Chapter 24
Viewers 2k

ဝမ်ကျုံး အိပ်မက်တစ်ခု မက်ခဲ့သည်။

ထိုအိပ်မက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လူတစ်ဝက်၊ မြွေတစ်ဝက် သတ္တဝါကြီးတစ်ကောင်သည် နီရဲ အေးစက်သော မြွေလျှာကို ထုတ်၍ သူ၏နား၊ နှုတ်ခမ်းထောင့်နှင့် မျက်နှာတို့ကို လျှာဖြင့် လျက်နေခဲ့သည်။ ထိုလျှာသည် သူ၏လည်ပင်းတစ်လျှောက်ဆင်းလာပြီး ညှပ်ရိုးမှတဆင့် အောက်သို့ လျှောဆင်းသွားလေသည်။

ထိုသတ္တဝါကြီးသည် သူကို ဖက်ထားခဲ့ပြီး၊ ချောမွေ့သော အမြီးသည် သူ၏ခြေကျင်းဝတ်မှ အပေါ်သို့ တရွေ့ရွေ့တက်လာခဲ့သည်။ ထိုအရာက သူ၏အရေပြားနှင့် ထိတွေ့သောအခါ ကြောက်မက်ဖွယ်ကောင်းသော တုန်လှုပ်မှုနှင့် ချမ်းတုန်မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။

ဝမ်ကျုံး သူနှင့် ထိကပ်နေသော အေးစက်သည့် ခန္ဓာကိုယ်အပူချိန်ကို ခံစားမိခဲ့သော်လည်း သူ့စိတ်သည် ရှင်းလင်းပြီး ကြောက်ရွံ့နေသော်လည်း သူ့ခန္ဓာကိုယ်ကို လှုပ်မရခဲ့ချေ။

သူ အဆုံးမဲ့သော ကြောက်ရွံ့မှုဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။

သူ၏ကိုယ်ပေါ်တွင် ကပ်ငြိနေသော ကြီးမားအေးစက်သော လက်ကြီးသည် နောက်ဆုံးတွင် သူ၏မျက်နှာကို ထိတွေ့လာပြီး သူ၏မေးစေ့ကို ညှပ်၍ ထိုသတ္တဝါကြီးကို ကြည့်စေခဲ့သည်။

ထိုအိပ်မက်သည် ဝေဝါးလွန်းသဖြင့် မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့ချေ။

ဝမ်ကျုံး တုန်ရီနေသော အသံဖြင့် "မင်း ငါ့ရဲ့မြွေနက်ကြီးကို စားခဲ့တာ မဟုတ်လား...ငါ မင်းကို တိုက်ခိုက်မယ် ငါ့မြွေနက်ကြီးအတွက် လက်စားချေရမယ်”

ဟု ပြောသည်ကို ကြားခဲ့ရသည်။

ထိုသတ္တဝါကြီးသည် ခေါင်းကို ငုံ့၍ ညင်သာစွာ ပြုံးလိုက်ပြီးမှ မျက်နှာကို ရုတ်တရက် နိမ့်ချ၍ သူကို နမ်းလိုက်သည်။

“အား...”

“အား...”

“အားးးးး...”

ဝမ်ကျုံးသည် ထိုအိပ်မက်ဆိုးမှ မျက်လုံးကို ဖွင့်လိုက်သောအခါ မိမိကိုယ်ကို မြွေနက်ကြီး၏ အမြီးဖြင့် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။ သူ လန့်သွားသောကြောင့် သုံးပေ အမြင့်ထိ ခုန်မိသွားသည်။

ထိုအရာသည် မြွေနက်ကြီးဖြစ်သည်ကို သိလိုက်ရပြီးနောက် သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ ထိုမြွေ၏ ထူထဲ၍ ချောမွေ့သော ကိုယ်ခန္ဓာကို ပွေ့ဖက်လိုက်သည်။ သူသည် ဝမ်းသာအားရ “ဝူးဝူး...” ဟု ငိုယို အော်ဟစ်ခဲ့သည်။

သူ မြွေနက်ကြီးကို ဆယ်ရက်ကျော်ကြာမျှ မတွေ့ခဲ့ရပေ။

 မြွေနက်ကြီးသည် ကိုယ်အလေးချိန် လျော့ကျသွားပြီး ပိုမိုသွယ်လျလာခဲ့သည်။

သူ၏ ကြီးမားသော မြွေခန္ဓာကိုယ်သည် အရင်ကထက် သိသိသာသာ သေးငယ်သွားခဲ့ပြီး သူ၏  အစိမ်းရင့်ရောင် ဒေါင်လိုက်မျက်လုံးများသည် အလွန်တရာ ကြီးမားလှသဖြင့် တိရစ္ဆာန်ဆန်ဆန်၊ အေးစက်စက်နှင့် ဂရုမစိုက်သည့် ပုံပေါ်နေခဲ့သည်။

ယခု မြွေနက်ကြီး၏ အကြေးခွံများ ကွာကျသွားပြီးနောက်တွင် ပိုမို၍ မြွေအစစ်နှင့်တူလာခဲ့သည်။

သူ၏ မြွေခန္ဓာကိုယ်သည် နူးညံ့၍ ချောမွေ့နေဟန် ဖြစ်နေခဲ့သည်။ သူ့ကိုယ်ပေါ်သို့ ပတ်လိုက်ပါက သူ၏ ဗိုက်သည် ဒုံးပျံရထားကဲ့သို့ မြင့်တက်လာမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ယခုအခါ မြွေအစစ်အမှန်နှင့်တူနေပြီဖြစ်၏။

ဝမ်ကျုံးသည် နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးမှေးမှေးဖြင့် စိုက်ကြည့်နေခဲ့သည်။ မတွေ့ရသည်မှာ ကြာနေပြီဖြစ်သည့်အတွက် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။

မြွေနက်ကြီးသည် သူ့မိတ်ဖက်၏ အလေးအနက် စူးစမ်းကြည့်ရှုခြင်းကို ခံရသောအခါ မြွေလျှာကို အားဖြင့် ထုတ်လိုက်သည်။ ဝမ်ကျုံးကို တစ်ချက်ကြည့်လိုက်ပြီး သူ့အရေခွံအသစ်ကို အံ့ဩနေခဲ့သည်။ သူ့ချောမောမှုကြောင့် ဝမ်ကျုံး သတိမလစ်ခြင်းကို အနည်းငယ် စိတ်မကောင်းဖြစ်သော်လည်း သူ့အမြီးကို ဂုဏ်ယူစွာဖြင့် အကြိမ်အနည်းငယ် ရိုက်ခတ်ခဲ့သည်။

ထို့နောက် သူ ပျော်ရွှင်ရန်သာ ဆုံးဖြတ်လိုက်သည်။

လှပသော အကြေးခွံများ မရှိတော့သော်လည်း သူ ဝမ်ကျုံးကို ရှောင်တိမ်းတော့မည်မဟုတ်ချေ။

ဝမ်ကျုံးက သူ့ကို အလွန်အမင်း မနာလိုဖြစ်နေသည်ကို သူ သိသည်။

သူ့ အမြီးဖျားကို ဝမ်ကျုံးထံ ပေးလိုက်ပြီး ဝမ်ကျုံးကို ရက်ရက်ရောရော ထိတွေ့စေခဲ့သည်။ မည်သည့် သနားညှာတာမှုကိုမှ မလိုအပ်ပေ။မည်သည့် ယဉ်ကျေးမှုကိုမျှလည်း ပြရန်မလိုအပ်ပေ။

ဝမ်ကျုံး: "..."

မြွေနက်ကြီးက အလွန်ဝမ်းသာနေပုံ။

အရေခွံလဲပြီးနောက်ပိုင်း သူ အကြေးခွံများ မပေါက်သေးချေ။ ဖော်ထုတ်ထားသော မြွေအရေပြားသည် ချောမွေ့၊ နူးညံ့၊ စိုစွတ်၊ ပျော့ပျောင်းနေပြီး ကြည်လင်သော အချွဲလွှာတစ်ထပ်နှင့် တူနေခဲ့သည်။

သူသည် အထိမခံနိုင်ဘဲ အနည်းငယ် ကျိုးပဲ့လွယ်ပုံပေါ်နေသည်။

“မှော်ဆန်လိုက်တာ”

ဝမ်ကျုံး မြွေနက်ကြီး၏ အမြီးကို လက်ချောင်းများဖြင့် ဂရုတစိုက် ထိလိုက်သောအခါ သူ ထင်ထားသလို စေးကပ်မနေ။ ထို့ပြင် အလွန်ခြောက်သွေ့၍ မာကျောနေပြီး ရာဘာနှင့် ဆင်တူသည်ဟု ခံစားရသည်။

မြွေနက်ကြီး၏ မထင်မှတ်ထားသော အသားအရေကြောင့် ဝမ်ကျုံး အံ့ဩမိသည်။

မြွေနက်ကြီးက စူးစူးစိုက်စိုက်ကြည့်နေသည့်ကြားမှ သူ သတ္တိမွေးကာ လက်ငါးချောင်းကို ဆန့်တန်း၍ လက်ဖဝါးတစ်ခုလုံးကို ၎င်းအပေါ်သို့ ညင်သာစွာ တင်လိုက်သည်။

ယခင်ကကဲ့သို့ပင်။

သူ မြွေနက်ကြီး၏ အရေပြားကို အပေါ်အောက်သို့ ညင်သာစွာ ထိလိုက်သည်။

အရေခွံထက် အကြေးခွံထက် ပိုမိုနူးညံ့ကာအေးမြပြီးချောမွတ်သည်ဟု ခံစားရသည်။

 မြွေနက်ကြီးသည် သက်သောင့်သက်သာဖြင့် မျက်လုံးများကို မှေးစင်းကာ ၎င်း၏အမြီးဖြင့် ဝမ်ကျုံး၏ ပခုံးကို ပုတ်၍ သူ၏ ရှက်ရွံ့သော အကြေးခွံများကို ထိရန် အချက်ပြလိုက်သည်။

၎င်းက မြွေနက်ကြီး၏ ပြောင်းပြန် အကြေးခွံဖြစ်သည်ကို သတိရသောအခါ တုံ့ဆိုင်းသွားပြီး မထိဝံ့တော့ပေ။

သူ သတိထား၍ မေးလိုက်သည် "ကျွန်တော် ခင်ဗျားရဲ့မြွေအရေခွံကိုယူပြီး အဝတ်အချို့ လုပ်ထားတယ် ခင်ဗျား မကြိုက်ရင် ပြန်ပေးမယ်လေ" အဝတ်လဲရန် ပြင်ဆင်စဉ်တွင် သူ၏အဝတ်အစားများ ရှုပ်ပွနေသည်ကို သတိပြုမိပြီး လည်ပင်းမှ ခြေကျင်းဝတ်အထိ၊ ခြေဖဝါးအောက်ခြေအထိပင် သွေးစုပ်ရာများဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်ရ၏။

ဝမ်ကျုံး၏ နှလုံးခုန်နှုန်း ရပ်တန့်သွားတော့မတတ်။

"ဒါက အိပ်မက် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

မြွေနက်ကြီးက သူ့အား ဂရုမထားဘဲ ရစ်ပတ်ထားသည်။ သူက ဝမ်ကျုံး ကိုယ်ပေါ်မှ အမည်မသိ ကြောက်စရာ အမှတ်များကို ပျော်ပျော်ကြီး လျက်နေလေသည်။

သူ၏ အမြီးလှုပ်ရှားမှု အကြိမ်ရေကို ကြည့်ခြင်းအားဖြင့် သူ ယခင်ကထက် ပိုမိုပျော်ရွှင်နေပုံရသည်။

မြွေနက်ကြီး၏ အပူချိန်သည် ထိုမိစ္ဆာက သူ့အား လျက်သည့်အခါ ခံစားရသော ခံစားချက်နှင့် အတိအကျတူညီသည်။

ဝမ်ကျုံး ရင်ဘတ်ထဲတွင် တင်းကျပ်သွားသည်။ သူသည် ရေကန်ကို လက်ညှိုးထိုးပြ၍ မြွေနက်ကြီးအား မေးလိုက်သည် " မြွေချောလေးရေ ကြောက်စရာကောင်းတဲ့ လူတစ်ဝက် မြွေတစ်ဝက် သတ္တဝါကို မြင်ဖူးလား... ငါ သူကြောင့် ကြောက်လန့်ပြီး မေ့လဲသွားသေးတယ်...သူက မင်းရဲ့ မှန်ကို ယူသွားတာ၊ မင်း မြင်လိုက်လား..."

 မြွေနက်ကြီးက အံ့အားသင့်သွားကာ မှန်ကို ကြည့်လိုက်၏။

"ကြေးမုံကြီးရေ... ကြေးမုံကြီးရေ"

"သူပြောတာ ဟုတ်လား..."

"ငါ့ခွင့်ပြုချက် မပါဘဲ  မင်းကို လူတစ်ဝက် မြွေတစ်ဝက် သတ္တဝါက ထိခဲ့တာလား.."

"အဲ့ဒီသတ္တဝါက ငါ့လောက် ချောလို့လား။ မင်း ငါ့ကို တိတ်တိတ်လေး သစ္စာဖောက်ခဲ့တယ်‌ပေါ့..."

 မြွေနက်ကြီးသည် အခြားသူများ ထိတွေ့ပြီးနောက် မှန်က ညစ်ပတ်သည်ဟု ခံစားရကာ မြှုပ်နှံရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ကျုံးသည် ထိုအရာကို သတိပြုမိပြီးနောက် မှန်ကို ပြန်လည်လုယူခံရမည်ကို စိုးရိမ်မိကာ မြွေနက်ကြီးအား အလျင်အမြန် ပြောဆိုလိုက်သည်။ "မြွေချောလေးရေ၊ မှန်ကို ယူပြီး ထွက်ပြေးကြရအောင်။ လူတစ်ဝက် မြွေတစ်ဝက် သတ္တဝါကြီးနဲ့ ဝေးဝေးနေကြမယ်၊ ဒါမှ ငါတို့ကို သူ ဘယ်တော့မှ ပြန်ရှာမတွေ့မှာ"

 မြွေနက်ကြီး : "..."

မြွေနက်ကြီးသည် မှန်ကို တူးဖော်လိုက်ပြီး ၎င်း၏ ကိုယ်တစ်ဝက်ကို မြေကြီးထဲတွင် ထားကာ မယုံနိုင်စွာ သူ့ အစွယ်များကို အနည်းငယ် ဟလျက် မေးလိုက်သည်။

"ကြေးမုံကြီးရေ  ကြေးမုံကြီးရေ..."

"သူ ပြောတဲ့ သတ္တဝါက..."

"အမှန်တကယ်က ငါ ဖြစ်နေတာလား၊ ဒီလောက်ချောမောပြီး ဘယ်သူမှ ယှဉ်နိုင်စွမ်းမရှိတဲ့ ဆွဲဆောင်မှုမျိုးနဲ့ လူတွေကို ငါ့ရဲ့ လှပမှုကြောင့် စွဲမက်စေတဲ့ ငါလား..."

ထိုသတ္တဝါဆိုသည်မှာ မိမိကိုယ်တိုင်ကို ရည်ညွှန်းသည်ဟု တွေးကာ မြွေနက်ကြီးသည် ဝမ်းနည်း ဒေါသထွက်မိသည်။

သူ့ စိတ်ထဲတွင် "ငါက မင်းကို စိတ်ရင်းမှန်နဲ့ချစ်တာ ၊ နေ့တိုင်း မင်းကို နမ်းဖို့နဲ့ ပွေ့ဖက်ဖို့ပဲ စဉ်းစားနေတာ ငါ့ခေါင်းကြီးထဲမှာ မင်းနဲ့ပတ်သက်တဲ့ အချစ်ကလွဲပြီး တခြားဘာမှ မရှိဘူး...အခု မင်းက ငါ့ကို သတ္တဝါလို့ ခေါ်ပြီး စော်ကားတာလား။"

“အမ်…”

'နှလုံးသား မဲ့လိုက်တာ စိတ်ပျက်စရာပဲ'

ဝမ်ကျုံးသည် မိုးကြိုးရေကန်ထဲသို့ ခြေချမိကြောင်း မသိလိုက်ဘဲ မြွေနက်ကြီး၏ အမြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “အာ! ဟုတ်တယ်။ အဲ့သတ္တဝါကြီးရဲ့ အမြီးက ခင်ဗျားဟာနဲ့ တူတူပဲ ရှည်တယ်၊ ထူထဲမဲနက်တယ်၊ပြီးတော့ သန်မာတယ်..အရမ်းကြောက်စရာ ကောင်းတာပဲ ကျွန်​တော်ကြောက်လန့်ပြီး သေလုနီးပါး ဖြစ်သွားတာ ငရဲမင်းနဲ့ တွေ့လုနီးပါးပဲ။”

မြွေနက်ကြီးသည် ၎င်း၏ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်သည်။ ၎င်း၏ အမြီးကို ဝမ်ကျုံးဘက်သို့ ရိုက်ခတ်လိုက်ပြီး မျက်လုံးများကို မှေးစင်းကာ မျက်လုံးဖြူနှစ်လုံးကို ပြသလိုက်သည်။ ကြီးမားသော အစွယ်များက ကျားနဂါးမှ အာဟာရရရှိထားသော သူ့တင်ပါးကို ကိုက်လိုက်သည်။

သူ့ကို အောင်မြင်စွာ ကြောက်လန့်စေပြီးနောက် မြွေနက်ကြီးသည် မှန်ကို လိပ်ယူကာ မကျေမနပ်ဖြစ်နေပြီး ရေကန်ထဲသို့ ဝင်သွားသည်။

သူ့အမြီးပေါ် တက်စီးပြီး သူ့ကို စိတ်ရင်းအမှန်ဖြင့် မတောင်းပန်ပါက ဝမ်ကျုံးကို သူ အမြီးဖြင့် မပတ်တော့ဘူးဟု ဒေါသတကြီး ဆုံးဖြတ်လိုက်သည်။

ဤနေ့မှစ၍ ဝမ်ကျုံးသည် အိပ်မက်ဆိုးများဖြင့် နှိပ်စက်ခံရလေသည်။ သူ အိပ်ပျော်သည့်အခါတိုင်း လူတစ်ဝက် မြွေတစ်ဝက် သတ္တဝါက သူ့အား နည်းမျိုးစုံဖြင့် နှောင့်ယှက်ပြီး မြွေအမြီးပေါ်သို့ စီးစေကာ အဆုံးမရှိသော တောင်းပန်စကားများအား ထပ်ခါတလဲလဲ ပြောစေခဲ့သည်။