အခန်း (၆၃) ရပ်လိုက်စမ်း
Viewers 2k

ထိုစဉ် ကျူဝူသည် ဒူးထောက်နေသော ကျူဝမ် ဆီသို့ ရုတ်တရက် ခုန်တက်လိုက်ပြီး ကျူဝမ်၏ ပုခုံးပေါ်သို့ နင်းလိုက်သည်။ 


ထို့နောက် ကျူဝမ်က မတ်တပ်ရပ်ကာ သူ့အား အရှိန်ဖြင့် ရှေ့သို့ တွန်းလွှတ်လိုက်သည်။ 


ကျူဝူသည် သူ့ညီ၏ ပုခုံးကို နင်းကာ လေးညှို့မှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ အပြင်ဘက်သို့ ချက်ချင်း ပျံထွက်သွားတော့၏။


လေတိုးသံနှင့်အတူ ကျူဝူသည် မြေပြင်နှင့် အပြိုင်နီးပါး ပျံထွက်သွားပြီး ရှေ့ဆုံးမှ လာနေသော ကောင်းကျွင်းချန်ကို ဝင်တိုက်လိုက်သည်။ 


အရာအားလုံးသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ 


ကျူဝူသည် လက်လှမ်းပြီး ကောင်းကျွင်းချန်၏ ခြေထောက်များကို ဖက်ကာ လေထဲတွင် တစ်

ပတ်ဂျွမ်းထိုးလိုက်သည်။ 


သူ အင်အားအလွန်အကျွံ မသုံးခဲ့သော်လည်း ကြောင်တောင်တောင် ဖြစ်နေသော ကောင်းကျွင်းချန်အား မီတာ ၂၀ ကျော်အကွာသို့ လွင့်

ထွက်သွားစေရန် စွမ်းဆောင်နိုင်ခဲ့သည်။


အခန်း (၁) မှ ဝက်ဝံနက်၏ မျက်နှာသည် ပျက်ယွင်းသွားပြီး မြေပြင်ပေါ်တွင် လိမ့်ကာ ပြန်ထနေသော ကျူဝူနှင့် ထိပ်တိုက်တိုးလေသည်။ 


အခန်း (၂) ၏ နောက်တန်းတွင်မူ ရီလျန်နာ၏ ကြယ်တာရာမြေပုံသည် ကြယ်တာရာ နေရာလေးခုနှင့်အတူ တောက်ပနေဆဲ ဖြစ်၏။


ထို့နောက် သူမသည် လက်ထဲမှ မီးလုံးကို ကောင်းကင်ပေါ်ရှိ ပစ်မှတ်ဆီသို့ ပစ်လွှတ်လိုက်သည်။


၎င်းမှာ ငွေရောင်အဆင့် ကြယ်တာရာ အတတ်ပညာဖြစ်သော ပေါက်ကွဲမီးလျှံ ပင်။


ဤသည်ကို မြင်သောအခါ ကောင်းကျွင်းဝိန်သည် ထိတ်လန့်တကြားဖြင့် "ကျွင်းချန်" ဟု အော်ဟစ်လိုက်သည်။


တတိယနှစ် ကျောင်းသားများ၏ အခြေစိုက်စခန်းတွင်။


ရှယန်သည် မအောင့်နိုင်ဘဲ ရယ်မောလိုက်

တော့သည်။


"ဟားဟား... ဒီကုသမှုစွမ်းရည်က တကယ်ကို အဆိပ်အတောက် ဖြစ်စေတာပဲ"


ဟန်ကျန်းရွှယ်ကလည်း ကျန်းရှောင်၏ စွမ်းဆောင်ရည်ကို သဘောကျကာ လက်ခုပ်တီးပြီး ခေါင်းငြိမ့်ပြသည်။ 


အသင်း၏နောက်ကွယ်တွင်မူ စုရို့က ထိတ်လန့်တကြား အော်ဟစ်ကာ "ဘာ... ဘာဖြစ်သွားတာလဲ" ဟု မေးမြန်းသည်။


မှတ်ချက်များတရစပ် တက်လာ၏။


"ပူးပေါင်းဆောင်ရွက်မှုပဲ"


"ပြိုင်ပွဲမှာ အဲဒီလို ပူးပေါင်းဆောင်ရွက်မှုကို နောက်ဆုံးတော့ မြင်လိုက်ရပြီ"


"ကိုရီးယားဆံပင်ပုံစံနဲ့ ကောင်လေးက လူအများကို ဆန့်ကျင်တာလား"


"သူက သူ့အသင်းကို ထားခဲ့ပြီး တစ်ယောက်တည်း တိုက်နေတာပဲ"


"သူက လေးယောက်လုံးကို တစ်ယောက်တည်း တိုက်နိုင်မယ်လို့ ယုံကြည်နေတာလား"


"ဟားဟား၊ သူ အသတ်ခံရတော့မှာ"


"ဟားဟား၊ တော်ချင်ယောင် ဆက်ဆောင်နေလိုက်ဦး"


"သူကတော့ ပစ်မှတ်အရှင်ပဲ"


"အဲဒီ Eurasian ကောင်မလေးက သူ့ကို အသေသတ်တော့မှာ"


"နှုတ်သီးမကောင်းလိုက်နဲ့၊ မင်း ပါးစပ်က တကယ် နိမိတ်မရှိတာပဲ"


"အား... ငါ မူးလဲတော့မယ်၊ ဘာတွေဖြစ်နေတာလဲ"


"သူမက သူ့ကို မပစ်နိုင်တာလား၊ ဒီလောက်ကြီးတဲ့ ပစ်မှတ်အရှင်ကြီးကို သူမ မပစ်နိုင်ဘူးလား"


"အဲဒီ Eurasian မလေးက တမင်တကာ လုပ်နေတာ မဟုတ်လား"


"သူက ချောလို့လား"


"ကောင်းလိုက်တာ...သူ့ကို မပစ်ပါနဲ့၊ ကျေးဇူးပြုပြီး မပစ်ပါနဲ့"


"အခွင့်အရေး ရှိသေးတယ်...ရှိသေးတယ်"


"ငါတို့ ကိုရီးယားပုံစံ ကောင်လေးအတွက် အခွင့်အရေး ရှိသေးတယ်"


ကြည့်ရှုသူများ အုတ်အော်သောင်းနင်း ဖြစ်လာသည်နှင့်အမျှ မှတ်ချက်များလည်း မြန်မြန်ဆန်

ဆန် တိုးလာသည်။ 


ကျန်းရှောင်က သူ၏ ကောင်းချီးပေးခြင်း အတတ်ပေးလိုက်သည့် အခိုက်အတန့်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။ 


အကြောင်းမှာ ကျန်းရှောင်သည် ထိတ်လန့်သွားပြီး ဦးနှောက်ဖောက်ပြန်သွားသည်ဟု လူတိုင်းက ထင်မှတ်လိုက်သောကြောင့် ဖြစ်၏။


သို့သော်လည်း အခန်း (၂) ၏ တိုက်ခိုက်မှုများသည် လုံးဝ အလောတကြီး မရှိလှဘဲ၊ ကျန်းရှောင်သည် သူ၏ ဆေးဘက်ဆိုင်ရာ ကြယ်တာရာအတတ်ပညာ၏ လုပ်ဆောင်ချက်များကို လူတိုင်းက နားမလည်ကြသော်လည်း တမင်တကာ သူတို့ကို ကုသပေးခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သိမြင်နိုင်ခဲ့သည်။ 


အခန်း (၁) ကျောင်းသားများမှလွဲ၍ ကျန်လူတိုင်းသည် စိတ်ဝင်စားဖွယ် ကောင်းလှသော အခြေအနေ အပြောင်းအလဲအတွက် အားပေးနေကြသည်။


သို့သော် ကောင်းကျွင်းချန်သည် ကောင်းကင်ပေါ်သို့ မြှောက်ပစ်ခံရပြီး အခန်း (၂) ၏ နှိပ်စက်မှုကို ခံရတော့မည့် အချိန်တွင် ကျောင်းသားများ၏ မျက်နှာအမူအရာသည် ထပ်မံ ပြောင်းလဲသွားပြန်သည်။ 


အကြောင်းမှာ ရီလျန်နာ ပစ်ချက် လွဲချော်သွားသောကြောင့်ပင်။


တောက်လောင်နေသော မီးလုံးသည် ကောင်းကျွင်းချန်၏ ဘေးမှ ဖြတ်သွားကာ ဝေးရာရှိ ကောင်းကင်ယံတွင် ပေါက်ကွဲသွားသည်။


ကျူဝူသည် နောင်တများဖြင့် ပြည့်နှက်သွားသည်။ 


သူက 'ငါ အဲဒီတုန်းက ကောင်းကျွင်းချန်ရဲ့ ခေါင်းကိုသာ ရှိသမျှအင်အားနဲ့ ထိုးလိုက်ရမှာ' ဟု တွေးနေမိသည်။ 


အမှန်စင်စစ် ယုတ္တိဗေဒအရ ကျူဝူတွင် ထိုးရန် ထိုတစ်ကြိမ်သာ အခွင့်အရေးရှိခဲ့ခြင်းဖြစ်ကြောင်း အခန်း (၁) မှ ဝက်ဝံနက် ၏ နောက်ဆက်တွဲ လုပ်ဆောင်ချက်များက သက်သေပြနေသည်။


ကျန်းရှောင်၏ အသင်းသည် ကောင်းကျွင်းချန်၏ ကာကွယ်ရေးစွမ်းရည်က မည်မျှရှိသည်ကို အတိအကျ မသိကြချေ။ 


ကျူဝူ၏ လက်သီးနှင့် နှိုင်းယှဉ်လျှင် ရီလျန်နာ၏ ပေါက်ကွဲမီးလျှံသည် သေချာပေါက် ပိုမို ပြင်းထန်ပြီး နှစ်ကြိမ်တိုင်တိုင် အသုံးပြုနိုင်သည်။ 


ကျန်းရှောင်၏ ကောင်းချီးပေးခြင်း သည်လည်း ငွေရောင်အဆင့် ဖြစ်သောကြောင့် ၎င်း၏ အကျိုးသက်ရောက်မှုကို လျှော့တွက်၍မရပေ။ 


အကယ်၍ ကျူဝူ၏ လက်သီးက အဖျက်စွမ်းအား ပြင်းလွန်းပြီး ကျန်းရှောင်၏ ကောင်းချီးပေးခြင်း အာနိသင်ကို လျော့ပါးသွားစေလျှင် မည်သို့ဖြစ်မည်နည်း။ 


ထို့ကြောင့် ပေါက်ကွဲမီးလျှံသည် ပစ်မှတ်ကို ထိမှန်ရန် အကောင်းဆုံး ဖြစ်ခဲ့သည်။


အရေထူသော ဘီလူးဖြူများပင်လျှင် ပေါက်ကွဲမီးလျှံကို ပေါ့ပေါ့တန်တန် မထားနိုင်ပါက အထက်တန်းကျောင်းသားများအတွက်မူ ဆိုဖွယ်ရာ မရှိချေ။ 


ကွင်းအတွင်းတွင် ကျူဝမ်သည် သူ့အစ်ကိုအား ကူညီရန် ရှေ့သို့ တက်သွားပြီး ကျန်းရှောင်က ရီလျန်နာကို ခေါ်ကာ နောက်ဆုတ်လိုက်သည်။ 


အနည်းဆုံးတော့ ယခုအချိန်တွင် အဓိက တိုက်စစ်စွမ်းအားကို ကာကွယ်ပေးရန်မှာ အရေးကြီးဆုံး ဖြစ်သည်။ 


သို့သော် ပြဿနာတစ်ခု ပေါ်လာ၏။


ရီလျန်နာ၏ ပထမဆုံး ဗုံးမှာ လွဲချော်သွားခဲ့ခြင်း။


ကျန်းရှောင်သည် ကွင်းအတွင်းရှိ အခြေအနေကို သတိထားကြည့်နေစဉ် ကျူညီအစ်ကိုနှစ်ယောက်က ပြိုင်ဘက်အသင်းမှ သုံးယောက်ကို ပိတ်ဆို့ထားသဖြင့် ကျန်းရှောင်မှာ နည်းဗျူဟာ ပြောင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။


"ကိစ္စမရှိဘူး ရီလျန်နာ၊ ရှေ့ကိုတက်" ဟု ကျန်းရှောင်က အော်ပြောကာ ကောင်းကျွင်းချန် ကျမည့်နေရာသို့ တိုက်ရိုက် ပြေးသွားသည်။


ပစ်မှတ်နှင့် နီးလေလေ၊ ပိုမို တိကျစွာ ပစ်နိုင်လေလေ ဖြစ်ကြောင်း ထင်ရှားသည်။ 


ကျန်းရှောင်သည် စိတ်အားထက်သန်နေပြီး အဆင်သင့်ပြင်ထားရမည်ဖြစ်သည်။ 


ရီလျန်နာ၏ မျက်နှာတွင် အမှားလုပ်မိသည့်အတွက် နောင်တရမှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ ခန္ဓာကိုယ်အတွင်း ကြယ်တာရာစွမ်းအားများ လှုပ်ခတ်လာသည်။ 


ရုတ်တရက် လေးခုမြောက် ကြယ်တာရာ နေရာလင်းလက်လာပြီး သူမ၏ လက်ထဲတွင် မီးလုံးတစ်လုံး ဖြစ်ပေါ်လာသည်။ 


သူမသည် ကျန်းရှောင်နောက်သို့ လိုက်ရင်း ကောင်းကင်မှ ကျလာသော ပစ်မှတ်ကို အညိုရောင်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မီးလုံးကို အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်၏။


"ရှူး..."


ရီလျန်နာသည် ခြေလှမ်းရပ်လိုက်သည်။ 


မီးလုံးသည် ကောင်းကင်မှ စောင်း၍ ကျလာသော ကောင်းကျွင်းချန်ဆီသို့ ပြေးဝင်သွားသော်လည်း ကျန်းရှောင်ကမူ ရှိသမျှ အင်အားဖြင့် ရှေ့သို့ ပြေးနေဆဲ ဖြစ်သည်။ 


တောက်လောင်နေသော မီးလုံးသည် သူ့ခေါင်းပေါ်တွင် ဝဲပျံနေသည်။ 


ထိုအချိန်တွင် ကောင်းကျွင်းချန်သည် ထိတ်လန့်မှုမှ ပြန်လည် နိုးကြားလာသည်။ 


နောက်ဆုံးတွင် သူသည် ထိခိုက်ဒဏ်ရာ မရရှိဘဲ ကောင်းကင်ပေါ်သို့ ပစ်တင်ခံရခြင်းသာ။


အသိပြန်ဝင်လာသော ကောင်းကျွင်းချန်သည် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားရန် အားကိုးစရာ မရှိသည်ကို သိလိုက်ရသလို ပျံလာသော မီးလုံးကိုလည်း မြင်လိုက်ရသည်။


"တောက်"


ကောင်းကျွင်းချန်က ဒေါသတကြီး ကျိန်ဆဲရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ့လက်ထဲတွင် လျှပ်စစ်များ စီးဆင်းလာသည်။ 


အရှိန်မြှင့်လိုက်သည်။


"ထိုးဖောက်ခြင်း"


"ဘုန်း...ထိသွားပြီ"


"ဒိုင်း"


မီးလုံးသည် ကောင်းကျွင်းချန်၏ ညာလက်သီးနှင့် တိုက်မိကာ ပေါက်ကွဲသွားသည်။ 


တောက်လောင်နေသော မီးလျှံများသည် ကောင်းကျွင်းချန်၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားပြီး ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ကွင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။


"ကျန်း... ကျန်းရှောင်ဖီ"


ကျူဝမ်သည် ဝက်ဝံနက်၏ လက်သီးကို ရှိသမျှ အင်အားနှင့် ခုခံနေစဉ် လူရိပ်တစ်ခု သူ့ဘေးမှ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ 


ညီအစ်ကို နှစ်ယောက်သည် ကြေးနီတံတိုင်း၊ သံတံတိုင်းကဲ့သို့ ဝက်ဝံနက် နှင့် ပိန်လှီသော လူငယ်ကို အပြင်ဘက်တွင် ပိတ်ဆို့ထားသည်။ 


သို့သော်လည်း မြင်းမြီးဆံပင်နှင့် မိန်းကလေးမှာ တိုက်ပွဲရှည်ခြင်းကို မနှစ်သက်ဘဲ အသင်း၏ နောက်တန်းတွင် တစ်ယောက်တည်း ရပ်နေသော ရီလျန်နာကို မျက်စိကျနေပြီ ဖြစ်၏။


ဘောလုံးကွင်းအတွင်းရှိ အခြေအနေမှာ ထပ်မံ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ 


ကျူညီအစ်ကိုများ၊ ဝက်ဝံနက် နှင့် ပိန်လှီသော လူငယ်တို့မှာ အပြင်းအထန် တိုက်ခိုက်နေကြသည်။ 


မြင်းမြီးဆံပင်နှင့် မိန်းကလေးသည် တစ်ယောက်တည်းရှိနေသော ရီလျန်နာဆီသို့ အမြန် ပြေးဝင်သွားသည်။ 


ထိုအတောအတွင်း ကျန်းရှောင်သည် အခန်း (၁) ၏ နောက်တန်းသို့ ရောက်ရှိသွားပြီး လွင့်ထွက်သွားသော ကောင်းကျွင်းချန်နောက်သို့ လိုက်လေသည်။


ရီလျန်နာသည် အံ့အားသင့်သွားပြီး ချဉ်းကပ်လာသော လူရိပ်ကို စိုက်ကြည့်လိုက်သည်။ 


ထို့နောက် သူမ၏ လက်မှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စံပြတိုက်ခိုက်ရေး ပုံစံကို ယူလိုက်သည်။ 


ထိုအချိန်တွင် ကျန်းရှောင်က အဝေးမှနေ၍ "ပေါက်ကွဲမီးလျှံ...ပေါက်ကွဲမီးလျှံ" ဟု အော်ဟစ်လိုက်သည်။


ရီလျန်နာသည် သဘာဝအလျောက် တုံ့ပြန်

လိုက်သည်။ 


အသင်းရှိ တစ်ဦးတည်းသော မိန်းကလေးအနေဖြင့် သူမ၏ စိတ်ဓာတ်သည် ယောင်္ကျားလေး သုံးယောက်ကဲ့သို့ မပြတ်သားလှသော်လည်း သူတို့ မည်မျှ သန်မာသည်ကို လူတိုင်း မြင်နိုင်သည်။ 


ရီလျန်နာသည် အစိမ်းရောင်အလင်းတန်းကို မသိစိတ်ဖြင့် ပြန်သိမ်းလိုက်ပြီး မီးလုံးကို ပြန်လည် ဖော်ဆောင်လိုက်သည်။ 


မြင်းမြီးဆံပင်နှင့် မိန်းကလေးက သူမကို သနားစဖွယ် အကြည့်ဖြင့် ကြည့်ကာ စည်းမျဉ်းနိုးထသူ ရီလျန်နာကို အနိုင်ယူတော့မည့်အလား ချဉ်းကပ်လာသည်။


နောက်တစ်စက္ကန့်တွင် သန့်ရှင်းသော အလင်းတန်းတစ်ခု ကျဆင်းလာ၏။


၎င်းသည် အလွန်မြန်ဆန်လွန်းသဖြင့် မြင်းမြီးဆံပင်နှင့် မိန်းကလေးမှာ အသက်ပင် ရှူအောင့်

လိုက်ရသည်။


"ဒါ... ဒါက ဘယ်လို ခံစားချက်မျိုးလဲ"


သူမသည် တစ်ကိုယ်လုံး နွေးထောင်သွားပြီး အမွှေးအမျှင်ပေါက်များ အားလုံး ပွင့်ထွက်သွားသကဲ့သို့ အလွန် သက်သောင့်သက်သာရှိလှသော အရသာကို ခံစားလိုက်ရသည်။ 


ကြွက်သားများကို ထိန်းချုပ်နိုင်သော်လည်း အာရုံကြောများကိုမူ မထိန်းချုပ်နိုင်ချေ။


အာရုံလွင့်သွားသဖြင့် မိန်းကလေး၏ ခြေလှမ်းများ ပုံမှန်မဟုတ်တော့ဘဲ သာယာမှုကြောင့် တုန်ယင်လာကာ တိုက်ခိုက်ရန်ပင် မစွမ်းသာတော့ပေ။ 


ထို့အတူ ၎င်းသည် သူမ၏ ရှုံးနိမိတ်လည်း ဖြစ်လာသည်။ 


ရီလျန်နာသည် ယခင်က မခံစားဖူးသော လုံခြုံမှုကို ခံစားလိုက်ရ၏။


ကျန်းရှောင်ဖီသည် သူမ၏ ရှေ့တွင် မရှိသော်လည်း သူသည် သူမကို စောင့်ရှောက်

နေသည်ကို သူမ ခံစားနိုင်သည်။ 


မြင်းမြီးဆံပင်နှင့် မိန်းကလေးမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်ကာ သူမဆီသို့ လာနေသော ပေါက်ကွဲမီးလျှံဆီသို့ ယိမ်းထိုးလျက် ပြေးဝင်သွားတော့သည်။


ဟိန်းဟောက်သံတစ်ခု လေထုထဲ ပြည့်နှက်သွားသည်။


ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် မြင်းမြီးဆံပင်နှင့် မိန်းကလေးမှာ တိုက်ရိုက် လွင့်ထွက်သွားပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်သည် နူးညံ့သော မြက်ခင်းပြင်ပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားတော့သည်။


သူမ မတ်တပ်မရပ်နိုင်မီမှာပင် နောက်ထပ် ပေါက်ကွဲမီးလျှံတစ်ခု၏ တိုက်ခိုက်မှုကို ခံလိုက်ရပြန်သည်။


"ဒိုင်း"


ဆေးဘက်ဆိုင်ရာ နိုးထသူများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းချီးပေးခြင်း အတတ်ပညာသည် မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို ရီလျန်နာ သိလိုက်ရသည်။ 


အရေးကြီးဆုံးမှာ မြင်းမြီးဆံပင်နှင့် မိန်းကလေး သူမကို ကြည့်သွားသော အကြည့်ကို သူမ မမေ့နိုင်ခြင်းပင်။ 


ထိုအမူအရာမှာ အသင်းဖော်များ၏ အပြစ်တင်ခြင်းကို ခံနေရသော စွန့်ပစ်ခံ မိဘမဲ့ကလေးတစ်ဦးကို ကြည့်နေသည့်အလား ဖြစ်သည်။


တစ်ချိန်တည်းမှာပင် ကျန်းရှောင်သည် ကောင်းကင်မှ ကျလာသော ကောင်းကျွင်းချန်ကို နောက်ဆုံးတွင် ဖမ်းမိသွားသည်။ 


ထိုအချိန်တွင် ကောင်းကျွင်းချန်၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး ဒဏ်ရာ ပြင်းထန်လှ၏။


အသားများ စုတ်ပြတ်နေကာ မီးလောင်ထားသော အနံ့များ ထွက်နေပြီး သွေးများ တစစ ကျနေသည်။ 


သို့သော်လည်း သူ၏ မျက်လုံးများမှာ ပြူးကျယ်နေဆဲဖြစ်ပြီး ချဉ်းကပ်လာသော လူရိပ်ကို စိုက်ကြည့်နေဟန် ရှိသည်။


"ရှောင်ချန်"


တတိယနှစ် ကျောင်းသားများ၏ အခြေစိုက်

စခန်းမှ ကောင်းကျွင်းဝိန်က အော်ဟစ်လိုက်

သည်။ 


ထို့နောက် သူက ဒေါသတကြီး အော်ဟစ်လိုက်

သည်။


"ကျန်းရှောင်ဖီ...ရပ်လိုက်စမ်း"


ရပ်ရမည်လား။


'မဟုတ်ဘူး၊ မင်းညီက လူတိုင်းကို နှိမ်လို့ရတယ်၊ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာ အရမ်း အလိုလိုက်ခံထားရလွန်းလို့ပဲ'


'ငါ မရပ်နိုင်ဘူး'


ကျန်းရှောင်သည် လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ တံတောင်ဆစ်များမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ 


ရုတ်တရက် ပိန်လှီသော လူငယ်သည် တွန့်ကုတ်သွားပြီး ထိုနေ့က ဂိုဒေါင်ထဲတွင် ထိုသံတံတောင်ဆစ်၏ နှိပ်စက်မှုကို ခံခဲ့ရသည့် ကြောက်ရွံ့မှုကို ပြန်လည် သတိရသွားပုံရသည်။ 


ကွင်းအတွင်းရှိ လူတိုင်း အာရုံလွင့်သွားကြ၏။


ကျူဝမ်သည် ပိန်လှီသော လူငယ်၏ ဘယ်ဘက်

နံရိုးကို ပြင်းထန်စွာ ထိုးလိုက်သည်။ 


သို့သော် ထိုအသံမှာ ဝေးရာမှ ထွက်ပေါ်လာသော ပိုမိုကျယ်လောင်သည့် အသံအောက်တွင် နစ်မြုပ်သွားသည်။


ထိုပြင်းထန်သော မြည်ဟည်းသံမှာ လူတိုင်း၏ နှလုံးသားကို ထိမှန်သွားသည့်အလား။


၎င်းမှာ ထိုရက်စက်သော ဓားထိုးချက်၊ ထိုပျံသန်းတိုက်ခိုက်မှုနှင့် သံတံတောင်ဆစ်၊ ထိုမြေပြင်ကို ပဲ့ကြွေစေသော စွမ်းအားပင် ဖြစ်သည်။ 


ယခုတစ်ကြိမ်တွင်မူ အုတ်ကြွပ်ပြားများ ကွဲအက်ခြင်း မရှိဘဲ တိမ်တိမ်လေးသာ ရှိသော တွင်းတစ်ခုသာ ဖြစ်ပေါ်သွားသည်။


ကောင်းကျွင်းချန်မှာ ကျန်းရှောင်၏ တံတောင်ဆစ်ဖြင့် မေးရိုးကို အတိုက်ခံလိုက်ရပြီး တစ်ကိုယ်လုံး နူးညံ့သော မြက်ခင်းမြေကြီးထဲသို့ နစ်ဝင်သွားသည်။ 


သူ သတိလုနီးပါး ဖြစ်သွားသည်။


"တီ..."


ဒိုင်လူကြီး၏ ခရာသံ ချက်ချင်း ထွက်ပေါ်လာသည်။


"ကောင်းကျွင်းချန်နဲ့ ဝူကျင်းယင် တို့ တိုက်ခိုက်နိုင်စွမ်း မရှိတော့တဲ့အတွက် အရည်အချင်း ပျက်ယွင်းသွားပါပြီ"


"ဒါကြောင့် သူတို့ကို နောက်ထပ် တိုက်ခိုက်ဖို့ ပစ်မှတ်အဖြစ် မသတ်မှတ်နိုင်တော့ပါဘူး"


တစ်ချိန်တည်းမှာပင် ပိန်လှီသော လူငယ်သည် သူ၏ ဘယ်ဘက်နံရိုးကို နာကျင်စွာ ဆုပ်ကိုင်ထားပြီး ညာလက်ကို မြှောက်ကာ အဆက်မပြတ် ဝေ့ယမ်းပြသည်။ 


စည်းကမ်းဖောက်ဖျက်မှုကြောင့် အရည်အချင်း အပယ်မခံလိုသဖြင့် ကျူဝမ်ကလည်း တိုက်ခိုက်မှုကို ချက်ချင်း ရပ်လိုက်သည်။


စစ်တလင်းပေါ်တွင် ဝက်ဝံနက်သည် သနားစဖွယ် အသွင်ဖြင့် တိုက်ပွဲမှ ထွက်ခွာလာသည်။ 


သူသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အားကိုးရာမဲ့စွာ ခေါင်းခါယမ်းလိုက်၏။


ဒိုင်လူကြီးက ထပ်မံ ခရာမှုတ်ကာ "ပထမနှစ် အခန်း (၂) အနိုင်ရပါတယ်" ဟု ကြေညာလိုက်

သည်။


"အားးးးး"


"ဟေးးး...လန်းတယ်ဟေ့"


"ချန်ပီယံ...ချန်ပီယံ...ချန်ပီယံ"


အခန်း (၂) မှ ကျောင်းသားများ အောင်ပွဲခံနေစဉ် ကျူညီအစ်ကိုများမှာ တစ်ဦးကိုတစ်ဦး ပြုံးကြည့်ကာ ရင်ဘတ်ချင်း တိုက်လိုက်ကြသည်။ 


'အခန်း (၁) က ဖြစ်နေတော့ ဘာဖြစ်လဲ'


'သူတို့က ထိပ်သီးတွေ ဖြစ်နေတော့ ဘာဖြစ်လဲ'


'ငါတို့ သူတို့ကိုလည်း အနိုင်ယူလိုက်တာပဲ'


ရီလျန်နာ၏ ကြယ်တာရာမြေပုံမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူမသည် မြေပြင်ပေါ်တွင် ထိုင်ကာ အသက်ကို ပြင်းပြင်းရှူနေရင်း ကြယ်တာရာပုတီးစေ့တစ်စေ့ကို ထုတ်ယူကာ အမြန် ချေဖျက်လိုက်သည်။ 


ကြယ်တာရာစွမ်းအားများ သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီးနောက် သူမ အနည်းငယ် သက်သာလာပုံရ၏။


ကျန်းရှောင်သည် လျင်မြန်စွာ ချဉ်းကပ်လာသော လူရိပ်တစ်ခုကို စောင့်ကြည့်နေသည်။


"ကျန်းရှောင်ဖီ...သူက တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူးလေ" ဟု ကောင်းကျွင်းဝိန်က ပြောလိုက်

သည်။


"မင်းက ဒိုင်လူကြီးလား"


ကျန်းရှောင်က နောက်တစ်လှမ်းဆုတ်ကာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို သတိလစ်နေသော ကောင်းကျွင်းချန်အား ခေါ်ဆောင်သွားခွင့် ပေးလိုက်သည်။ 


ရန်လိုသော အကြည့်များဖြင့် ကောင်းကျွင်းဝိန်က ဒေါသတကြီး အော်ပြန်၏။


"မင်းကတော့ကွာ...မင်း မျက်စိကန်းနေလား"


"သူ တိုက်ခိုက်နိုင်စွမ်း မရှိတော့တာကို မမြင်ဘူးလား"


"မင်းက ဒိုင်လူကြီး မဟုတ်ဘူးပဲ"


ကျန်းရှောင်က ကောင်းကျွင်းဝိန်ကို တိတ်ဆိတ်

စွာ စိုက်ကြည့်လိုက်ပြီး အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိချေ။


"ငါလည်း ဒိုင်လူကြီး မဟုတ်ဘူး၊ ဒါပေမဲ့ ငါက ဗေဒင်ဆရာပဲ"


"ဘာ..."


ကောင်းကျွင်းဝိန်က သွားကြိတ်ရင်း အော်လိုက်

သည်။


"ဗေဒင်မေးချင်လို့လား"


"မင်းက မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ" ဟု ကျန်းရှောင်က ကောင်းကျွင်းဝိန်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေတော့သည်။