Chapter 11
Viewers 2k

အပိုင်း (၁၁) 

 

မူလတန်းကျောင်းသားဘဝတုန်းကတည်းက ယဲ့ကျိုး၏ အကြီးဆုံး အိမ်မက်မှာ ကျောင်းရှေ့ ကုန်စုံဆိုင်လေးထဲမှာ အမြဲတမ်း နေထိုင်ရရန် ဖြစ်၏။ ဆိုင်ရှင်၏ သားသမီး မဖြစ်ခဲ့ရတာကိုပင် နောင်တရမိခဲ့သည်။ အကယ်၍ သူသာ ဆိုင်ပိုင်ရှင်၏ ကလေးဖြစ်ခဲ့မည်ဆိုလျှင် ထိုနေရာတွင် တကယ်နေထိုင်ခွင့်ရမည် မဟုတ်ပါလား။ 

 

ထိုအရွယ်လေးက သူ၏နောင်တကို မိဘများအား ပွင့်ပွင့်လင်းလင်း ပြောပြဖူးသည်။ 

 

ထိုအခါတွင် မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့က သူ့ကို တစ်ယောက်တစ်လှည့်စီ ဝိုင်းရိုက်ကြ၏။ ဖခင်ဖြစ်သူက ဦးဆောင်၍၊ မိခင်ဖြစ်သူကတော့ ဆီနှင့်ရှာလကာရည်များ ပက်ဖြန်းပေးသည်။ 

 

အသက်နည်းနည်းကြီးလာတော့ ကုန်စုံဆိုင်လေးက သိပ်အရေးမပါကြောင်း သူသိရှိလာ၏။ အခွင့်အရေးသာရမည်ဆိုလျှင် စူပါမားကတ်များတွင် နေထိုင်ရသည်က ပိုကောင်းမည်ဟု သူထင်ခဲ့သည်။ 

 

အထက်တန်းကျောင်းမှ ဘွဲ့ရခဲ့သည့်အချိန်တွင် ယဲ့ကျိုးက သူ့၏ အနာဂတ်အလုပ်အကိုင်ကို အပြီးသတ် ဆုံးဖြတ်ပြီး ဖြစ်သည်။ ၎င်းကတော့ — စူပါမားကတ်တစ်ခု ဖွင့်ရန်ပင်။ 

 

ဤအိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ယဲ့ကျိုးတစ်ယောက် တက္ကသိုလ်ပညာသင်ယူနေစဉ်ကာလ တစ်လျှောက်လုံးတွင် အချိန်ပိုင်းအလုပ်များကိုသာ လုပ်ကိုင်နေခဲ့သည်။ ပိုက်ဆံအများဆုံးရသည့် မည်သည့်အလုပ်မဆို သူလုပ်ကိုင်ခဲ့၏။ ပူပြင်းသည့် ၃၀ ဒီဂရီ စင်တီဂရိတ်ကျော် အပူချိန်အောက်တွင် mascot ဝတ်စုံများဖြင့် သရုပ်ဆောင်ရသည့် အလုပ်များကိုပင် သူလုပ်ခဲ့သည်။ 

 

{T/N : mascot - အရုပ်ထဲလူဝင်ပြီး ဖျော်ဖြေပေးရတာကိုပြောတာပါ) 

 

လေးနှစ်တာကာလလုံး အားသွန်ခွန်စိုက် ကြိုးစားပြီးနောက် ဘွဲ့ရသည့်အချိန်၌ သူ၏အိပ်မက်ကို နောက်ဆုံးတွင် အကောင်အထည်ဖော်နိုင်ခဲ့၏။ 

 

သူကိုယ်တိုင် ယွမ်တစ်သိန်း ရင်းနှီးမြှုပ်နှံပြီး၊ ကျန်ငွေများကိုတော့ သူ့မိသားစုထံမှ ရယူခဲ့သည်။ 

 

ငွေချွေတာရန်အတွက် ယဲ့ကျိုးသည် မြို့လယ်ရှိ စွန့်ပစ်ထားသော ဂိုဒေါင်တစ်ခုကို ရွေးချယ်ခဲ့သည်။ ဂိုဒေါင်က မြို့ဟောင်းရပ်ကွက်ထဲတွင် တည်ရှိပြီး သက်ကြီးရွယ်အိုများနှင့် ကလေးများသာ အများဆုံး နေထိုင်ကြသော်လည်း၊ ဆောက်လုပ်ရေးသမားများက ထိုဧရိယာကို လစ်လျူရှုထားခဲ့ခြင်းကြောင့် စိတ်ထဲ၌ဘတ်ဂျက်ကြောင့် အပြစ်မမြင်မိခဲ့ချေ။ 

 

သူက ဂိုဒေါင်အတွက် ကောင်းမွန်သည့် စျေးနှုန်းတစ်ခုကို ညှိနှိုင်းနိုင်ခဲ့သည်။ သို့သော်လည်း  တစ်ထပ်တည်းရှိသော စူပါမားကတ်တစ်ခုအဖြစ်သာ ပြုပြင်နိုင်ခဲ့၏။ 

 

သို့သော်လည်း ကျယ်ပြန့်သော ဧရိယာကြောင့် နေရာက အလွန်ကျယ်ဝန်းလှသည်။ 

 

ယဲ့ကျိုးတစ်ယောက် သူ့ကိုယ်သူ အမြဲတမ်း ကံကောင်းသည်ဟု ခံစားမိ၏။ သူက ဒုတိယမျိုးဆက် သူဌေးလေး မဟုတ်သော်ငြား သူ့မိသားစုတွင် စုဆောင်းထားသည့် ငွေကြေးအနည်းငယ်တော့ ရှိခဲ့သည်။နာမည်ကြီး 

 

သူ၏မိဘများက စားသောက်ကုန် လုပ်ငန်းငယ်တစ်ခုကို လုပ်ကိုင်ခဲ့ကြသည်။ သူတို့တွင် မြို့ပြင်၌ စက်ရုံတစ်ရုံရှိပြီး  အမှတ်တံဆိပ်အချို့အတွက် ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်ပေးခဲ့ကြသည်။ 

 

ဒီကမ္ဘာသို့သာ ရောက်မလာခဲ့ဘူးဆိုလျှင် ယဲ့ကျိုးမှာ ချောမွေ့အေးချမ်းသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ရမည်ဟု ယုံကြည်ခဲ့၏။ 

 

ယခုအချိန်တွင်တော့ အင်တာနက် ဖွံ့ဖြိုးလာခြင်းကြောင့် စူပါမားကတ်တွင် လူစည်ကားမှု မရှိလျှင်ပင် အွန်လိုင်းမှတစ်ဆင့် ငွေရှာနိုင်ပေလိမ့်မည်။ 

 

ဒါပေမယ့် တကယ်လို့သာ ကမ္ဘာတစ်ခုလုံး လူသူအရိပ်အယောင်တောင် မရှိဘူးဆိုရင်ပေါ့လေ… 

 

ယဲ့ကျိုးတစ်ယောက် ကွန်ပျူတာကိုစိုက်ကြည့်နေခဲ့သည်။ ရိုက်ချိုးပစ်ချင်ခဲ့သည်။ 

 

တစ်ကိုယ်လုံး မခံချင်စိတ်များဖြင့် ပြည့်နှက်နေပြီး ကွန်ပျူတာမျက်နှာပြင်ကို  ဤအချိန်၌ တူတစ်လက်သာ ရှိခဲ့မည်ဆိုလျှင် ဤကွန်ပျူတာကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ချိုးပစ်မည်မှာ အမှန်ပင်။ 

 

ဝယ်-ရောင်းနှင့် ကုန်ပစ္စည်း column များဘေးတွင် နောက်ထပ် column တစ်ခု ထပ်တိုးလာခဲ့၏။ 

 

ဤ column အသစ်ကလည်း ရိုးရှင်းလွယ်ကူပြီး နားလည်ရန် လွယ်ကူလှသည်။ ၎င်းကတော့ "Plane Transfer" ဖြစ်၏။ 

 

ကွန်ပျူတာသည် ဤ column ၏ အကြောင်းအရာများကို ဖော်ပြနေခဲ့သည်။ 

 

["Plane Transfer" 

 

အမြတ်ငွေ: 2456 (လဲလှယ်နိုင်သည့်အပွိုင့်များ: 245) 

 

သွားလိုရာပန်းတိုင်တစ်ခုကို ရွေးချယ်ပါ- 

 

မင်ဇယ်တိုက်ကြီး (0/1) 

 

လောယန်အခြေစိုက်စခန်း (0/1) 

 

မှတ်ချက်: အခြားနေရာများ လော့ခ်ကျနေသည်။ ] 

 

ယဲ့ကျိုးတစ်ယောက် ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။ "Plane Transfer လုပ်တာ ပွိုင့် 100 ပဲ လိုတယ်လို့ မပြောထားဘူးလား?... လူလိမ်ကြီး…" 

 

လော့ခ်ဖွင့်ထားသည့် နေရာနှစ်ခုစလုံးက ပုံမှန်နေရာများ မဟုတ်ချေ။ 

 

ပထမတစ်ခုက စိတ်ကူးယဉ်ဝတ္ထုထဲက နေရာတစ်ခုဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ "အခြေစိုက်စခန်း" ဆိုသော စကားလုံး ပါဝင်နေသောကြောင့် မည်သို့ပင် ကြည့်စေကာမူ သွားရန် ကောင်းသော နေရာမဟုတ်သည်မှာ ထင်ရှားသည်။ 

 

ယဲ့ကျိုးမှာ ဒေါသများကြောင့် နောက်ပြန်လဲကျလုနီးပါးပင်။

 

ဆိုလိုတာက သူ ပွိုင့်တွေ ဆက်ရှာနေရဦးမှာလား? သူ လာခဲ့သော မြို့ကို ပြန်ရောက်ရန် ပွိုင့်မည်မျှ လိုအပ်သည်ကို သူ မသိရှိခဲ့ချေ။ 

 

"ခင်ဗျားတို့က မတရားတဲ့ ကုန်သွယ်မှု လုပ်နေတာပဲ..." ကွန်ပျူတာက ပြန်လည် တုန့်ပြန်မည်၊ မတုန့်ပြန်မည်ကို အရေးမထားဘဲ ယဲ့ကျိုးတစ်ယောက် ဒေါသများကို ဆက်ထုတ်နေခဲ့သည်။ "ငါက အခုတော့ ကျန်းထိုက်ကုန်းလို ဖြစ်နေပြီ... ဘာမှ လုပ်လို့မရတော့ဘူး၊ လာဟက်ဖို့ ထိုင်စောင့်ရုံပဲ ရှိတော့တယ်... ဒီပွိုင့် နှစ်ထောင်ရဖို့ ငါ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲဆိုတာ သိရဲ့လား..." 

 

{T/N : ကျန်းထိုက်ကုန်း = ဘာစီးပွားရေးမှ မလုပ်နိုင်ဘဲ လူတွေ သူ့ဆီလာငြိတာကိုပဲ စောင့်နေရတဲ့ အခြေအနေကို ရောက်နေတယ်} 

 

ယဲ့ကျိုးတစ်ယောက် ဆက်ပြောသည်။ "ဒါတင်မကဘူး... ငါကို ကိုယ်ပိုင် အကာအကွယ်လေး ဘာလေးတောင် ဘာမှ မပေးထားဘူး... အခုက လူနည်းတော့  နတ်မင်းဟန်ဆောင်လို့ရတယ်၊ ဒါပေမယ့် နောက်ပိုင်း လူတွေများလာရင်ရော? ကပ်ဆိုးနဲ့ အငတ်ဘေးတွေ ပြီးသွားရင် ငါကို ထုပ်တမ်းပေါ် ချည်ပြီး မီးရှို့ပစ်ကြမှာ မဟုတ်ဘူးလား..." 

 

သူက ကွန်ပျူတာကို တစ်နာရီနီးပါး ဆဲဆိုခဲ့ပြီး ရေခွက်ထဲသို့ ရေများ ဆက်တိုက်ထည့်ရင်း နောက်ဆုံးတွင်မှ ရပ်တန့်ခဲ့တော့သည်။ 

 

သူ ဆက်မဆဲနိုင်တော့ချေ။ 

 

ယဲ့ကျိုးတစ်ယောက် သူ၏ ရုံးကုလားထိုင်ပေါ်တွင် ပုံ့လျက်သား ကျသွားတော့သည်။ သူ၏စိတ်များမှာလည်း မငြိမ်မသက်ဖြစ်နေ၏။ 

 

သူ ပြန်သွားနိုင်ဖို့ နောက်ထပ် ပိုက်ဆံ ဘယ်လောက် ထပ်ရှာဖို့ လိုလဲ? 

 

ပန်းတိုင် မရေရာခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ 

 

သို့သော်လည်း ယဲ့ကျိုးတစ်ယောက် သူ့စိတ်ထဲက စိုးရိမ်ပူပန်မှုများကို အတင်းအကြပ် နှိပ်ကွပ်လိုက်သည်။ သူက သူ့ကိုယ်သူအားလော့ခ်ဖွင့်နိုင်ခဲ့ခြင်းကြောင့် အားပေးခဲ့ပြီး၊ အခြေအနေကို ဆီလျော်အောင် စဉ်းစားနေခဲ့၏။ 

 

သူသည် ပန်းတိုင်နှစ်ခုကို  "ကွန်ပျူတာ" က သူ့၏လမ်းကို မပိတ်ဆို့ထားသည်မှာ သက်သေပြခဲ့ပြီး ဖြစ်သည်။ သူက ပိုက်ဆံများ ဆက်လက်ရှာဖွေပြီး ပိုများများ ရှာဖွေနိုင်သည်နှင့်အမျှ နောက်ဆုံးတွင် ပြန်သွားနိုင်လိမ့်မည်ပင်။ 

 

ယဲ့ကျိုးက သူ၏ရုံးခန်းမှ ထွက်မသွားခဲ့ချေ။ 

 

သူ မည်သည့်နေရာကိုမှ မသွားလိုခဲ့။ သူ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုခဲ့၏။ 

နေထိုင်ခဲ့သည့် 

 

စူပါမားကတ်အပြင်ဘက်၌ တဲအိမ်များ ဆောက်လုပ်ထားသည်။ ဤတဲများမှာ ကျန့်ကောနှင့် အခြားသူများ  နေရာပင် ဖြစ်၏။ 

 

ထိုတဲများက သူတို့အား ရက်အနည်းငယ်ကြာ နေထိုင်ရန် ခိုလှုံရာနေရာ ဖြစ်လာခဲ့သည်။ စူပါမားကတ်အတွင်းပိုင်းလောက် သက်သောင့်သက်သာ မရှိသော်ငြား သူတို့က ပြန်ပြောရန် မရဲခဲ့ကြချေ။ သူတို့၌ စားစရာနှင့် သောက်စရာများလည်း ရှိသကဲ့သို့၊ နတ်မင်းများ အသုံးပြုသော ပစ္စည်းများကိုပင် ဝယ်ယူနိုင်ခဲ့ကြသည်မို့ ဤသို့သော ကံကောင်းခြင်းမျိုး ရရှိသည်ကို လောဘများ အလွန်အကျွံ တက်ခဲ့လျှင် နတ်မင်းကို စိတ်ဆိုးစေမည်ကို သူတို့သိခဲ့ကြသည်။ 

 

ထို့အပြင် တဲများကလည်း အတော်လေး ကောင်းမွန်နေခဲ့သည်။ တဲများဆောက်လုပ်သည်ကို သူတို့ မြင်တွေ့ခဲ့ရရာ၊ ဤတဲများက သာမန်အိမ်များထက် မညံ့သည်ကို သူတို့သိခဲ့ကြသည်။ အထည်က ချောမွေ့ပြီး အရည်အသွေးမြင့် ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း ထင်ရှားနေသည်။ လေဒဏ်၊ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး အကောင်းတကာ့အကောင်းဆုံး ဆီစိမ်အဝတ်များထက်ပင် ပိုကောင်းနေခဲ့၏! 

 

သို့သော်လည်း… ညဘက်တွင် လေအေးအေးလေးသာ ဝင်လာခဲ့မည်ဆိုလျှင် ပိုကောင်းမည်သာ။ 

 

"လူကြီးမင်းကတော့ အထဲမှာ နေနိုင်တယ်တဲ့ကွာ" ကျောက်အာက မြင်သွားရင်လည်းတဲကို ထိရင်း အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ 

 

ကျန့်ကောက သူ၏ကျောကို ပုတ်လိုက်သည်။ "ဒီလိုမျိုး မလုပ်ကောင်းဘူး။ နတ်မင်းက  မကောင်းဘူး" 

 

ကျောက်အာက နှုတ်ခမ်းကို မသိမသာ စေ့လိုက်သော်လည်း မပြောဘဲ မနေနိုင်ခဲ့ချေ။ "နတ်မင်းက သူ့ကို ပိုကောင်းကောင်း မဆက်ဆံပေးပါဘူး... သူက တီဘီရောဂါ ရှိတော့၊ ကျွန်တော်တို့နဲ့အတူ မနေနိုပြောလိုက်သည်။င်ဘူးပဲ ပြောတာ..." 

 

အခြားညီနောင်တစ်ယောက်က ကြားဖြတ်  "သူ့ရောဂါက သက်သာလာပါ့မလားတောင် မသိဘူး။ မြန်မြန် မသက်သာလာရင် ကျွန်တော်တို့ ဘယ်တော့မှ ထွက်သွားလို့ရမှာလဲ?" 

 

"မင်းက ထွက်သွားချင်တာလား? ကျွန်တော်ကတော့ ဒီမှာ ကြာကြာနေချင်သေးတယ်" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ကျွန်တော်တို့လိုလူတွေကို တပည့်အဖြစ် နတ်မင်းက လက်ခံမှာ မဟုတ်ဘူးဆိုတာကတော့ ဝမ်းနည်းစရာပဲ" 

 

ကျောက်အာက ထပ်လောင်းပြောသည်။ "ဒီလူတွေက ကျွန်တော့်ထက် ပိုကောင်းမယ်လို့တော့ မထင်ဘူး..." 

 

သူသည် နတ်မင်း၏ဂူတွင် အစေခံအဖြစ် အမှုထမ်းနေသော လူများထက် သူက ပိုပြီးသန်မာသည်ဟု ခံစားခဲ့ရသည်။ 

 

"သူတို့ကျ ဘာလို့ နတ်မင်းနဲ့တူတူ တရားကျင့်ကြံလို့ ရတာလဲ?" ကျောက်အာက အသားခြောက်တစ်ဖတ်ကို ကိုက်ရင်း မျက်နှာတစ်ပြင်လုံး ဒေါသများဖြင့် ပြည့်နှက်နေ၏။ 

 

ကျန့်ကောက သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။ "မင်း အတွေးလွန်နေတာ"

 

"စဉ်းစားကြည့်၊ ငါတို့ ဒီမှာ နေရင်၊ တရားကျင့်တယ်လို့တော့ ပြောပေမယ့် အပြင်အလုပ်တွေပဲ လုပ်ရမှာ" ကျန့်ကော၏ မျက်လုံးများက တလက်လက်တောက်ပနေ၏။ "ဒါပေမဲ့ ပြန်ဖို့နည်းလမ်းကို ရှာတွေ့ခဲ့ရင်တော့၊ ဒီဖန်လုံး နည်းနည်းနဲ့ ဘုရင်တွေလို နေလို့ရပြီ..." 

 

တောင်ပိုင်းဒေသက မြောက်ပိုင်းသားများ၏ မျက်လုံးများတွင် ကောင်းမွန်သောနေရာအဖြစ် သတ်မှတ်နိုင်ပေမည်။ 

 

မြေဩဇာကောင်းသော လယ်ယာများ၊ လှပသောရှုခင်းများနှင့် သယံဇာတများ ပေါများသည်။ သို့သော်လည်း ဤအရာများက သူတို့ကဲ့သို့သော ဆင်းရဲသားများနှင့် ဘာမှမဆိုင်ပေ။ 

 

လူချမ်းသာမျိုးရိုးများ၏ သားသမီးများသာ ရှုခင်းများကို ကြည့်ရှုခြင်းနှင့် အပန်းဖြေခြင်းတို့၌ ဇိမ်ခံနိုင်ကြသည်။ သူတို့က အခြားသူများထက် သာလွန်ရန် မွေးဖွားလာကြခြင်းဖြစ်၏။ ကိုယ်တိုင် ငွေတစ်ပြားမှ မရှာနိုင်လျှင်တောင်မှ၊ ပညာရေး သို့မဟုတ် စစ်ရေး၌ အရည်အချင်းမရှိလျှင်ပင် ဘိုးဘွားဘီဘင်တို့၏ စုဆောင်းထားသည့် ပစ္စည်းဥစ္စာများဖြင့် သက်သောင့်သက်သာ နေနိုင်ရှင်သန်ရပ်တည်နိုင်ရန်အတွက်ကြသည်။ 

 

သို့သော်လည်း သူတို့ကတော့ ထိုသို့မဖြစ်နိုင်။ သူတို့က  ကြိုးစားလုပ်ကိုင်ခြင်းနှင့်သာ မွေးဖွားလာခဲ့ကြခြင်း ဖြစ်၏။ 

 

သူတို့သည် တောင်များနှင့် မြစ်များ၏ လှပမှုကို တန်ဖိုးမထားနိုင်ကြသလို၊ မြင့်မားသော တောင်ထိပ်များနှင့် မြစ်များ၌လည်း စိတ်ဝင်စားမှုမရှိကြချေ။ 

 

သူတို့ လိုချင်သည်မှာ ငွေပိုရှာပြီး သက်သောင့်သက်သာ နေထိုင်နိုင်ရန်သာ ဖြစ်၏။ နွေးထွေးသော အဝတ်အစားများ ဝတ်ဆင်ပြီး၊ လုံလောက်သော အစားအစာများ စားနိုင်ရန်နှင့် မိန်းမယူပြီး ကလေးများစွာ ယူရန်သာ ဆန္ဒရှိခဲ့ကြသည်။ 

အလိုကျအတိုင်းသာ 

သူတို့အသက်ကြီးလာသောအခါ၊ သူတို့၏ ကလေးများက ပြုစုစောင့်ရှောက်ပေးကြလိမ့်မည်။ သို့သော်လည်း သူတို့၏ ကလေးများက ဖခင်၊ မိခင်ကို မရိုသေသူများ ဖြစ်နေခဲ့လျှင် သူတို့မှာ ကလေးများ၏  ဖြစ်နေပေလိမ့်မည်။ 

 

ပညာသင်ယူခြင်းနှင့် စာမေးပွဲအောင်မြင်ခြင်းကိစ္စများက သူတို့နှင့် ဝေးကွာပြီး မသက်ဆိုင်သည့်အရာများဖြစ်၏။ အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်ရှိသော သက်ကြီးစာရေးဆရာများပင်လျှင် လမ်းဘေး၌ ဆိုင်ထောင်ပြီး လူများအတွက် စာများ ရေးပေးကာ ဝင်ငွေအနည်းငယ် ရှာဖွေနေသည်ကို သူတို့မြင်ဖူးခဲ့ကြသည်။ ထိုသူများပင်လျှင် ဘဝက သိပ်အဆင်မပြေသည်ကို တွေ့ခဲ့ကြရသည်။ 

 

သူတို့ သေဆုံးသည်အထိ ဆုပ်ကိုင်ထားနိုင်သည့် ငွေသာလျှင် သူတို့အတွက် အရေးကြီးသည်။ 

 

လက်ထဲရှိ ငွေသည် သူတို့၏ အခြေခံအုတ်မြစ်ပင်။ 

 

ကျန့်ကောက အိပ်မက်ဆန်စွာ ပြုံးပြရင်း ပြောလိုက်သည်။ "ငါတို့ ပြန်ရောက်ရင် ဖန်လုံးတွေကို ရောင်းမယ်။ ပြီးရင် ရွာမှာ မြေတွေဝယ်ပြီး အိမ်အကြီးကြီးတစ်လုံး ဆောက်မယ်။ ငါအမေနဲ့ ယောက်ခမ လည်း အဝတ်အထည်တွေ ရက်စရာ မလိုတော့ဘူး။ သူတို့ကို လုပ်ကိုင်ပေးဖို့ အစေခံနည်းနည်း ဝယ်ထားလိုက်မယ်" 

 

သူတို့က အတူတူထိုင်ရင်း ပိုကောင်းသော အနာဂတ်ကို အိပ်မက်မက်နေကြ၏။ 

 

ညရောက်သည့်တိုင်အောင် သူတို့က အိပ်မပျော်နိုင်ခဲ့ကြချေ။ 

 

အခန်းထဲတွင် နေထိုင်နေသော လင်းယိုယွမ်မှာလည်း အိပ်မပျော်နိုင်ခဲ့ချေ။ ဆေးသောက်ပြီးနောက် တစ်နေ့လုံး ကောင်းမွန်နေခဲ့၏။ သူက အစားအသောက် လုံလုံလောက်လောက် စားသောက်ပြီးဖြစ်သောကြောင့် ယခင်ကထက် ပိုအားအင်ပြည့်ဝသည်ဟု ခံစားရ၏။ ယခင်ကဆိုလျှင် ညရောက်သည်နှင့် မအိပ်ဘဲ ငိုက်မျဉ်းနေတတ်သော်လည်း၊ ယနေ့တွင်တော့ လုံးဝ အိပ်မငိုက်ခဲ့ချေ။ 

 

လင်းယိုယွမ်က သူ့လက်ထဲတွင် လက်ဖက်ရည်နွေးနွေးတစ်ခွက်ကို ကိုင်ထားသည်။ လက်ဖက်ရည်နံ့က အခန်းတစ်ခုလုံး သင်းပျံ့နေပြီး၊ သူက တစ်ငုံသောက်လိုက်သည်။ သက်ပြင်းရှိုက်ရင်း စိတ်ထဲက နေလို့ကောင်းသည်ဟု ခံစားမိ၏။ 

 

ဤနေရာက အမှန်တကယ် နတ်ဘုံတစ်ခုဖြစ်၏။ အရာရာတိုင်း ရှိနေပြီး ဘာမှ မလိုအပ်တော့ချေ။ 

 

လင်းယိုယွမ်တစ်ယောက် သာမန်လက်ဖက်ရည်ကို သောက်နေသော်လည်း၊ ပါးစပ်ထဲတွင် ကျန်နေခဲ့သည့် အရသာက ခါးသက်ခြင်းမရှိခဲ့ချေ။ 

 

နတ်မင်းက သူ ကယ်တင်ခဲ့သည့် သာမန်လူများကို ခွဲခြားမထားခဲ့ချေ။ 

 

ထင်ရှားကျော်ကြားသည့် မိသားစုမှ သားတစ်ဦးအနေဖြင့် လင်းယိုယွမ်သည် ကလေးဘဝတည်းက မျက်နှာသာပေးမှုကိုသာ ခံခဲ့ရသည်။ သာမန်လူများနှင့် တန်းတူဆက်ဆံခံရမှုကို သူတစ်ခါမှ မကြုံဖူးခဲ့ချေ။ 

 

သို့သော်လည်း ယခုအခါတွင်၊ ဤနေရာ၌ တန်းတူဆက်ဆံခံရခြင်းက သာမန်ကိစ္စတစ်ခုပင် ဖြစ်သည်ဟု သူခံစားမိသည်။ 

 

နတ်မင်း၏ မျက်လုံးများတွင် သူတို့အားလုံးမှာ သာမန်သေမျိုးများပင် ဖြစ်သည်။ လူတစ်ယောက်က ဘယ်ပုရွက်ဆိတ်ကတော့ ပိုပြီး မြင့်မြတ်လဲဆိုတာကို ဂရုစိုက်နေပါ့မလား? 

 

လင်းယိုယွမ်က သကြားလုံးတစ်လုံးကို စားလိုက်သည်။ သကြားလုံးက ချိုမြိန်သော်လည်း ထူးခြားသည့် အရသာတစ်ခုရှိနေပြီး၊ သူ့ကို စိတ်မသက်မသာ ဖြစ်စေခြင်းမရှိခဲ့ချေ။ 

 

လီရှစ်က ၎င်းသည် လည်ချောင်းငုံဆေးပြားဖြစ်ပြီး၊ စားလျှင် ဆက်တိုက်ချောင်းဆိုးနေမည် မဟုတ်တော့ကြောင်း ပြောခဲ့သည်။ ၎င်းက ကောင်းသောအရာတစ်ခုပင်။

 

လီရှစ်ကိုလည်း မနက်ဖြန် “စူပါမားကတ်” သို့ သွားသောအခါ လည်ချောင်းငုံဆေးပြားများ ပိုမိုယူလာပေးရန် သတိပေးခဲ့သည်။ 

 

သူ့၏ မိဘများနှင့် မောင်နှမများကိုသာ မလွမ်းမိခဲ့လျှင် ဤနေရာမှ ထွက်ခွာလိုမည် မဟုတ်ချေ။ 

 

ဤနေရာရှိ အရာရာတိုင်းက သူ့မျက်လုံးများကို ပွင့်သွားစေခဲ့သည်။ မီးခိုး သို့မဟုတ် မီးမပါဘဲ အလင်းရောင်ကို ထုတ်လွှတ်သည့် မီးအိမ်ဖြစ်စေ၊ ထူးခြားသည့် အဝတ်အစားပုံစံများဖြစ်စေ၊ အမျိုးမျိုးသော အဖိုးတန်ပစ္စည်းများဖြစ်စေ သို့မဟုတ် ဘယ်တော့မှ မကုန်နိုင်သည့် ဆားနှင့်သကြားများဖြစ်စေ၊ ဤအရာများက သေမျိုးလောကတွင် တွေ့ရှိနိုင်သည့် အရာများ မဟုတ်ခဲ့ချေ။ 

 

ဤအရာများအားလုံးက သူ့ကို အံ့အားသင့်စေခဲ့ပြီး၊ ကမ္ဘာ၏ ကျယ်ပြန့်မှုနှင့် လူသားများ၏ အရေးမပါမှုကို သိလာခဲ့၏။ 

 

နတ်မင်းက ကျော်ကြားမှုနှင့် ဂုဏ်သတင်းကို ရှာဖွေသည့် အယောင်ဆောင် နတ်မင်းများထဲမှ တစ်ဦးမဟုတ်ချေ။ သူသည် သာမန်အရာများကိုပင် ပေါ့ပေါ့ပါးပါး ပေးအပ်လိုက်ရုံဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားမှုနှင့် ကံကို ချက်ချင်း ရရှိနိုင်သည်။ သို့သော်လည်း သူက ဤကဲ့သို့သော ဝေးလံခေါင်ဖျားသော တောင်များတွင် နေထိုင်ပြီး လူများကို ဒုက္ခများရန်မှ ကယ်တင်ရန် ရွေးချယ်ခဲ့သည်။ 

 

လင်းယိုယွမ်က သူပြန်ရောက်သောအခါ နတ်မင်း၏ ရုပ်တုကို ထူထောင်ပြီး မနက်နှင့်ညနေတိုင်း ဒူးထောက်၍ ပူဇော်သင့်သည်ဟု ခံစားမိသည်။ 

 

နောက်ဆုံးတွင်... သူ နေထိုင်လို၏။ 

 

ဤနတ်ဘုံကို နဖူးတွေ့၊ ဒူးတွေ့ ကြုံခဲ့ရပြီးနောက်၊ သူက ကမ္ဘာလောကကို စိတ်မဝင်စားတော့သလို၊ တမ်းတခြင်းလည်း မရှိတော့ချေ။ 

 

 

တစ်ညလုံးနီးပါး အိပ်မပျော်ခဲ့ရသော ယဲ့ကျိုးတစ်ယောက် နေမွန်းတည့်သည်အထိ အိပ်ပျော်ခဲ့သည်။ 

 

အဓိကအားဖြင့် စူပါမားကတ်တွင် သူ့ကို နှောင့်ယှက်ရဲသည့် မည်သူမျှ မရှိခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် နှိုးစက်ကိုပါ ဖွင့်ရန် မေ့သွားခဲ့မိသောကြောင့် သဘာဝအလျောက်ပင် နိုးလာခဲ့တော့သည်။ 

 

သူက ခေါက်ဆွဲခြောက်တစ်ထုပ်ကို ယူလိုက်၏။ ခုဏလေးကမှ နိုးလာခဲ့ခြင်းဖြစ်သောကြောင့် ဗိုက်သိပ်မဆာသေးဘဲ တစ်ထုပ်ဆိုလျှင် လုံလောက်နေပြီဖြစ်သည်။ 

 

ဝန်ထမ်းများက ဂိုဒေါင်ထဲတွင် မနက်စာစားနေကြ၏။ 

 

သူတို့သည် ဂိုဒေါင်ကို သူတို့၏ "အိမ်"အဖြစ် ပြောင်းလဲခဲ့ကြရာ အချိန်အတော်အတန်ကြာသွားခဲ့သည်။ 

 

ကြိုးများနှင့် အဝတ်များကို ဆွဲထားခြင်းဖြင့် သူတို့၏ နေထိုင်ရာနေရာများကို ခွဲခြားထားသည်။ သို့သော်လည်း သူတို့က အလွန်နီးနီးကပ်ကပ် နေထိုင်ကြပြီး အဝတ်များကလည်း အသံကို ကောင်းကောင်း မကာနိုင်ခဲ့သောကြောင့် ဤရက်များတွင် ညဘက်၌ ပုံမှန်မဟုတ်သော အသံများမရှိဘဲ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ခဲ့ကြသည်။ 

 

ဂိုဒေါင်ထဲတွင် လူအများစု နေထိုင်ရာနေရာတစ်ခုလည်း ရှိသည်။ ယဲ့ကျိုးက ချောင်အာ၏မိခင်အား ဆိုဖာအဟောင်းများနှင့် စားပွဲ၊ ကုလားထိုင်အချို့ကို ယူလာရန် ပြောခဲ့သည်။ 

 

ယခုတော့ ဂိုဒေါင်က အတော်အသင့်ကြည့်ကောင်းနေပြီး၊ နေထိုင်ရန် စိတ်မသက်မသာ ဖြစ်နေခြင်းမျိုး မရှိတော့ချေ။ 

 

ချောင်အာ၏မိခင်က ဤနေရာရှိ မီးဖိုပေါ်တွင် ချက်ပြုတ်တတ်နေပြီဖြစ်သည်။ သူ(မ)သည် ဟင်းခတ်အမွှေးအကြိုင်များကို သိပ်မသိခဲ့။ သို့သော် အကျင့်တစ်ခုအရ ဆားနှင့် MSG ကိုသာ ဟင်းလျာများတွင် သုံးစွဲရဲခဲ့သည်။ ဆီ သို့မဟုတ် ဆားကို အလွန်အကျွံ သုံးစွဲရန် ဆန္ဒမရှိခဲ့ချေ။ 

 

ထို့ကြောင့် ချက်ပြုတ်ထားသော ဟင်းလျာများ၏ အရသာက အမြဲတမ်း အရသာမရှိခဲ့။ 

 

သို့သော်လည်း ဝန်ထမ်းများက ဂရုမစိုက်ခဲ့သလို၊ တိုင်ကြားရဲခြင်းလည်း မရှိကြချေ။ 

 

ခေါက်ဆွဲခြောက် စားပြီးနောက် ယဲ့ကျိုးက ချောင်အာ၏မိခင်ကို ခေါ်လိုက်သည်။ 

 

“နတ်မင်း ခေါ်တာလား” ချောင်အာ၏မိခင် ရုံးခန်းထဲသို့ ဝင်လာသောအခါ သူ(မ)၏ နှုတ်ခမ်းတစ်ဝိုက်တွင် ဆီများ ကွက်နေသေးသည်။ သူ(မ)၏ မျက်နှာတွင် အပြုံးတစ်ခုရှိနေပြီး သာမန်ကျကျ ကြင်နာသော အဘွားအိုတစ်ဦးနှင့် မခြားနားခဲ့ချေ။ 

 

သို့သော်လည်း အစက သူ(မ) ဖြစ်ခဲ့သည့် ပုံစံနှင့် နှိုင်းယှဉ်ပါက သူ(မ)မှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ 

 

သူ(မ)က ကိုယ့်ကိုယ်ကိုယ် အတော်လေး ဂုဏ်ယူမိ၏။ စူပါမားကတ်ထဲတွင် သူ(မ)ထက် ပိုသန်မာပြီး၊ ပိုအပြောကောင်းကာ ပိုငယ်ရွယ်သည့် လူများရှိနေခဲ့သည်။ 

 

သို့သော်လည်း နတ်မင်းက သူ(မ)ကိုသာ ရွေးချယ်ခဲ့၏! 

 

သူ(မ)သည် ဤမျှလောက် အားရှိသည်ဟု တစ်ခါမှ မခံစားဖူးခဲ့ချေ။ သူ(မ)က နတ်မင်းအတွက် အရာအားလုံးကို ပေးဆပ်လိုသည်။ 

 

သူ(မ) သေလျှင်တောင်မှ ဤနေရာမှ ထွက်ခွာလိုခြင်းမရှိခဲ့ချေ။ တစ်ကြိမ်ထွက်ခွာပြီးသည်နှင့် သူ(မ)မှာ အားနည်းပြီး မည်သည့်အရာကိုမှ မစွမ်းဆောင်နိုင်သော လယ်သမားအမျိုးသမီးတစ်ဦးအဖြစ် ပြန်ရောက်သွားပေလိမ့်မည်။ 

 

သို့သော် ဤနေရာတွင်တော့ သူ(မ)က နတ်မင်း၏မျက်နှာသာပေးမှုကို အခံရဆုံး သေမျိုးဖြစ်၏။ နတ်မင်းသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် မည်သူမျှ သူ(မ)ကို အနိုင်ကျင့်နိုင်မည် မဟုတ်တော့ချေ။

 

ယခင်က သူ(မ)သည် သူ(မ)၏ ခင်ပွန်းနှင့် သားအပေါ်တွင်သာ မှီခိုနေထိုင်ခဲ့ရသည်။ 

 

သို့သော်လည်း ယခုအခါတွင် သူ(မ)သည် ကိုယ့်ခြေထောက်ပေါ် မှီခိုနိုင်နေပြီဖြစ်သည်။ 

 

ယဲ့ကျိုး : "ဒီမနက် လုံခြုံရေးအခန်းထဲကလူ ဝင်လာသေးလား?" 

 

ချောင်အာ၏မိခင်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။ "နတ်မင်း နိုးမလာသေးတော့ အထဲကို မခေါ်ဝံ့ပါဘူး" 

 

ယဲ့ကျိုးက ခေါင်းညိတ်ပြသည်။ "ထမင်းစားပြီးရင် သူ့ကို လွှတ်လိုက်၊ ပြီးတော့ မက်စ်တပ်ခိုင်းဖို့ မမေ့နဲ့" 

 

ချောင်အာ၏မိခင်က လေးလေးနက်နက် ကတိပေးရန် စိတ်အားထက်သန်နေခဲ့၏။ "မမေ့ပါဘူး..." 

 

ထိုလူက သူတို့အထဲတွင် အကောင်းဆုံး ဝတ်စားဆင်ယင်ထားပုံပေါ်၏။ သူ၌ ငွေမရှိခဲ့လျှင်တောင်မှ သူ၏အဝတ်အစားများကို ချွတ်လိုက်လျှင် သူ(မ) ခန့်မှန်းချက်အရ ငွေအများအပြား ရရှိနိုင်လိမ့်မည်ပင်။ 

 

ချောင်အာ၏မိခင်က သူ၌ တန်ဖိုးရှိသည့်အရာများ ပါလာသည်ကို မျှော်လင့်နေခဲ့သည်။ မဟုတ်ပါက သူ(မ)က ငွေမရှိသည့်အတွက် မနာလိုစိတ်ဖြစ်ကာ သူ့ကို ကိုယ်တုံးလုံးချွတ်ပစ်မည်ကို သူ(မ) စိုးရိမ်နေခဲ့သည်။ 

 

စာရေးသူ၏ မှတ်ချက် : 

 

ယဲ့ကျိုး : "လူလိမ်… လူလိမ်ကြီး…" 

 

ကွန်ပျူတာ : "ဘာမှ မသိဘူး၊ ဘာမှ မနားလည်ဘူး၊ ဘာမှ မတုန့်ပြန်ဘူး”