အခန်း(၁၀) နူးညံ့ညင်သာသောအိမ်နီးချင်း။
ချူချန်အန်းအကြည့်လွှဲလိုက်မိပြီး သူ့မျက်လုံးများကထိတ်လန့်မှုဖျတ်ခနဲလက်သွားပြီးမှ သူ့ကိုယ်သူတွန်းအားပေးကာ တည်ငြိမ်အောင်ပြန်ထိန်းလိုက်သည်။
"ခင်ဗျားဘာကိုပြောနေမှန်းကျွန်တော်နားမလည်ဘူး။" ချူချန်အန်းကစောင်ကိုဖယ်ကာခါးကိုင်းပြီးဖိနပ်စီးလိုက်သည်။ သူကိုင်းလိုက်တော့သူ့ကျောပြင်ကတင့်တယ်စွာကွေးသွားပြီး သူ၏သွယ်လျပြီးသားခါးကိုပို၍ပင်နူးညံ့ပုံပေါက်သွားစေသည်။
ချူချန်အန်းကဖိနပ်ကြိုးများကိုဆုပ်ကိုင်ထားရင်း သူ့လက်ချောင်းများကမသိမသာတုန်ရီသွားကာ သူကအေးစက်စက်ပြောလိုက်သည်။ "အဲ့ဒါကကျွန်တော့်ဟာမဟုတ်ဘူး။ အဲ့ဒါဘယ်ကလာမှန်းတောင်မသိဘူး။"
"အဲ့လိုလား။"
ရွှီမော့ရှူး၏အကြည့်မှာအေးအေးဆေးဆေးပင်။ သူ့လက်ချောင်းထိပ်များကစားပွဲပေါ်အသာတို့လျက် ခပ်တိုးတိုးအသံပြုလုပ်လို့နေသည်။ သူ၏နက်မှောင်သောမျက်ဝန်းများကခန့်မှန်းမရပေ။ သူကကျောက်မျက်လည်ဆွဲကိုစားပွဲပေါ်တင်လိုက်သည်။
ရွှီမော့ရှူးကချူချန်အန်း၏ခါးသွယ်သွယ်လေးကိုစိုက်ကြည့်နေပြီး သူ့အပြုံးကအေးစက်မှုစွက်လို့နေသည်။
"ဟုတ်သား။ ရှောင်အန်းကအဲ့လိုစျေးပေါတဲ့အရာကိုကြိုက်ပါ့မလားနော်။ အိုးဟုတ်သားပဲ၊ ဒီမှာနေတဲ့သူတွေကတွင်းထဲမှာနေနေတဲ့ကြွက်တွေနဲ့တူတယ်လို့ပြောနေတာကို ကိုယ်မှတ်မိတယ်။"
ချူချန်အန်း၏နှလုံးသားကတင်းကြပ်သွားသည်။ သူကထောင့်ကအရုပ်အသစ်နှင့်အရုပ်ဟောင်းကို တိတ်တခိုးတစ်ချက်ကြည့်လိုက်ပြီးမှ ကြမ်းပြင်ကိုမလုံမလဲငုံ့ကြည့်လိုက်သည်။
ကျောင်းကျောင်းအဲ့မှာပုန်းနေသေးလားမသိဘူး...
ကျောင်းကျောင်းသာရွှီမော့ရှူးနဲ့ဆုံသွားရင် အဲ့တုံးအတဲ့ကလေးမလေးကလွှတ်ခနဲပြောမိသွားလောက်တယ်။
ကျောင်းကျောင်းကမတော်တဆလွှတ်ခနဲပြောထွက်သွားရင်ကော? ဒါဆိုသူထပ်ပြီးအပိတ်ခံရပြီးတော့...
"ခင်ဗျားဘယ်တုန်းကအထဲဝင်လာတာလဲ။"
သူ့နှလုံးသားမှာဂနာမငြိမ်ဖြစ်စွာခုန်ပေါက်လျက်ရှိသည်။
သူရွှီမော့ရှူးကိုမောက်မာစွာကြည့်လိုက်ပြီး သူ့မျက်နှာကအေးစက်လို့နေသည်။
ရွှီမော့ရှူးက အေးဆေးပြောလာသည်။
"လွန်ခဲ့တဲ့နာရီအနည်းငယ်ကပဲ။"
ချူချန်အန်းတန့်သွားကာ မျက်လုံးမသိမသာပြူးသွားသည်။ လွန်ခဲ့တဲ့နာရီအနည်းငယ်က? ဆိုလိုတာက....သူအိပ်ပျော်သွားတာဘယ်လောက်ကြာပြီလဲ?!
နှာဘူးကောင်။
ချူချန်အန်းရင်ထဲမှာအသံတိတ်ဆဲလိုက်မိသည်။
"ဆောရီး၊ ကိုယ်မင်းအခန်းထဲခိုးဝင်ဖို့မရည်ရွယ်ခဲ့ပါဘူး။" ရွှီမော့ရှူးကသူ့နားထင်ကိုပွတ်ကာကူကယ်ရာမဲ့ချင်ယောင်ဆောင်ပြီးပြောလာသည်။
"အပြင်မှာတအားဆူညံနေလို့လေ။ သူတို့ကပစ္စည်းအတွက်နဲ့ ဧည့်ခန်းထဲမှာရန်ဖြစ်နေကြတာ။"
ချူချန်အန်းမတုံ့ပြန်မိပေ။ သူလှည့်ကာစောင်ကိုပြန်ဆန့်လိုက်ပြီး ထွက်သွားဖို့ကြံလိုက်သည်။
သူအဲ့လောက်ဖြောင့်မတ်တဲ့လူကိုတစ်ခါမှမမြင်ဖူးပေ။
"မင်းဘာလို့လုဖို့မကြိုးစားတာလဲ။"
ရွှီမော့ရှူး၏ရုတ်တရက်ဆန်သောမေးခွန်းကချူချန်အန်းကိုရပ်သွားစေသည်။
သူရွှီမော့ရှူးကိုကျောပေးကာနှုတ်ဆိတ်နေမိသည်။
ရွှီမော့ရှူးကျောက်မျက်လည်ဆွဲကိုကောက်ကိုင်ကာပြောလိုက်သည်။
"မင်းရွေးလိုက်တဲ့ဟာက၆လွှာကအိမ်နီးချင်းမကြိုက်တဲ့တစ်ခုထဲသောအရာဖြစ်နေမှာကိုမင်းစိတ်မပူဘူးလား။"
ချူချန်အန်းဘာမှမပြောချင်တော့ဘဲ မသိချင်ယောင်ဆောင်ဖို့ကြိုးစားလိုက်သည်။ သူအေးစက်စွာပြန်ဖြေလိုက်သည်။
"ကျွန်တော်ပြန်မယူနိုင်ဘူး။ ကျွန်တော်သူတို့ကိုမနိုင်ဘူးလေ။"
ချူချန်အန်း၏စကားကိုကြားတော့ရွှီမော့ရှူးကခပ်ဖွဖွရယ်မောလိုက်သည်။ သူကချူချန်အန်း၏ကျောပြင်ကိုသေချာကြည့်လိုက်သည်။ "မင်းသေမှာမကြောက်ဘူးလား။"
"အင်း။" ချူချန်အန်းဂရုမစိုက်စွာဖြေလိုက်သည်။ "ဒါပေမဲ့ကျွန်တော်သူတို့ကိုမနိုင်ဘူး။"
ချူချန်အန်းမှာအကြောက်တရားကင်းမဲ့သောကြောင်တစ်ကောင်ကဲ့သို့ သီးသန့်ဖယ်ကျဥ်ခံထားရချိန်မှာတောင် သူ၏မောက်မာပြီးထောင်လွှားသောကိုယ်နှုတ်အမူအရာကိုထိန်းသိမ်းထားသေးသည်။
ရွှီမော့ရှူး၏အပြုံးကနက်ရှိုင်းသွားသည်။
"မင်းကြည့်ရတာအရမ်းယုံကြည်မှုရှိနေသလိုပဲ။"
"ခင်ဗျားဘာပြောနေမှန်းမသိဘူး။"
ချူချန်အန်း၏နားသန်သီးများကစိတ်လှုပ်ရှားစွာရဲတွတ်သွားသည်။
သူ့အသံကရှင်းလင်းကာနူးညံ့ပြီးနားထောင်လို့ကောင်းလေသည်။
ရွှီမော့ရှူးကကျောက်မျက်လည်ဆွဲကိုစားပွဲပေါ်ပြန်တင်ပြီးပြောလိုက်သည်။
"ကိုယ်မင်းနဲ့လဲပေးနိုင်တယ်။"
သူ့အသံကနူးညံ့ပြီးနွေးထွေးနေသည့်တိုင် ၎င်းကချူချန်အန်းကိုကျောချမ်းသွားစေသည်။ ချူချန်အန်းငြင်းလိုက်သည်။
"မလိုဘူး။"
"ဘာလို့လဲ။" ရွှီမော့ရှူး၏အကြည့်ကစူးရှကာနက်ရှိုင်းလို့နေပြီး သူ့အသံကရွှင်မြူးနေလေသည်။ "မင်းသေရမှာမကြောက်တာလား။ ဒါမှမဟုတ်....မင်းမသေဘူးဆိုတာသေချာနေတာလား။"
ရွှီမော့ရှူး၏ထိမိသောမေးခွန်းကချူချန်အန်း၏နှလုံးသားကိုတင်းကြပ်သွားစေသည်။
သူဒီအခန်းထဲကချက်ချင်းထွက်သွားချင်ရုံပဲ။
ရွှီမော့ရှူးပြောလာတဲ့စကားလုံးတိုင်းက သူပြန်ရှင်လာတဲ့သရုပ်မှန်ပေါ်ဖို့ ခြေတစ်လှမ်းနီးကပ်လာသည်။
သူကချန်အန်းဆိုတာရွှီမော့ရှူးသိသွားခဲ့ရင် သူပြန်ရှင်လာတာအလကားဖြစ်သွားမှာမဟုတ်ဘူးလား...?
"ကျွန်တော်...ခင်ဗျားဘာပြောနေမှန်းတကယ်နားမလည်ဘူး။ ဘာမှထပ်မပြောနဲ့တော့..."
ချူချန်အန်းကရွှီမော့ရှူးကိုကျောပေးကာ မျက်စိတင်းတင်းမှိတ်လိုက်သည်။
သူ့အသံကတုန်ရီနေပြီး နူးညံ့ကာညင်သာသောအသံကတအားချိုသာလို့နေသည်။
သူ့အသံကငှက်မွှေးကဲ့သို့နှလုံးသားကိုကလိထိုးနေလေသည်။
ချူချန်အန်းနှင့်ချန်အန်း၏အသံများ60%ဆင်တူနေသောအချက်က ရွှီမော့ရှူးကိုတစ်ခဏမျှမှင်သက်သွားစေဖို့လုံလောက်သည်။
ရွှီမော့ရှူးကနူးညံ့သောထိုင်ခုံကိုကျောမှီလိုက်သည်။ "မင်းနဲ့ကိုယ့်ချစ်သူကတကယ်ဆင်တယ်သိလား။"
"ကိုယ့်ချစ်သူရဲ့နားရွက်လေးတွေက သူဒေါသထွက်တဲ့အချိန်ကျရင်နီရဲသွားတတ်တာကို ကိုယ်မှတ်မိတယ်၊ အခုမင်းရဲ့နားရွက်လိုမျိုးပဲ။ ဒါပေမဲ့သူပြီးခါနီးလာတဲ့အချိန်မှာ သူ့နားရွက်တွေကပိုပြီးတော့တောင်နီရဲလာသေးတယ်။ သူ့မျက်လုံးလေးတွေကလဲနီရဲနေရော။ ပြီးတော့သူငိုတဲ့အချိန်ကျရင်သူကတကယ်လှတာသိလား။ သူ့အသံလေးကလဲချစ်စရာလေး။ သူကအရမ်းချစ်ဖို့ကောင်းတာ၊ ချစ်ဖို့ကောင်းလွန်းလို့ ကိုယ်တစ်ညလုံးမအိပ်ဘဲ...."
ရွှီမော့ရှူး၏စကားလုံးများကဆင်ဆာများနှင့်ပြည့်နေပြီး သူ့အသံကရယ်သံစွက်လို့နေသည်။
သူကချူချန်အန်း၏အကျိုးအမြတ်အတွက် တမင်ပြောပေးနေသည့်အလား စိတ်ပါလက်ပါဖြင့်ပေါ်တင်ကြွားဝါနေပြီး အဲ့ဒါကဘယ်လိုပုံစံပေါက်နေမှန်းလုံးဝသတိမမူမိပေ...
ချူချန်အန်းလက်သီးဆုပ်လိုက်မိပြီး သူ့နားရွက်များကနီရဲတွတ်သွားသည်။
"ဒီတိုင်းဆင်တူရုံသက်သက်ပါပဲ။"
ထိုသို့ဆိုကာသူကတံခါးဆီခပ်သွက်သွက်လျှောက်သွားပြီး လက်ကိုင်ကိုလှည့်ကာတံခါးကိုဖွင့်ပြီး ပြင်းထန်သောရေလွှမ်းမှုကသူ့ကိုဝေ့တိုက်သွားသည့်အလား ဒီငရဲမြင်ကွင်းထဲကထွက်ပြေးသွားသည်။
ချူချန်အန်းထွက်သွားသည်နှင့် ရွှီမော့ရှူးကတိတ်သွားသည်။
အေးစက်မှုစွက်နေသည့်သူ့အပြုံးကမှေးမှိန်သွားပြီး သူ့မျက်နှာကမထူးခြားမခြားနားဖြစ်သွားကာမည်းမှောင်သွားသည်။
သူခေါင်းလှည့်ကာထောင့်ကအရုပ်အသစ်နှင့်အရုပ်ဟောင်းကိုအေးစက်စွာတစ်ချက်ကြည့်လိုက်ပြီး လည်ဆွဲကိုတင်းတင်းဆုပ်လိုက်တော့ ချွင်ခနဲအသံထွက်လာသည်။
သူကဘာလို့ချန်အန်းနဲ့အဲ့လောက်တူနေရတာလဲ။ သူကဘာလို့ချန်အန်းနဲ့တူတဲ့မျက်နှာနဲ့ကောင်းကောင်းမွန်မွန်နေနေရတာလဲ။
ပြီးတော့အသက်ရှင်နေတဲ့တစ်ယောက်ကဘာလို့ချန်အန်းမဖြစ်ရတာလဲ။
သူ့ချန်အန်းကဘာလို့တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ပျောက်ကွယ်သွားရတာလဲ။
သူဒေါသတကြီးတွေးလိုက်မိပြီးရုတ်ခြည်းခေါင်းလှည့်ကာထောင့်ကိုတစ်ချက်ကြည့်လိုက်ပြန်သည်။
ကျောင်းကျောင်းကထောင့်မှာပုန်းနေသေးမှန်းသူမြင်လိုက်ရပြီး သူ့အသံကအေးစက်ကာမည်းမှောင်လို့နေသည်။
"သေချာကြည့်၊ သူကငါ့ချန်အန်းလား။"
ကျောင်းကျောင်းကသူမ၏အရုပ်လေးနှစ်ရုပ်ကိုဖက်ထားပြီး ငိုရှိုက်လျက်မငိုမိအောင်ထိန်းထားလေသည်။
သူမကချန်အန်းနှင့်ကစားနေသည့်ဂိမ်းအကြောင်းနှင့်သူမ၏အရုပ်ဆယ်ရုပ်အကြောင်းတွေးလိုက်မိသည်။
သူမပါးစပ်ကထွက်လာတော့မည့်စကားလုံးများကိုမျိုချလိုက်မိသည်။
စူးယွီကလက်ရှိမှာကျန်းလျန်နှင့်စကားများနေလေသည်။ ဒီနှစ်ရက်မှာသူမ၏အလွန်အကျူးတုံ့ပြန်မှုကြောင့် သူမ၏သံသယနှင့်မသက်မသာဖြစ်မှုကတအားသန်မာနေပုံရသည်။ သူမကသူများလက်ထဲမှာမြင်လိုက်ရသည့် အရာအားလုံးကိုလဲချင်နေလေသည်။ ချူချန်အန်းနှင့်ရွှီမော့ရှူးကိုင်ထားသည့်အရာများကလွဲရင်ပေါ့။
သူတို့ကပေးဖို့ငြင်းလိုက်ချိန်မှာ စူးယွီကလုဖို့ကြိုးစားသည်။
ချူချန်အန်းကဆိုဖာပေါ်မှာထိုင်နေပြီး သူ့အရုပ်သေနတ်ကိုသူ့ဘေးကစားပွဲပေါ်မှာတင်ထားကာ ၎င်းကိုဘယ်သူမှမလိုချင်သောကြောင့် သူများယူသွားမှာကိုလုံးဝစိတ်ပူမနေပေ။
အရုပ်သေနတ်ကပစ္စည်း၅ခုထဲမှာအထင်ရှားဆုံးဖြစ်ပြီး အောက်ထပ်က"အိမ်နီးချင်း"ဆီသဘောကျမခံရဖို့အများဆုံးဖြစ်သည်။
"ငါတောင်းပန်ပါတယ်၊ ဒီတစ်ကြိမ်လေးပါပဲ။ ငါနဲ့လဲပေးပါနော်ကျန်းလျန်..."
စူးယွီ၏ဆံပင်ကဖရိုဖရဲဖြစ်နေပြီး သူမကခြေဖျားထောက်ကာကျန်းလျန်၏အကျီစကိုလှမ်းဆွဲလိုက်သည်။
"နင့်လက်ထဲကသကြားလုံးကသဘောကျခံရဖို့ပိုများတယ်..."
"တော်တော့၊ ငါမလဲပေးနိုင်ဘူး။"
ကျန်းလျန်ကစူးယွီ၏ဇွဲကောင်းသောနားပူနားဆာလုပ်မှုကိုရှောင်ရင်း မျက်နှာသေနှင့်ပြောလိုက်သည်။
လီယာယာကသူမ၏ပြီးပြည့်စုံအကောင်းအတိုင်းရှိနေသောစတော်ဘယ်ရီကိတ်ကိုဆုပ်ကိုင်လျက်ထောင့်မှာပုန်းပြီး နံရံကပ်နာရီကိုစိတ်လှုပ်ရှားစွာစိုက်ကြည့်နေကာ ၇နာရီခွဲမှာကိုစောင့်နေလေသည်။
ကျန်းလျန်၏မျက်နှာပေါ်မှာကုတ်ခြစ်ရာအများအပြားရှိနေပြီး လီယာယာမှာလည်းရှိနေကာ သူတို့ကတစ်ကြိမ်ထက်ပိုပြီးစကားများခဲ့ကြောင်းညွှန်ပြလျက်ရှိသည်။
၇နာရီ၂၅မိနစ်။
လူတိုင်းထရပ်လိုက်ကြပြီး အကြည့်ချင်းဖလှယ်လိုက်ပြီးမှ အခန်း702မှဖြည်းညှင်းစွာထွက်ကာ လှေကားခွင်ဆီဦးတည်သွားလိုက်သည်။
စူးယွီကကျန်းလျန်၏အကျီစကိုတင်းတင်းဆုပ်ကိုင်ထားပြီး အလယ်ကအလုံခြုံဆုံးနေရာမှာရပ်နေလေသည်။
ချူချန်အန်းကအေးဆေးသောခြေလှမ်းဖြင့် စူးယွီအနောက်ကလိုက်သွားပြီး လီယာယာကသူ့ဘေးမှာရှိနေကာ ရွှီမော့ရှူးကအနောက်ကလိုက်လာသည်။
စူးယွီကသူမ၏အရုပ်ကိုတင်းတင်းဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှားစွာဘေးဘီဝေ့ဝဲကြည့်လိုက်သည်။
နောက်ဆုံးမှာသူမကချူချန်အန်းနှင့်အကြည့်ချင်းဆုံသွားပြီး သူမကတောင့်ခဲသွားကာ ရေအိုင်နှင့်တူသောသူမ၏လှပသောမျက်ဝန်းများကလုံးဝကိုအသက်မဲ့လို့နေသည်။ သူမကမျက်လုံးပြူးသွားပြီး ချူချန်အန်းလက်ထဲကအရုပ်သေနတ်ကိုတစ်ချက်ကြည့်လာသည်။
သူမကစိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်နေပြီးသားဖြစ်ကာ ချူချန်အန်းကိုသနားသလိုကြည့်ပြီး တိုးတိုးလေးပြောလာသည်။
"ချန်အန်း၊ နင်သေတော့မယ်။"
ချူချန်အန်းမှာစူးယွီ၏ရုတ်တရက်ဆန်သောစကားလုံးများကြောင့် လန့်သွားကာ အံ့သြမှင်သက်သွားမိသည်။
သူဒေါသအရိပ်အယောင်မပြဘဲတည်ငြိမ်စွာဖြင့် ဆက်လျှောက်သွားလိုက်သည်။
စူးယွီကနှုတ်ခမ်းဆူလာပြီးအရှေ့ကိုပြန်လှည့်သွားကာ ကျန်းလျန်၏လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
သူတို့ကအလွန်နှေးကွေးစွာလျှောက်သွားပြီး ခြေတစ်လှမ်းလှမ်းပြီးတိုင်းစက္ကန့်အတော်ကြာရပ်လိုက်နှင့် သူတို့၆လွှာကိုရောက်သွားချိန်မှာ ၇နာရီခွဲနီးပါးရှိနေလေပြီ။
၆လွှာကကြောင်လိမ်လှေကားမှာ အလင်းရောင်မှိန်မှိန်လေးသာရှိပြီး အချက်ပြအနီရောင်မီးလုံးများက ကော်ရစ်ဒါကလေထုကို ကြက်သီးထစရာကောင်းကာကောက်ကျစ်ပုံပေါက်သွားစေသည်။
၆လွှာက၇လွှာထက်ပိုသေးပြီး 601နှင့်602ဟူသောအငှားတိုက်ခန်းနှစ်ခန်းသာရှိသည်။
သူတို့ကော်ရစ်ဒါအလယ်ရောက်သွားချိန်မှာ တိုက်ခန်း601ဆီသွားရာတံခါးကသူ့ဘာသာသူပွင့်လာသည်။
အခန်း601၏အတွင်းပိုင်းကလည်းမီးမှိန်မှိန်လေးသာထွန်းထားပြီး အထဲကဘာကိုမှမမြင်ရအောင်လုပ်နေလေသည်။
ကျန်းလျန်နှင့်အခြားသူတို့မှာစက္ကန့်အနည်းငယ်မျှမှင်သက်သွားကြသည်။
တိတ်ဆိတ်မှုကကြီးစိုးနေစဥ် သူတို့အပေါ်ကလော်စပီကာကကြေငြာလာသည်။
"အိမ်ငှားအသစ်တို့ရေ၊ မင်းတို့တွေ၆လွှာကိုရောက်လာပြီပဲ။"
"အရမ်းကောင်းတယ်၊ ငါအချိန်တိကျတဲ့အိမ်ငှားတွေကိုသဘောကျတယ်။"
"အခုဂိမ်းစတင်ပြီ!"
အိမ်ရှင်အမျိုးသားကအပြုံးလေးနှင့်ဆိုလာသည်။
"အထဲတူတူဝင်သွားပြီး မင်းတို့ရဲ့လက်ဆောင်တွေကိုချထားလိုက်။ မင်းတို့ရဲ့အိမ်နီးချင်းလေးကြိုက်တဲ့ဘယ်သူ့လက်ဆောင်မဆို အဲ့လက်ဆောင်ပိုင်ရှင်ကအခန်း601ကနေ အန္တရာယ်ကင်းကင်းနဲ့ထွက်သွားနိုင်လိမ့်မယ်။"
"ပြီးတော့နောက်ဆုံးကျန်တဲ့တစ်ယောက်က ၆ထပ်မှာအိမ်နီးချင်းလေးအတွက်ညစာအဖြစ်နေပေးရလိမ့်မယ်။"
ကြေငြာချက်ကအဆုံးသတ်သွားသည်။
ကျန်းလျန်ကစက္ကန့်အနည်းငယ်မျှဒီတိုင်းရပ်နေပြီး လူတိုင်းကိုဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံးမှာစူးယွီဆီကတိုက်တွန်းခံရပြီး သူကမှောင်မည်းပြီးဘာမှမသိရသောအခန်း601ထဲဖြည်းဖြည်းချင်းဝင်သွားလိုက်သည်။
လူတိုင်းကမှောင်မည်းပြီးတိတ်ဆိတ်သောအခန်းထဲအတူဝင်သွားကြသည်။ အထဲကလေထုမှာအတော်လေးအေးစိမ့်လို့နေသည်။ နံရံပေါ်မှာဆီဆေးပန်းချီကားတစ်ချပ်ချိတ်ထားပြီး ထိုထဲကပုံရိပ်မှာမှုန်ဝါးကာ အတော်လေးအိုဟောင်းနေပုံရသည်။
အထဲကပရိဘောဂများမှာလည်းအိုဟောင်းပြီး ဟောင်းနွမ်းနေလေပြီ။
အလင်းရောင်မှာလည်းခပ်မှိန်မှိန်ပင်။ အခန်းထဲကမီးလုံးများအားလုံးမှာပျက်နေလေသည်။
ကျန်းလျန်လက်ထဲကဓာတ်မီးသာလျှင်ခပ်ဖျော့ဖျော့လင်းနေလေသည်။ သူက စတော်ဘယ်ရီသကြားလုံးထုပ်ကို စားပွဲပေါ်မှာအရင်ဆုံးသေချာတင်လိုက်သည်။
စူးယွီနှင့်လီယာယာကအနောက်ကအနီးကပ်လိုက်သွားပြီး အရုပ်နှင့်စတော်ဘယ်ရီကိတ်ကိုအသီးသီးတင်လိုက်ကြသည်။
ရွှီမော့ရှူးကလက်ဆန့်ပြီးလည်ဆွဲကိုစားပွဲပေါ်ကမီးအိမ်ပေါ်မှာချိတ်လိုက်သည်။
ချူချန်အန်းကအရုပ်သေနတ်ကိုချလိုက်ချိန်မှာ မာစတာအိပ်ခန်းတံခါးကအလိုအလျောက်ပွင့်လာသည်။
ကလေးမလေး၏ချိုသာကာကလေးဆန်သောအသံကအထဲမှထွက်လာသည်။
"အထဲကိုလာပို့ပေး၊ မဟုတ်ရင်ငါနင်တို့ရဲ့မျက်လုံးတွေကိုကလော်ထုတ်ပစ်မှာနော်၊ ဟီးဟီး..."
လူတိုင်း၏အကြည့်ကပွင့်လာသောအိပ်ခန်းတံခါးဘက်လှည့်သွားသည်။
"အား!" စူးယွီ၏မျက်နှာကဖြူစုတ်သွားပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကာ သူမအသက်ကထိုပေါ်မူတည်နေသည့်အလား တံခါးဆီပြေးသွားသည်!
ဒါပေမဲ့သူမမထွက်သွားရသေးခင် တံခါးကဒုန်းခနဲအသံကျယ်ကြီးနှင့်ဆောင့်ပိတ်သွားသည်။
ချူချန်အန်းမော့ကြည့်လိုက်သည်။ အဲ့ဒါကျောင်းကျောင်းအသံပဲ။
သူဘေးကရွှီမော့ရှုးကိုသတိရှိရှိတစ်ချက်ကြည့်လိုက်မိသည်။ ကျောင်းကျောင်းကနှုတ်ဆိတ်နေပြီး သူ့ကိုမသိချင်ယောင်ဆောင်ဖို့ အသံတိတ်ဆုတောင်းလိုက်မိသည်။
သူ့စိတ်ထဲမှာစနစ်နိုတီသံထွက်လာသည်။
[ဂုဏ်ယူပါတယ်၊ သင်ကအဓိကတာဝန်(1)ကို အပြည့်အဝအသက်သွင်းလိုက်ပါပြီ: ကလေးမလေးသေဆုံးရသည့်အကြောင်းအရင်းကိုရှာရန်။]
အရင်တစ်ခေါက်ကသူနှင့်ဇာတ်လိုက်မှာ အဓိကတာဝန်၁ကိုပြီးအောင်မလုပ်နိုင်ခင်သေဆုံးသွားခဲ့သည်။
"နင်တို့အထဲကိုမယူလာရင်ငါထွက်လာပြီနော်!"
ကလေးမလေးကဆိုးသွမ်းစွာရယ်မောလိုက်ပြီး မာစတာအိပ်ခန်းထဲမှကျယ်လောင်သောတဒုန်းဒုန်းအသံများဆက်တိုက်ထွက်လာကာ ဆူညံသံကအတော်လေးကြက်သီးထစရာကောင်းလှသည်။
သေးငယ်သောလုံးဝိုင်းဝိုင်းအရာတစ်ခုက အိပ်ခန်းတံခါးထဲကချော်ထွက်လာသည်။
ကျန်းလျန်မှာဘယ်ဘက်ကတုန်တုန်ရီရီဖြင့်ဓာတ်မီးကိုမြှောက်ပြီး ထိုအရာပေါ်ထိုးကြည့်လိုက်ပြီးမှ ဓာတ်မီးကိုရှော့ခ်ရစွာလွှတ်ချလိုက်မိသည်။
"ဟင်...မျက်...မျက်လုံးကြီး..." လီယာယာကသူမပါးစပ်ကိုအုပ်လိုက်ပြီး သူမကကြမ်းပြင်ပေါ်ကလုံးဝိုင်းဝိုင်းအရာကိုမြင်သွားတော့ သူမမျက်နှာကအံံ့သြမှင်သက်မှုနှင့်ပြည့်သွားလေသည်။
---