Chapter 174 (Extra 8)
ကံကြမ္မာကြယ်သခင် ( မင်းကောရှင်းကျွင်း ) က ကောင်းကင်နှင့် ငရဲဘုံနှစ်ခုလုံး၏ စာပေလောကတွင် ထင်ရှားသူတစ်ယောက်ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်တွင် နတ်ဘုရားနှင့် နတ်ဘုရားမများ မရေမတွက်နိုင်အောင်များပြားပြီး ကမ္ဘာမြေတွင်မူ ပြန်လည်မမွေးဖွားရသေးသည့် တစ္ဆေများနှင့် နတ်ဘုရားများလည်းရှိသည်။ အရေအတွက်များပြားလာသည်နှင့်အမျှ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာလိုအပ်ချက်များရှိနေ၍ ဝတ္ထုစာအုပ်များရေးသည့် နတ်ဘုရားများလည်း ပေါ်ပေါက်လာပေသည်။
ကံကြမ္မာကြယ်သခင်က ကောင်းကင်ဘုံနယ်ပယ်တွင် အကြီးတန်းအရာရှိဖြစ်ပြီး ဝတ္ထုစာအုပ်များရေးခြင်းက သူ၏ အရံအလုပ်ဖြစ်သည်။ သူ့စာအရေးအသားက အလွန်မကောင်းပဲ ဇာတ်ညွှန်းဇာတ်ကွက်များကလည်း သာမန်မျှသာဖြစ်သည်။ သို့ရာတွင် ၎င်းတို့ အလွန်နာမည်ကြီးရသည့် အကြောင်းအရင်းမှာ "ခွေးသွေး" ဟူသည့် စကားလုံးနှစ်လုံးကြောင့်ဖြစ်သည်။
ကောင်းကင်နှင့်ကမ္ဘာမြေတစ်ခွင်တွင် သူ့ထက်ပို၍ သွေးဆာသူ မရှိတော့ပေ။
သူက တည်ရှိမှုအားလုံး၏ စိတ်နေသဘောထားကို တာဝန်ယူရသူဖြစ်၍ စာရေးစရာကုန်ကြမ်းများကလည်း အလွန်ပေါသည်။ စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုခုကိုတွေ့သည်နှင့် ချက်ချင်းချရေးပစ်လိုက်သည်။
သူရေးသားသည့်အရာများက အလွန်ကြမ်းတမ်းလှသည့် အချစ်အမုန်းဇာတ်လမ်းမျိုးဖြစ်ကာ သူစံထားသောဇာတ်ကောင်များကလည်း နူးညံ့သိမ်မွေ့သူများမဟုတ်ပေ။ သူက လွှမ်းမိုးခြယ်လှယ်နိုင်ပြီး ရက်စက်သော အမျိုးသားဇာတ်လိုက်နှင့် အတင်းအကြပ်ဖိအားပေးသည့် အချစ်ဇာတ်လမ်းမျိုးကို သဘောကျသူဖြစ်သည်။
ကောင်းကင်ဘုံမှ နတ်ဘုရားမများနှင့် ငရဲဘုံမှ တစ္ဆေမများကို သူ အရူးလုပ်ရန် မလွယ်ကူလှပေ။ သို့သော်လည်း အားလုံးက အားလပ်ချိန်များတွင် လုပ်စရာကိစ္စများမရှိ၍ အပေါစားဆန်ပြီး ရယ်စရာကောင်းသောဇာတ်လမ်းများကို စိတ်အပန်းပြေစရာအနေဖြင့် ဝယ်ဖတ်ကြသည်။
သို့ဖြစ်၍ မင်းကောရှင်းကျွင်း၏ ဇာတ်လမ်းများမှာ စိတ်ဝင်စားစရာမကောင်းလှသော်လည်း ရောင်းအားကောင်းပြီး ကောင်းကင်ဘုံညီလာခံကိုလည်း ပြဿနာဖြစ်စေသည့်ကိစ္စများ မပါဝင်ပေ။
၎င်းက သူ အသစ်ရေးထားမိသော ဇာတ်ညွှန်းအသစ်က သေမျိုးတို့ကမ္ဘာပေါ်ကျရောက်သွားပြီး သေမျိုးတစ်ယောက်က မတော်တဆ မမြင်သွားမီအချိန်ထိဖြစ်သည်။
ထိုသေမျိုးလူသားက ပြန်လည်မွေးဖွားလာပြီး သူ့စာအုပ်အသစ်၏ အဓိကဇာတ်လိုက်က သေမျိုး၏ ဆွေမျိုးသားချင်း ဖြစ်လာခဲ့သည်။
ကမောက်ကမဖြစ်မှုများကို ကာကွယ်ရန်အတွက် မင်းကောရှင်းကျွင်းမှာ ခဏတာ အလုပ်ရှုပ်သွားခဲ့သည်။
ကံကောင်းသည်မှာ ထိုသေမျိုးလူသားက အတော်လေး လုပ်ရည်ကိုင်ရည်ရှိသူဖြစ်သည်။ သူက ဖရိုဖရဲဖြစ်စေသည့်ပြဿနာအားလုံး၏ ဖြေရှင်းချက်ကို ရှာတွေ့နိုင်ရုံသာမက မည်သူကမှ ဤဝတ္ထုစာအုပ် တည်ရှိခြင်းကို မသိရှိသွားသည့်အပြင် ကမ္ဘာပေါ်သို့ ဆင်းသက်သွားသည့် နတ်ဆိုးကြယ်ကို မတော်တဆကောက်ယူထားပြီး အေးချမ်းသည့်ဘဝတွင်နေနိုင်အောင် လမ်းပြပေးခဲ့သည်။
မင်းကောရှင်းကျွင်းမှာ အလွန်စိတ်သက်သာရာရသွား၍ ကပ်ဘေးကြီးက ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်ခဲ့ပြီဟုထင်ကာ စိတ်အေးလက်အေးဖြင့် ဝတ္ထုရေးခြင်းကိစ္စကို ဆက်လက်ဆောင်ရွက်နေသည်။
သို့သော်လည်း သူ စိတ်အေးလက်အေးဖြင့် ကြာကြာမနေခဲ့ရပေ။
ကောင်းကင်ဘုံနယ်ပယ်မှ သက်တမ်းက လူသားများ၏သက်တမ်းနှင့်ယှဉ်ပါက အလွန်ကြာရှည်လှသည်ဖြစ်သည်။ လူသားတို့၏သက်တမ်း ၆၀ သို့မဟုတ် ၇၀ ကျော်လာချိန်တွင် နတ်ဆိုးကြယ်က ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နတ်ဆိုးကြယ် ပြန်လည်ရောက်ရှိလာသည်နှင့် ထိုဇာတ်ညွှန်းအကြောင်း သိရှိသွားတော့သည်။
ထိုအချိန်တွင် နတ်ဆိုးကြယ်အနား၌ ရှိနေခဲ့သော စစ်သည်များနှင့် စစ်သူကြီးများ၏ ပြောကြားချက်အရ နတ်ဆိုးကြယ်မှာ ထိုစာအုပ်ကို ရသည့်အချိန်တွင် အစမှ အဆုံးအထိ လှန်လှောဖတ်ရှု့ခဲ့ပြီး မျက်လုံးများပေါက်ထွက်မတတ်ဖြစ်သွားခဲ့သည်ဟု၍ပင်။ ထို့နောက် သူ၏ နတ်ဘုရားလက်နက်ကိုကိုင်ပြီး တိမ်တိုက်များအကြားဖြတ်သန်းကာ မင်းကောရှင်းကျွင်းထံသို့ ချက်ချင်းသွားရောက်တော့သည်။
သူတို့နှစ်ယောက်လုံးက ကြယ်သခင်များ ဖြစ်ကြသော်လည်း သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်( နတ်ဆိုးကြယ် ) က သတ်ဖြတ်ခြင်းများ၏ အရှင်သခင်ဖြစ်ပြီး သေမျိုးကမ္ဘာ၏ စစ်ပွဲများနှင့် ကပ်ဘေးများကို တာဝန်ယူရသူဖြစ်သည်။
မင်းကောရှင်းကျွင်းက အဝါရောင်ဝတ္ထုစာအုပ်များကိုသာ နှစ်တစ်သောင်းခန့် ရေးသားခဲ့သူ လူအိုကြီးဖြစ်၍ နတ်ဆိုးကြယ်၏အမျက်ဒေါသကို သည်းမခံနိုင်ပေ။
ကံကောင်းသည်မှာ မင်းကောရှင်းကျွင်းက ရိုက်နှက်ခံနေရပြီး နှာခေါင်းနှင့် မျက်နှာတစ်ပြင်လုံး ဖူးယောင်လာသောကြောင့် ကောင်းကင်ဘုံနန်းတော်ထဲ၌ ပြေးလွှားနေချိန်တွင် နတ်သားလေးတစ်ပါးရောက်လာသည်။
ထိုနတ်သားလေးက ဝတ္ထုစာအုပ်ကို ဖတ်ခဲ့မိသည့် သေမျိုးလူသားဖြစ်သည်။
ထိုသေမျိုးက မူလတွင် ကောင်းကင်ဘုံဧကရာဇ်၏ တပည့်ဖြစ်ခဲ့သည်။ နှစ်တစ်သောင်းခန့် ကျင့်ကြံပြီးသည့်နောက်တွင် အတိဒုက္ခကို တွေ့ကြုံရန်အတွက် ကောင်းကင်ဘုံဧကရာဇ်က သူ့ကို သေမျိုးလောကသို့ ပို့ဆောင်ခဲ့သည်။ သူ သေမျိုးကမ္ဘာတွင်ရှိစဉ်က သူ့နေရာက အရေးကြီးဆုံးဖြစ်ခဲ့သည်။ သူက သေမျိုးကမ္ဘာမှ လူသားများ၏ အသက်ထောင်ပေါင်းများစွာကို ကပ်ဘေးမှ ကယ်တင်နိုင်ခဲ့ပြီး နတ်ဆိုးဝိညာဉ်ကိုလည်း ဖိနှိပ်ပေးနိုင်ခဲ့သည်။ သို့ဖြစ်၍ သူကောင်ကင်ဘုံသို့ ပြန်ရောက်လာချိန်တွင် ကောင်းကင်ဘုံဧကရာဇ်က သူ့ကို မသေမျိုးသခင်အဖြစ် ခန့်အပ်ခဲ့သည်။
ထိုအချိန်တွင် မင်းကောရှင်းကျွင်းက အရိုက်ခံရသောကြောင့် မူးဝေနေချိန်ဖြစ်ကာ နတ်ဆိုးကြယ်က ပုဆိန်သွားတပ်လှံရှည်ကြီးကို သူ့ကျောပြင်တည့်တည့်ကို ချိန်ထားစဉ် မသေမျိုးသခင်က ရောက်လာခဲ့သည်။
ဝတ်ရုံအဖြူရောင်က လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး အဖြူရောင်ကျောက်စိမ်းသရဖူအောက်မှ ဖဲသားပမာ အိစက်နက်မှောင်ဆံပင်များ ဝဲကျနေသည်။
" ရွှယ်ယန်..."
မသေမျိုးသခင်နတ်သားလေးက လှမ်းခေါ်လိုက်သည်။
မင်းကောရှင်းကျွင်း၏ ကျောရိုးနှင့် ထိခါနီးဖြစ်နေသော ပုဆိန်သွားတပ်လှံရှည်ကြီးက ချက်ချင်းရပ်သွားသည်။
မင်းကောရှင်းကျွင်း တုန်တုန်ယင်ယင်နှင့် ခေါင်းမော့ကြည့်လိုက်သည့်အခါ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် ကတ္တီပါနီရောင်ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော နတ်ဆိုးကြယ်က လက်ထဲတွင် ပုဆိန်သွားတပ်လှံရှည်ကြီးကို ကိုင်ထားလျက် တွေဝေမိန်းမောနေသည်။
ထိုအချိန်တွင် နတ်သားလေးက မျက်တောင်ခတ်ကြည့်လိုက်သည်။
နောက်အခိုက်အတန့်တွင် နတ်ဆိုးကြယ်က သူ့လက်ထဲမှ နတ်ဘုရားလက်နက်ကို ပစ်ချလိုက်ပြီး ရှေ့သို့တစ်ဟုန်ထိုး ပြေးသွားကာ နတ်သားလေးကို သူ့ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။
သူ့ကို အလွန် တင်းကြပ်စွာဖက်ထားခြင်းဖြစ်သည်။
" မင်း ငယ်ငယ်တုန်းက ပုံစံအတိုင်း ပြန်နုပျိုသွားတာကို ဘာလို့အဲ့လောက် ဒေါသထွက်လွယ်နေရတာလဲ..."
နတ်သားလေးက နူးညံ့သိမ်မွေ့စွာရယ်ပြီး ပြောလိုက်သည်။
သို့သော်လည်း ထိုအချိန်၌ မင်းကောရှင်းကျွင်း မြင်လိုက်ရသည်မှာ - သူ့ကို နှစ်တစ်သောင်းအတွင်း သေခြင်းတရားကို ပထမဆုံးအကြိမ် ခံစားရအောင် ပြုလုပ်ခဲ့သည့် သတ်ဖြတ်ခြင်းခုနစ်စင်ကြယ်က ချစ်ခင်မြတ်နိုးမှုများပြည့်နေသည့်အသံဖြင့် ပြောလိုက်သည်ကိုပင်။
" မင်းထက်အရင် သေသွားရတာက ကောင်းကင်ဘုံက အချိန်နဲ့တွက်ရင် တဒင်္ဂလေးဆိုပေမယ့် ကိုယ်မင်းကို လွမ်းစပြုနေပြီ ..."
ချစ်မေတ္တာတွေနဲ့ပြည့်နေတဲ့ လူနှစ်ယောက်ဆီက အလင်းတန်းကြောင့် သူ့မျက်စိတွေ ကန်းသွားလိုတောင် ခံစားလိုက်ရလေသည်......
..................ပြီးပါပြီ .............
နောက်ဆုံးတော့ တကယ်ပြီးသွားခဲ့ပါပြီ😭
နောက်ဆုံးအပိုင်းရောက်မှ နတ်သားတွေရော ကြယ်တွေရောနဲ့ ရှုပ်သွားလို့ မသိရင် လာမေးလို့ရပါတယ်နော် ...
ရွှယ်ယန်နဲ့ ကျွင်းဟွိုင်လန်က အစတည်းက ကောင်းကင်ဘုံက နတ်သားလေးတွေပါ လူ့ပြည်မှာ နှစ် ၇၀လောက်နေပြီးတော့ နောက်ဆုံးမှာ ကောင်းကင်ဘုံမှာ ပြန်တွေ့ကြပြီးတော့ ထာဝရ ပျော်ပျော်ရွင်ရွှင်နေသွားကြတာပါ🥺
ကလေးနှစ်ယောက်ကိုချစ်ပေးကြတာ ကျေးဇူးတင်ပါတယ်ရှင့်💙
Xxxxxx