Ch 1
Viewers 4

🥰Chapter 1

 á€„ဍတိုအမသဏ သင်္ဘောကြီး​တွေရှိနေတယ်




ဖေဖော်ဝါရီနှောင်းပိုင်းတွင် ခေါင်းစီးတစ်ခုက Weibo တွင်စတင်ပြီး ရေပန်းစားလာခဲ့သည်။


#အငြင်းပွားဖွယ်ရာ လူပြောများနေသည့် သရုပ်ဆောင်စာရင်း#


[အငြင်းပွားစရာလား...သရုပ်ဆောင်လား...ကျန်းယင်ပဲနေမှာ...သူ့သရုပ်ဆောင်ပုံက တကယ်ချီးလိုပဲ...သူ့စရိုက်ကလည်း အမှိုက်ဆန်တယ်...သူက အဆင်းပဲရှိပြီး အချင်းမရှိတဲ့ အိုင်​ဒေါတစ်​ယောက်ပဲ...]


[ငါလည်း ကျန်းယင်လို့ မဲပေးတယ်...သူ လူတွေကို ဝေဖန်ဖို့ အဲ့အရံအ​​ကောင့်တွေ သုံးကတည်းက သူနဲ့ပတ်သတ်ပြီး အကောင်းပြောစရာကို ငါ့မှာမရှိဘူး....ပြီးတော့ သူ့ပရိသတ်တွေအကုန်လုံးကလည်း ဒေါသကြီးသေး...သူတို့က တစ်နေ့လုံး ယဲ့ရှောင်းဟန်အကြောင်း အတင်းတွေပြောပြီး တစ်နေကုန်အချိန်ဖြုန်းနေကြတာ...]


[ထွီ...သူ့ပရိသတ်တွေက တကယ်ရက်စက်ယုတ်မာတာ...သူတို့ကိုယ်သူတို့ ဘယ်လိုခေါ်ကြတာပါလိမ့်...အရိပ်များဆိုလား...]


[??? ဝှက်သယ်ဖက် နင့်ခေါင်းက တစ်ခုခုမှားနေတာလား...နင်တို့ ငါတို့ရဲ့ကျန်းယင်ကောကောကို ဒီကိစ္စထဲ ဆွဲမသွင်းလို့မရဘူးလား...အဲ့​လောက်အား​နေရင် ဘာလို့ လှည့်ပတ်ပြေးပြီး ကိုယ့်အလုပ်ကိုယ် အချိန်ပိုမဆင်းနေလိုက်တာလဲ...]


[ကြည့်ဦး...အခုပဲ သူ့ပရိသတ်တွေက ဒီရောက်နေပြီ...]


[ငါလည်း တစ်စုံတစ်ယောက်ကို မဲပေးချင်ပါတယ်...ချီကျူးလေ..သူလည်း ကျန်းယင်လို အငြင်းပွားစရာကောင်းတာပဲလေ...]


[ဒါပေမယ့်...ဒါပေမယ့် ချီကျူးရဲ့သရုပ်ဆောင်ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး ဘာမှမကောင်းပြောစရာ မရှိဘူးလေ...သူ့စရိုက်လေးကပဲ နည်းနည်းအေးစက်နေတာပဲ ရှိတာပါ...ကောလာဟလတွေကတော့ သူက ရိုက်ကွင်းကလူတွေနဲ့ဆိုရင်တောင် မထုံတက်သေးနေပြီးတော့ သရုပ်​ဆောင်အသစ်လေးကိုတောင် ငိုအောင်လုပ်ခဲ့တယ်တဲ့...ဒါက သူ့စရိုက်က သိပ်မကောင်းဘူးလို့ ဆိုလိုတာပဲ မဟုတ်ဘူးလား...လူတွေအများကြီးက ဒီကောလာဟလတွေကို စုံစမ်းနေကြတာ...]


[ချီကျူးမှာ တခြားကောလာဟလတွေလည်း အများကြီးရှိတယ်...]


[ကြောက်စရာကြီး...သူ့အကြောင်းဆက်မပြောဘဲ နေရအောင်...ကွန်းမန့်တွေကို ထိန်းချုပ်တဲ့ သူ့ရဲ့စွမ်းရည်ကလည်း အရမ်းသန်မာတာတဲ့နော်...]


[ဖာ့ခ်...အခုမန့်နေတဲ့သူတွေထဲက တယောက်က သူ့နာမည်ကို ပြောင်းပြီး ထွက်ပြေးသွားပြီ...ဘာတွေ အဲ့လောက်ကြောက်နေတာလဲ ဟမ့်...]


[ညီအမတို့...ငါ့မှာ နည်းနည်းအန္တရာယ်များတဲ့ အကြံတစ်ခုရှိတယ်...ဒီနှစ်ယောက်သာ ဒရာမာတစ်ခုထဲ အတူတူရိုက်ရမယ်ဆိုရင် ဘာတွေဖြစ်ကုန်ကြမယ်လို့ နင်တို့ထင်လဲ...]


[အိုး...သေချာပေါက် ရန်ဖြစ်ကြမှာပဲ ဟုတ်တယ်မလား...လက်ဖဝါးချင်း ပွတ်သပ်နေသည့်.jpg]


"ဒီနေ့​ခေတ် အင်တာနက်သုံးနေတဲ့သူတွေအကုန်လုံးက အရမ်းနုံအရိုးစင်းကြတာပဲ..."


အနည်းငယ်ခမ်းနားသည့် ညစာစားပွဲကို ရောက်နေသည့် ကျန်းယင်က Weiboကို ပွတ်ကြည့်ကာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ 


"ပထမဆုံးပြောရရင် ချီကျူးနဲ့ကျွန်​တော် ဒရာမာတစ်ခုထဲမှာ အတူတူသရုပ်ဆောင်ရမယ့် ကိစ္စမျိုးက လုံးဝမဖြစ်နိုင်ဘူး..."


"ဘာလို့လဲ..."


ကျန်းယင်၏လက်ထောက် ချန်ရှုက မေးလိုက်သည်။


"သူက ရေပန်းစားနေတဲ့သရုပ်ဆောင်လေ ပြီးတော့ မင်းက...အနည်းဆုံးတော့ အင်တာနက်ဆယ်လီတစ်ယောက်ပါ...မှန်ကန်တဲ့ အခွင့်အရေးကောင်းသာ ရောက်လာရင် မင်းလည်း နာမည်ကျော်သွားတာမျိုး မဖြစ်နိုင်ဘူးလား..."


"ကျွန်​တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မကောင်းဘူး...ကျွန်​တော်တို့က တစ်ယောက်ကို တစ်ယောက် တွေ့ချိန်တိုင်း ရန်ဖြစ်နေကြတာ...အဲ့ဒါကို အနုပညာလောကထဲက လူတိုင်းသိတယ်..."


ကျန်းယင်က ခေါင်းခါလိုက်သည်။ 


"ဒရာမာကောင်းတစ်ကားထွက်ချင်တဲ့ ဘယ်ဒါရိုက်တာကမှ ကျွန်​တော်တို့နှစ်ယောက်အတူတူအလုပ်လုပ်ကြမှာကို မြင်ချင်ကြမှာ မဟုတ်ဘူး..."


ညစာစားပွဲရှိ ဧည့်သည်များကို မိတ်ဆက်စကားများ ပြောကြားနေသည့်လူက ထိပ်တန်းအရည်​အ​သွေးရှိပြီး သင့်​လျော်သည့် suit ကို ဝတ်ဆင်ထားလေသည်။ ထိုသူက ဆံပင်များကို သေသပ်စွာ ဖြီးသင်ထားပြီး တစ်စုံတစ်ရာကို ကြားသွားသည့်အလား သူ့အကြည့်များက ကျန်းယင်၏စားပွဲဝိုင်းပေါ် ဝေ့ဝိုက်သွားခဲ့သည်။


ပြောကြားနေသည့် အကြောင်းအရာကို အခမ်းအနားစီစဉ်သူများက စီစဉ်ထားခြင်းဖြစ်ကာ အကြောင်းအရာက အနည်းငယ် ပျင်းစရာ​ကောင်း​လေသည်။


ထို့နောက်တွင် ကျန်းယင်က မိန့်ခွန်းခြွေနေသည့် ချီကျူးထံ အလင်းလို လျင်မြန်သည့်နှုန်းဖြင့် လက်ခလယ်ထောင်ပြလိုက်သည်ကို လက်ထောက်ချန်မြင်လိုက်ရ၏။


လက်ထောက်ချန်ခမျာ ငြိမ်သက်သွားရသည်။


ငြင်းစရာအကြောင်းမရှိချေ။ သူတို့၏ဆက်ဆံရေးက သေချာပေါက် မကောင်းမွန်သည်မှာ ကျန်းယင်က သူတို့၏သဘောထားကွဲလွဲမှုများကို သွေးထိုးလှုံ့ဆော်နေသည့်သူတစ်ယောက် ဖြစ်သည်ဟု ထင်ရပေသည်။


"အငြင်းပွားစရာကောင်းတယ်ဆိုတဲ့ စကားအဓိပ္ပာယ်က မင်းမှာ ဖန်ရော anti-fanတွေရော အများကြီးရှိတယ်လို့ဆိုလိုတာပဲကွ..."


ကျန်းယင်က ပြောလျက်ပင် သူနှင့်အမြဲလိုလို ကိုယ်နှင့်မကွာ သယ်သွားတတ်သည့် လပ်တော့ပ်ကို ထုတ်လိုက်သည်။


"ဒါပေမဲ့ ကျွန်​တော့်ကိုပဲ ဥပမာအနေနဲ့ကြည့်လေ...ဘယ်လောက်ပဲ ကောလာဟလတွေ ထွက်နေပါစေ အေးဆေးကိုင်တွယ်နိုင်တယ်...အနှေးနဲ့အမြန်ဆိုသလို ဒီတက်သစ်စသရုပ်ဆောင်ကြယ်ပွင့်လေး ကျန်းယင်က နာမည်ကျော်ရေပန်းစားလာလိမ့်မယ်..."


သူက သူ့လက်ထောက်ကို မော့ကြည့်လိုက်ပြီး သူ့ကိုယ်ပိုင်မိန့်ခွန်းစကားပြောကြားနေသည့် ကိုယ်ဟန်အနေအထားဖြင့် ဝိုင်ခွက်ကို ဝှေ့ယမ်းလိုက်သည်။

"နားလည်ပြီလား..."


"မ...လည်ဘူး..."


ကျန်းယင်၏လက်ထောက်ဖြစ်သူ ချန်ရှုက စိတ်အားထက်သန်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ 


လူများပါးစပ်ဖျားတွင် သို့လောသို့လောဖြင့် လူပြောများနေရသည်ကို ဂုဏ်ယူနေသည့် လူမျိုးစားထဲတွင် ကျန်းယင်က သေချာပေါက် ထိပ်ဆုံးထဲကပင်။


ကျန်းယင်က လူပြောများသည့် အငြင်းပွားဖွယ်ရာ အင်တာနက်ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး သူ့မိခင် စုန့်ကျင်းရှီက နာမည်ကြီး ဇာတ်ညွှန်းရေးဆရာဖြစ်သည်။ သူ့အဖေက ဒဏ္ဍာရီလာဆန်သည့် အ​ကျော်​ဇေယျ ရုပ်ရှင်ကြယ်ပွင့်ဖြစ်သူ ကျန်းကျန့်ပင်။ သူ့အစ်ကိုကြီးမူ မကြာသေးမီကမှ အနားယူသွားခဲ့သည့် ကမ္ဘာ့ချန်ပီယံအဆင့် esports ကစားသမား ကျန်းရွှင်ဖြစ်၏။ ထို့ပြင် သူ့အစ်ကိုကြီး၏လက်တွဲဖော်က ထိပ်တန်းနာမည်ကျော် ယောက်ျားလေးအဖွဲ့ဖြစ်သည့် T.ATW၏အကခေါင်းဆောင် ကုဝေ့ပင်။


သူ့မိသားစုတစ်ခုလုံးတွင် အောင်မြင်ချင်သည့် ရည်မှန်းချက်ပန်းတိုင်နှင့် အိပ်မက်ကိုယ်စီရှိကြပြီး အလွန်လည်း ကြိုးစားကြလေသည်။ ကျန်းယင်တစ်ဦးတည်းကသာ တိုးတက်ချင်စိတ်မရှိဘဲ ယခုကဲ့သို့ ငါးဆားနူအဖြစ်နေရသည်ကို ပျော်ရွှင်နေပုံပင်။


သူက စံနှုန်းမြင့်မြင့်မားမားမရှိဘဲ အလွန်စိတ်ကျေနပ်နေပေသည်။ ထိုသို့နေရသည်ကိုလည်း သူက ရှက်ရွံ့နေခြင်းမျိုး၊ အပြစ်ရှိသလိုမျိုး ခံစားမနေရ​ချေ။


ကျန်းယင် အင်တာနက်ပေါ်တွင် trend ဖြစ်ပြီး နာမည်ကြီးချိန်တိုင်းတွင် ချန်ရှုက အင်တာနက်ပေါ်ရှိ ကွန်းမန့်များကို ထိန်းချုပ်ရန် အေဂျင်စီကို ဆက်သွယ်ရလေသည်။ သူက မီဒီယာရှေ့ မကြာခဏဆိုသလို ပေါ်ပေါ်လာပြီး ဘယ်နှစ်ကြိမ်ပဲပေါ်လာပါစေ "No comment" ဟုတစ်ခွန်းတည်းသာ ပြောလေ့ရှိလေသည်။ သို့သော် ယင်းအခြေအနေမှလွဲ၍ ကျန်းယင်၏လက်ထောက်ဖြစ်ရခြင်းက အလွန်ပင် လွယ်ကူလှသည်ဟု ချန်ရှုက ခံစားရ၏။


"ရှင်းရှင်းလင်းလင်းပြောရရင် ကျွန်​တော်ခုတလော ဘယ်အတင်းအဖျင်းထဲမှ မပါခဲ့ဘူးလေ..."


ကျန်းယင်က ဖုန်းကို ထုတ်ပြီး Weibo ကိုဖွင့်လိုက်သည်။


"ပြီးတော့ ဒီနေ့ ပရိသတ်အသစ်တွေ ကျွန်​တော့်ကို ကျိန်ဆဲလောက်တဲ့ အရာတစ်ခုခုကို ကျွန်​တော်လုပ်မိခဲ့တဲ့ပုံပဲ..."


ထိုနေ့ညနေ လေဆိပ်တွင် သူက ပရောဖက်ရှင်နယ်သတင်းထောက်တစ်ယောက်ကို ဆွံ့အသွားစေသည်အထိ ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခဲ့သည်။ သူ့စကားလုံးများက ပြင်းထန်ရက်စက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြောခဲ့လေရာ ဖြတ်သွားဖြတ်လာအန်တီကြီးများကပင် သူ့အား လက်မထောင်ပြသွားခဲ့ကြသည်။


လက်ထောက်ချန်ကလည်း Weibo ကိုဖွင့်လိုက်သည်။ မြင်လိုက်ရသည်က သူ့အားဆွံ့အသွားစေခဲ့သည်။


ကျန်းယင် ပရိသတ်အသစ်များ ရ၊မရ မသိသော်ငြား သူ(ချန်ရှု)မသိသော်ငြား ကျန်းယင်၏နာမည်က အင်တာနက်ပေါ်တွင် နာမည်ကြီးနေပြန်သည်ကို လက်ထောက်ချန် မြင်လိုက်ရလေသည်။


#ကျန်းယင်လေဆိပ်ဒေါသ#


လက်ထောက်ချန်က ကျန်းယင်ကို ခိုးကြောင်ခိုးဝှက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ 


ဒါလား ကျန်းယင်ပြောတဲ့ သူ့ကောလာဟလတွေကို ​​အေး​​ဆေးကိုင်တွယ်နိုင်တယ်ဆိုတာ...


သတင်းက ခေါင်းကြီးပိုင်းတွင် ရေပန်းစားနေပြီး သတင်းများက ဖျော်ဖြေရေးနယ်ပယ်ထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ညစာစားပွဲတွင်ရှိနေသည့် လူအများအပြားက သူတို့စားပွဲဝိုင်းကို စပ်စုစွာဖြင့် လှမ်းကြည့်လာခဲ့သည်။


နံဘေးရှိ ခုံနေရာလွတ်သွားသည်နှင့် ကျန်းယင်က အေးအေးဆေးဆေးပင် ဖုန်းကိုင်လိုက်သည်။


"ကောလား...ကျွန်တော် အစ်ကို့အတွက် ညစာစားပွဲတက်ပေးနေတာလေ...ဘာဖြစ်လို့လဲ..."

ကျန်းယင်က နှုတ်ဆက်စကားဆိုလိုက်သည်။


"မင်းမေးဖို့ တကယ်လိုသေးလို့လား...ငါအေဂျင်စီကို လက်လွှဲယူပြီးတာဖြင့် ဘယ်လောက်မှတောင် မကြာသေးဘူး...မင်းက ငါ့ကိုနေ့တိုင်း ပြဿနာရှာပေးနေတာလေ..."


ကျန်းယင်၏အစ်ကို ကျန်းရွှင်က ဖုန်းတစ်ဖက်မှနေ ပြောလိုက်ပြီး သူ့လေသံထဲတွင် စိတ်ရှည်မှုတစ်စွန်းတစ်စလေးပင် ရှိမနေချေ။


"မင်းမန်နေဂျာက ဘာလို့ မင်းအကြောင်းအမြဲ မကျေမနပ်တိုင်တောနေတာလဲဆိုတာ ငါအခုစပြီးသဘောပေါက်လာပြီ..."


"ဒီလူတွေက ဘာမှမဟုတ်တာလေးကို ပုံကြီးချဲ့နေကြတာပါ..."


ကျန်းယင်က ပြောလိုက်သည်။ 


"ကျွန်တော်လုပ်ခဲ့တာဆိုလို့ နောက်ကနေ တစ်ကောက်ကောက်လိုက်နေတဲ့ သတင်းထောက်ကို ဆူလွှတ်လိုက်တာလေးပဲ ရှိတာကို...အဲ့ကြောင့်ပဲ ကျွန်တော် ပရိသတ်အသစ်တွေ ရလာတာပဲ မဟုတ်ဘူးလား..."


"ပရိသတ်တွေဟုတ်လား...အေး မင်းက မင်းကို မုန်းတဲ့ပရိသတ်တွေကို ဆွဲဆောင်တဲ့နေရာမှာ အရမ်းတော်တာလေ..."


ကျန်းရွှင် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်ရန် အချိန်တစ်စက္ကန့်ယူလိုက်ရသည်။ 


"သတင်းထောက်ကို ဆူတာက သပ်သပ်တစ်ကိစ္စပဲ...ဒါပေမဲ့ မင်းဘာပြောခဲ့လဲဆိုတာကိုတောင် သိရဲ့လားကွ...အဲ့လောက် ကင်မရာတွေအများကြီးရှေ့မှာ မင်းက လူတစ်ယောက်ကို ကြိမ်းမောင်းပြီး သူ့အမေသေဖို့တောင် ကျိန်ဆဲခဲ့တာလေ..."


"အဲ့လူက ကျွန်တော့်ကို လိုင်းပေါ်မှာ စောင်းမြောင်းပြောထားတာကို...ပြီးတော့ သူက သူ့ကင်မရာကြီးကို ကျွန်တော့်မျက်နှာ အနားရောက်အောင်လို့ အတင်းတိုးကပ်ဖို့ ကြိုးစားပြီး ကျွန်တော့်ပရိသတ်တွေထဲက တစ်ယောက်ကိုတောင် တွန်းချပစ်ခဲ့သေးတယ်...သနားစရာကောင်မလေးခမျာ မြေပေါ်လဲကျပြီး ဒူးခေါင်းတွေ စုတ်ပြဲသွားတာများ သွေးတောင်ထွက်သွားသေးတာ...အဲ့လူက ကျွန်တော့်ကို အပြင်မှာတွေ့ပြီး လာကျိန်ဆဲချင်တယ်ဆိုရင်လည်း သူ့အမေကို ကောင်းကောင်းမွန်မွန် လုံလုံခြုံခြုံဖြစ်တာ သေချာအောင် လုပ်သင့်တယ် မဟုတ်ဘူးလား..."


ကျန်းယင်က သူ့လုပ်ရပ်နှင့်စကားများက မှန်ကန်ပါကြောင်း ခပ်တည်တည်ဖြင့်ပင် အပြည့်အဝ ချေပသွားခဲ့သည်။ 


"ကျွန်တော့်မှာ ပရိသတ်အစစ်ဆိုလို့ နည်းနည်းပဲရှိတာကို...သူတို့ကိုကာကွယ်ဖို့က ကျွန်တော့်အလုပ်မဟုတ်ဘူးလား..."


ကျန်းရွှင်မှာ အချိန်အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။


"ကောင်းပြီ ငါသိပြီ..."

သူက အဆုံးတွင် ပြောလိုက်သည်။


"ကောက မင်းကိုစိုးရိမ်လို့ပါ...ညစာစားပွဲမှာ ဘာပြဿနာမှ မဖြစ်စေနဲ့နော်..."


ကျန်းယင်က မယုတ်မလွန် အင်းခနဲတစ်ချက်တုံ့ပြန်လိုက်ပြီး ဖုန်းချကာ သက်ပြင်းချလိုက်သည်။


"လူတွေက လပ်ထပ်ပြီးရင် တကယ်ပြောင်းလဲသွားကြတာပဲ...သူတို့က ပိုပြီးစကားများလာကြတယ်..."


လက်ထောက်ချန်ကမူ သူဌေးကြီးနှင့်ပတ်သက်၍ မည်သည်မှ မပြောရဲသောကြောင့် ကျန်းယင်၏မှတ်ချက်ကို မကြားယောင်ဆောင်လိုက်လေသည်။


လူ​တွေ၏ပါးစပ်ဖျားတွင် သို့​လောသို့​လောဖြင့် ​ပြောခံရသည့် ကြယ်ပွင့်များက မကြာခဏဆိုသလို အင်တာနက်​ပေါ်တွင် trend  ဖြစ်တတ်သည်ပင်။ ယင်းက ကြယ်ပွင့်တိုင်း ရှောင်လွဲလို့မရသည့် အဖြစ်အပျက်များပင်။ အင်တာနက်အသုံးပြုသူများက ၎င်းအဖြစ်အပျက်များကို ကျင့်သားရနေပြီဖြစ်သောကြောင့် C-list အင်တာနက်ကြယ်ပွင့်ဖြစ်သူ ကျန်းယင်၏ဗွီဒီယိုပျံ့နှံ့လာချိန်တွင် မအံ့ဩကြတော့ချေ။ 


ယင်းဗွီဒီယိုထဲတွင် ကျန်းယင်က လေဆိပ်ရှိ လူအုပ်ကြီးကြားထဲတွင် မတ်တတ်ရပ်နေပြီး သတင်းထောက်တစ်ယောက်ကို ဒေါသတကြီး ဆူပူကြိမ်းမောင်းနေလေသည်။


ဗွီဒီယိုကိုတင်သည့်သူက ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့ပုံပင်။ သူတို့က ပရိသတ်ကောင်မလေး တွန်းထုတ်ခံလိုက်ရသည့်ပုံကို ဖယ်ထုတ်ထားပြီး ကျန်းယင်က ဒေါသတကြီးဖြင့် သတင်းထောက်ကို ဆူပူကြိမ်းမောင်းနေပုံကိုသာ တည်းဖြတ်ထားလေရာ ကျန်းယင်က ကျိုးကြောင်းမညီညွှတ်စွာဖြင့် အပြစ်ကင်းသည့် သတင်းထောက်ကို ရန်လိုနေဟန် ပေါ်သွားခဲ့လေသည်။


ကျန်းယင်၏ပရိသတ်များဖြစ်သည့်'အရိပ်များ'က ယင်းကဲ့သို့ အဖြစ်အပျက်များကို ကျင့်သားရနေပြီပင်။


@အရိပ်လေးက ကောကောကို အမြဲချစ်နေမှာ : #သတင်းထောက်ကို သပိတ်မှောက်ကြဟေ့# ငါတို့ရဲ့ကောကောက သူ့တကယ့်ပင်ကိုအရောင်အသွေးကို တစ်ခါမှ မဖုံးကွယ်ဖူးပါဘူး သူ့ကိုခွင့်လွှတ်ပေးလိုက်ကြပါ...


@ကျန်းယင်ဒီ​နေ့ပို့စ်တင်ပြီလား : နင်တို့မှာ ဒီလိုအ​ခြေအမြစ်မရှိတာ​တွေကို အတင်း​ပြောဖို့ အချိန်ရှိ​နေရင် ဘာလို့ငါတို့ကော​ကောရဲ့ စူပါသတင်းကြီးကို သွားမစစ်ကြည့်ကြတာလဲ...သူ့ရဲ့​​ချောမောလှပတဲ့မျက်နှာ​လေးကို တစ်ချက်လောက်ပဲ သွားကြည့်လိုက် ...တစ်နေကုန် စိတ်ခံစားချက်​ ကောင်းသွားလိမ့်မယ်...


ကျန်းယင်၏anti-fans များကလည်း ဒီသတင်း​ကြောင့် တုန်လှုပ်​ချောက်ချား မသွားခဲ့ကြ​ပေ။


@အသုံးပြုသူ 99236788 : ကျန်းယင်ဂဏန်း​​လေး...နင့်ကိုဓါတ်ပုံရိုက်လိုက်တဲ့သူကို  ​ကျေးဇူးမတင်သင့်ဘူးလား...နင်က သူတို့ဓါတ်ပုံရိုက်ဖို့ ထိုက်တန်တယ်လို့ ဆိုလိုတာပဲ​နော်...


@ခြောက်လပန်းပင် ကလေးလေး : လူပြောများတဲ့ကြယ်ပွင့်တွေက တကယ်ကို ဒေါသကြီးကြတာပဲကိုး...


လက်ထောက်ချန်က Weiboကို တခဏမျှ ပွတ်ကြည့်လိုက်ရာ ၎င်ဤဗွီဒီယိုကို မှတ်ချက်ပေးသည့် စိတ်ဝင်စားစရာအကောင်းဆုံးကွန်းမန့်များက ကျန်းယင်ကို မကြောက်သည့် ဖြတ်သွားဖြတ်လာ အင်တာနက်အသုံးပြုသူများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။


ဖြတ်သွားဖြတ်လာ : ကျန်းယင်က ထပ်ပြီး နာမည်ကြီးနေပြန်ပြီလား...ငါကြားတာတော့ သူက ဒဏ္ဍာရီလာရုပ်ရှင်ကြယ်ပွင့် ကျန်းကျန့်ရဲ့သားဆို...ဆိုးဝါးလိုက်တာ...သူသာ သူ့ပါးစပ်လေးကို ပိတ်ထားဖို့ သင်ယူတတ်မယ်ဆိုရင် ခုဆို သူတကယ်နာမည်ကြီး လူကြိုက်များနေလောက်ပြီ...


လက်ထောက်ချန်က ဤဖြတ်သွားဖြတ်လာ၏သ​​​​ဘောထားကို ပြင်းပြင်းထန်ထန်ကို သဘောတူလိုက်သည်။ 


လောလောဆယ်တွင် ကျန်းယင်က အဖြူရောင်ဟူဒီတစ်ထည်ကို ဝတ်ဆင်ထားလေသည်။ ညစာစားပွဲတစ်ခုကို တက်ရောက်နေရသည်ဖြစ်၍ သူက သူ့ဆံပင်ကို ခပ်ဖွာဖွာလူငယ်ဒီဇိုင်းမျိုး သို့မဟုတ် အလွန်ထင်ပေါ်ဝံ့ကြွားနေသည့် ဒီဇိုင်းမျိုး မပြင်ထားချေ။ သူက နေရာတွင်သာ ငြိမ်ငြိမ်လေးထိုင်နေပြီး သူ့သစ်သီးဖျော်ရည်ခွက်တွင်းက ပိုက်တံကို ကိုက်ဝါးနေပြီး သူ့ဖုန်းကို သည်းကြီးမည်းကြီး အာရုံစိုက်ကာ ကြည့်နေလေသည်။ သူက ယဉ်ကျေးပြီး အပြုအမူကောင်းသည့် ကျောင်းသားကောင်းလေးတစ်ယောက်နှင့်ပင် တူလုနီးနီးပင်။


ထိုအခိုက်တွင် ကျန်းယင်က လူအများစံနမူနာယူစရာ အိုင်ဒေါတစ်ယောက်၏ပုံရိပ် အရိပ်အယောင်လေးပင် သူ့ထံ ပေါ်လာခဲ့သည်။


သို့မဟုတ် အနည်းဆုံးတော့ ယင်းက ကျန်းယင် သူ့ဖုန်းနှင့်ဘာလုပ်နေမှန်း မသိခဲ့ပါက ပေါ်လာမည့် လက်ထောက်ချန်၏အတွေးလေးတစ်ခုသာပင်။ 


ကျန်းယင်က သူ့ပင်မအကောင့်ကို သုံးပြီး သူ့ကိုအပုတ်ချစော်ကားရန် တင်ထားသည့် ဗွီဒီယိုကို like ပေးလိုက်သည်။ ထို့နောက် သူ့လပ်တော့ပ်ကို ဆွဲယူကာ သူ့အရံအကောင့် ခုနှစ်ခု၊ ရှစ်ခုကို log in ဝင်ပြီး သူ့ anti-fans များကို ကိုယ်တိုင်ပင် စတင်ကျိန်ဆဲတော့သည်။


"မင်းမပင်ပန်းဘူးလား..."


လက်ထောက်ချန်က ကျန်းယင် ထိုအရံအကောင့်များကို log  in ဝင်နေသည်ကို ကြည့်ပြီး တွန့်ဆုတ်ဆုတ်ဖြင့် မေးလိုက်မိလေသည်။




😍😍😍