ဇာတ်ကောင်: ကျန်းရှောင်
ကြယ်တာရာမြေပုံ : နက္ခတ်ကိုးလုံးပုံစံ ကြယ်
မှုန်အဆင့် ၄
ကြယ်တာရာစွမ်းရည် : ကောင်းချီးပေးခြင်း ကြေးဝါအဆင့် ၁ (၀/၁၀)
လှည့်စားခြင်း : ကြေးဝါအဆင့် ၁ (၀/၁၀)
အစိမ်းရောင်အလင်းတန်း : ငွေအဆင့် ၃ (၅/၁၀)
ခံနိုင်ရည် : ငွေအဆင့် ၃ (၅/၁၀)
ခေါင်းလောင်း : ငွေအဆင့် ၁ (၀/၁)
အမှတ်အသား : ငွေအဆင့် ၁ (၀/၁)
အခြေခံစွမ်းရည်: လက်ဗလာတိုက်ခိုက်ရေး ကြေးဝါအဆင့် ၉
ကြယ်တာရာစွမ်းအားကြွယ်ဝမှု : ကြေးဝါအဆင့် ၃
ဓားမြှောင်ကျွမ်းကျင်မှု : ကြေးဝါအဆင့် ၅
အရည်အသွေးပွိုင့် : ၁
၎င်းမှာ ပြိုင်ပွဲအတွင်းရှိ ကျန်းရှောင်၏ ကြယ်တာရာမြေပုံ အခြေအနေဖြစ်သည်။
ဒုတိယမြောက် ကြယ်တာရာစွမ်းရည်ကဏ္ဍတွင် အညွှန်းကိန်းများမှာ ၀/၁၀ နှင့် ၀/၁ ဖြစ်နေရခြင်းမှာ ဘီလူးဖြူစုန်းမ နှင့် ဘီလူးဖြူများ၏ ကြယ်တာရာ ပုတီးစေ့များမှာ ကြေးဝါအဆင့်များ ဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ကြေးဝါအဆင့် ကြယ်တာရာ ပုတီးစေ့တစ်လုံးကို စုပ်ယူတိုင်း တစ်ဆင့်သာ တိုးလာမည်။
ဘီလူးဖြူစုန်းမ၏ ကြယ်တာရာ ပုတီးစေ့မှာ ငွေအဆင့်ဖြစ်သဖြင့် ၎င်းတစ်လုံးကို စုပ်ယူခြင်းက တစ်ဆင့်တိုးစေသည်။
ကျန်းရှောင်သည် အခန်း (၂) ၏ တန်းစီစစ်ကြောင်းထဲတွင် ရပ်နေရင်း သာမန်ကျောင်းသားများ၏ စစ်ရေးလေ့ကျင့်မှု ကဏ္ဍကို ကြည့်နေခဲ့၏။
ယခုအချိန်သည် သာမန်ကျောင်းသားများ၏ ပြသရမည့်အချိန်ဖြစ်ပြီး နိုးထသူ အတန်း ၈ တန်းနှင့် ဘာမှမသက်ဆိုင်ပေ။
သာမန်ကျောင်းသားများ ပြီးဆုံးမှသာ နိုးထသူအတန်းများက တင်ဆက်ရမည်ဖြစ်သည်။
အကြောင်းမှာ တင်ဆက်သည့် အကြောင်းအရာများ မတူညီသောကြောင့်ဖြစ်သည်။
သာမန်ကျောင်းသားများက စနစ်တကျ စစ်ရေးလေ့ကျင့်မှု ပြသရပြီး နိုးထသူများမှာမူ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်အလိုက် အဆင့်
သတ်မှတ်ခံရမည်။
အမှန်စင်စစ် ပြိုင်ပွဲမစတင်မီ နိုးထသူများသည်လည်း တိုက်ခိုက်ရေးဟန်များ၊ ချုပ်ကိုင်ခြင်းနှင့် နပန်းနည်းစနစ်များ ပါဝင်သော ပြကွက်များကို ပြသကြရမည်ဖြစ်သည်။
လူအများစုမှာ ထိုပြကွက်များကို အာရုံမစိုက်ကြဘဲ နောက်ဆုံးတွင်ဖြစ်လာမည့် တိုက်ပွဲကြီးကိုသာ စောင့်မျှော်နေလေ့ရှိကြသည်။
သာမန်ကျောင်းသားများ၏ စစ်ရေးပြပွဲအပြီး အဆင့်များထုတ်ပြန်ပြီးနောက် ဆရာများက ကျောင်းသားများကို သက်ဆိုင်ရာ အတန်းများသို့ ပြန်ခေါ်သွားကြသည်။
ထိုအချိန်မှာပင် နိုးထသူအတန်းများသည်လည်း အချိန်ဇယားထဲမှ အဖိုးတန်အချိန်များကိုယူကာ ဘောလုံးကွင်းထဲတွင် သပ်ရပ်စွာ တန်းစီလိုက်ကြသည်။
ပထမနှစ် ပြိုင်ပွဲကြီး စတင်တော့မည်ဖြစ်သဖြင့် လူတိုင်းက အနီးကပ်စောင့်ကြည့်နေကြ၏။
ဒုတိယနှစ်မှ နိုးထသူများမှာလည်း ရည်မှန်းချက်ကြီးပုံရသည်။
၎င်းတို့သည် အသန်မာဆုံးအဖွဲ့ကို ရွေးချယ်ထားပြီးဖြစ်သည်။
ပထမနှစ်ကျောင်းသားများ၏ ပြိုင်ပွဲအပြီးတွင် ဒုတိယနှစ်၏ အသန်မာဆုံးအဖွဲ့သည် တတိယနှစ်မှ ကျောင်းခေါင်းဆောင်များကို စိန်ခေါ်နိုင်မည်ဖြစ်သည်။
ကျန်းရှောင်သည် သူ၏အတွင်းစိတ် ကြယ်တာရာမြေပုံထဲမှ ပြန်ထွက်လာပြီး နူးညံ့သော မြက်ခင်းပြင်ပေါ်တွင် ရပ်ရင်း ရှေ့ရှိ စင်မြင့်ကြီးကို လှမ်းကြည့်လိုက်သည်။
စင်ပေါ်တွင် လူ ၁၀ ဦးရှိပြီး ဘေးဆုံးမှ အမျိုးသမီးတစ်ဦးမှလွဲ၍ ကျန်သူများမှာ လူငယ်များ မဟုတ်ကြချေ။
ထိုအမျိုးသမီးမှာ သူမ၏ နုပျိုမှုကို ထိန်းသိမ်းထားနိုင်ပုံရ၏။
သူမသည် အသက် ၃၀ ကျော်ဟု ထင်ရသော်လည်း ကျန်းရှောင်ကမူ သူမသည် ၄၀ ကျော်လောက်ရှိပြီဟု ခန့်မှန်းလိုက်သည်။
ဤကမ္ဘာမှ ဆရာများသည် ကျန်းရှောင်၏ ကမ္ဘာနှင့် မတူပေ။
အများစုမှာ နိုးထသူများဖြစ်ကြသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်ကောင်းမွန်သည်။
ကျန်းရှောင်အနေဖြင့် ဆံပင်ပြောင်နေသော သို့မဟုတ် ဗိုက်ပူနေသော ဆရာတစ်ယောက်မျှ မတွေ့မိပေ။
ကျိုးကြောင်းဆီလျော်စွာ စဉ်းစားကြည့်လျှင် အလယ်တွင် ထိုင်နေသူမှာ ကျောင်းအုပ်ကြီး ဖြစ်သင့်သည် မဟုတ်ပါလား။
သို့သော် လူ ၁၀ ဦးရှိနေသဖြင့် အလယ်ဗဟိုနေရာတွင် နှစ်ဦးရှိနေသည်။
တစ်ဦးမှာ အသက် ၅၀ ခန့်ရှိပြီး ဝတ်စုံအပြည့်
နှင့်ဖြစ်ကာ ကြင်နာတတ်သော ပုံစံရှိသည်။
နောက်တစ်ဦးမှာမူ စစ်ဝတ်စုံနှင့်ဖြစ်သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သိသာလှသည်။
၎င်းက ကျန်းရှောင်ကို ဇဝေဇဝါဖြစ်စေသည်။
စစ်တပ်က ကျောင်းသားများကို လေ့လာရန် လူလွှတ်ထားပြီးသားဆိုလျှင် အဘယ်ကြောင့် ဤကဲ့သို့ ပရိသတ်အဖြစ် လာကြည့်နေရသနည်း။
စစ်သားများကို နိုးထသူကျောင်းသားများ၏ တပ်မှူးအဖြစ် ခန့်အပ်လိုက်လျှင် ပိုမလွယ်ကူပေဘူးလား။
ရက် ၂၀ မပြည့်သော အချိန်အတွင်းမှာပင် စစ်သားများအနေဖြင့် ကျောင်းသားများ၏ အလားအလာနှင့် လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိနိုင်မည်။
၎င်းတို့က ထိုမျှအလုပ်များနေသလား၊ လူအင်အား မလုံလောက်တာလား။
မကြာမီပင် နည်းပြ လေကျင်း၏ ဦးဆောင်မှုဖြင့် အခန်း (၂) မှ ကျောင်းသားများသည် လက်ဗလာတိုက်ခိုက်ခြင်း၊ ချုပ်ကိုင်ခြင်းနှင့် နပန်းနည်းစနစ်များကို စတင်ပြသကြသည်။
တတိယနှစ် ကျောင်းသားတန်းစီစစ်ကြောင်းထဲတွင် မိတ်ကပ်ဖျော့ဖျော့နှင့် ချစ်စဖွယ်ကောင်းသော ကျောင်းသူတစ်ဦးသည် ရပ်နေရင်း သူမ၏ဖုန်းမှ တက်လာသော စာတိုများကို တိတ်တဆိတ် ကြည့်နေခဲ့သည်။
“ဟေး... ခဏနေပါဦး၊ စိတ်မရှည်တဲ့ အသည်းယားစရာလေးတို့ရဲ့"
"ငါ... အာ၊ ရောက်ပြီ"
"နင်တို့ကို ပြမယ်"
ထိုမိန်းကလေးသည် လက်ထဲရှိဖုန်းကို ကိုင်ကာ ထောင့်မှန်ချိန်ပြီး ဘောလုံးကွင်းထဲမှ ထွက်လာသော တန်းစီစစ်ကြောင်း နှစ်ခုဆီသို့ ကင်မရာကို လှည့်လိုက်သည်။
“အထက်တန်းကျောင်းသားတစ်သိုက်က ဘာများ စိတ်ဝင်စားဖို့ကောင်းလို့လဲ"
"ငါက ကျောင်းရဲ့ အလှပဂေးကိုပဲ ကြည့်ချင်
တာ"
“ဟုတ်တယ်၊ ငါတို့ရဲ့ ကျန်းရွှယ်ကိုပဲ ကြည့်
ချင်တယ်"
“နင်က ယောက်ျားကြီးဖြစ်ပြီး ဘာလို့ ချစ်စဖွယ်
ပုံစံ လုပ်နေတာလဲ"
"ရွံဖို့ကောင်းလိုက်တာ"
“ဝက်သားပေါက်စီရေ၊ ငါ နင့်ကို ကြိုက်တယ်"
“ဝက်သားပေါက်စီ၊ လိုက်ဖ်လွှင့်တာ ရပ်
လိုက်တော့"
"နင် အနောက်လှည့်ပြီး ငါ့ကို အနမ်းမပေးရင် ဆရာ့ကို တိုင်လိုက်မှာနော်"
“လိုက်ဖ်လွှင့်တဲ့ မိစ္ဆာမလေး ပေါ်လာပြီဟေ့"
စခရင်ပေါ်တွင် စာတိုလေးများ တဖျတ်ဖျတ် တက်လာနေပြီး ထိုမိန်းကလေးမှာ အတော်ပင် လူကြိုက်များပုံရသည်။
သူမကို အဘယ်ကြောင့် 'ဝက်သားပေါက်စီ' ဟု ခေါ်ရသနည်းဆိုလျှင်...
ပထမအချက်မှာ ထိုမိန်းကလေး၏ နာမည်မှာ စုရို့ဖြစ်ပြီး ရို့ပေါင် (Pork bun) နှင့် အသံထွက်
ဆင်သောကြောင့် ဖြစ်နိုင်သည်။
အဓိကအကျဆုံး အကြောင်းရင်းမှာမူ လွန်ခဲ့သော နှစ်အနည်းငယ်က လိုက်ဖ်လွှင့်စဉ်အတွင်း သူမ၏ ပါးစပ်ထဲသို့ ဝက်သားပေါက်စီများကို အတင်းအဓမ္မ ထိုးထည့်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
ပမာဏက များများစားစားမဟုတ်သော်လည်း ပေါက်စီနှစ်လုံး ပါးစပ်ထဲရောက်သွားချိန်တွင် သူမ၏ ရုပ်ပုံမှာ အလွန်ချစ်စဖွယ်ကောင်းနေခဲ့၏။
ထိုအချိန်မှစ၍ ဝက်သားပေါက်စီဆိုသည့် နာမည်ပြောင်မှာ တဖြည်းဖြည်း ပြန့်နှံ့သွားခဲ့ခြင်းဖြစ်သည်။
“တောက်... ဒီကျောင်းသားတစ်သိုက်ကတော့ အဆင့်မမီသေးဘူးပဲ"
စုရို့သည် သူမ၏ ဆံပင်မြီးကောက်ကို ကိုင်ကာ သပ်လိုက်သည်။
သို့သော် ဆံပင်မှာ တစ်ခုလုံး ချောမွေ့နေသည်
မဟုတ်သလို နက်မှောင်နေခြင်းလည်း မရှိပေ။
သူမသည် ဆံပင်ကို အညိုရောင်ရင့်ရင့် ဆိုးထားပုံရပြီး အောက်ဖျားများမှာ အနည်းငယ် လိပ်
နေသည်။
လှပသော အဝတ်အစားများ လဲလိုက်လျှင် သူမသည် ချက်ချင်းပင် ဖက်ရှင်ကျကျ လှပသွားမည်ကို မြင်ယောင်ကြည့်နိုင်သည်။
“တကယ်ပဲ ပျင်းစရာကောင်းတာပဲ"
“နင်တို့ ဘာလုပ်နေကြတာလဲ၊ လေးယောက်တစ်ဖွဲ့က ရှေ့တိုးပြီး ကိုယ့်ပြိုင်ဘက်ကိုယ် ရှာနေတာလား"
"တစ်ယောက်ချင်း ပြိုင်ပွဲလား"
“သူတို့က ကျောင်းဝင်ခါစ ကလေးတွေပဲဟာ၊ အများကြီး မမျှော်လင့်ပါနဲ့"
“ငါက စိတ်ဝင်စားဖို့ကောင်းတာ မြင်ချင်တာ၊ ကမ္ဘာ့တိုက်ခိုက်ရေးပြိုင်ပွဲရဲ့ အကောင်းဆုံး ကွက်လပ်တွေကို ကြည့်ချင်တယ်"
စုရို့သည် ထိုငြင်းခုံမှုများကို မအံ့သြပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် ဝါရင့် လိုက်ဖ်လွှင့်သူတစ်ဦး ဖြစ်သဖြင့် ပတ်ဝန်းကျင်ကို သက်ဝင်လှုပ်ရှားအောင် လုပ်ရာတွင် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။
သူမသည် စကားအနည်းငယ်ဖြင့်ပင် လေထုကို မြှင့်တင်နိုင်ပြီး ပရိသတ်၏ အာရုံကို လွယ်
လွယ်ကူကူ ပြောင်းလဲနိုင်စွမ်း ရှိသည်။
“ငါတော့ သူ့ရဲ့ ခြေတံရှည်ရှည်တွေကို တကယ်ကြိုက်တာ"
စုရို့သည် ဖုန်းထောင့်ကို ပြောင်းကာ ရှေ့ဆုံးတန်းရှိ အရပ်ရှည်သော မိန်းကလေးဆီသို့ ကင်မရာလှည့်လိုက်သည်။
“ဝါး... ဒါက မမ ကျန်းရွှယ်ပဲ၊ ငါအကြိုက်ဆုံး အေးစက်စက်နဲ့ မိုက်တဲ့ မိန်းကလေး"
“..."
“ကင်မရာကို ပြန်လှည့်"
“ဝက်သားပေါက်စီ၊ ကင်မရာကို သူ့ဆီ ပြန်
လှည့်လိုက်စမ်း"
“နင် မလှည့်ရင် ငါတို့ လိုက်ဖ်က ထွက်သွားမှာနော်"
“ငါ တကယ် ပိတ်ပစ်မှာ"
သို့သော် စုရို့သည် လူအများနှင့် ဆန့်ကျင်ဘက်လုပ်နေသကဲ့သို့ ကင်မရာကို ဆက်တိုက် ရွှေ့နေပြီး ဘောလုံးကွင်းပေါ်ရှိ အခြား အထက်တန်းကျောင်းသား အုပ်စုတစ်စုဆီသို့ လှည့်လိုက်သည်။
“ဒီတစ်ယောက်ရော ဘယ်လိုလဲ၊ အရမ်း လိမ္မာတဲ့ပုံပဲ"
စုရို့က မျက်နှာပြင်ကို ကြည့်ရင်း ပြောလိုက်ရာ ကြည့်ရှုသူများ၏ အာရုံ ပြောင်းသွားသည်ကို တွေ့လိုက်ရသဖြင့် မပြုံးဘဲ မနေနိုင်တော့ပေ။
“ပထမနှစ် မောင်လေးတွေက တိုက်ခိုက်ရေးမှာ မတော်သေးပေမဲ့ ရုပ်ကလေးတွေကတော့ တကယ် ချောကြပါတယ်"
ထိုအချိန်မှာပင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု လေထဲတွင် ဟိန်းထွက်သွားသည်။
ကျောင်းသားတစ်ဦး၏ အော်ဟစ်သံနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးစွမ်းအားများ ပေါက်ကွဲထွက်သွားသည်။
“တီ"
ဒိုင်လူကြီးသည် အချိန်မီ ခရာမှုတ်လိုက်ပြီး ဘောင်အပြင်ဘက်သို့ လွင့်ထွက်သွားသော ကျောင်းသားကို ချက်ချင်းပင် ရှုံးနိမ့်ကြောင်း ကြေညာလိုက်သည်။
ဘောလုံးကွင်းကို နှစ်ပိုင်းခွဲထားပြီး အလယ်မျဉ်းက ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက် ကျင်းပရန် နယ်နိမိတ်ဖြစ်သည်။
ဘောလုံးကွင်း တစ်ဝက်မှာ တိုက်ခိုက်ရေး ဧရိယာဖြစ်သည်။
နယ်နိမိတ် ကျော်သွားပါက ရှုံးနိမ့်မည်။
ကွင်းတစ်ခုတွင် လူ ၈ ဦးရှိခြင်းက ကလေးများအတွက် တိုက်ခိုက်ရန်နှင့် နည်းဗျူဟာအမျိုးမျိုး ပြသရန် လုံလောက်သော နေရာကို ပေးစွမ်းသည်။
ယခုတွင် ပထမဆုံး ပျံသန်းတိုက်ခိုက်မှု ပေါ်ထွက်လာပြီဖြစ်သည်။
“ငါပြောတာ ပြန်ရုပ်သိမ်းတယ်"
စုရို့၏ မျက်လုံးများ တောက်ပသွားပြီး ခုနက သူမပြောခဲ့သော လိမ္မာသောကောင်လေးဆီသို့ ကင်မရာလှည့်လိုက်သည်။
"သူက ချောလည်းချောသလို ကြယ်တာရာစွမ်းအားကလည်း အဆင့်မြင့်တာပဲ"
"အဲဒါ ထိုးဖောက်ခြင်း လား"
စခရင်ပေါ်တွင် စာတိုတစ်ခု တက်လာသည်။
“အဲဒါ ထိုးဖောက်ခြင်း သေချာတယ်"
"တောက်... ဒီကလေးတွေက တကယ် ချမ်းသာကြတာပဲ"
“ချမ်းသာတဲ့သူတွေ အရမ်းများတာပဲ"
"ငါတို့လို သာမန်ကလေးတွေအတွက် မတရားဘူး"
“တရားမျှတမှု၊ ဟား... နင် အိမ်မက်မက်နေတာလား"
“ဝက်သားပေါက်စီ၊ အဲဒီကောင်လေးရဲ့ WeChat အကောင့်ကို မေးပေးပါဦး"
"ငါ ချစ်မိသွားပြီ"
“ဟားဟား...သိုက်တူးမလေးလား"
“+၁”
“+၇,၃၅၅,၆၀၈”
ဘောလုံးကွင်းထဲတွင် ဆံပင်အုပ်အုပ်နှင့် လိမ္မာပုံရသော ကျောင်းသားသည် သူလွင့်ထွက်အောင် လုပ်လိုက်သော ကျောင်းသားကိုပင် လှည့်မကြည့်ဘဲ အခန်း (၂) ၏ တန်းစီစစ်ကြောင်းဘက်သို့ လှည့်ကာ အော်လိုက်သည်။
“ကျန်းရှောင်ဖီ၊ မင်း စောင့်နေလိုက်စမ်း"
စုရို့ အနည်းငယ် မှင်သက်သွားသည်။
သူမ တွေးလိုက်မိသည်မှာ ‘ဒီမောင်လေးက ကြည့်ရတာ လိမ္မာပုံရပေမဲ့ တကယ်တော့ ဒေါသကြီးတာပဲလား'
သူတို့ကြားတွင် မည်သို့သော ပဋိပက္ခရှိရှိ၊ ဤနေရာတွင် အဘယ်ကြောင့် ထုတ်ဖော်နေရသနည်း။
ဤနေရာတွင် ကျောင်းအာဏာပိုင်များနှင့် လူကုံထံများစွာ ရှိနေသည် မဟုတ်ပါလား။
ဒါ့အပြင်...
'ကျန်းရှောင်ဖီ'
'ဒါက လူနာမည်လား'
'ဘာလို့ ဒီလောက်တောင် ပေါ့ပေါ့ပါးပါး ဖြစ်နေရတာလဲ'
အခန်း (၂) ၏ တန်းစီစစ်ကြောင်းထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကျောင်းသားများက ကျန်းရှောင်ကို လှည့်ကြည့်လိုက်ကြသည်။
စုရို့သည် ကျန်းရှောင်ဖီ ဆိုသူကို လွယ်လွယ်ကူကူပင် ရှာတွေ့သွားသည်ကို လူတိုင်း မြင်လိုက်ကြရသည်။
“ဝါး... ဒီကလေးက တကယ် ချောတာပဲ"
"တကယ်တော့ ကတုံးဆံပင်ပုံစံက ယောက်ျားတစ်ယောက်ရဲ့
ချောမောမှုကို စမ်းသပ်တဲ့ စံနှုန်းပဲ"
စုရို့က ညင်သာစွာ ပြောလိုက်သည်။
အခြား စာတိုတစ်ခု တက်လာပြန်သည်။
"အို... ဝက်သားပေါက်စီတော့ ယောက်ျားချောလေးတွေကို ကြည့်ပြီး ရူးသွပ်ပြန်ပြီ"
“ဆံပင်တိုတိုနဲ့ ယောက်ျားနှစ်ယောက်ကိုရော ပေါက်စီစားသလို နင့်ပါးစပ်ထဲ ထည့်စားတော့မလို့လား"