Ch 2
Viewers 2

🥰Chapter 2




ဖျော်ဖြေရေးလောကတွင်းရှိ အနုပညာရှင်အများစုက သူတို့ကို မကောင်းပြောနေသည့် အွန်လိုင်းပေါ်ရှိ မှတ်ချက်များကို ဝင်ကြည့်လေ့မရှိကြချေ။ 


အဘယ့်ကြောင့်ဆိုသော် သူတို့က အခြေအမြစ်မရှိသည့် အကြောင်းပြချက်များဖြင့် မကြာခဏတိုက်ခိုက်ခံရပြီး ယင်းမှတ်ချက်များကို ကြည့်ရသည်က သူတို့ကို နာကျင်စေသောကြောင့်ပင်။


 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€„ဟဏး ကျန်းယင်ကမူ ခြားနားပေ၏။ သူက သူ့ပင်ကိုယ်စရိုက်ကို ဆန့်ကျင်နေသည့် တိုက်ခိုက်မှုများကို ဖြုံပင်မဖြုံသည့် ခိုင်မာသည့် နှလုံးသားရှိကာ သူ့anti-fans များပားစပ်ပိတ်သွားအောင် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ရန် လိုအပ်သည်ဟု ခံယူထားပုံပင်။ 


သူက သူ့အချိန်နှင့်အားအင်များစွာကို စတေးပြီး သူ့ရန်သူများကို မကြာခဏပင် တိုက်ခိုက်တတ်ကာ သူ့အရံအကောင့်များကလည်း မကြာခဏဆဆိုသလို ဘန်းခံရတတ်၏။


လူအများကြီးက သူ့ကိုနှစ်သက်ကြပြီး လူအများအပြားက သူ့ကိုမုန်တီးကြသည်။


အေဂျင်စီက လက်ထောက်ချန်ကို တစ်ခုသာ တောင်းဆိုခဲ့သည်။ 


#ကျန်းယင်ကို သူ့မူရင်းအဓိကအကောင့်နဲ့ လူတွေကို တိုက်ခိုက်ဖို့ ခွင့်ပြုပါနဲ့...#


"ဒီလူသိများတဲ့အိုင်ဒေါက ဘယ်တော့မှ မပင်ပန်းဘူးကွ..."


ကျန်းယင်ကပြောလိုက်သည်။


"ကျွန်တော်က  ဒီလိုမျိုးဒရာမာတွေကို ကြိုက်တယ်လေ..."


သူ့လက်ချောင်းများက ကီးဘုတ်တွင် ပျံဝဲနေပြီး တစ်ချက်ပြီးတစ်ချက် clickနှိပ်ကာ သူ့အရံအကောင့်မှနေ မက်ဆေ့ချ်အသစ်များကို အားရဝမ်းသာစွာ ပို့ထုတ်လိုက်သည်။


[ကျန်းယင်၏အရံအကောင့်  1 : အိုင်ဒေါတစ်ယောက်ကို မင်းက ဘာထင်နေလို့တုန်း...အိုင်ဒေါတစ်ယောက်ဆိုတာ မင်းတိုက်ခိုက်ဖို့ ဖြစ်တည်လာတာလို့ ထင်နေတာလား...ဒီနာမည်ကျော်ဆယ်လီဘရစ်တီတွေက မင်းကို အကြွေးတစ်ခုခုတင်ထားတယ်လို့များ ထင်နေတာလားကွ...]


[ကျန်းယင်၏အရံအကောင့် 2 : ဘာလဲ သတင်းထောက်ဆိုတာနဲ့ ဓာတ်ပုံရိုက်ဖို့ထိုက်တန်တယ်လို့ ထင်နေတာလား...ဒါဆိုလည်း မင်းက ချေးတုံးနဲ့တူတယ်လို့ ငါထင်လို့ မင်းကိုချေးတုံးလို့ ခေါ်မယ်လေ.]


[ကျန်းယင်၏အရံအကောင့် 3 : မင်းတို့antiတွေရဲ့ခေါင်းက နည်းနည်းလောက်များ ဖွံ့ဖြိုးလာလို့မရဘူးလား...မင်းတို့Weiboမှာ သေးသေးလေးတစ်ခုတွေ့တိုင်း ကျန်းယင်ကို လှမ်းလှမ်းခုန်ပြီး တိုက်ခိုက်နေကြတာ...သူနဲ့ဘာမှမပတ်သက်တဲ့အကြောင်းအရာထဲလည်း ဆွဲသွင်းရင်သွင်းနေကြတာပဲ...ပြောလေ မင်းတို့မှာ ဦးနှောက်ရောရှိကြသေးရဲ့လား...]


"ဒီတစ်ကြိမ်ရော ဘာတွေကြိတ်ရယ်နေတာလဲ အိုင်‌​ဒေါ..."


အသံတစ်သံက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူ့နားချည်းကပ်လာကာ သူ့နောက်တွင်ရပ်လိုက်သည်။ ထိုတစ်စုံတစ်ယောက်က ဗြောင်ကျကျပင် လက်ဆန့်ထုတ်ပြီး ကျန်းယင်၏ညာဘက်လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ကီးဘုတ်မှ ဝေးရာထံ ဆောင့်ဆွဲလိုက်၏။


ကျန်းယင် လှည့်ကြည့်လိုက်သည်။ သူ့နောက်တွင် ရပ်နေသူက ယခုလေးတင် စင်ပေါ်တွင် အမှာစကားပြောကြားလာသည့် ချီကျူးပင်။


နှစ်ဦးသား မျက်လုံးချင်းဆုံသွားသည်နှင့် လက်ထောက်ချန်မှာ ကျောရိုးတစ်လျှောက်လုံး ကြက်သီးထသွားခဲ့သည်။


"အနက်ရောင်suitဝတ်စုံက မင်းနဲ့မလိုက်ဘူး..."


ကျန်းယင်က ချီကျူးကို အပေါ်အောက်ခြုံကာ တစ်ချက်ကြည့်လိုက်သည်။


"မင်းကို အိုတဲ့ပုံပေါက်သွားစေတယ်..."


"ဟူဒီတွေကလည်း မင်းနဲ့မလိုက်ဘူး..."


ချီကျူးက နားလည်ရခက်သည့် အမူအရာဖြင့် သူ့ကို တုံ့ပြန်လိုက်၏။ 


"မင်းက ငယ်ချင်ယောင်ဆောင်နေတဲ့ပုံ ပေါ်သွားစေတယ်လေ..."


လက်ထောက်ချန်မှာ လည်ချောင်းခြောက်ကာ ရေပင်ဆာလာခဲ့သည်။ သူက အသက်သုံးဆယ်နီးပါးရှိနေပြီဖြစ်ရာ အသက်နှစ်ဆယ်အစောပိုင်းကာလတွင်သာ ရှိသေးသည့် လူငယ်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စကားနာထိုးပြီး အချင်းချင်းကိုက်ဖြတ်နေသည်ကို ကြည့်ပြီး သူ့ပါအမှုပတ်လာမည်စိုး၍ တိတ်တိတ်လေးနောက်ဆုတ်ကာ ထွက်သွားလိုက်သည်။


"မင်းဘာလိုချင်လို့လဲ..."

ကျန်းယင်က လပ်တော့ကို ပိတ်လျက် မေးလိုက်သည်။


"ဒီမှာ မင်းအတွက်..."


ချီကျူးက ကြီးမားသည့် စက္ကူအိတ်ကြီးတစ်အိတ်ကို ကျန်းယင်ရှေ့က စားပွဲပေါ်ထားလိုက်သည်။


ကျန်းယင်၏စိတ်ဝင်စားမှုများက သိသိသာသာပင် မြင့်တက်သွားခဲ့သည်။


"ဒါက ဘာလဲ..."


"အခမ်းအနားစီစဉ်တဲ့သူတွေက တင်ဆက်သူတွေအတွက် လက်ဆောင်အနေနဲ့ ပြင်ထားတာလေ..."

ချီကျူးက ပြောပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။


"မင်းက မင်းမလိုချင်တဲ့ တံစိုးလက်ဆောင်တွေ ငါ့ကိုလာပေးနေတာလား..."

ကျန်းယင်က ယင်းကိုကြည့်ကာ ယုံနိုင်ရန်ပင် ခက်ခဲသွားသည်။


"မင်ဘယ်အချိန်တည်းက လူ​တွေကို ပစ္စည်းတွေ ပေးတတ်သွားတာလဲ..."


"အင်း..."


ချီကျူးက ခေါင်းတစ်ချက်ညိတ်ကာ ဖြေပေးလိုက်သည်။ စာနာသနားနေသည့် လေသံက သူ၏လစ်လျူရှုတတ်သည့် လေသံထဲမှ ချော်ထွက်လာခဲ့သည်။


"မနက်ဖြန်က ဖေဖော်ဝါရီလရဲ့ နောက်ဆုံးရက်ပဲ...မင်းက လေးနှစ်နေမှ မွေးနေ့တစ်ကြိမ်လေးပဲ ရှိတာလေ...တကယ်ကို ခက်ခဲမှာပဲ..."


ကျန်းယင်က တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။


ထို့နောက် သူက မကျေမနပ် ပြောလိုက်လေသည်။


"မင်းက ရက်ထပ်နှစ်မှာမွေးတဲ့ကလေးလေးတွေကို အထင်သေးနေတာလား..."


ချီကျူးက သူ့ကိုထပ်ပြီး စိတ်ထဲထားမနေတော့ဘဲ စက္ကူအိတ်ကို ချန်ထားကာ အဝေးကိုလျှောက်ထွက်သွားခဲ့သည်။


"ဒီထဲမှာ သောက်ကျိုးနည်းဘာတွေရှိနေတာလဲ..."

ကျန်းယင် အူမြူးသွားခဲ့သည်။ သူ စပ်စုချင်စိတ်ဖြစ်နေသည်ကို ငြင်းမရနိုင်ချေ။


အိတ်အတွင်းတွင် ပင်ဂွင်းအ​မွေးပွရုပ်လေးတစ်ရုပ်နဲ့ ​လေး​ထောင့်ဘူးလေးတစ်ဘူးကို တွေ့လိုက်ရ၏။


လက်ထောက်ချန်က ကျန်းယင်ဖုန်းကို ကောက်ကိုင်ပြီး QQကိုဖွင့်ကာ 'အတန်း​ခေါင်းဆောင်'ဟု အမည်မှတ်ထားသည့် တစ်စုံတစ်​ယောက်နှင့် ပြောထားသည်ကို  တွေ့လိုက်ရသည်။ 


[လက်မကြီးဂဏန်း] : သေတ္တာထဲက ဘာကြီးလဲ?


[အတန်းခေါင်းဆောင်] : ဉာဏ်ရည်မြင့်စကားပြောစက် '​ဖရဲသီး​လေး'လေ...


[လက်မကြီးဂဏန်း] : အဲ့ဒါဘာလုပ်ရမှာလဲ


[အတန်းခေါင်းဆောင်] : အဲ့တာက AI ပဲ...မင်းကငြင်းခုန်ရတာကြိုက်တယ်လေ...မင်းပျင်းတဲ့အချိန်ကျ မင်းအဲ့တာနဲ့ငြင်းခုန်​နေလို့ရတာပေါ့


[လက်မကြီးဂဏန်း] : အိုး...မင်းငါ့ကိုလှောင်နေတာလား...


[အတန်းခေါင်းဆောင်] : အိုး...


"အတန်းခေါင်းဆောင်က ဘယ်သူလဲ..."


လက်ထောက်ချန်က မေးလျက်ပင် ကျန်းယင်၏ဖုန်းကို လှမ်းခိုးကြည့်လိုက်သေးသည်။ ထူးခြားဆန်းကြယ်စွာပင် ဤလူနှစ်ယောက်ကြားတွင် ရှင်းပြမရနိုင်သည့် ရင်းနှီးနီးကပ်မှုရှိ​နေသည့် ခံစားချက်တစ်ခုကို သူရလိုက်သည်။


"သိသာနေတာပဲ...အဲ့တာချီကျူးလေ...ကျွန်တော်တို့က အရင်တုန်းက အတန်းဖော်တွေ..."

ကျန်းယင်က ပြောလိုက်သည်။


"ခင်ဗျားအခုမြင်ပြီမလား...ကျွန်တော်တို့ ဒရာမာအတူတူရိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ကျွန်တော်တို့ ဆက်ဆံရေးက အရမ်းဆိုးလွန်းနေတာကို..."


ယခုလေးတင် ဖြစ်သွားခဲ့သည့် စကားဖလှယ်မှုကို အခြေခံရပါက ကျန်းယင်က သိသိသာသာပင် ဒေါသကြီးလွန်းနေပြီး ချီကျူးကမူ ကျန်းယင်ကို အာရုံစိုက်ရန်ပင် စိတ်မဝင်စားသည်ကို မြင်နိုင်ပေသည်။


ယင်းက သူတို့ဆက်ဆံရေးဆိုးဝါးလွန်းနေသည်ကို ဆိုလိုသည်လား လက်ထောက်ချန် မသေချာဘဲ ခန့်မှန်းလည်း မခန့်မှန်းရဲချေ။ သို့သော် သူ ကျန်းယင်၏ဖုန်းကို တစ်ချက်ကြည့်လိုက်ချိန်တွင် QQ app၏မျက်နှာပြင်ကို ကြည့်လိုက်မိသွားသည်။ အတန်းခေါင်းဆောင်၏နာမည်ဘေးတွင် သင်္ဘောတစ်စီးရှိနေလေသည်။


------------------



"ကျွန်​တော်တို့မှာ ဘာလို့သင်္ဘောကြီးတစ်စီး ရှိ​နေတာလဲ ခင်ဗျားသိချင်လား..."


ကျန်းယင်က ​အေဂျင်စီက​ ပေးထား​သော ကား​နောက်ခုံတွင် ထိုင်​နေပြီး စိတ်လွတ်စွာဖြင့် သစ်ကြားသီးသီးခွံ ပျော့ပျော့လေးများကို ညှစ်နေလိုက်သည်။


"ကျွန်တော်လည်းမသိဘူး...အဲ့ဒါက တစ်နေ့ကျ ဒီတိုင်းထွက်ပေါ်လာတာပဲ...ဘယ်အချိန်လဲတော့ ကျွန်တော်တကယ်မမှတ်မိဘူး..."


လက်​ထောက်ချန်အတွက်မူ သူနှင့်သူ့​ကောင်မ​လေးအတူရှိသည့် သုံးနှစ်တာ ရိုမန့်တစ်ဆက်ဆံ​ရေးမျိုးကသာ သင်္ဘောကြီးဟု ခံယူထားပေ၏။ ကျန်းယင်နှင့်ချီကျူးကြားရှိ ဆက်ဆံ​ရေးကိုမူ သင်္ဘောကြီးဟု မ​ထောက်ခံ​ချင်​ပေ။ သူတို့နှစ်ဦးသား၏ဆက်ဆံ​ရေးက ရိုမန့်တစ်ဆန်သည့် သင်္ဘောဆိုသည်ထက် အချင်းချင်း ရန်ဖြစ်ကိုက်ဖြတ်​နေကြသည့် ဆက်ဆံ​ရေးဆိုပါက ပိုမှန်​ပေမည်။


အစီအစဉ်ကျင်းပသူများက သူ့အတွက် ပြင်ဆင်ပေးထားသည့် လက်ဆောင်များက အလွန်တရာပင် ကောင်းမွန်လှသည်။ ကျန်းယင်က အဆုံးတွင် သူနှင့်အတူ အကုန်လုံးကို ယူလာခဲ့လိုက်သည်။ အနည်းငယ်ဝတုတ်နေသည့် ပင်ဂွင်းလေးက နူးညံ့ပြီး ​ပွေ့ဖက်ချင်စဖွယ်ပင်။


"Weiboပေါ်က ​​အမှိုက်​တွေကို အာရုံစိုက်မနေနဲ့တော့..."

လက်ထောက်ချန်က သတိပေးလိုက်သည်။


"အေဂျင်စီက နာမည်ကြီးနေတဲ့ ခေါင်းစီးကို ဒီညပဲ ဖယ်ရှားလိုက်လိမ့်မယ်..."


"စိတ်လျှော့ပါ...ကျွန်တော့်အဓိကအကောင့်ကြီးနဲ့ ဝင်ရန်မဖြစ်ဘူးလို့ ကျိန်ရဲပါတယ်..."


ကျန်းယင်က တည်တည်ကြည်ကြည်ဖြင့် သန္နိဋ္ဌာန်​နေစဥ်မှာပင် ပင်ဂွင်းလေးကို ဖက်ပစ်လိုက်သည်။


"ဒါပေမယ့် ရိုးရိုးသားသားပြောရရင်...အခုခေတ် အင်တာနက်အသုံးပြုသူတွေက လူတွေရဲ့နောက်ကျောမှာ ချီးစကားတွေပြောတဲ့အချိန် နောက်ဖြစ်လာမယ့် သူတို့ရဲ့လုပ်ရပ်အကျိုးဆက်ကိုလည်း ပိုပြီးသတိထားနေသင့်တယ်လို့တော့ ကျွန်တော်ထင်တာပဲ..."


"အိုး ဟုတ်သားပဲ..."

လက်ထောက်ချန်က ရုတ်တရက် အခြားကိစ္စတစ်ခုကို အမှတ်ရသွား၏။


"အေဂျင်စီက မင်းကို audition ဝင်ဖြေစေချင်တဲ့ TV ဒရာမာတစ်ခုရှိတယ်..."


"ဘယ်တစ်ခုလဲ..."


ကျန်းယင်က ကားထဲမှ ထွက်ရန်အဆင်သင့်ဖြစ်နေပြီပင်။ သူ့လက်များက တံခါးလက်ကိုင်ပေါ်တွင် တန့်သွားခဲ့သည်။


"အခုတလော ​ရေပန်းစားနေတဲ့ IP ကို ပြန်ပြီးဇာတ်ညွှန်း​ရေးထားတာ...ရှန်းရှအမျိုးအစား '​ရွေ့ရွှယ်'(မင်္ဂလာရှိ​သော နှင်းတစ်ပွင့်)တဲ့..."


"ကျွန်တော်က ဘယ်ဇာတ်ကောင်နေရာကို ဝင်ဖြေရမှာလဲ..."

ကျန်းယင်က သူ့လက်မောင်းထဲမှ ပင်ဂွင်းရုပ်လေးကို ပုတ်လိုက်သည်။


"အဓိကအမျိုးသားဇာတ်ကောင်နေရာမဟုတ်တာတော့ သေချာတယ်...ကျွန်တော့် အကန့်အသတ်ကို ကျွန်တော်သိတယ်...ကျွန်တော့်ရဲ့ဂုဏ်သတင်းနဲ့ လတ်တလော ကျော်ကြားမှုအဆင့်နဲ့ဆို အမျိုးသားဇာတ်ကောင်နေရာကို ကျွန်​တော့်လက်ထဲ အပိုင်ယူနိုင်မှာ မဟုတ်ဘူး..."


လက်ထောက်ချန်က ပြုံးလိုက်သည်။

"ဒါရိုက်တာက မင်းကို အဓိကဗီလိန်နေရာဖြစ်တဲ့ရွှမ်းမော့လင်နေရာကို အကြုံပြုနေတာ..."


"ဘာလို့လဲ..."

ကျန်းယင်က နားမလည်ခဲ့ချေ။


"ဘာလို့လဲဆို..."

လက်ထောက်ချန်က စက္ကန့်အနည်းငယ်မျှ တွန့်ဆုတ်သွားခဲ့သည်။ ထို့နောက် အလျင်အမြန်ပင် ​ရှေ့​နောက် မစဥ်း​စား​တော့ဘဲ ​ပြောချလိုက်သည်။


"ဘာလို့လဲဆိုတော့ ဒါရိုက်တာက မင်းကတကယ့်လက်တွေ့ဘဝမှာ အရမ်းဗီလိန်ဆန်တယ်လို့ ထင်နေတာလေ...အဲ့ကြောင့် အင်တာနက်အသုံးပြုတဲ့သူအများစုက အဓိကအမျိုးသားဇာတ်ဆောင်က မင်းကို အနိုင်ပိုင်းလိုက်တာကို မြင်ပြီးပျော်ကြမှာပဲ..."


ကပျာကယာဖြင့် လက်ထောက်ချန်က ထပ်ပြောလိုက်သည်။


"အဲ့ဒါက ဒါရိုက်တာ ပြောလိုက်တဲ့စကားတွေပဲ...အဲ့အပြင် အင်တာနက်အသုံးပြုတဲ့သူတွေက မင်းအတွက် ဒီဇာတ်ကောင်နေရာကို မဲပေးခဲ့ကြတာ...လူထုအမြင်အရဆို မင်းက ဒီဇာတ်ကောင်နဲ့တအားလိုက်ဖက်တယ်တဲ့..."


ကျန်းယင်က ​ခေါင်းခြောက်သွားသည်။


"မရိုက်ဘူး...အဲ့ဇာတ်ကောင်ကို မလုပ်ဘူးပဲ..."

သူက ပြောလိုက်သည်။ 


"ကျွန်တော်က သရုပ်​ဆောင်မ​ကောင်းလို့ အတင်းအဖျင်း ပြောခံရတဲ့သူ ဖြစ်ရင်ဖြစ်မယ်...ဒါပေမယ့် ကျွန်တော့်မှာလည်း ကျွန်တော့်မာနသိက္ခာဆိုတာ ရှိပါတယ်..."


သူက ပင်ဂွင်းအ​မွှေးပွရုပ်လေးကို သူ့လက်မောင်းအောက် ညှပ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ချီကျူးသူ့ကို ပေးလိုက်သည့် စက္ကူအိတ်လေးကို ဆုပ်ကိုင်လိုက်သည်။ ကားအပြင်ဘက်သို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ ပြောလိုက်လေသည်။


"ကျွန်တော့်သရုပ်ဆောင်ချက်တွေက အရမ်းဆိုးဝါးနေတာ...မူရင်းဝတ္ထုနဲ့ဇာတ်ညွှန်းနှစ်ခုလုံးက အရမ်းကောင်းတာကို...ဒီလူတွေက အဲ့ဇာတ်လမ်းကို အရမ်းအားစိုက်ထုတ်ထားရတာလေ အဲ့ကြောင့် ကျွန်တော်က ဝင်ပြီး ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး..."


ကျန်းယင်က လမ်းမီးရောင်အောက်တွင် လက်ထောက်ချန်ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်၏။ ထို့နောက် လှည့်ထွက်ကာ အိမ်ကို ဦးတည်လိုက်တော့သည်။


ချန်ရှုက ကျန်းယင်ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ လူငယ်လေးက သူ့မျက်စိအောက်မှာ ပျောက်ကွယ်သွားသည်နှင့် ချန်ရှုက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ဖုန်းခေါ်လိုက်သည်။


"သူပယ်ချလိုက်တာလား..."

ကျန်းရွှင်က ဖုန်းတစ်ဖက်မှ မေးလိုက်သည်။


"သူပယ်ချလိုက်ပါတယ်..."

ချန်ရှုက အတည်ပြုပေးလိုက်သည်။


"ဇာတ်ညွှန်းကောင်းတစ်ခုကို ပျက်စီးအောင်မလုပ်ချင်ဘူးလို့ သူကပြောပါတယ်..."


"ငါနောက်မှ သူ့ကိုပြောလိုက်မယ်..."

ထိုသို့ပြောပြီး ကျန်းရွှင် ဖုန်းချလိုက်လေသည်။


***


ချီကျူးက နှစ်သက်စရာမကောင်းသော်လည်း ပင်ဂွင်းလေးကမူ အလွန်ချစ်စရာကောင်းလှပေသည်။ 


ကျန်းယင်က ဝတုတ်တုတ် ပင်ဂွင်းရုပ်လေးကို အိပ်ရာနံ​ဘေးက စားပွဲခုံ​ပေါ် တင်လိုက်ပြီး သူ့အာရုံကို AI စကားပြောစက်ထံ လှည့်လိုက်သည်။ စကားပြောစက်တွင် လူလုပ်မှတ်ဉာဏ်တုပရိုဂရမ်ပါပြီး အသုံးပြုသူနှင့် အပြန်အလှန်ဆက်သွယ်နိုင်လေသည်။ ထို့ပြင် AIက အသုံးပြုသူထံမှ သင်ယူပြီး   á€Ąá€žá€Żá€śá€¸á€•ဟုသူနသငအ် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပုံများကို ထိန်းညှိနိုင်လေသည်။


"ဟယ်လို ဟယ်လို...ငါက ​'ဖရဲသီး​လေး'ပါ..."

AIစကားပြောစက်က နှုတ်ဆက်လိုက်သည်။ ယင်းက ကျန်းယင်သူ့ကို ဖွင့်ဖွင့်လိုက်ခြင်းပင် သူ့ကိုယ်သူ နှုတ်ဆက်လိုက်သည်။


"ကလေးဆန်လိုက်တာ..."

ကျန်းယင်က တီးတိုးရေရွတ်လိုက်သည်။ သူက AIစကားပြောစက်ကို တစ်ချက်ကြည့်လိုက်သော်လည်း မတုံ့ပြန်လိုက်ပေ။


"ငါအကြိုက်ဆုံး ဝါသနာကတော့ သီချင်းဆိုရတာပါ..."

AIစကားပြောစက်လေးက လက်မ​လျှော့ဘဲ မရပ်မနားဆက်ပြောနေသည်။


"မင်းရဲ့အကြိုက်ဆုံးဝါသနာကရော ဘာပါလဲ..."


"ငါ့ဝါသနာကလား..."


ယခင်​က ကျန်းယင်က စိတ်မဝင်​စားဘူးဆို​သော်ငြား ယခုမူ နည်းနည်းဆိုမှ နည်းနည်း​​လေး နည်းနည်း​လေးသာ စပ်စုချင်လာခဲ့သည်။


"အဲ့ဒါက အရမ်းစိတ်လန်းဆန်းစေတာ...မင်းနားလည်မှာ မဟုတ်ပါဘူး..."


ကျန်းယင်က သရုပ်ဆောင်မကောင်းသည့် သရုပ်ဆောင်တစ်ယောက်ဆိုသော်ငြား သူ့စရိုက်က အလိုက်သင့်နေတတ်ကာ ဖြစ်လာသည့်အတိုင်း အလိုက်အထိုက်နေတတ်ပြီး စိတ်ပူပန်မှုလည်း များစွာမရှိချေ။  သူဝါသနာပါသည်ကလည်း အနည်းငယ်သာရှိပြီး ရှားပါးလေသည်။ ငြင်းခုံပြီး ပေါက်တတ်ကရမျိုးပြောခြင်းမျိုးအပြင် နာမည်ကျော်ကြားပြီး လူကြိုက်များသည့် ဆယ်လီများ၏အတင်းအဖျင်းများကို နားထောင်ရခြင်းကို အလွန်အကြိုက်တွေ့လေသည်။


ထို့ပြင် သူက အခြားသာမာန်ကာလျှံကာမျှ အတင်းပြောပြီး မေ့သွားတတ်သည့် သူမျိုးမဟုတ်ဘဲ ဒရာမာတစ်ကားကို ကြည့်နေရသကဲ့သို့ ကောလာဟလများကို နားထောင်ကာ အနုပညာလောကအတွင်းရှိ အရသာရှိသော အတင်းအဖျင်းတိုင်းကို လေးလေးနက်နက်နှင့် ဂရုတစ်စိုက် စုဆောင်းခြင်းဖြစ်သည်။


ဘယ်တိုက်ရိုက်ဖျော်ဖြေပွဲတွင် ဘယ်နာမည်ကျော်ကတော့ ကီးချော်ပြီး သီချင်းဆိုခဲ့တယ်...ဘယ်သရုပ်ဆောင်ကတော့ သူ့ပရိသတ်နဲ့သူ ပြန်ပြီးရန်ဖြစ်ခဲ့တယ်...အစရှိသော သေးသေးမွှားမွှား  အတင်းအဖျင်းတစ်ခုစီတိုင်းကို ကျန်းယင်က ဖြစ်ပွားခဲ့သော ကာယကံရှင်များထက်ပင် မှတ်မိနေတတ်သည်။


သူ့လပ်တော့ပ်လေးကမူ အတင်းအဖျင်းများဖြင့် ပြည့်နှက်နေ၏။ 


သရုပ်ဆောင်ရသည်ကို ပိုနှစ်သက်လား အခြားနာမည်ကျော်များ၏အတင်းအဖျင်းများ စုဆောင်းရခြင်းကို ပိုနှစ်သက်လားဟူ၍ တိုင်းဆကြည့်လိုက်ပါက အနောက်ကတစ်ခုကို ပိုနှစ်သက်သည်ကို ကျန်းယင် ဝန်ခံရပေမည်။


ကျန်းယင် သူ့ကွန်ပြူတာလေးကို ဖွင့်လိုက်သည်။ 'ချီကျူး'ဟုအမည်ပေးထားသော folder လေးကို ကလစ်နှစ်လိုက်ပြီး သူ့desktopပေါ်မှ ဗွီဒီယိုတစ်ပုဒ်ကို ထိုfolder ထဲသို့ ထည့်သွင်းလိုက်လေသည်။


ယင်းfolder က ချီကျူးနှင့်ပတ်သက်သည့် အတင်းအဖျင်းကောလာဟလများစွာဖြင့် ပြည့်နှက်နေလေသည်။ ယင်းထဲတွင် ချီကျူးပွဲဦးထွက်ပြီးမကြာမီ သူ့ပရိသတ်များကို အခြားသူ၏ပရိသတ်ဟု အထင်မှားခဲ့မိခြင်းမျိုးကဲ့သို့သော သေးသေးဖွဲဖွဲ မတော်တဆများအပြင် ရိုက်ကွင်းရှိအခြားသူများကို ဒေါသပေါက်ကွဲထွက်ခြင်းကဲ့သို့သော ကြီးမားသည့် အတင်းအဖျင်းများလည်း ပါဝင်နေသည်။ 


ကျန်းယင်က ချီကျူးနှင့်ပတ်သက်သည့် အကြောင်းအရာတိုင်းကို စုစည်းထားပြီး ထိုfolder ထဲတွင် အကုန်သိမ်းထားခဲ့သည်။


"ချီကျူးရဲ့အတင်းအဖျင်းတွေက သူ့ထက်ပိုပြီး ချစ်စရာကောင်းတယ်..."

ကျန်းယင် တီးတိုးငြီးတွားလိုက်၏။


"လူကိုယ်တိုင်ကြီးကတော့ မကောင်းဘူး..."


ကျန်းယင်၏နောက်ဘက်ရှိ AI စကားပြောစက်လေးက  သူပြောလိုက်သည့် လူနာမည်ကို အာရုံစူးစိုက်လိုက်သည်။ ထို့နောက် အလိုအလျောက် ရှာဖွေလိုက်ပြီး တင်ပြလာလေသည်။


/"ချီကျူး...ရေပန်းစားနေတဲ့ သရုပ်ဆောင်တစ်ယောက်...နာမည်ကြီး ဒါရိုက်တာချီအန်းရဲ့ သားဟု ကောလာဟလများရှိ...သူ့အလုပ်တွေကတော့..."/


"​ဖရဲသီး​လေး ပါးစပ်ပိတ်..."

ကျန်းယင်က စကားပြောစက်လေး၏အသံကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် အလိုအ​​လျောက် လှည့်ကြည့်လိုက်သည်။


"ချီကျူးက လိင်စိတ်ကင်းမဲ့နေတဲ့ ​အေးစက်စက်​ရေခဲမင်းသားတစ်​ယောက် ဖြစ်နေရုံပါ​နော်..."


/"ကောင်းပါပြီ...မက်ဆေ့ကို လက်ခံရရှိပါတယ်...ဒီထည့်သွင်းချက်ကို အပ်ဒိတ်လုပ်လိုက်ပါပြီ...ချီကျူးက လိင်စိတ်ကင်းမဲ့​နေတဲ့ ​​အေးစက်စက် ရေခဲမင်းသားတစ်​ယောက် ဖြစ်​နေရုံပါ​နော်..."/


'​ဖရဲသီး​လေး'က ကျောင်းသားကောင်းလေးတစ်ယောက်ကဲ့သို့ ပြောလိုက်သည်။


/"မှန်ကန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နောက်တစ်ကြိမ်ကျ တင်ပြပါ့မယ်..."/


ကျန်းယင်က ကြက်ဖကြီး လည်လိမ်​နေသကဲ့သို့ ​ဘေးသို့ လှည့်လိုက်သည်။


"ကောင်းပြီ...ဘာဖြစ်ဖြစ် မင်းဘာမင်းပဲ အဆင်ပြေသလို လုပ်တော့..."


ကျန်းယင်က ယင်းကကိစ္စမရှိဟု တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူက ချီကျူး၏နာမည်ကို အိမ်တွင် မကြာခဏထုတ်ပြောတတ်ခြင်းမျိုး မရှိချေ။



😍😍😍