အခန်း(၁၅) - အကျဉ်းသားများ လွတ်မြောက်ခြင်း
ချူစစ်မေးလိုက်သည့်အခါ သတိပေးအချက်ပြသံသည် ရုတ်တရက်ရပ်သွားပြီး ဆက်သွယ်ရေးစက်များအတွင်းမှ ပါးလွှာသော ဆက်တိုက်အော်သံများ ကြားလာရသည်။ စက္ကန့်အနည်းငယ်အကြာတွင် ရုတ်တရက် ကြည်လင်ပြတ်သားသော လျှပ်စစ်အသံအဖြစ် ပြောင်းသွားသည်။
“အုပ်ချုပ်ရေးမှူးကြီး၊ ကျွန်တော် အမှားတစ်ခုခု လုပ်လိုက်မိသလိုပဲ”
‘မဟုတ်သေးပါဘူး… မင်းလို ဉာဏ်ရည်တုစနစ်ကြီးက မေးခွန်းတစ်ခုကို မဖြေခင် အော်နေရမှာလား’
သို့သော် ဤအခြေအနေတွင် ချူစစ်အနေဖြင့် ထိုအကြောင်းအား ဂရုစိုက်ရန် အချိန်မရှိပေ။ သူသည် အခန်းနံပါတ် ၃ နှင့် ၇ တို့၏ တံခါးခေါင်းလောင်းများကို နှိပ်လိုက်ပြီး တံခါးများပွင့်လာရန်ပင် မစောင့်ဘဲ စောင့်ကြည့်ရေးဗဟိုဌာနထံသို့ တိုက်ရိုက် ဦးတည်လျှောက်သွားနှင့်ပြီ ဖြစ်သည်။
“မင်း ဘာလုပ်လိုက်တာလဲ”
ချူစစ် စင်္ကြံလမ်းကြောင်းအတိုင်း လျှောက်သွားလျက် SkyEye အား မေးလိုက်သည်။
ထောင်၏ နေရာအသီးသီးရှိ မော်နီတာများသည် SkyEye ၏ နားများနှင့်တူသည်။ သူသည် ချူစစ်၏မေးခွန်းကို နားထောင်ပြီးသောအခါ ပြန်ဖြေသည်။
“လွန်ခဲ့တဲ့ နှစ်မိနစ်က ကျွန်တော့် လုပ်ဆောင်ရေးဗဟိုကို အထူးအမိန့်တစ်ခု တိုက်ရိုက်ပို့လိုက်တယ်၊ ပြီးတော့ ကျွန်တော်- ကျွန်တော်- ကျွန်တော်- ကျွန်တော် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်လိုက်တယ်”
“ဘာညွှန်ကြားချက်တွေလဲ”
ချူစစ် ထမင်းစားခန်းထံသို့ သွားသည့် ကန့်လန့်တံခါးရှေ့တွင် ရပ်လိုက်ပြီး တံခါးသော့ဖွင့်ရန် လက်မြှောက်လိုက်သည်။
“အလွန်မြင့်မားတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အမိန့်မလို့ ကျွန်တော် အလိုအလျောက် လုပ်ဆောင်လိုက်တာပါ”
SkyEye က ပြန်ဖြေသည်။
“ထောင်သားအားလုံးကို လွှတ်ပေးဖို့ပါ”
“ဘာပြောတယ်”
ချူစစ် ၎င်းအား ကြားလိုက်ရသည့်အခါ သူ့လက်မကို နေရာမှားနှိပ်မိလုနီးပါးဖြစ်ကာ သော့အား ဖွင့်လိုက်သည်။
ထမင်းစားခန်းထံသို့ သွားသည့် ကန့်လန့်တံခါးအား တွန်းဖွင့်လိုက်သည်။ SkyEye သည် ဆက်၍ ပြောနေသည်။
“ခင်ဗျားသိထားတဲ့အတိုင်းပဲ… အာကာသထောင်သာ အဆုံးသတ်သွားရင် အခန်းတစ်ခုစီကို သီးသန့်အာကာသယာဉ်အဖြစ် အသုံးပြုနိုင်ပြီးတော့ အရေးပေါ်အခြေအနေမှာ ထောင်ကနေ ထွက်နိုင်ပါတယ်”
စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိသူများသည် အဆုံးမှာတွင်မူ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက် ရှိနေဆဲပင် ဖြစ်သည်။ ဤအခြေအနေ၌ပင် ထောင်၏ ဒီဇိုင်းအား ရှင်းပြသောအခါ သူ့ထံ၌ အနည်းငယ် ဂုဏ်ယူသည့် အရိပ်အယောင်ကို တွေ့ရသည်။
သို့သော် SkyEye သည် နောက်ဆုံးစကားလုံးကို ပြောသည့်အခါ သူ၏ လေးလေးနက်နက် လျှပ်စစ်အသံသည် အားနည်းသွားသည်။
“ဒါကြောင့် ကျွန်တော်သူတို့ကို လွှတ်ပေးလိုက်ပါတယ်— အပြင်ကို— အပြင်ကို— အပြင်ကို—“
စနစ်သည် အရေးကြီးချိန်တွင် ထပ်၍ ချောင်ပိတ်မိသကဲ့သို့ ဟန်ဆောင်နေသည်။
ချူစစ် ဤအချိန်တွင် ဆဲဆိုရန်ပင် ဂရုမစိုက်နိုင်တော့ပေ။ ဖွင့်ထားသော ကန့်လန့်ဖြတ်တံခါး၏ နောက်ဘက်၌ လှောင်အိမ်များနှင့် ပြည့်နေသင့်သည့် ထမင်းစားခန်းသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ထမင်းစားခန်းတစ်ခုလုံးက ကြက်ဥတစ်လုံးဆိုလျှင် ကြက်ဥ၏အခွံသည် သတ္ထုအခွံတစ်လွှာဖြင့် ထုပ်ပိုးထားခြင်း ခံထားရလိမ့်မည်။ ယခုအခါ ထိုကြက်ဥအား ဉာဏ်ရည်မမီသော စနစ်ကြီးက ထောင်မှ လွှတ်ပေးလိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားကာ ဗလာဖြစ်နေသော သတ္ထုအခွံတစ်လွှာသာ ကျန်ရစ်ခဲ့သည်။
‘ရွှေကျီးငှက်တွေနဲ့ ငွေကျီးငှက်တွေ အားလုံးပျောက်ကွယ်သွားပြီ’
ချူစစ် : “…………………”
SkyEye သည် “ထွက်သွားပြီ” ဟူသော စကားလုံးကို အတိုင်းအဆမရှိ ထပ်ကာထပ်ကာ ပြောနေဆဲဖြစ်ပြီး ၎င်းအား နားထောင်ရခြင်းကား ချူစစ်ကို ခေါင်းကိုက်စေသည်။
“သူတို့ကို လွှတ်လိုက်တော့ သွားဖို့ သတ်မှတ်ထားတဲ့ နေရာရှိလား”
ချူစစ်က မေးလိုက်သည်။
SkyEye : “မရှိ— မရှိ— မရှိ—“
ချူစစ် မျက်ခုံးပင့်လိုက်သည်။
“မင်းက စက်ချို့ယွင်းနေသလို ဟန်ဆောင်ဖို့ မျက်နှာရှိသေးတယ်လား? သူတို့ကို ပြန်ဖမ်းလိုက်!”
သူသည် သတ္ထုခွံပေါ်သို့ နင်း၍ ယခင်က ထမင်းစားခန်းဖြစ်သင့်သည့် ဗဟိုချက်အား ဖြတ်သန်းကာ စောင့်ကြည့်ရေးဌာန၏ တံခါးကို တွန်းဖွင့်လိုက်သည်။
တံခါးဖွင့်သံသည် SkyEyeအား လန့်သွားစေခဲ့သော်လည်း ချက်ချင်းပြန်ကောင်းသွားသည်။
“ပြန်ဖမ်းလို့ မရပါဘူး”
“ဘာကိုဆိုလိုတာလဲ?”
ချူစစ်မှတ်မိသည်မှာ အာကာသထောင်ရှိ အခန်းတစ်ခုစီအတွက် ချိတ်ကြိုးအရေအတွက်သည် အနည်းဆုံးနှစ်ချောင်းရှိရမည်။ ချိတ်ကြိုးတစ်ချောင်းကို နဂါးတိုင်နှင့် ချိတ်ဆက်ထားသဖြင့် အနည်းဆုံးတစ်ချောင်းကျန်ရှိသင့်ပြီး ပြန်ဖမ်းယူ၍မရနိုင်သည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
SkyEye ၏ လျှပ်စစ်အသံသည် အနည်းငယ် သတိထားနေပုံရသည်။
“အမိန့်နှစ်ခုရှိပါတယ်၊ အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့... ချက်ချင်းထွက်ခွာဖို့ပါ၊ ဒါကြောင့် ကျွန်တော်က သူတို့ကို လွှတ်ပေးပြီးတော့ အဲဒီနေရာကနေ နည်းနည်း--နည်းနည်း--နည်းနည်း--နည်းနည်း-- ခုန်လာခဲ့ပါတယ်”
ချူစစ် : “...”
ဤမျှကျယ်ပြန့်သော စကြဝဠာအတွင်းတွင် ခြေတစ်လှမ်းမျှသာ ခုန်လွှားခဲ့သည်ဆိုစေကာမူ ၎င်းသည် မကြုံစဖူး ဝေးကွာလှသော အကွာအဝေးတစ်ခုပင်ဖြစ်သည်။ အလွှတ်ခံရသော ထောင်သားများအား ပြန်လည်ခေါ်တင်ရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
ထိုစက္ကန့်ပိုင်းအတွင်း ချူစစ်၏ ဦးနှောက်တွင် မေးခွန်းများ ပြည့်လျှံနေခဲ့သည်။
ထောင်သားအားလုံးကို ရုတ်တရက် လွှတ်ပေးရန် အမိန့်ပေးရခြင်းသည် အဘယ်ကြောင့်နည်း။
၎င်းသည် အာကာသထောင်မှ ကွဲထွက်သွားသော အပိုင်းမှ လာခြင်းဖြစ်နိုင်သလား? သို့သော် ၎င်းတို့ထိန်းချုပ်ထားပြီးသား ထောင်သားများကို လွှတ်ရန်ဆိုသည်မှာ လွန်လွန်းလှပါသည်...။
သို့မဟုတ် အမိန့်ပေးသူသည် ထောင်သားများနှင့် တစ်ဘက်တည်းမှ ဖြစ်နိုင်သလား? ထမင်းစားခန်းမှ လွှတ်ပေးခံရသည်နှင့်တစ်ပြိုင်နက် အခြားတစ်ဘက်မှ ထောင်သားအားလုံးကို လက်ခံရယူကာ လွှတ်ပေးလိုက်ခြင်းလော?
ချူစစ် မျက်မှောင်ကြုံ့လိုက်ပြီး SkyEye အား ကြင်နာမှုမရှိစွာ ခေါက်လိုက်သည်။
“အမိန့်တွေက ဘယ်ကလာတာလဲ ထုတ်ပြစမ်း”
သူအမိန့်ပေးလိုက်စဉ် အချိန်ကို စောင်းငဲ့ကြည့်လိုက်သည်။ သုံးနာရီကြာသွားပြီဖြစ်သည်။ သို့သော် သူ အိပ်မက်မက်ခဲ့သောကြောင့် ငါးမိနစ်လောက်သာ အိပ်ခဲ့ရသကဲ့သို့ ခံစားရ၏။
ဒင်း—
“ပြသမှုမျက်နှာပြင်ကို အသစ်ပြန်လည်မွမ်းမံပြီးပါပြီ”
SkyEye က ပြောသည်။ ယခုအချိန်တွင် SkyEye သည် ပေါ့ပေါ့ဆဆဆက်မနေတော့ဘဲ သူလက်ခံရရှိထားသော အမိန့်များကို မျက်နှာပြင်ပေါ်တွင် မြန်မြန်ဆန်ဆန် ဖော်ပြလိုက်သည်။
လက်ခံရရှိသောအမိန့် - : “ထောင်သားများကို လွှတ်လိုက်ပါ”
ရင်းမြစ် - : 50001
အဆင့် - : အနီရောင်
ခွင့်ပြုချက် - : S (အမြင့်ဆုံးအဆင့်)
လက်ခံရရှိသောအမိန့် : ချက်ချင်းခုန်လွှားပါ
ရင်းမြစ် - : 50001
အဆင့် - : အနီရောင်
ခွင့်ပြုချက် - : S (အမြင့်ဆုံးအဆင့်)
အမိန့်နှစ်ခုကြား စက္ကန့်နှစ်စက္ကန့်သာ ကွာခြားပြီး နှစ်ခုလုံးအား ချက်ချင်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။
ချူစစ်၏ မျက်နှာ မည်းမှောင်သွားသည် ။
50001 နောက်ထပ် အနီရောင်အဆင့်သတ်မှတ်ချက်တစ်ခု... သူ့ကို ထပ်မံလိမ်လည်နေခြင်းလား?
‘ဒီငတုံးက မပြီးသေးဘူးလား?!’
ယင်းကား တရားဝင်ပိုင်ရှင်ရှေ့တွင် ရိုင်းစိုင်းစွာ ခိုးယူနေခြင်းဖြစ်သည်။ ဤသို့ ဆက်လက်သည်းခံနေပါလျှင် တရားဝင်ပိုင်ရှင်ဖြစ်သည့် သူကိုယ်တိုင်ပင် လွှင့်ပစ်ခံရမည်လား?
ချူစစ် ဒေါသထွက်စွာ ရယ်မောတော့မည် ဖြစ်သည်။ သူသည် ရှုပ်ပွနေသော ထိန်းချုပ်ရေးစင်တာအတွင်းတွင် ရှာဖွေလိုက်ပြီး အနက်ရောင် နားကြပ်တစ်ဖက်ကို ရှာတွေ့ကာ နားတစ်ဖက်တွင် ထည့်လိုက်လျက် အမိန့်ပေးလိုက်သည်။
“ကြယ်မြေပုံကို ထုတ်ပြီး 9501 ရဲ့ တည်နေရာကို ပြန်ရှာပါ”
ဒင်း—
“လက်ရွေးစင်ပစ်မှတ် ရွေ့လျားမှု ပြောင်းလဲသွားပါပြီ၊ ဇုန် 1 သို့ ရောက်ရှိရန် ၄ နာရီ ကြာမည်၊ ယခုအချိန်တွင် တိကျစွာ ရှာဖွေဖော်ထုတ်၍ မရပါ”
ဤသည်မှာ သိသာစွာပင် ရည်ရွယ်ချက်ရှိရှိဖြင့် ချောင်ထိုးလှည့်ပတ်နေခြင်း ဖြစ်ပြီး ဇုန် ၁ ထဲသို့ အမှန်တကယ်ဝင်လာရန် မည်မျှကြာမည် မသိနိုင်ပေ။
“ဆက်မစောင့်တော့ဘူး၊ ငါကိုယ်တိုင် ခြေရာခံမယ်”
ချူစစ် သူ့နားကြပ်အား ပြန်ညှိလျက် ပြောလိုက်သည်။
“လှိုင်းအလျားပြောင်းလဲမှု ရလဒ်တွေကို ထုတ်ပြ”
ယေဘုယျအားဖြင့် ဉာဏ်ရည်တုစနစ်၏ ခြေရာခံမှုသည် လက်ဖြင့်ခြေရာခံမှုထက် ပိုမိုအဆင်ပြေပြီး တိကျမှုရှိသည်။
သို့ရာတွင်မူ နှစ်ပေါင်းများစွာ အာကာသတာဝန်များ ထမ်းဆောင်ခဲ့သူအချို့သည် လက်ဖြင့် တည်နေရာချထားခြင်းတွင် အလွန် အတွေ့အကြုံရှိပြီး စနစ်တစ်ခုထက် မည်သည့်နေရာတွင်မျှ မလျော့ပေ ။ တစ်ခါတစ်ရံ၌ ခန့်မှန်းချက်များသည် စနစ်၏ခန့်မှန်းချက်ထက်ပင် ပိုမိုယုံကြည်စိတ်ချရသည်။
ချူစစ်အား ထိုသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် တည်နေရာချထားခြင်း လုပ်ငန်းစဉ်သည် နားကို အနည်းငယ်ထိခိုက်စေပြီး လူအများစုသည် ၎င်းကို အသုံးမပြုလိုကြပေ။
သူ အမိန့်ပေးပြီးနောက် SkyEye သည် နာခံကာ လှိုင်းအသံများမှ ပြောင်းလဲထွက်ရှိလာသော အသံအမျိုးမျိုးသည် နားကြပ်ထဲတွင် ဖြာထွက်လာပြီး ရောထွေးနေသော အသံများသည် သွားကိုက်လုနီးပါး ဖြစ်စေသည်။
ချူစစ်သည် လက်ဖြင့် တည်နေရာချထားခြင်းကို ကြာမြင့်စွာ အသုံးမပြုခြင်းကြောင့် လေးမြှားထောင်ပေါင်းများစွာ တစ်ပြိုင်နက်ပစ်ခတ်သံကို ရုတ်တရက်ကြားရသည့်အခါ သူ၏နှုတ်ခမ်းထောင့်သည် တဆတ်ဆတ်တုန်သွားသည်။ သူသည် နားကြပ်ကို ထပ်မံချိန်ညှိပြီး အသံများကို ဂရုတစိုက်နားထောင်၍ မျက်လုံးမှေးကာ ကြယ်မြေပုံအား စိုက်ကြည့်နေသည်။
ဆယ်စက္ကန့်ကြာပြီးနောက် သူသည် နားကြပ်ကို ချွတ်ကာ ထိန်းချုပ်ရေးစင်တာပေါ်သို့ ပစ်ချလိုက်ပြီး ကြယ်မြေပုံနှင့် ကိုက်ညီသော ကိုဩဒိနိတ်များကို ဖော်ပြလိုက်သည်။
“0.741, 261၊ မြေပုံအတွင်း ခုန်လွှားခြင်း၊ ဖုံးကွယ်ရေးအကာအရံ ဖွင့်ထားတယ်၊ တည့်တည့်သွား”
ဒင်း—
“အမိန့်ကို လက်ခံရရှိပါပြီ၊ မြေပုံအတွင်း ခုန်လွှားခြင်းအတွက် ပြင်ဆင်နေပါသည်၊ နောက်ပြန်ရေတွက်ခြင်း ၅ စက္ကန့်”
“ဒီလိုအချိန်မျိုးမှာ အနှောက်အယှက်ပေးကြည့်ပါလား”
ချူစစ်က SkyEye ကို မျက်စောင်းထိုးကြည့်လိုက်သည်။
“ခဏစောင့်ပါ၊ ခဏစောင့်ပါ၊ ကျွန်တော် လျော်ပေးပါရစေ”
SkyEye သည် စကားပြောပြီးနောက် နောက်ပြန်ရေတွက်ခြင်းကို ကျော်လိုက်သည်။
“ခုန်လွှားခြင်း စတင်ပါပြီ၊ ဖုံးကွယ်ရေးအကာအရံ ဖွင့်ထားပါပြီ၊ သတိပေးချက်- ထိန်းချုပ်ရေးစင်တာကို ကိုင်ထားပါ၊ ဒီခုန်လွှားမှုက သာမန်ခုန်လွှားမှုနဲ့ နည်းနည်းကွာပါတယ်၊ နည်းနည်းတော့ လှုပ်ရှားမှုရှိနိုင်ပါတယ်— လှုပ်ရှားမှုရှိနိုင်ပါတယ်—“
ဝါကျသည် တဟုန်ထိုးလှုပ်ရှားမှုကြောင့် ထစ်သွားသည်။ ဤသည်မှာ အနည်းငယ် လှုပ်သည်ဟုသာ ဆိုသော်လည်း ပဋိရုပ်ဒြပ်စင် ဂြိုလ်တုဒုံးကျည်နှင့် ပေါက်ကွဲသွားသကဲ့သို့ပင် ဖြစ်နေသည်။
ချူစစ် - “...”
‘သူစားထားတဲ့ ဆန်းဝှစ်က အပြင်ကို ပြန်ထွက်လုနီးပါးပဲ’
ဒင်း—
“ခုန်လွှားခြင်း ပြီးဆုံးပါပြီ၊ ကောင်းသောနေ့ဖြစ်ပါစေ”
‘ချီးကို ကောင်းသောနေ့’
ချူစစ် စိတ်ငြိမ်စေရန် တစ်စက္ကန့်ခန့် ထိန်းချုပ်ရေးစင်တာအား ကိုင်ထားပြီး နောက်ထပ်အမိန့်တစ်ခု ထပ်ပေးမည့်အချိန်တွင် သူ့နောက်မှ လေးလံသောအရာတစ်ခုခု မြေပြင်ပေါ်ကျသွားသည့် အသံကို ကြားလိုက်ရသည်။
“ဘယ်သူလဲ?”
သူသည် ရုတ်တရက် နောက်ပြန်လှည့်ကြည့်ပြီး တံခါးကိုင်ကာ မတ်တတ်ရပ်နေသော လူငယ်တစ်ဦးကို မြင်လိုက်ရသည်။
သူသည် အသက်သုံးဆယ်ရှိပုံမရဘဲ သူ၏ရွှေရောင်ဆံပင်ရှည်ကြီးကို နောက်ဘက်တွင် ချည်ထားပြီး သူဝတ်ထားသည့် ထောင်အစောင့်ဝတ်စုံနှင့်မူ လုံးဝမလိုက်ဖက်ပေ။ သူလက်မြှောက်ပြလိုက်လျက် အလွန်ပင် အပြစ်ကင်းစင်သော အမူအရာလေးဖြင့် ပြောလိုက်သည်။
“ငါပါ…ငါပါ… မစိုးရိမ်ပါနဲ့၊ ဘာဖြစ်သွားလဲဆိုတာ လာကြည့်တာပါ၊ သတိပေးအချက်ပြသံထပ်ကြားပြီး အရာအားလုံးက ဇောက်ထိုးမှောက်ခုံတွေ ဖြစ်သွားတာ”
သူစကားပြောလျက် နောက်ပြန်လှည့်ကြည့်ပြီး ခေါင်းကုတ်ကာ ဆက်ပြောသည်။
“ဟိုထမင်းစားခန်းကရော? ဘယ်ရောက်သွားတာလဲ?”
ချူစစ် ထိုသူ့အား အထက်အောက်ကြည့်ပြီး မျက်နှာအမူအယာ ရှုပ်ထွေးစွာနှင့် ပြောလိုက်သည်။
“မင်းက… ဆံပင်စုတ်ဖွားနဲ့တစ်ယောက်လား?”
ရွှေရောင်ဆံပင်နှင့်လူ : “...”
သူသည် နားမလည်ဟန် မျက်နှာဖြင့် ပြောလိုက်သည်။
“မင်းဆိုလိုချင်တာက အသက်ရှူကျပ်တဲ့အချိန်မှာ အတူတူ ပြေးခဲ့ရတဲ့အဖော်ဆိုရင်တော့ ဟုတ်တယ်၊ ငါက ခြောက်လလောက် ရေမချိုးရသေးရုံလေးကို ဒီလိုနာမည်ပြောင်တော့ မပေးနဲ့လေ”
သူသည် စကားပြောလျက် မတ်တပ်ထရပ်လာသည်။
“ခြောက်လလုံး ရေမချိုးရသေးတာနဲ့ ဒီလိုမှည့်ခေါ်လို့ မရဘူး”
သူစကားပြောရင်း မတ်တတ်ထလာချိန်တွင် အညိုရောင်ဆံပင်နှင့် မျက်လုံးကြီးကြီးများရှိသော ကောင်မလေးတစ်ယောက်သည်လည်း သူ့နောက်မှ ခေါင်းထုတ်ကြည့်လျက် မျက်တောင်မခတ်ဘဲ ချူစစ်အား စိုက်ကြည့်နေသည်။
‘ကောင်းပြီ… ကြမ်းသုတ်ဝတ်ဆံပင်နဲ့လူ နှစ်ယောက်စလုံး ရောက်လာပြီ’
ရေချိုးပြီးသည်နှင့် ခန္ဓာကိုယ်အပြင်အဆင် အပြည့်အစုံ ပြောင်းသွားသည်ဟူ၍ သူ မကြားဖူးပါချေ။
“ကျွန်တော့်မှာ နာမည်ရှိတယ်၊ ဂျင် ဖာဂပ်စ်၊ ဘယ်လိုခေါ်ခေါ် ခေါ်ချင်သလိုခေါ်၊ ဒီတော့ ဘာတွေဖြစ်နေတာလဲ?”
ချူစစ်က ပြောလိုက်သည်။
“အတိုချုပ်ပြောရရင် တစ်ယောက်ယောက်က ငါ့မျက်စိအောက်မှာတင် ငါ့ကို သုံးကြိမ်လိမ်ခဲ့တယ်၊ ဒါကြောင့် ငါသူတို့အသိုက်ကို စူးစမ်းဖို့လာတာ”
သူ နှစ်စက္ကန့်လောက် ရပ်ပြီး နာမဝိသေသနတစ်ခု ထပ်ဖြည့်လိုက်သည်။
“သံသယရှိတဲ့ အသိုက်”
ဤစကားနှစ်ခွန်းကို ပြောပြီးသည်နှင့် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဆာအာ့ယန်က ဘယ်မှာလဲ?”
အချက်ပေးသံများနှင့် လှုပ်ရှားမှုများ ရှိခဲ့ခြင်းကြောင့် သူ နိုးနေသင့်သည်။ ဆာအာ့ယန်သည် ကြမ်းသုတ်ဝတ်ဆံပင် ရှိသော လူနှစ်ယောက်ထက် သတိထားမှုနည်းမည် မဟုတ်ပေ။
‘ဒါဆို ဘာလို့ အခုထိ မပေါ်လာတာလဲ?’
“ကျွန်တော် သူ့ကိုမမြင်ဘူး၊ သူ မနိုးသေးဘူးလား?”
ဂျင်က ဖြေလိုက်သည်။
ချူစစ် ခြေကိုမြှောက်ကာ တံခါးမှထွက်ပြီး အခန်းနံပါတ် ၃ ထံသို့ တည့်တည့်သွားလိုက်သည်။ သူသည် ခေါင်းလောင်းကို ဆက်တိုက် သုံးကြိမ်တီးခဲ့သော်လည်း တုံ့ပြန်သံမရှိခဲ့ပေ။
“SkyEye! အခန်းနံပါတ် ၃ ကိုဖွင့်! ထောင်သားတွေကို ဘယ်စံနှုန်းတွေနဲ့ လွှတ်နေတာလဲ?”
သူသည် ထောင့်ရှိ စောင့်ကြည့်ရေးကိရိယာကို ကြည့်လျက် ရုတ်တရက် အသံကျယ်ကျယ်နှင့် မေးလိုက်သည်။
ခေါ်ဆိုမှုများနှင့် အသိပေးချက်များသည် တုန်ခါသွားသည်။
*ကလစ်*
အခန်းနံပါတ် ၃ ၏တံခါး ပွင့်သွားပြီး အတွင်းပိုင်းမြင်ကွင်းအား ပြလိုက်သည်။
မည်သူမျှမရှိပေ။
ဒင်း—
SkyEye ၏ အဖြေက ချက်ချင်းလိုက်ပါလာသည်။
“ထိန်းချုပ်ကိရိယာရှိသူမှန်သမျှ ပစ်ထုတ်ခံရမည်!”
ချူစစ် : “......မင်း ရူးနေတာလား?”
ဆဲဆိုပြီးသည့်နောက် သူ အေးစက်စွာ ရယ်လိုက်သည်။
“အင်း… ဟုတ်သားပဲ မင်းက တကယ်ကို ရူးနေတာပဲ”
SkyEye : “…”