ခုနစ်ရက် ကြာပြီးနောက်...
“ဟား... မိန်းကလေး၊ ငါ့ကို လာမနှောင့်ယှက်နဲ့ဦး” ဟု ရှယန်က ဆိုဖာပေါ်တွင် ပက်လက်လှဲရင်း ရှေ့က စားပွဲပေါ်သို့ ခြေထောက်တစ်ဖက် ချိတ်
တင်ကာ ပြောလိုက်သည်။
သူမသည် စိတ်ကြည်လင်နေပုံရပြီး တစ်ခါတစ်ရံ ခြေထောက်ကို ကလေးဆန်စွာ မြှောက်ကြည့်နေသေး၏။
ဟန်ကျန်းရွှယ်မှာတော့ ဒေါသကို မနည်းထိန်းထားရသဖြင့် နဖူးမှ အကြောများပင် ထောင်ထွက်နေသည်။
“ကဲ... ဒါပဲနော်၊ အရေးမကြီးရင် ငါ့ကို လာမရှုပ်နဲ့တော့”
ရှယန်က ဖုန်းကို ချက်ချင်းချလိုက်ပြီး ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။
နောက်တစ်စက္ကန့်တွင်တော့ သူမသည် ရုပ်ပျက်ဆင်းပျက်ဖြစ်မည်ကိုပင် ဂရုမစိုက်တော့ဘဲ ဗိုက်ကိုနှိပ်ကာ ဆိုဖာပေါ်တွင် လူးလိမ့်ပြီး တဟားဟား အော်ရယ်တော့သည်။
အဝေးတစ်နေရာရှိ ထမင်းစားခန်းထဲတွင် ဒေါ်လေးကျိုးက မိန်းကလေးပီပီသသ မနေထိုင်သော ရှယန်ကို ကြည့်ကာ ခေါင်းခါရင်း ဟင်းလျာများကိုသာ ဆက်လက်ပြင်ဆင်နေသည်။
“အေးပါ... ဆက်ပြီးတော့ပဲ မသိချင်ယောင်ဆောင်နေလိုက်၊ ငါ့ကို လျစ်လျူရှုထားလိုက်စမ်းပါ”
ရှယန်က စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
ပုံမှန်ဆိုလျှင် ဟန်ကျန်းရွှယ်က ရှယန်အပေါ် အေးစက်စက်နိုင်လှပြီး ရှယန်ကသာ အရှက်မရှိ ဖုန်းအရင်ဆက်ကာ အပြင်သွားဖို့ ခေါ်ရစမြဲ။
ထိုအခါမှသာ ဟန်ကျန်းရွှယ်က မတတ်သာဘဲ လိုက်လျောလေ့ရှိသည်။
သို့သော် ယခုမူ ကျန်းရှောင်သည် သူမ၏ မြေအောက်ခန်းတွင် နေထိုင်သည်မှာ တစ်ပတ်သာ ရှိသေးသော်လည်း ဟန်ကျန်းရွှယ်ထံမှ ဖုန်းခေါ်ဆိုမှု ခုနစ်ကြိမ်တိုင်တိုင် ရရှိခဲ့ပြီး ဖြစ်သည်။
ပျမ်းမျှတစ်ရက်လျှင် တစ်ကြိမ်နှုန်းပင်။
လွန်ခဲ့သည့် သုံးရက်အတွင်းမှာမူ ဟန်ကျန်းရွှယ်က ဖုန်း လုံးဝမဆက်ခဲ့ပေ။
ရှယန်သည် ရှေးဟောင်းလက်ကိုင်ဖုန်းနှင့် တူလှသော ကျန်းရှောင်၏ ဖုန်းကို ကောက်ကိုင်လိုက်
သည်။
သူမသည် အကျင့်ပါနေသည့်အတိုင်း Weibo ကို ဖွင့်ကာ ကျန်းရှောင်၏ အကောင့်ထဲသို့ ဝင်ကြည့်လိုက်ရာ ပို့စ်အသစ် ရှစ်ခု တင်ထားသည်ကို တွေ့လိုက်ရသည်။
ပို့စ်တိုင်းမှာ ရူးသွပ်လုနီးပါး စမ်းသပ်ချက်များသာ။
ထို့အပြင် ပို့စ်တိုင်း၏အောက်တွင် စာကြွင်းဆိုသည့် အပိုင်းပါရှိပြီး အသက်မပြည့်သေးသော ကျန်းရှောင်က အသက်ကြီးပြီး ဆွဲဆောင်မှုရှိကာ လှပသော ရှယန်အပေါ် မည်မျှအထိ စွဲလန်းနှစ်သက်လာကြောင်းကို အထင်အရှား ဖော်ပြထားသည်။
ကျန်းရှောင်၏ အကောင့်ကို သုံးပြီး သူမကိုယ်တိုင် တင်ထားသော ပို့စ်များကို ပြန်
ကြည့်ကာ ရှယန် တွေးမိသည်မှာ...
"ငါ နည်းနည်း များသွားပြီလား မသိဘူး"
....
ကျန်းရှောင်ဖီ-ဆိုးသလား- မဆိုးဘူးလား
၂ နာရီခန့်က Huawei Maimang C199 ဖုန်းဖြင့်...
“မိုးသည်းထန်စွာ ရွာသွန်းလို့ ဒီမြို့ကြီး ပြိုကျပျက်စီးသွားရင်တောင် မင်းကို ငါ အမြဲ ဖက်ထားမှာပါ"
စာကြွင်း : ဒါဟာ ကျွန်တော် မမရှယန်ကို တစ်ဖက်သတ် ချစ်နေမိတာ ရှစ်ရက်မြောက်နေ့ပါပဲ။
...
“ဝေါင်... ဝေါင်...”
ရှယန်က ဆိုဖာပေါ်မှ ဖုန်းမြည်သံကြောင့် လှည့်ကြည့်လိုက်ပြီး တခိခိရယ်ကာ ကောက်
ကိုင်လိုက်သည်။
သူမက တမင်တကာ စိတ်မရှည်သလို လေသံဖြင့်...
"ဘာကိစ္စလဲ"
“ဩော်... ငါ့ကို အပြင်သွားဖို့ ခေါ်တာလား"
“ဒါပေမဲ့ ငါ အချိန်မရှိဘူး၊ ရှောင်ဖီကို လေ့ကျင့်ပေးရဦးမယ်"
“သူလား...အရင်အတိုင်းပါပဲ၊ အသက်ရှင်နေတုန်းပဲ"
“အေးပါ၊ အေးပါ၊ ကောင်းပါပြီ... ငါ သွားပါ့မယ်"
"ရပြီလား...မိန်းမတွေကတော့ တကယ့်ကို အလုပ်ရှုပ်တာပဲ"
ရှယန် ဖုန်းချလိုက်သည်နှင့် စောစောက စိတ်မရှည်သည့်ပုံစံမှာ ရုတ်ချည်း ပျောက်ကွယ်သွား၏။
သူမသည် ဆိုဖာပေါ်မှ ဝမ်းသာအားရ ခုန်ထလိုက်သည်။
ဧည့်ခန်းထဲတွင် ကခုန်မြူးထူးနေသည့် သူမပုံစံမှာ ရူးကြောင်ကြောင် ဟတ်စကီး (Husky) ခွေးလေးတစ်ကောင်နှင့်ပင် တူလှသည်။
ထမင်းစားခန်းထဲတွင် ဒေါ်လေးကျိုးက ယောင်မကို ကိုင်ရင်း နောက်တစ်ကြိမ် ခေါင်းခါပြန်သည်။
သူမက စိတ်ထဲမှာ...'လှလိုက်တဲ့ ကောင်မလေး... တကယ့်ကို နှမြောစရာပဲ'
ထိုအချိန်တွင် မြေအောက်ခန်းအတွင်းရှိ ရှစ်မြှောင့်ပုံစံ လှောင်အိမ်ထဲ၌ အမျိုးသားနှစ်ဦးမှာ အပြင်းအထန် တိုက်ခိုက်နေကြသည်။
ကျန်းရှောင်သည် အစပြုသူအဆင့်သာ ရှိသေးသော်လည်း ယခုအခါ အနည်းဆုံးတော့ စံချိန်စံညွှန်းအတွင်း ဝင်လာပြီ။
လေ့ကျင့်ပေးသူ လေကျင်း ကလည်း ကျန်းရှောင်သည် တော်တော်လေး အရည်အချင်းရှိသည်ဟု တွေးမိသည်။
သို့သော် လေကျင်းက ကျန်းရှောင်၏ ကြိုးစားအားထုတ်မှုကြောင့်ဟု ယူဆသော်လည်း ကျန်းရှောင်ကမူ ထိုသို့မတွေးပေ။
အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ယောက်မှာ နေ့တိုင်း မြေအောက်ခန်းထဲတွင် ပိတ်လှောင်ခံထားရပါက ရူးသွားနိုင်သော်လည်း ကျန်းရှောင်ကမူ ကြံ့ကြံ့ခံနိုင်ခဲ့၏။
သူ၏ စိတ်ဓာတ်ပြင်းထန်မှုနှင့် ဇွဲနပဲကြီးမှုကို လေကျင်း ချီးကျူးမိသည်။
နေ့စဉ် မနက် ၄:၃၀ နာရီမှ ည ၉:၃၀ နာရီအထိ ကျန်းရှောင်သည် တစ်ခါမျှ နောက်မကျခဲ့သလို အကျင့်ပျက်ခြင်းလည်း မရှိခဲ့ပေ။
သူသည် လေကျင်း၏ စီမံကိန်းကို အတိအကျ လိုက်နာပြီး မှန်မှန်ကန်ကန် တိုးတက်လာခဲ့သည်။
နေ့စဉ်ပေးထားသော တာဝန်များကိုလည်း သတ်မှတ်ချက်ထက် ကျော်လွန်အောင် ပြီးမြောက်အောင်မြင်ခဲ့သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူကြီးဖြစ်သော လေကျင်းပင်လျှင် အပြင်ထွက်ကာ လေကောင်းလေသန့်နှင့် နေရောင်ခြည်ကို ရှူရှိုက်ချင်စိတ် ပေါ်နေပြီ။
ကျန်းရှောင်လို ကလေးတစ်ယောက်အတွက်ဆိုလျှင် ပိုဆိုးမည်မှာ အမှန်ပင်။
လေကျင်း တွေးမိသည်မှာ...'ဒီကလေးက ဘယ်လိုတောင် ကြိုးစားနေရတာလဲ'
'သူက ဘာဖြစ်လို့ သူ့ကိုယ်သူ ဒီလောက်အထိ ညှဉ်းပန်းနေရတာလဲ'
'အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်၊ ဇနီးသေဆုံးလို့ ဝမ်းနည်းနေတဲ့သူလည်း မဟုတ်ဘူး'
'ဒီကလေးကို ဘာက ဒီလောက်အထိ တွန်းအားပေးနေတာလဲ'
'သူက ဘယ်သူ့ကို ကလဲ့စားချေဖို့ ကြိုးစားနေတာလဲ'
ကျန်းရှောင်၏ ကြိုးစားမှုကြောင့်ပင် လေကျင်းသည် ချမ်းသာသော ကလေးများအပေါ် ထားရှိသည့် အစွဲများကို ဖယ်ရှားလိုက်နိုင်သည်။
ကျန်းရှောင်က ကြယ်တာရာ ပုတီးစေ့များကို စုပ်ယူနေခြင်းအပေါ်တွင်လည်း သူ မနှစ်မြို့ခြင်း မရှိတော့ပေ။
ဟုတ်ပါသည်၊ ခုနစ်ရက်အတွင်း ကျန်းရှောင်
သည် စုစုပေါင်း ကြယ်တာရာ ပုတီးစေ့ လေးစေ့ကို စုပ်ယူခဲ့သည်။
သူ မောပန်းနွမ်းနယ်ပြီး အင်အားကုန်ခမ်းသည့်
အခါတိုင်း ဘီလူးဖြူ ကြယ်တာရာပုတီးစေ့ တစ်စေ့ကို စုပ်ယူလေ့ရှိသည်။
လေကျင်း၏ အခေါ်အဝေါ်အရဆိုလျှင် ထိုအချိန်သည် ခန္ဓာကိုယ်မှ ကြယ်တာရာ ပုတီးစေ့ကို စုပ်ယူပြီး ကြံ့ခိုင်မှုကို မြှင့်တင်ရန် အကောင်းဆုံးအချိန် ဖြစ်ခြင်း။
လွန်ခဲ့သည့် ခုနစ်ရက်က နှင်းတောခရီးစဉ်တွင် ကျန်းရှောင်သည် အလောင်းများ ကောက်ယူရာမှ ဘီလူးဖြူ ကြယ်တာရာပုတီးစေ့ နှစ်စေ့ ရရှိခဲ့ပြီး တာဝန် အပြီးတွင် နောက်ထပ် တစ်စေ့ ထပ်မံရရှိခဲ့သည်။
အိမ်အပြန်လမ်းတွင် ဟန်ကျန်းရွှယ်က သူ့ကို နှစ်စေ့ပေးခဲ့ပြီး ရှယန်ကလည်း မြေအောက်ခန်းတွင် လေ့ကျင့်ရန် မထားခဲ့မီ နှစ်စေ့ ပစ်ပေးခဲ့သည်။
ထို့ကြောင့် ကျန်းရှောင်တွင် ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့ ခုနစ်စေ့နှင့် ဘီလူးဖြူ စုန်းမ ကြယ်တာရာပုတီးစေ့ တစ်စေ့ ရှိခဲ့သည်။
ယခုအချိန်တွင် သူသည် ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့ လေးစေ့ကို စုပ်ယူပြီး ဖြစ်ကာ ဒုတိယကြယ်တာရာ နေရာရှိ အတတ်ပညာများဖြစ်သော အစိမ်းရောင်အလင်းတန်း နှင့် ခံနိုင်ရည် တို့မှာ ကြေးဝါအဆင့် ၅ သို့ ရောက်ရှိသွားပြီ။
ကျန်းရှောင်သည် ထိုအချက်အတွက် အလွန်
ဝမ်းသာနေမိပြီ။
အတွင်းပိုင်း ကြယ်တာရာ မြေပုံအရ ကြယ်တာရာအတတ်ပညာများကို အဆင့်မြှင့်ရန် ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့ ၁၀ စေ့ လိုအပ်သည်ဟု ဖော်ပြထားသည်။
ကြယ်တာရာ ပုတီးစေ့ တစ်စေ့တွင် အတတ်ပညာ နှစ်မျိုးပါရှိသဖြင့် ပုတီးစေ့အရေအတွက် နှစ်ဆ လိုအပ်မည်ဟု ကျန်းရှောင် ထင်ထားခဲ့သော်လည်း အမှန်တကယ်တွင်မူ ကြယ်တာရာ ပုတီးစေ့ တစ်စေ့ စုပ်ယူလိုက်တိုင်း ထိုနေရာရှိ အတတ်ပညာ နှစ်မျိုးလုံး တစ်ပြိုင်နက် အဆင့်မြင့်သွားခြင်း။
“မြန်မြန်... မြန်မြန်လုပ်”
လေကျင်းက တိုက်ခိုက်မှုများမှ ကာကွယ်ရန် လက်နှစ်ဖက်ကို မျက်နှာရှေ့တွင် ထားရင်း ရုတ်တရက် ဘယ်လက်သီးဖြင့် အသာအယာ ထိုးလိုက်သည်။
သူ၏ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်က ကျန်းရှောင်၏ တိုက်စစ်ကို နှောင့်ယှက်လိုက်ရုံသာမက ကျန်းရှောင်ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေ၏။
“ဘာလို့ မရှောင်တာလဲ၊ ငါက သဲအိတ်မဟုတ်
ဘူး"
"ငါ့မှာ လက်တွေရှိတယ်၊ ငါ တိုက်ခိုက်မှာပဲ”
လေကျင်းက လိုက်မတိုက်ဘဲ မူလနေရာမှာပင် ရပ်နေသည်။
ကျန်းရှောင်က ခေါင်းခါယမ်းလိုက်ပြီး တွေးမိသည်မှာ...
'ဒီလူက လက်ဝှေ့သတ်တဲ့နေရာမှာ ကျွမ်းကျင်သူပဲ'
ကြယ်တာရာ စွမ်းအားပြည့်နှက်နေသော ကမ္ဘာတွင် တိုက်ခိုက်ရေးအတတ်ပညာမှာ အလွန်ပင် ခေတ်စားလှ၏။
စည်းမျဉ်းအမျိုးမျိုးဖြင့် တိုက်ခိုက်ရေးပြိုင်ပွဲများစွာလည်း ပေါ်ထွက်နေသည်။
လေကျင်းသည် လူသားဆန်သော တိုက်ခိုက်ရေးသမားဖြစ်ပြီး အနည်းဆုံးတော့ အစိမ်းရောင်
အလင်းတန်း အတတ်ပညာကို ပိုင်ဆိုင်
ထားသည်။
သို့သော် သူသည် လေ့ကျင့်ခန်းများတွင် တစ်ခါမျှ အလေးအနက် မထားခဲ့ပေ။
ထို့ကြောင့် သူ၏ ကြယ်တာရာ မြေပုံကိုလည်း တစ်ခါမျှ မဖွင့်ခဲ့ဖူးချေ။
ကျန်းရှောင်အနေဖြင့် လေကျင်း၏ ကြယ်တာရာမြေပုံပုံစံ၊ ကြယ်တာရာ နေရာအရေအတွက်နှင့် အရည်အချင်းများကို မသိနိုင်ပေ။
အလားတူပင် ကျန်းရှောင်သည်လည်း လေကျင်း၏ ရှေ့တွင် သူ၏ ကြယ်တာရာ မြေပုံကို ဖွင့်ပြခြင်း သို့မဟုတ် ကောင်းချီးပေးခြင်း အတတ်ပညာကို သုံးခြင်းမျိုး လုံးဝမလုပ်ခဲ့ပေ။
ထို့ကြောင့် ကျန်းရှောင်သည် မိမိကိုယ်ကိုယ် ကုသ ခြင်းပြုလုပ်လျှင် အိမ်သာထဲတွင်ဖြစ်စေ သို့မဟုတ် ရေချိုးနေစဉ်ဖြစ်စေ ပြုလုပ်လေ့ရှိသည်။
ထိုအခါတိုင်း လေကျင်းသည် ကျန်းရှောင် အိမ်သာ သို့မဟုတ် ရေချိုးခန်းထဲ ရောက်နေချိန်တွင် ထူးဆန်းသော အသံများကို အမြဲကြားနေရသည်။
နေ့လယ်စာ စားနေစဉ်တွင် လေကျင်းက ထိုကိစ္စနှင့် ပတ်သက်ပြီး ကျန်းရှောင်ကို အကြံပေးခဲ့သေးသည်။
ထိုစဉ်က ကျန်းရှောင်မှာ ပါးစပ်ထဲက ထမင်းတွေပင် ပြန်ထွက်မတတ် ဖြစ်သွားရ၏။
လေကျင်းက ခင်မင်ရင်းနှီးစွာဖြင့် ကျန်းရှောင်၏ ပခုံးကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်
သည်မှာ...
"ငါတို့ နေ့တိုင်း အတူတူနေနေတာပဲ၊ အဲဒါကို ငါမသိဘဲ နေမလား"
ကျန်းရှောင်ကတော့ သူ၏ နည်းပြ ဘာကို ဆိုလိုမှန်း မသိသဖြင့် မျက်တောင်တခတ်ခတ် လုပ်နေသည်။
လေကျင်းက ဆက်ပြောသည်။
"မင်း အသက်ငယ်သေးတာကို ငါသိပါတယ်၊ ဒါပေမဲ့ မင်းကိုယ်မင်း ထိန်းချုပ်ဖို့လည်း သင်ယူရမယ်"
"လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ မင်းကို ပြောဖို့ အားနာနေတာ၊ ဒါပေမဲ့ အခု ခုနစ်ရက်ရှိပြီ"
"မင်းက တကယ့်ကို ကြိုးစားတဲ့သူမို့လို့ ငါ မင်းကို အရမ်းလေးစားတယ်၊ ဒါပေမဲ့ ငါ မင်းကို အကြံပေးရမယ်လို့ ထင်တယ်"
ကျန်းရှောင်က လေကျင်းကို ကြောင်တောင်တောင် ကြည့်ရင်း တွေးနေမိသည်။
'သူ ဘာတွေ ပြောနေတာလဲ'
လေကျင်းက “မင်းက အခု ကြီးထွားနေတဲ့ အရွယ်၊ ဒါကြောင့် မင်းကိုယ်မင်း ထိန်းချုပ်တတ်ဖို့ လိုတယ်” ဟု ဆိုသည်။
ကျန်းရှောင်က ရှက်ကိုးရှက်ကန်းဖြင့် နှုတ်ခမ်းကို ဖိကာ..."ထိန်းချုပ်ရမယ်"
လေကျင်းက အနေခက်စွာဖြင့် ခေါင်းငြိမ့်ပြပြီး အကြံပြုသည်မှာ...
"အဲဒါအပြင် မင်းအတွက် သီးသန့်နေရာ လိုချင်ရင် ငါ့ကို ပြော၊ ငါ ညဘက် အပေါ်ထပ်မှာ သွားနေပေ
းမယ်"
"ငါ့အတွေ့အကြုံအရ ပြောရရင် မင်း အရမ်း စိတ်လောနေတယ်၊ ကြာလာရင် ဒါက အကျင့်ဖြစ်သွားလိမ့်မယ်"
ကျန်းရှောင်၏ မျက်နှာမှာ အလွန်အမင်း ရှက်ရွံ့ဒေါသထွက်မှုကြောင့် ညှိုးနွမ်းသွားတော့၏။
'တောက်'
'ငါ့ဓား ဘယ်မှာလဲ...'