သုံးရက်အကြာတွင် ကျန်းရှောင်တို့အဖွဲ့သည် အခန်း (၂) ကိုယ်စားပြုအဖြစ် အရွေးချယ်ခံခဲ့ရသည်။
ပို၍တိတိကျတိ ပြောရလျှင် ကတုံးတိုလေးနှင့် ညီအစ်ကိုနှစ်ယောက်ကြောင့် သူတို့အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကျူဝမ် နှင့် ကျူဝူတို့သည် တကယ့်ကို ပြင်းထန်ပြီး အနှိုင်းမဲ့သူများဖြစ်ကြသည်။
အတန်းတွင်း ရွေးချယ်ပွဲစဉ်တစ်လျှောက် ကျန်းရှောင်နှင့် ရီလျန်နာတို့မှာ တိုက်ခိုက်မှုပင် မလုပ်ခဲ့ရသလောက်ပင်။
၂ ယောက်နှင့် ၄ ယောက် ယှဉ်ပြိုင်ရသော ပွဲစဉ်နှစ်ပွဲအပြီးတွင် လူတိုင်းမှာ သူတို့၏အရည်အချင်းကို အကြွင်းမဲ့ယုံကြည်သွားကြသည်။
ကျန်းရှောင်နှင့် ရီလျန်နာတို့မှာ သူတို့အဖွဲ့ရှိ ညီအစ်ကိုနှစ်ယောက်၏ ဆွဲတင်ပေးမှုကြောင့်သာ ဆုလာဘ်များကို ရရှိခဲ့ခြင်းဖြစ်၏။
မည်သို့ပင်ဖြစ်စေ အသင်းဝင်တစ်ဦးသည် မည်မျှပင် အရည်အချင်းမရှိပါစေ၊ အသင်းသာနိုင်လျှင် ဆုလာဘ်ကို ရရှိစမြဲပင်။
ထိုဆုမှာ ဘီလူးဖြူ ကြယ်တာရာပုတီးစေ့တစ်လုံးဖြစ်သည်ဟု ဆိုကြသည်။
ထိုသတင်းက ကျန်းရှောင်ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။
ပါဝင်ရုံဖြင့် ရရှိသည့်ဆုကပင် ဘီလူးဖြူ ကြယ်တာရာပုတီးစေ့ဖြစ်နေလျှင် ထိပ်တန်းသုံးသင်းဝင်ပါက ရရှိမည့်ဆုမှာ ပို၍ပင် ဆွဲဆောင်မှုရှိမည် မဟုတ်ပါလား။
ယခင်နှစ်က ချန်ပီယံဖြစ်ခဲ့သော ဒုတိယနှစ်စီနီယာများ၏ အဆိုအရ အဖွဲ့ဝင်တိုင်းသည် ကြယ်တာရာ ပုတီးစေ့တစ်လုံးစီရရှိကြပြီး အတော်ဆုံးကျောင်းသားများသည် နောက်ထပ် ငွေအဆင့် ကြယ်တာရာ ပုတီးစေ့တစ်လုံးစီ ထပ်ဆောင်းရရှိကြသည်ဟု သိရသည်။
ထို့ပြင် ထိုထပ်ဆောင်းရသော ငွေအဆင့် ကြယ်တာရာပုတီးစေ့မှာ ဈေးကွက်တွင် အလွယ်တကူဝယ်ယူနိုင်သော လာဗာ ဘီလူးဖြူကြယ်တာရာ ပုတီးစေ့မဟုတ်ဘဲ ပို၍ရှားပါးသော အမျိုးအစားများဖြစ်သည်။
ရှယန်၏ မီးလျှံစက်ဝန်း ကြယ်တာရာ အတတ်ပညာသည်လည်း သူမတို့အသင်း ပထမရစဉ်က ကျောင်းမှ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ပထမနှစ်တွင် ရှယန်သည် အသင်းကိုဦးဆောင်ကာ စစ်ရေးလေ့ကျင့်မှုတွင် ပထမရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တန်ဖိုးအရှိဆုံးကျောင်းသား အဖြစ် ရွေးချယ်ခံရကာ မီးလျှံစက်ဝန်း အတတ်ပညာကို ရရှိခဲ့ခြင်းဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုများသာမက နှစ်စဉ်နှစ်ဆုံးစာမေးပွဲများတွင်လည်း ကြီးကျယ်သော ပြိုင်ပွဲများ ရှိတတ်သည်။
ဟန်ကျန်းရွှယ်သည်လည်း ယင်း၏အကျိုးကျေးဇူးကို ခံစားခဲ့ရဖူး၏။
သူမ၏ အထက်တန်း ပထမနှစ်၊ နှစ်ဆုံးစာမေးပွဲတွင် အသင်းကို ဦးဆောင်တိုက်ခိုက်ကာ ပထမနှစ်တစ်စုလုံးတွင် အဆင့် (၁) ရရှိခဲ့သည်။
နောက်ဆုံးတွင် သူမသည် တန်ဖိုးအရှိဆုံးကျောင်းသားအဖြစ် ရွေးချယ်ခံရပြီး အလွန်
တန်ဖိုးကြီးသော လဟာပြင် လေပြင်း ကြယ်တာရာအတတ်ပညာကို ဆုအဖြစ် ရရှိခဲ့သည်။
ထိုကြယ်တာရာအတတ်ပညာမျိုးမှာ ကုန်သည်များထံတွင်ပင် ဝယ်ယူရန် ခဲယဉ်းလှ၏။
အထက်တန်း ဒုတိယနှစ်တွင်မူ ဟန်ကျန်းရွှယ်နှင့် ရှယန်တို့သည် အသင်းတွင်း ပဋိပက္ခများနှင့် အဖွဲ့ဝင်များအကြား စည်းလုံးမှုမရှိခြင်းကြောင့် အသင်းလိုက်ကွင်းဆင်း တာဝန်များတွင် ပထမမရရှိခဲ့ပေ။
နှစ်ဆုံးစာမေးပွဲကျမှသာ ထိုစည်းလုံးမှုမရှိသော အဖွဲ့သည် ကံကောင်းထောက်မစွာဖြင့် ပထမဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ဟန်ကျန်းရွှယ်သည် တန်ဖိုးအရှိဆုံးကျောင်းသားဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့ပြီး ရှားပါး ကြယ်တာရာ ပုတီးစေ့တစ်ခုကို ရရှိခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အရည်အချင်းရှိလှသော ဟန်ကျန်းရွှယ်ပင်လျှင် ကြယ်တာရာ ပုတီးစေ့အတွင်းရှိ ကြယ်တာရာ အတတ်ပညာကို စုပ်ယူနိုင်ခြင်း မရှိခဲ့ပေ။
ဟန်ကျန်းရွှယ်တွင် မည်သည့်ငွေကြေးအရင်းအမြစ်မျှ မရှိဘဲ မိဘများချန်ထားခဲ့သော အိမ်တွင်သာ နေထိုင်ကာ နှင်းတောပြင်သို့ အခမဲ့ဝင်ရောက်ခွင့်ကို အသုံးချနေရသူဖြစ်သည်။
သူမသည် ဘီလူးဖြူအလောင်းများကို ရောင်းချခြင်းဖြင့်သာ ဝမ်းရေးကို ဖြေရှင်းနေရသူဖြစ်၏။
ထို့ကြောင့် ကျောင်းမှပေးသော ဆုလာဘ်များကဲ့သို့ မှန်ကန်သောလမ်းကြောင်းမှတစ်ဆင့် ရှားပါး ကြယ်တာရာ ပုတီးစေ့များကို ရရှိခြင်းသည် သူမ၏အစွမ်းကို မြှင့်တင်ရန်အတွက် အကြီးမားဆုံးသော အာမခံချက်ပင် ဖြစ်သည်။
ရှယန်အနေဖြင့် ထိုကဲ့သို့သော ရှားပါး ကြယ်တာရာ ပုတီးစေ့များကို ဝယ်ယူနိုင်သော်လည်း ငွေကြေးအင်အားနှင့် အဆက်အသွယ် အမြောက်အမြား လိုအပ်သည်။
အကယ်၍ သူမသာ ကျောင်းမှပေးသော ကြယ်တာရာ ပုတီးစေ့များကို ရရှိခဲ့လျှင်မူ သူမသည် အလွန်ပင် ဝမ်းသာပီတိဖြစ်မည်မှာ အမှန်ပင်။
အရေးကြီးဆုံးမှာ အချို့သော ဂုဏ်ဒြပ်များကို ငွေဖြင့်ဝယ်၍မရခြင်းပင်။
ဂုဏ်သိက္ခာသည် ထိပ်တန်းတက္ကသိုလ်တစ်ခုတွင် နေရာရရှိရန်နှင့် ပိုမိုကောင်းမွန်သော ဘဝကို တည်ဆောက်ရန်အတွက် အုတ်မြစ်ဖြစ်သည်။
သူမသည် အနာဂတ်နှင့် သက်ဆိုင်နေသောကြောင့် စိတ်ဝမ်းကွဲပြားနေသော အသင်းမျိုးကို လုံးဝသည်းမခံနိုင်ပေ။
ယခုနှစ်တွင် ရှယန်နှင့် ဟန်ကျန်းရွှယ်တို့သည် တတိယနှစ်၏ နှစ်ဆုံးစာမေးပွဲနှင့် နောက်ဆုံးကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အနိုင်ရရှိရန် အားခဲထားကြသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ကိုးလသာ လိုတော့၏။
အကယ်၍ ကျန်းရှောင်သာ အောင်မြင်ခဲ့လျှင် ဟန်ကျန်းရွှယ်သည် ကိုးလအတွင်း ကျန်းရှောင် သိထားသင့်သည့် စာပေဘာသာရပ် အားလုံးကို သင်ကြားပေးပြီး တတိယနှစ် နှစ်ဆုံးစာမေးပွဲနှင့် ကောလိပ်ဝင်ခွင့်စာမေးပွဲများအတွက် ပြင်ဆင်ပေးမည်ဖြစ်သည်။
၎င်းသည် နိုးထသူများနှင့် သာမန်ကျောင်းသားများအကြားရှိ အဓိကကွာခြားချက်ဖြစ်သည်။
သာမန်ကျောင်းသားများသည် မည်သည့်လက်နက်ကိရိယာမှမပါဘဲ စာမေးပွဲမေးခွန်းလွှာများကို တစ်ဦးတည်း ရင်ဆိုင်ရမည်ဖြစ်သည်။
ရေးဖြေစာမေးပွဲအပြင် နိုးထသူများသည် လေးယောက်တစ်ဖွဲ့ဖြင့် လက်တွေ့စမ်းသပ်မှုများကိုပါ ဖြေဆိုရမည်။
ယခုအချိန်ထိ ကျန်းရှောင်မှာ မိမိကိုယ်ကိုယ် ငရဲခန်းဆီသို့ ကြိုးစားပန်းစား သွားနေမိသည်ကို မသိသေးပေ။
ကျန်းရှောင်သည် မိမိအသင်းအပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး ပထမရရှိကာ တတိယနှစ်၏ ကျောင်းဗိုလ်အဖြစ်သို့ တက်လှမ်းပြီးနောက် ဂုဏ်ယူဝင့်ကြွမှုနှင့် ကျော်ကြားမှုကို ရယူရန် နောက်ထပ် ရည်မှန်းချက်တစ်ခုလည်း ရှိနေသည်။
တကယ့်စစ်မြေပြင်တွင် တိုက်ခိုက်မည်ဆိုပါက ကျန်းရှောင် ဆယ်ယောက်ရှိလျှင်ပင် ဟန်ကျန်းရွှယ်ကို ယှဉ်နိုင်မည်မဟုတ်ပေ။
သူတို့၏ စွမ်းဆောင်ရည်မှာ ကွာခြားလွန်းလှပြီး တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။
အထူးသဖြင့် သူတို့၏ အခြေအနေနှင့် အခန်းကဏ္ဍများက ကွဲပြားခြားနားနေသောကြောင့်
ဖြစ်သည်။
သို့သော်လည်း သတင်းအချက်အလက်များ ဖလှယ်ထားပြီးဖြစ်ကာ ဟန်ကျန်းရွှယ်၏အဖွဲ့တွင် သိသာထင်ရှားသော ပြဿနာတစ်ခု ရှိနေသောကြောင့် ကျန်းရှောင်၏အဖွဲ့အတွက် မျှော်လင့်ချက်အချို့ ရှိနေ၏။
မည်သို့ပင်ဖြစ်စေ ကျန်းရှောင်အနေဖြင့် သူ၏တန်ဖိုးကို ပြသရမည်။
ကြယ်တာရာ အတတ်ပညာများကို ခဏဘေးဖယ်ထားလျှင်ပင် ကိုယ်ခံပညာပိုင်း၌ တတိယနှစ်ကျောင်းသားများသည် ကျူညီအစ်ကိုများကို မယှဉ်နိုင်ဟု ကျန်းရှောင် ခံစားမိသည်။
ထို့ပြင် တတိယနှစ်ကျောင်းသားများသည် သူတို့ထက် နှစ်နှစ်ပို၍ လေ့ကျင့်ထားသူများ ဖြစ်သည်။
ဟန်ကျန်းရွှယ်နှင့် ကြိုတင်သတင်းဖလှယ်ထားသော်လည်း ပြင်းထန်သော တိုက်ပွဲတစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်။
တိုက်ပွဲအတွက် စိုးရိမ်တကြီး ပြင်ဆင်နေစဉ်မှာပင် ပြိုင်ပွဲမစမီ ကျန်းရှောင်သည် စိတ်ဝင်စားစရာကောင်းသော သတင်းတစ်ခုကို ရရှိခဲ့သည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း ပေကျန်းပြည်နယ် တွင် သတင်းကြီးတစ်ခု ထွက်ပေါ်ခဲ့ပြီး Weibo ၏ အချိန်နှင့်တစ်ပြေးညီ ရေပန်းစားသော သတင်းကဏ္ဍတွင်ပင် ပါဝင်လာခဲ့သည်။
ဘီလူးဖြူစုန်းမ၏ ရင်သွေးငယ်တစ်ဦး ရေဖန်
စီးပွားရေးလုပ်ငန်းတွင် ရုတ်တရက် ပေါ်ပေါက်လာခြင်းပင်။
လူတိုင်းက ၎င်းကို လိုချင်တပ်မက်ကြသဖြင့် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်သွားသည်။
ယနေ့နံနက်အထိ တစ်စုံတစ်ယောက်က ယွမ် ၄၀၀,၀၀၀ အထိ ဈေးပေးထားပြီးဖြစ်ရာ ကျန်းရှောင်ကို အကြီးအကျယ် တုန်လှုပ်သွားစေ၏။
ဘီလူးဖြူသားပေါက်လေးတစ်ကောင်မှာ ယွမ်အနည်းငယ်သာ တန်ဖိုးရှိပြီး တန်ဖိုးဖြတ်မရနိုင်လောက်အောင်တော့ မဟုတ်ပေ။
သို့သော် ဘီလူးဖြူစုန်းမ၏ ရင်သွေးဈေးနှုန်းမှာမူ ဒုံးပျံကဲ့သို့ ထိုးတက်သွားခြင်းမှာ တကယ့်ကို မယုံနိုင်စရာပင်။
အထက်တန်းကျောင်း အဆင့်တွင် ကြယ်တာရာ အိမ်မွေးတိရစ္ဆာန် ပိုင်ဆိုင်သော ကျောင်းသားကို ကျန်းရှောင် အတွေ့ရနည်းလှသည်။
တစ်ဖက်တွင် ကလေးများသည် အခြေခံအတတ်ပညာများထဲတွင်သာ နစ်မွန်းနေကြပြီး ကြယ်တာရာ အိမ်မွေးတိရစ္ဆာန် များကို ရယူနိုင်လောက်အောင် အစွမ်းမရှိကြသေးပေ။
အခြားတစ်ဖက်တွင်မူ အဓိကအကျဆုံး အကြောင်းရင်းမှာ ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်များသည် အလွန်ရှားပါးပြီး ၎င်းတို့ကို ရရှိရန်မှာ အလွန်ပင် ခက်ခဲသောကြောင့်ဖြစ်သည်။
ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်တစ်ခုကို ရယူရန်နှင့် သီးခြားကမ္ဘာမှ သက်ရှိသတ္တဝါတစ်ကောင်ကို မိမိ၏ ကြယ်တာရာမြေပုံထဲတွင် ထိန်းသိမ်းထားရန်မှာ အလွန်ခက်ခဲသောအလုပ်ဖြစ်သည်။
လုံလောက်သော အရည်အချင်းမရှိပါက ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ကြယ်တာရာမြေပုံထဲတွင် ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်တစ်ခုကို ထည့်သွင်းရန်အတွက် တင်းကျပ်သော လိုအပ်ချက်များလည်း ရှိနေသည်။
ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်တစ်ခုကို ရယူခြင်းမှာ ကြယ်တာရာ အတတ်ပညာရရန် ပုတီးစေ့များကို စုပ်ယူရသည်ထက် အဆပေါင်းတစ်ရာ ပို၍ ခက်ခဲသည်။
သီးခြားကမ္ဘာရှိသတ္တဝါများ၏ သားငယ်များသာလျှင် ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံရနိုင်ကြောင်း လူတိုင်းသိထားကြသည်။
၎င်းမှာ အစဉ်အလာအရ လိုအပ်ချက်တစ်ခုကဲ့သို့ပင် ဖြစ်နေခြင်း။
အရွယ်ရောက်ပြီးသော သတ္တဝါများကို ကြယ်တာရာ အိမ်မွေးတိရစ္ဆာန် အဖြစ် မရရှိနိုင်ဟု မည်သူမျှ ရာနှုန်းပြည့် မပြောနိုင်သော်လည်း မည်သူမျှ အောင်မြင်ခဲ့ခြင်း မရှိသေးပေ။
ကြယ်တာရာ အိမ်မွေးတိရစ္ဆာန် ရရှိခဲ့သော ကံကောင်းသူအားလုံးမှာ သားငယ်များကိုသာ ရရှိခဲ့ကြခြင်းဖြစ်သည်။
အဆင့်မြင့်ရကြယ်တာရာ အိမ်မွေးတိရစ္ဆာန် တစ်ခုသည် နိုးထသူတစ်ဦးကို သိသိသာသာ ပြောင်းလဲပေးနိုင်ပြီး သူ၏ စွမ်းဆောင်ရည်များ၊ အထူးသဖြင့် ဂုဏ်သတ္တိများ၏ အရည်အသွေးကို မြင့်တက်စေနိုင်သည်။
ပထမဦးစွာ၊ ကြယ်တာရာ အိမ်မွေးတိရစ္ဆာန် များကို အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။
အကြောင်းမှာ ၎င်းတို့သည် သားငယ်ပင်ဖြစ်စေ၊ အရွယ်ရောက်နေပြီဖြစ်စေ ကြယ်တာရာမြေပုံထဲ
တွင် သိမ်းဆည်းထားနိုင်သောကြောင့်ဖြစ်၏။
၎င်းမှာ မယုံနိုင်စရာဟု ထင်ရသော်လည်း လက်တွေ့တွင် ထိုအတိုင်းပင်။
ခန့်ညားထည်ဝါပြီး ကြီးမားသော သတ္တဝါကြီးတစ်ကောင် ဖြစ်နေလျှင်ပင် ငယ်စဉ်ကတည်းက ယဉ်ပါးအောင် သင်ကြားထားမည်ဆိုပါက တစ်ဦးတစ်ယောက်၏ ကြယ်တာရာ နေရာထဲတွင် ထည့်သွင်းထားနိုင်သည်။
၎င်း၏ အရွယ်အစားနှင့် အလေးချိန် မည်မျှပင်ရှိစေကာမူ ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းထားနိုင်သေးသည်။
၎င်းမှာ လူသားတို့အား ကြယ်တာရာမြေပုံ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပို၍ လေးစားလာစေသည့် ခိုင်မာသော အမှန်တရားတစ်ခုပင် ဖြစ်သည်။
လူတိုင်းတွင် ကိုယ်ပိုင်ကြယ်တာရာမြေပုံများ ရှိကြသော်လည်း စစ်သည်ဖြစ်စေ၊ မှော်ဆရာဖြစ်စေ နိုးထသူအားလုံး၏ ကြယ်တာရာမြေပုံများတွင် သီးခြားကမ္ဘာနယ်ပယ်ဆိုင်ရာ ဂုဏ်သတ္တိများ ရှိနေသည်။
၎င်းသည် နိုးထသူများ တက်ကြွစွာ သုတေသနပြုနေကြသော နယ်ပယ်တစ်ခုလည်း ဖြစ်သည်။
သို့မဟုတ်ပါက ဤမျှကြီးမားသော ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်ကြီးများမှာ ဘယ်ဆီသို့ ရောက်သွားမည်နည်း။
၎င်းတို့သည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ မည်ကဲ့သို့ အလွယ်တကူ ဝင်ထွက်နေကြသနည်း။
အင်း....ကြယ်တာရာ အိမ်မွေးတိရစ္ဆာန် များကို အလွယ်တကူ သယ်ဆောင်နိုင်ရုံသာမက ၎င်း၏ ပိုင်ရှင်ကိုလည်း ကူညီထောက်ပံ့ပေးနိုင်သည်။
၎င်းသည် အရင်းအမြစ်သိုလှောင်ကန်တစ်ခုကဲ့သို့ပင်။
၎င်းက ကျန်းရှောင်ကို ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအကြောင်း ရေးထားသော ကာတွန်းတစ်ခုကို သတိရသွားစေသည်။
ကိုးမြီးရှိသော မီးမြေခွေးတစ်ကောင်ကို ဆံပင်ရွှေရောင်နှင့် လူငယ်လေးတစ်ဦး၏ ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ထားပြီးနောက် ထိုလူငယ်မှာ မကုန်ခန်းနိုင်သော စွမ်းအင်များကို ရရှိခဲ့ခြင်း။
ဤသဘောတရားမှာလည်း အလားတူပင်။
မိမိ၏ ကြယ်တာရာ စွမ်းအားကုန်ဆုံးသွား
သောအခါ ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်များက လုံလောက်သော ပံ့ပိုးမှုများကို ပေးနိုင်သည်။
၎င်းမှာ ဒုတိယမြောက် အကျိုးကျေးဇူးဖြစ်သည်။
တတိယမြောက် အကျိုးကျေးဇူးမှာ ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်များတွင် ၎င်းတို့၏ ကိုယ်ပိုင် ကြယ်
တာရာအတတ်ပညာများ ပါဝင်လာခြင်းဖြစ်သည်။
အကယ်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်ဆိုပါက ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်သည် သန်မာပြီး သစ္စာရှိသော အသင်းဖော်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်သည်။