Ch 5
Viewers 531

အခန်း(5) ဖယောင်းရုပ်ပြတိုက် (5)


ခဏအကြာတွင်..


ဟောက်ဇီ ရောက်လာပြီး သူတို့ကိုပြောလာလေ၏။


“အသစ်တွေ ဒီဘက်ကိုလာခဲ့ဦး၊ မင်းတို့အတွက် လုပ်စရာ တာဝန်တစ်ခုရှိတယ်” 


ချန်ချိုက်ရှင်းမှာ ခြောက်ကပ်နေသော ပေါင်မုန့်ကို စားရင်း ခေါင်းညိတ်ပြလိုက်၏။ သူ မည်သည့်စကားကိုမှ ပြန်မပြောခဲ့ပေ။ 


သူသည်က ဤကမ္ဘာအကြောင်းကို သိပ်ပြီးမသိသေးသည့်အတွက် လူသစ်အဆင့်ကို ကျော်ဖြတ်နိုင်ရန် ဝါရင့်ကစားသူများကို အားကိုးရန် လိုအပ်နေသေးသည်။


သို့သော်လည်း ပို၍သတိရှိရန်လည်း လိုအပ်ပေသည်။


“...ခုနက ကျင်းကောပြောတာကို ကျွန်မကြားလိုက်တယ် ‘နှစ်ယောက်သေသွားပြီဆိုတော့ NPC ရဲ့ စကားက ယုံကြည်လို့ရလောက်တယ်’ တဲ့၊ ကျွန်မအထင်တော့ ဝါရင့်သူတွေက ကျွန်မတို့ကို စမ်းသပ်ချက်အနေနဲ့ သုံးနေတာပဲ၊ ကျွန်မတို့ ပိုသတိထားသင့်မယ်” 


ဤစကားကို ပြောလာသူမှာ ဆံပင်တိုနှင့် မိန်းကလေးဖြစ်ပေ၏။ သူမက အတော်လေး သတ္တိရှိပေသည်။


ချန်ချိုက်ရှင်းက သူမ၏စကားကို ကြားလျှင် ခေါင်းညိတ်ပြလိုက်သည်။


“ကျေးဇူးတင်ပါတယ်၊ ငါ့နာမည်က ချန်ချိုက်ရှင်းပါ” 


“ဝမ်ရှောင်ရှောင်ပါ” 


ဝမ်ရှောင်ရှောင်က သူ့ကို အသင်းဖော်အဖြစ် ဆွဲဆောင်လိုသည့်အတွက် အကောင်းဆုံး ကြိုးစားပြီးဆက်ဆံနေခြင်း ဖြစ်ပေသည်။ 


တခြားလူသစ်အုပ်စုမှာမူ အရည်အချင်းမရှိဘဲ ဒေါသကြီးနေသော အမျိုးသားနှင့် ထိုအမျိုးသားများကိုသာ မျက်နှာချိုသွေးနေသော အမျိုးသမီးတို့သာ ဖြစ်ကြ၏။ 


ဝါရင့်ကစားသူများလည်း ရှိပြီး ကျောက်ရူမှာလည်း အလွန်ကြောက်တတ်လွန်းသောကြောင့် သူမအတွက် အသင်းဖော်သစ်တစ်ဦး လိုအပ်နေပေသည်။


ချန်ချိုက်ရှင်းလည်း ဝမ်ရှောင်ရှောင်၏ စကားများထဲမှ ဆိုလိုရင်းကို နားလည်ပေသည်။ သူမနှင့် အသင်းဖွဲ့ရန်အတွက် သူ မငြင်းပယ်ချင်ခဲ့ပေ။ 


သူတို့စကားပြောပြီးနောက်တွင် ရှောင်ကျို့က သူ့ထံသို့ တိတ်တဆိတ် တိုးကပ်လာပြီး သူ၏လက်ကို လာကိုင်သည်ကို သတိထားမိလိုက်၏။


“?”


“ကောကော၊ ကျွန်တော်လည်း အရမ်းတော်တာနော်၊ ကျွန်တော် ကောကောကို ကာကွယ်ပေးမယ်”


ရှောင်ကျို့က သူ၏ရင်ဘတ်လေးကို မတ်လျက် ပြောလိုက်လေသည်။


ချန်ချိုက်ရှင်းတစ်ယောက် သူ၏ ခါးလောက်သာရှိသော မူလတန်းကျောင်းသားလေးကို ကြည့်လိုက်မိ၏။ 


စဉ်းစားကြည့်လိုက်ရုံဖြင့် ဤကလေးမှာ သူ ဝမ်ရှောင်ရှောင်နှင့် အသင်းဖွဲ့ပြီး သူ့ကို စွန့်ပစ်သွားမည်ကို ကြောက်နေခြင်းဖြစ်ကြောင်းကို သိနိုင်ပေသည်။


ချန်ချိုက်ရှင်းတစ်ယောက် ကလေးကို ချော့မော့သည့်အနေဖြင့် ပြောလိုက်ရသည်။


“ကောင်းပြီ ကောင်းပြီ၊ ရှောင်ကျို့က အရမ်းတော်တယ်၊ အခု ကောရဲ့ လုံခြုံရေးအတွက် ရှောင်ကျို့ကိုပဲ အားကိုးရတော့မယ်”


ဤမူလတန်းကျောင်းသားလေးက အလွန်ပင် ချစ်စရာကောင်းလွန်းပေသည်။



ဧည့်ခန်းထဲတွင်။


ကျင်းကောက တာဝန်တစ်ခု ပေးလာသည်။


“ငါတို့ အရင်ဆုံး ဖယောင်းရုပ်ပြတိုက်ရဲ့အနီးတစ်ဝိုက်ကို လိုက်ကြည့်ကြမယ်၊ သံသယဖြစ်စရာ သဲလွန်စတွေ ရှိမလား..”


“ဒီမှာ ခုနှစ်ရက်နေရင် အိမ်ကိုပြန်လို့ရမယ်လို့ ရှင်တို့ ပြောခဲ့တာ မဟုတ်ဘူးလား” 


ဝမ်ရှောင်ရှောင်က ကြားဖြတ်၍မေးလိုက်၏။


ကျင်းကောက ဝမ်ရှောင်ရှောင်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်လေ၏။


“မင်းက စောစောမပြန်ချင်ပေမဲ့ တခြားသူတွေက ပြန်ချင်နေပြီ” 


“ကျွန်မတို့ ဒါကို အချိန်မတိုင်ခင် အပြီးသတ်ပြီး အိမ်ကိုပြန်လို့ရသေးတာလား”


“ဒါဆို အရမ်းကောင်းတာပဲ”


ကျောက်ရူနှင့် တခြားလူသစ်အမျိုးသမီးတို့မှာ မူလက စိတ်ဆင်းရဲနေခဲ့သော်လည်း ယခုအချိန်တွင် တက်ကြွသွားကြလေ၏။ ဝမ်ရှောင်ရှောင်က ထိုသို့ဖြစ်လာမည်ဟု မထင်ထားသောကြောင့် ကြောင်အသွားရသည်။


ချန်ချိုက်ရှင်းက ကျင်းကောကို ကြည့်လိုက်ပြီး ဤဝါရင့်ကစားသူ လေးဦးမှာ သူတို့ကို အမှန်တကယ် စောစောပြန်လွှတ်ပေးချင်သည့် လူကောင်းများ ဟုတ်၊ မဟုတ်ကို သံသယဝင်မိသည်။


“ဒီဂိမ်းကမ္ဘာက ဘာလဲ” 


ချန်ချိုက်ရှင်းက ကျင်းကောကို ကြည့်ကာ မေးလိုက်၏။ 


“ကျွန်တော်တို့ သဲလွန်စရှာရမယ်ဆိုရင် အနည်းဆုံးတော့ ဂိမ်းရဲ့ အကြောင်းအရာတွေကို သိထားသင့်တယ် မဟုတ်ဘူးလား”


ကျင်းကောက ပြမ်မပြောဘဲ ဟောက်ဇီကို တစ်ချက်ကြည့်လိုက်၏။


ဟောက်ဇီက သက်ပြင်းတစ်ချက်ချပြီး ပြောလာလေ၏။


“မင်းတို့လူသစ်တွေက အရမ်းသတိကြီးတာပဲ၊ ကျင်းကော ပြောတာက မင်းတို့ရဲ့ ကောင်းကျိုးအတွက်ပဲလေ၊  ထားပါတော့၊ ငါ ပြောပြမယ်.. ဒါက ဂိမ်းကမ္ဘာဖြစ်တဲ့အတွက် ဂိမ်းဆိုရင် အနိုင်ရတဲ့သူတွေအတွက် ဆုလာဘ်တွေ ရှိတယ်


သဲလွန်စတွေကို အချိန်မတိုင်ခင် ရှာဖွေပြီး အဖြေပေးနိုင်မယ်ဆိုရင် အပြင်လောကကို စောစောပြန်နိုင်ရုံတင်မကဘူး၊ ရွှေဒင်္ဂါးတွေနဲ့ ပစ္စည်းတွေကိုပါ ဆုအဖြစ် ရဦးမှာ


ရွှေဒင်္ဂါးတွေကို ငွေသားအစစ်နဲ့ ပြန်လဲလို့ရတယ်၊ ရွှေဒင်္ဂါးတစ်ပြားကို ယွမ်တစ်သောင်း တန်ဖိုးရှိတယ် ၊ဒါကြောင့် ငါတို့ရဲ့စကားကို နားထောင်ပြီး သဲလွန်စတွေကို သေသေချာချာရှာကြစမ်းပါ...”


ဤဂိမ်းကို ရိုးရှင်းစွာပင် ‘ထိတ်လန့်ဖွယ်ရာဂိမ်း’ ဟူ၍ နာမည်ပေးထားလေသည်။


ဟောက်ဇီက ဤဂိမ်းမှ ထွက်ခွာနိုင်လျှင် ရွှေဒင်္ဂါးများနှင့် အမျိုးမျိုးသော ပစ္စည်းများကို ဆုလာဘ်အဖြစ် ရရှိမည်ဟူသောစကားကိုသာ ရိုးရိုးရှင်းရှင်းပြောပြခဲ့သည်။ 


ထိုရွှေဒင်္ဂါးများကို အပြင်လောကတွင် ငွေသားအဖြစ် ပြန်လည်လဲလှယ်နိုင်ပြီး လဲလှယ်နှုန်းမှာလည်း လူများကို အလွန်ပင် စိတ်ကျေနပ်စေ၏။


သူ စကားမဆုံးမီ ဒေါသကြီးသော အမျိုးသားနှင့် အကူအညီမဲ့စွာကြွေးနေသော အမျိုးသမီးတို့က တက်ကြွလာကြလေ၏။


‘အချိန်မတိုင်ခင် အိမ်ပြန်ရခြင်း’ ဖြစ်စေ၊ ‘ရွှေဒင်္ဂါးလဲလှယ်ခြင်း’ ဖြစ်စေ ၎င်းတို့မှာ ဝါရင့်ကစားသမားများက သူတို့၏ရှေ့တွင် ချပြထားသော မက်လုံးများသာ ဖြစ်ပေသည်။


ဝါရင့်ကစားသူများကို မူလက သတိထားနေသော ဝမ်ရှောင်ရှောင်ပင်လျှင် ၎င်းတို့၏ စီစဉ်မှုများကို စတင်လက်ခံလာခဲ့၏။


ဆုလာဘ်များက မည်မျှပင် များပြားပါစေ၊ ထိုသည်က အသက်ရှင်လျက် ထွက်သွားနိုင်မှသာ အဓိပ္ပာယ်ရှိလိမ့်မည်။


ချန်ချိုက်ရှင်း စိတ်ထဲမှ တွေးတောနေသော်လည်း အပြင်ဘက်တွင် မည်သည့်စကားကိုမှ မပြောခဲ့ပေ။


ဝါရင့်ကစားသမားလေးဦးအနက် ကျင်းကောနှင့် ဟောက်ဇီတို့ကိုသာ အတွေ့ရအများဆုံးဖြစ်ပြီး ကျန်နှစ်ဦးဖြစ်သည့် ကျောက်နှင့် ဝမ်ဟူသော နှစ်ဦးတို့မှာ အနောက်တွင်သာ ရပ်နေလေ့ရှိ၏။


“...ဒီလို ထိတ်လန့်ဖွယ်ဂိမ်းတွေမှာ ပုံမှန်အားဖြင့် လိုက်လံစူးစမ်းရမဲ့  သဲလွန်စတွေ ရှိနေတတ်တယ်၊ အဲဒီနောက်ကွယ်မှာ လူသတ်မှုဇာတ်လမ်း တစ်ပုဒ်ရှိလိမ့်မယ်


လူမသေရင် ဘယ်လိုလုပ် သရဲတွေရှိပါ့မလဲ မင်းတို့ အရင်က ပဟေဠိဖြေတဲ့ ဂိမ်းတွေ မကစားဖူးဘူးလား


ဖယောင်းရုပ်ပြတိုက်ပိုင်ရှင်က မစ္စတာဟောက်စ်ဆိုတာကို ငါတို့ သိထားပြီးပြီ၊ အဲဒီအချက်ကို အခြေခံပြီး တခြားသဲလွန်စတွေကို ရှာကြရမယ်၊


အိမ်တစ်အိမ်လုံးကို သေသေချာချာနှံ့နှံ့စပ်စပ် ရှာရမယ်”


ဟောက်ဇီက အရိပ်အမြွက် ပြောခဲ့သည်။


ချန်ချိုက်ရှင်းက သူ့၏စကားကို ကြားလျှင် တိုက်ရိုက် မေးမြန်းလိုက်သည်။


“တတိယထပ်ကိုလည်း ရှာရမှာလား”


ဟောက်ဇီ : “အပေါ်ထပ်ကို  တက်ရှာတာက အကောင်းဆုံးပဲပေါ့”


“ဒါပေမဲ့ မနေ့က NPC က တတိယထပ်ကို မသွားနဲ့လို့ ပြောထားတယ်မလား၊ သူ့ရဲ့ စကားနားမထောင်ဘဲ သန်းခေါင်ကျော်မှာ အပြင်ထွက်တဲ့သူတွေက သေသွားပြီ” 


ဝမ်ရှောင်ရှောင်က ဟောက်ဇီကို သံသယဖြင့် ကြည့်ပြီး ပြောလိုက်ပေသည်။


ဟောက်ဇီက နားမလည်သကဲ့သို့ဟန်ဆောင်ပြီးပြောလာ၏။


“NPC ရဲ့ စကားမှာ အမှန်ရော အလိမ်ရော ပါတတ်တယ်၊ လုံးဝကြီး ယုံနေလို့ မရဘူး၊ သဲလွန်စတွေက တတိယထပ်မှာ ရှိဖို့များတယ်” 


ဒုတိယထပ်တွင် ရက်ရက်စက်စက် သေဆုံးခဲ့သော အလောင်းများ ရှိနေဆဲပင်။ NPC ၏ စကားကို နားမထောင်ဘဲ သန်းခေါင်ကျော်တွင် အပြင်ထွက်မိခြင်းကြောင့် ထိုနှစ်ဦးက မည်သို့သေဆုံးသွားခဲ့သည်ကို မည်သူကမျှ မမေ့နိုင်ကြသေးပေ။


ဝါရင့်ကစားသူများပေးသော မက်လုံးများကြောင့် တက်ကြွနေသော အခြေအနေမှာ ရုတ်ချည်းပင် အေးစက်သွားပြီး လူသစ်များက သတိစိတ် ပြန်ဝင်လာကြ၏။


ဒေါသကြီးသော အမျိုးသားကဒေါသတကြီး ဆဲဆိုလာသည်။


“မင်းတို့ ဘယ်လောက်ပဲ ဝါရင့်နေပါစေ ငါ ဂရုမစိုက်ဘူး၊ ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားရင် ငါက မင်းတို့ကို အရင်ဆုံး သတ်မှာ” 


ဟောက်ဇီက ကျင်းကောကို လှည့်ကြည့်လိုက်၏။


“ကောင်စုတ်လေး ၊ ဒီတစ်ခေါက်တော့ ငါ မင်းကို သဲလွန်စတွေ တစ်ခုမှ မပြောတော့ဘူး၊ ငါတို့ လမ်းမပြရင် မင်းတို့တွေ အလောင်းဖြစ်သွားမှာပဲ၊ အဲဒီအချိန်ကို ငါစောင့်နေလိုက်မယ်” 


ကျင်းကောက ဒေါသကြီးသော အမျိုးသားကို လျစ်လျူရှုကာ ချန်ချိုက်ရှင်းဘက်သို့ လှည့်၍ လေးနက်သော အမူအရာဖြင့် ခြိမ်းခြောက်လိုက်လေသည်။


ချန်ချိုက်ရှင်း:  “?”


“တွေ့လား၊ ကျင်းကော ဒေါသထွက်သွားပြီ၊ မင်းတို့ လူသစ်တွေက စကားနားမထောင်ကြတာကိုး၊ ငါတို့သာ လမ်းညွှန်မပြရင် မင်းတို့အားလုံး မကြာခင် သေကြမှာပဲ၊ ငါတို့ကို ယုံတဲ့သူတွေ ဒီဘက်ကိုလာခဲ့ ၊


မယုံတဲ့သူတွေကတော့ ကိုယ့်ဘာသာကိုယ်ပဲ နေကြတော့၊ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ပေါ့၊ ငါပြောမယ်၊ အခွင့်အရေးက တစ်ခါပဲ ရှိတယ် ၊ မင်းတို့ရဲ့ ရွေးချယ်မှုတွေ မှားသွားပြီးမှငါတို့ လာကယ်မယ်လို့ မထင်နဲ့”


ဟောက်ဇီက ထိုသို့ ပြတ်သားသော စကားလုံးများဖြင့် သက်ပြင်းချကာ ပြောဆိုပြီးနောက် လူတိုင်း၏ ကောင်းကျိုးအတွက် ပြောနေသကဲ့သို့အမူအရာဖြင့် ဆိုလာ၏။


“အပေါ်ထပ်ကို မသွားချင်လည်း ငါမတိုက်တွန်းပါဘူး၊ ရန်ဖြစ်နေစရာ မလိုဘူး၊ ဂိမ်းထဲမှာ အသင်းဖော်ကို သတ်ရင် ငွေကြေးနဲ့ ပစ္စည်းတွေ ဒဏ်ရိုက်ခံရလိမ့်မယ်” 


ဒေါသကြီးသော အမျိုးသားနှင့် သူ၏ အမျိုးသမီးအဖော်က အရင်ဆုံး လက်ညှိုးထောင်ပြလိုက်ကြသည်။


“ငါတို့ မင်းတို့ကို ယုံပါတယ်” 


ကျောက်ရူကလည်း တိုးတိုးလေး ပြောလိုက်သည်။


“ကျွန်... ကျွန်မလည်း ယုံပါတယ်” 


ရန်တွေ့နေသော ထိုအမျိုးသားပင်လျှင် ဝါရင့်သူများအုပ်စုထဲသို့ ဝင်ရန် ခေါင်းညိတ်လိုက်ပေပြီ။


“ရှောင်ရှောင်၊ နင် ဒီဘက်ကိုမလာဘူးလား” 


ကျောက်ရူက ဝမ်ရှောင်ရှောင်ကို ကြည့်ပြီးဟု ဖြည်းဖြည်းချင်း ဖျောင်းဖျလိုက်လေသည်။


“ဒီမှာ လူတွေအများကြီးရှိတယ်၊ ကျင်းကောတို့ကလည်း အတင်းအကျပ် မခိုင်းဘူးဆိုတော့ ငါတို့ အိမ်ကိုစောစောပြန်ဖို့ သဲလွန်စရှာလို့ရတာပေါ့” 



*



စာရေးသူမှာ ပြောစရာရှိပါတယ်: 


မူလတန်းကျောင်းသား ယွမ်ကျို့ဝမ် : ကောကော၊ ကျွန်တော် ကောကောကို ကာကွယ်ပေးမယ်


ချန်ချိုက်ရှင်း :  ??? ဘယ်သူက ဘယ်သူ့ကို ကာကွယ်မှာလဲ


Boss ယွမ်ကျို့ဝမ် :  ကောကော...



*