ပိုင်ထျန်းရှန်းသည် စိုးရိမ်တကြီး လက်ကိုမြှောက်ကာ ဝမ်ကျုံး၏မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး "မင်းက ဘာကောင်မို့ ငါနဲ့ငါ့အစ်ကို့ကြားကကိစ္စကို ဝင်ပါရတာလဲ..." ဟု ကျယ်လောင်စွာ ဆဲဆိုလိုက်ချေသည်။
ဝမ်ကျုံးကို ပင်လယ်ထဲသို့ တွန်းချခဲ့သော လူသတ်သမားမှာ သူဖြစ်သည်။ သူသည် ဝမ်ကျုံး၏ကံကြမ္မာကို ခိုးယူကာ ကောင်းကင်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်ခဲ့ပြီး ယင်းသည် ဝမ်ကျုံး၏မူလမျိုးနွယ်ကို အကျိုးယုတ်သွားစေခဲ့သည်။
ပိုင်ထျန်းရှန်းသည် ဝမ်ကျုံး အသက်ရှင်နေသေးကြောင်း သိလိုက်ရသည့်အခါ ကြောက်လန့်တုန်လှုပ်သွားခဲ့၏။ ထိုသူက သူ၏အစ်ကိုနှင့် အိမ်ထောင်ဖက်ဖြစ်နေသည်ကို သိလိုက်ရချိန်တွင်မူ ပို၍ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ တစ်ဖက်တွင် ဝမ်ကျုံးကို ရင်ဆိုင်ရမည်ကို မရဲသော်လည်း အခြားတစ်ဖက်တွင်မူ ဝမ်ကျုံးက သူ၏အချစ်ရဆုံးအစ်ကိုကို ခေါ်ဆောင်သွားသည်ဟု ခံစားရသဖြင့် အလွန်ပင် မုန်းတီးနေခဲ့ချေသည်။
ယခုအခါ ဝမ်ကျုံးသည် ရွှမ်မင်၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်သောအခါ ပဋိပက္ခများနှင့် မပျော်ရွှင်မှုများအားလုံးသည် တစ်နေရာတည်းတွင် စုပုံလာခဲ့၏။
ပိုင်ထျန်းရှန်း၏ ရိုက်နှက်မှုက အလွန်လျင်မြန်ပြီး ပြင်းထန်သည်။
ဝမ်ကျုံး၏ပါးစပ်သည် ပေါက်ပြဲသွားပြီး နားအူသံများ ထွက်ပေါ်လာကာ မှန်ပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားခဲ့သည်။ သူ၏ဦးနှောက်သည် 'ပီး' ဟူသော အသံကိုသာ ကြားနေရပြီး မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ။
အကယ်၍ ရွှမ်မင်သည် ညီဖြစ်သူ၏ နတ်ဆိုးစွမ်းအင်ကို အချိန်မီ ပိတ်ဆို့ခဲ့ခြင်း မရှိပါက ပိုင်ထျန်းရှန်း၏ ရိုက်ချက်သည် ဝမ်ကျုံးကို သေစေလိမ့်မည်ဖြစ်သည်။ ၎င်းသည် အနာဂတ်တွင် ပြဿနာများကို ရှောင်ရှားရန်အတွက် ထိုမြွေဖြူက ရည်ရွယ်ခဲ့သည့်အတိုင်းပင်။
သို့သော်လည်း ပိုင်ထျန်းရှန်းသည် အနိုင်ရရှိသွားပြီးနောက် လက်မလျှော့ချေ။ သူသည် ဝမ်ကျုံး၏ဆံပင်ကို ဆွဲကိုင်ကာ ဆဲဆိုလိုက်၏။ "အောက်တန်းစား…"
သူက လက်ကိုမြှောက်၍ ထပ်မံရိုက်တော့မည်ဖြစ်ရာ ရွှမ်မင်သည် သူ၏အမြီးဖြင့် တင်းကျပ်စွာ ပတ်လိုက်ပြီး အော်လိုက်တော့သည်။ "ပိုင်ထျန်းရှန်း… တော်တော့..."
သူ၏အသံသည် ရွှမ်မင်၏အသံထက် ပို၍ပင် ကျယ်လောင်နေခဲ့သည်။ "သူ့အတွက်နဲ့ ကျွန်တော့်ကို အော်တယ်ပေါ့? အစ်ကိုက သူ့အတွက်နဲ့ ကျွန်တော့်ကို တကယ်ကြီး အော်လိုက်တယ်ပေါ့... အစ်ကို၊ ကျွန်တော် ဘယ်လောက်ပဲ ပြဿနာရှာရှာ အစ်ကိုက ကျွန်တော့်ကို အော်တာ ဟစ်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး... ဘယ်တော့မှ စိတ်မဆိုးခဲ့ဖူးဘူး... အစ်ကို... အစ်ကိုတောင် ပြောင်းလဲသွားပြီပဲ... အစ်ကို တကယ် ပြောင်းလဲသွားပြီ... ဒီအောက်တန်းစားက ကျွန်တော်တို့နှစ်ယောက်ကို သွေးခွဲဖြို အစ်ကို့ကို ဖြားယောင်းနေတာ... ကျွန်တော် သူ့ကို ဒီတိုင်းထားမှာ မဟုတ်ဘူး..." ပိုင်ထျန်းရှန်းသည် မြွေလျှာကို ထုတ်၍ သူ၏လက်သည်းများကို ဝမ်ကျုံး၏လည်ပင်းသို့ ချိန်ရွယ်လိုက်သည်။ သူသည် ဝမ်ကျုံးကို သတ်ပစ်ရန်နှင့် အသက်ရှင်လျက် ဝက်အူလှည့်သကဲ့သို့ ခန္ဓာကိုယ်ကို လှည့်ပစ်ရန် ကြိုးစားနေဟန်ပင်။
ထိုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသော သတ်ဖြတ်လိုသည့်အငွေ့အသက်က မှန်ပေါ်သို့ မှီလျောင်းနေသော ဝမ်ကျုံးကို အသက်ရှူရပ်တန့်စေခဲ့ပြီး ယင်းသည် ရွှမ်မင်ကို လုံးဝဒေါသထွက်စေခဲ့ချေသည်။
သူသည် သူ၏ညီဖြစ်သူ၏ မျက်နှာကို သူ၏လက်ဖဝါးဖြင့် ပြန်ရိုက်လိုက်ပြီး မြွေလျှာကို ထုတ်ကာ အေးစက်စက်မျက်နှာဖြင့် ဆူလိုက်သည်။
"ငါက မင်းကို အရင်တုန်းက အရမ်းအလိုလိုက်ခဲ့လို့ ငါပြောတာကို နားမထောင်တော့ဘူးပေါ့လေ။ ငါတို့ မတွေ့ခဲ့တာ နှစ်တစ်ရာရှိပြီ။ မင်း ဘာလို့ ဒီလောက်တောင် ရက်စက်သွားရတာလဲ? နည်းနည်းလေး သဘောထားကွဲတာနဲ့ သတ်ပစ်ဖို့အထိတောင် စဉ်းစားနေပြီ။ ငါ မင်းကို သင်ပေးခဲ့တဲ့ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေကို မေ့ပစ်လိုက်ပြီလား? မင်းဆီကို ဒီလို မကောင်းတဲ့စရိုက်တွေ ဘယ်က ရောက်လာတာလဲ? မင်း သေချာ မကျင့်ကြံဘူးလား? မင်းက အမြဲ ဒေါသထွက်ပြီး လူတွေနဲ့ ရန်ငြိုးဖွဲ့နေတာ။ ဒီအတိုင်းဆိုရင် လမ်းကြောင်းမှန်ကနေ ပိုပိုဝေးသွားရုံပဲ ရှိတော့မယ်။ အဲဒါက မကောင်းတဲ့ဘေးအန္တရာယ်ကို ဖြစ်လာစေလိမ့်မယ်။ အဲဒီအချိန်ကျမှ မင်း ဘာလုပ်မလဲဆိုတာ ငါ ကြည့်လိုက်ဦးမယ်..."
.
ပိုင်ထျန်းရှန်းသည် ထိုရိုက်ချက်ကြောင့် ပါးစပ်နှင့်နှာခေါင်းမှ သွေးများထွက်လာပြီး မည်သို့မျှ ပြန်မပြောနိုင်ခဲ့ချေ။
သူ၏ဆံပင်များက ရှုပ်ပွနေပြီး ခေါင်းက ပခုံးပေါ်တွင် ညင်သာစွာ စောင်းထားသည်။ မျက်ရည်များ တသွင်သွင်ကျနေသော မျက်နှာဖြင့် ရွှမ်မင်ကို မှင်သက်စွာ ကြည့်နေခဲ့သည်။ တစ်ခါမှ မသိခဲ့ဖူးသူတစ်ဦးကို ကြည့်နေသကဲ့သို့ပင်။
ရွှမ်မင်၏လက်ချောင်းများသည် အနည်းငယ် ကွေးညွတ်သွားပြီး မေးရိုးများ တင်းမာနေခဲ့၏။ သူသည် နောင်တရနေခဲ့ဟန်တူသည်။
"ပ…" ဟူသော ပြတ်သားသောအသံဖြင့် ပိုင်ထျန်းရှန်းသည် မျက်နှာကို ထပ်မံ၍ ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။
တိတ်တဆိတ်တိုက်ခိုက်မှုတွင် အောင်မြင်သွားသော ဝမ်ကျုံးက သူတို့နှစ်ယောက်တုံ့ပြန်ရန်မအားမီတွင် ပိုင်ထျန်းရှန်း၏နဖူးပေါ်ရှိ ဆံပင်များကို မြက်နုတ်သကဲ့သို့ ပြင်းထန်စွာ ဆွဲနုတ်တော့၏။
ထိုမျှသာမကသေးပေ။
မည်သည့်ဆုံးရှုံးမှုကိုမျှ မလိုချင်သော ဝမ်ကျုံးက မှန်ကို ပိုင်ထျန်းရှန်းထံသို့ ယူလာပြီး အလွန်ခါးသီးစွာ ပြောလိုက်သည်။ "ခင်ဗျား ဘယ်လောက်ရုပ်ဆိုးနေလဲဆိုတာ ကိုယ့်ဘာသာမှန်ထဲပြန်ကြည့်ဦး၊ နောက်ဆိုရင် ခင်ဗျားကိုယ်ခင်ဗျား ထျန်းရှန်းလို့ မခေါ်နဲ့၊ ရုပ်ဆိုးကြီးလို့ နာမည်ပြောင်းလိုက်တော့"
တစ်ဆက်တည်းဆိုသလို ပိုင်ထျန်းရှန်းသည်လည်း သူ့အစ်ကိုနည်းတူ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသော မြွေတစ်ကောင်ဖြစ်လေ၏။ သူတို့နှစ်ယောက်စလုံးသည် ခေါင်းကို ဖြတ်နိုင်သည်၊ သွေးထွက်နိုင်သည်၊ သို့သော် သူတို့၏ ဆံပင်ပုံစံကိုတော့ ဖျက်စီး၍မရပေ။
ပိုင်ထျန်းရှန်းက မှန်ထဲတွင် သူ၏ပုံရိပ်ကို ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။ "အာ့ အာ့... အစ်ကို~... အစ်ကို သူ့ကို မြန်မြန်သတ်လိုက်ပါတော့..."
ရွှမ်မင် မပြောနိုင်မီတွင် ဝမ်ကျုံးက သူ့လက်ထဲမှ ဆံပင်များကို ရွှမ်မင်ထံသို့ ပစ်လိုက်ပြီး "ကျွန်တော်သိပါတယ်၊ ခင်ဗျားက သူ့ကို အရမ်းချစ်တယ်ဆိုတာ။ ဒါပေမဲ့ ကျွန်တော်ကလည်း ကျွန်တော့်မိသားစုအတွက် အဖိုးတန်ရတနာပဲဆိုတာကို ခင်ဗျား နားလည်ပေးပါဦး။ ကျွန်တော် ဘယ်လိုဆုံးရှုံးမှုကိုမှ မခံနိုင်ဘူး။ ပြီးတော့ အရင်ရန်စတာ ခင်ဗျားတို့နော်။ ကျွန်တော်က ခင်ဗျားတို့သုံးတဲ့နည်းအတိုင်းပဲ ပြန်သုံးလိုက်တာ။ ကျွန်တော် အခွင့်အရေးယူပြီး လုပ်ခဲ့တာ မဟုတ်ဘူး"
ရွှမ်မင်က မျက်မှောင်ကြုတ်လိုက်ပြီး အသက်ရှူကျပ်အောင် ငိုနေသည့် သူ၏ညီငယ်ကို လက်ညှိုးထိုးကာ အေးစက်စက်အသံဖြင့် မေးလိုက်သည်။ "အဲဒါဆို မင်း ဘာလို့ သူ့ဆံပင်တွေကို အခုမှ ဆွဲနုတ်လိုက်တာလဲ?"
"ဆိုတော့? ကျွန်တော် သူ့ဆံပင်ကို ဆွဲနုတ်တယ်? ကျွန်တော် သူ့ဆံပင်ကို ဆွဲနုတ်တယ်လို့ ခင်ဗျား မြင်လိုက်လို့လား?" ဝမ်ကျုံးသည် ပိုင်ထျန်းရှန်း၏ နားထင်မှ ဆံပင်တစ်ချောင်းကို ဆွဲထုတ်ရင်း ပြောလိုက်သည်။ "အခုတော့ အကုန် ဆွဲနုတ်ပစ်လိုက်ပြီ... ဘယ်လိုလဲ?"
ပိုင်ထျန်းရှန်းသည် ညည်းတွားလိုက်ပြီး မျက်ရည်များကျကာ ရွှမ်မင်ကို အလျင်စလို ခေါ်လိုက်သည်။ "အူး~ အစ်ကို~ သူ့ကို ကြည့်ပါဦး~"
ယခုအခါ ရွှမ်မင်သည် မျက်မှောင်ကြုတ်လာပြီး "ဟုတ်ပါပြီ အလွန်အကျွံတော့ မလုပ်နဲ့"
ပိုင်ထျန်းရှန်း: "ဝူးးးးး~ အစ်ကို ကျွန်တော့်ကို ချစ်နေတုန်းဆိုတာ သိပါတယ်နော်~"
"ငိုနေတုန်းပဲလား?" ဝမ်ကျုံးက ပိုင်ထျန်းရှန်း၏ နောက်တစ်ဖက်ရှိ ဆံပင်ကို ဆွဲနုတ်လိုက်သည်။
ပိုင်ထျန်းရှန်း: "ဝါးး~ အစ်ကို~"
ရွှမ်မင်သည် အနည်းငယ် ဒေါသထွက်လာပြီး "သူ့ဆံပင်ကို ဆွဲနုတ်တာ ရပ်လို့မရဘူးလား? အခု ဘယ်လောက်တောင် ရုပ်ဆိုးနေလဲ ကြည့်ပါဦး? နည်းနည်းလောက် သဘောထားကြီးကြီးထားပြီး ဆံပင်ကို နောက်ကနေ နုတ်လိုက်လို့ မရဘူးလား?"
ပိုင်ထျန်းရှန်း: "အူး? အူး? အူး?"
"ကောင်းပြီလေ" ဝမ်ကျုံးသည် ပိုင်ထျန်းရှန်း၏ခေါင်းနောက်ဖက်ရှိ ဆံပင်ကို ဆွဲနုတ်လိုက်ပြီး "ခင်ဗျားဆန္ဒအတိုင်းပဲပေါ့" ဟု ပြောကာ ရွှမ်မင်ထံသို့ ပစ်လိုက်သည်။
ပိုင်ထျန်းရှန်း: "အူး~ အူး~ အစ်ကို~ အစ်ကိုရယ်~ တော်ပါတော့၊ တော်ပါတော့၊ အူးးးး~ ကျွန်တော် အရမ်းကြောက်နေပြီ~”
ရွှမ်မင်သည် ကျယ်လောင်စွာ "ကျစ်" ဟူသော အသံကို ပြုလုပ်လိုက်ပြီး သူ၏အိမ်ထောင်ဖက်ကို ရင်ခွင်ထဲသို့ ထွေးပွေ့ထားလိုက်သည်။ ထို့နောက် မြွေလျှာဖြင့် ဝမ်ကျုံး၏ နာကျင်ရောင်ရမ်းနေသော ပါးပြင်ကို လျက်ပေးလိုက်သည်။ သူ၏လက်ချောင်းများကိုလည်း ညင်သာစွာ မြှောက်ကာ ဝမ်ကျုံး၏ နီရဲနေသော မျက်ဝန်းထောင့်များကို သုတ်ပေးလိုက်ပြီး အားမလိုအားမရဖြင့် ပြောလိုက်၏။ "မင်းက တကယ်ကို အငြိုးအတေးကြီးတဲ့ကောင်လေးပဲ၊ ဒေါသကလည်း တော်တော်ဆိုးတာပဲနော်"
ဝမ်ကျုံးသည် သူ၏မျက်ခုံးများကို အနည်းငယ် မြှောက်လိုက်ပြီး ဆိုလိုက်သည်။ "ခင်ဗျား ဘာပြောချင်တာလဲ?"
ဘုန်းကြီးဝတ်တော့မလိုဖြစ်နေသည့် ပိုင်ထျန်းရှန်းကတော့ အော်ဟစ်နေခဲ့၏။ "အူးးးးးး"
ဝမ်ကျုံးက ပြောလိုက်သည်။ "ကျွန်တော်က စိတ်ကြီးတယ်ဆိုပေမယ့် ဒီမြွေကောင် စကားပြောမရအောင် လုပ်ထားတာတော့ မဟုတ်ပါဘူးနော်"
ဆံပင်များကမူ တစ်လျှောက်လုံး အပြစ်မဲ့စွာပင်: 'ကျေးဇူးတင်ပါတယ်၊ အစ်ကိုလေးရေ၊ ငါ့အတွက် အကောင်းဆုံး ဇာတ်ညွှန်းကို ရွေးချယ်ပေးတဲ့အတွက် o (ㅠㅠ) ο'
ထို့နောက် ရွှမ်မင်သည် ပိုင်ထျန်းရှန်းကို လွှတ်ပေးလိုက်သည့်အခါ အဖြစ်အပျက်တစ်ခုခု ရှိခဲ့ခြင်း ရှိ၊ မရှိကို အကြိမ်များစွာ မေးမြန်းခဲ့သည်။ ထိုအချိန်တစ်လျှောက်လုံးတွင် ပိုင်ထျန်းရှန်းသည် သူ့မျက်လုံးများကို ရှောင်ရှားနေခဲ့ပြီး မဖြေဆိုခဲ့ပေ။ ရွှေများစွာ လိုအပ်သဖြင့် မှန်ကို ငှားလိုကြောင်းသာ ပြောခဲ့သည်။ မည်သို့သော အရေးပေါ်ကိစ္စဖြစ်ကြောင်းကိုမူ သူ သေရေးရှင်ရေးဖြစ်နေသည်ကိုပင် အံကြိတ်၍ ပြောရန် ငြင်းဆန်ခဲ့၏။
ရွှမ်မင်သည် သူ၏ညီဖြစ်သူကို မြွေရဲတိုက်၏သော့ကို ပေးရန် ငြင်းဆန်ခဲ့သလို မှန်ကို ငှားလိုသည့် သူ၏မဆင်မခြင်တောင်းဆိုမှုကိုလည်း ငြင်းပယ်ခဲ့သည်။
သူသည် ရတနာမြေပုံတစ်ချပ်ကို ပိုင်ထျန်းရှန်းထံသို့ ယူဆောင်လာပြီး "တကယ်လို့ ပိုက်ဆံကိစ္စဆိုရင်တော့ ဘာဖြစ်ဖြစ် ဒီက ရတနာတွေက မင်းရဲ့ပြဿနာကို ဖြေရှင်းဖို့ လုံလောက်တယ်၊ မှန်နဲ့ပတ်သက်လို့တော့ မင်း သိသင့်-"
"သိတယ်... ဘာလို့ မသိရမှာလဲ..." ပိုင်ထျန်းရှန်းသည် ရတနာမြေပုံကို ရွှမ်မင်၏လက်ထဲမှ ဆွဲယူလိုက်ပြီး တင်းတင်းဆုပ်ကိုင်လိုက်သည်။
"အစ်ကို ကျွန်တော့်ကို ဝတ်ဖို့အတွက် မပေးခဲ့တဲ့ မြွေအရေခွံက ဟိုအောက်တန်းစားဆီ ရောက်သွားပြီ... အစ်ကို အမုန်းဆုံးပန်းတွေက အဲဒီအောက်တန်းစားရဲ့ လက်ထဲမှာ ပွင့်နေပြီ... အစ်ကိုက ကျွန်တော့်ကို မြွေအသိုက်ထဲမှာ ပစ္စည်းတွေ ထားဖို့ ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး... ဒါပေမဲ့ အခုတော့ မြွေအသိုက်ထဲမှာ အစားအသောက်တွေ ချက်ပြုတ်နေတဲ့ အံ့ဩလောက်စရာ အကျင့်စရိုက်မျိုးတောင်မှ အစ်ကို့မှာ ရှိနေပြီမလား?... အစ်ကိုက ကျွန်တော့်ကို ချစ်တယ်လို့ပဲ အမြဲပြောနေခဲ့တာ... ဒါပေမဲ့ အစ်ကိုက အဲဒီအောက်တန်းစားကြောင့် ကျွန်တော့်အပေါ် ဒေါသထွက်ခဲ့တယ်... ကျွန်တော့်ကို ရိုက်ခဲ့တယ်... အပေါ်ယံမှာတော့ အစ်ကိုက ကျွန်တော့်ကို ကောင်းပြနေပေမယ့် တကယ်တမ်းကျတော့ ညီအစ်ကိုမေတ္တာက ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ... အစ်ကို့ရဲ့ ပေါင်ကြားက အသားစနည်းနည်းနဲ့တော့ ယှဉ်လို့ မရဘူး..."
ပိုင်ထျန်းရှန်းသည် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီး မေးစေ့ကို မြှောက်ကာ ရှိုက်ကြီးတငင်ပြောလိုက်သည်။ "ဒီနေ့ကစပြီး အစ်ကို ဟိုအောက်တန်းစားကိုပဲ ကောင်းကောင်းဆက်ဆံပါတော့... ကျွန်တော် အစ်ကို့ကို မလိုချင်တော့ဘူး... နောက်ဆုံးတော့ ကျွန်တော်က အစ်ကို့ရဲ့အဖော် မဟုတ်ဘူး။ ကျွန်တော်က အစ်ကို့နဲ့ နှစ်သန်းပေါင်းများစွာကြာအောင် အတူရှိခဲ့တဲ့ ညီအရင်းပဲ... ဒါပေမဲ့ အစ်ကို့အတွက် ခြေထောက် ကားပေးပြီး လနည်းနည်းလောက် ရင်းနှီးမှု ပေးခဲ့တဲ့သူရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ..."
ရွှမ်မင်: "..."
သူသည် ကမ်းခြေတွင်ရပ်လျက် နောင်တရစွာဖြင့် သူ၏ညီငယ် ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ မြေပြင်ပေါ်သို့ လိပ်ခွံကို ချလိုက်ရာ 'ဆိုး... ကြမ်း... ကြမ်း...' ဟူသော လက္ခဏာသုံးခုသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့၏။
၎င်းတို့အားလုံးသည် တစ်နေရာတည်းတွင် ညီညာစွာ စီတန်းနေခဲ့ချေပြီ။
.
နေဝင်ရီတရောအချိန် နီးပါးတွင် ရွှမ်မင်သည် မှန်ကို ယူဆောင်၍ မြွေအသိုက်သို့ ဖြည်းဖြည်းချင်း ပြန်လာခဲ့သည်။
ဝမ်ကျုံးသည် စောစောစီးစီး မီးတုတ်ကို ထွန်းညှိပြီး ချက်ပြုတ်ရန်အတွက် ကျောက်အိုးထဲတွင် ရေနွေးတည်နေခဲ့သည်။
မြက်ခင်းပြင်မှ ပြန်ယူလာခဲ့သော အပင်အမျိုး ၂၀ ကျော်သည် ပျော်ရွှင်စွာ ရှင်သန်နေပြီး အချို့မှာ အပွင့်ပွင့်ကာ အသီးသီးနေကြပြီဖြစ်သည်။ အရင်က ဝမ်ကျုံးသည် ပျိုးပင်ငယ်လေးများဖြစ်နေချိန်တွင် ခွဲခြားမသိနိုင်ခဲ့သော်လည်း ယခုအခါ အသီးများမှတစ်ဆင့် ၎င်းတို့ကို သခွားသီး၊ ခရမ်းချဉ်သီး၊ ပဲသီးနှင့် ခရမ်းသီးများဖြစ်ကြောင်း သိရှိလိုက်၏။ ကျန်သည့်အသီးများသည် ခွဲခြားမရနိုင်သေးသဖြင့် နောက်ပိုင်းတွင်မှ သိရှိရတော့မည်ဖြစ်သည်။
ဝမ်ကျုံးသည် သူ၏အမှတ်ရနေသော အဘိုး၏ပုံစံအတိုင်းပင် ဖြောင့်ဖြောင့်တန်းတန်း ခိုင်မာသော သစ်ကိုင်းများကို ရွေးချယ်ပြီး အကိုင်းအခက်များနှင့် အရွက်များကို ဖယ်ရှားခဲ့သည်။ ထို့နောက် ခရမ်းချဉ်သီးနှင့် သခွားသီးများကဲ့သို့သော နွယ်ပင်များဘေးတွင်၊ အပင်တစ်ပင်စီအတွက် အကိုင်းအခက်တစ်ခုစီကို စိုက်ထူလိုက်သည်။ ထို့နောက် ၎င်းတို့၏နွယ်ပင်များကို ခိုင်ခံ့ပြီး ပါးလွှာသော မြက်များဖြင့် သစ်ကိုင်းနှင့် ချည်နှောင်လိုက်ပြီး အပင်များကို သစ်ကိုင်းပေါ်သို့ တွယ်တက်၍ အပေါ်သို့ ကြီးထွားလာစေရန် ပြုလုပ်ပေးလိုက်သည်။
နွယ်ပင်များမပါဝင်သည့် အပင်အများစုမှာ အရိုးနှင့်အရွက်များသာဖြစ်သဖြင့် သစ်ကိုင်းထောင်ပေးရန် မလိုအပ်ခဲ့ပေ။
ဝမ်ကျုံးသည် ပူစီနံ၊ ကြက်သွန်မြိတ်၊ ဂေါ်ဖီထုပ်၊ မှို၊ နံနံပင်နှင့် တရုတ်နံနံတို့ကိုလည်း ခွဲခြားသိရှိနိုင်ခဲ့သည်။ ကျန်သည့်အရာများကိုမူ မတွေ့ရသေးသဖြင့် ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေသေး၏။
ဝမ်ကျုံးသည် အပင်တစ်မျိုးစီမှ တစ်ပင်စီသာ ပြန်ယူလာခဲ့မိသည်ကို နောင်တရမိသည်။ စိုက်ပျိုးချိန်တွင် ၎င်းတို့အကြားရှိ နေရာအကွာအဝေးမှာလည်း အလွန်နည်းနေခဲ့သည်။ ပျိုးပင်များသည် တစ်ခုနှင့်တစ်ခု အလွန်နီးကပ်နေသဖြင့် ကြည့်ရုံဖြင့်ပင် အလွန်ပြည့်ကျပ်နေသည်ဟု ခံစားရသည်။
သို့သော်လည်း ကိစ္စမရှိပေ၊ ဤနေရာတွင် နွေဦးသည် ရှည်လျားသည်။ နောက်တစ်ကြိမ် မြက်ခင်းပြင်မှ ပျိုးပင်များ ပြန်ယူလာသည့်အခါတွင် မည်သို့ဂရုစိုက်ရမည်ကို သူသိရှိသွားပေလိမ့်မည်။
ဝမ်ကျုံးသည် သူ၏ဟင်းသီးဟင်းရွက်ဥယျာဉ်ငယ်ကို ကြည့်လိုက်ပြီး တံတွေးကို မျိုချလိုက်သည်။ သူ၏မျက်နှာပေါ်ရှိ ဒဏ်ရာကို မတော်တဆထိမိသောအခါ "ဟစ်" ဟူသော နာကျင်သည့်အသံကို ပြုလုပ်လိုက်၏။
ယနေ့ ရိုက်ခြင်းကို ခံခဲ့ရစဉ်က သူသည် ဒေါသထွက်ခြင်း၊ စိတ်မကောင်းဖြစ်ခြင်း မရှိခဲ့ဟု ပြောလျှင် လိမ်ရာရောက်ပေလိမ့်မည်။ သို့သော်လည်း သူသည် ထိုနတ်ဆိုးကို ပြန်ရိုက်ခဲ့ပြီး တစ်ဖက်သူ၏ဆံပင်ကိုလည်း ဆွဲနုတ်ခဲ့သည်ဟု တွေးလိုက်သောအခါ ဆုံးရှုံးမှုများအားလုံးကို ပြန်ပေးဆပ်ပြီးဖြစ်သဖြင့် ထိုကိစ္စကို သဘာဝအတိုင်းပင် ကျေအေးလိုက်တော့သည်။
သို့သော်လည်း ရွှမ်မင် မည်သို့တွေးနေသည်ကို သူ တွေးနေမိသည်။
ဝမ်ကျုံးသည် သူ၏နှုတ်ခမ်းများကို စူလိုက်ပြီး သူ၏ဒေါသကို ဖော်မပြခဲ့ပါလျှင် အလွန်ကောင်းလိမ့်မည်ဟု ခံစားလိုက်ရသည်။ အကယ်၍သာ ထိုနတ်ဆိုးက သူ့ကို ဒေါသထွက်ရဲလျှင် ထိုနတ်ဆိုးလက်မှ သူ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ…
.
ဝမ်ကျုံးသည် ကြက်သွန်စိမ်းရွက်အနည်းငယ်ကို ကောက်ယူလိုက်ပြီး သူ၏ပါးစပ်ထဲသို့ ထည့်ကာ သေချာစွာ ဝါးလိုက်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ငိုတော့မလိုပင် ဖြစ်သွားခဲ့၏။
သူအမုန်းဆုံး ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို ပြန်အမှတ်ရမိသည်။ သူ၏အဘိုးက ဖက်ထုပ်လုပ်သည့်အခါတိုင်း အဘိုးက ထိုဟင်းခတ်အမွှေးအကြိုင်များကို မည်မျှပင် ခပ်ပါးပါးလှီးထားပါစေ သူအရသာကို ခံစားမိနေခဲ့သည်။ ယခုကဲ့သို့ အချိန်အကြာကြီး မစားဘဲနေလိုက်ပြီးနောက် ထိုအရသာက ပြန်လည်အရသာရှိလာခဲ့၏။
ဝမ်ကျုံး၏စိတ်က ဟိုဟိုဒီဒီရောက်နေပြီး လှည့်ကြည့်လိုက်သောအခါ ရုတ်တရက် အသားနံရံတစ်ခုကို ဝင်တိုက်မိသွားသည်။ သူသည် အလွန်ထိတ်လန့်သွားပြီး အော်ဟစ်တော့မည်ဖြစ်ရာ နီရဲပြီး သွယ်လျသော မြွေလျှာတစ်ခု ဝင်လာပြီး "အာ့~..." ဟူသော ရင်ကွဲနာကျစေသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
ရွှမ်မင်သည် သူ၏အမြီးဖြင့် စာရင်းအင်းပြုလုပ်နေခဲ့ပြီး နာကျင်နေသောမျက်နှာဖြင့် ဝမ်ကျုံးကို လက်ညှိုးထိုးလိုက်သည်။ "မင်းက ကိုယ့်ကို တကယ်ကြီး ဒီလိုနည်းနဲ့ ထိခိုက်အောင်လုပ်တယ်ပေါ့... အာ့~"
ဝမ်ကျုံးသည် အမှန်တကယ်ပင် စကားမပြောနိုင်တော့ပေ။ ရွှမ်မင်၏အမြီးကို ဆွဲကိုင်လိုက်ပြီး လှိုဏ်ဂူထဲသို့ ဆွဲခေါ်လာကာ ရေကန်ဆီသို့ လျှောက်သွားခဲ့သည်။ မြွေလျှာကို ပွတ်တိုက်ပြီး သေချာစွာဆေးကြောရင်း ဆူပူလိုက်သည်။ "ဘယ်သူက ခင်ဗျားကို အမြဲတမ်း ရုတ်တရက်ကြီး နမ်းခိုင်းနေလို့လဲ? ခံပေါ့"
ရွှမ်မင်: "~~~"
'ဝါး~ ကိုယ့်အိမ်ထောင်ဖက် ရေချိုးပေးတာက ဒီလိုခံစားရတာလား?'
သူသည် ချက်ချင်းဆိုသလို မြွေနက်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ရေကန်ထဲသို့ ကူးခတ်ဝင်ရောက်ကာ သူ၏ကြီးမားသော မြွေခေါင်းနှင့် အနည်းငယ်ပူနွေးနေသော အမြီးကို ဝမ်ကျုံးထံသို့ ကမ်းပေးလိုက်ပြီး သူ၏လက်ထဲတွင် လိမ်လိုက်ကာ ချွဲနွဲ့လိုက်သည်။
[ကိုယ့်ရဲ့ လှပတဲ့ခေါင်းနဲ့ ရှက်တတ်တဲ့ အကြေးခွံလေးတွေကို အခု ရေချိုးပေးလို့ရပြီနော်]
[ဟဲဟဲ~]