Chapter 43
Viewers 2k

ရွှမ်းမင်သည် ကိုးလကျော်ကြာ အိပ်စက်နေခဲ့ရာမှ နိုးထလာခဲ့လေပြီ။ သူ အလွန်ပင် စိတ်လှုပ်ရှားနေပြီး ခွန်အားနှင့် သွေးများ ပြည့်ဝလျက်ရှိသည်။

ရွှမ်းမင်က သူ့အား ကာမဆန္ဒ ဖြေဖျောက်ရန်သာ အသုံးပြုနေပြီး သူ့ကို အမှန်တကယ် မနှစ်သက်ကြောင်း ဝမ်ကျုံး ခံစားနေမိသည်။

ဝမ်ကျုံးက သူ့ကို လွှတ်ပေးရန်နှင့် ထိတွေ့ခြင်း မပြုရန် တောင်းဆိုခဲ့လေသည်။ သူ ထိုသို့ ပြုလုပ်လိုပါက ကြည့်မှန်ထဲတွင် ပေါ်လာခဲ့သော မြွေဖြူကိုသာ ရှာဖွေသင့်ကြောင်း ပြောလာသည်။

ရွှမ်းမင်သည် ဝမ်ကျုံးနှင့် အချိန်ကြာမြင့်စွာ မတွေ့ဆုံရသေးသော်လည်း ယခုကဲ့သို့ ဆက်ဆံလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူ ဝမ်ကျုံး၏ ပခုံးများကို ဖက်လျက် ထိုလူသားအား သူ့ဘက်သို့ မျက်နှာမူရန် ပြောလိုက်ပြီး မျက်လုံးများကို ကျဉ်းမြောင်းကာ မကျေနပ်သော လေသံဖြင့် "ငါက မင်းအတွက် စောစော ထလာခဲ့တာ အခု မင်းက ဘာဖြစ်ချင်နေတာလဲ" ဟု ပြောလိုက်သည်။

ဝမ်ကျုံးသည် မည်သည့်အရာက မှားယွင်းနေသည်ကို မသိပေ။ သူ ရွှမ်းမင်၏ အတိတ်က ဆက်ဆံရေးများကို အစပိုင်းတွင် ဂရုမစိုက်ခဲ့သူ ဖြစ်သည်။ သို့သော် ယခုမူ ရွှမ်းမင်သည် တစ်ချိန်က မြွေဖြူတစ်ကောင်နှင့် ပတ်သက်ခဲ့ဖူးသည်ကို သိရှိလိုက်ရသောအခါ စိတ်မချမ်းမြေ့ဖြစ်ရသည်။

သူသည် ထိုမြွေဖြူအား မနာလိုဖြစ်နေပုံပင်။

ဝမ်ကျုံးသည် မြွေဖြူက မည်သူမည်ဝါ ဖြစ်သည်ကို လပေါင်းများစွာ ကြာသည်အထိ ခန့်မှန်းနေခဲ့သည်။ ထို့ကြောင့် သူသည် ချက်ချင်း ဖုံးကွယ်ခြင်း မပြုတော့ဘဲ ရွှမ်းမင်ကို တည့်တိုး မေးလိုက်တော့သည်။

"ကျွန်တော်ကမင်းအတွက် ပထမဆုံးလို့ ပြောခဲ့တယ်မလား၊ ခင်ဗျား လိမ်ခဲ့တာလား" ဟု ပြောလိုက်သည်။

ရွှမ်းမင်က "ဘာကိုပြောချင်တာလဲ" ဟု ပြန်မေးသည်။

"ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ" ဟု ဝမ်ကျုံးက မှန်ကို လက်ညှိုးထိုးပြပြီး သူမြင်ခဲ့သမျှကို ပြန်ပြောပြသည်။ သူသည် ရွှမ်းမင်၏ ရင်ဘတ်ကို လက်ညှိုးထိုးကာ "လူလိမ် လူညာ" ဟု တစ်လုံးချင်းစီ ပြောနေသည်။

ရွှမ်းမင်က "သူက ငါ့အစ်ကိုပါ" ဟု ပြောပြလိုက်သည်။

"ဟင်" ဝမ်ကျုံး စိတ်မသက်မသာ ဖြစ်နေပြီး မျက်နှာ နီမြန်းလျက် "ကျွန်တော်က ခင်ဗျား ကျွန်တော့်ကို လိမ်နေခဲ့တာလို့ထင်နေတာ" ဟု ပြောလိုက်သည်။

ရွှမ်းမင်က "ဒါဆို မင်း ငါ့ကိုဒေါသထွက်နေခဲ့တာပေါ့" ဟု မေးလိုက်သည်။

"ဟုတ်တယ်" ဟု ဝမ်ကျုံးသည် ခိုင်မာသော လေသံဖြင့် ပြောသည်။ သို့သော် သူ၏ အသံသည် မပြတ်သားပေ။ "ကျွန်တော်က လိမ်တာကိုအမုန်းဆုံးပဲလေ" ဟု ဆက်ပြောသည်။

ရွှမ်းမင် ပျော်ရွှင်စွာ ရယ်မောပြီး ပြုံးလိုက်သည်။ "ဒါပေမဲ့ မင်းကတော့ လိမ်ရတာကိုသဘောကျတယ်မဟုတ်ဘူးလား" ဟု မေးလိုက်သည်။ အတိတ်က ဝမ်ကျုံးသည် ရွှမ်းမင်၏ ကာကွယ်မှုအောက်တွင် အသက်ရှင်နိုင်ရန်အတွက် သူ၏ ဆန္ဒနှင့် ဆန့်ကျင်သော အရာများစွာကို ပြုလုပ်ခဲ့ရသည်။

ရွှမ်းမင် ဝမ်ကျုံး၏ နောက်ဘက်သို့ ရောက်လာပြီး သူ၏ သွယ်လျအေးစက်သော လက်ချောင်းများဖြင့် သူ၏ ပခုံးများကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။ ထို့နောက် သူဝတ်ထားသော အင်္ကျီကို ဖြည်းညှင်းစွာ ဖြေပြီး သူ၏ နားထဲသို့ "မင်းက ငါ မင်းကို လိမ်ညာခဲ့တယ်ထင်လို့ ဒေါသထွက်နေတာပေါ့လေ" ဟု တီးတိုး ပြောလိုက်သည်။

ဝမ်ကျုံး သူ့ရင်ခွင်ထဲသို့ ကျုံ့ဝင်သွားပြီး တွေဝေစွာ ပြောလိုက်သည် “ ဟုတ်တယ်လေ တခြား ဘာရှိရဦးမှာလဲ"

"မင်းငါ့ကိုသဝန်တိုနေတာမဟုတ်ဘူးလား" ဟု ရွှမ်းမင် ညင်သာစွာ ပြောလိုက်သည်။ "မင်းက အမြဲ နောက်ပြောင်နေပြီး ဒေါသထွက်ဖို့နေနေသာသာ ဘယ်တော့မှ အလေးအနက် မထားဘူးလေ " ဟု ဆက်ပြောသည်။

ဝမ်ကျုံး ခဏတာ စကားမပြောနိုင် ဖြစ်သွားပြီး သူ၏ နှုတ်ခမ်းကို ကိုက်လျက် ညည်းတွားလိုက်သည်။ "ကိုယ့်ကိုကိုယ် ဂုဏ်ဆာမနေနဲ့"

ရွှမ်းမင် အေးစက်စွာ နှာမှုတ်လိုက်ပြီး ဝမ်ကျုံး၏ ပါးကို ဆိတ်ကာ အတင်းအကြပ် ပြောလိုက်သည်။ "ရိုးသားစမ်းပါ ဟန်ဆောင်နေတာကို ရပ်ပြီး အဓိပ္ပါယ်ရှိအောင် ပြောစမ်းပါ"

ထိုသူ၏ မျက်လုံးများက သူ့ကို လှောင်ပြောင်နေပြီး အရာရာကို မြင်နေရသကဲ့သို့ ခံစားရသည်ကို ဝမ်ကျုံး အမှန်တကယ် မုန်းတီးသည်။ သူ ရုန်းကန်ရန် ကြိုးစားသည်။ "ကျွန်တော်ကို လွှတ်ပေး၊ ကျွန်တော်မလုပ်ချင်ဘူး" ဟု ပြောလိုက်သည်။

ရွှမ်းမင်သည် အောက်သို့ ငုံ့ကြည့်ပြီး အရိပ်အမြွက် ပြောလိုက်သည်။ "မင်းပဲ ငါ့ကို ဒီလောက် တင်းတင်းကြပ်ကြပ်ဖက်ထားတာလေ ငါက မင်းကိုဘယ်လိုလွှတ်ပေးရမလဲ"

"အိုး" ဝမ်ကျုံးသည် ယခင်က ထိုသို့ အရှက်ရစေသည့်အပြုအမူမျိုးကိုမကြုံဘူးချေ။

သူ၏ပါးစပ်ကိုဖွင့်ကာ ငြင်းဆန်ရန် ကြံစဉ် ရွှမ်းမင်က သူ၏လက်ချောင်းများကို ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။ ထို့နောက် အစားအစာများကို လက်ထဲမှတစ်ဆင့် ပါးစပ်ထဲသို့ ထည့်ပေးကာ မေးစေ့ကိုကိုင်ပြီး အတင်းအကြပ်စားခိုင်းလေသည်။ ပြီးနောက် သူ၏နှုတ်ခမ်းထောင့်စွန်းကို နမ်းလိုက်ပြီးလျှင် "တော်တယ်" ဟု ပြောလေသည်။

ထိုနောက်တွင် မြွေနက်ကြီးသည်  မျက်လုံးများကိုမှိတ်ကာ ဝမ်ကျုံး၏လည်ပင်းပေါ်၌ ဟောက်သံပေးလျက် အိပ်ပျော်သွားတော့သည်။

ဝမ်ကျုံးသည် ပါးစပ်ထဲမှ အစာများကြောင့် သီးသွားပြီး ချောင်းဆိုးမိလေသည်။ ရွှမ်းမင် အိပ်ပျော်နေသည်ကို ကြည့်ပြီးနောက် ဆောင်းခိုခြင်းကို စောစီးစွာအဆုံးသတ်ခြင်းက ဆိုးကျိုးများ ရှိမည်လားဟု သူတွေးတောမိသည်။

ထိုသူသည် အလွန်ရမ္မက်ကြီးသောမြွေကြီးတစ်ကောင်ပင်။ သူအိပ်ပျော်နေစဉ်ထိ ထိုအကြောင်းကို တွေးတောနေမိဆဲ။ ဝမ်ကျုံး စိတ်ထဲတွင် အတော်ကြာသည်အထိ တွေးတောနေလေသည်။

 သူ၏မျက်လုံးများသည် ရွှမ်းမင်၏ ချောမွေ့သော၊ ပြည့်ဖြိုးသော နဖူး၊ မြင့်မားသောနှာတံတစ်လျှောက်၊ သဘာဝအတိုင်းနီရဲနေသော နှုတ်ခမ်းများဆီသို့အကြည့်ရောက်သွားလေသည်။

နှုတ်ခမ်းပါးသောသူများသည် ရက်စက်ပြီး သွေးအေးသူများဟု ဆိုကြ၏။ သို့သော် မြွေနက်ကြီးကဲ့သို့သော မြွေများနှင့်ပတ်သက်၍ကား မည်သို့ရှိမည်နည်း။ သူက မြင်ရသည့်အတိုင်း ချစ်ခင်ဖွယ်ကောင်းပါရဲ့လား...

ဝမ်ကျုံး ရွှမ်းမင်၏ လှပသော နဖူးထိပ်နှင့် ဆံပင်ပေါက်ရာကို တစ်ဖန်ပြန်၍ ကြည့်လိုက်လေသည်။

သူနှင့်ပတ်သက်၍ မကျေနပ်ချက်များစွာရှိသော်လည်း ပုံပန်းသဏ္ဌာန်နှင့် အရပ်အမောင်း၌ အပြစ်အနာအဆာတစ်ခုမျှပင် မတွေ့ရှိရပေ။

အပူချိန်တက်လာခြင်းကြောင့်လား သို့မဟုတ် ရွှမ်းမင်နှင့် ကိစ္စပြီးကာစ ဖြစ်သောကြောင့်လားမသိ  ဝမ်ကျုံးသည် လုံးဝမအေးတော့ပေ။ ထို့နောက် သူ ရွှမ်းမင်၏လက်မောင်းများထဲသို့ တိုးဝင်ကာ အလျင်အမြန်အိပ်ပျော်သွားလေသည်။

မှတ်ချက်- ဝမ်ကျုံး ဘာစားခဲ့လည်းဆိုတာတော့ ငါလည်း သေချာမသိဘူး ဒါပေမယ့် အမ်...ငံတဲ့အရည် တစ်ခုခုဖြစ်မယ်ဆိုတာတော့ သေချာတယ်…

သူ နိုးထလာသောအခါတွင် ရွှမ်းမင်သည် မြွေနက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သူသည် ပုံမှန်အတိုင်းပင် အမြီးကို ဝမ်ကျုံး၏ကိုယ်ပေါ်တွင် ရစ်ပတ်ထား၍ မှန်သည် သူ၏ဘေးတွင် ရှိနေခဲ့ရာ ထိုမှန်၏ပုံစံက အလွန်ပင် ယဉ်ကျေးသိမ်မွေ့နေဟန်ဖြင့်သာ။ ဝမ်ကျုံးသည် မှန်က သူတို့၏ နက်နဲသော အပြန်အလှန်ဆက်ဆံမှုများကို စောင့်ကြည့်နေသည်ဟု တွေးလိုက်သောအခါ ရုတ်တရက်ပင် စိတ်ဆိုးခဲ့ရလေသည်။ သူ၏ နာကျင်နေသော ခါးကို ပွတ်သပ်ခဲ့ပြီး နောက်တစ်ကြိမ် ရွှမ်းမင်နှင့် ဆက်ဆံသည့်အခါတွင် ထိုမှန်ကို ရှောင်ရှားမည်ဟု တွေးခဲ့လေသည်။

 သူသည် သူလျှိုဖြင့်စောင့်ကြည့်ခံရခြင်းကို အလေ့အကျင့်မရှိခဲ့ပေ။

ရာသီဥတုပြောင်းလဲမှုကြောင့် ဂူအတွင်းရှိ လေစီးဆင်းမှုနှင့် လေတိုက်ခတ်ရာ အရပ်များသည် အလွန်ပင် မတည်ငြိမ်ခဲ့ပေ။ ညဘက်တွင် မီးခိုးများကြောင့် အသက်ရှူကျပ်မည်ကို သူ ကြောက်ခဲ့ရာ သိုက်ထဲတွင် ဆက်လက် အိပ်စက်ရန် မရဲခဲ့ပေ။

 သူသည် မြွေအရေခွံ၊ မြေနက်၊ ကြိမ်ဖျာနှင့် ပျော့ပျောင်းသော မြက်များကို အသုံးပြု၍ လူနှစ်ယောက်အိပ် တဲကို ဆောက်လုပ်ခဲ့လေသည်။ ထိုတဲကို မီးဖိုနားတွင် ကပ်၍ လေကာနံရံနှင့် ဆန့်ကျင်ဘက်တွင် ဆောက်ခဲ့လေသည်။

ထိုတဲသည် အသိုက်ကဲ့သို့ မနွေးထွေးသော်လည်း ရာသီဥတုသည် တစ်နေ့ထက်တစ်နေ့ ပိုမို ကောင်းမွန်လာခဲ့ရာ အေးခဲခြင်း မရှိခဲ့ပေ။ မြွေနက်၏ ဆောင်းခိုခြင်းကာလသည် စောစီးစွာ ပြီးဆုံးသွားခဲ့၍ ဆောင်းရာသီလည်း ကုန်ဆုံးတော့မည်ဖြစ်ရာ ဝမ်ကျုံးသည်လည်း ငတ်သေတော့မည် မဟုတ်ကြောင်းနှင့် မည်သည့် ကပ်ဘေးကြီးမှ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း ခံစားခဲ့ရလေသည်။ ထို့ကြောင့် သူသည် ကျန်ရှိနေသေးသော အစားအစာ အနည်းငယ်ကို ရဲရဲဝံ့ဝံ့ စားသုံးခဲ့လေသည်။

မမျှော်လင့်ထားဘဲ နောက်တစ်လ ကုန်လွန်ခဲ့ရပြန်သည်။ ရေအိုင်ထဲရှိ ရေခဲများသည် ယခုတိုင် အရည်ပျော်မသွားခဲ့ပေ။ အပူချိန်သည် အတော်အတန် နိမ့်ကျနေပြီ ဖြစ်၏။ ဝမ်ကျုံးသည် ဂူအပြင်ဘက်မှ ဆီးနှင်းများ အရည်ပျော်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရေဆင်းသံများနှင့် နှင်းထုပြိုကျသံများကို နားထောင်ရင်း အကြပ်အတည်းကာလသို့ တစ်ဖန် ပြန်လည်ရောက်ရှိခဲ့လေသည်။

ဤအချိန်၌ သူ့လက်ထဲတွင် ထင်းတုံးအနည်းငယ်နှင့် ကြက်ခြေထောက် အနည်းငယ်သာ ရှိခဲ့လေသည်။ မြွေနက်ကြီးသည် မိုးခြိမ်းသံကဲ့သို့ ဟောက်လျက် အိပ်မောကျနေခဲ့လေသည်။ ကြည့်ရသည်မှာ ဝမ်ကျုံး အန္တရာယ် မဖြစ်ပါက သူသည် လွယ်လွယ်ကူကူ နိုးထမည် မဟုတ်ပေ။ နောက်ဆုံးတွင် ကြက်ခြေထောက် ၃၃ ခုကို ၃၃ ရက်စာ အစာအဖြစ် တစ်နေ့လျှင် တစ်ခုနှုန်းဖြင့် ခွဲဝေခဲ့လေသည်။

နောက်ထပ် တစ်လအကြာအထိ ကြက်ခြေထောက်များကို ပြုတ်စားပြီးနောက်တွင် ရေအိုင်ထဲမှ ရေစီးသံ သဲ့သဲ့ကို နောက်ဆုံး၌ ကြားခဲ့ရလေသည်။ မြွေနက်ကြီးသည် မျက်လုံးများကို သဲ့သဲ့ဖွင့်ကြည့်ခဲ့လေသည်။ ကြာမြင့်လှသော ဆောင်းရာသီသည် ၁၂ လခန့်ကြာခဲ့ပြီးနောက်တွင် ပြီးဆုံးသွားခဲ့လေသည်။ ဆီးနှင်းများ အရည်ပျော်သွားသောအခါ သစ်ပင် ထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။

ဝမ်ကျုံးသည် မြွေအရေခွံဖြင့် သူ၏မျက်လုံးများကို ပတ်ထားသည်။ ဂူဝင်ပေါက်ကို ပိတ်ဆို့ထားသော ကျောက်တုံးကို မြွေနက်ကြီး ဖယ်ရှားပေးမည့်အချိန်ကိုပင် မစောင့်ဆိုင်းနိုင်တော့။ လေအေးများသည် သူ၏မျက်နှာကို တိုက်ခတ်သောအခါ ကြာမြင့်စွာ ချုပ်နှောင်ခံခဲ့ရသော သူ၏နှလုံးသားသည် နောက်ဆုံး လွတ်မြောက်ခဲ့လေသည်။

သူ စမ်းချောင်း၏ရေစီးသံကို ကြားခဲ့ရပြီး နွေးထွေးသော နေရောင်ခြည်ကို ခံစားခဲ့ရလေသည်။ သူ၏မျက်လုံးများသည် အလင်းရောင်နှင့် အသားကျလာပြီးနောက်တွင် မြွေအရေခွံကို ချွတ်ပစ်ခဲ့လေသည်။ ဂူ၏ရှေ့တွင် တောင်ကုန်းအနည်းငယ်နှင့် မြေဖို့ထားသည့်နေရာ အနည်းငယ်သာရှိသော ပါးလွှာ၍ ကြည်လင်သော မြစ်တစ်စင်းကို တွေ့ရှိခဲ့လေသည်။

ကမ်းပါးယံပေါ်၌ ရပ်နေစဉ်တွင် ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် ဆီးနှင်းများဖြင့် ဖြူဖွေးလျက်ရှိနေသေးကြောင်း သူ မြင်တွေ့ခဲ့ရလေသည်။ ဆီးနှင်းများ အရည်ပျော်လာသောအခါ၌ နှင်းထုပြိုကျမှုများကို အချိန်မရွေး မြင်တွေ့နေရလေသည်။

ဝမ်ကျုံးသည် သူ၏နောက်ဖက်ရှိ ဂူကို မသိစိတ်ဖြင့် ကြည့်လိုက်သောအခါ ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိနေသည်ကို တွေ့ရ၏။

လူအသွင်ပြောင်းလဲထားသော ရွှမ်းမင်သည် “မစိုးရိမ်ပါနဲ့ ဒီနေရာမှာ မှော်စက်ဝန်းတစ်ခုရှိတယ် အဲ့တာကြောင့် အရမ်းလုံခြုံတယ်” ဟု ပြောသည်ကို သူ ကြားခဲ့ရလေသည်။

ဝမ်ကျုံးသည် ရွှမ်းမင်ကို ချက်ချင်းပင် ထူးဆန်းစွာ ကြည့်ခဲ့လေသည်။ “ခင်ဗျားက ကျွန်တော် စိုးရိမ်နေတယ်ဆိုတာကို ဘယ်လိုသိတာလဲ မှော်ပညာကိုသုံးပြီး ကျွန်တော့်ရဲ့အတွေးတွေကို ဖတ်နေတာလား”

ရွှမ်းမင်သည် သူ၏လက်ကို မြှောက်လိုက်ပြီး နဖူးကို ပုတ်လိုက်ရင်း လှောင်ပြောင်ကာ ပြောလိုက်သည် “မင်းကတော်တော်တုံးတာပဲ မင်းရဲ့အတွေးတွေအကုန်လုံးက မင်းရဲ့မျက်နှာမှာ ပေါ်နေတာကို ဘာလို့ မှော်ပညာကို သုံးနေရဦးမှာလဲ”

ဝမ်ကျုံးသည် ဆီးနှင်းများကိုပင် အရည်ပျော်စေနိုင်သောနွေးထွေး လှပသော အပြုံးဖြင့် မျက်တောင်ခတ်လိုက်သည်။ ထို့နောက်  မျက်မှောင်ကြုတ်ပြီး "ဒါဆိုအခု ခင်ဗျားခန့်မှန်းကြည့် ကျွန်တော် ဘာတွေတွေးနေလဲဆိုတာ”

ရွှမ်းမင်သည် မခန့်မှန်းတတ်တော့ရာ သူ့ကို ဘေးမှ ပွေ့ဖက်လိုက်ပြီး "မင်းဗိုက်ဆာနေပြီလေ" ဟု ပြောခဲ့သည်။

ဝမ်ကျုံးသည် အစာစားပြီးစ ဖြစ်၍ လျင်မြန်စွာ ကန့်ကွက်ခဲ့သည်။ "မဟုတ်ဘူးး ဗိုက်မဆာဘူး!"

"မငိးဗိုက်ဆာနေတာဟုတ်ပါတယ်၊ ဟုတ်နေတာကို" ရွှမ်းမင်သည် တွင်းဝကို ကျောက်တုံးကြီးဖြင့် ပိတ်ဆို့ကာ သူ၏ ရင်ခွင်ထဲမှ ထိုသူကို ခိုင်မြဲစွာ ဖက်ထားပြီး "ငါ့ရဲ့အမြှီးကိုအခုအသုံးချရတော့မယ်" ဟု ပြောခဲ့သည်။

အချိန်သည် ဂူထဲတွင် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အထူးသဖြင့် သူတို့ အတူတကွ အချိန်ကုန်ဆုံးသောအခါ၌ပင်။

ဝမ်ကျုံးသည် ရွှမ်းမင်၏ အထူးပူနွေးပြီး အခြားသူများ မစားနိုင်သည့် အနှစ်သာရကို နေ့စဉ် စားသုံးနိုင်သော်လည်း သူ အားနည်းနေသည်ဟု ခံစားခဲ့ရသည်။

သူသည် သူ၏ လစ်ဟာမှုများကို တိကျစွာ မဖော်ပြနိုင်ခဲ့ပေ။ မည်သို့ပင် ဖြစ်စေ သူ့တွင် ပြောဆိုနိုင်စွမ်း မရှိသကဲ့သို့ ကဏ္ဍအားလုံးတွင် အလွန် ခံစားနေရသည်ဟု ခံစားခဲ့ရသည်။

ရွှမ်းမင်သည် သူ့ကို လိုက်လံပိုးပမ်းနေသည်မှာ ရှင်းလင်းသိသာသည်။ သို့သော် ရွှမ်းမင်သည် ဤဆက်ဆံရေးကို ငြီးငွေ့လာပါက မည်သို့ ဖြစ်မည်ကို သူ အမြဲလိုလို တွေးနေမိသည်။

အဆိုးဆုံးအရာမှာ သူ အိမ်ပြန်၍မရခြင်းပင်။

ဝမ်ကျုံးသည် ရွှမ်းမင်ကို နေ့တိုင်း "ခင်ဗျား ဘယ်အချိန်ကျရင် ဒီဘေးဒုက္ခတွေကိုကျော်လွှားနိုင်မှာလဲ” ဟု မေးခဲ့သည်။

ရွှမ်းမင်တွင် အဖြေတစ်ခုသာ ရှိခဲ့သည်။ "မသိဘူး ဒါပေမဲ့ ငါမကြာခင် ကျော်လွှားနိုင်တော့မယ်" ဟု ပြောခဲ့သည်။

ဝမ်ကျုံးသည် သိလိုစိတ်ဖြင့် “ဘေးဒုက္ခကိုကျော်လွှားတယ်ဆိုတာဘယ်လိုလဲ၊ ခက်လား” ဟု မေးခဲ့သည်။

ရွှမ်းမင်သည် တိုတောင်းသော အဖြေတစ်ခုကို ပေးခဲ့သည်။ " မိုးကြိုးဒဏ်ကို မင်းအသက်ရှင်နိုင်ရင် ခက်ခဲမှာမဟုတ်ဘူး " ဟု ပြောခဲ့သည်။

ဝမ်ကျုံးသည် စဉ်းစားခဲ့သည်။ "ခင်ဗျား အဲ့ဒဏ်ကို မခံနိုင်ဘူးဆိုရင်ရော"

ရွှမ်းမင်သည် ခေါင်းကို အနည်းငယ် ခါယမ်းကာ "အကျိုးဆက်တွေကမတူဘူး အဲ့တာကြောင့် ငါသေချာမပြောနိုင်ဘူး" ဟု ပြောလိုက်သည်။

ဝမ်ကျုံးသည် ထပ်မံ ဖိအားပေးကာ "အဆိုးဆုံး အကျိုးဆက်ကဘာလဲ" ဟု မေးခဲ့သည်။

ရွှမ်းမင်သည် လေးနက်စွာ ပြန်ဖြေခဲ့သည်။ "သေတာ” ဟု ပြန်ဖြေခဲ့သည်။

ဝမ်ကျုံးသည် ရွှမ်းမင်ကို စိုးရိမ်တကြီး ကြည့်ကာ “ ခင်ဗျား အသက်ရှင်နိုင်ပါ့မလား" ဟု မေးခဲ့သည်။

ရွှမ်းမင်သည် ခေါင်းကို ဆက်လက်ခါယမ်းကာ "မသိဘူး” ဟု ညင်သာစွာ ပြောဆိုခဲ့သည်။ ဝမ်ကျုံး၏ မျက်နှာတွင် စိုးရိမ်မှုများကို သူ တွေ့မြင်ရသော်လည်း သူ့ကို နှစ်သိမ့်လိုက်သည်။ "မပူပါနဲ့ ငါဒီဟာကိုမကျော်လွှားနိုင်ခဲ့ရင်မင်းကို မှန်က အိမ်ကိုပြန်ခေါ်သွားပေးလိမ့်မယ်" ဟု ပြောခဲ့သည်။

ဝမ်ကျုံး မျက်မှောင်ကြုတ်ကာ အတွေးများကို ဆင်ခြင်နေခဲ့သည်။ သူ၏ အတွေးများကို မျက်နှာမှ အလွယ်တကူ ဖတ်နိုင်ခဲ့သည်။

ဒါပေမဲ့ ရွှမ်းမင် ဘာလို့ ငါ့မျက်နှာကို သေချာမဖတ်နိုင်ရတာလဲ... ငါက သူ့ကို စိုးရိမ်နေတာကို...ငါ့ပုံစံက နှလုံးသား မရှိတဲ့ပုံ ပေါက်နေလို့လား...

မြွေနက်ကြီးသည် သူ့ကို ငတုံးဟု ဆက်လက် ခေါ်ဝေါ်နေခဲ့သော်လည်း သူကလည်း လူအ တစ်ဦး ဖြစ်နေခဲ့သည်။

ထို့နောက်တွင် ဝမ်ကျုံးသည် ရွှမ်းမင်ကို ဘေးဒုက္ခ ကျော်လွှားခြင်းနှင့် ပတ်သက်၍ ဘယ်သောအခါမျှ  မမေးတော့သလို အိမ်ပြန်ခြင်းအကြောင်းကိုလည်း ထပ်မံ၍ မပြောတော့ပေ။

သစ်ကိုင်းများ အဖူးအပွင့် ထွက်လာပြီး ဆီးနှင်းရေဖြင့် စိုစွတ်သော မြေသည် ရွှံ့မဖြစ်တော့သည်နှင့်တစ်ပြိုင်နက် ဝမ်ကျုံးနှင့် ရွှမ်းမင်တို့သည် အမဲလိုက်ရန်အတွက် ရဲဝံ့စွာ ထွက်ခွာခဲ့ကြသည်။

ရွှမ်းမင်သည် တစ်ဖန် မြွေနက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဝမ်ကျုံးသည် သူ၏ အမြီးပေါ်တွင် ပျော်ရွှင်စွာ စီးနင်းခဲ့သည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး ကြည့်နေခဲ့ကြသည်။

မြွေနက်ကြီးသည် ဝမ်ကျုံး၏ မျက်နှာကို သူ၏ ဦးခေါင်းကြီးဖြင့် ချစ်မြတ်နိုးစွာ ပွတ်သပ်ခဲ့သည်။ ဝမ်ကျုံးသည် သူ၏ ဦးခေါင်းကို လှည့်ကာ မထိန်းချုပ်နိုင်ဘဲ ပြုံးခဲ့သည်။ အတားအဆီးအားလုံး ပျောက်ကွယ်သွားပြီး အရာအားလုံး အရည်ပျော်သွားသကဲ့သို့ပင်။

ဘဝကြီးသည် တစ်ဖန် ပွင့်လန်းလာခဲ့သည်။

ဝမ်ကျုံး တက်ကြွစွာဖြင့် အစိမ်းရောင် အသီးတစ်လုံးကို ခူးယူခဲ့သည်။

သူ မြွေနက်ကြီး၏ အမြီးကို ပုတ်ကာ စားသုံးနိုင်၍ ရမရကို မေးခဲ့သည်။ မြွေနက်ကြီးသည် မျက်လုံးများကို ကျဉ်းမြောင်းကာ သူ၏ လက်ထဲမှ အသီးကို မြေပြင်သို့ ပစ်ချခဲ့သည်။

ရွှမ်းမင်အဖြစ် ပြန်လည်ပြောင်းလဲပြီးနောက် သူသည် ဝမ်ကျုံးကို အလေးအနက်ထားကာ ပြောလိုက်သည် “ ဒီအသီးကကိုယ်ဝန်ကို တားတဲ့အသီး မင်း မစားနဲ့"

ဝမ်ကျုံး၏ မျက်နှာ ဖြူဖျော့သွားခဲ့သည်။ ရွှမ်းမင်သည် မြွေဥများ ဥခြင်းအကြောင်း ပြောခဲ့သည်ကို မရေမရာ သတိရမိခဲ့သည်။

သူ မေးလိုက်သည် "ငါတကယ်ကိုယ်ဝန်ရှိတော့မှာလား"

ရွှမ်းမင် တိတ်ဆိတ် နေခဲ့သည်။

သူ ထပ်မံ ဖိအားမပေးတော့သော်လည်း ကိုယ်ဝန်တားအသီး၏ ပုံပန်းသဏ္ဍာန်ကိုလည်း လျှို့ဝှက်စွာ မှတ်သားထားလိုက်သည်။

မြွေအသိုက်အနီးတွင် ထိုကဲ့သို့ အသီးများနှင့် သစ်ပင်တစ်ပင် ရှိသည်ကို ပြန်အမှတ်ရလိုက်သည်။