်ကျိုး တိတ်ဆိတ်စွာပဲ ကားထဲဝင်ပြီး မောင်းထွက်ခဲ့သည်။ အပေါ်ထပ်က Miss ရှက ဖုန်း ကြည့်ရင်း မြေအောက်ဘူတာရုံဘက် လျှောက်သွားတာ မြင်လိုက်ရသည်။



"ရှမင်မင်က သမီးနဲ့လာနေမလို့ ဟုတ်လား?" ရှဝေ့ သူမ အမေကို မေးလိုက်မိသည်။



"အမ်..သူ့အမေက သူ A City မှာ အလုပ်ရှာဖို့လွှတ်တာလေ သူက အလုပ်မရခင် အခန်းငှားမနေချင်ဘူး အလုပ်ရမှ အလုပ်နားနီးတဲ့နေရာ ငှားနေမယ်တဲ့"



"အိုး.. အဲ့လိုလား သူ့အလုပ်နဲ့ နီးတဲ့ဆီက တိုက်ခန်းတွေက အရမ်းဈေးကြီးတယ်"



"ဖြည်းဖြည်းမှ ရှာပေါ့...သင့်တော်တဲ့နေရာ ရှာတွေ့မှာပါ အရေးကြီးတာက လောလောဆယ်နေစရာ ရှိဖို့ လေ"



ရှဝေ့ ပြန်မဖြေခင် ခဏစဉ်းစားလိုက်သည်။ "သမီးက ကိစ္စမရှိပါဘူး ဒါပေမယ့် Twiggy ကိုတော့ အရင်ပြောလိုက်ဦးမယ်လေ"



"အေးပါ ပြောပြီးရင် ငါ့ပြန်ဆက်‌ပေးဦး သူနေလို့မရရင် နင်က ကူရှာပေးလိုက်"



"ဟုတ်ကဲ့" ရှဝေ့ ဖုန်းပြောနေရင်း ဘူတာရုံဆင်းလိုက်ရင် ဖုန်းလိုင်းမမိမှာဆိုးလို့ မဝင်သေးဘဲ လမ်းဘေးမှာ ရပ်လိုက်ရင်း Twiggy ဆီ စာပို့လိုက်သည်။



[Twiggy ရေ ငါ့မောင်လေးက A City လာပြီး အလုပ်ရှာမလို့တဲ့ သူနေစရာရှာမရခင် ငါနဲ့ခဏလာနေချင်လို့ တဲ့ နေလို့ရမလားဟင်]



5kg မကျရင် နာမည်မပြောင်း - ရတယ်လေဟယ် နင်ပဲ အခန်းတွေ သန့်ရှင်းရမှာကို ~ နင့်ရဲ့ ဘယ်မောင် လေးလဲ..



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  အဖေ့ဖက်က မောင်တစ်ဝမ်းကွဲလေ ရှမင်မင်



5kg မကျရင် နာမည်မပြောင်း - Ha...ha ငါမှတ်မိပြီ! အဲ့နာမည် ငါမှတ်မိနေတော့မှာပဲ Ha...ha Ha...ha



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -   ပြုံး