အခန်း (၅၀) အရှုံးပေါ်မယ့်အလုပ်မျိုး ကျွန်မ မလုပ်ဘူး
Viewers 6k

"ဘယ်လိုဖြစ်ပြီး ဒုတိယသခင်မလေး ဖြစ်ရမှာလဲ.. ဒုတိယသခင်မလေးက ခရိုင်ဝန်မင်းအိမ်မှာ စာသင်နေတာ မဟုတ်လား.. ကျွန်မတို့က ခရိုင်ဝန်မင်းအိမ်နဲ့ ဘယ်လိုလုပ် အပြိုင်အဆိုင် လုပ်ပါ့မလဲ ပထမသခင်မလေးကသာ အိမ်ပြန်ရောက်တာ မကြာသေးလို့ စာသင်ဖို့ မစီစဉ်ရသေးဘူး ကြားထားတာကြောင့် ဝေကတော် ပြောတဲ့သူက ပထမသခင်မလေးပဲ ဖြစ်ရမယ်လို့ ကျွန်မ ထင်နေတာပါ" 


မစ္စရှဲ့မှ ယွမ်ရှီးမေးလိုက်သည်ကို ပြန်ဖြေလိုက်သည်။


ယွမ်ရှီးသည် ရှဲ့အိမ်တော်သို့ သွားစဉ်အခါက သမီးဟုသာ ပြောခဲ့ပြီး မည်သည့်သမီးဖြစ်ကြောင်း အတိအကျ ပြောခဲ့ခြင်း မရှိပေ။


မစ္စရှဲ့မှလည်း စာသင်ရန် အစီအစဉ် မရှိသေးသော ဝေရော့ဟုသာ တစ်ထစ်ချ တွေးတောကာ သဘောတူခဲ့ခြင်း ဖြစ်သည်။

ယွမ်ရှီးနှင့် ဝေချင်းဝမ်တို့မှာ ထိုစကားကို ကြားလိုက်ရသဖြင့် ဆွံ့အသွားကြသည်။ 


ဝေချင်းဝမ်၏ မျက်နှာမှာ သိသိသာသာ ဖြူလျော့သွားပြီး ဝေရော့အား ရန်ငြိုးကြီးစွာဖြင့် ကြည့်လိုက်သည်။ 


ဝေရော့မှာမူ ဂရုမစိုက်နေခြင်းမရှိကာ သူမ၏ ဖရုံပင်များကိုသာ ဆက်လက် ပြုစုနေလေသည်။ 


မစ္စရှဲ့တို့ မိခင်နှင့်သမီး ပြန်သွားပြီးနောက် ယွမ်ရှီးသည်လည်း စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ အဆောင်သို့ ပြန်သွားလေသည်။


ညစာစားချိန် နီးကပ်လာသောအခါ ဝေရော့သည် နေမကောင်းဖြစ်နေသည်ဟု အကြောင်းပြကာ ထမင်းစားဆောင်သို့ မသွားတော့ပေ။ 


သူမသည် မိသားစုဝင်အားလုံး၏ စိတ်ဓာတ်ကျနေသော မျက်နှာများကို မမြင်ချင်သဖြင့် ရင်ကျူးယွမ်တွင် ရှိနေသော ဝေကျင်းယီထံသို့ သွားရောက်ကာ ညစာ အတူစားရန် ပြင်ဆင်လိုက်သည်။


"စိတ်အခြေအနေ ကောင်းနေပုံပဲနော်" 


ဝေရော့၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးကို မြင်လိုက်ရသဖြင့် ဝေကျင်းယီမှ မေးလိုက်သည်။


"ကောင်းတာပေါ့.. ဒီလို အမှားအယွင်းမျိုး ဖြစ်လာအောင် ကျွန်မ တမင်လုပ်ခဲ့တာ မဟုတ်ပေမဲ့ ရလဒ်ကတော့ မဆိုးဘူးလေ" 


ဝေရော့မှလည်း ပွင့်လင်းစွာဖြင့် ပြောလိုက်သည်။


ဝေကျင်းယီသည်လည်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ 


"မင်းက ကိစ္စတွေကို သေချာ ကိုင်တွယ်နိုင်သားပဲ.. ဒါနဲ့ ဘာလို့ ရှဲ့မိသားစုကို ရွေးခဲ့တာလဲ" 


ဝေရော့သည် သူစဉ်းစားထားသော အကြောင်းအရာများကို အချက်နှစ်ချက်ဖြင့် ရှင်းပြသည်။


"ပထမအချက်က ရှဲ့မိသားစုက ဝေမိသားစုရဲ့ မျက်နှာကို ငဲ့နေစရာမလိုလောက်အောင် ဂုဏ်ရှိတဲ့ မိသားစုဖြစ်လို့ပါ ဒုတိယအချက်က ရှဲ့ရင်းရဲ့ စရိုက်ကို ကျွန်မ သဘောကျတယ်.. သူက ကျွန်မကို နှောင့်ယှက်မှာ မဟုတ်ဘူးလေ"



"အကယ်၍ မင်းရဲ့အမေက ဝေချင်းဝမ်ကိုပါ ရှဲ့အိမ်တော်မှာ အတူတက်ဖို့ တောင်းဆိုလာရင် မင်း သဘောတူမှာလား" 


ဝေကျင်းယီမှ မေးလိုက်သည်။


"လုံးဝ သဘောမတူနိုင်ဘူး.. သူ့ကို ရှောင်ချင်လို့ ဒီလောက် ကြိုးစားထားရတာလေ ပြီးတော့ ရှင် ကူညီပေးထားတဲ့ ဒီအခွင့်အရေးကို သူများ အလကား လာယူသွားတာမျိုး ကျွန်မ အဖြစ်မခံနိုင်ဘူး အထူးသဖြင့် ကျွန်မအပေါ် ရန်ငြိုးထားတဲ့သူကို အကျိုးအမြတ် ပေးလိုက်ဖို့ဆိုတာ ကျွန်မအတွက်တော့ အရှုံးပေါ်မယ့် အလုပ်မျိုးပဲ.. အရှုံးခံရမယ့် စီးပွားရေးမျိုး ကျွန်မ မလုပ်ချင်ဘူး"


ဝေကျင်းယီမှ အသာအယာ ပြုံးလိုက်ပြီး ပြောလေသည်။


"ဒါဆို ငါနဲ့ကျတော့ရော.. ငါ့အတွက်ဆိုရင် မင်း အရှုံးခံမှာလား"


ဝေရော့သည်လည်း ရုတ်တရက် ရယ်မောကာဖြင့် ပြောလိုက်သည်။


"ရှင်နဲ့ကတော့ တွက်ကြည့်ရင် မရှုံးပါဘူး ရှင့်ကို ကူညီခဲ့လို့ ကျွန်မ ဒုက္ခရောက်ခဲ့ဖူးပေမဲ့ ရှင်ကလည်း တောတောင်စိမ်းတွေ ပေးတယ်၊ ဆရာမ ရှာပေးတယ်ဆိုတော့ ဒီကုန်သွယ်မှုက မျှတပါတယ်"


ဝေကျင်းယီသည် သဘောကျစွာဖြင့် ပြုံးနေစဉ် ဝေရော့မှ ရုတ်တရက် ဝင်လာသော သံသယတစ်ခုကို မေးလိုက်သည်။


"ဒါနဲ့ ရှင်က အမြဲတမ်း အားနည်းပြီး စာပဲ ဖတ်နေတာ မဟုတ်လား.. ဒါပေမဲ့ အဲဒီနေ့က ရှင် ဒဏ်ရာရလို့ အင်္ကျီချွတ်ပေးတုန်းက မြင်လိုက်ရတဲ့ ရှင့်ရဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက တော်တော်လေး ကြံ့ခိုင်နေသလိုပဲနော်..."


ဝေရော့၏ တည့်တိုးမေးလိုက်သောမေးခွန်းကြောင့် ဝေကျင်းယီမှာ စကားပြန်ပြောနိုင်ခြင်

းမရှိကာ ချက်ချင်းပင် မျက်နှာလေး နီမြန်းသွားလေတော့သည်။