အခန်း(၇) နူးညံ့ညင်သာသောအိမ်နီးချင်း။
"လူသစ်အနေနဲ့ စီနီယာချန်အန်းက အဖက်ဖက်မှာ ကျွန်တော့်ထက်သာမှန်း ကျွန်တော်သိပါတယ်။ ကျွန်တော်သူ့ကိုအရမ်းလဲလေးစားပါတယ်။" သူတန့်သွားပြီးမှ ဆက်ပြောလိုက်သည်။
"သူက ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ဆိုလဲဟုတ်ပါတယ်။ လူတိုင်းစိတ်လျှော့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာဝင်ပျော်ပြီးတော့ သ အာလာပသလာပပြောပြီး ဒီအကြောင်းကြောင့်နဲ့ရန်မဖြစ်ကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။"
သူပြန်ရှင်လာတဲ့ပထမဆုံးရက်မှာ သူ့ကိုယ်သူအရင်ချီးကျူးပါရစေအုံး။
ချူချန်အန်း၏အသံက နူးညံ့ကာကြည်လင်ပြီး သူ၏အသံထွက်ကရှင်းလင်းတာမို့ လူတိုင်းမှာနားလေးအေးမြသွားသည်။
အကျိုးသက်ရောက်မှုကလည်းသိသာပြီး ဂယက်ထနေသောစကားဝိုင်းကို လျင်မြန်စွာငြိမ်သက်သွားစေသည်။
ထို့နောက်ချူချန်အန်းက ကောမန့်ထဲက မေးခွန်းအနည်းငယ်ကိုကျပန်းရွေးဖြေလိုက်ပြီး ချောမောစွာအသာအယာပြုံးနေလေတော့ လေထုကို အတိုင်းအတာတစ်ခုထိပြေလျော့သွားစေသည်။
[ဝါးးး၊ ဘာတွေဖြစ်ကုန်တာလဲ။ သူ့အသံတောင် သူနဲ့တူနေတာ QAQ]
[ငါဖန်မဖြစ်လာချင်ပေမဲ့ သူကငါ့ကိုပြုံးပြသွားတယ်!]
[ဇနီးလေးရေ၊ ကိုယ်မင်းရှိနေတဲ့နေရာထဲဝင်လာပြီး မင်းကိုလာခိုးလို့ရလား။]
[ဇနီးလေးရဲ့ခါးက အရမ်းပိန်တာပဲ၊ ဝိုး...]
[သူလေးက အရမ်းချစ်ဖို့ကောင်းတာပဲ အားးးး]
ကောမန့်များက ပိုတိုး၍ပေါ့ပါးလာပြီး ကောမန့်များ၏အရှိန်က တိုးသထက်တိုးလာသည်။ ထိုကောမန့်များရာချီကြားမှာ မသင့်တော်သောကောမန့်တစ်ခုကိုမှမတွေ့ရပေ: မျက်နှာပြင်တစ်ခုလုံးပန်းရောင်များသန်းနေလေသည်။
နောက်တော့ချူချန်အန်း၏လည်ပင်းမှာ ကြည့်ရလွန်းလို့ မသိမသာနီရဲလာပြီး သူကအဖြေပေးဖို့ ဘာမေးခွန်းမှရှာမတွေ့တော့ပေ။
အိပ်ချင်စိတ်ကသူ့ကိုလွှမ်းခြုံလာပြန်သည်။ သို့နှင့် စကားလုံးအနည်းငယ်ပြောပြီးနောက် သူပြုံးကာလက်ဝေ့ရမ်းပြလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုအဆုံးသတ်ရတော့မည်ဖြစ်ကြောင်းဖော်ပြလိုက်သည်။
သူတိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ဂွတ်နိုက်ဟုပြောလိုက်ပြီး အခန်းထဲကလူတိုင်းစတင်ထွက်ခွာသွားပြီးနောက်မှာသာ စနစ်တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကိုပိတ်လိုက်သည်။
လူသစ်တစ်ယောက်၏ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သော်လည်း သူကနာရီဝက်အတွင်းမှာ ရွှေဒဂ်ါး၂၀၀၀ကျော်ရလိုက်ပြီး လူသစ်အဆင့်သတ်မှတ်ချက်၏ထိပ်ဆုံးအယောက်၃၀ထဲလျင်မြန်စွာဝင်ရောက်သွားသည်။
ရွှေဒဂ်ါးများကို အမျိုးမျိုးသုံးလို့ရသည်။
၎င်းတို့ကို စနစ်ဆေးဝါးများ၊ အမျိုးမျိုးသောစနစ်ပစ္စည်းများနှင့်ဇာတ်ကြောင်းသဲလွန်စများအတွက် လဲလှယ်ဖို့သုံးလို့ရသည်။
ဇာတ်ကြောင်းသဲလွန်စများက စျေးအကြီးဆုံးဖြစ်ပြီး ဇာတ်ကြောင်းသဲလွန်စတစ်ခုအတွက် ရွှေဒဂ်ါး၃၈၈၈ပြားကျသင့်လေသည်။
စနစ်ကိရိယာကို စစ်ဆေးကာ ပိတ်ချလိုက်ပြီးနောက် သူကကုလားထိုင်ထဲမှာလျှောထိုင်လိုက်ပြီး သူ့မျက်ဝန်းများကမိန်းမောနေကာ အိပ်ငိုက်စပြုလာသည်။
စနစ်001၏အသံက သူ့နားထဲမှာ ခပ်ဖွဖွထွက်လာသည်။
[မင်းရဲ့ဂိမ်းကမ္ဘာရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ပြီးအောင်မလုပ်ရသေးဘူးနော်~]
ချူချန်အန်းသက်ပြင်းချလိုက်မိပြီး သူ့မျက်လုံးကိုမှေးစင်းကာ ခါးကိုင်းကာ သူ့လက်ဆွဲအိတ်ကိုမွှေနှောက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိရိယာကို ရှာလိုက်သည်။
ချူချန်အန်းမှာ သူ့ကွန်ပျူတာကိုတပ်ဆင်ရင်း အချိန်အနည်းငယ်ကုန်သွားသည်။ သူကသူ့လက်ဆွဲအိတ်၏အခြားတစ်ဖက်ကိုဖွင့်လိုက်တော့ အခြားအရာတစ်ခုကိုတွေ့လိုက်ရသည်။
၎င်းမှာ ပန်းရောင်ကြောင်နားရွက်နားကြပ်ဖြစ်သည်...
ဒါက ချူချန်အန်းကို မှင်သက်သွားစေသည်။
သူဆောင့်ကြောင့်ထိုင်ပြီး စက္ကန့်အနည်းငယ်ကြာစူးစမ်းကြည့်လိုက်မိပေမဲ့ အိပ်ချင်စိတ်ကသူ့ကိုလွှမ်းခြုံနေလေပြီ။ သူလုပ်ချင်တာက အမြန်အလုပ်လုပ်ပြီး အိပ်ဖို့ဖြစ်သည်။
ချူချန်အန်းစားပွဲပေါ်ကမှန်ကိုကြည့်လိုက်သည်။ မှန်ထဲမှာ သူကကြောင်နားရွက်နားကြပ်ကိုတပ်ထားသည်။ ပန်းရောင်ကြောင်နားရွက်များမှာ အဖြူရောင်အဖုတ်ကလေးရှိပြီး သူ့အနက်ရောင်ဆံမြိတ်ကိုအုပ်ထားသည်။ သူ့မက်မွန်ပွင့်လွှာမျက်ဝန်းများကမြူဆိုင်းနေပြီး သေးငယ်ကာနူးညံ့သောမျက်နှာလေးမှာ အလွန်ချိုမြိန်ပြီး နူးညံ့ညင်သာပုံပေါက်နေလေသည်။
သူ သူ့ကိုယ်သူအကြိမ်အနည်းငယ်တစ်ချက်တစ်ချက်ကြည့်လိုက်မိသည်။
သူမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။
ထို့နောက်ချပ်ခနဲ သူကမှန်ကိုစားပွဲပေါ်မှောက်ချလိုက်သည်။
ထူးဆန်းလိုက်တာ။
တကယ်ထူးဆန်းတယ်။
သူတိုက်ရိုက်ထုတ်လွှင့်မှုစတင်ချိန်မှာ မနက်၁နာရီကျော်သွားလေပြီ။
ဂိမ်းထဲက ချူချန်အန်း၏မူလအမြှောက်စာဇာတ်ကောင်ဟာ လက်တွေ့ဘဝမှာ အထက်စီးဆန်ပြီး မောက်မာပေမဲ့ အွန်လိုင်းပေါ်မှာတော့ နူးညံ့သိမ်မွေ့ပြီး တွေးပေးတတ်လေသည်။
ထို့ကြောင့် သူက အွန်လိုင်းပေါ်က သူ့ပင်ကိုယ်စရိုက်ကိုဖျက်ဆီးမိသွားမှာကို စိတ်ပူစရာမလိုပေ။
ဂိမ်းကမ္ဘာထဲကကောမန့်များက စနစ်ပလက်ဖောင်းပေါ်ကဟာများနှင့်သိပ်မကွာပေ: အကုန်လုံးက ဇနီးလေးနှင့်ပြည့်နေလေသည်။
သူကနူးညံ့သောအဖြူရောင်ကြောင်ပုံစံခေါင်းအုံးကိုပိုက်ပြီး ကောမန့်များထဲကမေးခွန်းများကိုဖြေပေးနေရင်း အိပ်ငိုက်နေလေသည်။
ရှည်လျားကာထူထဲသောမျက်တောင်မွှေးများက အလင်းထဲမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေသည်။
"အင်း၊ ကျွန်တော်ဒီမှာနှစ်ပတ်လောက်နေဖြစ်မယ်။ ဒါကတကယ်သရဲခြောက်တဲ့အိမ်လားဆိုတာသိရအောင် လူတိုင်းကျွန်တော့်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို နေ့တိုင်းလာကြည့်ရမယ်နော်။"
ချူချန်အန်းမျက်လုံးမှေးစင်းလိုက်ပြီး ကြောင်လေးတစ်ကောင်လိုမျိုးပျင်းရိလို့နေသည်။
"ပြီးတော့ အသစ်လေးတွေလဲ ရှောင်အန်းကိုfollowဖို့မမေ့နဲ့နော်!"
VVတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း:
[အားးးး၊ ငါတော့ကြောင်နားရွက်နဲ့ဇနီးလေးကိုချစ်မိသွားပြီ!!]
[ဇနီးလေးနှုတ်ဆက်တာလေးကချစ်ဖို့ကောင်းလိုက်တာနော်]
[အဲ့မှာအန္တရာယ်များတယ်နော်၊ ဂရုစိုက်အုံး]
ချူချန်အန်းမှာ လျင်မြန်စွာရွေ့လျားနေသည့်ကောမန့်များကိုကြည့်ပြီး အလေးအနက်ပြန်ဖြေလိုက်သည်။
ရုတ်တရက်ထူးဆန်းသောကောမန့်တစ်ခုက ကောမန့်များထဲမှာ စက္ကန့်အနည်းငယ်မျှရှိလို့နေသည်။ ၎င်းမှာကြယ်ရော၊ အလင်းချောင်းရောမရှိသည့် သာမန်အသုံးပြုသူမှပေးလာခြင်းဖြစ်သည်။
[အဲ့မှာနေတဲ့သူတွေကထူးဆန်းလား?]
"လုံးဝမထူးဆန်းဘူးရယ်။"
ချူချန်အန်းဖျစ်ညှစ်ပြုံးကာ ပြောလိုက်သည်။ သူက နူးညံ့သောပင်ကိုယ်စရိုက်ကိုထိန်းသိမ်းဖို့ အကောင်းဆုံးကြိုးစားလိုက်သည်။ "သရဲခြောက်တဲ့အိမ်တွေမှာနေတဲ့သူတွေကို တစ်ဖက်သတ်အမြင်နဲ့မကြည့်ကြပါနဲ့နော်။ ဒီကအိမ်နီးချင်းတွေအကုန်လုံးက အရမ်းကိုနွေးထွေးပြီး သဘောကောင်းကြပါတယ်။ ကျွန်တော်စရောက်လာတုန်းက သူတို့တွေကျွန်တော့်ကိုအများကြီးကူညီပေးခဲ့သေးတယ်။ ပြီးတော့ သူတို့ကဒီမှာ အကြောင်းကြောင်းကြောင့်နေနေရတာ။ လူတိုင်းကပုံမှန် သာမန်လူတွေပါပဲ။"
ချူချန်အန်းနှစ်စက္ကန့်မျှတွေးကာ ဆင်ခြေဆက်ပေးလိုက်သည်။
"ကျွန်တော်ဒီလိုမျိုးအိမ်နီးချင်းကောင်းတွေနဲ့တွေ့ဆုံရတာအရမ်းကံကောင်းတယ်ရယ်။"
ချူချန်အန်းပြောပြီးနောက် သဘောတူပြီး ချီးကျူးသောကောမန့်များက ကောမန့်အပိုင်းထဲမှာလွှမ်းတက်လာသည်။
ဒါကိုမြင်တော့ချူချန်အန်းမလုံမလဲဖြစ်သွားမိသည်။
ပြီးတော့ ကြယ်ရော အလင်းချောင်းရောမရှိသည့်သာမန်အသုံးပြုသူက စက္ကန့်အနည်းငယ်မျှတိတ်ကျသွားပြီးနောက် ရုတ်တရက်သဘော်အစင်း20ပေးလာပြီး စာသားတစ်ခုကတွဲလျက်ပါလာသည်။ [ပြောသွားတာကောင်းတယ်။]
သဘော်တစ်စင်းက 999ရူပီးကျသင့်ပြီး တစ်ဖက်လူက ဒီတိုင်းအစင်း၂၀ပေးလာလေသည်။
ချူချန်အန်းမှာ တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်ပေါ်က အဆက်မပြတ်ရွေ့လျားနေသည့်သဘော်များကို စိုက်ကြည့်ပြီး အံ့သြလွန်းလို့ သူပိုက်ထားသည့်ကြောင်ရုပ်ခေါင်းအုံးလေးပင်လွတ်ကျသွားသည်။
မုသားစကားနှစ်ခွန်းက သူ့ကို သူစိမ်းတစ်ယောက်ဆီက ရူပီး၂သောင်းတန်လက်ဆောင်ရရှိသွားစေခဲ့သည်။
"ကျေးဇူး...သဘော်ပေးတဲ့ အသုံးပြုသူမိတ်ဆွေ4532155ကို ကျေးဇူးတင်ပါတယ်။"
ချူချန်အန်းမှာတိုက်ရိုက်ထုတ်လွှင့်မှုဆက်လုပ်ဖို့အစီအစဥ်မရှိပေ။ အိပ်ချိန်ရောက်ပြီမှန်းမြင်လိုက်ရတော့ သူအလျင်စလိုနှုတ်ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုပိတ်လိုက်သည်။
သူပန်းရောင်နားကြပ်များကိုချွတ်ကာ ပျင်းရိစွာသမ်းဝေလိုက်ပြီး သူ့မျက်ဝန်းထောင့်များကနီရဲလို့နေသည်။
သူထိုသူစိမ်း၏စကားများကို သေချာစဥ်းစားကြည့်လိုက်ပြီး ခေါင်းခါလိုက်မိသည်။
ထားလိုက်တော့။
အဲ့ဘောစိက ဒီညအပျော်ရှာနေရုံပဲနေမှာ။
အဲ့ဒါကသေချာပေါက် သူ့စကားကြောင့်မဟုတ်ဘူး!
သူဆံပင်ကိုသပ်ပြီး လှဲချလိုက်သည်။
ညကျတော့ မီးဖိုချောင်ကရေပိုက်ခေါင်းက အဆက်မပြတ်ရေကျနေတာကို သူတဝိုးတဝါးကြားလိုက်ရသည်။ လီယာယာ ဒါမှမဟုတ်ရင် စူးယွီက ပိတ်ဖို့မေ့သွားတာနေမယ်။
သူအိပ်ချင်လွန်းလို့ သူ့စိတ်ကမိန်းမောနေတာမို့ သူဘေးစောင်းကာဆက်အိပ်လိုက်သည်။
ရေကျသံက တံခါးအပြင်မှဆက်တိုက်ထွက်လာနေပြီး စားပွဲနှင့်ကုလားထိုင်များ၏ခပ်ဖွဖွတကျွီကျွီမြည်သံပါပါလာလေသည်။
ကျွိ၊ ကျွိ၊ ကျွိ...
ဆူညံသံကပိုကျယ်လာပြီး ချူချန်အန်း၏အေးချမ်းသောအိပ်စက်မှုကို နှောင့်ယှက်လာပြန်သည်။ ရေပိုက်ခေါင်းက ရေလျှံပြီး ကြမ်းပြင်ပေါ်စီးကျနေပုံရသည်။ အေးစက်ကာမည်းမှောင်သောလေကဝေ့တိုက်သွားပြီး ချူချန်အန်းကိုလည်ပင်းကျုံ့သွားစေသည်။
အမည်မသိစူးရှသောအရာဝတ္ထုက ချူချန်အန်း၏လည်ဂုတ်ကိုထိုးလာပြီး ကလေးမလေးတစ်ယောက်၏ကျီစယ်သောတခစ်ခစ်ရယ်သံလည်းထွက်လာသည်။
သူရုတ်တရက်လည်ပင်းယားလာတော့ ကောင်းကောင်းအိပ်လို့မရတော့ပေ။ သူမျက်မှောင်ကြုတ်လိုက်မိပြီး သူ၏ချောမောသောမျက်ခုံးများကစုကြုံ့သွားကာ ခပ်ဖွဖွနှာမှုတ်လိုက်သည်။
အိပ်ချင်မူးတူးနှင့် သူပြန်မရှင်လာသေးဘူးဟု တွေးလိုက်မိသည်။
သူကဒီ[တစ္ဆေအိမ်ရာ]ဂိမ်းကမ္ဘာထဲမှာ သူကြုံတွေ့ခဲ့ရသည့်ပထမဆုံးအကြိမ်ထဲမှာ ပိတ်မိနေတုန်းပင်။
ထိုအစသန်သောကလေးမလေးက ညလယ်ခေါင်ကြီးမှာ ပြဿနာရှာလာပြန်သည်။
သူမက သူ့ကိုထခိုင်းပြီး အရုပ်လုပ်ခိုင်းလေသည်။
"တော်တော့၊ ကျောင်းကျောင်း။"
ချူချန်အန်းလှိမ့်လိုက်ပြီး သူ့အသံက ကူကယ်ရာမဲ့သောနွေးထွေးမှုစွက်လို့နေသည်။
"မဟုတ်လို့ကတော့ မနက်ဖြန်ကျရင် ကိုကိုမီးကို အရုပ်မလုပ်ပေးတော့ဘူးနော်။"
ချူချန်အန်းပြောပြီးသည်နှင့် တံခါးအပြင်ကရေကျသံမှာ ရုတ်ခြည်းရပ်သွားသည်။
တိတ်ဆိတ်မှုက လေထဲမှာ စက္ကန့်ပေါင်းများစွာပြည့်သွားပြီးနောက် စားပွဲနှင့်ကုလားထိုင်များကနဂိုအနေအထားဆီဖြည်းညှင်းစွာပြန်ရွှေ့ခံလိုက်ရပြီး ကြမ်းပြင်ပေါ်မှာသတိထားသောတရွှီးရွှီးအသံများထွက်လို့နေသည်။
နောက်ဆုံးမှာတစ်ဝက်ပွင့်နေသောပြတင်းပေါက်က အသာပိတ်သွားပြီး ချူချန်အန်းကိုတုန်တက်သွားစေသည့်အေးစက်သောလေထုကို ဖြတ်တောက်ပစ်လိုက်၏။
စောင်ကအသာဆွဲတင်ခံလိုက်ရပြီး ချူချန်အန်း၏လည်ပင်းကိုအုပ်ပေးကာ သူ့ကိုဖိထားသည့်ခေါက်ရိုးများပင် ဖော်ပြမရအောင်ချောမွတ်သွားလေသည်။
ချူချန်အန်းမှာဘာမှမသိဘဲ ပြန်အိပ်ပျော်သွားသည်။
မနက်။
၇နာရီမှာအလန်းမြည်လာသည်။
သူမျက်လုံးမှေးစင်းကာ ထပြီး သွားတိုက်လိုက်သည်။
မတ်နှင့်ဧပရယ်ကရာသီဥတုမှာထူးဆန်းလှသည်။ သူကညဘက်မှာချမ်းတုန်နေသည့်တိုင် နေ့ခင်းဘက်မှာတော့ စွပ်ကျယ်နှင့်နေရင်တောင် ချွေးပြန်နေလေသည်။
သူက အဖြူရောင်စွပ်ကျယ်ဝတ်ထားပေမဲ့ သူတီရှပ်မဝတ်ထားတာတောင် သည်းမခံနိုင်လောက်အောင်အိုက်စပ်နေပြီး သူ့နှင်းဖြူရောင်အသားအရည်ကပေါ်နေတာမို့ ချူချန်အန်းမှာ ပို၍ပင်ပိန်ပါးပြီး ပိုမိုနူးညံ့ပုံပေါက်သွားသည်။
သူခါးကိုင်းကာမျက်နှာသစ်လိုက်ပြီး မနက်စာအမြန်စားလိုက်သည်။ အမှိုက်ပုံးပြည့်နေမှန်းမြင်လိုက်ရတော့ သူလွှတ်ပစ်ဖို့ ကြွပ်ကြွပ်အိတ်ကိုဆွဲယူလိုက်သည်။
သူကော်ရစ်ဒါဆီရောက်သွားသည်နှင့် အမှိုက်ပုံးဆီဦးတည်သွားနေသည့်ရွှီမော့ရှူးနှင့်ဆုံလေ၏။
ရွှီမော့ရှူးမှာ ရှပ်အဖြူဝတ်ထားပြီး ရွှေရောင်ကိုင်းမျက်မှန်တပ်ထားကာ နက်ရှိုင်းကာနက်မှောင်သောမျက်ဝန်းများက အမြဲတမ်းပြုံးယောင်သန်းလို့နေသည်။
ဒီနေ့ပိုပြီးတော့တောင်ကြာကူလီရုပ်ပေါက်နေသေးတယ်။
ချူချန်အန်းတွေးလိုက်မိသည်။
"အရမ်းစောတယ်နော်၊ အိမ်နီးချင်းအသစ်လေး။" ရွှီမော့ရှူး၏အသံမှာ ကြည်လင်ကာ နူးညံနေပြီး သူ၏ထူးခြားသောယောကျ်ားဆန်ဆန်ညှို့အားက သူချဥ်းကပ်လာရင်း ပိုမိုထင်ရှားလာသည်။
"မင်းလဲအမှိုက်လာပစ်တာလား။"
မနေ့ကလူနှစ်ယောက်သေသွားတယ်။
ရွှီမော့ရှုးကတော့ လွတ်လပ်ပေါ့ပါးတဲ့ကိုယ်နှုတ်အမူအရာကို ထိန်းသိမ်းထားတုန်းပဲ။
ဒီလိုနှာဘူးမျိုးက ဘယ်လိုကြည့်ကြည့်လုံးဝပုံမှန်ပုံမပေါက်ဘူး။
အဲ့လိုပေမဲ့ သူကလူတိုင်းရဲ့ယုံကြည်မှုကိုရထားသေးတယ်။
ချူချန်အန်းသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းမှာ မထူးခြားမခြားနားပင်။ သူက မောက်မာပြီး အထက်စီးဆန်သည့်အမြှောက်စာဇာတ်ကောင်စရိုက်ကို ထိန်းသိမ်းဖို့ဆုံးဖြတ်ထားသည်။ "အင်း။"
သူကလက်ရှိမှာစွပ်ကျယ်ဝတ်ထားတာကိုမေ့ပြီး ပြန်ဖြေလိုက်သည်။
ရွှီမော့ရှုးကချူချန်အန်းအနောက်မှာတိတ်တိတ်လေးရပ်နေတာမို့ ချူချန်အန်း၏ကြွေထည်တမျှဖြူဖွေးသောအသားအရည်နှင့် ခါးသွယ်သွယ်လေးကိုသတိထားမိသည်။
သူကတအားမြန်မြန်လျှောက်နေသောကြောင့် သူ့ကြွပ်ကြွပ်အိတ်အမည်းထဲက ပလက်စတစ်ပုလင်းကပြုတ်ကျသွားတော့ သူကခါးကိုင်းပြီးကောက်လိုက်သည်။ သူခါးကိုင်းလိုက်တော့ လျော့တိလျော့ရဲစွပ်ကျယ်၏လက်ပေါက်များမှာ အကျယ်ကြီးဟသွားသည်။
ရွှီမော့ရှူးမှာ ပန်းရောင်ဖျော့ဖျော့လေးသန်းနေသည့် မက်မွန်ပွင့်လွှာသေးသေးလေးကို သေချာမြင်လိုက်ရသည်။
ချူချန်အန်းကအမှိုက်ပစ်လို့ပစ်သွားပြီး သူ့ဘက်လှည့်ကာကော်ရစ်ဒါဆီလျှောက်တာကိုကြည့်ရင်း ရွှီမော့ရှူး၏မျက်ဝန်းများကမည်းမှောင်လို့နေသည်။
ရေစက်များက သူ့ဆံပင်အဖျားများမှာတွဲလောင်းခိုနေပြီး လျှောကျကာ ချူချန်အန်း၏နူးညံ့သောညှပ်ရိုးပေါ်ကျသွားသည်။
ချူချန်အန်းမှာ ရွှီမော့ရှုးကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး ဒီနှာဘူးကိုဖြတ်လျှောက်သွားဖို့ကြံရွယ်လိုက်သည်။
မထင်မှတ်ဘဲ သူရွှီမော့ရွှီးကိုဖြတ်လျှောက်သွားဖို့ပြင်နေရုံသာရှိသေး၊ သူကအနောက်မှနေ၍ လက်မောင်းကိုအဆွဲခံလိုက်ရသည်။
ရွှီမော့ရှူး၏အမှိုက်အိတ်ထဲက ဆိုးဝါးသောဆေးနံ့ထွက်လာပြီး ၎င်းမှာချူချန်အန်းအရင်ကရှူမိခဲ့သည့်စူးရှသောအနံ့ဖြစ်လေ၏။
ရွှီမော့ရှူးက မှုခင်းဆေးဆရာဝန်ဖြစ်ရုံတင်မက XXဆေးဝါးဖြန့်ချိရေးကုမ္ပဏီ၏ဆက်ခံသူဖြစ်ကြောင်း ချူချန်အန်းတစ်ယောက်သာသိထားသည်။
ပိုင်ဆိုင်မှုက ၁ဝသန်းကျော်ရှိသော်လည်း သူက၇ထပ်က စုတ်ပျက်နေသောတိုက်ခန်းလေးထဲမှာလာနေနေသေးသည်။
ချူချန်အန်းမှတ်မိသလောက်ကတော့ ရွှီမော့ရှူးသူ့ကို တိုက်ခန်း701ထဲမှာ ပထမဆုံးကြိုးတုပ်ထားတုန်းက အမှောင်ထဲမှာဖြစ်ပြီး သူဟာ ရွှီမော့ရှူး၏ရူးသွပ်သောလုပ်ရပ်များနှင့်နေသားမကျဖြစ်ခဲ့သည်။
အဲ့တော့သူမကြာခဏအဖျားဝင်ခဲ့သည်။
သူဖျားနေချိန်မှာ သူကအန်ချင်ပြီး ဘာမှမစားနိုင်တာမို့ ဆေးသောက်ဖို့ငြင်းခဲ့သည်။
အဆုံးသတ်မှာရွှီမော့ရှုးက ဆေးကို အအေးထဲရောထည့်ကာ သူ့ကိုနူးညံ့သောစကားလုံးများနှင့်ချော့တတ်ပြီး ချော့တလှည့်ခြောက်တလှည့်နှင့် သူ့ကို ဆေးတစ်ဇွန်းပြီးတစ်ဇွန်းတိုက်တတ်သည်။
ချူချန်အန်းကြွပ်ကြွပ်အိတ်အမည်းကို တစ်ချက်ကြည့်လိုက်မိပြီး သူ့နှလုံးသားမှာအန်ချင်စိတ်နှင့်တစ်ချက်ဆောင့်ခုန်သွားသည်။ သူတည်ငြိမ်အောင်ကြိုးစားထိန်းကာ မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ။"
"စိမ်းကားလှချည်လား။" ရွှီမော့ရှူးကရယ်မောလိုက်ပြီး ချူချန်အန်း၏ဆံပင်ပေါ်ကအဝတ်ကို နောက်တစ်ဖက်နှင့်ပွတ်လိုက်သည်။
"မနေ့ညက မင်းပြောခဲ့တာကို ကိုယ်မှတ်မိပါသေးတယ်၊ အိမ်နီးချင်းအသစ်တွေကအရမ်းသဘောကောင်းကြပါတယ်ဆို။ ဟုတ်တယ်မလား၊ တိုက်ရိုက်ထုတ်လွှင့်သူရှောင်အန်း?"
ချူချန်အန်းမျက်လုံးပြူးသွားကာ သူ့နားရွက်ဖျားများကရုတ်ခြည်းနီရဲသွားသည်။
သူ...
သူက ငါ့တိုက်ရိုက်ထုတ်လွှင့်သူအိုင်ဒီကို ဘယ်လိုသိသွားတာလဲ?!
---