ထိုညတွင် လူများကို စာဖတ်ရန် သင်ပေးပြီးနောက် ယန်ကျင်းဇီသည် သူ ချန်ထားသော ငါးသလဲထိုး ပန်းကန်လုံးနှင့် ထမင်းဖြူတစ်ပန်းကန်ကို ယူကာ ကုမင်ရှိူ့၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။
သူ့ခုတင်ကို ရွှေ့လာခဲ့သော်ငြား သူသည် ၎င်းပေါ်တွင် လုံးဝမအိပ်ဘဲ ကုမင်ရှိူ့နှင့်သာ အိပ်သည်။
ဆီမီးအိမ်ငယ်တစ်ခုကို ခုတင်အတွင်းရှိ အံဆွဲတစ်ခု၏ အပေါ်တွင် တင်ထားပြီး ခုတင်အတွင်းမှ ကမ္ဘာကြီးကို လင်းထိန်စေခဲ့သည်... ဤဆီမီးအိမ်သည် အလွန်နုနယ်ပြီး ၎င်းသည် ကုမင်ရှိူ့မိခင်၏ ခန်းဝင်ပစ္စည်းလည်း ဖြစ်သည် — ကုမင်ရှိူ့၏ ဖခင်အရင်း၏ အိမ်မှ ယူဆောင်လာခဲ့သည်။
ကုမင်ရှိူ့၏ ဖခင် ကိုယ့်ကိုကိုယ် သတ်သေစဉ်က သိပ်ပြီး မပြင်းထန်ခဲ့ချေ။ လယ်ကွင်းများနှင့် အရာအားလုံးကို ဝေငှပေးခဲ့သော်ငြား သူတို့မိသားစုတွင် ကောင်းမွန်သော ပစ္စည်းများ အများကြီး ရှိနေသေးသည်။ နောက်ပိုင်းတွင် ကုမင်ရှိူ့၏ အမေက နောက်အိမ်ထောင်ပြုခဲ့ပြီး ဆင်းရဲသော လယ်သမား ကုမိသားစုဆီသို့ ပစ္စည်းတချို့ ယူဆောင်လာခဲ့သည်။ ဘယ်သူကမှ သွားရောက်၍ လုယူဖျက်ဆီးခြင်း မလုပ်ခဲ့ကြချေ။
ကံမကောင်းစွာဖြင့် ထိုကဲ့သို့သော အရာဝတ္ထုများမှာ များစွာ မရှိပေ။
ယန်ကျင်းဇီသည် ကုမင်ရှိူ့ကို ညတိုင်း ပုံပြင်များ ပြောပြသည်။ နှစ်လကြာပြီးနောက် သူသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှ မြို့တော်ရှိ အကြောင်းအရာများကို ပြောခဲ့ပြီးဖြစ်သည်။ ယနေ့တွင် သူသည် အနာဂတ်ကို စတင်မျှော်မှန်းကြည့်သည် : “ မင်ရှိူ့၊ ကိုယ်တို့နိုင်ငံဟာ အမြဲတမ်း ဒီလိုဖြစ်နေမှာ မဟုတ်ဘူး။ သူတို့က တိုင်းပြည်ကို ကြီးပွားတိုးတက်စေချင်ရင် ပညာတတ်တွေ လိုအပ်မှာ သေချာတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲက အနှေးနဲ့အမြန် ပြန်စလိမ့်မယ်။ ဒါကြောင့် ကိုယ် မင်းကို စာကျက်ခိုင်းတာ။ “
“ ကောလိပ်ဝင်ခွင့်စာမေးပွဲ? “ ကုမင်ရှိူ့ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်းကို သိပင် မသိပေ။
ယန်ကျင်းဇီက ရယ်မောပြီး သူ့ကို ကောလိပ်ဝင်ခွင့်စာမေးပွဲက ဘာမှန်းနှင့် အနာဂတ်တွင် သူတို့ မြို့ထဲ၌ နေနိုင်မည့်အကြောင်းကိုပါ ပြောပြခဲ့သည်။
ထိုအခါမှသာ ကုမင်ရှိူ့သည် အထက်တန်းကျောင်းပြီးလျှင် ကောလိပ်ရှိသေးကြောင်းနှင့် ထိုကောလိပ်က အလွန်အရေးကြီးမှန်း သိသွားသည်။
ယန်ကျင်းဇီ ပြောသော စကားက သူနှင့် တော်တော်ဝေးသည်။
သူသည် တစ်သက်လုံး မြေစိုက်ပျိုးရကာ ကံဆိုးစွာဖြင့် သူ့အား ဂရုမစိုက်သော မွေးချင်းအငယ်များကို ပြုစုပျိုးထောင်ပြီးနောက် တစ်ယောက်တည်း အချိန်ကုန်ဆုံးသွားရမည်ဟု တွေးခဲ့ဖူးသည်။
ကံပိုကောင်းလျှင် မွေးချင်းအငယ်များ၏ သားသမီးများက အနာဂတ်တွင် သူ့ကို ပံ့ပိုးကူညီရန် ဆန္ဒရှိနိုင်လောက်ပေသည်။
အကောင်းဆုံးရလဒ်မှာ ညီငယ်ညီမငယ်များ ကြီးပြင်းလာသောအခါတွင် သူသည် မုဆိုးမ သို့မဟုတ် တစ်ခုခုကို လက်ထပ်နိုင်ပြီး သူ၏ ကလေးကို မွေးနိုင်ခြင်းဖြစ်သည်။
ယန်ကျင်းဇီနှင့် ယခုဘဝသည် သူ စိတ်ကူးထားသည့် အကောင်းဆုံးဘဝထက် အမှန်တကယ် ပိုကောင်းသည်။ ရလဒ်ကမူ ယန်ကျင်းဇီက သူ့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်ခဲ့သည်။
စာလေ့လာတာ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ၊ ကောလိပ်သွားတက်မှာလား?
ခဏကြာသော် သူ နည်းနည်းလေးပင် ကြောက်သွားသည်။
သူသည် ယန်ကျင်းဇီကို ယုံကြည်ပြီး ယန်ကျင်းဇီက ကောလိပ်ဝင်ခွင့်စာမေးပွဲကို အနာဂတ်တွင် ပြန်စလိမ့်မည်ဟု ပြောရာ ၎င်းက သေချာပေါက် ပြန်စမည်ပင်။
ထိုအချိန်တွင် ယန်ကျင်းဇီက ကောလိပ်တက်ခွင့်ရမည်မှာ သေချာသည်။
ဒါပေမယ့် သူကရော?
ယန်ကျင်းဇီက သူ့ကို ထက်မြက်သည်ဟု အမြဲချီးကျူးသော်ငြား ယန်ကျင်းဇီနှင့် နှိုင်းယှဥ်ကြည့်လျှင် အမှန်တကယ်ပင် သူက ဘာမှမဟုတ်ပေ။ ယန်ကျင်းဇီသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သည့်အရာကိုမဆို ရွတ်ဆိုနိုင်ပြီး သူကမူ ၎င်းကို ရွတ်ဆိုရန် အထပ်ထပ်အခါခါ အလွတ်ကျက်ရလေသည်။
သူသည် မူလတန်းကျောင်းတွင်သာ စာသင်ဖူးပြီး ယန်ကျင်းဇီက သူ့ကို သင်ပေးထားလျှင်တောင်မှ သူက အနာဂတ်တွင် တက္ကသိုလ်သို့ ဝင်ခွင့်မရခြင်း ဖြစ်နိုင်လောက်သည်။ အဲ့လိုဆို သူ ဘာဆက်လုပ်ရမလဲ?
ကုမင်ရှိူ့သည် စကားမပြောဘဲ ခေါင်းငုံ့ကာ ယန်ကျင်းဇီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
ယန်ကျင်းဇီသည် သူ့လက်ကို ချက်ချင်း လှုပ်လိုက်ပြီး ကုမင်ရှိူ့၏ မျက်နှာကို နမ်းလိုက်၏ : “ မင်ရှိူ့၊ နောက်ဆို ကိုယ်တို့ တက္ကသိုလ်တက်ဖို့ ဘေကျင်းကို အတူတူ သွားကြမယ်။ “
“ ငါ တက္ကသိုလ်ဝင်ခွင့်ရနိုင်ပါ့မလား? “ ကုမင်ရှိူ့က မေးသည်။
“ ဒါပေါ့၊ ကိုယ့်မင်ရှိူ့က အရမ်းဉာဏ်ကောင်းတယ်! “ ယန်ကျင်းဇီက ပြောသည်။
“ ငါက ဉာဏ်မကောင်းဘူး… “ ကုမင်ရှိူ့က ပြန်ပြောလေသည်။
“ မင်းက ဘာလို့ ဉာဏ်မကောင်းရမှာလဲ? ဒါနဲ့ မင်းကိုမင်း ကိုယ်နဲ့ မနှိုင်းနဲ့နော်။ ကိုယ့်လိုလူတွေက တစ်သန်းမှာ တစ်ယောက်၊ မဟုတ်ဘူး၊ သန်းပေါင်းများစွာထဲမှာတောင် တစ်ယောက် မရှိလောက်ဘူး။ “ ယန်ကျင်းဇီ ရယ်လိုက်သည်။
ယန်ကျင်းဇီက အထူးယုံကြည်မှုရှိသည်။ ကုမင်ရှိူ့သည် သူ့ကို ကြည့်ရင်း သူ့နှလုံးခုန်သံမှာ ပိုပိုမြန်လာပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ယန်ကျင်းဇီက ဆက်ပြောသည် : “ တကယ်တော့ မင်း စာမေးပွဲကျလည်း ဘာမှမဖြစ်ဘူး။ အဲ့အခါကျရင် ကိုယ် မင်းကို ထောက်ပံ့ပေးမယ်။ “
ကုမင်ရှိူ့သည် ရုတ်တရတ် ဆုံးဖြတ်လိုက်ပြီး တစ်ခုခုပြောရန် ပါးစပ်ဖွင့်ခါနီး ယန်ကျင်းဇီက ဆက်ပြောသည်ကို ကြားလိုက်ရသည် : “ မင်း ဗိုက်ဆာနေပြီလား? စားကြရအောင်။ “
ယန်ကျင်းဇီက ထိုသို့ပြောပြီးနောက် သူသည် အခန်းထဲသို့ သူ ယူလာသော ငါးသလဲထိုးနှင့် ထမင်းဖြူကို ကောက်ယူကာ ကုမင်ရှိူ့နှင့် မျှဝေလိုက်သည်။ တစ်ကိုက်ကိုက်ပြီးနောက် ယန်ကျင်းဇီက သူ့ကို နမ်းသည်။ ကုမင်ရှိူ့သည် သူ့မျက်နှာက စေးကပ်နေသော်လည်း ငြင်းဆန်ရန် ဝန်လေးနေပြီး သူ့မျက်ဝန်းများသည် ယန်ကျင်းဇီကို တည့်တည့်ကြည့်နေသည်။
အစပိုင်း၌ သူသည် ယန်ကျင်းဇီ ပေးသော ပစ္စည်းများကို စားသောက်သောအခါ အမြဲတစေ အဆင်မပြေဖြစ်တတ်သော်ငြား တဖြည်းဖြည်းနှင့် သူ အသားကျလာသည်။
ဘာလို့ဆို ယန်ကျင်းဇီက စကားပြောကောင်းလွန်းတယ်!
“ မင်းက ကိုယ် ကြိုက်တဲ့သူပဲ၊ မင်း စားတာကို မြင်ရရင် ကိုယ်ကိုယ်တိုင် စားရတာထက်တောင် ပိုပျော်သေးတယ်။ “
“ ကိုယ် နေ့တိုင်း ဟင်းချက်နေတာ ဘာအတွက်လဲ? မင်းကို ပိုစားကောင်းစေချင်လို့မဟုတ်ဘူးလား? “
“ မင်းရဲ့ ခန္ဓာကိုယ် ပိုပြည့်လာတာက ကိုယ့်အတွက် အကောင်းဆုံးဆုလာဘ်ပဲ။ “
…
ယန်ကျင်းဇီ ပြောခဲ့သော ထိုစကားများကို ကုမင်ရှိူ့သည် သူ့စိတ်ထဲတွင် ထပ်ခါတလဲလဲ ပြန်သတိရမိမည်ဖြစ်ပြီး ထို့နောက် သူသည် ပြန်သတိရလာလေလေ၊ ပိုပျော်လာလေလေပင်။
ဤအချိန်တွင် ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်ရှိူ့၊ မင်းက တပြိုင်နက်တည်း အလုပ်လည်း လုပ်၊ စာလည်း ကျက်ရတာမို့ များများစားရမယ်။ “ သူက အစားအသောက်ကို ညီတူညီမျှ ခွဲဝေပေးသည်ဟု သူ ပြောထားသော်လည်း သူသည် အကြိမ်တိုင်း ကုမင်ရှိူ့ကို ပိုစားရန် ချော့မြှူတတ်သည်။
“ ကျင်းဇီ၊ ငါ မင်းကို ပြောစရာရှိတယ်။ “ ကုမင်ရှိူ့ ရုတ်တရက် ပြောလိုက်သည်။
“ ဘာလဲ? “ ယန်ကျင်းဇီက ပြုံးပြီး မေးသည်။
“ ငါ့အမေက ရွှေတချို့ ထားခဲ့တယ်။ “ ကုမင်ရှိူ့က ပြောသည်။
ယန်ကျင်းဇီ အံ့အားသင့်သွားသည်။
“ ငါ့အမေ မဆုံးခင်က ငါ့ကို ပြောပြခဲ့တယ်၊ ငါ့အဖေ၊ ငါ့အဖေအရင်းက သူ(မ)အတွက် ရွှေနဲ့ ငွေစက္ကူတချို့ ချန်ထားခဲ့တယ်တဲ့။ “ ကုမင်ရှိူ့က တီးတိုးပြောသည် : “ အဲ့ငွေစက္ကူတွေကို အိမ်ဟောင်းရဲ့ နောက်ဘက်မှာ မြှုပ်နှံထားတယ်။ ငါ သွားမထုတ်နိုင်ဘူးလို့ ငါ ထင်တယ်။ ဒါပေမယ့် ရွှေတွေကိုတော့… အမေက အပြင်က သစ်ပင်အောက်မှာ မြုပ်ထားခဲ့တယ်။ “
သူသည် ယန်ကျင်းဇီကို လေးလေးနက်နက် ကြည့်လိုက်သည် : “ နောင်မှာ မင်း ပြောခဲ့သလို တကယ်ဖြစ်ရင် ရွှေကို ဆက်သုံးလို့ရဦးမလား? ဒါဆို မင်း ငါ့ကို ပြုစုပျိုးထောင်ဖို့ မလိုဘူး၊ ငါ မင်းကို ပြုစုပျိုးထောင်ပေးမယ်။ “
ကုမင်ရှိူ့၏ မျက်လုံးများသည် ဆီမီးအိမ်အောက်တွင် တောက်ပနေပြီး သူ့ကို ကြည့်သောအခါ သူက အလွန်အမင်း အာရုံစူးစိုက်ထားသည်။ ယန်ကျင်းဇီသည် ဆီမီးအိမ်ဘေးတွင် သူ့လက်ထဲမှ ပန်းကန်ကို ထားလိုက်ပြီး ကုမင်ရှိူ့ကို တိုက်ရိုက်တွန်းချလိုက်သည် : “ ဒီလိုဟာမျိုးကို မင်း လူတွေကို ပြောပြလို့မရဘူးဆိုတာ မင်း သိလား? “
“ ငါ့အမေကလည်း ငါ မပြောရဘူးလို့ မှာခဲ့တယ်။ ငါ့ရဲ့ ညီငယ်၊ ညီမလေးတွေလည်း သိလို့မဖြစ်ဘူး။ “ ကုမင်ရှိူ့ ယန်ကျင်းဇီကို ကြည့်လိုက်သည် : “ ဒါပေမယ့် ငါ မင်းကို ပြောပြချင်တယ်။ “
“ ငတုံး “ ယန်ကျင်းဇီ ကုမင်ရှိူ့ကို နမ်းလိုက်သည်။
ကုမင်ရှိူ့က လှည့်စားရန် အရမ်းကောင်းလွန်းပြီး ချော့ရလည်း အရမ်းလွယ်သည်။
ဤခေတ်ကြီးတွင် မင်းလက်ထဲ၌ ရွှေရှိခြင်းဟာ ကောင်းသော အရာ မဟုတ်ချေ။ ဤပစ္စည်းကို ရောင်းရန် နေရာမရှိ။ မင်း ဖွက်ထားလျှင် ဖမ်းဆီးအရေးယူခံရနိုင်သည်။
ငွေစက္ကူများကို ယခင်က မြို့တွင်းရှိ တစ်စုံတစ်ဦး၏ အိမ်တွင် တွေ့ရှိခဲ့ဖူးသည်။ အဲ့ဒါတွေကို မြစ်ထဲကို တိုက်ရိုက်ပစ်ချလိုက်တယ်လေ!
ကျောက်စိမ်းနှင့် ပတ်သက်သော အရာဝတ္ထုများကိုမူ ၎င်းတို့မှာ တိုက်ရိုက်ရိုက်ခွဲခြင်းခံရသည်။
သို့သော်ငြား လူများတွင် ရွှေနှင့် ပတ်သက်၍ ကွဲပြားသော သဘောထား ရှိနေသေးပြီး သူတို့က အမြဲတမ်း လိုချင်နေကြဆဲဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် တစ်စုံတစ်ဦးက အိမ်တွင် ရွှေဝှက်ထားလျှင် အခြားသူများက ၎င်းကို သတင်းပို့ပြီး ဆုလာဘ်များ ရနိုင်သည်။
ကုမင်ရှိူ့က သူ့ကို အရာအားလုံး ပြောပြသည်။ ၎င်းမှာ သူ့အတွက် ကြီးကျယ်သော ကိစ္စ ဖြစ်၏။
သူ အရင်က သူ့ကို လိမ်ခဲ့မှာကို သူ မကြောက်ဘူးလား? သူက သူ့ကို အရမ်းသဘောကျတာလား?
ယန်ကျင်းဇီ ထိုသို့တွေးလိုက်ပြီး ရိုးရှင်းသော အနမ်းက ပြင်းပြသော အနမ်းတစ်ခု ဖြစ်သွားသည်။
ကုမင်ရှိူ့၏ ပါးစပ်မှာ အဖွင့်ခံလိုက်ရပြီး လူက ယန်ကျင်းဇီကို မယုံနိုင်စွာ ကြည့်နေသည်။
ယန်ကျင်းဇီက တကယ်ကြီး သူ့လျှာကို သူ့ပါးစပ်ထဲကနေ ထုတ်လိုက်တယ်၊ သူ ဘာလုပ်မလို့လဲ?
ယန်ကျင်းဇီက သူ့ကို လွှတ်ပေးသည်နှင့်တပြိုင်နက် ကုမင်ရှိူ့က မေးသည် : “ မင်း... မင်း ဘာလုပ်နေတာလဲ? “
“ မင်း မသိဘူးလား? ဒါကို နမ်းတယ်လို့ ခေါ်တယ်။ ” ယန်ကျင်းဇီ ရယ်လိုက်သည်။
ကုမင်ရှိူ့ ရှက်သွားသည်။ သူ တကယ် မသိပေ။ ကျေးလက်တွင် ဘယ်သူမှ ဤသို့မလုပ်ကြချေ...
“ မင်း အဲဒါကို ကျင့်သားရရင် ရက်နည်းနည်းစောင့် ... နောက်ထပ်စိတ်လှုပ်ရှားစရာတွေ ရှိလာလိမ့်မယ်။ “ ယန်ကျင်းဇီ ပြောလိုက်သည်။ ရက်အနည်းငယ်ကြာပြီးရင် သူ သူ့ကို လုပ်မယ်!
ကုမင်ရှိူ့က စိတ်မထိန်းနိုင်ဘဲ မေးသည် : “ ဘာက ပိုစိတ်လှုပ်ရှားစရာကောင်းတာလဲ? “
ယန်ကျင်းဇီက သူ့ခန္ဓာကိုယ်ကို လှုပ်လိုက်သည် : “ မင်းကိုယ်တိုင် ခံစားကြည့်။ “ သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် နီးကပ်နေသည်။ ကုမင်ရှိူ့ ၎င်းကို ခံစားနိုင်၏။
ကုမင်ရှိူ့၏ စိတ်လှုပ်ရှားမှုကို သူ ခံစားရသည်... အခု သူ သူ့ကို တစ်ခါတည်း စားလိုက်သင့်သလား?
ကုမင်ရှိူ့လည်း ခံစားရသည်။ ကျေးလက်သားတစ်ဦး၏ ဆဲဆိုမှုကို ကြားရသည်မှာ အလွန်ရုပ်ဆိုးပြီး မကြာခဏဆိုသလို အောက်ပိုင်းရှိ တြိဂံဧရိယာအရာများ ပါဝင်သောကြောင့် ယောက်ျားနှင့် မိန်းမ လက်ထပ်ပြီးနောက် ဘာဖြစ်မည်ကို သူ သိသည်။ ဒါပေမယ့် အမျိုးသားအချင်းချင်းက လုပ်စရာမရှိဘူးမလား? ယန်ကျင်းဇီက တစ်ယောက်ကို တစ်ယောက် လက်နဲ့ကူညီတာကို ဆိုလိုတာလား?
ကုမင်ရှိူ့က ယန်ကျင်းဇီကို စူးစမ်းပြီး စိတ်ရှုပ်ထွေးစွာ ကြည့်နေသည် : “ ဘာခံစားရတာလဲ? “
ယန်ကျင်းဇီ : “ ...အိပ်တော့! “ သူ ဆက်မလုပ်နိုင်တော့ဘူး၊ မဟုတ်ရင် သူ သေချာပေါက် သည်းမခံနိုင်တော့ဘူး...
ကုမင်ရှိူ့ မျက်လုံးမှိတ်လိုက်သော်လည်း ခဏကြာသည့်အထိ အိပ်မပျော်ပေ။
ယခုလေးတင် သူ့ကို ယန်ကျင်းဇီက ဖိချကာ နမ်းထားသည်။ သူ့ခန္ဓာကိုယ်မှာ ပူနေပြီး သူ့ဘေးတွင် ယန်ကျင်းဇီက လဲနေသေးသည်။
အထူးသဖြင့် သူ ယန်ကျင်းဇီကို ထိချင်သည်။
ဒါပေမယ့် အဲဒါက မကောင်းဘူး…
ယန်ကျင်းဇီ ပြောသည့် ပိုစိတ်လှုပ်ရှားစရာများမှာ ဘာမှန်း သူ မသိချေ... သူ ပိုတွေးလေလေ၊ ပိုစိတ်လှုပ်ရှားလေလေ ဖြစ်လာသည်။
ကုမင်ရှိူ့သည် အချိန်အတော်ကြာအောင် လှဲလျောင်းကာ အိပ်မပျော်ခဲ့ပေ။ ဤအချိန်တွင် သူ့ဘေးနားက လူ ရုတ်တရက် ထလာသည်။
ယန်ကျင်းဇီလည်း အိပ်မပျော်နိုင်ပေ။
ကုမင်ရှိူ့က သူ့ကို သဘောကျနေသည်မှာ ကြာပြီဖြစ်ကြောင်း သူ သိခဲ့ပြီး ယနေ့တွင်လည်း သူ ထပ်ပြီး အတည်ပြုခဲ့သည်။
တစ်ချိန်တည်းတွင်ပင်… နှစ်လကြာ သည်းခံထားပြီးနောက် သူ မီးကို ဖိနှိပ်နေရသည်။
ကုမင်ရှိူ့ အိပ်ပျော်သွားသောအခါ ယန်ကျင်းဇီသည် အပြင်ဘက်သို့ အေးအေးဆေးဆေး လမ်းလျှောက်ထွက်ပြီး စိတ်တည်ငြိမ်အောင် လုပ်ရန် ကြံရွယ်ပြီး အိပ်ရာမှ ထလိုက်သည်။
အေးလာရင် သူ စိတ်ငြိမ်သွားလိမ့်မည်။
ဂွမ်းအင်္ကျီကြီးကို ဝတ်ထားရင်း ယန်ကျင်းဇီသည် ခြံထဲသို့ လျှောက်သွားပြီး ဝါးတစ်ချောင်းကို ကိုင်ကာ ဘာဆက်လုပ်ရမည်ကို တွေးနေသည်။
မိသားစုတွင် ပစ္စည်းများစွာ ချို့တဲ့သည်ဟု သူ တကယ် ခံစားမိသည်။
ဥပမာအားဖြင့် အချိန်ပြသော နာရီများ၊ စာအုပ်များနှင့် နေ့စဉ်သုံးပစ္စည်းများ။ ကုမိသားစု၏ အိမ်တွင် ပန်းကန်လုံးဆယ်လုံးအောက်သာ ရှိသည်ကို မဆိုနှင့်။
ထို့အပြင် နေ့ဘက်တွင် အေးသော်ငြား ကုမင်ရှိူ့၏ ဂွမ်းအင်္ကျီသည် အလွန်ပါးလွန်းသည်။ သူ အဝတ်အစားအသစ် မဝတ်သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်...
ဤနှစ်လတွင် ယန်ကျင်းဇီ မြို့သို့ မရောက်ဖြစ်သော်ငြား ယခုတော့... မနက်ဖြန်တွင် သူသည် မြို့သို့ သွားရန် စီစဉ်ထားသည်။
သူ အိမ်တွင် လုပ်ထားသော ထိုင်ခုံအပိုများ ရှိသည်။ ထို့ကြောင့် ကုလားထိုင်တစ်လုံးကို အရင်ယူပြီး တစ်ခုခုနှင့် အရောင်းအဝယ် လုပ်နိုင်ချေ ရှိ၊ မရှိကို သူ ကြည့်ရဦးမည်ပင်။
ထို့သို့ တွေးပြီးသောအခါ ယန်ကျင်းဇီ၏ စိတ်က နောက်ဆုံးတော့ ထိုနေရာမှ ဝေးရာကို ပြောင်းသွားပြီး သူနှင့် ကုမင်ရှိူ့၏ အနာဂတ်ကို စတင်တွက်ဆတော့သည်။
“ ကျင်းဇီ... “ ကုမင်ရှိူ့ အိမ်ထဲမှ ထွက်လာသည်။
ယန်ကျင်းဇီ အံ့အားသင့်သွားသည် : “ ဘာလို့ မအိပ်တာလဲ? “ ကုမင်ရှိူ့က ချက်ချင်း အိပ်ပျော်တတ်သောကြောင့် ကုမင်ရှိူ့ အိပ်ပျော်သွားပြီဟု သူ ထင်ခဲ့သည်။
“ အိပ်မပျော်ဘူး၊ မင်းလည်း မအိပ်ဘူးလေ။ “ ကုမင်ရှိူ့က အနည်းငယ် စိတ်လှုပ်ရှားနေသည် : “ ငါပြောတာ မှားလို့ မင်း စိတ်မချမ်းသာဘူးလား? “
“ မဟုတ်ဘူး “ ယန်ကျင်းဇီက ပြောသည် : “ ကိုယ် မင်းကို အထူးတလည် တစ်ခုခုလုပ်ချင်ရုံပဲ။ “
“ အဲဒါဆို မင်း လုပ်လိုက်။ “ ကုမင်ရှိူ့က ပြောလိုက်သည်။
ယန်ကျင်းဇီ : “ … “
ယန်ကျင်းဇီသည် ထိုလူကို နံရံနှင့် ဖိကာ နမ်းလိုက်ပြန်သည်။
ကုမင်ရှိူ့၏ ဤအကြည့်၊ သူသည် သည်းမခံနိုင်တော့ဟု ခံစားလိုက်ရရာ ၎င်းကို အောင့်အည်းသည်းခံစရာ မလိုတော့ပေ။
နမ်းပြီးနောက် ယန်ကျင်းဇီသည် ထိုလူကို အိမ်ထဲသို့ ခေါ်သွားသည်။
သူတို့နှစ်ဦးလုံးက ယောက်ျားများ ဖြစ်ကြသည်။ ကုမင်ရှိူ့က မကျေမနပ် ဖြစ်လောက်သည်။ ကြည့်လေ၊ ကုမင်ရှိူ့က သူ့ပါးစပ်ထဲသို့ သူ့လျှာကို စတင်ထိုးထည့်လာသည်။
အခန်းထဲဝင်လာသော် တံခါးပိတ်လိုက်ပြီး အခန်းက ရုတ်တရက် ပူလာသည်။
အိမ်အပြင်ဘက်တွင်တော့ ကုယွီပေါင်တစ်ယောက် ချောင်ထဲတွင် အေးခဲသွားသည်။
ညစာစားချိန်တွင် ယန်ကျင်းဇီက ကုမင်ရှိူ့နှင့် သူတို့ကို ခွဲခွာနိုင်သည်ဟု ရုတ်တရက် ပြောခဲ့သည်။ ကုယွီပေါင် ထိတ်လန့်သွားသည်။
သူ တစ်ညလုံး အိပ်မပျော်နိုင်တော့ဘဲ ယခင်က သူ အမှားတစ်ခုခု လုပ်မိခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူ ပိုပိုပြီး သတိထားမိလာခဲ့သည်။
သူ့အစ်ကိုက သူတို့အပေါ် တော်တော့်ကို ကောင်းသည်။ သို့သော် သူက အလွန်အရေထူ၍ ကျေးဇူးတင်ရမှန်း မသိဘဲ ပျင်းရိဖို့သာ သိသည်။
သူ့အစ်ကိုက ဒေါသထွက်ပြီး သူတို့ကို မလိုချင်တော့ရင် သူ ဘာလုပ်ရမလဲ?
သူ့မိဘများဟာ ဟိုးယခင်ကတည်းက ဆုံးပါးခဲ့ပြီး သူ့အစ်ကိုကသာ သူတို့ကို ပျိုးထောင်ပေးခဲ့သည်။ သူ့အစ်ကိုက သူတို့အတွက် ဖခင်ရော၊ မိခင်ရော ဖြစ်သည်။ ရိုးရှင်းစွာပင် သူတို့သည် သူ မရှိလျှင် မနေနိုင်ပေ။
သူသာ အလုပ်ပိုလုပ်ပြီး အနာဂတ်မှာ ငွေပိုရှာရင် သူ့အစ်ကိုက သူတို့ကို မစွန့်လွှတ်လောက်တော့ဘူးမလား?
ကုယွီပေါင်ဟာ စိတ်ရှုပ်ထွေးနေပြီး လုံးဝ အိပ်မပျော်သဖြင့် အိမ်ထဲမှ ထွက်လာခဲ့သည်။ ရလဒ်ကမူ သူ ထွက်လာပြီး ယန်ကျင်းဇီလည်း ထွက်လာခဲ့သည်။
သူသည် ယန်ကျင်းဇီကို ကြောက်ပြီး ရေစည်ပိုင်းနောက်တွင် မသိစိတ်ဖြင့် အလိုလို ပုန်းနေမိခဲ့ကာ သူ့အစ်ကိုပါ ထွက်လာသည်ကိုလည်း မြင်လိုက်
ရသည်။
သူ့အစ်ကိုနှင့် ယန်ကျင်းဇီက အလွန်တိတ်ဆိတ်စွာ စကားပြောပြီး သူတို့ခြံမှာ အလွန်ကျယ်သဖြင့် သူတို့ ပြောသည်များကို သူ မကြားရသော်ငြား ယန်ကျင်းဇီက သူ့အစ်ကိုကို ဘာလုပ်လိုက်မှန်းကိုတော့ သူ မြင်လိုက်ရသည်။