ခြောက်နာရီကြာပြီးနောက်၊ သဘာဝအတိုင်းဖြစ်ပေါ်နေသော ဂူတစ်ခုအတွင်း၌ နွေးထွေးသော အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။
အဝတ်အစားများ စုတ်ပြတ်သတ်နေသော ကျန်းရှောင်သည် ရှယန်၏ညာဘက်လက်မှ တဖြည်းဖြည်း ငြိမ်းသတ်သွားသော တောက်လောင်နေသည့် မီးတောက်ကို ကြည့်နေမိ၏။
တောရိုင်းထဲတွင် ရှင်သန်နေထိုင်ခြင်းနှင့် ပတ်သက်၍ အသိပညာများမှာ အတိုင်းအဆမရှိ များပြားလှသည်။
ကြယ်တာရာ အတတ်ပညာများရှိနေခြင်းကြောင့် နိုးထသူများသည် တောရိုင်းထဲတွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် အာရုံခံစားမှုများ ပိုမိုထက်မြက်လာကြသည်။
ဥပမာအားဖြင့်၊ ရှယန်သည် မည်သည့်လောင်စာမျှ မသုံးဘဲ သူမ၏ ညာဘက်လက်ကို သစ်ကိုင်းထဲသို့ ထည့်သွင်းကာ မီးပုံကို လောင်ကျွမ်းစေသည်ကို ကျန်းရှောင် ကြည့်နေခဲ့သည်။
ခြောက်နာရီကြာ ခရီးစဉ်အတွင်း၊ သူတို့နှစ်ဦးသည် ဘီလူးဖြူ ဆယ်ကောင်ထက်မကနှင့် ရင်ဆိုင်ခဲ့ရပြီး အကြိမ်တိုင်းတွင် ကျန်းရှောင် ရှုံးနိမ့်ခဲ့သည်။
ကျန်းရှောင်အတွက် အကြီးမားဆုံးသော အောင်မြင်မှုမှာ အသက်ရှင်ကျန်ရစ်ခြင်းပင်။
နံနက်ပိုင်းက စစ်တပ်ယူနီဖောင်းကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားခဲ့သော်လည်း ယခုအခါတွင်မူ အဝတ်အစားများမှာ စုတ်ပြတ်ပျက်စီးနေပြီ ဖြစ်သည်။
သူတို့ စတင်ရောက်ရှိစဉ်ကနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် လေထုမှာ အတော်လေး တင်းမာပြီး လေးလံနေလျက်။
သူတို့နှစ်ဦး စကားမပြောဖြစ်ကြသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။
ရှယန်သည် သူမ၏ ဓားကြီးကို ဘေးတွင်ချထားကာ ကျောက်နံရံကို မှီလိုက်ပြီးနောက် မီးပုံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ တိတ်ဆိတ်စွာ မီးလှုံနေသည်။
လှုပ်ခတ်နေသော မီးရောင်သည် သူမ၏ ရဲရင့်ပြတ်သားသော မျက်နှာပေါ်သို့ ကျရောက်နေပြီး သူမကို အလွန်ပင် ဆွဲဆောင်မှုရှိကာ လှပနေစေ၏။
ကျန်းရှောင်က တစ်ချက်စဉ်းစားလိုက်ပြီး သူ၏ စစ်ကျောပိုးအိတ်ကို ဖွင့်ကာ ကိရိယာအချို့ကို ထုတ်ယူလိုက်သည်။
ထို့နောက် အိုးထဲသို့ သတ္တုဓာတ်ပါဝင်သော ရေအချို့ကို လောင်းထည့်ကာ ထင်းအချို့ကို စီစဉ်ပြီး အိုးကို သင့်တော်သော ထောင့်တွင် တင်ထားနိုင်ရန် ခေတ္တခဏသုံး စင်တစ်ခု ပြုလုပ်လိုက်သည်။
မြို့ပေါ်တွင်သာ အမြဲနေထိုင်ခဲ့သူတစ်ဦးအနေဖြင့် ကျန်းရှောင်တွင် တောတွင်းရှင်သန်ရေး ကျွမ်းကျင်မှုများ မရှိသော်လည်း လက်တွေ့စူးစမ်းရှာဖွေရင်းဖြင့်သာ အချို့ကို တတ်မြောက်လာခြင်း ဖြစ်၏။
“နင့်ရဲ့ တိုးတက်မှုက မြန်ပါတယ်၊ ငါကပဲ နင့်အပေါ် အရမ်းတင်းကျပ်ပြီး မျှော်လင့်ချက်တွေ အများကြီး ထားမိနေတာ ထင်တယ်"
"ဒါထက်၊ နင် နိုးထသူဖြစ်လာတာ တစ်ပတ်ပဲ ရှိသေးတာပဲလေ” ဟု ရှယန်က ရုတ်တရက် ပြောလိုက်သည်။
သူမ၏ လေသံမှာ သူ့ကို အားပေးနေသလိုလို၊ သူမကိုယ်သူမ ပြန်နှစ်သိမ့်နေသလိုလို ရှိနေသည်။
ကျန်းရှောင်က ဘာမှပြန်မပြောဘဲ သူမအား ကွတ်ကီးတစ်ချပ် ကမ်းပေးလိုက်ပြီးနောက် သူ၏ လက်ရှိအခြေအနေကို သိရှိနိုင်ရန် အတွင်းပိုင်းရှိ ကြယ်တာရာမြေပုံကို ဖွင့်ကြည့်လိုက်သည်။
ကုန်လွန်ခဲ့သော ခြောက်နာရီမှာ ကျန်းရှောင်အတွက် ငရဲသို့ ရောက်သွားရသလိုပင်။
နှင်းတောထဲတွင် ကျန်းရှောင်၏ လှုပ်ရှားမှုများမှာ အလွန်အကန့်အသတ်ဖြစ်နေပြီး အထူးသဖြင့် ဤနေရာသည် ဘီလူးဖြူများ၏ နယ်မြေဖြစ်
နေသည်။
ပို၍ဆိုးသည်မှာ ၎င်းတို့၏ ဖျတ်လတ်သွက်လက်မှုများကြောင့် ကျန်းရှောင်မှာ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသည်။
သို့သော်လည်း ရှယန်မှာ ထိုသို့သောအခြေအနေကို ရင်ဆိုင်နေရသော်လည်း ဘာမျှမပြောခဲ့ပေ။
ကျန်းရှောင် ဘီလူးဖြူများနှင့် တိုက်ခိုက်ရင်း ရုန်းကန်နေရသည်ကို မြင်သောအခါမှသာ သူမက သူ့ကို ထပ်ခါတလဲလဲ ကယ်တင်ပေးခဲ့သည်။
ကျန်းရှောင်သည် ဤကဲ့သို့ အဆင့်နိမ့်သတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် မှောင်ခိုဈေးကွက်သို့သွားကာ သေနတ်အချို့ ဝယ်ယူသင့်သည်ဟုပင် ခံစားလိုက်ရ၏။
ကျွမ်းကျင်အဆင့်ရှိသော ရှယန်၏ လမ်းညွှန်မှု၊ ကာကွယ်မှုနှင့် သူ၏ ကိုယ်ပိုင် ကောင်းချီးပေးခြင်းအတတ်ပညာတို့ကြောင့် ကျန်းရှောင်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေဆဲဖြစ်သည်။
သို့သော်လည်း သူသည် မုဆိုးတစ်ဦးဖြစ်ရန် မထိုက်တန်သေးကြောင်း ရှင်းလင်းစွာ ခံစားနေရ၏။
သို့သော်လည်း ရှယန်၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် သူသည် ဘီလူးဖြူများကို ဆက်တိုက် စိန်ခေါ်နေခဲ့ရသည်။
သူသည် အားနည်းသည်၊ ကူရာမဲ့နေသည်၊ သို့သော်လည်း မာနကြီးသည်။
ကျန်းရှောင်သည် စုစုပေါင်း ဘီလူးဖြူကြယ်တာရာ ပုတီးစေ့လေးခု ရရှိခဲ့သည်။
ဤအန္တရာယ်များသောအခြေအနေတွင် အခြေချရန် သင့်တော်သောနေရာ မရှိသောကြောင့် ကျန်းရှောင်က ၎င်းတို့ကို စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။
ထို့အပြင် သူရောက်လာစဉ်ကပင် မစုပ်ယူရသေးသော ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့ သုံးလုံးလည်း ရှိနေသေးသည်။
ယခုအချိန်တွင် ကျန်းရှောင်၏ ဒုတိယမြောက် ကြယ်တာရာ အတတ်ပညာမှာ ကြေးဝါအဆင့် ၉ သို့ ရောက်ရှိနေပြီ။
သူ၏ ကြယ်တာရာ အတတ်ပညာ အရည်အသွေးများကို မြှင့်တင်ရန်မှာ သူ့အတွက် လွယ်ကူလိမ့်မည်ဖြစ်သည်။
ပင်ပန်းနွမ်းနယ်ဖွယ် တိုက်ပွဲတစ်ခုအပြီးတွင် သူသည် ဘီလူးဖြူစုန်းမ ကြယ်တာရာ ပုတီးစေ့ကိုလည်း စုပ်ယူလိုက်သည်။
ကျန်းရှောင်၏ အတွင်းပိုင်း ကြယ်တာရာ မြေပုံမှာလည်း အဆက်မပြတ် ပြောင်းလဲနေသည်။
ဇာတ်ကောင်: ကျန်းရှောင်
ကြယ်တာရာမြေပုံ: နက္ခတ်ခုနစ်လုံး ကြယ်မှုန်အဆင့် ၃
ကြယ်တာရာ အတတ်ပညာ : ကောင်းချီးပေးခြင်း ကြေးဝါအဆင့် ၂
လှည့်စားခြင်း : ကြေးဝါအဆင့် ၂
အစိမ်းရောင် အလင်းတန်း : ကြေးဝါအဆင့် ၉
ခံနိုင်ရည် : ကြေးဝါအဆင့် ၉
အခြေခံအတတ်ပညာ : လက်ဗလာတိုက်ခိုက်
ခြင်း (ကြေးဝါအဆင့် ၆)
ကြယ်တာရာ စွမ်းအား ပေါကြွယ်ဝမှု : ကြေးဝါ အဆင့် ၂
ဓားမြှောင်ကျွမ်းကျင်မှု : ကြေးဝါအဆင့် ၁
အရည်အသွေးပွိုင့် : ၃
မှန်ပါသည်၊ ကျန်းရှောင်၏ စုစုပေါင်း ကြယ်တာရာ စွမ်းအား ပမာဏမှာ ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ ‘အစိမ်းရောင် အလင်းတန်း’ နှင့် ‘ခံနိုင်ရည်' တို့မှာ ကြေးဝါအဆင့် ၉ သို့ ရောက်ရှိသွားပြီဖြစ်သည်။
တိုတောင်းလှသော ခြောက်နာရီအတွင်းမှာပင် သူ၏ လက်ဗလာတိုက်ခိုက်ခြင်းမှာလည်း တစ်ဆင့်တိုးကာ ကြေးဝါအဆင့် ၆ သို့ ရောက်သွားခဲ့သည်။
ကျန်းရှောင်ကို ပို၍ပင် အံ့အားသင့်စေသည်မှာ သူသည် အတတ်ပညာအသစ်ဖြစ်သော ‘ဓားမြှောင်ကျွမ်းကျင်မှု’ ကို ရရှိသွားခြင်းပင်။
ကျန်းရှောင်သည် ဓားမြှောင်ကို မည်သို့အသုံးပြုရမည်ကို လုံးဝမသိသော ကလေးတစ်ဦးဖြစ်သည်။
သူသည် ဘီလူးဖြူများနှင့် လက်ဗလာဖြင့် တိုက်ခိုက်နေစဉ် ဓားမြှောင်ကို လက်ထဲတွင် ကိုင်ထားရုံသာ ကိုင်ထားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် တိုက်ခိုက်နေစဉ် ဓားမြှောင်ကို ကိုင်ထားရသည်မှာ အလုပ်ရှုပ်လွန်းသည်ဟု ယူဆကာ ၎င်းကို ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ထားခဲ့သည်။
“နင့်အစ်မနောက်ကို တကောက်ကောက်လိုက်ပြီး နှောင့်ယှက်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်”
ရှယန်သည် စစ်ကျောပိုးအိတ်ကို ဆွဲယူကာ စစ်သုံးရေဘူးကို ထုတ်လိုက်ရင်း ဆက်
ပြောလာ၏။
"သူက အတော်လေး အရည်အချင်းရှိတယ်၊ အနီးကပ်တိုက်ခိုက်ရေး နိုးထသူတစ်ယောက် ဖြစ်လုနီးပါးပဲ"
"ဒါပေမဲ့ သူ့ရဲ့ စရိုက်ကတော့ ဆိုးတယ်၊ ပြီးတော့ အရမ်းအတ္တကြီးတယ်"
"တစ်ခါက ငါတို့ ပထနှစ်အလယ်တန်းကို ကိုယ်စားပြုပြီး သီးခြားကမ္ဘာမှာ ပြိုင်ပွဲသွားပြိုင်တုန်းက သူက ငါတို့အသင်းဖော်တစ်ယောက်ကို သတ်လုနီးပါး ဖြစ်ခဲ့ဖူးတယ်”
“ဗျာ"
ကျန်းရှောင် မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူသည် ဟန်ကျန်းရွှယ်ကို ဂရုစိုက်မှု လျော့နည်းနေခဲ့ကြောင်း သိလိုက်ရ၏။
“ငါတို့အသင်းက အရင်ကတည်းက စိတ်ဝမ်းကွဲနေကြတာ၊ ဒါပေမဲ့ ငါတို့ မိသားစုနှစ်ခုလုံးက ချမ်းသာကြွယ်ဝတော့ အပြင်ပန်း ဆက်ဆံရေးကိုတော့ ဆက်ထိန်းထားရတယ်"
"ဟန်ကျန်းရွှယ်နဲ့ ငါက အဲဒီတိုက်ပွဲရဲ့ စတေးခံတွေ ဖြစ်ခဲ့ရတာ”
ရှယန်သည် ပဝါကို လက်တွင်ပတ်ကာ ဆူပွက်နေသော ရေအိုးကို မလိုက်သည်။
ထို့နောက် ရေပူအချို့ကို စစ်သုံးရေဘူးထဲသို့ လောင်းထည့်လိုက်သည်။
“နင့်ရဲ့ ခွန်အားကသာ နည်းနည်းလေး ပိုမြင့်လာမယ်ဆိုရင် နင်က အဖိုးတန်တဲ့ ကုသရေးနိုးထသူတစ်ယောက်ဖြစ်တာမို့လို့ ငါတို့အသင်းဖော်နေရာမှာ အစားဝင်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်”
ရှယန်က တိုးတိုးလေး ဆက်ပြောသည်။
"နင့်ကို အင်အားကြီးလာစေဖို့အတွက် နင့်အပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံခဲ့တာကို ခွင့်လွှတ်ပါ”
“ကောင်းပါပြီ”
ကျန်းရှောင်သည် သူ၏ စုတ်ပြတ်နေသောအဝတ်များကို ဆွဲယူကာ အေးစက်သော မြေပြင်ပေါ်တွင် ထိုင်လိုက်ပြီး ကြယ်မှုန်အချို့မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။
“ငါကတော့ ဟန်ကျန်းရွှယ်နဲ့အတူ ဒီအသင်းကနေ ထွက်ဖို့ အဆင်သင့်ပဲ"
"ထွက်သွားခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်တွေကတော့...”
ရှယန်က သက်ပြင်းချကာ ဆက်ပြောသည်။
“ဂုဏ်သတင်းရယ်၊ အရည်အသွေးမြင့် ကြယ်တာရာ ပုတီးစေ့ ဆုလာဘ်တွေရယ်၊ ပြီးတော့ ထိပ်တန်းကျောင်းတစ်ကျောင်းမှာ နေရာရဖို့ရယ်ပေါ့"
"အနာဂတ်မှာ အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်"
“ငါနဲ့ ကျန်းရွှယ်အတွက် တခြားအရည်အချင်းရှိတဲ့ အတန်းဖော်နှစ်ယောက် ရှာဖို့ဆိုတာ ခက်ခဲတယ်"
"အသင်းတိုင်းက နှစ်နှစ်လောက် အတူတူ ကြီးပြင်းလာကြတာဆိုတော့ အခု တတိယနှစ်ကို ရောက်တော့မယ်"
"ကြီးမားတဲ့ အပြောင်းအလဲမရှိရင် ဘယ်အသင်းကမှ ငါတို့နဲ့ ဟန်ကျန်းရွှယ်ကို လာကပ်ချင်
ရင်တောင် လွယ်လွယ်နဲ့ အသင်းခွဲမှာ မဟုတ်ဘူး"
“ဒါပေါ့၊ ငါပြောတာက ထိပ်တန်းအသင်းဝင်တွေ၊ လူတော်တွေကို ပြောတာပါ၊ သာမန်လူတွေကို မဟုတ်ဘူး"
"အဲဒီလိုလူတွေဆိုရင်တော့ ငါတို့ဆီကို ဝမ်းသာအားရ ပြေးလာကြမှာပဲ”
ရှယန်က သူမကိုယ်သူမ လှောင်ပြောင်သည့်အမူအရာဖြင့် ရယ်မောလိုက်ပြီး ဆက်ပြောသည်။
“ငါကတော့ အသင်းကို တတ်နိုင်သလောက် ဆက်ထိန်းထားပြီး တခြားအသင်းဝင်တစ်ယောက်ကို ထားထားချင်တယ်၊ ဒါမှ နင်က အဲဒီကောင်လေးရဲ့ နေရာမှာ ‘မြင်းနက်’ တစ်ကောင်လို ဝင်ပြီး အစားထိုးနိုင်မှာ"
“ကျောင်းကတော့ ငါတို့မိသားစုရဲ့ အဆင့်အတန်းကြောင့် ငါတို့ကို မျက်နှာသာပေးမှာ သေချာပေမဲ့၊ တကယ်လို့ အလောင်းအစားက ပေကျန်း ဒါမှမဟုတ် တစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေရဲ့ အဆင့်သတ်မှတ်ချက်အပေါ်မှာ မူတည်နေမယ်ဆိုရင်တော့ အဲဒီကောင်လေးရဲ့ မိသားစုက သိပ်ပြီး ဩဇာညောင်းမှာ မဟုတ်ဘူး"
"နင့်ကို အမြန်ဆုံး အင်အားကြီးလာစေချင်တယ်၊ နင့်အတွက် အရည်အသွေးမြင့် ကုသရေး ကြယ်တာရာ ပုတီးစေ့တွေ ရှာပေးဖို့ ငါ့မိသားစုဝင်တွေကို အကူအညီ တောင်းထားပြီးပြီ”
ရှယန်က ရေပူကို တစ်ငုံသောက်ရင်း ညင်သာစွာ ပြောလိုက်၏။
ကျန်းရှောင်ဘက်မှ ထူးခြားသော တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ရှယန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်။
“လွန်ခဲ့တဲ့ တစ်နှစ်က သူ သူ့ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးကတည်းက သူက နင့်အစ်မနောက်ကို လိုက်နေတာ"
"သူက ယုတ်ညံ့ပြီး စက်ဆုပ်စရာကောင်းတဲ့ နည်းလမ်းတွေကိုလည်း သုံးသေးတယ်၊ ငါလည်း သူ့ကို တစ်နှစ်ပတ်လုံး တုံ့ပြန်ဖို့ ကြိုးစားနေတာ၊ ဒါပေမဲ့ ဘယ်လောက်အထိ ဆက်ထိန်းထားနိုင်မလဲဆိုတာတော့ မသိဘူး"
"လူသားတွေရဲ့ စွမ်းဆောင်ရည်က အကန့်အသတ် ရှိတာကိုး”
ကျန်းရှောင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မေးလိုက်၏။
"သူ့နာမည်က ဘယ်သူလဲ"
ရှယန်က ပြုံးလိုက်ပြီး “နင် ဒီနှင်းတောထဲကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ရင် ငါပြောပြမယ်”
ရှယန်သည် ရေဘူးကို ဖြည်းညင်းစွာ ပြန်ချလိုက်ပြီး “နင်သာ မလုပ်နိုင်ဘူးဆိုရင်တော့... ငါလည်း ပြတ်ပြတ်သားသားပဲ နင့်အစ်မကို အသင်းထဲကနေ ခေါ်ထုတ်သွားရလိမ့်မယ်”
ကျန်းရှောင် အနည်းငယ် မှင်တက်သွားပြီး မေ
းလိုက်သည်။
"အဲဒီလောက်တောင် ပြတ်သားဖို့ လိုလို့လား"
ရှယန်၏ မျက်လုံးများမှာ မီးရောင်အောက်တွင် တောက်ပနေပြီး သူမက တက်ကြွစွာ ပြုံးလိုက်
သည်။
"ငါ့ရဲ့ စိတ်က အဲဒါထက်တောင် ပိုပြီး ပြတ်သားသေးတယ်”