အပိုင်း ၁၀
Viewers 443

မင်အန်းဆောင်မှာပဲ ဟင်းရှစ်ပွဲ၊ ဟင်းရည်နှစ်ခွက်နဲ့ စားချင်စရာ နေ့လယ်စာကို အတူတူစားပြီး ကျောက်ဆွေ့က ဝါးခြံကို ပြန်တော့တယ်။ မပြန်ခင်လေးမှာတင် သူက ညနေကျရင် ပြန်လာခဲ့မယ်လို့ ယောင်ဟွမ်ကို မှာသွားသေး။

ယောင်ဟွမ်က နေရာကနေ ထပြီး "မင်းသားကို လိုက်ပို့ပေးမယ်လေ" လို့ ပြောရှာပါတယ်။

 "အဲဒီလောက် အားနာနေစရာ မလိုပါဘူး"

သုံးနှုန်းသွားတဲ့ စကားလုံးတွေက ယဉ်ကျေးပေမဲ့၊ သူ့မျက်နှာအမူအရာကတော့ ဘာမှ ဆက်ပြောခွင့်မပေးတော့မယ့် အေးစက်စက်ပုံစံမျိုး ဖြစ်နေတာလေ

ဒီလို ခံစားချက်မျိုးကို ယောင်ဟွမ် ကောင်းကောင်းနားလည်ပါတယ်။ တစ်ခါတလေ သူများအိမ် အလည်သွားတဲ့အခါ လူကြီးတွေက သူမကို စားစရာ တစ်ခုခု ပေးတတ်ကြတယ်။ သူမက မစားချင်ဘူးဆိုပေမဲ့ လူကြီးတွေကတော့ သူမကို အားနာနေတယ်ထင်ပြီး အတင်းထိုးကျွေးတတ်ကြတာလေ။ အဲဒီလိုအချိန်မျိုးဆို ယောင်ဟွမ်က အပေါ်ယံ ကျေးဇူးတင်စကား ဆိုလိုက်ရပေမဲ့ စိတ်ထဲမှာတော့ ဘယ်လောက်တောင် စိတ်ရှုပ်သွားလဲ မမေးနဲ့တော့။ အကယ်လို့သာ သူမက မင်းသမီးတစ်ပါး ဖြစ်နေမယ်ဆိုရင်တော့ "မစားချင်ပါဘူးဆို၊ အတင်း မကျွေးပါနဲ့" ဆိုပြီး ခပ်ပြတ်ပြတ် တစ်ခွန်းတည်းနဲ့ တစ်ဖက်လူကို ရှင်းထုတ်လိုက်လို့ ရတာပေါ့။

အခုလည်း မင်းသားက သူမကို လိုက်မပို့စေချင်ဘူးဆိုတော့ ယောင်ဟွမ်လည်း ဧည့်ခန်းဆောင် တံခါးဝမှာပဲ ရပ်ကျန်ခဲ့ပြီး၊ ချင်းအိုက် ဘီးတပ်ကုလားထိုင် တွန်းသွားတာကိုပဲ မျက်စိတစ်ဆုံး လိုက်ကြည့်နေလိုက်ရတော့တယ်။

သခင်နဲ့ကျွန် နှစ်ယောက်ရဲ့ ကျောပြင်လေးတွေ လုံးဝ ပျောက်ကွယ်သွားတော့မှ ယောင်ဟွမ်လည်း စိတ်သက်သာရာ ရသွားတော့တယ်။ ခြံဝင်းထဲက အားကျီတို့ ငါးယောက်လည်း တော်တော်လေးကို လွတ်လွတ်လပ်လပ် ဖြစ်သွားကြတာပေါ့။

ယောင်ဟွမ်က ထမင်းစားပွဲနားကို ပြန်လျှောက်သွားတယ်။ အသားဟင်းနဲ့ သက်သတ်လွတ်ဟင်း စုစုပေါင်း ဟင်းရှစ်ပွဲရှိတဲ့အထဲမှာ၊ မင်းသားဟွေ့ဆိုတာ သူ့ရှေ့နားက ဟင်းနှစ်ပွဲကိုပဲ စားသွားတာလေ။ ယောင်ဟွမ်ကတော့ ကျန်တဲ့ဟင်း ခြောက်ပွဲလုံးကို မြည်းကြည့်ခဲ့ပေမဲ့ သူမ ဘယ်လောက်ပဲ စားနိုင်စားနိုင် အားလုံးပေါင်းမှ ဟင်းတစ်ပွဲခွဲစာလောက်ပဲ စားနိုင်တာ။ ဟင်းရည်နှစ်ခွက်ထဲကနေ သူမက တစ်ပန်းကန် သောက်ခဲ့ပြီး မင်းသားဟွေ့ကတော့ ပန်းကန်တစ်ဝက်လောက်ပဲ မြည်းသွားတယ်။

ဒါကြောင့် ယောင်ဟွမ်က ဟွားမေကို လှမ်းမေးလိုက်လေတယ်။ "ပုံမှန်ဆို ကွေ့ဖေး စားလို့မကုန်တဲ့ ဟင်းတွေကို ဘယ်လို လုပ်လေ့ရှိလဲ"

ယောင်မိသားစုက လူနည်းတော့ တစ်နပ်တစ်နပ်ကို ဟင်းတွေ နည်းနည်းလေးပဲ ပိုလေ့ရှိတာ၊ အလဟဿဖြစ်သွားတာမျိုးက ခပ်ရှားရှားရယ်။

ဟွားမေကတော့ စိတ်ထဲကနေ ခိုးလှောင်နေပေမဲ့ အပြင်ပန်းမှာတော့ ရိုရိုသေသေပဲ ဖြေလိုက်တယ်"ကွေ့ဖေးက လက်အောက်အစေခံတွေကို စွန့်ကြဲလေ့ရှိပါတယ်"

ယီခွမ်းနန်းဆောင်ကို ပို့လာတဲ့ အသားငါး ဟင်းသီးဟင်းရွက်တွေဆိုတာ အလတ်ဆတ်ဆုံးတွေချည်းပဲလေ။ ကွေ့ဖေး တစ်ယောက်တည်းက ဘယ်လောက်များ စားနိုင်မှာတဲ့လဲ။ ဟင်းတော်တော်များများက အထိမခံရဘဲ အကောင်းတိုင်းလေး ပြန်ပါလာတာများတယ်။ အဲဒါတွေကို ဒယ်အိုးထဲထည့်ပြီး နွေးလိုက်တာနဲ့တင် နန်းတွင်းအစေခံတွေ၊ မိန်းမစိုးတွေရဲ့ ထမင်းဝိုင်းမှာ စားချင်စရာ ဟင်းကောင်းဟင်းလျာတွေ ဖြစ်သွားတော့တာပေါ့။

ယောင်ဟွမ်က ပိုင်လင်ကို လှမ်းကြည့်လိုက်တယ်။ ပိုင်လင်က ဟွားမေပြောတာ အမှန်ပဲဆိုတဲ့ သဘောနဲ့ ခေါင်းညိတ်ပြတာကို မြင်တော့မှ ယောင်ဟွမ်က ဆက်ပြောလေတယ်။ "ကောင်းပြီလေ၊ ဒါဆိုလည်း ဒီဟင်းတွေကို သိမ်းပြီး နင်တို့ပဲ စားလိုက်ကြတော့။ ကြုံတုန်း မီးဖိုချောင် တာဝန်ခံ စားဖိုမှူးကြီးကို ငါ့ဆီလာတွေ့ဖို့ ခေါ်လိုက်ဦး"

အားကျီကတော့ "ကျွန်မ မဆာသေးဘူး၊ ဝမ်ဖေးအနားမှာပဲ နေဦးမယ်လေ" လို့ ဆိုတာပေါ့

ယောင်ဟွမ်က လက်ယမ်းပြလိုက်လေတယ်။ "အရင်သွားစားကြပါ ။ ဗိုက်ဝမှ ပြန်လာခဲ့ကြ။ ငါ အခု ခဏနားမလို့ဆိုတော့ နင်တို့ကို ခိုင်းစရာမရှိဘူး"

ခြံဝင်းထဲမှာက အိမ်တော်က စီစဉ်ပေးထားတဲ့ ဒုတိယအဆင့် အစေခံကောင်မလေးတွေလည်း ရှိသေးတာဆိုတော့ ယောင်ဟွမ်လည်း အလုပ်ပါးတုန်း သူတို့နဲ့ ရင်းနှီးအောင် လုပ်လို့ရတာပေါ့။

သိပ်မကြာခင်မှာပဲ မီးဖိုချောင်တာဝန်ခံ စားဖိုမှူးကြီး ရောက်လာတယ်။ ထူးထူးဆန်းဆန်း နှစ်ယောက်တောင် ဖြစ်နေတာပဲ။

မင်းသားဟွေ့ အမြဲစားနေကျ စားဖိုမှူးကြီးက စားဖိုမှူးခုန်း တဲ့။ ပုံမှန်ဆိုရင် ဝါးခြံထဲက မီးဖိုချောင်အသေးလေးမှာ တာဝန်ကျတာပေါ့။ ဒီသုံးရက်မှာ မင်းသားက မင်အန်းဆောင်မှာ ပြောင်းပြီး စားသောက်မှာဆိုတော့ စားဖိုမှူးခုန်း လည်း ဒီကို လိုက်လာရတာလေ။ အမျိုးသမီးစားဖိုမှူး ဒေါ်ကြီးကောင်း ကတော့ ဝမ်ဖေးကို လုပ်ကျွေးဖို့ အိမ်တော်ကနေ သီးသန့်ရွေးချယ်ထားတဲ့သူမို့လို့ မင်အန်းဆောင်မှာ အမြဲတမ်း နေရမှာ။

ယောင်ဟွမ်က စားဖိုမှူးခုန်း ကို မေးလိုက်လေတယ်။ "မင်းသားရဲ့ နေ့စဉ် စားသောက်တဲ့ သုံးနပ်မှာ တစ်နပ်ကို ဟင်းဘယ်နှစ်ပွဲ ပါရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ဘာတွေ ရှိသေးလား"

"ရှိပါတယ်၊ သီးသန့် အထူးမှာကြားထားတာ မရှိဘူးဆိုရင် မင်းသားက မနက်စာကို အဓိကဟင်းနှစ်ပွဲ၊ အရံဟင်းနှစ်ပွဲ စားလေ့ရှိပါတယ်။ နေ့လယ်စာကတော့ ဟင်းလေးပွဲနဲ့ ဟင်းရည်တစ်ခွက်ပေါ့၊ ညစာကိုတော့ ဟင်းနှစ်ပွဲနဲ့ ဟင်းရည်တစ်ခွက် စားပါတယ်"

ယောင်ဟွမ်က ထပ်မေးလိုက်ကုန်တယ်။ "မင်းသားက ထမင်းဘယ်လောက်လောက် စားနိုင်လဲ" 

စားဖိုမှူးခုန်းက သက်ပြင်းချရှာတယ်။ "ဒီတစ်နှစ်အတွင်း မင်းသားက အစားအသောက် သိပ်မဝင်ရှာဘူး။ စားပွဲပေါ် ချပေးတဲ့ ဟင်းတွေရဲ့ သုံးပုံတစ်ပုံလောက် စားရင်တောင် များနေပြီလို့ ဆိုရမှာပဲ"

ယောင်ဟွမ်လည်း အခြေအနေကို သဘောပေါက်သွားပြီး သူတို့နှစ်ယောက်ကို သေချာမှာလိုက်တော့တယ်။ "မင်းသားက ဟိတ်ဟန်တွေထုတ်ပြီး အလေအလွင့်များတာကို မကြိုက်ဘူး။ ကျွန်မလည်း အဲဒီလောက် အများကြီး မစားနိုင်ဘူးလေ။ နောက်ဆိုရင် မင်းသားရဲ့ အကျင့်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ မနက်စာကို အရံဟင်းလေးပွဲ ပြောင်းလိုက်။ ညစာကိုတော့ ဟင်းသုံးပွဲနဲ့ ဟင်းရည်တစ်ခွက်ပေါ့။ ကျွန်မ စားချင်တဲ့ ဟင်းရှိရင် ကြိုပြီး ပြောမယ်လေ။"

စားဖိုမှူးကြီး နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ကြတာပေါ့။ ဒေါ်ကြီးကောင်းကတော့ အခွင့်ကောင်းယူပြီး ဝမ်ဖေး ဘယ်လိုဟင်းမျိုး ကြိုက်တတ်လဲဆိုတာကို ကြုံတုန်း မေးထားလိုက်သေးတယ်။

ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ ယောင်ဟွမ်က ဘေးခန်းက ကုတင်ပေါ်မှာ သွားလှဲနေလိုက်တယ်။ ပြတင်းပေါက် အပြင်ဘက်မှာ နေရောင်က တော်တော်လေး ပြင်းနေသေးတော့ အခုက ပန်းခြံထဲ လမ်းလျှောက်ထွက်ဖို့ အချိန်ကောင်း မဟုတ်သေးဘူးလေ။

အစေခံမလေး ငါးယောက် ပြန်ရောက်လာတော့ ယောင်ဟွမ်က ဟွားမေနဲ့ ပိုင်လင်ကို အနားမှာ စောင့်ခိုင်းလိုက်ပြီး အားကျီတို့ သုံးယောက်ကိုတော့ အနောက်ဘက်အဆောင်မှာ နေ့လယ်ခင်း သွားနားခိုင်းလိုက်တယ်။

ဟွားမေကတော့ တော်တော်လေးကို ပြောရဲဆိုရဲ ရှိတာ။ ယောင်ဟွမ်ရဲ့ မျက်ခွံတွေ ပိုပိုပြီး လေးလာတာကို မြင်တော့ သွေးတိုးစမ်းတဲ့သဘောနဲ့ မေးတော့တာပဲ။ "ဝမ်ဖေး... ဝမ်ရယ်က ဘာလို့ ဝမ်ဖေးနဲ့ အတူတူ နေ့လယ်ခင်း လာမနားတာလဲဟင်"

ယောင်ဟွမ်က သူ့ကို တစ်ချက် စောင်းကြည့်ပြီး ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။ "မင်းသား ကိုယ်တိုင် ပြောဖူးတယ်လေ။ သူက တိတ်တိတ်ဆိတ်ဆိတ် နေရတာကို ကြိုက်တယ်။ နောက်ဆိုရင် မင်းသား တစ်ယောက်တည်း နေတဲ့အချိန်တွေ ပိုများလာလိမ့်မယ်။ နင်တို့လည်း စောစောစီးစီး အကျင့်လုပ်ထားကြ။ အလကားနေရင်း လိုက်မစပ်စုနဲ့"

ပိုင်လင်ကတော့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြနေတယ်။

ယောင်ဟွမ်က တစ်ဖက်ကို လှည့်လိုက်ပြီး သူတို့နှစ်ယောက်ကို ကျောပေးလိုက်လေရဲ့။ "အပြင်မှာ သွားစောင့်ကြ။ တစ်နာရီလောက်နေရင် ငါ့ကို လာနှိုး"

ဟွားမေ : "..."

ပိုင်လင်က သူ့ကို အပြင်ဘက် ဆွဲခေါ်သွားလိုက်တော့တယ်။

အိပ်ရာကနိုးတော့ ယောင်ဟွမ်က မျက်နှာသစ် ကိုယ်လက်သန့်စင်လိုက်တယ်။ ပြီးတာနဲ့ အစေခံမလေး ငါးယောက်လုံးကို တစ်ပါတည်း ခေါ်ပြီး အနောက်ဘက် ပန်းခြံဆီကို တခမ်းတနား ထွက်လာခဲ့တော့တာပေါ့။ သူတို့ကိုလည်း လမ်းမှတ်မိသွားအောင်လို့လေ။

ဒီတစ်ခေါက်တော့ ယောင်ဟွမ်က အနောက်ဘက်ကနေ စပြီး လျှောက်ကြည့်တယ်။ ပန်းခြံထဲက လမ်းသွယ်လေးတွေပဲဖြစ်ဖြစ်၊ အပန်းဖြေဇရပ်ဆီ သွားတဲ့ ကျောက်ပြားခင်းလမ်းတွေပဲဖြစ်ဖြစ်၊ လမ်းရှိတဲ့ နေရာမှန်သမျှကို ယောင်ဟွမ်က အကုန်လုံး လိုက်ပြီး စူးစမ်းတော့တာပါပဲ။

ယောင်ဟွမ်က ဒီကို ဒုတိယအကြိမ် ရောက်ဖူးတာဆိုပေမဲ့၊ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ အားကျီအတွက်ကတော့ အိပ်မက်ထဲက နတ်ပြည်ကို ရောက်သွားသလိုပဲ။ ဝမ်ဖေး ဘယ်ပြေးပြေး နောက်ကနေ တကောက်ကောက် လိုက်ပြေးနေတာကို ကြည့်ပြီး ဟွားမေကတော့ စိတ်ထဲကနေ တစ်လှည့်ပြီးတစ်လှည့် လှောင်ပြောင်နေလိုက်တာများ နောက်ဆုံး လှောင်ရလွန်းလို့ ထုံတောင် ထုံသွားတဲ့အထိပဲ။

မြောက်ဘက်က ချွေ့ဖျင်တောင်ကုန်းလေးပေါ်ကို အားကျီကိုခေါ်ပြီး တဟုန်ထိုး တက်သွားတဲ့အခါမှာတော့၊ ဟွားမေခမျာ အမောတကောနဲ့ ခါးတွေညောင်း၊ ခြေတွေလက်တွေ ပျော့ခွေပြီး နောက်ကနေ ကျန်ခဲ့ရတော့တာတယ်

တောင်ထိပ်က အပန်းဖြေဇရပ်လေးထဲ ရောက်တဲ့အခါ ယောင်ဟွမ်က ဖိနပ်ကိုချွတ်၊ အနားယူတဲ့ ကုတင်ရှည်လေးပေါ် တက်က်တယ်။ ပြီးတော့ အနီရောင်ဆေးသုတ်ထားတဲ့ ဇရပ်တိုင်ကို ကိုင်ပြီး တောင်ဘက်က ပန်းခြံတစ်ခုလုံးကို အပေါ်စီးကနေ ငေးကြည့်ရင်း တအံ့တဩပြောတော့တာပဲ။"ဒီနေရာလေး သိပ်ကောင်းတာပဲ၊ ဘယ်နေရာကိုမဆို အကုန်မြင်ရတယ်"

အားကျီလည်း ပါးစပ်အဟောင်းသားနဲ့ ဘာစကားမှတောင် မပြောနိုင်လောက်အောင် မှင်က်သွားတော့တယ်။

ဧကရာဇ်ရဲ့ ဥယျာဉ်တော်ကြီးကို မျက်စိကျင့်သားရနေတဲ့ ဟွားမေတောင်မှ အံ့သြသွားတာလေ။ မင်းသားဟွေ့အိမ်တော်ရဲ့ ပန်းခြံက မင်းသားခန်းအိမ်တော်ထက် ပိုကြီးတယ်၊ ယုံချန်းဧကရာဇ်က မျက်နှာလိုက်တယ်လို့ အားလုံးက ပြောကြပေမဲ့၊ ယုံချန်းဧကရာဇ်ရဲ့ ဥယျာဉ်တော်ကြီး ကိုယ်တိုင်ကတောင် ဒီပန်းခြံရဲ့ တစ်ဝက်လောက်ပဲ ရှိမယ့်ပုံပဲကိုး။

ချွေ့ဖျင်တောင်ကုန်းလေးက ပန်းခြံရဲ့ မြောက်ဘက် တစ်ခွင်လုံးမှာ ကန့်လန့်ဖြတ် တည်ရှိနေတာ။ တောင်ပေါ် နေရာအနှံ့မှာလည်း ကျောက်ဆောင်တွေ၊ ရေတံခွန်တွေ၊ စမ်းချောင်းတွေနဲ့ ရေကန်ငယ်လေးတွေစတဲ့ သဘာဝတောင်ပေါ်ရှုခင်းတွေ အစုံအလင် ဖန်တီးထားသေးတယ်။

ယောင်ဟွမ်က ရှုခင်းတွေနောက်ကို လိုက်ငေးရင်း၊ တစ်ခါတလေ တောင်ပေါ်တက်လိုက်၊ တစ်ခါတလေ တောင်အောက်ဆင်းလိုက်နဲ့၊ အနောက်ဘက်ကနေ အရှေ့ဘက်အထိ လျှောက်ကြည့်လိုက်တာ တစ်နာရီလောက်တောင် ကြာသွားတယ်။

တောင်အောက်ကို ပြန်ရောက်တော့ ယောင်ဟွမ်က လမ်းတစ်ပိုင်းလောက်ကို နောက်ပြန်လျှောက်ပြီး ပန်းခြံရဲ့ အလယ်ပိုင်းဆီ ကွေ့ဝင်သွားတယ်။

နေလုံးကြီး အနောက်ဘက်ကို ယိမ်းသွားတဲ့အချိန်ကျမှ ယောင်ဟွမ်က ချွေ့ဖျင်တောင်ခြေကို ပြန်လှည့်လာပြီး အရှေ့ဘက် ကျောက်ပြားခင်းလမ်းအတိုင်း တောင်ဘက်ကို ဆက်လျှောက်သွားတော့တယ်။

အရင်ဆုံး ဟို ပစ်ထားတဲ့ ဟင်းသီးဟင်းရွက်ခင်းလေးကို ဖြတ်သွားရတာပေါ့။

ယောင်ဟွမ်က ဟင်းရွက်ခင်းထဲမှာ တစ်ပတ်လောက် ပတ်လျှောက်လိုက်သေးတယ်။ ဖိနပ်အောက်ခြေမှာ မြေဝါတွေ ကပ်ပါလာပေမဲ့ သူမကတော့ ကျေကျေနပ်နပ်ကြီးနဲ့ ပြန်ထွက်လာခဲ့တာလေ

တောင်ဘက်ကို ဆက်သွားရင်တော့ ဝါးတောကို ရောက်ပြီ။

မင်းသားဟွေ့ တစ်ယောက်တည်း အထဲမှာ ဘာတွေများ လုပ်နေမလဲဆိုတာ ယောင်ဟွမ် စပ်စုချင်စိတ် ပေါ်လာပေမဲ့ သူမက အထဲကို ချောင်းကြည့်တာမျိုး မလုပ်ဘဲ ဝါးတောကို နောက်ချန်ထားခဲ့ပြီး ခပ်မြန်မြန်ပဲ ဖြတ်လျှောက်လာခဲ့လိုက်တော့တယ်။

ဝါးခြံဘက်မှာတော့ အဓိကအဆောင် သုံးခန်း၊ မီးဖိုချောင် တစ်ခန်း၊ ဆေးကုသဆောင် တစ်ခန်းနဲ့ အစေခံတွေနေတဲ့ အခန်းတစ်ခန်း ရှိတယ်။ အရှေ့အနောက် ခြံစည်းရိုးကျောက်တံတိုင်းတွေက ဆယ်ပေလောက် မြင့်ပြီး တံတိုင်းအပြင်ဘက် ကပ်လျက်မှာ စိမ်းလန်းနေတဲ့ ဝါးပင်တွေကို တစ်ပတ်လည် စိုက်ထားသေးတာဆိုတော့ ခြံဝင်းကို လေတောင်မတိုးနိုင်အောင် ပိတ်ဆို့ထားသလို ဖြစ်နေတာပေါ့။ တောင်ဘက် မျက်နှာစာတံခါးပေါက်ကနေပဲ ဝင်လို့ရတာလေ။

ယောင်ဟွမ်တို့ သခင်နဲ့ကျွန်တစ်သိုက် ပန်းခြံထဲကို စရောက်တဲ့အချိန်တုန်းက ပင်မအဆောင်ရဲ့ အရှေ့ဘက်ခန်းက အုတ်ကုတင်ပေါ်မှာ သမားတော်လျို က နေ့လယ်ခင်းအိပ်ရာနိုးလာတဲ့ ကျောက်ဆွေ့ရဲ့ ခြေထောက်နှစ်ဖက်ကို အကြောဖြေနှိပ်နယ်ပေးနေတာ။

ခြေထောက်နှစ်ဖက် ချိနဲ့သွားတဲ့ သူတွေကို အကြောမနှိပ်ပေးဘူးဆိုရင် ခြေထောက်ကြွက်သားတွေက တဖြည်းဖြည်း သိမ်လှီသွားတတ်တယ်လေ။ သာမန်ပြည်သူတွေ ဒဏ်ရာရရင်တော့ နေ့တိုင်း နှိပ်နယ်ပေးဖို့ အခြေအနေ ပေးချင်မှပေးနိုင်မယ် ဆိုပေမယ့် ကျောက်ဆွေ့ကတော့ ဧကရာဇ်ရဲ့ သွေးသားအရင်းအချာ မင်းသားတစ်ပါး ဖြစ်နေတာကိုး။ သူ့အနားကို သမားတော် အကပ်ခံတဲ့အချိန်ကစပြီး၊ မနေ့က ကြင်ယာတော်ကို သွားကြိုရလို့ အချိန်မရတာကလွဲရင်၊ ကျောက်ဆွေ့က တစ်နေ့ကို သုံးကြိမ် နှိပ်နယ်တဲ့ အလုပ်ကို တစ်ရက်မှ မပျက်ကွက်ဘူး။ ဒါကြောင့်လည်း သူ့ခြေထောက်နှစ်ဖက်က သာမန်လူတွေနဲ့ ဘာမှမကွာခြားသလို ဖြစ်နေတာပေါ့။

အချိန်နာရီဝက်တိတိ ကြာတဲ့ နှိပ်နယ်မှုတစ်လျှောက်လုံး၊ ကျောက်ဆွေ့က မျက်လုံးတွေကို မှိတ်ထားပြီး သမားတော်လျို ကလည်း အလိုက်တသိနဲ့ နှိပ်နယ်မှု ပြီးဆုံးသွားတဲ့အထိ ဘာစကားမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေပေးတယ်။

မင်းသားရဲ့ ခြေထောက်ကို ပြန်ချပေးပြီးတာနဲ့ သမားတော်လျို က သူ့ပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သိမ်းဆည်းလိုက်ပြီး အရိုအသေပေး ထွက်ခွာသွားတော့တယ်။

ကျောက်ဆွေ့က အတွင်းခံအင်္ကျီပါးပါးနဲ့ အကြောနှိပ်ရတာ အဆင်ပြေအောင်ဆိုပြီး အရေးကြီးတဲ့ နေရာလောက်ကိုပဲ ဖုံးထားပေးနိုင်တဲ့ ဘောင်းဘီတိုလေး တစ်ထည်ကိုပဲ ဝတ်ဆင်ထားတာ။

သမားတော်လျို က အလုပ်ကို မကျေပွန်လို့ မင်းသားကို ပစ်ထားခဲ့ပြီး ထွက်သွားတာမျိုးတော့ မဟုတ်ပါဘူး။ မင်းသားဟွေ့ ဝါးခြံထဲကို စပြောင်းလာတဲ့ ပထမဆုံးနေ့ကတည်းက စည်းကမ်းတစ်ခု သတ်မှတ်ထားခဲ့လို့လေ။ အဲဒါကတော့ သူက တစ်ခုခုခိုင်းမယ်ဆိုရင် အားလုံးက လိုက်လုပ်ပေးရမယ်၊ သူက ဘာမှမခိုင်းဘူးဆိုရင်တော့ သူ မြေကြီးပေါ် လဲကျနေရင်တောင်မှ ဘယ်သူမှ ရှေ့ထွက်ပြီး မကူညီရဘူး ဆိုတာပဲ။

ဝါးခြံထဲ ဝင်ပြီး အလုပ်အကျွေးပြုခွင့်ရှိတာဆိုလို့ ချင်းအိုက်၊ ဖေးချွမ်၊ သမားတော်နှစ်ယောက်နဲ့ စားဖိုမှူးကြီးခုန်း တို့ပဲ ရှိတယ်။ စားဖိုမှူးကြီးခုန်း ကတော့ မင်းသားဟွေ့နဲ့ မျက်နှာချင်းဆိုင် တွေ့စရာမလိုဘူး။ ဟိုလေးယောက်ကတော့ အရင်က စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်မိပြီးတဲ့နောက်မှာ တော်တော်လေးကို လိမ္မာသွားကြပြီ။ မင်းသားဟွေ့ နှုတ်ကနေ ဘာမှမပြောသရွေ့ သူတို့က စကားတစ်ခွန်းတောင် ပိုမပြောသလို၊ အလုပ်တစ်ခုတောင် ပိုမလုပ်ရဲကြတော့ဘူး။

သမားတော်လျို အလယ်ခန်းမဆောင်ကနေ ထွက်သွားတဲ့အခါ အပြင်ဘက်ကနေ တံခါးကိုတောင် ဆွဲစေ့ပေးထားသေး။ တင်းတင်းကြပ်ကြပ်ကြီး ပိတ်သွားတာမဟုတ်ဘဲ ဟဟလေးတော့ ထားခဲ့တယ်။

ချင်းအိုက်က ခြံဝင်းထဲမှာ ဆက်စောင့်နေပြီး ဖေးချွမ်ကတော့ သမားတော် လျို ကို တံခါးဝအထိ လိုက်ပို့ပေးတယ်။ ပြီးတော့မှ တံခါးဝက အစောင့်နားတဲ့ အခန်းငယ်လေးထဲ ဝင်ပြီး အနားယူနေလိုက်တော့တာပဲ

ချက်ချင်းဆိုသလိုပဲ ဝါးခြံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့လေရဲ့။

အရှေ့ဘက်အခန်းထဲမှာတော့ ကျောက်ဆွေ့က ကုတင်ကို အားပြုပြီး ထိုင်လိုက်တယ်။

နှိပ်နယ်ပြီးသွားတော့ သူ့ခြေထောက်ပေါ်မှာ ဆေးဆီတွေ ကျန်နေသေးတာမို့ ဆေးကြောဖို့ လိုအပ်တာကိုး။

အခန်းထဲမှာ ကိုယ်လက်သန့်စင်တဲ့စင် ရှိတယ်။ ကုတင်ရှေ့ကနေ အဲဒီစင်ရှေ့အထိ ကျောက်ဆွေ့က သူ့လက်မောင်းနှစ်ဖက်ကို အားပြုနိုင်အောင် သစ်သားလက်ရန်း နှစ်တန်းကို သွယ်တန်းဆောက်လုပ်ထားတယ်။ အဲဒီနေရာကို ရောက်သွားရင် ကျောက်ဆွေ့က ထိုင်ခုံပေါ်မှာထိုင်ပြီး သူ့တစ်ကိုယ်လုံးကို သန့်စင်ဆေးကြောနိုင်ပြီလေ။ ရေပုံးတွေ၊ ရေဇလုံတွေကိုတော့ ချင်းအိုက်နဲ့ ဖေးချွမ်က စောစောကတည်းက အဆင်သင့် ပြင်ဆင်ထားပေးပြီးသား။

နောက်ထပ် လက်ရန်း နှစ်တန်းကလည်း အရှေ့ဘက်ခန်းကနေ အပြင်ကိုထွက်၊ အလယ်ခန်းမဆောင်ကို ဖြတ်ပြီး အနောက်ဘက်အခန်းနဲ့ အနောက်ဘက်ခြံဝင်းဆီကို အသီးသီး သွယ်တန်းထားသေးတာ။

အနောက်ဘက်အခန်းကတော့ ကျောက်ဆွေ့ရဲ့ စာကြည့်ခန်းပေါ့။ စာဖတ်လို့ ညောင်းညာသွားရင်ဖြစ်ဖြစ်၊ စိတ်အပန်းဖြေချင်ရင်ဖြစ်ဖြစ် သူက လက်ရန်းကို အားပြုပြီး သူ့လက်မောင်းအားသက်သက်နဲ့ပဲ အနောက်ဘက်ခြံဝင်းဆီကို ဖြည်းဖြည်းချင်း ရွှေ့သွားတတ်တယ်။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်၊ ခြံစည်းရိုးအပြင်ဘက်က ဝါးတောကြီးကို ငေးကြည့်လိုက်နဲ့ ကြည့်လို့ဝသွားပြီဆိုမှ အခန်းထဲ ပြန်ဝင်လာလေ့ရှိတယ်။

အစပိုင်းတုန်းကတော့ ကျောက်ဆွေ့တစ်ယောက် စာဖတ်ဖို့တို့၊ စိတ်အပန်းဖြေဖို့တို့ဆိုတာတွေကို နည်းနည်းလေးမှ စိတ်မဝင်စားခဲ့ဘူး။ မင်အန်းဆောင်က ကုတင်ပေါ်မှာ တစ်နေကုန် ပက်လက်လှန်ပြီး ဘယ်သူ့ကိုမှလည်းမတွေ့၊ ဘာဆိုဘာမှလည်း မလုပ်ဘဲ ငြိမ်ငြိမ်လေးပဲ အချိန်ကုန်ချင်ခဲ့တာ။

 

ဒါပေမဲ့လည်း ခြေထောက်ဒဏ်ရာဆိုတာက ခြေထောက်တစ်ခုတည်းရဲ့ ပြဿနာမှ မဟုတ်တာ။ သူက တစ်နေကုန် ကုတင်ပေါ် လှဲနေချင်တိုင်း လှဲနေလို့ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ဘူးလေ။ စိတ်ကသာ သေနေတဲ့ရေအိုင်လို ငြိမ်သက်ချင် ငြိမ်သက်နေမယ်၊ ခန္ဓာကိုယ်ကြီးက အသက်ရှင်နေသေးတာကိုး။

သူသာ အသားအရေတွေ ပုပ်သိုးလာတာမျိုး မဖြစ်ချင်ရင်၊ ထမင်းပန်းကန်လေးတောင် မကိုင်နိုင်တဲ့အထိ လက်တွေ အားပျော့သွားတာမျိုးကို မလိုလားရင်၊ ကုတင်ပေါ် တက်တာဆင်းတာကအစ လူတွဲပေးရတဲ့အဖြစ်မျိုး မရောက်ချင်ရင်၊ အရေးအကြီးဆုံးက မျက်နှာသစ်တာ၊ အိမ်သာတက်တာကအစ သူများတွေ လာလုပ်ပေးနေရလို့ သူ့ရဲ့သိက္ခာတွေ အကုန်ကျေမွသွားတာမျိုး အဖြစ်မခံနိုင်ဘူးဆိုရင်တော့ သမားတော်ကြီးပြောတာကို လိုက်လျောမှ ရလိမ့်မယ်လေ။ ရွေးစရာက နှစ်လမ်းပဲရှိတာ။

ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို သမားတော်ကြီးလက်ထဲ ပုံအပ်ပြီး ပြုစုခိုင်းမလား၊ ဒါမှမဟုတ် အနည်းဆုံးတော့ ခြေထောက်နှစ်ဖက်ပဲ သုံးစားလို့မရ အဖြစ်ခံမယ်။ ကျန်တဲ့နေရာတွေကိုတော့ သန်စွမ်းနေအောင် ကိုယ့်ဘာသာ နည်းလမ်းရှာပြီး လေ့ကျင့်ခန်းလုပ်မလားပေါ့။

 

ယောင်ဟွမ် မင်အန်းဆောင်ကို ပြန်ရောက်ရောက်ချင်းမှာတင် သူမအတွက် သီးသန့်ပေးထားတဲ့ စာကြည့်ခန်းလေးထဲကို ဝင်သွားခဲ့လေရဲ့။

စာအုပ်စင်ကြီးတွေပေါ်မှာတော့ မင်းသားအိမ်တော်ဘက်က အလှပြသဘောမျိုး ထည့်ပေးထားတဲ့ စာအုပ်တချို့လောက်ပဲရှိတာ။ ယောင်ဟွမ်က သူ့ဝါသနာပါရာ စာအုပ်တွေကို ဖြည်းဖြည်းချင်း ဝယ်ဖြည့်ရဦးမှာလေ။ ဒါပေမဲ့လည်း စုတ်တံ၊ မင်တုံး၊ စက္ကူနဲ့ မင်သွေးကျောက်တွေကတော့ ပေါမှပေါ။ အဲဒီဟာတွေ အကုန်လုံးကလည်း အထက်တန်းလွှာ အသိုင်းအဝိုင်းတွေမှ သုံးနိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေချည်းပဲ။

 

သူအဖေ ယောင်ကျန့်ဟူတို့ သားအဖကလည်း ဓားသမား သိုင်းသမားတွေဆို‌ောတ့

ယောင်ဟွမ်တစ်ယောက် ဆရာမဆီမှာ စာသင်တုန်းကလည်း သိပ်ပြီး

ခေါင်းထဲထည့်ခဲ့တာမဟုတ်ဘူး။ ဆရာမသင်သလောက်ကိုပဲ

ကြိုးစားပမ်းစား မှတ်တယ်။ ဆရာမ မသင်ပေးတဲ့ဟာဆိုရင် ကိုယ့်ဘာသာ

လေ့လာဖတ်ရှုတာမျိုး မရှိဘူး။ အလွန်ဆုံးဖတ်လှ သူတို့သားအမိနှစ်ယောက်

စာအုပ်ဆိုင်ကနေ ရွေးဝယ်လာတတ်တဲ့

ရိုးရိုးဇာတ်လမ်းစာအုပ်လေးတွေလောက်ပဲ

ဖတ်တာလေ။

 

စာပေအနုပညာနဲ့ပတ်သက်ရင် အချည်းနှီးသက်သက်ဖြစ်နေတဲ့ သူလို သာမန်လူတစ်ယောက်အဖို့တော့

ဘယ်လောက်ပဲ ကောင်းပေ့ဆိုတဲ့ စာရေးကိရိယာတွေဖြစ်နေပါစေ သူရှေ့ရောက်လာရင်

လက်တွေ့သုံးလို့ရတဲ့ တန်ဖိုးလောက်ပဲရှိတာ။ ဒီစက္ကူသားလေးက

သိပ်လှလွန်းလို့၊ ဈေးကြီးလွန်းလို့ဆိုပြီး နှမြောတသဖြစ်ပြီး မသုံးဘဲနေမယ့်

အကျင့်မျိုး သူဆီမှာ လုံးဝမရှိဘူး။

 

"ဟွားမေ... မင်သွေးပေး"

 

ခိုင်းလိုက်ပြီးတာနဲ့ ယောင်ဟွမ်က အားကျီဘက်ကို လှည့်ပြီး မျက်ရိပ်မျက်ကဲ

ပြလိုက်တယ်။ သူလိုပဲ အနုပညာခံစားမှုကင်းမဲ့နေတဲ့ ကိုယ်ပိုင်အစေခံမလေးကို

ဟွားမေတစ်ယောက် မင်ဘယ်လိုသွေးသလဲဆိုတာ သေချာကြည့်ထားဖို့ အချက်ပြလိုက်တာလေ။ နောင်တစ်ချိန်ကျ အသုံးတည့်ကောင်း တည့်လာနိုင်တယ်မဟုတ်လား။

 

အားကျီကလည်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဟွားမေ့ရဲ့ ညာဘက်ကျောပြင်အနောက်ကို တမင်သက်သက် သွားရပ်လိုက်တယ်။ ခိုးကြည့်ပြီး သင်ယူလို့ လွယ်အောင်ပေါ့။

 

ဟွားမေကတော့ လောလောဆယ် အဲဒီလောက်ထိ ခေါင်းထဲမရှိပါဘူး။ ယောင်ဟွမ် ဘာတွေများ လုပ်မလို့လဲဆိုတာကိုပဲ စပ်စုချင်နေတာ။

 

မင်ရည်လည်းရရော ယောင်ဟွမ်က စုတ်တံစင်ပေါ်ကနေ ခပ်သေးသေးစုတ်တံတစ်ချောင်းကို

ရွေးယူလိုက်တယ်။ ပြီးတော့ ခဏလောက်စဉ်းစားပြီးတာနဲ့

လက်ကိုခပ်သွက်သွက်ရမ်းပြီး ကျောက်စိမ်းပြားလို

ဖြူဖွေးနုဖတ်နေတဲ့ စက္ကူသားပေါ်မှာ ကန့်လန့်ဖြတ်မျဉ်းတွေ

လျှောက်ခြစ်တော့တာပဲ။ ကန့်လန့်ဖြတ်တွေဆွဲပြီးတာနဲ့ ဒေါင်လိုက်မျဉ်းတွေ

ဆက်ဆွဲတယ်။ ဆွဲရင်းနဲ့ မှားသွားရင်လည်း အဲဒီနေရာကိုပဲ မင်တွေနဲ့ မည်းသည်းနေအောင် ခြစ်ချပြီး ဘေးနားမှာ အသစ်ပြန်ဆွဲတယ်။ ဒီလိုနဲ့ စက္ကူပေါ်မှာ မည်းတက်နေတဲ့ အကွက်တွေ အများကြီးဖြစ်ကုန်ရော။

 

ဟွားမေ : "......" (သနားပါတယ်။ သူ့ခမျာ လျှို့ဝှက်စာဘာညာထင်နေတာ LOL)

 

အားကျီကတော့ သဘောပေါက်သွားတာပေါ့ "သခင်မလေးက ဟင်းသီးဟင်းရွက်စိုက်မယ့် မြေကွက်ကို နေရာခွဲနေတာလား"

 

ဟွားမေ : "......" (ဆွံ့တွေကိုအ)

 

ယောင်ဟွမ်က သဘောကျသွားပြီး ရယ်ရယ်မောမောနဲ့ ပြန်ဖြေလိုက်တယ်။

"ဟုတ်ပါ့။ အရင်ဆုံး နေရာသေချာခွဲထားမှ မနက်ဖြန်ကျ

လူခေါ်ပြီး မြေဆွ၊ မျိုးစေ့ချခိုင်းလို့ရမှာပေါ့"

 

ဒီစက္ကူကတော့ အကြမ်းဆွဲတဲ့သဘောလောက်ပဲလေ။ သေချာလေး ပြင်ဆွဲပြီးသွားတော့မှ ယောင်ဟွမ်တစ်ယောက် နောက်ထပ် စက္ကူနှစ်ရွက်ပေါ်မှာ

အသစ်ပြန်ကူးဆွဲလိုက်တယ်။ တစ်ရွက်ကို

သူကိုယ်တိုင် သိမ်းထားပြီး ကျန်တဲ့တစ်ရွက်ကိုတော့

အိမ်တော်ထိန်းချုပ် ကောရှူကို ပေးရမှာကိုး။

 

စာရွက်ပေါ်က မင်တွေတောင် မခြောက်သေးဘူး ဆွဲလို့ပြီးခါရှိသေး၊ ပိုင်လင်က အပြင်ဘက်ကနေ လှမ်းပြီး သတင်းပို့လာတယ်။

 

"ကြင်ယာတော်... မင်းသားက အိမ်ရှေ့ဝင်းထဲကို ရောက်နေပါပြီတဲ့"

ယောင်ဟွမ် : "အေး... သိပြီ"

ညစာစားချိန်ရောက်လာတော့ ယောင်ဟွမ်က အဲဒီအတိုင်းပဲ တန်းသွားဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ပိုင်လင်က နှုတ်ခမ်းလေးကိုက်ပြီး သတ္တိမွေးရင်း

သတိပေးလိုက်တယ်။

 

"ကြင်ယာတော်... ကျွန်မ ဖိနပ်အသစ်တစ်ရံ သွားယူပေးရမလားဟင်"

 

ယောင်ဟွမ်လည်း ငုံ့ကြည့်လိုက်တော့မှ သူရဲ့ ပန်းရောင်ပိုးသား

ပန်းထိုးဖိနပ်လေးပေါ်မှာ မြေကြီးတွေ အဝိုင်းလိုက်ပေနေတာကို သတိထားမိတော့တယ်။ ဟင်းသီးဟင်းရွက်ခင်းထဲ ဝင်တုန်းက ပေလာတာနေမှာပေါ့။

 

စိုးရိမ်တကြီးဖြစ်နေတဲ့ ပိုင်လင်ရဲ့မျက်နှာကိုကြည့်ပြီး ယောင်ဟွမ်က

ပြုံးပြုံးလေးနဲ့ ပြောလိုက်လေတယ်။ "နင် သေချာဂရုစိုက်လို့

တော်သေးတာပေါ့။ မဟုတ်ရင် မင်းသားရှေ့မှာ ငါ မျက်နှာပျက်ရတော့မလို့။

မြန်မြန်သွားယူချေ"

 

တကယ်တော့ သူအိမ်မှာဆိုရင် ဖိနပ်မှာ မြေကြီးပေနေတာလောက်က ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သူယောကျ်ားဆိုတာ ငယ်ငယ်ကတည်းက ရွှေဇွန်းကိုက်၊ ရွှေပုခက်ပေါ်မှာ ဇိမ်ကျကျ ကြီးပြင်းလာတဲ့ မင်းသားတစ်ပါးလေ။ ကြင်ယာတော်ရဲ့ အဝတ်အစားတွေက မသန့်မရှင်းဖြစ်နေတာကို မြင်ရင် သည်းခံနိုင်မှာ မဟုတ်ဘူး။

 

ပိုင်လင်လည်း အခန်းတွင်းကို အပြေးလေး ဝင်သွားတော့တယ်။

 

အားကျီကတော့ သခင်မလေးရဲ့ ဖိနပ်ကို ကြည့်ရင်း 'နောက်ဆိုရင် ပိုပြီး ဂရုစိုက်ရမယ်၊

သခင်မလေးအတွက် နေရာတိုင်းမှာ ငါက အကုန်တွေးပေးနိုင်အောင် ကြိုးစားရမယ်'

လို့ စိတ်ထဲမှာ တိတ်တိတ်လေး မှတ်သားထားလိုက်တယ်။

 

ဟွားမေကတော့ မျက်လွှာချထားလေရဲ့။ သခင်မလေးရဲ့ ဖိနပ်ပေနေတာကို သူ စောစောကတည်းက မြင်ပေမဲ့ တမင်သက်သက် မပြောဘဲနေခဲ့တာ။ ပိုင်လင်က အဲဒီလို

ဝင်ပြောလိမ့်မယ်လို့ သူ ထင်မထားမိဘူးလေ။ ခုတော့ သူကပဲ

အလုပ်ဝတ္တရား မကျေပွန်တဲ့ပုံ ပေါက်သွားပြီပေါ့။

 

ဖိနပ်အသစ်လဲပြီးတာနဲ့ ယောင်ဟွမ်က သူ့ဘေးနားက အစေခံငါးယောက်ကို ဝေ့ကြည့်လိုက်ပြီး ပိုင်လင်ကို ပြောလိုက်လေတယ်။

 

"နသ် ငါနဲ့ အိမ်ရှေ့ဝင်းကို လိုက်ခဲ့"

 

အိမ်ရှေ့ဝင်းကို ရောက်ရင်တောင် ပိုင်လင်က ခြံဝင်းထဲမှာပဲ ရပ်စောင့်နေရမှာဆိုပေမဲ့

သခင်မနဲ့အတူ အပြင်လိုက်ခွင့်ရတယ်ဆိုတာက အစေခံတစ်ယောက်အတွက်တော့ သခင်မရဲ့ မျက်နှာသာပေးခြင်းကို ခံရတယ်ဆိုတဲ့ သဘောပဲ။

ဟွားမေတစ်ယောက် ပိုင်လင်ကို စိမ်းစိမ်းကြီး လှမ်းကြည့်လိုက်တယ်။ 'ဒီကောင်မက ငါ့ရဲ့ အကြီးတန်းအစေခံနေရာကို လုချင်နေတာလား' လို့ တွေးမိသွားလို့လေ။

 

ပိုင်လင်က ဟွားမေ့ရဲ့ စူးရှတဲ့ အကြည့်တွေကို မြင်ပေမဲ့လည်း ပြန်တုံ့ပြန်ဖို့

အချိန်မရလိုက်ပါဘူး။ ချက်ချင်းလှည့်ပြီး သခင်မလေးနောက်ကို

ကောက်ကောက်ပါအောင် လိုက်သွားတော့တာပဲ။

 

ဟွားမေက မျက်လုံးလေး ကစားလိုက်ပြီး သူ့လိုပဲ ကျန်ခဲ့တဲ့ အားကျီကို ပြုံးစိစိနဲ့

ပြောလိုက်လေတယ်။

 

"မြင်တယ်မလား။ ပိုင်လင် မျက်နှာရသွားတာနဲ့ နင်တောင် ဘေးရောက်သွားပြီ"

 

အားကျီ : "...... အိမ်ရှေ့ဝင်းကို လိုက်သွားရုံလေးတင်လေ။ နင်က ဘာတွေလောင်?"

 

ဟွားမေ : "......" (ပြန်ပြောစရာစကားတွေပျောက်ရှ)

(သူက အနိုင်ကျင့်နေတာလား သူ့ကို ဟိုတစ်သိုက်ကဝိုင်းအနိုင်ကျင့်နေကြတာလား မသဲကွဲတော့ဘူး)

 

အိမ်ရှေ့ဝင်းမှာတော့ ထမင်းပွဲက အဆင်သင့်ဖြစ်နေပြီ။ မင်းသားနဲ့ ကြင်ယာတော်စုံမှ

ဟင်းတွေချဖို့ပဲ ကျန်တော့တာ။

 

ယောင်ဟွမ်လည်း မင်းသားဟွေ့ရဲ့ သေလူလို အေးတိအေးစက် နေတတ်တဲ့ပုံစံကို တဖြည်းဖြည်း အသားကျလာပါပြီ။ နှုတ်ဆက်ပြီးတာနဲ့ မင်းသားရဲ့ ညာဘက်အောက်ဘေးခုံမှာ ဝင်ထိုင်လိုက်တော့တယ်။

 

ထိုင်ပြီးတာနဲ့ ကျောက်ဆွေ့က "ထမင်းပွဲ ပြင်တော့" လို့ ပြောလိုက်တာပေါ့။

 

ချင်းအိုက်လည်း အပြင်ထွက်ပြီး စီစဉ်ပေးရင်းနဲ့ အပြင်မှာပဲ နေခဲ့လိုက်တယ်။

 

ယောင်ဟွမ်က မင်းသားဟွေ့ကို ပြုံးပြုံးလေးနဲ့ လှမ်းပြောလေတယ်။ "မင်းသား...

ဟင်းသီးဟင်းရွက်ခင်းမှာ ဘာတွေစိုက်ရမလဲဆိုတာ ကျွန်မ

စဉ်းစားပြီးသွားပြီ။ စောစောကပဲ ပုံကြမ်းဆွဲထားတယ်။ ခဏနေကျရင် မင်းသားကို

ပြမယ်နော်"

 

ကျောက်ဆွေ့က ခေါင်းညိတ်ပြလေတယ်။

 

ယောင်ဟွမ်က ဆက်ပြီး ပြောပြန်ရော။ "ဒါနဲ့ နေ့လယ်တုန်းက ဟင်းတွေ အများကြီးဆိုတော့ ကျွန်မတို့ လုံးဝစားလို့ မကုန်ဘူးလေ။ ပိုသွားရင် နှမြောစရာကြီး။ ဒါနဲ့ ကျွန်မလည်း မီးဖိုချောင်ကို ဟင်းနည်းနည်း လျှော့ချက်ဖို့ ပြောလိုက်တယ်။ မင်းသား သဘောတူရဲ့လားဟင်"

 

ကျောက်ဆွေ့ : "ရတယ်"

 

'ဒီလူက စကားပြောရမယ့်လေကို ရွှေထင်ပြီး နှမျောနေတာလား” လို့ ယောင်ဟွမ်တစ်ယောက် စိတ်ထဲကနေ ကျိတ်ပြီးဘလိမ်းနေတုန်း မီးဖိုချောင်ကနေ ဝက်အသည်းသုပ်နဲ့အတူ အဝါရောင်သန်းနေတဲ့ သစ်သီး တစ်ပွဲကို အရင်လာချပေးတယ်။

 

ယောင်ဟွမ်က ချဉ်စူးစူး၊ ချိုတိုတို သစ်သီးရနံ့လေးကို ရလိုက်တော့

ထမင်းပွဲလာချပေးတဲ့ အစေခံမလေးကို တစ်ချက်ကြည့်ပြီး ငြိမ်နေလိုက်တာပေါ့။ အစေခံမလေး ထွက်သွားတော့မှ မင်းသားဟွေ့ကို တိုးတိုးလေး မေးလိုက်တယ်။

 

"မင်းသား... ဒါက ဘာသစ်သီးလဲဟင်"

 

ကျောက်ဆွေ့က သစ်သီးပန်းကန်ကို တစ်ချက်ကြည့်ပြီး ဖြေလေတယ်။ "သရက်သီး

ကျောက်ကျိုးကနေ ဆက်သထားတဲ့ လက်ဆောင်"

 

ကျောက်ကျိုးဆိုတာကိုတော့ ယောင်ဟွမ် သိပါတယ်။ နိုင်ငံရဲ့ အတောင်ဘက်အကျဆုံး

ပြည်နယ်တစ်ခုလေ။ ရာသီဥတုက တော်တော်ပူတယ်လို့ ကြားဖူးတယ်။

ဆောင်းရာသီတောင်မှ မြို့တော်ရဲ့ နွေဦးပေါက်လို နွေးနွေးထွေးထွေး

ရှိတယ်တဲ့။

"စားလို့ကောင်းလားဟင်"

 

"အင်း"

 

ယောင်ဟွမ်က သစ်သီးချပ်လေးတစ်ချပ်ကို ခက်ရင်းလေးနဲ့ ထိုးပြီး သူ့ပါးစပ်ထဲ

ထည့်မလို့လုပ်နေရာကနေ ရုတ်တရက် အကြံပေါ်လာပြီး

ပြုံးပြုံးလေးနဲ့ မင်းသားဟွေ့ရှေ့ကို လှမ်းပေးလိုက်လေတယ်။

 

"မင်းသား အရင်စားပါလား"

 

ကျောက်ဆွေ့က နောက်ကို နည်းနည်းဆုတ်လိုက်ပြီး "ငါ့ဘာသာ ငါ စားမယ်" လို့

ပြောလိုက်လေတယ်။

 

ယောင်ဟွမ်က မင်းသား မျက်မှောင်ကြုတ်ချင်သလို ဖြစ်သွားတာကို မြင်လိုက်တော့

သူ့ဘာသာသူပဲ စားလိုက်တော့တယ်။ လျှာဖျားလေးပေါ်မှာ အချိုက

ကိုးဆ၊ အချဉ်က တစ်ဆလောက်ရှိတဲ့ အရသာကောင်းလေး ပျံ့နှံ့သွားတော့

ယောင်ဟွမ်က အံ့သြဝမ်းသာသွားပြီး မင်းသားဟွေ့ကို လှမ်းကြည့်လိုက်တာပေါ့။

သူမျက်နှာပေါ်မှာ ကျေနပ်သဘောကျတဲ့ အရိပ်အယောင်တွေက အထင်းသား။

 

သစ်သီးချပ်ကို မျိုချပြီးတော့မှ ယောင်ဟွမ်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်လေတယ်။

"အရမ်းစားလို့ကောင်းတာပဲ။ နာမည်နဲ့လိုက်အောင်

ပျားရည်လို ချိုနေတာပဲ"

 

ကျောက်ဆွေ့ကလည်း မနေ့ကမှ ဖေးချွမ် လာလျှောက်တင်ထားတာကို သတိရသွားတော့တဘ်။ "ခမည်းတော်က နှစ်တောင်း ပေးလိုက်တာ။ အဲဒီအသီးက အထားမခံဘူး။ ကြိုက်ရင် အများကြီးစား။ မကုန်ရင်လည်း အစေခံတွေကို ဆုချလိုက်လို့ရတယ်"

 

ယောင်ဟွမ်က ခက်ရင်းလေးနဲ့ နောက်တစ်ချပ် ထိုးယူရင်း စပ်စုချင်စိတ်နဲ့ မေးလိုက်ပြန်တယ်။

"မင်းသားက မကြိုက်ဘူးလားဟင်"

 

ကျောက်ဆွေ့ : "အင်း... ရှိလည်းစားတယ်၊ မရှိလည်း ကိစ္စမရှိဘူးဆိုတဲ့ သဘောပါပဲ။

အထူးတလည် ကြိုက်တယ်လို့တော့ ပြောလို့မရဘူး"

 

ယောင်ဟွမ် : "ဒါဆို မင်းသားက ဘယ်သစ်သီးမျိုးကို ကြိုက်တာလဲဟင်"

 

ကျောက်ဆွေ့ : "...... အကုန်လုံး အတူတူလောက်ပါပဲ"

 

ယောင်ဟွမ်က သူ့ခြေထောက်ဒဏ်ရာကြောင့် စားချင်သောက်ချင်စိတ်တွေ နည်းနေတာများလားလို့ တွေးမိတယ်။ နောက်မှ စားဖိုမှူးကြီးခုန်းကို သေချာ မေးကြည့်ရဦးမယ်။

 

သုံးချပ်ဆက်တိုက် စားပြီးသွားတော့ ယောင်ဟွမ်က နောက်ထပ် ခက်ရင်းတစ်ချောင်းကို ယူပြီး မင်းသားအတွက် တစ်ချပ် ထိုးပေးလိုက်တယ်။ "မင်းသားလည်း မြည်းကြည့်ပါဦး။ ကျွန်မချည်းပဲ စားနေရတာ အားနာစရာကြီး"

 

အဲဒီတော့မှ ကျောက်ဆွေ့က လှမ်းယူလိုက်တာပေါ့။ နောက်ထပ် ယောင်ဟွမ်က သူ့ဘက်ကို ထပ်လှမ်းကြည့်နေတာ မြင်တော့ သူ့ကို ထပ်ပြီး ခွံ့ပေးနေမှာစိုးလို့ ကျောက်ဆွေ့က သူ့ဘာသာသူပဲ နောက်ထပ် နှစ်ချပ်ကို ဖြည်းဖြည်းချင်း ယူစားလိုက်တော့တယ်။

 

အမြည်းစားပြီးတော့ ဟင်းပွဲနှစ်ပွဲနဲ့ မွှေးရနံ့သင်းနေတဲ့ ကြက်သားစွပ်ပြုတ်တစ်အိုး

ရောက်ချလာတယ်။

 

ယောင်ဟွမ်က မင်းသားဟွေ့ စိတ်ညစ်သွားမှာစိုးလို့ အများကြီး မပြောရဲပေမဲ့ ခဏခဏတော့ လှမ်းလှမ်းကြည့်နေလေရဲ့။ ထမင်းစားတယ်ဆိုတာ အကုန်လုံး လွတ်လွတ်လပ်လပ် စားနိုင်မှ စားလို့မြိန်တာလေ။ မဟုတ်ရင် တစ်ယောက်က မျက်နှာသေကြီးနဲ့ တစ်ခါတလေမှ တူလေးကိုင်ပြီး စားနောက်တစ်ယောက်ကကျ အားရပါးရ အပီအပြင်တွယ်နေမယ်ဆိုရင် မျက်နှာပြောင်ရာ ကျနေမှာပေါ့။  

ဒါပေမဲ့ သူ့လို အတူတူ လိုက်ပြီး နည်းနည်းပဲစားရင်လည်း ကိုယ့်ဗိုက်က ဆာနေမှာလေ။

 

ယောင်ဟွမ်မှာက စပျစ်သီးမည်းမည်းလေးတွေလို မျက်လုံးဝိုင်းဝိုင်းကြီးတွေ ရှိတာဆိုတော့ ကျောက်ဆွေ့က တစ်ချက်ကြည့်လိုက်တာနဲ့တင် သူမရဲ့ အခက်အခဲကို သဘောပေါက်သွားတယ်။

ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတဲ့ သူ့ရဲ့ဝမ်ဖေးလေးခမျာ ထမင်းတောင်

ကောင်းကောင်း မစားရဘူးဆိုတဲ့ အဖြစ်မျိုးတော့

အရောက်မခံနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက

တစ်လမှာ မိန်းကလေးနဲ့ အတူနေပေးရမယ့် အကြိမ်အရေအတွက်က အကန့်အသတ်ရှိတာဆိုတော့ မိန်းကလေး အားရပါးရ စားနိုင်အောင် သူလည်း ပိုစားပေးတာက ပိုကောင်းမယ်လေ။

 

အဲဒါကြောင့် ကျောက်ဆွေ့လည်း ဟင်းတွေကို ပိုပြီး ယူစားလိုက်တော့တယ်။

 

ဟင်းတွေ စားပြီးသွားတော့ ယောင်ဟွမ်က မင်းသားအတွက် ကြက်သားစွပ်ပြုတ်ကို ပန်းကန်လုံး ရှစ်ပုံလောက် ထည့်ပေးလိုက်တယ်။ ကြက်စွပ်ပြုတ်က ကောင်းတယ်လေ။ သွေးအားကောင်းစေတယ်၊ ခန္ဓာကိုယ်ကို သန်စွမ်းစေတယ်ဆိုတော့ မင်းသားနဲ့ ကွက်တိပဲပေါ့။

 

ယောင်ဟွမ် ခဏခဏ ခိုးကြည့်နေတဲ့ကြားကပဲ ကျောက်ဆွေ့တစ်ယောက်

အဲဒီစွပ်ပြုတ်တစ်ပန်းကန်လုံးကို သောက်လို့ ကုန်သွားတော့တယ်။

 

ပလုတ်ကျင်းပြီးသွားတော့ သူက ယောင်ဟွမ်ကို ပြောလိုက်လေရဲ့။

 

"မင်း အရင်ပြန်နှင့်။ ကိုယ် ဒီဘက်မှာ ရေချိုးပြီးမှ မင်းဆီ လာခဲ့မယ်။ နောက်ဆိုရင်လည်း

အဲဒီလိုပဲ လုပ်မယ်"

 

ယောင်ဟွမ်ကတော့ ဗိုက်ကားနေအောင် စားပြီးသောက်ပြီးသွားတာမို့ ကျေနပ်နေတဲ့ ရုပ်ကြီးနဲ့ ပြန်သွားတော့တာပေါ့။

တစ်နာရီလောက်ကြာတော့ အပြင်မှာ အမှောင်အတိကျနေပြီလေ။ အဲဒီတော့မှ

အိမ်နေရင်းအဝတ်အစားတွေ လဲထားတဲ့ ကျောက်ဆွေ့ကို

ချင်းအိုက်က ဘီးတပ်ကုလားထိုင် တွန်းပြီး အနောက်ဘက်ဆောင်ကို

ခေါ်လာတော့တယ်။

 

ယောင်ဟွမ်ကတော့ ရေမိုးချိုး သန့်စင်ပြီးလို့ ပန်းနုရောင် ညဝတ်အင်္ကျီနဲ့

ဘောင်းဘီလေးကိုတောင် ဝတ်ထားပြီးနေပြီ။ ချင်းအိုက်ရှိနေတုန်း

ရေချိုးခန်းထဲမှာ ခဏပုန်းနေလိုက်သေးတာ။ ချင်းအိုက် ပြန်ထွက်သွားပြီဆိုတော့မှ

အပြင်ထွက်လာခဲ့တာလေ။

 

မင်းသားဟွေ့ ကုတင်ခေါင်းရင်းမှာ မှီပြီးထိုင်နေတာကို မြင်တော့ ယောင်ဟွမ်က

မှန်တင်ခုံပေါ်မှာ တင်ထားတဲ့ ပုံဆွဲစက္ကူလေးကို

ကောက်ကိုင်ပြီး ကုတင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့

မင်းသားကို ဖြန့်ပြရင်း တက်တက်ကြွကြွ ရှင်းပြတော့တာပဲ။ "ဒီမှာ ကြည့်ကြည့်ပါဦး။ ကျွန်မက ဟင်းရွက်ခင်းကို တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းဆိုပြီး

နှစ်ကွက်ခွဲထားတယ်။ တောင်ဘက်မှာ အပြင်ကနေ

အတွင်းကို ကန်စွန်းဥ၊ ဂျုံနဲ့ ပြောင်းဖူးတွေ အစဉ်လိုက် စိုက်မယ်။

မြောက်ဘက်မှာကျတော့ အပြင်ကနေ အတွင်းကို ဟင်းသီးဟင်းရွက်ခင်း၊ သခွားမွှေးခင်းနဲ့ စပျစ်စင်တွေ အစဉ်လိုက် စိုက်မယ်လေ။ အပင်မြင့်တဲ့ဟာတွေက အတွင်းဘက်မှာဆိုတော့ မျက်စိကွယ်တာမျိုး မဖြစ်နိုင်တော့ဘူးပေါ့"

 

ကျောက်ဆွေ့ကတော့ ယောင်ဟွမ်ရဲ့ လက်ရေးတွေကို အရင်ဆုံး သတိထားမိလိုက်တယ်။ အင်း...သူမလက်ရေးက သပ်ရပ်တယ် ဆိုတဲ့ စကားလုံးကိုတောင် ရှိသမျှအားတွေတင်းပြီး ချီးကျူးရမယ့်အနေအထား။ (ပဲပင်ပေါက်ဘရိတ်ဒန့်ကနေတဲ့လက်ရေး)

 

ယောင်ဟွမ်ကတော့ တတွတ်တွတ်နဲ့ ဆက်ရှင်းပြနေတုန်းပဲ။ "မြေကွက်က နည်းတာကြီးမဟုတ်ဘူး၊ တစ်ဝက်တောင်ရှိတာဆိုတော့ ဟင်းရွက်တွေချည်းပဲ အကုန်စိုက်ရင် ကျွန်မတို့ လုံးဝစားလို့ ကုန်မှာမဟုတ်ဘူး။ အဲဒါကြောင့် အမယ်စုံအောင်စိုက်ရင် လတ်လတ်ဆတ်ဆတ်လေးတွေ မျိုးစုံစားရမှာပေါ့။ မင်းသားရော အဲဒီလိုမထင်ဘူးလားဟင်"

 

ကျောက်ဆွေ့ကတော့ ဟုတ်တယ်လည်းမပြော၊ မဟုတ်ဘူးလည်းမပြောနဲ့ ငြိမ်နေလေရဲ့။

 

ယောင်ဟွမ်က ဟင်းရွက်စိုက်မယ့် အကွက်ငါးကွက်ကို လက်ညှိုးထိုးပြပြီး မေးပြန်တယ်။ "ဒါကတော့ ကျွန်မဘာသာ ကြုံရာတွေးပြီး ချရေးထားတဲ့ ဟင်းရွက်ငါးမျိုးပေါ့လေ။ မင်းသား စားချင်တာလေးများ သီးသန့်ရှိလားဟင်။ ပြီးတော့ သခွားမွှေးနဲ့ စပျစ်သီးနေရာကိုရော ပြင်ချင်သေးလား"

 

ကျောက်ဆွေ့ : "မလိုပါဘူး။ မင်း စီစဉ်ထားတဲ့အတိုင်းပဲ လုပ်ပါ"

 

ယောင်ဟွမ်လည်း ကိုယ်ဆွဲထားတဲ့ ပုံစံကြမ်းကို ကိုယ်တိုင် သဘောကျနေတာဆိုတော့

အပြုံးလေးနဲ့ ပုံဆွဲစက္ကူကို စားပွဲပေါ် ပြန်တင်ထားလိုက်တာပေါ့။

 

ကျောက်ဆွေ့ : "အိပ်ရအောင်"

 

ဒီညတော့ မင်္ဂလာဖယောင်းတိုင်တွေ မရှိတော့ဘူးလေ။ ယောင်ဟွမ်က မီးခွက်တချို့ကို

လိုက်ငြှိမ်းလိုက်ပြီး ရေချိုးခန်းတံခါးဘေးက မှိန်ပြပြ

မီးအိမ်လေးတစ်လုံးကိုပဲ ချန်ထားခဲ့တယ်။

 

ကုတင်ကြီးနားမှာတော့ တော်တော်လေးကို မှောင်မည်းနေတာ။ ယောင်ဟွမ် အနားရောက်သွားတော့မှ ကုတင်ဘေးမှာ ချထားတဲ့ ကြီးမားလေးလံတဲ့ ဘီးတပ်ကုလားထိုင်ကြီးကို သတိထားမိတယ်။

ကုလားထိုင်နောက်မှီမှာတော့ ဘာအဝတ်အစားမှ မတင်ထားဘူး၊ ရှင်းလင်းနေတာပဲ။

 

ဟယ်... မင်းသား ဘောင်းဘီမချွတ်ရသေးပါလား!

 

ဒီညတော့ မင်းသားတစ်ယောက် ဟိုကိစ္စအတွက် စိတ်ပါပုံမရဘူးဆိုတာကို သဘောပေါက်သွားတော့မှ ယောင်ဟွမ်ခမျာ သက်ပြင်းကြီးကြီး ချနိုင်သွားတော့တယ်။ မနေ့ညက သာယာမှုလေး အနည်းအကျဉ်း ရလိုက်တယ်ဆိုပေမဲ့ အစပိုင်းတုန်းက နာကျင်ခဲ့ရတာကို သူ ပိုမှတ်မိနေတာကိုး။ အဲဒီကိစ္စလုပ်မယ်ကြံတိုင်း အရင်ဆုံး ဒီလို နာကျင်ရဦးမှာလားဆိုပြီး တော်တော်လေး လန့်နေခဲ့တာလေ။

ကုတင်ပေါ်တက်ပြီး စောင်အောက်ထဲ ဝင်လိုက်တာနဲ့တစ်ပြိုင်တည်း ယောင်ဟွမ်လည်း မင်းသားလိုပဲ ပက်လက်လေး လှဲအိပ်လိုက်တယ်။

 

အသက်ရှူသံလေးတွေ မှန်သွားတဲ့အချိန်မှာတော့ ယောင်ဟွမ်က သင်းသင်းလေးနဲ့ မွှေးနေတဲ့ ရနံ့လေးတစ်ခုကို ရလိုက်တယ်။

 

သူ နှာခေါင်းလေးရှုံ့ပြီး အနံ့ခံကြည့်လိုက်ရင်း "မင်းသား ရေချိုးတုန်းက

ဘာမွှေးရည် သုံးထားတာလဲဟင်၊ သိပ်မွှေးတာပဲ" လို့

အံ့သြတကြီးနဲ့ မေးလိုက်တာပေါ့။

 

ကျောက်ဆွေ့ : "......"

 

သူ ဘာမှ မသုံးထားဘူးလေ။ အဲဒါက အကြောနှိပ်တုန်းက လိမ်းထားတဲ့ ဆေးဆီနံ့တွေ ကျန်နေတာ။

ရေချိုးရင်တောင် အဲဒီအနံ့က လုံးဝပျောက်သွားတာမျိုး မဟုတ်ဘူး။

 

"ချင်းအိုက် ပြင်ပေးတာပဲ။ ကိုယ်လည်း ဘာအနံ့တွေဆိုတာ သေချာမသိဘူး"

 

ယောင်ဟွမ်ကတော့ သူ့ဘက်ကို တိုးလာပြီး မနေ့ညကလိုပဲ သူ့ကို ဖက်ထားလိုက်တော့တယ်။ ပြီးမှ အားရပါးရ ရှူရှိုက်လိုက်ရင်းချီးမွမ်းလေရဲ့။ "သိပ်ကောင်းတာပဲ။ ကျွန်မသုံးတဲ့ပန်းပေါင်းရေမွှေးထက်တောင် ပိုပြီး စိတ်ကြည်လင်သွားသေးတယ်"

မင်းသားအိမ်တော်က စီစဉ်ပေးထားတဲ့ ပန်းပေါင်းရေမွှေးက မွှေးတော့မွှေးပါရဲ့၊

ဒါပေမဲ့ နည်းနည်းတော့ အီလွန်းနေသလိုပဲ။

 

ကျောက်ဆွေ့တစ်ယောက် တစ်ကိုယ်လုံး တင်းမာသွားတော့တယ်။ ဒီကောင်မလေးက ဆေးဆီနံ့ကို တကယ်ပဲ သဘောကျလို့ ချီးကျူးနေတာလား၊ ဒါမှမဟုတ်များ အဲဒါကို အကြောင်းပြပြီး သူ့ကို အီစီကလီထုနေတာလား ဆိုတာကိုတော့ သူလည်း မဝေခွဲတတ်တော့ဘူး။

 

ဒီကောင်မလေးက သူနဲ့ အတူနေရမှာကို တကယ်ကြီးကြိုက်နေလိမ့်မယ်လို့တော့ ကျောက်ဆွေ့ မထင်ပေမဲ့ ဘာအကြောင်းမှမရှိဘဲနဲ့ သူ့ကို ဘာလို့ ဒီလောက် ဖက်ထားရတာလဲ။ (အံမယ် လူပျိုဂျီးရှက်နာ)

 

"အခုသုံးနေတဲ့ ပန်းပေါင်းရေမွှေးကို မကြိုက်လို့လား"

 

"သိပ်မဆိုးပါဘူး။ ဒါပေမဲ့ အနံ့လေး နည်းနည်း သင်းသင်းလေးဆိုရင်

ပိုကောင်းမယ်ထင်တယ်"

 

ကျောက်ဆွေ့ : "မနက်ဖြန်ကျ အထိန်းတော်လျိုကို ပြောလိုက်လေ။ အိမ်တော်မှာ

တခြားပန်းပေါင်းရေမွှေးတွေ ရှိလောက်ပါတယ်။

မရှိရင်လည်း ရေမွှေးဆိုင်ကနေ လာပို့ခိုင်းလိုက်ပေါ့"

 

ယောင်ဟွမ်က နည်းနည်းလေး ရှက်သွားသလိုလုပ်ပြီး မူပြသေးတယ်။ "ကျွန်မက အခုမှ အိမ်ထောင်ကျကာစဆိုတော့ ခဏလောက် နေဦးမယ်လေ"

 

သူမက တကယ်လည်း ခပ်ရှက်ရှက်လေးဖြစ်သွားတော့ ခန္ဓာကိုယ်လေးပါ လိုက်ပြီး လူးလွန့်သွားတာပေါ့။ ဒီတော့ သူမရဲ့ ပေါက်စီလေးက ကျောက်ဆွေ့ရဲ့ ဘယ်ဘက်လက်မောင်းကို ဖိမိလျက်သားဖြစ်သွားတော့တယ်။

 

ကျောက်ဆွေ့လည်း ခဏလောက် တောင့်တောင့်ကြီး ဖြစ်သွားပြီးတော့မှ သူ့ခါးနားမှာ

လာတင်ထားတဲ့ သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်လေရဲ့

 

သူကတော့ သူ့ဝမ်ဖေးလေး ဟိုဟိုဒီဒီ လျှောက်ပွတ်ရင်း မထိသင့်

မကိုင်သင့်တာတွေ သွားထိမိမှာစိုးလို့ ကိုင်ထားလိုက်တာပါ။

ဒါကို ယောင်ဟွမ်ကြီးကတော့ ဘယ်သိမလဲ။ မင်းသားက သူ့လက်ကို တမင်သက်သက်

ကိုင်ချင်လို့ လို့ပဲ ထင်သွားတာပေါ့။

 

ယောင်ကျန့်ဟူက ကြမ်းတမ်းတဲ့သူတစ်ယောက်၊ လော်ကျင်းဟွာကလည်း ရွာငယ်လေးက တောသူတစ်ယောက်လေ။ ဒီတော့ ယောင်ဟွမ် ငယ်ငယ်ကတည်းက

လင်မယားနှစ်ယောက် ဖက်တာ၊ နမ်းတာလိုမျိုး အမူအကျင့်လေးတွေကို

ခဏခဏ မြင်ဖူးနေတာ။

 

မင်းသားဟွေ့က အေးစက်စက်နိုင်လွန်းတော့ နေ့ခင်းဘက်ဆို ယောင်ဟွမ်အတွက် သူနဲ့

သံယောဇဉ်တိုးအောင် လုပ်ဖို့ အခွင့်အရေးမှ မရှိတာ။ အခု

မင်းသားဘက်က ခဲယဉ်းလှစွာ အစပျိုးလာပြီဆိုတော့ ယောင်ဟွမ်လည်း

စိတ်ထဲ နူးညံ့သွားပြီး မင်းသားဟွေ့ကို ပိုပြီး တင်းတင်းကြပ်ကြပ်လေး

ဖက်ထားလိုက်တော့တယ်။ ပြီးတော့ ရှက်သွေးလေးဖြာရင်း ဝမ်းသာအားရနဲ့ "မင်းသား"

လို့ ချိုချိုအီအီလေး ခေါ်လိုက်လေရဲ့။

 

လင်မယားဆိုတာ ဒီလို ရင်းရင်းနှီးနှီးလေးနေမှ ကောင်းတာပေါ့။ ဒါမှ မင်းသားအိမ်တော်ကြီးက သူအိမ်လို ခံစားရမှာလေ။

 

ကျောက်ဆွေ့ခမျာ သူ့တစ်သက်လုံး 'မင်းသား' လို့ အခေါ်ခံလာရတာ ငါးနှစ်တောင်

ရှိနေပြီဆိုပေမဲ့ အခုမှပဲ အဲဒီ 'မင်းသား' ဆိုတဲ့

စကားလုံးလေးက တရော်ကင်ပွန်းထဲ ကော်ရည်လောင်းထည့်လိုက်သလို ပျစ်ချွဲနေအောင် ခေါ်လို့ရမှန်း သိသွားတော့တယ်။

 

ကြင်ယာတော်က သူ့ကို အထာတွေပေးနေပြီ။ ကျောက်ဆွေ့လည်း သူကို

မျက်နှာမပျက်စေချင်တာကြောင့် မျက်စိမှိတ်ထားလိုက်ပြီး ပြောလေတယ်။ "ကိုယ်

ရေဆာတယ်... သွား၊ ရေတစ်ခွက်လောက် သွားခပ်ပေး"

 

ယောင်ဟွမ် : "......"

 

သြော်... ငါ့လက်ကို ကိုင်လိုက်တာက  ရေခပ်ခိုင်းမလို့ကိုး။ 🙂

 

သူမ နှုတ်ခမ်းလေး ဆူသွားပေမဲ့ ဘာမှတော့ မပြောရဲပါဘူး။ သက်ပြင်းလေးတချချနဲ့ပဲ

ကုတင်ပေါ်က ဆင်းပြီး ရေသွားခပ်ရတော့တယ်။

 

ဒါပေမဲ့ ပြန်လာတော့မှ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဘောင်းဘီတစ်ထည် ရောက်နေတာကို မြင်လိုက်ရလေရဲ့။

 

ယောင်ဟွမ် လက်လေးတုန်သွားပြီး ရင်ထဲမှာလည်း ဒိတ်ကနဲ ဖြစ်သွားတယ်။

 

ဟင်... လာပြန်ပြီလား။