ဝမ်ကျုံး၏ အနမ်းများသည် မြွေနက်လေး၏ ဝမ်းနည်းမှုကို ပျောက်ကင်းစေသည့် ပရဆေးတစ်ပါး သဖွယ် ဖြစ်နေခဲ့သည်။
ဝမ်ကျုံးက မြွေနက်လေးကို တစ်ခါတစ်ရံတွင် နမ်းပေးတတ်သည်။ သူတို့ ခိုအောင်းရာသို့ ရောက်လာသောအခါ ရှက်တတ်သည့် မြွေကလေးသည် မြွေနက်လေးဘဝမှ တောက်ပပြီး ဆွဲဆောင်မှုရှိသည့် မြွေနီလေးအဖြစ် အောင်မြင်စွာ ပြောင်းလဲသွားခဲ့သည်။
၎င်းက ဝမ်ကျုံး၏ ရင်ခွင်တွင်သာ တွယ်ကပ်နေခဲ့ပြီး လက်မောင်းပေါ်မှ လုံးဝ ဆင်းရန် ငြင်းဆန်ခဲ့သည်။ ဝမ်ကျုံး၏ မျက်လုံးများကို ကြည့်ရန်ပင် အရှက်ရနေသော်လည်း၊ ဝမ်ကျုံးက သူ့ကို နမ်းရှိုက်ခြင်းကို ရပ်၍ အခြားအရာများ လုပ်ရန် မျက်လုံးများ ရွှေ့လိုက်သောအခါတွင်မူ သူ့အမြီးနီနီဖြင့် ဝမ်ကျုံး၏ မေးစေ့ကို ချိတ်ကာ မျက်စိတစ်ဖက်မှိတ်၍ ရှက်ရွံစွာ အသိပေးခဲ့လေသည်။
[မြွေလေးကို လျစ်လျူမရှုပါနဲ့နော်~]
[မြွေလေးကို ပိုကြည့်ပေးပါနော်~]
[အမြဲတမ်း နမ်းပေးနိုင်ရင် ပိုကောင်းမှာပဲနော်~]
ဝမ်ကျုံး ညဘက်တွင် ရေအချို့ သောက်လိုက်ပြီး ကျောက်ခုတင်ပေါ်တွင် အနားယူနေသည့် မြွေနက်လေးကို လှိမ့်ချလိုက်သည်။
“မြွေချောလေး၊ ငါက ပွေ့ဖက်ပြီး ထိတွေ့ပေးရင် မင်း ပိုကောင်းလာမယ်နော်၊ ဟုတ်တယ်မလား”
မြွေနက်လေးသည် ၎င်း၏ရှက်သွေးဖြာ၌ ပူနေသည့် ခေါင်းကို ပိုးသားကဲ့သို့ နူးညံ့ပြီး ထူထဲသော အလှလေး၏ ဆံပင်ရှည်ထဲတွင် ဝှက်ထားခဲ့သည်။ ၎င်း၏အမြီးဖျားက အလှလေး၏ ရင်ဘတ်တွင် အသည်းပုံလေးများ ရေးဆွဲနေခဲ့သည်။
“ဒါဆို စကားလေး နည်းနည်း ပြောကြရအောင်၊ ဟုတ်ပြီလား”
ဝမ်ကျုံးက မြွေနက်လေး၏ အမြီးဖျားကို ယူလိုက်ပြီး နမ်းလိုက်သည်။ ထို့နောက် ကြောင်တစ်ကောင်ကို ကိုင်သကဲ့သို့ မြွေနက်လေး၏ အေး၍ ချောမွတ်သော ခန္ဓာကိုယ်ကို အပေါ်မှအောက်သို့ ပွတ်သပ်၍ ပြောဆိုခဲ့သည်။
“ဒီနေ့ကစပြီး မင်း ပျော်နေသရွေ့၊ ကောင်းကောင်းစားပြီး အရင်ကလိုပဲ ရွှင်လန်းနေသရွေ့ ငါ မင်းကို နမ်းမယ်၊ ထိတွေ့ပေးမယ်၊ ပွေ့ဖက်ပေးမယ်၊ ဟုတ်ပြီလား”
မြွေနက်လေးက ခေါင်းစောင်းလိုက်ပြီး လျှာဖျားကို ထုတ်လိုက်သည်။ အလှလေးက အကြောင်းနှင့် အကျိုးဆက်ကို ပြောင်းပြန်လုပ်ထားသည်ဟု ခံစားရသည်။ သူက ဝမ်ကျုံး၏ ဆံပင်ကို သူ့အမြီးဖျားဖြင့် ရစ်ပတ်လိုက်ပြီး ပြုပြင်ပေးရန် ညင်သာစွာ ဆွဲလိုက်သည်။
[အလှလေးက အရင်နမ်းပေး၊ ထိတွေ့ပေး၊ ပွေ့ဖက်ပေးရမယ်၊ အဲ့လိုဆိုမှ မြွေလေးက ပျော်မယ်၊ ကောင်းကောင်းစားနိုင်မယ်၊ ရွှင်လန်းနိုင်မှာနော်~]
ဂူထဲမှ မီးတောက်သည် နွေးထွေးနေပြီး ဘေးတွင် ရပ်နေသော မှန်က ရုတ်တရက် လင်းလာခဲ့သည်။
ညဘက်တွင် မှန်သည် ရုတ်တရက် ထလာခဲ့သည်။
လက်ထဲတွင် ပုဆိန်ကို ကိုင်ဆောင်လျက် ဝမ်ကျုံးသည် မြွေနက်လေးကို သူ့လက်မောင်းထဲသို့ ပွေ့ဖက်လိုက်ပြီး မှန်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ “ဘာဖြစ်တာလဲ?”
မှန်က တုန်ခါသွားပြီး အမည်းနှင့် အဖြူရောင် လေးဖက်သွား နတ်ဆိုးတစ်ကောင် ပေါ်လာခဲ့သည်။
၎င်းသည် အလွန်ကြီးမားပြီး မြွေအသိုက်အပြင်ဘက်ရှိ သစ်ပင်တစ်ပင်ပေါ်တွင် တိမ်မည်းများဖြင့် မတ်တပ်ရပ်နေခဲ့သည်။ ၎င်း၏ ပြင်းထန်သော မျက်လုံးများသည် ထူထပ်သော အရွက်များကြားတွင် ပုန်းအောင်းနေခဲ့သည်…
မြွေနက်လေးသည် မှန်ထဲတွင်ရှိသော လေးဖက်သွားနတ်ဆိုး၏ မကောင်းဆိုးဝါးစိတ်ကို ခံစားရပုံရပြီး သူ့အမြီးဖျားကို အသုံးပြု၍ ဝမ်ကျုံး၏ ခန္ဓာကိုယ်ပေါ်မှ မြွေသားရေကို အလျင်အမြန် ဖွင့်လိုက်ကာ ခုန်ဝင်လိုက်သည်။ ထို့နောက် သူ့ခေါင်းသေးသေးလေးကို ဝမ်ကျုံး၏ လည်ပင်းမှ ထုတ်လိုက်တော့သည်။
သူ၏ သေးငယ်သည့် အစွယ်နှစ်ချောင်းကို ထုတ်ပြလျက် မှန်ထဲရှိ လေးဖက်သွားနတ်ဆိုးကို အော်ဟစ်နေစဉ် သူ့ခေါင်းကိုလည်း အလှလေး၏ လှပသည့် ညှပ်ရိုးပေါ်တွင် ပွတ်တိုက်နေခဲ့သည်။
[အဲ့ဒါ ဘာကြီးလဲ? မြွေလေး ကြောက်တယ်နော်~]
မှောင်မိုက်သောညတွင် ဝမ်ကျုံးသည် ထိုအရာ၏ ခေါင်းပေါ်တွင် ဆိတ်နှင့်တူသော ဦးချိုငယ်လေးများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရပြီး ၎င်း၏ နားရွက်နှစ်ဖက်မှာ ရှည်လျားစွာ တွဲကျနေခဲ့သည်။ သူက ဤအရာသည် သိုးနတ်ဆိုးလားဟု တွေးတောနေစဉ် ၎င်းက ဖြည်းဖြည်းချင်း ကြည်လင်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
“သူ့ကို မမြင်ရတော့ဘူး...” ဝမ်ကျုံးက တိုးတိုးလေး ပြောလိုက်သည်။
မြွေသန္ဓေသားနှင့် မှန်တို့က မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ပေ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
ကျောက်နံရံတွင် ကပ်ထားသော မီးတုတ်က ခေတ္တမျှ မှိတ်တုပ်မှိတ်တုပ် ဖြစ်သွားခဲ့သည်။
ဝမ်ကျုံးက ဂူအပြင်ဘက်မှ မြေပြင်ပေါ်ရှိ မြင်းခွာသံနှင့် ဆင်တူသော “ဒက် ဒက် ဒက်~” ဟူသည့် အသံကို ကြားလိုက်ရပြီး လေတိုက်သံက ပို၍ ပြင်းထန်လာခဲ့သည်။
သိုးနတ်ဆိုးသည် အနီးအနားတွင် ရှိနေခဲ့၏။ သို့သော် ရွှမ်မင်၏ အဆောင်လက်ဖွဲ့က ကာကွယ်ထားသောကြောင့် ၎င်က လျှို့ဝှက်ဂူ၏ တည်ရှိမှုကို သတိမထားမိဘဲ လမ်းကြားထဲတွင်သာ ဆက်၍ ပြေးလွှားနေခဲ့သည်။
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်သွားခဲ့သည်။
ဝမ်ကျုံးက မသေချာသဖြင့် မှန်ကို မေးလိုက်သည်။ “ငါ၊ မင်းနဲ့ မြွေသန္ဓေသားလေးတို့ ပေါင်းပြီးတော့ သူ့ကို အနိုင်ယူနိုင်မလား?”
မှန်က မည်သည်မှ မပြောဘဲ လက်ဖျံတစ်ဖက်စာမျှ ရှည်သည့် ရွှေရောင်ဓားအဖြစ် ပြောင်းလဲကာ ဂူထဲမှ ထွက်သွားခဲ့သည်။
ဝမ်ကျုံးက တုန်ရီနေသော မြွေနက်လေးကို ဘောလုံးတစ်လုံးသဖွယ် သူ့လက်မောင်းထဲတွင် ပွေ့ဖက်လိုက်ပြီး စောင်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ပုဆိန်ကို ကိုင်ဆောင်၍ မှန်နောက်သို့ မတွန့်မဆုတ်ဘဲ လိုက်သွားခဲ့သည်။
သူပေါ်လာသည်နှင့် မှန်နှင့် ရောယှက်နေသော သိုးနတ်ဆိုးသည် သူ့ဆီသို့ အလျင်အမြန် ပြေးလာခဲ့သည်။
ဝမ်ကျုံးက နတ်ဆိုးတစ်ကောင်နှင့် တိုက်ခိုက်ရန် ယုံကြည်မှုမရှိသောကြောင့် သူ့ဗိုက်ထဲသို့ အော်လိုက်သည်။ “ကလေးလေး... သူ့ကို တိုက်လိုက်စမ်း...”
“ဟီး...” ဟူသည့် အသံနှင့်အတူ တံခါးအထက်မှ အနက်ရောင် မီးခိုးငွေ့တစ်ခု ထွက်လာခဲ့သည်။ ထို့နောက် တိုက်ခိုက်လု နီးပါး အောင်မြင်ခဲ့သော သိုးနတ်ဆိုးက မြွေသန္ဓေသား ထုတ်လွှတ်လိုက်သည့် အဖြူရောင်အလင်းရောင်ဖြင့် “ဖတ်...” ဟူသည့်အသံနှင့်အတူ လွင့်စင်သွားခဲ့သည်။
ဝမ်ကျုံး သူ့လက်ထဲမှ ပုဆိန်ကို သိုးနတ်ဆိုး၏ ကိုယ်ခန္ဓာသို့ အလျင်အမြန် ပစ်လိုက်ပြီး မှန်သည်လည်း လျှပ်စီးကဲ့သို့ မြန်ဆန်သောနှုန်းဖြင့် ၎င်း၏ နတ်ဆိုးဗဟိုကို ဖြတ်ထုတ်လိုက်သည်။
ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် အဖွဲ့လိုက်တိုက်ခိုက်မှုဖြစ်ပြီး သူတို့က ကောင်းစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြရာ အလွန်ကောင်းမွန်သော အစပြုခြင်းတစ်ခု ဖြစ်ခဲ့သည်။
မှောင်မိုက်နေသည့်နေရာတွင် ဝမ်ကျုံး၏ ကျောပြင်တစ်ခုလုံး ချွေးများနှင့် စိုစွတ်နေပြီး သူ၏တုန်ရီနေသော ဗိုက်ကို လက်ဖြင့် ထိလိုက်သောအခါ သူ့နှလုံးသားက နွေးထွေးသွားခဲ့သည်။ “ကျေးဇူးတင်ပါတယ် ကလေးလေး၊ အဖေ့ကို ထပ်ပြီး ကာကွယ်ပေးတဲ့အတွက်”
မြွေသန္ဓေသားသည် သူ့ဖခင်ထံမှ ချီးကျူးခံရသောအခါ အလွန်ပျော်ရွှင်ခဲ့ပြီး ဝမ်ကျုံး၏ ဗိုက်ထဲတွင် နွေးထွေးနေခဲ့သည်။ ၎င်းက အသက်ဝင်လာသကဲ့သို့ လူးလိမ့်သွားပြီးနောက် ဝမ်ကျုံး၏ ဗိုက်ကို အလွန်ပြင်းထန်စွာ ကန်လိုက်သည်။
ဝမ်ကျုံးက မြွေသန္ဓေသား၌ ထိုသို့သော ပြင်းထန်သည့် ဇီဝိန်စွမ်းအားများ ရှိနေခြင်းကို ပျော်ရွှင်သော်လည်း သူ့အတွင်းအင်္ဂါများသည် ထိုကောင်လေးကြောင့် ရိုက်ချိုးခံရလိမ့်မည်ဟု ခံစားရသည်။ သူက သူ့လက်ကို ကျောက်နံရံပေါ်တွင် တင်လိုက်ပြီး အနည်းငယ် ဖောင်းနေသော ဗိုက်ကို ပွတ်သပ်လိုက်ကာ ဗိုက်ထဲမှ အသံများအတွက် ညင်သာစွာ မြည်တမ်းခဲ့သည်။ “ကလေးလေးရေ၊ ညင်ညင်သာသာ လုပ်ပါ၊ အဖေက ဒီလိုဆို သက်တောင့်သက်သာမဖြစ်ဘူး”
မြွေသန္ဓေသားသည် ကောင်းမွန်သည့် ကလေးလေးဖြစ်ပြီး ဤစကားကို ကြားပြီးနောက် လှုပ်ရှားမှု ရပ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝမ်ကျုံးက ဖော်ပြ၍မရသော ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုတို့ကို ခံစားခဲ့ရသည်။ ထို့နောက် သူ့ဗိုက်ကို ထိလိုက်ပြီး “လိမ္မာတယ်၊ နောက်မှ အသားနည်းနည်း ပေးမယ်နော်” ဟု ပြောလိုက်သည်။
မြွေသန္ဓေသားသည် ထပ်မံလှုပ်ရှားလာခဲ့ပြီး သူ့ဖခင်ကို ဗိုက်ထဲမှ ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သူ့လက်ဖဝါးကို ပွတ်တိုက်လိုက်ပြီး ခေတ္တမျှ ချွဲနွဲ့ပြီးနောက် ဖြည်းဖြည်းချင်း တည်ငြိမ်သွားခဲ့သည်။
ထို့နောက် ဝမ်ကျုံးက မြွေနက်လေးသည် ၎င်း၏သေခြင်းတရားတွင် မျက်လုံးများ ဖွင့်နေဆဲဖြစ်သော သိုးနတ်ဆိုးထံသို့ လာခဲ့သည်ကို မြင်လိုက်ရသည်။ မြွေနက်လေးသည် သေးငယ်သည့် အစွယ်နှစ်ချောင်းကို ထုတ်ပြပြီး သူ့အမြီးဖြင့် ပြိုင်ဘက်၏ နားရွက်ကြီးများကို ရိုက်လိုက်သည်။ ၎င်းက အလွန် ပြင်းထန်နေခဲ့သည်။
“တော်ပြီ၊ တော်ပြီ၊ တိုက်တာ ရပ်လိုက်တော့၊ မင်း သူ့ကို သေအောင် ရိုက်ခဲ့ပြီးပြီ”
ဝမ်ကျုံးသည် မှန်က ဖြတ်ထုတ်လိုက်သော နတ်ဆိုးဗဟိုကို မြွေနက်လေး၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။ ချီးကျူးပြီး မျိုချရန် ချော့မော့ခဲ့ပြီးနောက် သိုးနတ်ဆိုးကို ယူ၍ လမ်းခွဲနေရာရှိ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ဇောက်ထိုး ချိတ်ထားခဲ့သည်။ သွေးများကို ခံရန် ဇလုံတစ်ခုကို အသုံးပြုပြီး မှန်ကို သွေးထဲတွင် စိမ်ထားခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် သိုးနတ်ဆိုး၏ သွေးများအားလုံး စီးဆင်းသွားသောအခါ သူက ပုဆိန်ဖြင့် ၎င်း၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အပိုင်းများအဖြစ် ဖြတ်တောက်လိုက်သည်။ သိုးပေါင်ကြီးနှစ်ချောင်းနှင့် နံရိုးတစ်ချောင်းကို ခြင်းထဲတွင် ထည့်လိုက်ပြီး မြွေနက်လေးနှင့် မှန်ကို ယူ၍ စားသောက်ရန် မြွေအသိုက်သို့ ထွက်လာခဲ့သည်။
သူက ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ပေါ့ပါးနေပြီး လေကဲ့သို့ အမြန်လျှောက်နိုင်ခဲ့သည်။ လမ်းတွင် အလွန်ချောမွေ့စွာ သွားလာနိုင်ပြီး ကိုယ်ဝန်မဆောင်မီကထက်ပင် ပိုမိုကောင်းမွန်သည့် ကိုယ်ခန္ဓာအခြေအနေရှိနေခဲ့သည်။
မြွေနက်လေးသည် မှန်နှင့်အတူ ခွေယှက်လျက် သူ့အလှလေးနှင့်အတူ ပျော်ရွှင်စွာ လိုက်လာခဲ့သည်။ သို့သော် လမ်းကြားမှ ထွက်လာသောအခါ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားခဲ့သည်။ သူ့အမြီးဖျားကို မြေပြင်ပေါ်တွင် ထောက်ထားလိုက်ပြီး ဝမ်ကျုံး၏ ပုခုံးပေါ်သို့ ခုန်တက်လိုက်သည်။ ရွှမ်မင်၏ ပုံတူပန်းချီရှေ့တွင် ဝမ်ကျုံး၏ နှုတ်ခမ်းများကို ချစ်မြတ်နိုးစွာ လျက်လိုက်ပြီး အလှလေး၏ အင်္ကျီကြားမှ သူ့အမြီးကို လျှို့ဝှက်စွာ ထိုးသွင်းကာ သူ့ပိုင်နက်နယ်မြေအား လျှို့ဝှက်စွာ အမှတ်အသားပြုလိုက်တော့သည်။
မြွေ၏ ခန္ဓာကိုယ်ငယ်လေးတွင် ထိုမျှလောက် ကြီးစိုးလိုသည့် နှလုံးသားရှိနေနိုင်သည်ကို ဝမ်ကျုံး မသိခဲ့ပေ။ မြွေနက်လေးကို ဟိုဟို သည်သည်ပြေးမလွှားရန် ပြောဆိုပြီးနောက် သူက အရိပ်ထဲတွင် မီးမွှေးလိုက်သည်။
မြွေနက်လေးသည် အလှလေးနှင့် ရမ္မက်ပြင်းပြင်း ချစ်ကြိုက်နေသည့် ကာလတွင် ရှိနေခဲ့သည်။ သူက အပြင်ဘက်မှ နေရောင်၊ မြက်ပင်များနှင့် လွတ်လပ်သောလေကို လွမ်းဆွတ်နေခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူက အလှလေး၏ ဘေးတွင်သာ ရှိချင်နေခဲ့သည်။ အလှလေးက သူ့နောက်ကွယ်တွင် ထိုအကျည်းတန်သည့် ပုံတူပန်းချီဆီသို့ ပြန်သွားပြီး သွေးနှော၍ လုံးဝစင်ကြယ်ခြင်းမရှိသော ထိုအကျည်းတန်မြွေဘီလူးကြီးနှင့် အဆက်အသွယ်လုပ်မည်ကို စိုးရိမ်ခဲ့သည်။
“ရေခဲခန်းက အေးတယ်၊ မင်း ဒီမှာပဲ လိမ်လိမ်မာမာနဲ့ ငါ့ကို စောင့်နေနော်”
ဝမ်ကျုံးက ရေခဲခန်းထဲသို့ ပါဝင်ပစ္စည်းများ ယူရန်သွားသောအခါ သူ့နောက်မှ လိုက်လာသည့် မြွေနက်လေးကို မြေအောက်ခန်း၏ ပထမထပ်တွင် ရပ်တန့်စေရန် ပြောဆိုခဲ့သည်။ မြွေနက်လေး သူ့လျှာကို ဆက်တိုက်ထုတ်နေသည်ကို မြင်လိုက်သောအခါ စိတ်ပူပန်လာသဖြင့် သတိပေးလိုက်သည်။
“လျှာကို မထုတ်နဲ့၊ ရေခဲကို မလျက်နဲ့”
အမှန်တကယ်၌ သိလိုစိတ်သည် မြွေကို သတ်သည် ဟူသော စကားအတိုင်း ဖြစ်ခဲ့သည်။
ဝမ်ကျုံး ပြန်ရောက်လာသောအခါ မြွေနက်လေး၏ လျှာသည် ရေခဲပေါ်တွင် ခဲနေခဲ့ပြီး မြွေတစ်ကောင်လုံးမှာ မာကျောသော တုတ်တစ်ချောင်းနှင့် နီးပါးတူနေခဲ့သည်။
“မင်းက တကယ်ကို ဆိုးတယ်နော်...”
ဝမ်ကျုံးက မြွေနက်လေးကို သူ့မျက်စိအောက်မှနေ၍ လုံးဝ ထွက်ခွာခွင့် မပြုနိုင်ခဲ့ချေ။
သူသည် ၎င်း၏ ရိုးသားပြီး သနားစရာကောင်းသော လျှာကို ကယ်တင်ရန် ရေနွေးနွေးကို အလျင်အမြန် အသုံးပြုခဲ့သည်။ ရေခဲပြီး တွဲလောင်းကျနေသော မြွေ၏လျှာနှင့် တစ်ကိုယ်လုံး တုန်ခါနေသည်ကို မြင်လိုက်ရသည်။
မည်သည့်အရာတစ်ခုမှမတွေးဘဲ ၎င်းကို ကော်လာအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် ခေါင်းကို ငုံ့လိုက်ပြီး နှင်းခဲများဖုံးနေသော မြွေ၏လျှာကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်…
လူသားများတွင်သာရှိသော ခန္ဓာကိုယ်အပူချိန်သည် မြွေက တောင့်တသော နူးညံ့သည့် နွေးထွေးမှုကို သယ်ဆောင်လာခဲ့သည်။
မြွေနက်လေး၏ မျက်လုံးများ ကျယ်လာခဲ့သည်။ သူသည် ဝမ်ကျုံး၏ ပုခုံးပေါ်မှ ရွှမ်မင်၏ ပုံတူပန်းချီကို ကြည့်လိုက်သောအခါ အံ့အားသင့်စွာဖြင့် မှန်ကို ပြောလိုက်သည်။
[မှန်ကြီးရေ၊ မှန်ကြီးရေ]
[ငါ့ရဲ့ ပထမဆုံးအနမ်းတော့ ပျောက်သွားပြီ]
ဝမ်ကျုံးကမူ ၎င်းကို အနမ်းအဖြစ် မယူဆခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရွှမ်မင်ကို မြွေနက်လေးပုံစံဖြင့် မြင်နေသောကြောင့် ရိုမန့်တစ်ဆန်သည့်အရာတစ်ခုကို မတွေးနိုင်ခဲ့ပေ။
.
သိုးပေါင်များကို မီးဖိုပေါ်၌ ကင်နေချိန်တွင် မြွေနက်လေးသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး ဝမ်ကျုံး၏ ပေါင်ပေါ်တွင် ရစ်ပတ်ကာ သိုးသားကင်ချောင်းများကို ကူညီပေးနေခဲ့သည်။ တစ်ခါတစ်ရံတွင် သူက ဝမ်ကျုံးကို လျှို့ဝှက်စွာ ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် အသည်းပုံ အနီရောင်ကြီး နှစ်ခု ထွက်လာခဲ့သည်။
မြွေသန္ဓေသားသည်လည်း အခြေအနေအရ လှုပ်ရှားလာခဲ့သည်။
မြွေနက်လေးသည် သူ့လျှာကို ထုတ်လိုက်ပြီး မျက်လုံးများကို အလှလေး၏ အနည်းငယ် ဖောင်းကြွနေသော ဗိုက်ပေါ်တွင် တင်ထားခဲ့ကာ စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။
[မှန်ကြီးရေ၊ မှန်ကြီးရေ]
[အလှလေးရဲ့ဗိုက်က မီးလင်းနေရုံမကဘူး လှုပ်လည်းလှုပ်နေသေးတယ်~]
ဝမ်ကျုံးက ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်သည်ဟု တွေးလိုက်သည်။ သူသည် သက်တောင့်သက်သာမဖြစ်စွာ ခေါင်းကို စောင်းလိုက်ပြီး ဖြစ်နိုင်သမျှ သဘာဝကျစွာဖြင့် ပြောလိုက်သည်။ “…ငါ…ငါ့မှာ ကိုယ်ဝန်ရှိနေတယ်”
မြွေနက်လေး : “???”
ဝမ်ကျုံး : “မင်းက အဖေဖြစ်တော့မှာ၊ ပျော်လား”
မြွေနက်လေး : “…”
[အလှလေးက သူ့ဗိုက်ထဲက ကလေးအတွက် တန်ဖိုးနည်းတဲ့ အဖေကို ရှာချင်နေတာလား?]
[ကောင်းပြီလေ]
မြွေနက်လေးသည် သေးငယ်သည့် အစွယ်နှစ်ချောင်းကို ထုတ်လိုက်ပြီး မျက်ရည်များဖြင့် ရွှမ်မင်၏ ပုံတူပန်းချီရှေ့တွင် ရပ်ကာ မုန်းတီးစွာဖြင့် ပြောလိုက်သည်။
[အကျည်းတန်မြွေကြီး... ခင်ဗျား နိုင်သွားပြီ]
သူက ကျောက်တုံးတစ်တုံးကို သူ့အမြီးဖြင့် လိပ်လိုက်ပြီး ပုံတူပန်းချီကို ရူးသွပ်စွာ ရိုက်ချလိုက်သည်။ သူ့၏ စိတ်ပေါက်ကွဲမှုအလယ်တွင် ဒေါသထွက်သည့် အော်ဟစ်သံတစ်ခုက နောက်မှ ပေါ်ထွက်လာခဲ့သည်။
“မြွေချောလေး... မင်း ဘာလုပ်နေတာလဲ...”
မြွေနက်လေး နောက်သို့ လှည့်ကြည့်လိုက်ရာ ရေကန်၏ အခြားတစ်ဖက်တွင် ရပ်နေသော အလှလေးက သူ့ကို ဒေါသထွက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သူ့အမြီးထဲရှိ ဘောလုံးအရွယ် ကျောက်တုံးကို အပေါ်သို့ ပစ်လိုက်ပြီး သူ့အမြီးဖျားဖြင့် ပြင်းထန်စွာ ရိုက်လိုက်ရာ ပစ်မှတ်ဖြစ်သော ရွှမ်မင်၏ မျက်နှာသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။
သို့သော် သူက ဒေါသကို မထိန်းနိုင်သေးပေ။
မြွေနက်လေး၏ အမြီးဖျားသည် ဓားတစ်ချောင်းကဲ့သို့ ပုံတူပန်းချီကို ဖောက်ထွင်း၍ ဘောင်ကို ရစ်ပတ်လိုက်သည်။ သူ့မြွေကိုယ်သည် တင်းမာသွားခဲ့ပြီး ကျောက်နံရံတွင် မှီထားသော ပုံတူပန်းချီကို ဆွဲထုတ်ရန် သူ့ခွန်အားကို အသုံးပြုလိုက်သည်။ မြွေနက်လေးက အားကို အနည်းငယ် ထပ်ထည့်လိုက်ရာ ဝမ်ကျုံး၏ အချစ်နှင့် အတွေးများအားလုံးကို သယ်ဆောင်ထားသည့် ပုံတူပန်းချီသည် “ဖတ်~” ဟူသောအသံနှင့်အတူ ရေကန်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
ဝမ်ကျုံး၏ နှလုံးခုန်နှုန်း တစ်ချက်ရပ်တန့်သွားကာ တင်းမာစွာ ပြောလိုက်သည်၊ “မင်း ဘယ်လိုလုပ်လိုက်တာလဲ...”
"ဒုတ်…" ဟူသော အသံနှင့်အတူ ရေများပက်စင်သွားပြီး ပုံပျက်နေသော ပုံတူပန်းချီသည် ရေစီးသန်သည့် ရေကန်အောက်ခြေသို့ နစ်မြုပ်သွားခဲ့လေသည်။
ဝမ်ကျုံး၏ နှုတ်ခမ်းများနှင့် သွားများ အနည်းငယ် ဟနေခဲ့သည်။
မြွေနက်လေးက သူ့အမြီးကို မရှိသည့် ခါးတွင် တင်ထားလိုက်ပြီး ဝမ်ကျုံးဘက်သို့ သူ့ခေါင်းသေးသေးလေးကို မာန်မာနနှင့် အောင်နိုင်မှုတို့ဖြင့် မြှောက်ကာ ဝမ်ကျုံးကို စိန်ခေါ်လိုက်သည်။
[ငါ အဲ့အကျည်းတန်မြွေကြီးကို ရေထဲ တွန်းချလိုက်ပြီ...]
[မင်း ဘာလုပ်မှာလဲ?]
[လာပြီး ငါ့ကို ရိုက်ကြည့်လေ~ လာလေ~ လာလေ~]
ခေတ္တအကြာတွင်…
မြွေနက်လေးက သူ့ထံသို့ ဒေါသတကြီး ချီတက်လာသည့် အလှလေးကို မော့ကြည့်လိုက်သောအခါ ရုတ်တရက် သူ့ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက မျက်ရည်များဖြင့် ဝမ်ကျုံးကို ကြည့်လိုက်သည်။ သူ့ခေါင်းအထက်တွင် တိမ်မည်းကြီးတစ်ခု မျောနေခဲ့ပြီး ငိုတော့မတတ် ဖြစ်နေခဲ့သည်။ ၎င်းက ၎င်း၏ သေးငယ်သည့် အစွယ်နှစ်ချောင်းကို ခပ်တင်းတင်း ထုတ်လိုက်ပြီး ဝမ်ကျုံးကို အော်ဟစ်လိုက်သည်။
[မင်း တကယ်ပဲ စိတ်မလျှော့သေးဘူးဆို တိုက်ခိုက်ကြမယ်လေ...]
ဝမ်ကျုံးက မြွေနက်လေး၏ အမြီးကို ကြည့်ပြီး ရိုက်လိုက်သည်။ “မင်း ငါ့ကို ဒေါသမထွတ်တတ်ဘူး ထင်နေတာလား...”
ထိုအချိန်တွင်ပင် ဘေးတွင် ရပ်နေသော မှန်က ဝမ်ကျုံးကို အလျင်အမြန် ရိုက်လိုက်ရာ မြွေသန္ဓေသား၏ အဖြူရောင်အလင်းဖြင့် ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး ပိတ်ဆို့ခံလိုက်ရသည်။
ဝမ်ကျုံးသည် ၎င်းတို့ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းကြောင့် တစ်လှမ်းနောက်သို့ ဆုတ်သွားခဲ့ပြီး သူ့ကျောက ထောင့်ချိုးကျောက်နံရံကို ပြင်းထန်စွာ ထိမိခဲ့သည်။ နာကျင်မှုက ရိုက်ခတ်လာသည့်အခါ မငြိမ်သက်သေးသော ဒေါသကား ပို၍ပင် ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။
သူက ပုဆိန်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သို့သော် အခြားသတိပေးချက်တစ်ခု ထုတ်ပြန်ရန် မတတ်နိုင်မီ သူ့လက်ဖြင့် ရိုက်ခံလိုက်ရသော မြွေနက်လေးသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူ့အမြီးဖြင့် မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် “ဗွမ်း” ဟူသည့်အသံနှင့်အတူ ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည်။ မှန်သည်လည်း သူ့နောက်မှ အနီးကပ် လိုက်သွားခဲ့ပြီး နှစ်ခုစလုံး ပျောက်ကွယ်သွားခဲ့သည်…